မေတ္တာ၏အကျိုးကျေးဇူးများ

စာပေမှာဖော်ပြတဲ့ မေတ္တာ၏အကျိုးကျေးဇူးများမှာ အောက်ပါအတိုင်းဖြစ်တယ်…

(၁) ချမ်းချမ်းသာသာ အိပ်ပျော်ရတယ်။
(၂) ကိုယ်မှာ ဖောက်ပြန်မှုမရှိဘဲ ချမ်းချမ်းသာသာ အိပ်ရာက နိုးရတယ်။
(၃) အိပ်မက်ကောင်းတွေကိုပဲ မြင်မက်နိုင်ပြီး ယုတ်ညံ့ရွံ့မုန်း ကြောက်လန့်ဖွယ် အိပ်မက်များ မမက်ရဘူး။
(၄) လူအပေါင်းက ချစ်ခင်မြတ်နိုးတယ်။
(၅) မမြင်ရတဲ့ နတ်များကလည်း ချစ်ခင်ကြတယ်။
(၆) မိဘက သားသမီးကို စောင့်ရှောက်သလို နတ်များကလည်း မေတ္တာပွားသူကို စောင့်ရှောက်ကြတယ်။
(၇) မေတ္တာဘာဝနာပွားတဲ့သူကို မီး၊ အဆိပ်၊ လက်နက်တွေရဲ့ ဘေးရန် မကျရောက်ဘူး။
(၈) မေတ္တာဘာဝနာနှင့်နေလေ့ရှိတဲ့ပုဂ္ဂိုလ်ဟာ စိတ်တည်ကြည်လွယ်ပြီး သမာဓိဖြစ်လွယ်တယ်။
(၉) မျက်နှာ အမြဲပဲ ကြည်ကြည်လင်လင်ရှိတယ်။
(၁၀) အိပ်ပျော်သွားသလိုပဲ မတွေမဝေ မပင်မပန်း သေလွန်ရတယ်။
(၁၁) နိဗ္ဗာန်ကို မရသေးသော်လည်း ယခုလူ့ဘဝစုတေပြီးနောက် အိပ်ပျော်ရာမှနိုးလာသလိုပဲ ဗြဟ္မာ့ပြည်မှာ ဖြစ်ရတယ်။

မေတ္တာဘာဝနာပွားပြီးနေတဲ့သူဟာ အသက်ရှင်နေဆဲဘဝမှာ လူချစ်တယ်။ နတ်ချစ်တယ်၊ ကြံတိုင်းအောင်ပြီး ဆောင်တိုင်းမြောက်တယ်။ ဒါ့ကြောင့် မေတ္တာကမ္မဋ္ဌာန်းက ဘဝမှာ နေဖို့ရော၊ သေဖို့ကိုပါ အားကိုးနိုင်လောက်တဲ့ ကမ္မဋ္ဌာန်းဖြစ်ပါတယ်။ မေတ္တာပွားပြီးနေတဲ့ပုဂ္ဂိုလ်တစ်ဦးဟာ ပတ်ဝန်းကျင် လောကတစ်ခုလုံးမှာရှိတဲ့ မြင်ရမမြင်ရ သတ္တဝါအားလုံးရဲ့အကျိုးကို သယ်ပိုးဆောင်ရွက်နေသူ လည်းဖြစ်တယ်။ သူ့ပတ်ဝန်းကျင်တစ်ခုလုံး ငြိမ်းချမ်းတယ်၊ အေးမြတယ်၊ နတ်များလည်း အချင်းချင်း ချစ်ခင်ကြတယ်ဆိုတဲ့
သာဓကတွေ အများကြီးရှိတယ်၊ ယုံယုံကြည်ကြည် ကြိုးကြိုးစားစား အားထုတ်ကြပါ။ နိုင်ငံခြားသွားပြီး အလုပ်လုပ်တဲ့သူတွေ ဘေးရန်ကင်းဖို့၊ အစိုးရဌာနတွေမှာ ကုမ္ပဏီတွေမှာ ရာထူးရဖို့၊ အထက်လူကြီးရဲ့ ချစ်ခင်မျက်နှာသာပေးမှု ရလာဖို့ဆိုပြီး အဆောင်တွေလက်ဖွဲ့တွေ လုပ်ကြတာထက် မိမိရဲ့မေတ္တာဘာဝနာစွမ်းအားကိုသာ တင်းတင်းရင်းရင်း ဝီရိယစိုက်ပြီး ကြိုးစားအားထုတ်လိုက်ကြပါ။ ရန်လည်းလုံ၊ လူလည်းချစ်၊ နတ်လည်းချစ်၊ စိတ်အကြံလည်း ပြီးမြောက်အောင်မြင်လို့ ပီယသိဒ္ဓိအောင်နေသူလို့ကို ဘေးက ထင်ရလာပါလိမ့်မယ်။ ဒီ့ထက်ကောင်းမွန်တဲ့ ယတြာလက်ဖွဲ့မရှိပါဘူး။

မေတ္တာကမ္မဋ္ဌာန်း လက်တွေ့ရှုပွားနည်း

တစ်ဖက်သားကို ချမ်းသာစေလိုတဲ့စိတ်တွေ၊ ကောင်းစားစေလိုတဲ့စိတ်တွေ၊ ဘေးရန်ကင်းစေလိုတဲ့စိတ်တွေ အကြိမ်ကြိမ် အထပ်ထပ် အဖန်ဖန် ဖြစ်စေတာကို မေတ္တာဘာဝနာလို့ ဆိုနိုင်ပါတယ်။ အဲဒီလိုစိတ်တွေပွားအောင် များအောင် အကြိမ်ကြိမ်အဖန်ဖန် ပြုလုပ်နေတာကိုတော့ မေတ္တာဘာဝနာပွားတယ်လို့ ဆိုနိုင်ပါတယ်။

စိတ်ရဲ့အပေါ်ယံပိုင်းကနေ ပွားနေရုံမျှ မဖြစ်စေဘဲ မိမိစိတ်ရဲ့ အတွင်းပိုင်း၊ အနက်ရှိုင်းဆုံးကနေ မေတ္တာပွားရင် မေတ္တာအင်အား စူးရှထက်မြက်လာမှာဖြစ်တယ်၊ နှုတ်ကနေ သာမာန်ရွတ်ဆိုရုံမျှနဲ့ မေတ္တာဘာဝနာ ပွားတယ် မမည်သေးပါဘူး။ ပါဠိ ဝေါဟာရအနေနဲ့ ပွားများမယ်ဆိုရင်တော့..

အဝေရာ ဟောန္တု
အဗျာပဇ္ဇာ ဟောန္တု
အနီဃာ ဟောန္တု
သုခီအတ္တာနံ ပရိဟရန္တု

လို့ အကြိမ် ရာထောင်မက နှလုံးသွင်း ပွားများနေရပါမယ်။မေတ္တာကမ္မဋ္ဌာန်းရှုပွားမည့်သူဟာ မေတ္တာရဲ့အင်အား မေတ္တာရဲ့စွမ်းအင်ကို သံသယမရှိ ယုံကြည့်ဖို့က အရင်းခံ ပဓာနကျပါတယ်။ မေတ္တာကမ္မဋ္ဌာန်း ရှုပွားရာမှာ ဝေါဟာရစကားလုံးရဲ့အနက် ပေါ်လွင်ထင်ရှားမှုကလည်း အရေးပါတယ်။ ဒါကြောင့် အတိုဆုံးနှင့် အနက်ထိမိပြီး အဓိပ္ပာယ်လည်း ကျယ်ပြန့်တဲ့ မြန်မာဝေါဟာရကတော့ “ကျန်းမာပါစေ၊ ချမ်းသာပါစေ”လို့ပဲ သုံးနှုန်းပြီး မေတ္တာဘာဝနာ ပွားနိုင်ပါတယ်။

ကြိုတင်သိထားရမယ့် အချက်တွေကတော့..
၁။ မေတ္တာရဲ့အင်အားစွမ်းအင်ကို ယုံကြည်ဖို့ ကြိုတင်လေ့လာဆည်းပူးထားရမယ့်အပြင်

၂။ မေတ္တာခံယူမယ့် သက်တော်ထင်ရှားပြီး မိမိအပေါ် အကျိုးကျေးဇူးကြီးမားတဲ့ လူပုဂ္ဂိုလ်၊ ရဟန်းပုဂ္ဂိုလ် (၅)ဦးခန့်ကို ဦးစွာရွေးချယ်ထားပြီး ဖြစ်ရပါမယ်။

၃။ မေတ္တာကို အရပ်မျက်နှာများနှင့် လူပုဂ္ဂိုလ်များကို ပို့လွှတ်တဲ့အခါမှာ မိမိပို့လွှတ်ရာကို မေတ္တာလှိုင်းများ ရောက်နိုင်တယ်လို့လည်း ကြိုတင်သိထားရမယ်။ နောက်ပိုင်း မေတ္တာဘာဝနာပွားတာ အလေ့အကျင့်အားကောင်းသွားတဲ့အခါမှာတော့ မေတ္တာလှိုင်းတွေ မိမိခန္ဓာကိုယ်က ဖြာထွက်ပြီး ပို့တဲ့ဆီကို ရောက်တယ်လို့ ကိုယ်တိုင် သဘောကျနိုင်ပါတယ်။

၄။ ဒါပေမယ့် မေတ္တာပွားတဲ့နေရာမှာ ကိုယ်ကျိုးစီးပွားရလိုမှု လုံးလုံးကို မပါသင့်ပါဘူး။ မေတ္တာခံယူသူအတွက် ချမ်းသာစေလိုတဲ့စိတ်၊ ကောင်းစားစေလိုတဲ့စိတ်သာ ရှိနေရပါမယ်။
၅။ “ဩဓိသမေတ္တာ” ပုဂ္ဂိုလ်ရည်ညွှန်းပြီး ပို့တဲ့အခါမှာတော့ မေတ္တာခံယူမည့်ပုဂ္ဂိုလ် မိမိရှေ့မှာ မျက်နှာချင်းဆိုင် ထိုင်နေတယ်လို့ကို စိတ်ညွတ်ပြီး အဲဒီပုဂ္ဂိုလ် မျက်နှာသဏ္ဍာန်ကို စိတ်ထဲ ပုံဖော်မြင်အောင်ကြည့်ပြီး ရာထောင်မက မေတ္တာပွားရပါတယ်။

၆။ မေတ္တာကမ္မဋ္ဌာန်းမပွားခင် ဦးစွာ ဘုရားရှိခိုးတာ သီလခံယူဆောက်တည်တာ စတဲ့ ပုဗ္ဗကိစ္စ ကြိုတင်ပြင်ဆင်မှုများကိုတော့ ဆောင်ရွက်မြဲအတိုင်း ဆောင်ရွက်နိုင်ပါတယ်။

၇။ အစပိုင်း လေ့ကျင့်ခါစမှာတော့ တစ်ကြိမ်ကို မိနစ်၃ဝစီ သတ်မှတ်ပြီး အကြိမ်များများကို ထိုင်တဲ့ ဣရိယာပုထ်နှင့်သာ ပွားသင့်ပါတယ်။ နေရာကျပြီဆိုရင်တော့ နောက်ပိုင်း သိပ်ကို လွယ်ကူပါတယ်။ မေတ္တာပွားပြီးနေရတာ သက်သာတယ်၊ ပေါ့ပါးတယ်၊ ငြိမ်းချမ်းတယ်၊ ဒီလိုအတွေ့အကြုံရှိလာတဲ့ ယောဂီပုဂ္ဂိုလ်ဟာ မေတ္တာကမ္မဋ္ဌာန်းကို မပွားဘဲ မနေနိုင်တော့ပါဘူး။ အလိုလိုပဲ စိတ်က မေတ္တာကမ္မဋ္ဌာန်း ပွားပြီးသားဖြစ်နေတတ်ပါတယ်။

၈။ လျောင်း၊ ထိုင်၊ ရပ်၊ သွားဆိုတဲ့ ဣရိယာပုထ် ၄ မျိုးထဲမှ အလျဉ်းသင့်သလို တစ်မျိုးမျိုးနဲ့ ပို့နိုင် ပွားနိုင်ပါတယ်။ လေးလေးနက်နက်ဖြစ်ဖို့ရာအတွက်သာ ထိုင်တဲ့ဣရိယာပုထ်ကို ညွှန်ပြတာပါ။ (တိဌံစရံနိ သိန္နောဝ သယာနော- မေတ္တာသုတ်)

၉။ သေပြီးသူကို အာရုံပြုပြီး မေတ္တာမပွားရဘူး။ သေပြီးသူဟာ မေတ္တာအာရုံယူဖို့ မဖြစ်နိုင်တော့တာမို့ သေပြီးသူကို အာရုံပြုပြီး မေတ္တာမပွားရပါဘူး။ (အမျှဝေလိုက ဝေဖို့ပဲရှိပါတယ်)

၁၀။ ရှေးဦးစွာ မေတ္တာအာရုံနိမိတ်ယူပြီး မပွားရတဲ့ပုဂ္ဂိုလ်၄မျိုးကတော့
(၁) မုန်းသူ
(၂) အလွန်ချစ်သူ
(၃) မချစ်မမုန်းသူနှင့်
(၄) ရန်သူတို့ ဖြစ်တယ်။
အကြောင်းမှာ- မုန်းနေတဲ့သူ၊ ရန်သူတွေကို ချမ်းသာကောင်းစားစေလိုတဲ့စိတ်ဖြစ်ဖို့ ခက်တဲ့အပြင် ဦးစွာ မေတ္တာပို့မိရင် မေတ္တာရဲ့ဆန့်ကျင်ဘက် ဒေါသ၊ အာဃာတတို့သာ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ဒီသူ၂ဦးကို ဦးစွာ မေတ္တာမပွားရပါဘူး။ အလွန်ချစ်ခင်တဲ့သူ အပေါ်မှာလည်း တဏှာပေမစိတ် ရင့်သန်ကြီးထွားနေလို့ မေတ္တာစိတ် မဖြစ်နိုင်ပြန်ဘူး။
အလယ်အလတ် မချစ်မမုန်းသူရဲ့အကျိုးစီးပွားကို လိုလားတဲ့မေတ္တာစိတ်ဖြစ်ဖို့လည်း ခက်ခဲပြန်ပါတယ်။ ဒါ့ကြောင့် ဒီပုဂ္ဂိုလ်မျိုးတွေကို ဦးစွာ မေတ္တာမပွားရပါဘူး။ မေတ္တာစိတ်အစစ်အမှန်ဖြစ်ပြီးတဲ့အခါမှာပဲ သူတို့ကို မေတ္တာပွားရပါမယ်။

၁၁။ ဆန့်ကျင်ဘက်လိင်(ယောက်ျားက မိန်းမကို၊ မိန်းမက ယောက်ျားကို) မေတ္တာပွားမယ်ဆိုရင်လည်း မေတ္တာစိတ်မဖြစ်ဘဲ ရာဂစိတ်ရိုင်းတွေဖြစ်လာနိုင်တဲ့အတွက် သတိပြုရပါမယ်။ သို့သော် အမျိုးသမီးများအနေနှင့် သက်တော်ထင်ရှား ကျေးဇူးရှင်ဆရာတော်ကြီးများကို မေတ္တာအာရုံထားပြီး ဘာဝနာပွားတဲ့အခါ မူမမှန်တဲ့စိတ်ရိုင်းများ မဖြစ်လာရင်တော့ မေတ္တာပွားနိုင်ပါတယ်။

မေတ္တာကမ္မဋ္ဌာန်းစတင်ပွားများခြင်း(သီးသန့်ကျင့်ခြင်း)

မိမိကိုယ်ကိုပဲ မေတ္တာစတင်ပွားပို့ရပါမယ်၊ “ကျန်းမာပါစေ၊ ချမ်းသာပါစေ”လို့ အကြိမ် ရာထောင်မက မိမိကိုယ်ကို ဦးစွာ မေတ္တာပွားပါ။ မိမိကိုယ်ကို မေတ္တာပွားရတာ အားရကျေနပ်ထားရင် သူတစ်ပါးကို မေတ္တာပွားရတာ လွယ်ကူပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် အရပ်များကို စိတ်ဖြင့် လှည့်လည်ရှာသော်လည်း မိမိကိုယ်ထက်သာပြီး ချစ်ခင်မြတ်နိုးသူကို မတွေ့နိုင်ဘူးလို့ ဘုရားရှင် မိန့်တော်မူထားပါတယ်။ ဒါ့ကြောင့် မိမိကိုယ်ကို သက်သေပြုပြီး မေတ္တာပို့တာဟာ မေတ္တာကမ္မဋ္ဌာန်းမှာ အသင့်တော်ဆုံးဖြစ်ပါတယ်။
ပြီးမှ သက်တော်ထင်ရှားရှိပြီး မေတ္တာစတင်မပွားရမည့် ပုဂ္ဂိုလ်က လွတ်ကင်းပြီး မိမိအပေါ် ကျေးဇူးကြီးမားတဲ့ ဆရာသမား မိဘဘိုးဘွားတွေထဲက (၅)ဦးခန့်ကို ကြိုတင်ရွေးချယ်ထားရမယ်။ မိမိကိုယ်ကို မေတ္တာပို့ပြီးနောက် ရွေးချယ်ထားတဲ့ မေတ္တာခံယူမည့်ပုဂ္ဂိုလ်ကို မိမိအနား မျက်နှာချင်းဆိုင်ထိုင်နေသလို စိတ်ဝယ်မှတ်ပြီး “ကျန်းမာပါစေ၊
ချမ်းသာပါစေ၊ ကျန်းမာပါစေ၊ ချမ်းပါစေ”လို့ အကြိမ်ကြိမ် မေတ္တာပွားရပါမယ်။ မေတ္တာခံယူမည့်ပုဂ္ဂိုလ်တစ်ဦးအပေါ် ကျေနပ်ပြီးမှ နောက်တစ်ဦးကို ပြောင်းရမယ်၊ အကယ်၍ မေတ္တာပွားရတာ အခက်အခဲရှိလာရင်တော့ မိမိကိုယ်ကိုပဲ မေတ္တာပြန်ပွားပါ၊ ပြီးမှ မေတ္တာခံယူမည့်ပုဂ္ဂိုလ်ကို ပြောင်းယူပါ။ တခါတရံ အချို့ပုဂ္ဂိုလ်ကို မေတ္တာပွားရတာ လွယ်ကူပြီး မျက်နှာပုံပန်းသဏ္ဍာန် ကွက်ကွက်ကွင်းကွင်း ပြုံးပြုံးရွှင်ရွှင် မြင်လာတတ်သော်လည်း အချို့ပုဂ္ဂိုလ်တွေမှာကျတော့ အခက်အခဲရှိနေတာလည်း ကြုံရတတ်တယ်။ အဲဒီအခါကျရင် လွယ်ကူတဲ့ မေတ္တာအာရုံခံပုဂ္ဂိုလ်တွေကို ဦးစားပေး ပွားရပါမယ်။ မေတ္တာစိတ် ညီညွှတ်မျှတနေပြီဆိုရင်တော့ ရန်သူ၊ မုန်းတဲ့သူ၊ အလွန်ချစ်တဲ့သူတွေကိုလည်း ပွားနိုင်ပါပြီ။ မိမိစိတ်ကို မိမိကြည်ညိုဖူးမလားတော့မသိဘူး။ မေတ္တာခံယူမည့်ပုဂ္ဂိုလ်တစ်ဦးကို စူးစိုက်ပြီးတော့ ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ ကျန်းမာပါစေလို့ ကြိမ်ဖန်များစွာ မေတ္တာပို့နေရင် မိမိစိတ်ထဲမှာ တခြားအာရုံတွေ၊ တခြားစိတ်ကူးတွေ ဘာမှပေါ်မလာတော့ဘူး၊ အဲဒီမေတ္တာခံပုဂ္ဂိုလ်အပေါ်မှာသာ စိတ်က စုပြုံစူးစိုက် နစ်နေတယ်၊ အဲဒီအချိန်မှာ လိုချင်တပ်မက်တဲ့စိတ်၊ စိတ်ပျက်စိတ်ဆိုး စိတ်အလိုမကျတဲ့စိတ်၊ အိပ်ချင်ငိုက်မြည်း ပျင်းရိတဲ့စိတ်၊ စိတ်ပူပန်ပျံ့လွင့်တဲ့စိတ်၊ ကြောင့်ကြတဲ့စိတ်နှင့် ရတနာသုံးပါးအပေါ် သို့လောသို့လော မပြတ်သားတဲ့စိတ်ဆိုတဲ့ တားဆီးပိတ်ပင်တတ်တဲ့ နိဝရဏတရားငါးပါး ကင်းကွားနေတတ်တယ်။ မေတ္တာအင်အား ကောင်းသထက်ကောင်းအောင် လေ့ကျင့်လာရင် မေတ္တာခံပုဂ္ဂိုလ်နဲ့ မိမိဟာ ပြုံးရွှင်ကြည်လင်တဲ့သွင်ပြင်နဲ့ မျက်နှာချင်းဆိုင် ထိုင်နေသလိုပဲ စက္ကန့်ပိုင်း မိနစ်ပိုင်းကြာတဲ့ထိ အသိစိတ်ထဲ စွဲမြဲသက်ဝင် တည်နေနိုင်ပါလိမ့်မယ်။ တခြား ဘာအာရုံခံမှ မရှိဘဲ မေတ္တာခံယူမည့်ပုဂ္ဂိုလ်ကို ပကတိ ကျန်းမာစေလိုတဲ့စိတ် ပျော်ရွှင်ချမ်းသာ ပြည့်စုံစေလိုတဲ့စိတ်တွေ အလိုလိုဖြစ်နေတာဟာ တမင်တကာစိတ်ကူးကြံဆပြီး ဖြစ်နေတဲ့ စိတ်အဆင့်မျိုး
မဟုတ်တော့ဘူး။ ဝီရိယသန်သန် တိုး၍ ကြိုးစားလေ့ကျင့်ပွားများတဲ့ ယောဂီများဟာ မိနစ်ပိုင်းမှ နာရီပိုင်းထိ ကြည်လင်ချမ်းမြေ့တဲ့ မေတ္တာစိတ်နဲ့ နေနိုင်လာပါတယ်။ အိပ်ငိုက်တာမဟုတ်ဘူး၊ စိတ်က ကြည်လင်သန့်စင်နေတယ်။ မိမိရည်မှန်းထားတဲ့ အချိန်နာရီးကာလတလျှောက်လုံး ဘာစိတ်မှမရှိဘူး၊ မေတ္တာစိတ်မျှပဲ ရှိတော့တယ်။
မေတ္တာစိတ်မျှပဲ ရှိနေတာ အချိန်ကြာလာရင်တော့ တခါတရံ ငါ့မှာ  ဘာစိတ်တွေ ဖြစ်နေပါလိမ့်မလဲလို့လည်း တစ်ချက်တစ်ချက် စစ်ဆေးမိရက်သားဖြစ်နေတယ်။ ဒီလို (ဝိတက်)ဝင်လာခိုက်တော့ မေတ္တာစိတ်အစဉ် ခဏပျက်တယ်၊ ဒါပေမယ့် ပြန်ပြီး ထူထောင်ရတာ ဘာမှ မပင်ပန်းဘူး၊ ကြောင့်ကြစိုက်ရတယ်လို့တောင် ပြောလို့မရဘူး။ အဲဒီလို အချိန်တွေ တော်တော်ကြာသွားပြီး မေတ္တာစိတ်မှအပ ကျန်တဲ့စိတ်တွေ မဖြစ်တောကို သိရလို့လည်း ယောဂီသဘောကျမိတတ်တယ်။ အဲဒီအခါမှာတော့ မိမိစိတ်ကိုမိမိ လှိုက်လှိုက်လှဲလှဲ ကြည်ညိုတယ်ဆိုတဲ့သဘောကို ယောဂီကိုယ်တိုင် သဘောကျနိုင်ပါပြီ။ လူပုဂ္ဂိုလ်များကို ကျေပွန်အောင် မေတ္တာပွားပြီးပြီဆိုရင်တော့ ဦးစွာ မိမိထိုင်နေတဲ့ အခန်းရဲ့ မျက်နှာအားလုံးကို မေတ္တာပွားရပါမယ်။

– မိမိထိုင်ရာမှ အရှေ့ကနေပြီး မေတ္တာ စ,ပွားတာ လွယ်ကူပါတယ်။ ဒါကို အထပ်ထပ်ပွားလို့ ကျေပွန်ရင် – အိမ်ဝန်းရဲ့အရပ်မျက်နှာအားလုံးကို မေတ္တာပွားရပါမယ်။

-ပြီးရင် ရပ်ကွက်ကျေးရွာနယ်နိမိတ်ထိ မေတ္တာပွားရပါမယ်။

– အဲဒီနောက် မြို့နယ်၊ ခရိုင်၊ တိုင်းနယ်၊ ပြည်နယ်၊ နိုင်ငံနယ်နိမိတ်အထိ အရပ်မျက်နှာအားလုံးကို မေတ္တာပွားရပါမယ်။- ဆက်ပြီးတော့ ကမ္ဘာကနေ အနန္တစကြဝဠာထိအောင် စိတ်ကို မြှင့်မြှင့်ပြီးတော့ ချဲ့ချဲ့ပြီးတော့ အရပ်မျက်နှာအားလုံးကို မေတ္တာပွားရမယ်။

-အလေ့အကျင့်ရလာတဲ့အခါမှာတော့ အရပ်မျက်နှာဘောင်တွေ မရှိတော့ဘဲ စက်ဝန်းကြီးအတိုင်း မေတ္တာလှိုင်းများ ချဲ့ချဲ့ပြီး သွားနေတယ်လို့ ခံစားရတတ်ပါတယ်။

-အဲဒီအဝန်းက ရံခါ လင်းနေတယ်၊ ရံခါ ဖွေးနေတယ်လို့လည်း ထင်ရတတ်ပါတယ်။ မိမိကိုယ်ကနေ မေတ္တာလှိုင်းများ ပို့တဲ့ဆီကို အမှန်တကယ် ရောက်နေပြီလို့လည်း ခံစားရတတ်ပါတယ်။

-အထူူးသတိပြုဖို့လိုတာကတော့ မိမိရဲ့မေတ္တာကြောင့် ရန်သူငုပ်လျှိုးပြိုလဲစေရမယ်၊ ရန်သူ ဒုက္ခရောက်ရမယ်၊ ငါ့မေတ္တာစူးရင် သင်ရူးပြီလို့ မတွေးမကြံရဘူး၊ မရည်ရွယ်ရဘူး၊ ဒီလိုစိတ်သဘောထားနှင့် မေတ္တာပို့ရင်တော့ မေတ္တာမဖြစ်နိုင်တော့ပါဘူး၊ ဆန့်ကျင်ဘက် ဒေါသအာဃာတ ရန်ငြိုးတွေသာ ဖြစ်ဖွယ်ရှိတယ်။ ပို့တဲ့သူဆီကို မေတ္တာရောက်မှာ
မဟုတ်တော့တဲ့ပြင် မိမိမှာပဲ ပူလောင်ပင်ပန်းစေတဲ့ အကုသိုလ် ကိလေသာစိတ်တွေဖြစ်ပြီး ပင်ပန်းဖွယ်ပဲရှိပါတယ်။ မေတ္တာရဲ့ငြိမ်းအေးချမ်းသာမှုနဲ့တော့ ဆန့်ကျင်ဘက်ပါပဲ။

နေ့စဉ်ဘဝထဲ၌ လုပ်ရင်းကိုင်ရင်း ပွားများခြင်း

မေတ္တာဘာဝနာပွားတာ ဦးစွာ မနော(စိတ်)ကနေ ပွားနေခြင်းဖြစ်ပါတယ်။ အလေ့အကျင့်ရလာတဲ့အခါကျတော့ နေ့စဉ်ဘဝထဲကို မေတ္တာရောက်ရှိနေပါပြီ။ ဒီလိုရောက်လာဖို့ အထောက်အကူဖြစ်နိုင်ဖို့နည်းလမ်းကတော့ လူတစ်ယောက်ကို တွေ့ရင် မိမိက ဦးစွာ မေတ္တာပို့ပါ။ တစ်နေရာရာသွားရင် မေတ္တာပို့ပြီးမှ သွားတဲ့ အလေ့အကျင့်လုပ်ပါ။ အိပ်ရာဝင်ရင်လည်း အိပ်မပျော်မချင်း မေတ္တာပို့နေပါ။ မေတ္တာပို့ရင်းပဲ အိပ်ပျော်ပါစေ၊ နိုးလာရင်းလည်း မေတ္တာစိတ်နှင့်ပဲ နိုးနိုင်ဖို့ လေ့ကျင့်ပေးပါ။ စားသောက်တဲ့အခါလည်း ချက်ပြုတ်ပြင်ဆင်သူများကို မေတ္တာပွားပြီးမှစားပါ၊ တစ်ယောက်ယောက်ကို သတိရရင်လည်း မေတ္တာအရင်ပွားပါအုံး။ ဒီလိုနဲ့ အလေ့အကျင့် အားကောင်းလာတဲ့အခါမှာတော့ မိမိတမင်တကာ မေတ္တာစိတ်ဖြစ်အောင် လုပ်စရာမလိုဘဲ အလိုလိုပဲ မေတ္တာစိတ်ဖြစ်နေတာ သတိထားမိပါလိမ့်မယ်။ စိတ်ထဲ သူ့အလိုလိုပဲ ကျေးဇူးတင်စိတ်တွေ ဖြစ်လာတတ်တယ်။ ဆင်းရဲဒုက္ခရောက်သူကို တွေ့ရင်လည်း လှိုက်လှိုက်လှဲလှဲ သနားကရုဏာစိတ်တွေ ရင်ထဲ အလိုလိုပဲ ဖြစ်လာတတ်တယ်။မေတ္တာရဲ့ ကျေးဇူးနှင့် သာဓကကို ဖော်ပြရင်တော့ အများကြီးပါပဲ..။


မြတ်စွာဘုရားရှင်က လက်တစ်ဖျစ်တီးကာလမျှ မေတ္တာစိတ်ကို ပွားများဖြန့်ဖြူးပို့သ မှီဝဲနေတဲ့ ရဟန်းကို ဈာန်မှ မဆိတ်သုဉ်းသောရဟန်း၊ ပြည်သူ့ဆွမ်းကို အကျိုးရှိအောင် ဘုဉ်းပေးသုံးဆောင်သောရဟန်းဆိုပြီး အထူးချီးမွမ်းတော်မူပါတယ်။ ထင်ရှားတဲ့သာဓကအနေနှင့်တော့ ဓမ္မစင်္ကြာဒေသနာဦးကို မဟောကြားခင် ပဉ္စဝဂ္ဂီငါးပါးနှင့် ဘုရားရှင်ရဲ့မေတ္တာတော်ဟာ အံ့ဖွယ်မှတ်သားစရာပါပဲ။ “မြတ်စွာဘုရားရှင်သည် ထိုပဉ္စဝဂ္ဂီငါးဦးတို့၏ စိတ်ထားကို သိမြင်တော်မူလေလျှင် အလုံးစုံသော သတ္တဝါတို့အပေါ်၌ မည်သည့်သတ္တဝါအတွက်ဟု ရည်မှတ်ပိုင်းခြားမှု မထားသောအားဖြင့် သိမ်းကျုံးဖြန့်လွှမ်းထားနိုင်သော မေတ္တာစိတ်ဓာတ်တော်ကို အကျဉ်းချုံး ရုံးစု၍ သီးသန့်ပိုင်းခြား သတ်မှတ်သောအားဖြင့် ပဉ္စဝဂ္ဂီငါးဦးတို့အပေါ်၌သာလျှင် မေတ္တာဖြန့်ပို့တော်မူ၏။ ဘုရားရှင်မေတ္တာဓာတ် ထိခိုက်ခြင်းကြောင့် ထိုပဉ္စဝဂ္ဂီတို့သည် ဘုရားရှင်ကြွလာတော်မူလျှင် (သိဒ္ဓတ္ထလာလျှင် ခရီးဦးအကြိုမပြုတော့ဘူးဟူသော) မိမိတို့ မူလကတိအတိုင်း မရပ်တည်နိုင်ကြတော့ဘဲ ရှိခိုးခြင်း၊ ခရီးဦးကြိုဆိုခြင်းစသော အမှုကိစ္စအားလုံးကို ပြုမိကြလေပြီ” ဒါက မေတ္တာရဲ့သာဓကပါပဲ။

နောက်သာဓကတစ်ခုကလည်း မြတ်စွာဘုရားဟာ စင်္ကြာဝဠာအနန္တတို့အပေါ်၌ ဖြန့်လွှမ်းပို့နိုင်တဲ့ မေတ္တာစိတ်ဓာတ်ကို နာဠာဂီရိဆင်တစ်ကောင်တည်းအပေါ်မှာသာ စုပြုံဖြန့်လွှမ်းတော်မူပါတယ်။ နာဠာဂီရိဆင်ဟာ ဘုရားရှင်၏မေတ္တာစိတ်ကို ထိခိုက်နေပြီဖြစ်လို့ ဘေးရန်ကင်းစွာ ဘုရားရှင်ရဲ့ခြေတော်အစုံမှာ ခိုလှုံတုပ်ဝပ်ပါတော့တယ်။

မေတ္တာကမ္မဋ္ဌာန်းအားထုတ်မည့်သူ သတိထားရမည့် အရေးအကြီးဆုံးအချက်ကတော့.. မေတ္တာစွမ်းအားဟာ ရှေးအခါကသာ စွမ်းတယ်၊ ယခုမစွမ်းတော့ဘူးလို့ မမှတ်ယူရဘူး၊ တရားတို့မည်သည် ပုဂ္ဂိုလ်သတ္တဝါ၊ အချိန်ကာလ၊ နေရပ်ဒေသဟူ၍ မရှိကောင်းပါဘူး။ အရင်လည်း စွမ်းတယ်၊ ခုလည်း စွမ်းတယ်၊ နောင်လည်း စွမ်းပါတယ်။ ဘုရားရှင်ဟောတော်မူတဲ့ တရားတော်မှန်သမျှဟာ.. တကယ်ကျင့်ကြံရင် တကယ့်ကိုပဲ အစွမ်းထက်လှပါတယ်။ ကျင့်ကြံအားထုတ်နေသူတွေ ရှိသရွေ့လည်း သာသနာဟာ မကွယ်ပျောက်ပါဘူး။ ဒါကို သေသေချာချာသိပြီး လေးလေးနက်နက် ယုံကြည်ထားမှ ထိထိရောက်ရောက်လုပ်ဖြစ်မှာပါ။ နောက်ပြီး မေတ္တာပွားများတဲ့ကံဟာလည်း ဘဝသံသရာမှာ အလွန်ကြီးကိုပဲ အကျိုးပေးသန်လှပါတယ်ဆိုတာကို အထက်မှာ ရှင်းပြခဲ့ပြီးပါပြီနော်..။

အရှင်ခေမာနန္ဒ(မဟာမြိုင်တောရ) မေတ္တာကမ္မဋ္ဌာန်းလက်တွေ့ရှုပွားနည်းစာအုပ်မှ ကူးယူဖော်ပြပါသည်။ ဤစာကို ဖတ်ရှုရသောသူအပေါင်း မေတ္တာ၏အေးချမ်းမှုများဖြင့် ပြည့်စုံကြပါစေ…

ဤကောင်းမှုကုသိုလ်ကြောင့် နိမ့်သောကံမြင့်၊ ပိတ်သောဉာဏ်ပွင့်၍ မဂ်ဖိုလ်နိဗ္ဗာန်ကိုမျက်မှောက်ပြုသည့်တိုင်အောင် အကြောင်းအထောက်ပံ့ကောင်းဖြစ်ရပါစေ။

ေမတၱာ၏အက်ဳိးေက်းဇူးမ်ား

စာေပမွာေဖာ္ျပတဲ့ ေမတၱာ၏အက်ဳိးေက်းဇူးမ်ားမွာ ေအာက္ပါအတိုင္းျဖစ္တယ္…

(၁) ခ်မ္းခ်မ္းသာသာ အိပ္ေပ်ာ္ရတယ္။
(၂) ကိုယ္မွာ ေဖာက္ျပန္မႈမရွိဘဲ ခ်မ္းခ်မ္းသာသာ အိပ္ရာက ႏိုးရတယ္။
(၃) အိပ္မက္ေကာင္းေတြကိုပဲ ျမင္မက္ႏုိင္ၿပီး ယုတ္ညံ့ရြံ႕မုန္း ေၾကာက္လန္႔ဖြယ္ အိပ္မက္မ်ား မမက္ရဘူး။
(၄) လူအေပါင္းက ခ်စ္ခင္ျမတ္ႏိုးတယ္။
(၅) မျမင္ရတဲ့ နတ္မ်ားကလည္း ခ်စ္ခင္ၾကတယ္။
(၆) မိဘက သားသမီးကို ေစာင့္ေရွာက္သလို နတ္မ်ားကလည္း ေမတၱာပြားသူကို ေစာင့္ေရွာက္ၾကတယ္။
(၇) ေမတၱာဘာ၀နာပြားတဲ့သူကို မီး၊ အဆိပ္၊ လက္နက္ေတြရဲ႕ ေဘးရန္ မက်ေရာက္ဘူး။
(၈) ေမတၱာဘာ၀နာႏွင့္ေနေလ့ရွိတဲ့ပုဂၢိဳလ္ဟာ စိတ္တည္ၾကည္လြယ္ၿပီး သမာဓိျဖစ္လြယ္တယ္။
(၉) မ်က္ႏွာ အၿမဲပဲ ၾကည္ၾကည္လင္လင္ရွိတယ္။
(၁၀) အိပ္ေပ်ာ္သြားသလိုပဲ မေတြမေ၀ မပင္မပန္း ေသလြန္ရတယ္။
(၁၁) နိဗၺာန္ကို မရေသးေသာ္လည္း ယခုလူ႔ဘ၀စုေတၿပီးေနာက္ အိပ္ေပ်ာ္ရာမွႏိုးလာသလိုပဲ ျဗဟၼာ့ျပည္မွာ ျဖစ္ရတယ္။

ေမတၱာဘာ၀နာပြားၿပီးေနတဲ့သူဟာ အသက္ရွင္ေနဆဲဘ၀မွာ လူခ်စ္တယ္။ နတ္ခ်စ္တယ္၊ ႀကံတုိင္းေအာင္ၿပီး ေဆာင္တိုင္းေျမာက္တယ္။ ဒါ့ေၾကာင့္ ေမတၱာကမၼ႒ာန္းက ဘ၀မွာ ေနဖို႔ေရာ၊ ေသဖို႔ကိုပါ အားကိုးႏိုင္ေလာက္တဲ့ ကမၼ႒ာန္းျဖစ္ပါတယ္။ ေမတၱာပြားၿပီးေနတဲ့ပုဂၢိဳလ္တစ္ဦးဟာ ပတ္၀န္းက်င္ ေလာကတစ္ခုလံုးမွာရွိတဲ့ ျမင္ရမျမင္ရ သတၱ၀ါအားလံုးရဲ႕အက်ဳိးကို သယ္ပိုးေဆာင္ရြက္ေနသူ လည္းျဖစ္တယ္။ သူ႔ပတ္၀န္းက်င္တစ္ခုလံုး ၿငိမ္းခ်မ္းတယ္၊ ေအးျမတယ္၊ နတ္မ်ားလည္း အခ်င္းခ်င္း ခ်စ္ခင္ၾကတယ္ဆိုတဲ့
သာဓကေတြ အမ်ားႀကီးရွိတယ္၊ ယံုယံုၾကည္ၾကည္ ႀကိဳးႀကိဳးစားစား အားထုတ္ၾကပါ။ ႏိုင္ငံျခားသြားၿပီး အလုပ္လုပ္တဲ့သူေတြ ေဘးရန္ကင္းဖို႔၊ အစိုးရဌာနေတြမွာ ကုမၸဏီေတြမွာ ရာထူးရဖို႔၊ အထက္လူႀကီးရဲ႕ ခ်စ္ခင္မ်က္ႏွာသာေပးမႈ ရလာဖို႔ဆိုၿပီး အေဆာင္ေတြလက္ဖြဲ႕ေတြ လုပ္ၾကတာထက္ မိမိရဲ႕ေမတၱာဘာ၀နာစြမ္းအားကိုသာ တင္းတင္းရင္းရင္း ၀ီရိယစိုက္ၿပီး ႀကိဳးစားအားထုတ္လိုက္ၾကပါ။ ရန္လည္းလံု၊ လူလည္းခ်စ္၊ နတ္လည္းခ်စ္၊ စိတ္အႀကံလည္း ၿပီးေျမာက္ေအာင္ျမင္လို႔ ပီယသိဒၶိေအာင္ေနသူလို႔ကို ေဘးက ထင္ရလာပါလိမ့္မယ္။ ဒီ့ထက္ေကာင္းမြန္တဲ့ ယၾတာလက္ဖြဲ႔မရွိပါဘူး။

ေမတၱာကမၼ႒ာန္း လက္ေတြ႔႐ႈပြားနည္း

တစ္ဖက္သားကို ခ်မ္းသာေစလိုတဲ့စိတ္ေတြ၊ ေကာင္းစားေစလိုတဲ့စိတ္ေတြ၊ ေဘးရန္ကင္းေစလိုတဲ့စိတ္ေတြ အႀကိမ္ႀကိမ္ အထပ္ထပ္ အဖန္ဖန္ ျဖစ္ေစတာကို ေမတၱာဘာ၀နာလို႔ ဆိုႏိုင္ပါတယ္။ အဲဒီလိုစိတ္ေတြပြားေအာင္ မ်ားေအာင္ အႀကိမ္ႀကိမ္အဖန္ဖန္ ျပဳလုပ္ေနတာကိုေတာ့ ေမတၱာဘာ၀နာပြားတယ္လို႔ ဆိုႏိုင္ပါတယ္။

စိတ္ရဲ႕အေပၚယံပိုင္းကေန ပြားေန႐ုံမွ် မျဖစ္ေစဘဲ မိမိစိတ္ရဲ႕ အတြင္းပိုင္း၊ အနက္႐ႈိင္းဆံုးကေန ေမတၱာပြားရင္ ေမတၱာအင္အား စူးရွထက္ျမက္လာမွာျဖစ္တယ္၊ ႏႈတ္ကေန သာမာန္ရြတ္ဆို႐ုံမွ်နဲ႔ ေမတၱာဘာ၀နာ ပြားတယ္ မမည္ေသးပါဘူး။ ပါဠိ ေ၀ါဟာရအေနနဲ႔ ပြားမ်ားမယ္ဆိုရင္ေတာ့..

အေ၀ရာ ေဟာႏၲဳ
အဗ်ာပဇၨာ ေဟာႏၲဳ
အနီဃာ ေဟာႏၲဳ
သုခီအတၱာနံ ပရိဟရႏၲဳ

လို႔ အႀကိမ္ ရာေထာင္မက ႏွလံုးသြင္း ပြားမ်ားေနရပါမယ္။ေမတၱာကမၼ႒ာန္း႐ႈပြားမည့္သူဟာ ေမတၱာရဲ႕အင္အား ေမတၱာရဲ႕စြမ္းအင္ကို သံသယမရွိ ယံုၾကည့္ဖို႔က အရင္းခံ ပဓာနက်ပါတယ္။ ေမတၱာကမၼ႒ာန္း ႐ႈပြားရာမွာ ေ၀ါဟာရစကားလံုးရဲ႕အနက္ ေပၚလြင္ထင္ရွားမႈကလည္း အေရးပါတယ္။ ဒါေၾကာင့္ အတိုဆံုးႏွင့္ အနက္ထိမိၿပီး အဓိပၸာယ္လည္း က်ယ္ျပန္႔တဲ့ ျမန္မာေ၀ါဟာရကေတာ့ “က်န္းမာပါေစ၊ ခ်မ္းသာပါေစ”လို႔ပဲ သံုးႏႈန္းၿပီး ေမတၱာဘာ၀နာ ပြားႏိုင္ပါတယ္။

ႀကိဳတင္သိထားရမယ့္ အခ်က္ေတြကေတာ့..
၁။ ေမတၱာရဲ႕အင္အားစြမ္းအင္ကို ယံုၾကည္ဖို႔ ႀကိဳတင္ေလ့လာဆည္းပူးထားရမယ့္အျပင္

၂။ ေမတၱာခံယူမယ့္ သက္ေတာ္ထင္ရွားၿပီး မိမိအေပၚ အက်ဳိးေက်းဇူးႀကီးမားတဲ့ လူပုဂၢိဳလ္၊ ရဟန္းပုဂၢိဳလ္ (၅)ဦးခန္႔ကို ဦးစြာေရြးခ်ယ္ထားၿပီး ျဖစ္ရပါမယ္။

၃။ ေမတၱာကို အရပ္မ်က္ႏွာမ်ားႏွင့္ လူပုဂၢိဳလ္မ်ားကို ပို႔လႊတ္တဲ့အခါမွာ မိမိပို႔လႊတ္ရာကို ေမတၱာလိႈင္းမ်ား ေရာက္ႏိုင္တယ္လို႔လည္း ႀကိဳတင္သိထားရမယ္။ ေနာက္ပိုင္း ေမတၱာဘာ၀နာပြားတာ အေလ့အက်င့္အားေကာင္းသြားတဲ့အခါမွာေတာ့ ေမတၱာလႈိင္းေတြ မိမိခႏၶာကိုယ္က ျဖာထြက္ၿပီး ပို႔တဲ့ဆီကို ေရာက္တယ္လို႔ ကိုယ္တုိင္ သေဘာက်ႏိုင္ပါတယ္။

၄။ ဒါေပမယ့္ ေမတၱာပြားတဲ့ေနရာမွာ ကိုယ္က်ဳိးစီးပြားရလိုမႈ လံုးလံုးကို မပါသင့္ပါဘူး။ ေမတၱာခံယူသူအတြက္ ခ်မ္းသာေစလိုတဲ့စိတ္၊ ေကာင္းစားေစလိုတဲ့စိတ္သာ ရွိေနရပါမယ္။
၅။ “ၾသဓိသေမတၱာ” ပုဂၢိဳလ္ရည္ညႊန္းၿပီး ပို႔တဲ့အခါမွာေတာ့ ေမတၱာခံယူမည့္ပုဂၢိဳလ္ မိမိေရွ႕မွာ မ်က္ႏွာခ်င္းဆိုင္ ထိုင္ေနတယ္လို႔ကို စိတ္ညြတ္ၿပီး အဲဒီပုဂၢိဳလ္ မ်က္ႏွာသ႑ာန္ကို စိတ္ထဲ ပံုေဖာ္ျမင္ေအာင္ၾကည့္ၿပီး ရာေထာင္မက ေမတၱာပြားရပါတယ္။

၆။ ေမတၱာကမၼ႒ာန္းမပြားခင္ ဦးစြာ ဘုရားရွိခိုးတာ သီလခံယူေဆာက္တည္တာ စတဲ့ ပုဗၺကိစၥ ႀကိဳတင္ျပင္ဆင္မႈမ်ားကိုေတာ့ ေဆာင္ရြက္ၿမဲအတိုင္း ေဆာင္ရြက္ႏိုင္ပါတယ္။

၇။ အစပိုင္း ေလ့က်င့္ခါစမွာေတာ့ တစ္ႀကိမ္ကို မိနစ္၃၀စီ သတ္မွတ္ၿပီး အႀကိမ္မ်ားမ်ားကို ထိုင္တဲ့ ဣရိယာပုထ္ႏွင့္သာ ပြားသင့္ပါတယ္။ ေနရာက်ၿပီဆိုရင္ေတာ့ ေနာက္ပိုင္း သိပ္ကို လြယ္ကူပါတယ္။ ေမတၱာပြားၿပီးေနရတာ သက္သာတယ္၊ ေပါ့ပါးတယ္၊ ၿငိမ္းခ်မ္းတယ္၊ ဒီလိုအေတြ႔အႀကံဳရွိလာတဲ့ ေယာဂီပုဂၢိဳလ္ဟာ ေမတၱာကမၼ႒ာန္းကို မပြားဘဲ မေနႏိုင္ေတာ့ပါဘူး။ အလိုလိုပဲ စိတ္က ေမတၱာကမၼ႒ာန္း ပြားၿပီးသားျဖစ္ေနတတ္ပါတယ္။

၈။ ေလ်ာင္း၊ ထိုင္၊ ရပ္၊ သြားဆိုတဲ့ ဣရိယာပုထ္ ၄ မ်ဳိးထဲမွ အလ်ဥ္းသင့္သလို တစ္မ်ဳိးမ်ဳိးနဲ႔ ပို႔ႏိုင္ ပြားႏိုင္ပါတယ္။ ေလးေလးနက္နက္ျဖစ္ဖို႔ရာအတြက္သာ ထိုင္တဲ့ဣရိယာပုထ္ကို ညႊန္ျပတာပါ။ (တိဌံစရံနိ သိေႏၷာ၀ သယာေနာ- ေမတၱာသုတ္)

၉။ ေသၿပီးသူကို အာ႐ုံျပဳၿပီး ေမတၱာမပြားရဘူး။ ေသၿပီးသူဟာ ေမတၱာအာ႐ုံယူဖို႔ မျဖစ္ႏုိင္ေတာ့တာမို႔ ေသၿပီးသူကို အာ႐ုံျပဳၿပီး ေမတၱာမပြားရပါဘူး။ (အမွ်ေ၀လိုက ေ၀ဖို႔ပဲရွိပါတယ္)

၁၀။ ေရွးဦးစြာ ေမတၱာအာ႐ုံနိမိတ္ယူၿပီး မပြားရတဲ့ပုဂၢိဳလ္၄မ်ဳိးကေတာ့
(၁) မုန္းသူ
(၂) အလြန္ခ်စ္သူ
(၃) မခ်စ္မမုန္းသူႏွင့္
(၄) ရန္သူတို႔ ျဖစ္တယ္။
အေၾကာင္းမွာ- မုန္းေနတဲ့သူ၊ ရန္သူေတြကို ခ်မ္းသာေကာင္းစားေစလိုတဲ့စိတ္ျဖစ္ဖို႔ ခက္တဲ့အျပင္ ဦးစြာ ေမတၱာပို႔မိရင္ ေမတၱာရဲ႕ဆန္႔က်င္ဘက္ ေဒါသ၊ အာဃာတတို႔သာ ျဖစ္ႏိုင္ပါတယ္။ ဒါ့ေၾကာင့္ ဒီသူ၂ဦးကို ဦးစြာ ေမတၱာမပြားရပါဘူး။ အလြန္ခ်စ္ခင္တဲ့သူ အေပၚမွာလည္း တဏွာေပမစိတ္ ရင့္သန္ႀကီးထြားေနလို႔ ေမတၱာစိတ္ မျဖစ္ႏိုင္ျပန္ဘူး။
အလယ္အလတ္ မခ်စ္မမုန္းသူရဲ႕အက်ဳိးစီးပြားကို လိုလားတဲ့ေမတၱာစိတ္ျဖစ္ဖို႔လည္း ခက္ခဲျပန္ပါတယ္။ ဒါ့ေၾကာင့္ ဒီပုဂၢိဳလ္မ်ဳိးေတြကို ဦးစြာ ေမတၱာမပြားရပါဘူး။ ေမတၱာစိတ္အစစ္အမွန္ျဖစ္ၿပီးတဲ့အခါမွာပဲ သူတို႔ကို ေမတၱာပြားရပါမယ္။

၁၁။ ဆန္႔က်င္ဘက္လိင္(ေယာက်္ားက မိန္းမကို၊ မိန္းမက ေယာက်္ားကို) ေမတၱာပြားမယ္ဆိုရင္လည္း ေမတၱာစိတ္မျဖစ္ဘဲ ရာဂစိတ္႐ိုင္းေတြျဖစ္လာႏိုင္တဲ့အတြက္ သတိျပဳရပါမယ္။ သို႔ေသာ္ အမ်ဳိးသမီးမ်ားအေနႏွင့္ သက္ေတာ္ထင္ရွား ေက်းဇူးရွင္ဆရာေတာ္ႀကီးမ်ားကို ေမတၱာအာ႐ုံထားၿပီး ဘာ၀နာပြားတဲ့အခါ မူမမွန္တဲ့စိတ္႐ုိင္းမ်ား မျဖစ္လာရင္ေတာ့ ေမတၱာပြားႏိုင္ပါတယ္။

ေမတၱာကမၼ႒ာန္းစတင္ပြားမ်ားျခင္း(သီးသန္႔က်င့္ျခင္း)

မိမိကိုယ္ကိုပဲ ေမတၱာစတင္ပြားပို႔ရပါမယ္၊ “က်န္းမာပါေစ၊ ခ်မ္းသာပါေစ”လို႔ အႀကိမ္ ရာေထာင္မက မိမိကိုယ္ကို ဦးစြာ ေမတၱာပြားပါ။ မိမိကိုယ္ကို ေမတၱာပြားရတာ အားရေက်နပ္ထားရင္ သူတစ္ပါးကို ေမတၱာပြားရတာ လြယ္ကူပါလိမ့္မယ္။ ဘာေၾကာင့္လဲဆိုရင္ အရပ္မ်ားကို စိတ္ျဖင့္ လွည့္လည္ရွာေသာ္လည္း မိမိကိုယ္ထက္သာၿပီး ခ်စ္ခင္ျမတ္ႏိုးသူကို မေတြ႔ႏိုင္ဘူးလို႔ ဘုရားရွင္ မိန္႔ေတာ္မူထားပါတယ္။ ဒါ့ေၾကာင့္ မိမိကိုယ္ကို သက္ေသျပဳၿပီး ေမတၱာပို႔တာဟာ ေမတၱာကမၼ႒ာန္းမွာ အသင့္ေတာ္ဆံုးျဖစ္ပါတယ္။
ၿပီးမွ သက္ေတာ္ထင္ရွားရွိၿပီး ေမတၱာစတင္မပြားရမည့္ ပုဂၢိဳလ္က လြတ္ကင္းၿပီး မိမိအေပၚ ေက်းဇူးႀကီးမားတဲ့ ဆရာသမား မိဘဘိုးဘြားေတြထဲက (၅)ဦးခန္႔ကို ႀကိဳတင္ေရြးခ်ယ္ထားရမယ္။ မိမိကိုယ္ကို ေမတၱာပို႔ၿပီးေနာက္ ေရြးခ်ယ္ထားတဲ့ ေမတၱာခံယူမည့္ပုဂၢိဳလ္ကို မိမိအနား မ်က္ႏွာခ်င္းဆိုင္ထိုင္ေနသလို စိတ္၀ယ္မွတ္ၿပီး “က်န္းမာပါေစ၊
ခ်မ္းသာပါေစ၊ က်န္းမာပါေစ၊ ခ်မ္းပါေစ”လို႔ အႀကိမ္ႀကိမ္ ေမတၱာပြားရပါမယ္။ ေမတၱာခံယူမည့္ပုဂၢိဳလ္တစ္ဦးအေပၚ ေက်နပ္ၿပီးမွ ေနာက္တစ္ဦးကို ေျပာင္းရမယ္၊ အကယ္၍ ေမတၱာပြားရတာ အခက္အခဲရွိလာရင္ေတာ့ မိမိကိုယ္ကိုပဲ ေမတၱာျပန္ပြားပါ၊ ၿပီးမွ ေမတၱာခံယူမည့္ပုဂၢိဳလ္ကို ေျပာင္းယူပါ။ တခါတရံ အခ်ဳိ႕ပုဂၢိဳလ္ကို ေမတၱာပြားရတာ လြယ္ကူၿပီး မ်က္ႏွာပံုပန္းသ႑ာန္ ကြက္ကြက္ကြင္းကြင္း ၿပံဳးၿပံဳးရႊင္ရႊင္ ျမင္လာတတ္ေသာ္လည္း အခ်ဳိ႕ပုဂၢိဳလ္ေတြမွာက်ေတာ့ အခက္အခဲရွိေနတာလည္း ႀကံဳရတတ္တယ္။ အဲဒီအခါက်ရင္ လြယ္ကူတဲ့ ေမတၱာအာ႐ုံခံပုဂၢိဳလ္ေတြကို ဦးစားေပး ပြားရပါမယ္။ ေမတၱာစိတ္ ညီညႊတ္မွ်တေနၿပီဆိုရင္ေတာ့ ရန္သူ၊ မုန္းတဲ့သူ၊ အလြန္ခ်စ္တဲ့သူေတြကိုလည္း ပြားႏိုင္ပါၿပီ။ မိမိစိတ္ကို မိိမိၾကည္ညိဳဖူးမလားေတာ့မသိဘူး။ ေမတၱာခံယူမည့္ပုဂၢိဳလ္တစ္ဦးကို စူးစိုက္ၿပီးေတာ့ က်န္းမာပါေစ၊ ခ်မ္းသာပါေစ၊ က်န္းမာပါေစလို႔ ႀကိမ္ဖန္မ်ားစြာ ေမတၱာပို႔ေနရင္ မိမိစိတ္ထဲမွာ တျခားအာ႐ုံေတြ၊ တျခားစိတ္ကူးေတြ ဘာမွေပၚမလာေတာ့ဘူး၊ အဲဒီေမတၱာခံပုဂၢိဳလ္အေပၚမွာသာ စိတ္က စုၿပံဳစူးစိုက္ နစ္ေနတယ္၊ အဲဒီအခ်ိန္မွာ လိုခ်င္တပ္မက္တဲ့စိတ္၊ စိတ္ပ်က္စိတ္ဆိုး စိတ္အလိုမက်တဲ့စိတ္၊ အိပ္ခ်င္ငိုက္ျမည္း ပ်င္းရိတဲ့စိတ္၊ စိတ္ပူပန္ပ်ံ႕လြင့္တဲ့စိတ္၊ ေၾကာင့္ၾကတဲ့စိတ္ႏွင့္ ရတနာသံုးပါးအေပၚ သို႔ေလာသို႔ေလာ မျပတ္သားတဲ့စိတ္ဆိုတဲ့ တားဆီးပိတ္ပင္တတ္တဲ့ နိ၀ရဏတရားငါးပါး ကင္းကြားေနတတ္တယ္။ ေမတၱာအင္အား ေကာင္းသထက္ေကာင္းေအာင္ ေလ့က်င့္လာရင္ ေမတၱာခံပုဂၢိဳလ္နဲ႔ မိမိဟာ ၿပံဳးရႊင္ၾကည္လင္တဲ့သြင္ျပင္နဲ႔ မ်က္ႏွာခ်င္းဆိုင္ ထုိင္ေနသလိုပဲ စကၠန္႔ပိုင္း မိနစ္ပိုင္းၾကာတဲ့ထိ အသိစိတ္ထဲ စြဲၿမဲသက္၀င္ တည္ေနႏိုင္ပါလိမ့္မယ္။ တျခား ဘာအာ႐ုံခံမွ မရွိဘဲ ေမတၱာခံယူမည့္ပုဂၢိဳလ္ကို ပကတိ က်န္းမာေစလိုတဲ့စိတ္ ေပ်ာ္ရႊင္ခ်မ္းသာ ျပည့္စံုေစလိုတဲ့စိတ္ေတြ အလိုလိုျဖစ္ေနတာဟာ တမင္တကာစိတ္ကူးႀကံဆၿပီး ျဖစ္ေနတဲ့ စိတ္အဆင့္မ်ဳိး
မဟုတ္ေတာ့ဘူး။ ၀ီရိယသန္သန္ တိုး၍ ႀကိဳးစားေလ့က်င့္ပြားမ်ားတဲ့ ေယာဂီမ်ားဟာ မိနစ္ပိုင္းမွ နာရီပိုင္းထိ ၾကည္လင္ခ်မ္းေျမ့တဲ့ ေမတၱာစိတ္နဲ႔ ေနႏိုင္လာပါတယ္။ အိပ္ငိုက္တာမဟုတ္ဘူး၊ စိတ္က ၾကည္လင္သန္႔စင္ေနတယ္။ မိမိရည္မွန္းထားတဲ့ အခ်ိန္နာရီးကာလတေလွ်ာက္လံုး ဘာစိတ္မွမရွိဘူး၊ ေမတၱာစိတ္မွ်ပဲ ရွိေတာ့တယ္။
ေမတၱာစိတ္မွ်ပဲ ရွိေနတာ အခ်ိန္ၾကာလာရင္ေတာ့ တခါတရံ ငါ့မွာ  ဘာစိတ္ေတြ ျဖစ္ေနပါလိမ့္မလဲလို႔လည္း တစ္ခ်က္တစ္ခ်က္ စစ္ေဆးမိရက္သားျဖစ္ေနတယ္။ ဒီလို (၀ိတက္)၀င္လာခိုက္ေတာ့ ေမတၱာစိတ္အစဥ္ ခဏပ်က္တယ္၊ ဒါေပမယ့္ ျပန္ၿပီး ထူေထာင္ရတာ ဘာမွ မပင္ပန္းဘူး၊ ေၾကာင့္ၾကစိုက္ရတယ္လို႔ေတာင္ ေျပာလို႔မရဘူး။ အဲဒီလို အခ်ိန္ေတြ ေတာ္ေတာ္ၾကာသြားၿပီး ေမတၱာစိတ္မွအပ က်န္တဲ့စိတ္ေတြ မျဖစ္ေတာကို သိရလို႔လည္း ေယာဂီသေဘာက်မိတတ္တယ္။ အဲဒီအခါမွာေတာ့ မိမိစိတ္ကိုမိမိ လႈိက္လိႈက္လွဲလွဲ ၾကည္ညိဳတယ္ဆိုတဲ့သေဘာကို ေယာဂီကိုယ္တိုင္ သေဘာက်ႏိုင္ပါၿပီ။ လူပုဂၢိဳလ္မ်ားကို ေက်ပြန္ေအာင္ ေမတၱာပြားၿပီးၿပီဆိုရင္ေတာ့ ဦးစြာ မိမိထုိင္ေနတဲ့ အခန္းရဲ႕ မ်က္ႏွာအားလံုးကို ေမတၱာပြားရပါမယ္။

– မိမိထိုင္ရာမွ အေရွ႕ကေနၿပီး ေမတၱာ စ,ပြားတာ လြယ္ကူပါတယ္။ ဒါကို အထပ္ထပ္ပြားလို႔ ေက်ပြန္ရင္ – အိမ္၀န္းရဲ႕အရပ္မ်က္နွာအားလံုးကို ေမတၱာပြားရပါမယ္။

-ၿပီးရင္ ရပ္ကြက္ေက်းရြာနယ္နိမိတ္ထိ ေမတၱာပြားရပါမယ္။

– အဲဒီေနာက္ ၿမိဳ႕နယ္၊ ခ႐ုိင္၊ တိုင္းနယ္၊ ျပည္နယ္၊ ႏိုင္ငံနယ္နိမိတ္အထိ အရပ္မ်က္ႏွာအားလံုးကို ေမတၱာပြားရပါမယ္။- ဆက္ၿပီးေတာ့ ကမၻာကေန အနႏၲစၾက၀ဠာထိေအာင္ စိတ္ကို ျမွင့္ျမွင့္ၿပီးေတာ့ ခ်ဲ႕ခ်ဲ႕ၿပီးေတာ့ အရပ္မ်က္ႏွာအားလံုးကို ေမတၱာပြားရမယ္။

-အေလ႔အက်င့္ရလာတဲ့အခါမွာေတာ့ အရပ္မ်က္ႏွာေဘာင္ေတြ မရွိေတာ့ဘဲ စက္၀န္းႀကီးအတိုင္း ေမတၱာလႈိင္းမ်ား ခ်ဲ႕ခ်ဲ႕ၿပီး သြားေနတယ္လို႔ ခံစားရတတ္ပါတယ္။

-အဲဒီအ၀န္းက ရံခါ လင္းေနတယ္၊ ရံခါ ေဖြးေနတယ္လို႔လည္း ထင္ရတတ္ပါတယ္။ မိမိကိုယ္ကေန ေမတၱာလိႈင္းမ်ား ပို႔တဲ့ဆီကို အမွန္တကယ္ ေရာက္ေနၿပီလို႔လည္း ခံစားရတတ္ပါတယ္။

-အထူူးသတိျပဳဖို႔လိုတာကေတာ့ မိမိရဲ႕ေမတၱာေၾကာင့္ ရန္သူငုပ္လွ်ဳိးၿပိဳလဲေစရမယ္၊ ရန္သူ ဒုကၡေရာက္ရမယ္၊ ငါ့ေမတၱာစူးရင္ သင္႐ူးၿပီလို႔ မေတြးမႀကံရဘူး၊ မရည္ရြယ္ရဘူး၊ ဒီလိုစိတ္သေဘာထားႏွင့္ ေမတၱာပို႔ရင္ေတာ့ ေမတၱာမျဖစ္ႏိုင္ေတာ့ပါဘူး၊ ဆန္႔က်င္ဘက္ ေဒါသအာဃာတ ရန္ၿငိဳးေတြသာ ျဖစ္ဖြယ္ရွိတယ္။ ပို႔တဲ့သူဆီကို ေမတၱာေရာက္မွာ
မဟုတ္ေတာ့တဲ့ျပင္ မိမိမွာပဲ ပူေလာင္ပင္ပန္းေစတဲ့ အကုသိုလ္ ကိေလသာစိတ္ေတြျဖစ္ၿပီး ပင္ပန္းဖြယ္ပဲရွိပါတယ္။ ေမတၱာရဲ႕ၿငိမ္းေအးခ်မ္းသာမႈနဲ႔ေတာ့ ဆန္႔က်င္ဘက္ပါပဲ။

ေန႔စဥ္ဘ၀ထဲ၌ လုပ္ရင္းကိုင္ရင္း ပြားမ်ားျခင္း

ေမတၱာဘာ၀နာပြားတာ ဦးစြာ မေနာ(စိတ္)ကေန ပြားေနျခင္းျဖစ္ပါတယ္။ အေလ့အက်င့္ရလာတဲ့အခါက်ေတာ့ ေန႔စဥ္ဘ၀ထဲကို ေမတၱာေရာက္ရွိေနပါၿပီ။ ဒီလိုေရာက္လာဖို႔ အေထာက္အကူျဖစ္ႏိုင္ဖို႔နည္းလမ္းကေတာ့ လူတစ္ေယာက္ကို ေတြ႔ရင္ မိမိက ဦးစြာ ေမတၱာပို႔ပါ။ တစ္ေနရာရာသြားရင္ ေမတၱာပို႔ၿပီးမွ သြားတဲ့ အေလ့အက်င့္လုပ္ပါ။ အိပ္ရာ၀င္ရင္လည္း အိပ္မေပ်ာ္မခ်င္း ေမတၱာပို႔ေနပါ။ ေမတၱာပို႔ရင္းပဲ အိပ္ေပ်ာ္ပါေစ၊ ႏိုးလာရင္းလည္း ေမတၱာစိတ္ႏွင့္ပဲ ႏိုးႏိုင္ဖို႔ ေလ့က်င့္ေပးပါ။ စားေသာက္တဲ့အခါလည္း ခ်က္ျပဳတ္ျပင္ဆင္သူမ်ားကို ေမတၱာပြားၿပီးမွစားပါ၊ တစ္ေယာက္ေယာက္ကို သတိရရင္လည္း ေမတၱာအရင္ပြားပါအံုး။ ဒီလိုနဲ႔ အေလ့အက်င့္ အားေကာင္းလာတဲ့အခါမွာေတာ့ မိမိတမင္တကာ ေမတၱာစိတ္ျဖစ္ေအာင္ လုပ္စရာမလိုဘဲ အလိုလိုပဲ ေမတၱာစိတ္ျဖစ္ေနတာ သတိထားမိပါလိမ့္မယ္။ စိတ္ထဲ သူ႔အလုိလိုပဲ ေက်းဇူးတင္စိတ္ေတြ ျဖစ္လာတတ္တယ္။ ဆင္းရဲဒုကၡေရာက္သူကို ေတြ႔ရင္လည္း လိႈက္လိႈက္လွဲလွဲ သနားက႐ုဏာစိတ္ေတြ ရင္ထဲ အလိုလိုပဲ ျဖစ္လာတတ္တယ္။ေမတၱာရဲ႕ ေက်းဇူးႏွင့္ သာဓကကို ေဖာ္ျပရင္ေတာ့ အမ်ားႀကီးပါပဲ..။


ျမတ္စြာဘုရားရွင္က လက္တစ္ဖ်စ္တီးကာလမွ် ေမတၱာစိတ္ကို ပြားမ်ားျဖန္႔ျဖဴးပို႔သ မွီ၀ဲေနတဲ့ ရဟန္းကို စ်ာန္မွ မဆိတ္သုဥ္းေသာရဟန္း၊ ျပည္သူ႔ဆြမ္းကို အက်ဳိးရွိေအာင္ ဘုဥ္းေပးသံုးေဆာင္ေသာရဟန္းဆိုၿပီး အထူးခ်ီးမြမ္းေတာ္မူပါတယ္။ ထင္ရွားတဲ့သာဓကအေနႏွင့္ေတာ့ ဓမၼစႀကၤာေဒသနာဦးကို မေဟာၾကားခင္ ပဥၥ၀ဂၢီငါးပါးႏွင့္ ဘုရားရွင္ရဲ႕ေမတၱာေတာ္ဟာ အံ့ဖြယ္မွတ္သားစရာပါပဲ။ “ျမတ္စြာဘုရားရွင္သည္ ထိုပဥၥ၀ဂၢီငါးဦးတို႔၏ စိတ္ထားကို သိျမင္ေတာ္မူေလလွ်င္ အလံုးစံုေသာ သတၱ၀ါတို႔အေပၚ၌ မည္သည့္သတၱ၀ါအတြက္ဟု ရည္မွတ္ပိုင္းျခားမႈ မထားေသာအားျဖင့္ သိမ္းက်ဳံးျဖန္႔လႊမ္းထားႏိုင္ေသာ ေမတၱာစိတ္ဓာတ္ေတာ္ကို အက်ဥ္းခ်ဳံး ႐ုံးစု၍ သီးသန္႔ပိုင္းျခား သတ္မွတ္ေသာအားျဖင့္ ပဥၥ၀ဂၢီငါးဦးတို႔အေပၚ၌သာလွ်င္ ေမတၱာျဖန္႔ပို႔ေတာ္မူ၏။ ဘုရားရွင္ေမတၱာဓာတ္ ထိခုိက္ျခင္းေၾကာင့္ ထိုပဥၥ၀ဂၢီတို႔သည္ ဘုရားရွင္ႂကြလာေတာ္မူလွ်င္ (သိဒၶတၳလာလွ်င္ ခရီးဦးအႀကိဳမျပဳေတာ့ဘူးဟူေသာ) မိမိတို႔ မူလကတိအတိုင္း မရပ္တည္ႏိုင္ၾကေတာ့ဘဲ ရွိခုိးျခင္း၊ ခရီးဦးႀကိဳဆိုျခင္းစေသာ အမႈကိစၥအားလံုးကို ျပဳမိၾကေလၿပီ” ဒါက ေမတၱာရဲ႕သာဓကပါပဲ။

ေနာက္သာဓကတစ္ခုကလည္း ျမတ္စြာဘုရားဟာ စႀကၤာ၀ဠာအနႏၲတို႔အေပၚ၌ ျဖန္႔လႊမ္းပို႔ႏုိင္တဲ့ ေမတၱာစိတ္ဓာတ္ကို နာဠာဂီရိဆင္တစ္ေကာင္တည္းအေပၚမွာသာ စုၿပံဳျဖန္႔လႊမ္းေတာ္မူပါတယ္။ နာဠာဂီရိဆင္ဟာ ဘုရားရွင္၏ေမတၱာစိတ္ကို ထိခုိက္ေနၿပီျဖစ္လုိ႔ ေဘးရန္ကင္းစြာ ဘုရားရွင္ရဲ႕ေျခေတာ္အစံုမွာ ခိုလႈံတုပ္၀ပ္ပါေတာ့တယ္။

ေမတၱာကမၼ႒ာန္းအားထုတ္မည့္သူ သတိထားရမည့္ အေရးအႀကီးဆံုးအခ်က္ကေတာ့.. ေမတၱာစြမ္းအားဟာ ေရွးအခါကသာ စြမ္းတယ္၊ ယခုမစြမ္းေတာ့ဘူးလို႔ မမွတ္ယူရဘူး၊ တရားတို႔မည္သည္ ပုဂၢိဳလ္သတၱ၀ါ၊ အခ်ိန္ကာလ၊ ေနရပ္ေဒသဟူ၍ မရွိေကာင္းပါဘူး။ အရင္လည္း စြမ္းတယ္၊ ခုလည္း စြမ္းတယ္၊ ေနာင္လည္း စြမ္းပါတယ္။ ဘုရားရွင္ေဟာေတာ္မူတဲ့ တရားေတာ္မွန္သမွ်ဟာ.. တကယ္က်င့္ႀကံရင္ တကယ့္ကိုပဲ အစြမ္းထက္လွပါတယ္။ က်င့္ႀကံအားထုတ္ေနသူေတြ ရွိသေရြ႕လည္း သာသနာဟာ မကြယ္ေပ်ာက္ပါဘူး။ ဒါကို ေသေသခ်ာခ်ာသိၿပီး ေလးေလးနက္နက္ ယံုၾကည္ထားမွ ထိထိေရာက္ေရာက္လုပ္ျဖစ္မွာပါ။ ေနာက္ၿပီး ေမတၱာပြားမ်ားတဲ့ကံဟာလည္း ဘ၀သံသရာမွာ အလြန္ႀကီးကိုပဲ အက်ဳိးေပးသန္လွပါတယ္ဆိုတာကို အထက္မွာ ရွင္းျပခဲ့ၿပီးပါၿပီေနာ္..။

အရွင္ေခမာနႏၵ(မဟာၿမိဳင္ေတာရ) ေမတၱာကမၼ႒ာန္းလက္ေတြ႔႐ႈပြားနည္းစာအုပ္မွ ကူးယူေဖာ္ျပပါသည္။ ဤစာကို ဖတ္႐ႈရေသာသူအေပါင္း ေမတၱာ၏ေအးခ်မ္းမႈမ်ားျဖင့္ ျပည့္စံုၾကပါေစ…

ဤေကာင္းမႈကုသုိလ္ေၾကာင့္ နိမ့္ေသာကံျမင့္၊ ပိတ္ေသာဉာဏ္ပြင့္၍ မဂ္ဖိုလ္နိဗၺာန္ကိုမ်က္ေမွာက္ျပဳသည့္တိုင္္ေအာင္ အေၾကာင္းအေထာက္ပံ့ေကာင္းျဖစ္ရပါေစ။

ဒဏ်

  • သတ္တဝါအားလုံးတို့သည် တုတ်၊ လှံတံကို လန့်ကုန်၏ ၊ သေချင်းကို ကြောက်ကုန်၏ ၊ (မိမိသည်လည်း ထိတ်လန့်ကြောက်ရွံ့တတ်သော သတ္တဝါတစ်ဦးဖြစ်တဲ့အတိုင်း ) မိမိကိုယ်ကို ပမာထား၍ အခြားသတ္တဝါတို့ကို မညှင်းဆဲရာ၊ မသတ်ဖြတ်ရာ။
    All tremble at violence; all fear death. Puttting oneself in the place of another, one should not kill nor cause another to kill.
  • သတ္တဝါအားလုံးတို့သည် တုတ်၊ လှံတံကို လန့်ကုန်၏ ၊ မိမိတို့၏အသက်ကို ချစ်မြတ်နိုးကုန်၏၊ (မိမိသည်လည်း ကိုယ့်အသက်ကို ချစ်မြတ်နိုးသော သတ္တဝါတစ်ဦးဖြစ်သည့်အတိုင်း) မိမိကိုယ်ကို ပမာထား၍ အခြားသတ္တဝါတို့ကို မညှင်းဆဲ ၊ မသတ်ဖြတ်ရာ။
    All tremble at violence; life is dear to all. Putting oneself in the place of another, one should not kill nor cause another to kill.
  • သတ္တဝါတို့သည် ချမ်းသာကို အလိုရှိကုန်၏ ၊ မိမိ၏ချမ်းသာကို ရှာလျက် သူတပါးတို့ကို တုတ် ၊ လှံတံဖြင့် ညှင်းဆဲသောသူသည် တမလွန်ဘဝ၌ လူ ၊ နတ် ၊ နိဗ္ဗာန် သုံးတန်သော ချမ်းသာကို မရလေ။
    One who, while himself seeking happiness, oppresses with violence other beings who also desire happiness, will not attian happiness hereafter.
  • သတ္တဝါတို့သည် ချမ်းသာကို အလိုရှိကုန်၏ ၊ မိမိ၏ချမ်းသာကို ရှာလျက် သူတပါးတို့ကို တုတ် ၊ လှံတံဖြင့် မညှင်းဆဲသောသူသည် တမလွန်ဘဝ၌ လူ ၊ နတ် ၊ နိဗ္ဗာန် သုံးတန်သော ချမ်းသာကို ရလေ၏။
    One who, while himself seeking happiness, does not oppress with violence other beings who also desire happiness, will find happiness hereafter. 
  • တစ်စုံတစ်ယောက်သော သူကိုမျှ ကြမ်းကြုတ်သောစကားကို မဆိုလင့်၊ ကြမ်းကြုတ်သော စကားကို ဆိုလျှင် သင့်ကိုလည်း သူတပါးတို့ ပြန်၍ ဆိုကုန်ရာ၏၊ ချုပ်ချယ်လွန်ကျူးသော စကားသည် ဆင်းရဲဒုက္ခကို ဖြစ်စေတတ်၏၊ သူတပါးကို ဒဏ်ပြုလျှင် မိမိလည်း ဒဏ်ပြန်ခံရ၏၏။
    Speak not harshly to anyone, for those thus spoken to might retort. Indeed, angry speech hurts, and retaliation may overtake you. 
  • အနားစုတ်ပြတ် ကွဲအက်၍ ပစ်ထားသော ကြေးခွက်သည် (ခေါင်းလောင်းသည် ) အသံမထွက် ငြိမ်သက်သကဲ့သို့ ၊ မိမိကိုယ်ကို ငြိမ်သက်တည်ကြည်အောင် စောင့်ရှောက်သောသူသည် နိဗ္ဗာန်သို့ရောက်၏၊ ထိုသူမှာ ချုပ်ချယ်လွန်ကျူးသော သဘောမရှိ။
    If, like a broken gong, you silence youself, you have approached Nibbana, for vindictiveness is no more in you.
  • နွားကျောင်းသားသည် နှင်တံဖြင့် နွားတို့ကို ကျက်စားရာ မြက်ခင်းသို့နှင်သကဲ့သို့၊ အိုခြင်း သေခြင်းသည် သတ္တဝါတို့၏အသက်ကို သေမင်းနိုင်ငံသို့ ပို့နှင်၏။
    Just as a cowherd drives the cattle to pasture with a staff, so do old age and death drive the life force of beings (from existence to existence).
  • လူမိုက်သည် ယုတ်မာသော မကောင်းမှုတို့ကို ပြုသော်လည်း ပြုမှန်းမသိ  ၊ ထိုသို့ပင် မသိသော်လည်း မိမိ၏မကောင်းမှုတို့ကြောင့် မီးလောင်သကဲ့သို့ ဆင်းရဲပူပန်ရ၏။
    When the fool commits evil deeds, he does not realize (their evil nature). The witless man is tormented by his own deeds, like one burnt by fire.
  • အပြစ်ဒဏ်မရှိသောသူ ၊ မပြစ်မှားထိုက်သောသူတို့ကို တုတ် လှံတံ စသည်ဖြင့် ပြစ်မှားကျူးလွန်သောသူသည်  ဒုက္ခရောက်ကြောင်း ဒဏ်ဆယ်ပါးတို့တွင် တစ်ပါးပါးသို့အမြန်ရောက်တတ်၏။
    He who inflicts violence on those who are unarmed, and offends those who are inoffensive, will soon come upon one of these ten states:
  • (ဒဏ်ဆယ်ပါး ဟူသည်ကား) ပြင်းထန်သော ရောဂါဝေဒနာ ခံစားရခြင်း၊ ဥစ္စာပစ္စည်းပျက်စီးဆုံးပါးခံရခြင်း ၊ လက်ပြတ် ခြေပြတ် စသည်ဖြင့် ကိုယ်အဂါင်္ပျက်စီးရခြင်း ၊ နူနာစသော ကြီးကျယ်သော အနာမျိုးကို ခံစားရခြင်း ၊ ရူးသည်အဖြစ်သို့ရောက်ရခြင်း ၊ မင်းဘေးသင့်၍ ပစ္စည်းဥစ္စာပျက်စီးခံရခြင်း ၊ ကြမ်းကြုတ်စွာ အစွပ်စွဲခံရခြင်း ၊ မိမိ၏မှီခိုရာ ဆွေမျိုး အဆက်ပြုတ် ပျက်စီးခြင်းနှင့် တွေ့ရခြင်း ၊ စည်းစိမ်ဥစ္စာအခြေအနေ ပြောင်းလဲပျက်စီးခံရခြင်း ၊ မိမိအိမ်ကို မိုးကြိုးလောင်မီးသော်လည်းကောင်း ၊ ပကတိမီးသော်လည်းကောင်း အလောင်ခံရခြင်း (ဤကား ဒဏ်ဆယ်ပါးတည်း ၊ ၎င်း ဆယ်ပါးတို့တွင် တစ်ပါးပါးတို့ကို ခံရတတ်၏။) သေလွန်ပြီးသော အခါ၌လည်း ထိုလူမိုက်သည် ငရဲ၌ဖြစ်ရ၏။
    Sharp pain, or disaster, bodily injury, serious illness, or derangement of mind, trouble from the government, or grave charges, loss of relatives, or loss of wealth, or houses destroyed by ravagng fire; upon dissolution of the body that ignorant man is born in hell.
  • အဝတ်မဝတ်ဘဲ ကျင့်ခြင်း ၊ ဆံကျစ်ထုံးခြင်း ၊ ရွှံညွန်အလိမ်းလိမ်းကပ်၍ ကျင့်ခြင်း၊ အစာဖြတ်၍ကျင့်ခြင်း၊ မြေ၌အိပ်၍ ကျင့်ခြင်း ၊ မြူမှုန်အလိမ်းလိမ်းတင်စေလျက် ကျင့်ခြင်း ၊ ဆောင့်ကြောင့်ထိုင်၍ ကျင့်ခြင်း စသည်တို့သည် သစ္စာလေးပါး၌ ယုံမှားခြင်းသဘော မကင်းသေးသော သတ္တဝါအပေါင်းကို ကိလေသာ အညစ်အကြေးမှ မစင်ကြယ်စေကုန်။
    Neither going about naked, nor matted locks, nor filth, nor fasting, nor lying on the ground, nor smearing oneself with ashes and dust, nor sitting on the heels (in penance) can purify a mortal who has not overcome doubt.
  • ကိလေသာငြိမ်းပြီး မျက်စိစသော ဣန္ဒြေကိုလည်း ဆုံးမပြီး၊ ခိုင်မြဲသော သဘောလည်းရှိ ၊ မြတ်သော အကျင့်ကိုလည်း ကျင့်လေ့ရှိ၍ သတ္တဝါအားလုံးအပေါ်၌ ညှင်းဆဲခြင်းသဘောကို ပယ်ပြီးဖြစ်သောသူသည် ဝတ်စားတန်ဆာလှပစွာ ဝတ်ဆင်သော်လည်း မကောင်းမှုကို ပယ်ပြီးဖြစ်သောကြောင့် ဗြဟ္မဏလည်းမည်၏၊ ကိလေသာ ငြိမ်းပြီးဖြစ်သောကြောင့် သမဏလည်းမည်၏၊ ကိလေသာကို ဖျက်ဆီးပြီးဖြစ်သောကြောင့် ဘိက္ခုလည်းမည်၏။
    Even though he be well-attired, yet if he poised, calm, controlled and established in holy life, having set aside violence towards all beings – he, truly, is a holy man, a renuciate, a monk.
  • မြင်းကောင်းသည် ကြိမ်လုံးအခတ်ခံရခြင်းမှ ကင်းလွတ်သကဲ့သို့ ၊ ကဲ့ရဲ့ဖွယ်ကင်းလွတ်သော ၊ မကောင်းမှုမှ ရှက်တတ်သဖြင့် ကိလေသာ အညစ်အကြေးကို ပယ်သောသူတော်ကောင်းသည် လောက၌ အလွန်ရှားပါး၏။Only rarely is there a man in this world who, restrained by modesty, avoids reproach, as a thoroughbred horse avoids the whip.
  • ကြိမ်လုံးအတို့ခံရသော မြင်းကောင်းကဲ့သို့ လုံ့လထက်သန်ကြကုန်လော့ ၊ သံသရာ ဝဋ်ဆင်းရဲကို ငြီးငွေ့ထိတ်လန့်ကြကုန်လော့ ၊ ယုံကြည်ခြင်း ၊ အကျင့်သီလရှိခြင်း၊ လုံ့လရှိခြင်း ၊ တည်ကြည်ခြင်း ၊ တရားသဘောမှန်သိ၍ ဆုံးဖြတ်ခြင်း ၊ ဝိဇ္ဇာသုံးပါး ၊ ဝိဇ္ဇာရှစ်ပါး ၊ စရဏဆယ့်ငါးပါးနှင့် ပြည့်စုံခြင်း၊ သတိရှိခြင်းအားဖြင့် အတိုင်းမသိ အလွန်ရှည်လျားလှသော ဤဝဋ်ဆင်းရဲကို ပယ်ကြကုန်လော့။
    Like a thoroughbred horse touched by the whip, be a strenuous, be filled with spiritual yearning. By faith and moral purity, by effort and meditaion, by investigation of the truth, by being rich in knowledge and virtue, and by being mindful, destroy this unlimited suffering.
  • လယ်လုပ်ယောက်ျား ရေယူသမားတို့သည် ရေကို လိုရာအရပ်သို့သွယ်ယူကုန်၏၊ လေးသမားတို့သည် မြားကို ဖြောင့်ကုန်၏၊ လက်သမားတို့သည် သစ်ကို လိုရာသို့ရောက်အောင် ရွေကုန်၏၊ ဆိုဆုံးမလွယ်သော သူတော်ကောင်းတို့သည် မိမိကိုယ်ကိုဆုံးမရာ၏။Irrigators regulate the water, fletchers straighten arrow shafts, carpenters shape wood, and the good control themselves.

ဒဏ္

  • သတၱ၀ါအားလံုးတုိ႕သည္ တုတ္၊ လွံတံကို လန္႕ကုန္၏ ၊ ေသခ်င္းကို ေၾကာက္ကုန္၏ ၊ (မိမိသည္လည္း ထိတ္လန္႕ေၾကာက္႐ြံ႕တတ္ေသာ သတၱ၀ါတစ္ဦးျဖစ္တဲ့အတိုင္း ) မိမိကိုယ္ကို ပမာထား၍ အျခားသတၱ၀ါတုိ႕ကို မညွင္းဆဲရာ၊ မသတ္ျဖတ္ရာ။
    All tremble at violence; all fear death. Puttting oneself in the place of another, one should not kill nor cause another to kill.
  • သတၱ၀ါအားလံုးတို႕သည္ တုတ္၊ လွံတံကို လန္႕ကုန္၏ ၊ မိမိတုိ႕၏အသက္ကုိ ခ်စ္ျမတ္ႏိုးကုန္၏၊ (မိမိသည္လည္း ကိုယ့္အသက္ကို ခ်စ္ျမတ္ႏိုးေသာ သတၱ၀ါတစ္ဦးျဖစ္သည့္အတိုင္း) မိမိကုိယ္ကို ပမာထား၍ အျခားသတၱ၀ါတုိ႕ကို မညွင္းဆဲ ၊ မသတ္ျဖတ္ရာ။
    All tremble at violence; life is dear to all. Putting oneself in the place of another, one should not kill nor cause another to kill.
  • သတၱ၀ါတုိ႕သည္ ခ်မ္းသာကို အလိုရွိကုန္၏ ၊ မိမိ၏ခ်မ္းသာကို ရွာလ်က္ သူတပါးတုိ႕ကို တုတ္ ၊ လွံတံျဖင့္ ညွင္းဆဲေသာသူသည္ တမလြန္ဘ၀၌ လူ ၊ နတ္ ၊ နိဗၺာန္ သံုးတန္ေသာ ခ်မ္းသာကို မရေလ။
    One who, while himself seeking happiness, oppresses with violence other beings who also desire happiness, will not attian happiness hereafter.
  • သတၱ၀ါတုိ႕သည္ ခ်မ္းသာကို အလိုရွိကုန္၏ ၊ မိမိ၏ခ်မ္းသာကို ရွာလ်က္ သူတပါးတုိ႕ကို တုတ္ ၊ လွံတံျဖင့္ မညွင္းဆဲေသာသူသည္ တမလြန္ဘ၀၌ လူ ၊ နတ္ ၊ နိဗၺာန္ သံုးတန္ေသာ ခ်မ္းသာကို ရေလ၏။
    One who, while himself seeking happiness, does not oppress with violence other beings who also desire happiness, will find happiness hereafter. 
  • တစ္စံုတစ္ေယာက္ေသာ သူကိုမွ် ၾကမ္းၾကဳတ္ေသာစကားကို မဆိုလင့္၊ ၾကမ္းၾကဳတ္ေသာ စကားကို ဆုိလွ်င္ သင့္ကိုလညး္ သူတပါးတုိ႕ ျပန္၍ ဆုိကုန္ရာ၏၊ ခ်ဳပ္ခ်ယ္လြန္က်ဴးေသာ စကားသည္ ဆင္းရဲဒုကၡကို ျဖစ္ေစတတ္၏၊ သူတပါးကို ဒဏ္ျပဳလွ်င္ မိမိလည္း ဒဏ္ျပန္ခံရ၏၏။
    Speak not harshly to anyone, for those thus spoken to might retort. Indeed, angry speech hurts, and retaliation may overtake you. 
  • အနားစုတ္ျပတ္ ကြဲအက္၍ ပစ္ထားေသာ ေၾကးခြက္သည္ (ေခါင္းေလာင္းသည္ ) အသံမထြက္ ျငိမ္သက္သကဲ့သို႕ ၊ မိမိကိုယ္ကို ျငိမ္သက္တည္ၾကည္ေအာင္ ေစာင့္ေရွာက္ေသာသူသည္ နိဗၺာန္သုိ႕ေရာက္၏၊ ထိုသူမွာ ခ်ဳပ္ခ်ယ္လြန္က်ဴးေသာ သေဘာမရွိ။
    If, like a broken gong, you silence youself, you have approached Nibbana, for vindictiveness is no more in you.
  • ႏြားေက်ာင္းသားသည္ ႏွင္တံျဖင့္ ႏြားတုိ႕ကို က်က္စားရာ ျမက္ခင္းသုိ႕ႏွင္သကဲ့သုိ႕၊ အုိျခင္း ေသျခင္းသည္ သတၱ၀ါတုိ႕၏အသက္ကို ေသမင္းႏုိင္ငံသို႕ ပို႕ႏွင္၏။
    Just as a cowherd drives the cattle to pasture with a staff, so do old age and death drive the life force of beings (from existence to existence).
  • လူမုိက္သည္ ယုတ္မာေသာ မေကာင္းမႈတုိ႕ကို ျပဳေသာ္လည္း ျပဳမွန္းမသိ  ၊ ထိုသုိ႕ပင္ မသိေသာ္လည္း မိမိ၏မေကာင္းမႈတုိ႕ေၾကာင့္ မီးေလာင္သကဲ့သုိ႕ ဆင္းရဲပူပန္ရ၏။
    When the fool commits evil deeds, he does not realize (their evil nature). The witless man is tormented by his own deeds, like one burnt by fire.
  • အျပစ္ဒဏ္မရွိေသာသူ ၊ မျပစ္မွားထိုက္ေသာသူတုိ႕ကို တုတ္ လွံတံ စသည္ျဖင့္ ျပစ္မွားက်ဴးလြန္ေသာသူသည္  ဒုကၡေရာက္ေၾကာင္း ဒဏ္ဆယ္ပါးတုိ႕တြင္ တစ္ပါးပါးသို႕အျမန္ေရာက္တတ္၏။
    He who inflicts violence on those who are unarmed, and offends those who are inoffensive, will soon come upon one of these ten states:
  • (ဒဏ္ဆယ္ပါး ဟူသည္ကား) ျပင္းထန္ေသာ ေရာဂါေ၀ဒနာ ခံစားရျခင္း၊ ဥစၥာပစၥည္းပ်က္စီးဆံုးပါးခံရျခင္း ၊ လက္ျပတ္ ေျချပတ္ စသည္ျဖင့္ ကိုယ္အဂါၤပ်က္စီးရျခင္း ၊ ႏူနာစေသာ ၾကီးက်ယ္ေသာ အနာမ်ိဳးကို ခံစားရျခင္း ၊ ရူးသည္အျဖစ္သုိ႕ေရာက္ရျခင္း ၊ မင္းေဘးသင့္၍ ပစၥည္းဥစၥာပ်က္စီးခံရျခင္း ၊ ၾကမ္းၾကဳတ္စြာ အစြပ္စြဲခံရျခင္း ၊ မိမိ၏မွီခိုရာ ေဆြမ်ိဳး အဆက္ျပဳတ္ ပ်က္စီးျခင္းႏွင့္ ေတြ႕ရျခင္း ၊ စည္းစိမ္ဥစၥာအေျခအေန ေျပာင္းလဲပ်က္စီးခံရျခင္း ၊ မိမိအိမ္ကို မိုးၾကိဳးေလာင္မီးေသာ္လည္းေကာင္း ၊ ပကတိမီးေသာ္လည္းေကာင္း အေလာင္ခံရျခင္း (ဤကား ဒဏ္ဆယ္ပါးတည္း ၊ ၎ ဆယ္ပါးတုိ႕တြင္ တစ္ပါးပါးတုိ႕ကို ခံရတတ္၏။) ေသလြန္ျပီးေသာ အခါ၌လည္း ထိုလူမိုက္သည္ ငရဲ၌ျဖစ္ရ၏။
    Sharp pain, or disaster, bodily injury, serious illness, or derangement of mind, trouble from the government, or grave charges, loss of relatives, or loss of wealth, or houses destroyed by ravagng fire; upon dissolution of the body that ignorant man is born in hell.
  • အ၀တ္မ၀တ္ဘဲ က်င့္ျခင္း ၊ ဆံက်စ္ထံုးျခင္း ၊ ႐ႊံညြန္အလိမ္းလိမ္းကပ္၍ က်င့္ျခင္း၊ အစာျဖတ္၍က်င့္ျခင္း၊ ေျမ၌အိပ္၍ က်င့္ျခင္း ၊ ျမဴမႈန္အလိမ္းလိမ္းတင္ေစလ်က္ က်င့္ျခင္း ၊ ေဆာင့္ေၾကာင့္ထိုင္၍ က်င့္ျခင္း စသည္တုိ႕သည္ သစၥာေလးပါး၌ ယံုမွားျခင္းသေဘာ မကင္းေသးေသာ သတၱ၀ါအေပါင္းကို ကိေလသာ အညစ္အေၾကးမွ မစင္ၾကယ္ေစကုန္။
    Neither going about naked, nor matted locks, nor filth, nor fasting, nor lying on the ground, nor smearing oneself with ashes and dust, nor sitting on the heels (in penance) can purify a mortal who has not overcome doubt.
  • ကိေလသာျငိမ္းျပီး မ်က္စိစေသာ ဣေျႏၵကိုလည္း ဆံုးမျပီး၊ ခိုင္ျမဲေသာ သေဘာလည္းရွိ ၊ ျမတ္ေသာ အက်င့္ကိုလည္း က်င့္ေလ့ရွိ၍ သတၱ၀ါအားလံုးအေပၚ၌ ညွင္းဆဲျခင္းသေဘာကို ပယ္ျပီးျဖစ္ေသာသူသည္ ၀တ္စားတန္ဆာလွပစြာ ၀တ္ဆင္ေသာ္လည္း မေကာင္းမႈကို ပယ္ျပီးျဖစ္ေသာေၾကာင့္ ျဗဟၼဏလည္းမည္၏၊ ကိေလသာ ျငိမ္းျပီးျဖစ္ေသာေၾကာင့္ သမဏလည္းမည္၏၊ ကိေလသာကို ဖ်က္ဆီးျပီးျဖစ္ေသာေၾကာင့္ ဘိကၡဳလည္းမည္၏။
    Even though he be well-attired, yet if he poised, calm, controlled and established in holy life, having set aside violence towards all beings – he, truly, is a holy man, a renuciate, a monk.
  • ျမင္းေကာင္းသည္ ၾကိမ္လံုးအခတ္ခံရျခင္းမွ ကင္းလြတ္သကဲ့သုိ႕ ၊ ကဲ့ရဲ႕ဖြယ္ကင္းလြတ္ေသာ ၊ မေကာင္းမႈမွ ရွက္တတ္သျဖင့္ ကိေလသာ အညစ္အေၾကးကို ပယ္ေသာသူေတာ္ေကာင္းသည္ ေလာက၌ အလြန္ရွားပါး၏။Only rarely is there a man in this world who, restrained by modesty, avoids reproach, as a thoroughbred horse avoids the whip.
  • ၾကိမ္လံုးအတို႕ခံရေသာ ျမင္းေကာင္းကဲ့သို႕ လံု႕လထက္သန္ၾကကုန္ေလာ့ ၊ သံသရာ ၀ဋ္ဆင္းရဲကို ျငီးေငြ႕ထိတ္လန္႕ၾကကုန္ေလာ့ ၊ ယံုၾကည္ျခင္း ၊ အက်င့္သီလရွိျခင္း၊ လံု႕လရွိျခင္း ၊ တည္ၾကည္ျခင္း ၊ တရားသေဘာမွန္သိ၍ ဆံုးျဖတ္ျခင္း ၊ ၀ိဇၨာသံုးပါး ၊ ၀ိဇၨာရွစ္ပါး ၊ စရဏဆယ့္ငါးပါးႏွင့္ ျပည့္စံုျခင္း၊ သတိရွိျခင္းအားျဖင့္ အတိုင္းမသိ အလြန္ရွည္လ်ားလွေသာ ဤ၀ဋ္ဆင္းရဲကို ပယ္ၾကကုန္ေလာ့။
    Like a thoroughbred horse touched by the whip, be a strenuous, be filled with spiritual yearning. By faith and moral purity, by effort and meditaion, by investigation of the truth, by being rich in knowledge and virtue, and by being mindful, destroy this unlimited suffering.
  • လယ္လုပ္ေယာက္်ား ေရယူသမားတုိ႕သည္ ေရကို လုိရာအရပ္သုိ႕သြယ္ယူကုန္၏၊ ေလးသမားတုိ႕သည္ ျမားကို ေျဖာင့္ကုန္၏၊ လက္သမားတုိ႕သည္ သစ္ကို လုိရာသို႕ေရာက္ေအာင္ ေရြကုန္၏၊ ဆုိဆံုးမလြယ္ေသာ သူေတာ္ေကာင္းတုိ႕သည္ မိမိကိုယ္ကိုဆံုးမရာ၏။Irrigators regulate the water, fletchers straighten arrow shafts, carpenters shape wood, and the good control themselves.

သိကြားမင်းတရားမေ့ပုံ

သောတာပန်ဖြစ်ပြီးသောသိကြားမင်းသည် အခါတစ်ပါး၌ ကြီးကျယ်ခမ်းနားသော ဥယျာဉ်ပွဲကို ရှုစားဖို့ရန် အခြွေအရံများစွာဖြင့် ဧရာဝဏ်ဆင်ကို စီး၍ ထွက်လာ၏။ ဥယျာဉ်တံခါးပေါက်သို ့ရောက်သောအခါ ဘုရားရှင်အား ပြဿနာမေးရန် အကြံပေါ်လာ၏။ ထိုပြဿနာကား တဏှာကုန်ခန်း နိဗ္ဗာန်သို့ လွတ်လွတ်ကျွတ်ကျွတ်ရဟန္တာ၏ ကျင့်ခဲ့သော လမ်းစဉ်ပြဿနာတည်း။

ထိုသို့ပြဿနာမေးလျှောက်လိုသောစိတ်အကြံသည် ဥယျာဉ်တွင်းဝယ် ပွဲသဘင်အလယ်သို့ရောက်လျှင် မေ့ပျောက်သွားဖွယ်ရှိသောကြောင့် “ယခုပင် သွား၍မေးလျှောက်မည်” ဟု  ကြံစည်ကာ ဧရာဝဏ်ဆင်ပေါ်မှ ကွယ်ပျောက်၍ ဘုရားထံ အရောက်လာခဲ့လေသည်။ ဆင်ကြီးလည်း ဥယျာဉ်အပေါက်မှာရပ်၍နေရစ်၏။ နောက်ပါအခြံအရံများမှာလည်း ဥယျာဉ်ပေါက်မှာ ကျန်ရစ်ကြလေသည်။

ပုဗ္ဗာရုံကျောင်းတိုက်၌ သီတင်းသုံးတော်မူခိုက်ဖြစ်သော် ဘုရားအထံသို့ ရောက်သောအခါ ဥယျာဉ်ပွဲကနောက်ဆံတင်းလျက် ရှိသောကြောင့် “တဏှာသင်္ခယ- နိဗ္ဗာန်၌ လွတ်လွတ်ကျွတ်ကျွတ် အာရုံပြုနိုင်သော ရဟန္တာ၏ ကျင့်နိုင်သော လမ်းစဉ်တရားကို ခပ်တိုတိုအမိန့်ရှိပါ” ဟုလျှောက်လေ၏။ ဘုရားရှင်လည်း သူ၏လျှောက်ထားချက်အရ တိုတိုပင်ဖြေတော်မူသည်မှာ သိကြားမင်း …. ရဟန္တာဖြစ်မည့် ရဟန်းသည် “အလုံးစုံသောတရားကို ငါ ၊ ငါ့ဥစ္စာဟု နှလုံးသွင်းခြင်း ၊ စွဲလမ်းခြင်းငှာမထိုက်”  ဟု တရားစကားကို ကြားနာရ၏။ ထိုရဟန်းသည် (ခန္ဓာငါးပါး)တရားအားလုံးကို သိအောင်ကြိုးစား၏။ သိသောအခါ အားလုံးဒုက္ခချည်းပဲဟု သိပြန်၏။ ဒုက္ခချည်းပဲဟု သိပြီးနောက် ဘာမဆို ခံစားရသမျှ ဝါသနာကို အနိစ္စ စသဖြင့်  ရှု၍ရှု၍ နေ၏။ ထိုသို့ ရှုဖန်များသော် ဘာတစ်ခုကိုမျှ မစွဲလမ်းတော့ဘဲ နောက်ဆုံး၌ ရဟန္တာဖြစ်ကာ တဏှာကုန်ခန်း နိဗ္ဗာန်နန်းသို့ လွတ်လွတ်ကျွတ်ကျွတ် မြန်းနိုင်လေသည်။

သိကြားမင်းသည် ဤသို့အကျဉ်းမျှဖော်ပြအပ်သော အဖြေကို လွန်စွာသဘောကျ ဝမ်းမြောက်လှ၍ “သာဓု-သာဓု” ဟု အသံပြုလျက် နတ်ပြည်သို့ ပြန်လေသည်။ ထိုသာဓုခေါ်သံကို ဘုရားကျောင်းတော်၏ ဝဲဘက်ခန်းဆောင်မှာ သီတင်းသုံးနေသော အရှင်မောဂ္ဂလာန်ကြား၍ “ဒီသိကြားဟာ တရားကိုသိလို့ သာဓုခေါ်တာလား၊ မသိဘဲနှင့် သာဓုခေါ်တာလား” ဟုစဉ်းစား၍ သိကြားကို စုံစမ်းလိုသောကြောင့် သိကြားနှင့်ရှေ့ဆင့်နောက်ဆင့်လိုက်ကာ တာဝတိံသာသို့ တက်သွားလေသော်…..

ဘုရားထံမှ တရားနာ၍ ပြန်သွားသော  သောတာပန်သိကြားမင်းလည်း ဥယျာဉ်တွင်းမှာ တီးကြ မှုတ်ကြ ကကြ ပြကြ သည်က်ို နှစ်သက်အားရ ရှုမဝဖြစ်နေစဉ် အရှင်မောဂ္ဂလာန်ကိုမြင်၍ (ပွဲကြည့်နေသော ကျောင်းဒကာက ဆရာတော်ကြီးလာသည်ကို မြင်ရသည့်ပမာ) ခပ်ရှက်ရှက်မျက်နှာဖြင့် အရှင်မောဂ္ဂလာန်ကို ခရီးဦးကြိုပြုလျက် နှုတ်ဆက်စကား လျှောက်ထားရလေတော့သည်။ ထိုသို့ တွေ့လျှင် တွေ့ချင်းပင် အရှင်မောဂ္ဂလာန်ကပင် သိကြားမင်းကို ပြောသည်မှာ “မြတ်စွာဘုရားက အသင်သိကြားအား တဏှာသင်္ခယ-ဝိမုတ္တိအကြောင်းကို ဘယ်လိုဟောလိုက်ပါသလဲ။ ငါတို့လည်း ထိုတရားကို တစ်ဆင့်နာပါရစေ” ဤသို့ပြောလျှင် ထိုတရားကို သိကြားမင်းစဉ်းစား၏။ ပေါ်မလာချေ။ အထပ်ထပ်စဉ်းစားသော်လည်း လုံးလုံးသတိမရသဖြင့် နာယူတုန်းက မှတ်မှတ်သားသားနာယူခဲ့သော်လည်း နတ်ပြည်ကိစ္စများသည့်အတွက် မေ့ရကြောင်းကို အရှက်ပြေလျှောက်လေ၏။

[မူလပဏ္ဏသ ၊စူဠတဏှာသင်္ခယသုတ်မှ ကောက်နှုတ်ချက် ။ ]

ဤ တရားတော်အရ စဉ်းစားပါလျှင် နတ်ပြည်အာရုံသည် တရားအာရုံမေ့အောင် မှိုင်းတိုက်နိုင်ကြောင်း နားလည်နိုင်ပေပြီ။ မှန်၏။ သိကြားမင်းသည် ပင်ကိုယ်အားဖြင့် သတိကောင်းဉာဏ်ထက်၍ အလွန်သွက်လက်သူပေတည်း။ ထိုအချိန်မှာ သောတာပန်လည်းဖြစ်ပြီးပေပြီ။ နာခဲ့ရသောတရားမှာလည်း သူကိုယ်တိုင် သိချင်လှ၍ လျှောက်ထားသော ပြဿနာ၏အဖြေ တရားအကျဉ်းမျှသာဖြစ်၏။ ရှင်မောဂ္ဂလာန်မေးချိန်နှင့် ထိုတရားနာခဲ့ချိန်မှာ မိနစ်လောက်သာ ဝေးပေလိမ့်ဦးမည်။သို့ပါလျက် ဥယျာဉ်ပွဲ၏မှိုင်းတိုက်မှုကြောင့် စဉ်းစား၍ မရနိုင်အောင်ပင် မေ့ရလေသည်။

(၁)  ဤဝတ္ထုကိုထောက်ထား၍ မိမိတို ့အတွက်လေးလေးနက်နက် စဉ်းစားသင့်၏။ “မိမိကိုယ်ကို သူတော်ကောင်းဟုတ်ပါသည်” ဟု ဝန်ခံနိုင်သော သူတော်ကောင်းမှန်လျှင် နောင်ဘဝအတွက် ဂတိကောင်းဖို့များပါ၏။သို့သော် ထိုရောက်ရမည့်ဂတိကား လူနှင့်နတ်ဘဝသာ ဖြစ်ပါသည်။ ဈာန်မရ၍ ဗြဟ္မာမဖြစ်နိုင်။ ရဟန္တာမဟုတ်သေး၍နိဗ္ဗာန်မရနိုင်ပါ။ အထက်နတ်ဖြစ်ခဲ့သော် သိကြားမင်းလို အရိယာပုဂ္ဂိုလ်သော်မှ မေ့ရပုံကို ထောက်၍ မိမိတို့အတွက်သိပြီး တရားကလေးများ မေ့ပျောက်သွားမည်ကို မစိုးရိမ်ရပါလော။

(၂)  တရားမေ့၍ နတ်တို့ဓလေ့ဖြင့် အပျော်ကြီးပျော်မွေ့နေစဉ် (ပုထုစဉ်ဘဝဖြင့်) စုတေချိန် ရောက်သောအခါ မိမိစည်းစိမ်ကို တမ်းတ၍ နွမ်းလျအားငယ်စွာ စုတေရပါမူ အပါယ် ၄ ပါးသို့ တစ်ဆင့်သွားဖို့အရေး မဝေးလှတော့ပါ။ တစ်ခါတုန်းက နတ်သမီးငါးရာတို့သည် ဥယျာဉ်အတွင်းဝယ် ပန်းပင်တက်၍ ပန်းခူးရင်း သီချင်းကြူနေကြစဉ် ရုတ်တရက်စုတေကာ အဝီစိသို့ ရောက်သွားကြဖူးပါသည်။

(၃)  တစ်ဖန် နောက်တစ်ချိန်ရောက်မည့် လူ့ဘဝကို တွေးလျှင်လည်း စိတ်အေးဖွယ်မရှိလှပါ။ ရှင်းပါဦးမည်။ သူတော်ကောင်းအနေဖြင့် လူတစ်ယောက်၏တန်ဖိုးကို စဉ်းစားလျှင် (၁)ဘုရားသာသနာတော်နှင့် ကြုံတွေ့ရခြင်း၊ (၂) အားလုံးမဟုတ်စေကာမူ လူအများစုက လူကောင်းသူကောင်းများဖြစ်ကြခြင်း၊ (၃) ဆရာမိဘတို့က သူတော်ကောင်းများဖြစ်ကြခြင်း၊ (၄) အလွန်မဆင်းရဲဘဲ အထိုက်အလျောက် ချမ်းသာသောအမျိုး၌ဖြစ်ရခြင်း။ ဤအကြောင်းများစုံညီမှ လူ့ဘဝ ရကျိုးနပ်လိမ့်မည်။

(၄)  ဘုရားသာသနာတော်အရေးကို စဉ်းစားလျှင် ယခုအချိန်မှာပင် ပုဂ္ဂိုလ်ကောင်းကို အတော်ရှာမှရနိုင်သော အချိန်ဖြစ်နေပြီ။ လောကီအာရုံတွေကလည်း သောင်းကျန်း၊ ဂုဏ်ပကာသနာသနနှင့် လိုက်စားသူလည်းများ၊ လူဒကာ ဒကာမတို့လည်း သီလ သမာဓိ ပညာရှိထက် ဂုဏ်ရှိသူကို ကိုးကွယ်လိုကြ၊ ဂုဏ်ရှိအောင်လည်း ဟိုကပ်သည်ကပ်နှင့် ကပ်ကြ၊ လူအချင်းချင်း ဂုဏ်သတင်းလွှင့်ကြနှင့် သာသနာ့ဝန်ထမ်းများအတွက် ခေါင်းကမိုးယိုနေလေပြီ။

(၅)  သာသနာကို ယခုကိုးကွယ်နေကြသော (သာသနာ ဒယကာဆိုသူတို့၏ ) သားသမီးများကို သာသနာ့ဝန်ထမ်းရဟန်းတော်များက သင်ကြားပေးမှုသည် တစ်စတစ်စ လက်လွတ်၍ လာခဲ့ရာ ယခုအခါမှာ တချို့ဘုန်းကြီးကျောင်း၌ ကျောင်းသားဟူ၍ မရှိတော့ပါ။ကျောင်းသားမရှိလျှင် ရှင်သာမဏေ (အမြဲနေ) မရှိနိုင်၊ ရှင်သာမဏေ မရှိလျှင် ရှင်သာမဏေဘဝ၌ စာသင်၍စာတတ်သော ရဟန်းလည်းမရှိနိုင်။ သိပ်မကြာသော နောင်အခါဝယ် များစွာသော ကျေးရွာတို့၌ တောထွက်ရဟန်းကြီးတွေသာ ကျောင်းကြီးကန်ကြီးပေါ်ဝယ် စက်တော်ခေါ်၍ နေရစ်ကြလေလိမ့်မည်။

(၆)  တစ်ဖန်–သာသနာကို ပစ္စည်း (၄) ပါးဖြင့်ထောက်ပံ့ရသော ဒကာဒကာမများဘက်ကို ဆက်လက်စဉ်းစားပြန်လျှင် ယခုအခါ ကလေးတွေသင်ယူနေကြ သော  ပညာသည် လောကီအတွက် တစ်ဘဝမျှ အကျိုးပေးနိုင်သော ခေတ်မီပညာကား ဟုတ်လောက်စရာရှိပါ၏။ သို့သော် ထိုပညာသည် မဂ် ဖိုလ် နိဗ္ဗာန်ယုံကြည်ဖို့မဆိုထားဘိ ကံနှင့်ကံ၏အကျိုးကိုမျှ နားလည်စေနိုုင်သော ပညာပင်ပါရှိ၏လော။ ထိုသို့မပါလျှင် နတ်ပြည်ဗြဟ္မာ့ပြည်ကို မယုံလျှင် ငရဲပြိတ္တာကို ယုံဦးမည်လော။ ထိုသို့မယုံသူသည် ရဟန်းသံဃာတို့အား ပစ္စည်း(၄)ပါးမဆိုထားဘိ ဝမ်းဝရုံမျှ ဆွမ်းပေးဖို့ သတ်ိရဦးပါမည်လော။

(၇)  ထို့ပြင်- ယခုပညာသင်နေသောကလေးများ ကြီးရင့်သောအခါ ရှေးတုန်းကလို မိဘမွေအနှစ်ကို များများစားစားရကြတော့မည်မဟုတ်။ သူတို့၏ကျောင်းစရိတ်ကိုပင် များစွာသော မိဘတို့မနိုင်တနိုင်ကြိုးစားနေကြရလေပြီ။ လူတို့အသုံးအဆေင် အလှအပ ပကာသနတွေကလည်း တစ်စထက်တစ်စ တိုး၍တိုး၍လာတော့သည်။ ယခုကလေးများကျောင်းမှထွင်၍ အသက်မွေးသောအခါ သူတို့ပညာသည် သူတို့၏ အိမ်သူအိမ်သားများပါဝမ်းဝ၍ ခါးလှရုံကိုပင် အင်မတန် ကြိုးစားနိုင်မှ(သို့မဟုတ်-မတရားရှာနိုင်မှ) တော်ရုံကြပေလိမ့်မည်။ ထိုမျှလောက် အသက်မွေးခဲယဉ်းချိန်ဝယ် အဘယ်မှာလျှင်သာသနာကို ထောက်ပံ့နိုင်တော့မည်နည်း။

၈)  တစ်နည်းစဉ်းစားပြန်လျှင် သာသနာ့ဝန်ထမ်းရဟန်းတော်တို့မှာ ကလေးများကို ဘာသာရေးအဝါးဝ၍ လောကီအသက်မွေးဝမ်းကြောင်း အခြေခံရအောင် သင်ပြဖို့တာဝန်ရှိနေသည်။ အရာရာပြုပြင်လျှင် သင်ပြနိုင်မည့် အခြေအနေလည်းလုံလုံလောက်လောက် ရှိ၏။ သို့သော်ယနေ့တိုင်အောင် (အချို့ကျောင်းများမှတစ်ပါး အများအပြားက) မစဉ်းစားကြသေးချေ။ ထိုသို့မစဉ်းစားရုံသာမက အသွားအလာ အနေအထိုင်မှစ၍ ခေတ်လူတို့၏စိတ်ကို ဆွဲငင်လောက်အောင် မကြိုးစားကြသဖြင့် ခေတ်ပညာတတ်သူတို့၏ အထင်သေးအမြင်သေးကိုသာ အများစုကခံနေရလေသည်။ သို့ဖြစ်လျှင် ထိုခေတ်ပညာတတ် လူအများသည် ဗုဒ္ဓမြတ်စွာ၏သာသနာတော်ကို အားပေးလိုကြလိမ့်မည်လော။ ထိုအချက်များကို တွေးပြန်သော် သာသနာဆုတ်ယုတ်ဖို့ရေးသာလျှင် နီးသည်ထက်နီးလာသည်ကို တွေ့ရပါသည်။

၉)  နောင်လာမည့်ဘဝ၌ လူအများစုက လူကောင်းသူကောင်းဖြစ်ဖို့လည်း မလွယ်ကူတော့ချေ။ ထင်ရှားစေအံ့- လူကောင်းသူကောင်းခေတ်သည် မေတ္တာ၊ ကရုဏာ၊ မုဒိတာ- ဤတရား(၃)ပါး ထွန်းကားသောခေတ်တည်း။ ယခုမျက်မြင်မှာကား တစ်ယောက်အပေါ် တစ်ယောက်က ကောင်းကျိုးလိုလားသော မေတ္တာအစစ်နည်းပါးလှလေပြီ။ မေတ္တာမရှိလျှင် ဆင်းရဲသူကိုမြင်၍ သနားသောကရုဏာနှင့် ချမ်းသာသူကိုမြင်၍ ဝမ်းမြောက်သော မုဒိတာလည်း မဖြစ်နိုင်တော့ပါ။ ယခုဖြစ်နေသည်မှာ တစ်ယောက်ကောင်းစားသည်ကို အခြားတစ်ယောက်က မနာလိုသော ဣသာ၊ မိမိကဲ့သို့ကြီးပွားမည်ကို စိုးရိမ်သော မစ္ဆရိယ၊ အထက်တန်းရောက်နေသောသူက စိတ်ကြီးဝင်သော အထက်တန်း မာန၊ အောက်ကျသောသူသည် “ဘာ အရေးစိုက်ရမှာတုန်း” ဟူသော အောက်တန်းမာနတွေ ဝေဆာလျက် ရှိလေသည်။

(၁၀)ထို့ပြင် လိုချင်ဖွယ်အာရုံ၊ ခံစားဖွယ် ကာမဂုဏ်တွေလည်း တနေ့တခြား တိုးပွားလာရကား (မီးသည်လောင်စာ ရှိသလောက် လိုက်၍လောင်သလို) ယခု လူတို့သန္တာန်၌ လောဘ ကလည်း အာရုံများသလောက် ကြီးမား၍လာလေသည်။ လောဘအလိုကို မဖြည့်နိုင်သောအခါ သတ်မှု ဖြတ်မှု တိုက်ခိုက်မှု စစ်ဖြစ်မှု တိုင်အောင် ဒေါသတွေလည်း တရှူးရှူး တရှဲရှဲ နှင့် တကဲကဲ ဖြစ်၍နေလေတော့၏။ ဤသို့ အကောင်းတရားတွေ ထွန်းကားနေသော ယခုခေတ်မှာပင် လူကောင်းသူကောင်းရှားပါးနေရကား နောင်ကာလဝယ် အဘယ်မှာယခုထက်ပို၍ မဆိုးဝါးဘဲ နေတော့မည်နည်း။

(၁၁)ထိုသို့ လူကောင်းသူကောင်း အလွန်နည်းပါးမည့် နောက်ကာလ၌ မိဘကောင်း ဆရာကောင်းလည်းရနိုင်တော့မည်မဟုတ်ပါ။ ထုိုသို့အားကိုးစရာ မိဘကောင်း ဆရာကောင်းမရှိဘဲ မတရားလူများ၏အလယ်မှာ မိမိတစ်ယောက်လူကောင်းကလေးဖြစ်ဖို့လည်း မလွယ်ကူပါ။ ထို့ကြောင့် နတ်ပြည်မှာ မှိုုင်းတိုက်မည့် အာရုံများ၌ သွားဖို့ခက်သလို လူ့ပြည်မှာလည်း အကုသိုလ်ထွန်းကားတော့မည့်အတွက် လူပြန်ဖြစ်ဖို့ ခက်လှပါတော့သည်။

(၁၂) ဤနေရာဝယ် မိမိစဉ်းစားမိသော အကြောင်းတစ်ခုကို ညွှန်ပြပါမည်။ လွန်ခဲ့သော (၁၃၁၉-ခု) ပြာသိုလက ရန်ကုန်သို့ သိမ်သမုတ်ကိစ္စဖြင့် သွား၍ ပြန်မည့်နေ့ဝယ် ဘူတာကြီး၌ အကြောင်းအားလျော်စွာ စောစောရောက်နေ၏။ မီးရထားတွဲထိုးမည့်နေရာဘက်ကို ကျောပေးလျက် လိုက်ပို့သော ဘုန်းတော်ကြီးတစ်ပါးနှင့် အတူ စကားပြောနေစဉ် ရထားတွဲထိုးသဖြင့် လူအများလှုပ်ရှားသံကြား၍ စကားဖြတ်ပြီးလှည့်ကြည့်လိုက်ရာ နေ့စဉ်ထုံးစံအတိုင်းအလုအယက် နေရာယူနေကြသော လူအများကို မြင်ရပါသည်။`

(၁၃) ထိုအခါ စဉ်းစားမိသည်မှာ ဤလူများ၏ အကြာဆုံးရထားစီးရမည့်အချိန်မှာ (၂)ရက်နီးနီးနှင့် တစ်ညသာဖြစ်၏။ ထိုမျှအချိန်အတွင်း၌ နေရာကောင်းမရလျှင် ဆင်းရဲမည်စိုး၍  အလုအယက်နေရာယူကြသည်။ တစ်ချို့လည်းငွေပိုပေး၍ သီးခြားနေရာရအောင် ကြိုးစားရသည်။ ထိုမျှမက ရထားပေါ်မှာ စိတ်ချရသော အဖော်ကိုလည်း ရှာကြသေးသည်။ မတော်လို့များနေရာကောင်းမရပြန်လျှင် အလွန်ပင်စိတ်မကောင်းဖြစ်၏။ မိမိနေရာအနီးက လူကိုကြည့်၍ ရိုးသားပုံမရလျှင် တစ်လမ်းလုံး စိတ်မချကြ။

(၁၄) ဤ(၂)ရက်တစ်ညအချိန်အတွင်း ဆင်းရဲမည့်အရေးက်ို တွေးကာ ဤမျှလောက် နေရာကောင်းကြိုးစားသူတို့သည် နောက်ဘဝ ဟိုနောက်နောက်ဘဝတို့အတွက် နိဗ္ဗာန်အထိနေရာကောင်း ၊ အဖော်ကောင်းရအောင် အဘယ့်ကြောင့် မကြိုးစားဘဲ အေးစက်စက် နေကြပါလိမ့်မည်နည်း။ မတော်တဆ ခြေချော်လက်ချော် ဆိုသလို အပါယ်(၄)ပါးရောက်သွားလျှင် တစ်ဘဝလုံး ဆင်းရဲရုံသာမာက အဆက်ဆက် အကုသိုလ်တိုးပွား၍ အဆက်ဆက်နေရာကောင်း မရဘဲ ရှိနိုင်သည်။ လူ့ဘဝရောက်သော်လည်း လူနုံလူမွဲ လူဆင်းရဲ ဖြစ်၍ တစ်ဘဝလုံး အောက်ကျ နောက်ကျ ဒုက္ခရောက်နိုင်သည်။ သို့ပါလျက် ရထားစီးဖို့ ခရီးတိုလေးအတွက် ကြိုးစားသလောက်မျှ နောက်ဘဝ၌ နေရာကောင်းရအောင် မကြိုးစားဘဲ နေကြခြင်းကား ထိုင်းမှိုင်းတွေဝေ အရှည်ကိုမြော်တတ်သော အသိဉာဏ်ကင်း၍ ဖျင်းလွန်း ညံ့လွန်းကြလေစွတကား၊ ဤသို့စဉ်းစားကာ ဤအကြောင်းကိုပင် လိုက်ပို့သော ဘုန်းတော်ကြီးအား ပြောပြခဲ့မိပါသည်။

(၁၅) ပြခဲ့သော စဉ်းစားဖွယ်တို့ကို ဤကျမ်းစာရှုသူများလည်း လေးလေးနက်နက်စဉ်းစား၍ လက်လှမ်းမီတရားထူးက်ို ရအောင်သော်လည်းကြိုးစားသင့်ကြ၏။ ရှေးဘဝက အထုံဝါသနာပါခဲ့သည့် အတိုင်း အထက်တန်းပါရမီကို ဖြည့်ကျင့်နေသူ ဖြစ်လျှင်လည်း အကုသိုလ်နည်းအောင်သတိထား၍ ဒါန သီလ စသော ပါရမီများကို အနှစ်အမြုတေတည်လျက် မပျက်နိုင်အောင် အလွန်ကြိုးစားသင့်၏။ ထိုသို့ ကြိုးစားလျှင်ကား နတ်ပြည်၌လည်း နတ်သူတော်ကောင်း၊ လူ့ပြည်၌လည်း ထူးခြားသော လူသူတော်ကောင်းများ ဖြစ်၍ (ရှေးအလောင်းတော်တို့ သာသနာပ၌ပင် ပါရမီတော် ဖြည့်ကျင့်တော်မူကြသကဲ့သို့) ရင့်သည်ထက် ရင့်အောင် ပါရမီဖြည့်ကျင့်နိုင်ကြပါလိမ့်သတည်း။

(အရှင်ဇနကာဘိဝံသ ၏ ကိုယ်ကျင့်အဘိဓမ္မာ   မှ ကောက်နှုတ်ချက်။ ။)

မှတ်ချက်။ ။ဤအရှင်ဇနကာဘိဝံသ ၏ တရားတော်ကို ကိုသူရိယကိုယ်စားတင်ပေးခြင်းဖြစ်ပါသည်..။ မြင့်မိုရ်မှ ကူညီစာစီပါသည်..။

 

သိၾကားမင္းတရားေမ့ပံု

ေသာတာပန္ျဖစ္ျပီးေသာသိၾကားမင္းသည္ အခါတစ္ပါး၌ ၾကီးက်ယ္ခမ္းနားေသာ ဥယ်ာဥ္ပြဲကို ႐ႈစားဖို႕ရန္ အေၿခြအရံမ်ားစြာၿဖင့္ ဧရာ၀ဏ္ဆင္ကို စီး၍ ထြက္လာ၏။ ဥယ်ာဥ္တံခါးေပါက္သို ့ေရာက္ေသာအခါ ဘုရားရွင္အား ျပႆနာေမးရန္ အၾကံေပၚလာ၏။ ထိုၿပႆနာကား တဏွာကုန္ခန္း နိဗၺာန္သို႔ လြတ္လြတ္ကြ်တ္္ကၽြတ္ရဟႏၲာ၏ က်င့္ခဲ့ေသာ လမ္းစဥ္ျပႆနာတည္း။

ထိုသို႔ၿပႆနာေမးေလွ်ာက္လိုေသာစိတ္အၾကံသည္ ဥယ်ာဥ္တြင္း၀ယ္ ပဲြသဘင္အလယ္သို႔ေရာက္လွ်င္ ေမ႔ေပ်ာက္သြားဖြယ္ရိွေသာေၾကာင္႔ “ယခုပင္ သြား၍ေမးေလွ်ာက္မည္” ဟု  ၾကံစည္ကာ ဧရာဝဏ္ဆင္ေပၚမွ ကြယ္ေပ်ာက္၍ ဘုရားထံ အေရာက္လာခဲ့ေလသည္။ ဆင္ၾကီးလည္း ဥယ်ာဥ္အေပါက္မွာရပ္၍ေနရစ္၏။ ေနာက္ပါအၿခံအရံမ်ားမွာလည္း ဥယ်ာဥ္ေပါက္မွာ က်န္ရစ္ၾကေလသည္။

ပုဗၺာ႐ံုေက်ာင္းတိုက္၌ သီတင္းသံုးေတာ္မူခိုက္ၿဖစ္ေသာ္ ဘုရားအထံသို႔ ေရာက္ေသာအခါ ဥယ်ာဥ္ပြဲကေနာက္ဆံတင္းလ်က္ ရွိေသာေၾကာင့္ “တဏွာသခၤယ- နိဗၺာန္၌ လြတ္လြတ္ကၽြတ္ကၽြတ္ အာ႐ံုၿပဳနိုင္ေသာ ရဟႏၲာ၏ က်င့္နုိင္ေသာ လမ္းစဥ္တရားကို ခပ္တိုတိုအမိန္႔ရိွပါ” ဟုေလွ်ာက္ေလ၏။ ဘုရားရွင္လည္း သူ၏ေလွ်ာက္ထားခ်က္အရ တိုတိုပင္ေၿဖေတာ္မူသည္မွာ သိၾကားမင္း …. ရဟႏၲာၿဖစ္မည့္ ရဟန္းသည္ “အလံုးစံုေသာတရားကို ငါ ၊ ငါ့ဥစၥာဟု ႏွလုံးသြင္းၿခင္း ၊ စြဲလမ္းၿခင္းငွာမထိုက္”  ဟု တရားစကားကို ၾကားနာရ၏။ ထိုရဟန္းသည္ (ခႏၶာငါးပါး)တရားအားလုံးကို သိေအာင္ၾကိဳးစား၏။ သိေသာအခါ အားလံုးဒုကၡခ်ည္းပဲဟု သိၿပန္၏။ ဒုကၡခ်ည္းပဲဟု သိၿပီးေနာက္ ဘာမဆို ခံစားရသမွ် ဝါသနာကို အနိစၥ စသၿဖင့္  ရွဳ၍ရွဳ၍ ေန၏။ ထိုသို႔ ရွဳဖန္မ်ားေသာ္ ဘာတစ္ခုကိုမွ် မစြဲလမ္းေတာ့ဘဲ ေနာက္ဆံုး၌ ရဟႏၲာၿဖစ္ကာ တဏွာကုန္ခန္း နိဗၺာန္နန္းသို႔ လြတ္လြတ္ကၽြတ္ကၽြတ္ ၿမန္းနိုင္ေလသည္။

သိၾကားမင္းသည္ ဤသို႔အက်ဥ္းမွ်ေဖာ္ၿပအပ္ေသာ အေၿဖကို လြန္စြာသေဘာက် ဝမ္းေၿမာက္လွ၍ “သာဓု-သာဓု” ဟု အသံၿပဳလ်က္ နတ္ၿပည္သို႔ ၿပန္ေလသည္။ ထိုသာဓုေခၚသံကို ဘုရားေက်ာင္းေတာ္၏ ဝဲဘက္ခန္းေဆာင္မွာ သီတင္းသံုးေနေသာ အရွင္ေမာဂၢလာန္ၾကား၍ “ဒီသိၾကားဟာ တရားကုိသိလို႔ သာဓုေခၚတာလား၊ မသိဘဲနွင့္ သာဓုေခၚတာလား” ဟုစဥ္းစား၍ သိၾကားကို စံုစမ္းလိုေသာေၾကာင့္ သိၾကားႏွင့္ေရွ႕ဆင့္ေနာက္ဆင့္လိုက္ကာ တာဝတႎသာသို႔ တက္သြားေလေသာ္…..

ဘုရားထံမွ တရားနာ၍ ၿပန္သြားေသာ  ေသာတာပန္သိၾကားမင္းလည္း ဥယ်ာဥ္တြင္းမွာ တီးၾက မႈတ္ၾက ကၾက ၿပၾက သည္က္ုိ ႏွစ္သက္အားရ ရႈမဝၿဖစ္ေနစဥ္ အရွင္ေမာဂၢလာန္ကိုၿမင္၍ (ပဲြၾကည့္ေနေသာ ေက်ာင္းဒကာက ဆရာေတာ္ၾကီးလာသည္ကို ၿမင္ရသည့္ပမာ) ခပ္ရွက္ရွက္မ်က္ႏွာၿဖင့္ အရွင္ေမာဂၢလာန္ကို ခရီးဦးၾကိဳၿပဳလ်က္ ႏႈတ္ဆက္စကား ေလွ်ာက္ထားရေလေတာ့သည္။ ထိုသို႔ ေတြ႕လွ်င္ ေတြ႔ခ်င္းပင္ အရွင္ေမာဂၢလာန္ကပင္ သိၾကားမင္းကို ေၿပာသည္မွာ “ၿမတ္စြာဘုရားက အသင္သိၾကားအား တဏွာသခၤယ-ဝိမုတၱိအေၾကာင္းကို ဘယ္လိုေဟာလိုက္ပါသလဲ။ ငါတို႔လည္း ထိုတရားကို တစ္ဆင့္နာပါရေစ” ဤသို႔ေၿပာလွ်င္ ထိုတရားကို သိၾကားမင္းစဥ္းစား၏။ ေပၚမလာေခ်။ အထပ္ထပ္စဥ္းစားေသာ္လည္း လံုးလံုးသတိမရသၿဖင့္ နာယူတုန္းက မွတ္မွတ္သားသားနာယူခဲ့ေသာ္လည္း နတ္ၿပည္ကိစၥမ်ားသည့္အတြက္ ေမ့ရေၾကာင္းကုိ အရွက္ေၿပေလွ်ာက္ေလ၏။

[မူလပဏၰသ ၊စူဠတဏွာသခၤယသုတ္မွ ေကာက္ႏႈတ္ခ်က္ ။ ]

ဤ တရားေတာ္အရ စဥ္းစားပါလွ်င္ နတ္ျပည္အာရုံသည္ တရားအာ႐ံုေမ့ေအာင္ မႈိင္းတိုက္နိုင္ေၾကာင္း နားလည္ႏိုင္ေပၿပီ။ မွန္၏။ သိၾကားမင္းသည္ ပင္ကိုယ္အားၿဖင့္ သတိေကာင္းဉာဏ္ထက္၍ အလြန္သြက္လက္သူေပတည္း။ ထိုအခ်ိန္မွာ ေသာတာပန္လည္းၿဖစ္ၿပီးေပၿပီ။ နာခဲ့ရေသာတရားမွာလည္း သူကိုယ္တိုင္ သိခ်င္လွ၍ ေလွ်ာက္ထားေသာ ၿပႆနာ၏အေၿဖ တရားအက်ဥ္းမွ်သာၿဖစ္၏။ ရွင္ေမာဂၢလာန္ေမးခ်ိန္ႏွင့္ ထိုတရားနာခဲ့ခ်ိန္မွာ မိနစ္ေလာက္သာ ေဝးေပလိမ့္ဦးမည္။သို႕ပါလ်က္ ဥယ်ာဥ္ပြဲ၏မႈိင္းတိုက္မႈေၾကာင့္ စဥ္းစား၍ မရႏိုင္ေအာင္ပင္ ေမ့ရေလသည္။

(၁)  ဤဝတၳဳကိုေထာက္ထား၍ မိမိတို ့အတြက္ေလးေလးနက္နက္ စဥ္းစားသင့္၏။ “မိမိကိုယ္ကို သူေတာ္ေကာင္းဟုတ္ပါသည္” ဟု ဝန္ခံႏုိင္ေသာ သူေတာ္ေကာင္းမွန္လွ်င္ ေနာင္ဘဝအတြက္ ဂတိေကာင္းဖို႔မ်ားပါ၏။သို႔ေသာ္ ထုိေရာက္ရမည့္ဂတိကား လူႏွင့္နတ္ဘဝသာ ၿဖစ္ပါသည္။ စ်ာန္မရ၍ ၿဗဟၼာမၿဖစ္ႏိုင္။ ရဟႏၲာမဟုတ္ေသး၍နိဗၺာန္မရႏုိင္ပါ။ အထက္နတ္ၿဖစ္ခဲ့ေသာ္ သိၾကားမင္းလို အရိယာပုဂၢဳိလ္ေသာ္မွ ေမ့ရပုံကို ေထာက္၍ မိမိတုိ႔အတြက္သိၿပီး တရားကေလးမ်ား ေမ့ေပ်ာက္သြားမည္ကို မစိုးရိမ္ရပါေလာ။

(၂)  တရားေမ့၍ နတ္တို႔ဓေလ့ၿဖင့္ အေပ်ာ္ၾကီးေပ်ာ္ေမြ႔ေနစဥ္ (ပုထုစဥ္ဘဝၿဖင့္) စုေတခ်ိိန္ ေရာက္ေသာအခါ မိမိစည္းစိမ္ကို တမ္းတ၍ ႏြမ္းလ်အားငယ္စြာ စုေတရပါမူ အပါယ္ ၄ ပါးသို႔ တစ္ဆင့္သြားဖို႔အေရး မေဝးလွေတာ့ပါ။ တစ္ခါတုန္းက နတ္သမီးငါးရာတို႕သည္ ဥယ်ာဥ္အတြင္းဝယ္ ပန္းပင္တက္၍ ပန္းခူးရင္း သီခ်င္းၾကဴေနၾကစဥ္ ႐ုတ္တရက္စုေတကာ အဝီစိသို႔ ေရာက္သြားၾကဖူးပါသည္။

(၃)  တစ္္ဖန္ ေနာက္တစ္ခ်ိန္ေရာက္မည့္ လူ႔ဘဝကို ေတြးလွ်င္လည္း စိတ္ေအးဖြယ္္မရိွလွပါ။ ရွင္းပါဦးမည္။ သူေတာ္ေကာင္းအေနၿဖင့္ လူတစ္ေယာက္၏တန္ဖိုးကို စဥ္းစားလွ်င္ (၁)ဘုရားသာသနာေတာ္ႏွင့္ ၾကံဳေတြ႔ရၿခင္း၊ (၂) အားလံုးမဟုတ္ေစကာမူ လူအမ်ားစုက လူေကာင္းသူေကာင္းမ်ားၿဖစ္ၾကၿခင္း၊ (၃) ဆရာမိဘတို႔က သူေတာ္ေကာင္းမ်ားၿဖစ္ၾကၿခင္း၊ (၄) အလြန္မဆင္းရဲဘဲ အထိုက္အေလ်ာက္ ခ်မ္းသာေသာအမ်ိဳး၌ၿဖစ္ရၿခင္း။ ဤအေၾကာင္းမ်ားစံုညီမွ လူ႔ဘဝ ရက်ိဳးနပ္လိမ့္မည္။

(၄)  ဘုရားသာသနာေတာ္အေရးကို စဥ္းစားလွ်င္ ယခုအခ်ိန္မွာပင္ ပုဂၢိဳလ္ေကာင္းကို အေတာ္ရွာမွရနုိင္ေသာ အခ်ိန္ၿဖစ္ေနၿပီ။ ေလာကီအာ႐ံုေတြကလည္း ေသာင္းက်န္း၊ ဂုဏ္ပကာသနာသနနွင့္ လိုက္စားသူလည္းမ်ား၊ လူဒကာ ဒကာမတို႔လည္း သီလ သမာဓိ ပညာရွိထက္ ဂုဏ္ရိွသူကို ကိုးကြယ္လိုၾက၊ ဂုဏ္ရွိေအာင္လည္း ဟုိကပ္သည္ကပ္ႏွင့္ ကပ္ၾက၊ လူအခ်င္းခ်င္း ဂုဏ္သတင္းလႊင့္ၾကႏွင့္ သာသနာ့ဝန္ထမ္းမ်ားအတြက္ ေခါင္းကမိုးယိုေနေလၿပီ။

(၅)  သာသနာကို ယခုကိုးကြယ္ေနၾကေသာ (သာသနာ ဒယကာဆိုသူတို႔၏ ) သားသမီးမ်ားကို သာသနာ့ဝန္ထမ္းရဟန္းေတာ္မ်ားက သင္ၾကားေပးမွႈသည္ တစ္စတစ္စ လက္လြတ္၍ လာခဲ့ရာ ယခုအခါမွာ တခ်ိဳ႕ဘုန္းၾကီးေက်ာင္း၌ ေက်ာင္းသားဟူ၍ မရွိေတာ့ပါ။ေက်ာင္းသားမရွိလွ်င္ ရွင္သာမေဏ (အၿမဲေန) မရွိႏိုင္၊ ရွင္သာမေဏ မရိွလွ်င္ ရွင္သာမေဏဘဝ၌ စာသင္၍စာတတ္ေသာ ရဟန္းလည္းမရွိႏိုင္။ သိပ္မၾကာေသာ ေနာင္အခါဝယ္ မ်ားစြာေသာ ေက်းရြာတို႕၌ ေတာထြက္ရဟန္းၾကီးေတြသာ ေက်ာင္းၾကီးကန္ၾကီးေပၚဝယ္ စက္ေတာ္ေခၚ၍ ေနရစ္ၾကေလလိမ့္မည္။

(၆)  တစ္ဖန္–သာသနာကို ပစၥည္း (၄) ပါးၿဖင့္ေထာက္ပံ့ရေသာ ဒကာဒကာမမ်ားဘက္ကို ဆက္လက္စဥ္းစားၿပန္လွ်င္ ယခုအခါ ကေလးေတြသင္ယူေနၾက ေသာ  ပညာသည္ ေလာကီအတြက္ တစ္ဘဝမွ် အက်ိဳးေပးႏိုင္ေသာ ေခတ္မီပညာကား ဟုတ္ေလာက္စရာရွိပါ၏။ သို႔ေသာ္ ထိုပညာသည္ မဂ္ ဖိုလ္ နိဗၺာန္ယုံၾကည္ဖို႔မဆုိထားဘိ ကံႏွင့္ကံ၏အက်ိဳးကိုမွ် နားလည္ေစႏုိုင္ေသာ ပညာပင္ပါရွိ၏ေလာ။ ထိုသို႔မပါလွ်င္ နတ္ၿပည္ၿဗဟၼာ႔ၿပည္ကို မယံုလွ်င္ ငရဲၿပိတၱာကို ယံုဦးမည္ေလာ။ ထိုသို႔မယံုသူသည္ ရဟန္းသံဃာတို႔အား ပစၥည္း(၄)ပါးမဆိုထားဘိ ဝမ္းဝ႐ံုမွ် ဆြမ္းေပးဖို႔ သတ္ိရဦးပါမည္ေလာ။

(၇)  ထို႔ၿပင္- ယခုပညာသင္ေနေသာကေလးမ်ား ၾကီးရင့္ေသာအခါ ေရွးတုန္းကလို မိဘေမြအႏွစ္ကုိ မ်ားမ်ားစားစားရၾကေတာ့မည္မဟုတ္။ သူတို႔၏ေက်ာင္းစရိတ္ကိုပင္ မ်ားစြာေသာ မိဘတို႔မႏုိင္တႏိုင္ၾကိဳးစားေနၾကရေလၿပီ။ လူတို႔အသံုးအေဆင္ အလွအပ ပကာသနေတြကလည္း တစ္စထက္တစ္စ တိုး၍တုိး၍လာေတာ့သည္။ ယခုကေလးမ်ားေက်ာင္းမွထြင္၍ အသက္ေမြးေသာအခါ သူတို႔ပညာသည္ သူတို႔၏ အိမ္သူအိမ္သားမ်ားပါဝမ္းဝ၍ ခါးလွ႐ံုကိုပင္ အင္မတန္ ၾကိဳးစားႏိုင္မွ(သို႔မဟုတ္-မတရားရွာနုိင္မွ) ေတာ္႐ံုၾကေပလိမ့္မည္။ ထိုမွ်ေလာက္ အသက္ေမြးခဲယဥ္းခ်ိန္ဝယ္ အဘယ္မွာလွ်င္သာသနာကို ေထာက္ပံ့ႏိုင္ေတာ့မည္နည္း။

၈)  တစ္နည္းစဥ္းစားၿပန္လွ်င္ သာသနာ့ဝန္ထမ္းရဟန္းေတာ္တို႔မွာ ကေလးမ်ားကို ဘာသာေရးအဝါးဝ၍ ေလာကီအသက္ေမြးဝမ္းေၾကာင္း အေၿခခံရေအာင္ သင္ၿပဖို႔တာဝန္ရိွေနသည္။ အရာရာၿပဳၿပင္လွ်င္ သင္ၿပႏိုင္မည့္ အေၿခအေနလည္းလုံလုံေလာက္ေလာက္ ရွိ၏။ သို႔ေသာ္ယေန႔တိုင္ေအာင္ (အခ်ိဳ႕ေက်ာင္းမ်ားမွတစ္ပါး အမ်ားအၿပားက) မစဥ္းစားၾကေသးေခ်။ ထုိသို႔မစဥ္းစား႐ံုသာမက အသြားအလာ အေနအထိုင္မွစ၍ ေခတ္လူတုိ႔၏စိတ္ကို ဆဲြငင္ေလာက္ေအာင္ မၾကိဳးစားၾကသၿဖင့္ ေခတ္ပညာတတ္သူတို႔၏ အထင္ေသးအၿမင္ေသးကိုသာ အမ်ားစုကခံေနရေလသည္။ သို႔ၿဖစ္လွ်င္ ထုိေခတ္ပညာတတ္ လူအမ်ားသည္ ဗုဒၶၿမတ္စြာ၏သာသနာေတာ္ကို အားေပးလိုၾကလိမ့္မည္ေလာ။ ထိုအခ်က္မ်ားကို ေတြးၿပန္ေသာ္ သာသနာဆုတ္ယုတ္ဖို႔ေရးသာလွ်င္ နီးသည္ထက္နီးလာသည္ကို ေတြ႔ရပါသည္။

၉)  ေနာင္လာမည့္ဘဝ၌ လူအမ်ားစုက လူေကာင္းသူေကာင္းၿဖစ္ဖို႔လည္း မလြယ္ကူေတာ့ေခ်။ ထင္ရွားေစအ့ံ- လူေကာင္းသူေကာင္းေခတ္သည္ ေမတၱာ၊ က႐ုဏာ၊ မုဒိတာ- ဤတရား(၃)ပါး ထြန္းကားေသာေခတ္တည္း။ ယခုမ်က္ၿမင္မွာကား တစ္ေယာက္အေပၚ တစ္ေယာက္က ေကာင္းက်ိဳးလုိလားေသာ ေမတၱာအစစ္နည္းပါးလွေလၿပီ။ ေမတၱာမရွိလွ်င္ ဆင္းရဲသူကိုၿမင္၍ သနားေသာက႐ုဏာနွင့္ ခ်မ္းသာသူကိုၿမင္၍ ဝမ္းေၿမာက္ေသာ မုဒိတာလည္း မၿဖစ္ႏုိင္ေတာ့ပါ။ ယခုၿဖစ္ေနသည္မွာ တစ္ေယာက္ေကာင္းစားသည္ကို အၿခားတစ္ေယာက္က မနာလိုေသာ ဣသာ၊ မိမိကဲ့သို႔ၾကီးပြားမည္ကို စိုးရိမ္ေသာ မစၧရိယ၊ အထက္တန္းေရာက္ေနေသာသူက စိတ္ၾကီးဝင္ေသာ အထက္တန္း မာန၊ ေအာက္က်ေသာသူသည္ “ဘာ အေရးစိုက္ရမွာတုန္း” ဟူေသာ ေအာက္တန္းမာနေတြ ေဝဆာလ်က္ ရွိေလသည္။

(၁၀)ထို႔ၿပင္ လိုခ်င္ဖြယ္အာ႐ံု၊ ခံစားဖြယ္ ကာမဂုဏ္ေတြလည္း တေန႔တၿခား တိုးပြားလာရကား (မီးသည္ေလာင္စာ ရိွသေလာက္ လိုက္၍ေလာင္သလုိ) ယခု လူတို႔သႏၲာန္၌ ေလာဘ ကလည္း အာ႐ံုမ်ားသေလာက္ ၾကီးမား၍လာေလသည္။ ေလာဘအလိုကို မၿဖည္႔ႏိုင္ေသာအခါ သတ္မႈ ၿဖတ္မႈ တိုက္ခုိက္မႈ စစ္ၿဖစ္မႈ တိုင္ေအာင္ ေဒါသေတြလည္း တရွဴးရွဴး တရွဲရွဲ ႏွင့္ တကဲကဲ ၿဖစ္၍ေနေလေတာ့၏။ ဤသို႔ အေကာင္းတရားေတြ ထြန္းကားေနေသာ ယခုေခတ္မွာပင္ လူေကာင္းသူေကာင္းရွားပါးေနရကား ေနာင္ကာလဝယ္ အဘယ္မွာယခုထက္ပို၍ မဆိုးဝါးဘဲ ေနေတာ့မည္နည္း။

(၁၁)ထိုသို႔ လူေကာင္းသူေကာင္း အလြန္နည္းပါးမည္႔ ေနာက္ကာလ၌ မိဘေကာင္း ဆရာေကာင္းလည္းရနုိင္ေတာ့မည္မဟုတ္ပါ။ ထုုိသုိ႔အားကိုးစရာ မိဘေကာင္း ဆရာေကာင္းမရွိဘဲ မတရားလူမ်ား၏အလယ္မွာ မိမိတစ္ေယာက္လူေကာင္းကေလးၿဖစ္ဖို႔လည္း မလြယ္ကူပါ။ ထို႔ေၾကာင့္ နတ္ၿပည္မွာ မႈိုင္းတိုက္မည့္ အာ႐ံုမ်ား၌ သြားဖုိ႔ခက္သလုိ လူ႔ၿပည္မွာလည္း အကုသုိလ္ထြန္းကားေတာ့မည့္အတြက္ လူၿပန္ၿဖစ္ဖို႔ ခက္လွပါေတာ့သည္။

(၁၂) ဤေနရာဝယ္ မိမိစဥ္းစားမိေသာ အေၾကာင္းတစ္ခုကို ညႊန္ၿပပါမည္။ လြန္္ခဲ့ေသာ (၁၃၁၉-ခု) ၿပာသိုလက ရန္ကုန္သုိ႔ သိမ္သမုတ္ကိစၥၿဖင့္ သြား၍ ၿပန္မည့္ေန႔ဝယ္ ဘူတာၾကီး၌ အေၾကာင္းအားေလ်ာ္စြာ ေစာေစာေရာက္ေန၏။ မီးရထားတြဲထုိးမည့္ေနရာဘက္ကို ေက်ာေပးလ်က္ လိုက္ပို႔ေသာ ဘုန္းေတာ္ၾကီးတစ္ပါးႏွင့္ အတူ စကားေၿပာေနစဥ္ ရထားတြဲထိုးသၿဖင့္ လူအမ်ားလႈပ္ရွားသံၾကား၍ စကားၿဖတ္ၿပီးလွည့္ၾကည့္္လိုက္ရာ ေန႔စဥ္ထံုးစံအတိုင္းအလုအယက္ ေနရာယူေနၾကေသာ လူအမ်ားကို ၿမင္ရပါသည္။`

(၁၃) ထိုအခါ စဥ္းစားမိသည္မွာ ဤလူမ်ား၏ အၾကာဆုံးရထားစီးရမည့္အခ်ိန္မွာ (၂)ရက္နီးနီးႏွင့္ တစ္ညသာၿဖစ္၏။ ထုိမွ်အခ်ိိန္အတြငး္၌ ေနရာေကာင္းမရလွ်င္ ဆင္းရဲမည္စိုး၍  အလုအယက္ေနရာယူၾကသည္။ တစ္ခ်ိဳ႕လည္းေငြပိုေပး၍ သီးၿခားေနရာရေအာင္ ၾကိဳးစားရသည္။ ထိုမွ်မက ရထားေပၚမွာ စိတ္ခ်ရေသာ အေဖာ္ကိုလည္း ရွာၾကေသးသည္။ မေတာ္လို႔မ်ားေနရာေကာင္းမရၿပန္လွ်င္ အလြန္ပင္စိတ္မေကာင္းၿဖစ္၏။ မိမိေနရာအနီးက လူကိုၾကည့္၍ ႐ိုးသားပုံမရလွ်င္ တစ္လမ္းလုံး စိတ္မခ်ၾက။

(၁၄) ဤ(၂)ရက္တစ္ညအခ်ိန္အတြင္း ဆင္းရဲမည့္အေရးက္ို ေတြးကာ ဤမွ်ေလာက္ ေနရာေကာင္းၾကိဳးစားသူတို႔သည္ ေနာက္ဘဝ ဟိုေနာက္ေနာက္ဘဝတို႔အတြက္ နိဗၺာန္အထိေနရာေကာင္း ၊ အေဖာ္ေကာင္းရေအာင္ အဘယ့္ေၾကာင့္ မၾကိဳးစားဘဲ ေအးစက္စက္ ေနၾကပါလိမ့္မည္နည္း။ မေတာ္တဆ ေၿခေခ်ာ္လက္ေခ်ာ္ ဆိိုသလို အပါယ္(၄)ပါးေရာက္သြားလွ်င္ တစ္ဘဝလုံး ဆင္းရဲ႐ုံသာမာက အဆက္ဆက္ အကုသိုလ္တိုးပြား၍ အဆက္ဆက္ေနရာေကာင္း မရဘဲ ရွိနိုင္သည္။ လူ႔ဘဝေရာက္ေသာ္လည္း လူႏုံလူမြဲ လူဆင္းရဲ ၿဖစ္၍ တစ္ဘဝလုံး ေအာက္က် ေနာက္က် ဒုကၡေရာက္နုိင္သည္။ သို႔ပါလ်က္ ရထားစီးဖို႔ ခရီးတိုေလးအတြက္ ၾကိဳးစားသေလာက္မွ် ေနာက္ဘဝ၌ ေနရာေကာင္းရေအာင္ မၾကိဳးစားဘဲ ေနၾကၿခင္းကား ထိုင္းမႈိင္းေတြေဝ အရွည္ကိုေၿမာ္တတ္ေသာ အသိဉာဏ္ကင္း၍ ဖ်င္းလြန္း ညံ့လြန္းၾကေလစြတကား၊ ဤသို႔စဥ္းစားကာ ဤအေၾကာင္းကုိပင္ လိုက္ပို႔ေသာ ဘုန္းေတာ္ၾကီးအား ေၿပာၿပခဲ့မိပါသည္။

(၁၅) ၿပခဲ့ေသာ စဥ္းစားဖြယ္္တို႕ကို ဤက်မ္းစာ႐ႈသူမ်ားလည္း ေလးေလးနက္နက္စဥ္းစား၍ လက္လွမ္းမီတရားထူးက္ုိ ရေအာင္ေသာ္လည္းၾကိဳးစားသင့္ၾက၏။ ေရွးဘဝက အထုံဝါသနာပါခဲ့သည့္ အတိုင္း အထက္တန္းပါရမီကို ၿဖည့္က်င့္ေနသူ ၿဖစ္လွ်င္လည္း အကုသိုလ္နည္းေအာင္သတိထား၍ ဒါန သီလ စေသာ ပါရမီမ်ားကို အႏွစ္အၿမဳေတတည္လ်က္ မပ်က္ႏိုင္ေအာင္ အလြန္ၾကိဳးစားသင့္၏။ ထိုသို႔ ၾကိဳးစားလွ်င္ကား နတ္ၿပည္၌လည္း နတ္သူေတာ္ေကာင္း၊ လူ႔ၿပည္၌လည္း ထူးၿခားေသာ လူသူေတာ္ေကာင္းမ်ား ၿဖစ္၍ (ေရွးအေလာင္းေတာ္တို႔ သာသနာပ၌ပင္ ပါရမီေတာ္ ၿဖည့္က်င့္ေတာ္မူၾကသကဲ့သုိ႔) ရင့္သည္ထက္ ရင့္ေအာင္ ပါရမီၿဖည့္က်င့္နိုင္ၾကပါလိမ့္သတည္း။

(အရွင္ဇနကာဘိဝံသ ၏ ကိုယ္က်င့္အဘိဓမၼာ   မွ ေကာက္ႏႈတ္ခ်က္။ ။)

မွတ္ခ်က္။ ။ဤအရွင္ဇနကာဘိ၀ံသ ၏ တရားေတာ္ကို ကိုသူရိယကိုယ္စားတင္ေပးျခင္းျဖစ္ပါသည္..။ ျမင့္မုိရ္မွ ကူညီစာစီပါသည္္..။