အထွေထွေ

  • အနည်းငယ်မျှသော ချမ်းသာကိုစွန့်ခြင်းကြောင့် ကြီးကျယ်သော ချမ်းသာကို အကယ်၍ မြင်ခဲ့လျှင် ပညာရှိသည် ထိုကြီးကျယ်သော ချမ်းသာကိုမြင်လျက် အနည်းငယ်မျှသော ချမ်းသာကို စွန့်ရာ၏။
    If by renouncing a lesser happiness one may realize a greater happiness, let the wise man renounce the lesser, having regard for the greater.
  • သူတပါးကို ဆင်းရဲပေး၍ မိမိ၏ချမ်းသာကို အလိုရှိသောသူသည် (သူတပါး ရန်မူခံရခြင်း ၊ မိမိက ပြန်၍ ရန်မူခြင်း စသည်ဖြင့် ) အပြန်အလှန် ရန်ခြင်း ရောနှောသည်ဖြစ်၍ ရန်မှ မလွတ်နိုင်။
    Entangled by bonds of hae, he who seeks his own hapiness by inflicting pain on others, is never delivered from hatred.
  • ပြုသင့်ပြုထိုက်သော အမှုကို မပြုဘဲ ပစ်ထားကာ မပြုသင့် မပြုထိုက်သော အမှုကို ပြုလျက် မာနထောင်လွှားပြီးလျှင် ကုသိုလ်ကောင်းမှု၌ မေ့လျော့ကုန်သော သူတို့မှာ ကာမစသော အာသဝေါတရားတို့သည် တိုးပွားကုန်၏။
    The cankers only increase for those who are arrogant and heedless, who leave undone what should be done and do what should not be done.
  • အမြဲခန္ဓာကိုယ်ကို ရှုဆင်ခြင်သော ကမ္မဋ္ဌာန်းအလုပ်ကို ကောင်းစွာ အားထုတ်လျက်၊ မပြုသင့် မပြုထိုက်သော အမှုတို့ကိုမပြုုဘဲ ၊ ပြုသင့်ပြုထိုက်သော အမှုတို့ကို အမြဲပြု၍ ကုသိုလ်ကောင်းမှု၌ မမေ့မလျော့ကုန်သော ကောင်းစွာ ပညာအမြော်အမြင်ရှိကုန်သော သူတို့မှာ ကာမ စသော အာသဝေါတို့သည် ချုပ်ငြိမ်းကုန်၏။
    The cankers cease for those mindful and clearly comprehending ones who always earnestly practise mindfulness of the body, who do not resort to what should not be done, and steadfastly pursure what should be done.
  • (တဏှာတည်းဟူသော) အမိကိုလည်းကောင်း ၊ ( ငါ ဟူသော မာနတည်းဟူသော) အဖကိုလည်းကောင်း သတ်၍ (သတ္တဝါ၏ ဝိဉာဉ်သည် အမြဲတည်၏ ဟူသော သဿတဒိဋ္ဌိ၊ သတ္တဝါသေလျှင် တဖန်ပြန်မဖြစ်ဟု ဟူသော ဥစ္ဆေဒဒိဋ္ဌိတည်းဟူသော ) ရေမြေသနင်း မင်းနှစ်ပါးတို့သည်လည်းကောင်း၊ (ကပ်ငြိစွဲလမ်းတတ်ခြင်းဟူသော ) အခွန်သိမ်းအမတ်နှင့် တကွ ( အာယတန တစ်ဆယ့်နှစ်ပါးတည်းဟူသော ) တိုင်းပြည်ကိုလည်းကောင်း သတ်ဖြတ်ဖျတ်ဆီး၍ ရဟန္တာပုဂ္ဂိုလ်သည် ဆင်းရဲကင်းစွာ သွားလေ၏။
    Having slain mother (craving), father (self-conceit), two warrior kings( eternalism and nihilism), and destroyed a country (sense organs and sense objects) together with its treasurer (attachment and lust), ungrieving goes the holy man.
  • (တဏှာတည်းဟူသော ) အမိ ၊ (မာနတည်း ဟူသော ) အဖကို သတ်၊ (သဿတဒိဋ္ဌိ၊  ဥစ္ဆေဒဒိဋ္ဌိတည်းဟူသော ပုဏ္ဏား မင်းနှစ်ယောက်တို့ကိုလည်း သစ်ကျားရဲရှိသည့် ခရီးနှင့်တူသော ဝိစိကိစ္ဆာလျှင် ငါးခုမြောက်ရှိသည့် နီဝရဏတည်းဟူသော ) အနှောက်အယှက်ကိုလည်း ပယ်ဖျက်၍ ရဟန္တာပုဂ္ဂိုလ်သည် ဆင်းရဲကင်းစွာ သွားလေ၏။Having slain mother, father, two brahmin kings (two extreme views), and a tiger as the fifth (the five mental hindrances), ungrieving goes the holy man.
  • နေ့ရောညပါ အခါခပ်သိမ်း ဘုရားဂုဏ်တော် (ကိုးပါး) ကို အောက်မေ့ကြကုန်သော ဂေါတမ မြတ်စွာဘုရား တပည့်တို့သည် အခါခပ်သိမ်း နိုးကြားကုန်၏။ ( တရားမှန်ကို ကောင်းစွာ သိကုန်၏)
    Those disciples of Gotama ever awaken happily who day and night constantly practise of the Recollection of the Quanlities of the Buddha.
  • နေ့ရောညပါ အခါခပ်သိမ်း တရားဂုဏ်တော် (ခြောက်ပါး)ကို အောက်မေ့ကြကုန်သော ဂေါတမ မြတ်စွာဘုရား တပည့်တို့သည် အခါခပ်သိမ်း တရားမှန်ကို သိကုန်၏။
    Those disciples of Gotama ever awaken happily who day and night constantly practise of the Qualities of the Dhamma.
  • နေ့ရောညပါ အခါခပ်သိမ်း သံဃဂုဏ်တော်(ကိုးပါး)ကို အောက်မေ့ကြကုန်သော ဂေါတမ မြတ်စွာဘုရား တပည့်တို့သည် အခါခပ်သိမ်း တရားမှန်ကို သိကုန်၏။
    Those disciples of Gotama ever awaken happily who day and night constantly practise of the Qualities of the Sangha.
  • နေ့ရောညပါ အခါခပ်သိမ်း ခန္ဒာကိုယ်ကို (ဆံပင်စသော ၃၁ မျိုးတို့ဖြင့် ပိုင်းခြား၍) ရှုကုန်သော ဂေါတမ မြတ်စွာဘုရား တပည့်တို့သည် အခါခပ်သိမ်း တရားမှန်ကို သိကုန်၏။
    Those disciples of Gotama ever awaken happily who day and night constantly practise Mindfulness of the body.
  • နေ့ရောညပါ အခါခပ်သိမ်း ကရုဏာတရားပွားများခြင်း၌ မွေ့လျော်ကုန်သော ဂေါတမ မြတ်စွာဘုရား တပည့်တို့သည် အခါခပ်သိမ်း တရားမှန်ကို သိကုန်၏။
    Those disciples of Gotama ever awaken happily whose minds by day and night delight in the practice of non-violence.
  • နေ့ရောညပါ အခါခပ်သိမ်း မေတ္တတရားပွားများခြင်း၌ မွေ့လျော်ကုန်သော ဂေါတမ မြတ်စွာဘုရား တပည့်တို့သည် အခါခပ်သိမ်း တရားမှန်ကို သိကုန်၏။
    Those disciples of Gotama ever awaken happily whose minds by day and night delight in the practice of meditation.
  • သူတော်ကောင်းအကျင့်ကို ကျင့်ခြင်း၌ မွေ့လျော်နိုင်ခဲ၏၊ အလိုပြည့်နိုင်ခဲသော အိမ်ရာတည်ထောင် လူ၏ဘောင်၌ နေရခြင်းသည် ဆင်းရဲ၏၊ အလိုမတူသော သူနှင့်ပေါင်းဖော်နေထိုင်ရခြင်းသည် ဆင်းရဲ၏၊ သံသရာခရီးရှည်သွားသောသူသည် အစဉ်ဆင်းရဲ၏၊ ထို့ကြောင့် သံသရာခရီးရှည်သွားသောသူ မဖြစ်ရာ၊ ဆင်းရဲသို့ အစဉ်မကျရောက်ရာ။
    Difficult is life as a monk; difficult is it to delight therein. Also difficult and sorrowful is household life. Suffering comes from association with unequals; suffering comes from wandering in samsara. Therefore, be not an aimless wanderer, be not a pursuer of suffering.
  • သဒ္ဓါတရားလည်းရှိ ၊ သီလနှင့်လည်းပြည့်စုံ ၊ အခြံအရံလည်းများ ၊ စည်းစိမ်ဥစ္စာလည်းရှိသောသူသည် သွားလေရာရာ အရပ်၌ အပူဇော်ခံရ၏။
    He who is full of faith and virtue, and possesses good repute and wealth he respected everywhere, in whatever land he travels.
  • ဟိမဝန္တာတောင်သည် အဝေး၌ပင်တည်ရှိသော်လည်း ထင်ရှားပေါ်လွင်သကဲ့သို့ သူတော်ကောင်းတို့သည် အဝေး၌ပင် နေကြသော်လည်း ထင်ရှားကုန်၏၊ ညအခါပစ်လိုက်သော မြားတို့သည် မထင်ရှားကုန်သကဲ့သို့ သူယုတ်မာတို့သည် အနီး၌ ရှိကြသော်လည်း မထင်ရှားကုန်။
    The good shine even from afar, like the Himalayan mountain. But the wicked are unseen, like arrows shout in the night.
  • တစ်ယောက်ထီးတည်း နေ ၊ တစ်ယောက်ထီးတည်း အိပ်၊ တစ်ယောက်ထီးတည်း သွားလာ၍ မပျင်းမရိ တစ်ယောက်ထီးတည်း မိမိကိုယ်ကို ဆုံးမသော သူသည် တော၌မွေ့လျော်၏။
    He who sits alone, sleeps alone and walks alone, who is strenuous and subdues himself alone, will find delight in the solitude of the forest.
Advertisements

အေထြေထြ

  • အနည္းငယ္မွ်ေသာ ခ်မ္းသာကိုစြန္႕ျခင္းေၾကာင့္ ၾကီးက်ယ္ေသာ ခ်မ္းသာကို အကယ္၍ ျမင္ခဲ့လွ်င္ ပညာရွိသည္ ထုိၾကီးက်ယ္ေသာ ခ်မ္းသာကိုျမင္လ်က္ အနည္းငယ္မွ်ေသာ ခ်မ္းသာကို စြန္႕ရာ၏။
    If by renouncing a lesser happiness one may realize a greater happiness, let the wise man renounce the lesser, having regard for the greater.
  • သူတပါးကို ဆင္းရဲေပး၍ မိမိ၏ခ်မ္းသာကို အလုိရွိေသာသူသည္ (သူတပါး ရန္မူခံရျခင္း ၊ မိမိက ျပန္၍ ရန္မူျခင္း စသည္ျဖင့္ ) အျပန္အလွန္ ရန္ျခင္း ေရာေႏွာသည္ျဖစ္၍ ရန္မွ မလြတ္ႏိုင္။
    Entangled by bonds of hae, he who seeks his own hapiness by inflicting pain on others, is never delivered from hatred.
  • ျပဳသင့္ျပဳထိုက္ေသာ အမႈကို မျပဳဘဲ ပစ္ထားကာ မျပဳသင့္ မျပဳထိုက္ေသာ အမႈကို ျပဳလ်က္ မာနေထာင္လႊားျပီးလွ်င္ ကုသိုလ္ေကာင္းမႈ၌ ေမ့ေလ်ာ့ကုန္ေသာ သူတုိ႕မွာ ကာမစေသာ အာသေ၀ါတရားတုိ႕သည္ တုိးပြားကုန္၏။
    The cankers only increase for those who are arrogant and heedless, who leave undone what should be done and do what should not be done.
  • အျမဲခႏၶာကိုယ္ကို ႐ႈဆင္ျခင္ေသာ ကမၼ႒ာန္းအလုပ္ကို ေကာင္းစြာ အားထုတ္လ်က္၊ မျပဳသင့္ မျပဳထိုက္ေသာ အမႈတို႕ကိုမျပဳဳဘဲ ၊ ျပဳသင့္ျပဳထိုက္ေသာ အမႈတုိ႕ကို အျမဲျပဳ၍ ကုသိုလ္ေကာင္းမႈ၌ မေမ့မေလ်ာ့ကုန္ေသာ ေကာင္းစြာ ပညာအေျမာ္အျမင္ရွိကုန္ေသာ သူတုိ႕မွာ ကာမ စေသာ အာသေ၀ါတုိ႕သည္ ခ်ဳပ္ျငိမ္းကုန္၏။
    The cankers cease for those mindful and clearly comprehending ones who always earnestly practise mindfulness of the body, who do not resort to what should not be done, and steadfastly pursure what should be done.
  • (တဏွာတည္းဟူေသာ) အမိကုိလည္းေကာင္း ၊ ( ငါ ဟူေသာ မာနတည္းဟူေသာ) အဖကိုလည္းေကာင္း သတ္၍ (သတၱ၀ါ၏ ၀ိဉာဥ္သည္ အျမဲတည္၏ ဟူေသာ သႆတဒိ႒ိ၊ သတၱ၀ါေသလွ်င္ တဖန္ျပန္မျဖစ္ဟု ဟူေသာ ဥေစၧဒဒိ႒ိတည္းဟူေသာ ) ေရေျမသနင္း မင္းႏွစ္ပါးတုိ႕သည္လည္းေကာင္း၊ (ကပ္ၿငိစြဲလမ္းတတ္ျခင္းဟူေသာ ) အခြန္သိမ္းအမတ္ႏွင့္ တကြ ( အာယတန တစ္ဆယ့္ႏွစ္ပါးတညး္ဟူေသာ ) တုိင္းျပည္ကိုလည္းေကာင္း သတ္ျဖတ္ဖ်တ္ဆီး၍ ရဟႏၱာပုဂၢိဳလ္သည္ ဆင္းရဲကင္းစြာ သြားေလ၏။
    Having slain mother (craving), father (self-conceit), two warrior kings( eternalism and nihilism), and destroyed a country (sense organs and sense objects) together with its treasurer (attachment and lust), ungrieving goes the holy man.
  • (တဏွာတည္းဟူေသာ ) အမိ ၊ (မာနတည္း ဟူေသာ ) အဖကို သတ္၊ (သႆတဒိ႒ိ၊  ဥေစၧဒဒိ႒ိတည္းဟူေသာ ပုဏၰား မင္းႏွစ္ေယာက္တုိ႕ကိုလည္း သစ္က်ားရဲ႐ွိသည့္ ခရီးႏွင့္တူေသာ ၀ိစိကိစၧာလွ်င္ ငါးခုေျမာက္႐ွိသည့္ နီ၀ရဏတည္းဟူေသာ ) အေႏွာက္အယွက္ကိုလည္း ပယ္ဖ်က္၍ ရဟႏၱာပုဂၢိဳလ္သည္ ဆင္းရဲကင္းစြာ သြားေလ၏။Having slain mother, father, two brahmin kings (two extreme views), and a tiger as the fifth (the five mental hindrances), ungrieving goes the holy man.
  • ေန႕ေရာညပါ အခါခပ္သိမ္း ဘုရားဂုဏ္ေတာ္ (ကိုးပါး) ကို ေအာက္ေမ့ၾကကုန္ေသာ ေဂါတမ ျမတ္စြာဘုရား တပည့္တုိ႕သည္ အခါခပ္သိမ္း ႏိုးၾကားကုန္၏။ ( တရားမွန္ကို ေကာင္းစြာ သိကုန္၏)
    Those disciples of Gotama ever awaken happily who day and night constantly practise of the Recollection of the Quanlities of the Buddha.
  • ေန႕ေရာညပါ အခါခပ္သိမ္း တရားဂုဏ္ေတာ္ (ေျခာက္ပါး)ကို ေအာက္ေမ့ၾကကုန္ေသာ ေဂါတမ ျမတ္စြာဘုရား တပည့္တုိ႕သည္ အခါခပ္သိမ္း တရားမွန္ကို သိကုန္၏။
    Those disciples of Gotama ever awaken happily who day and night constantly practise of the Qualities of the Dhamma.
  • ေန႕ေရာညပါ အခါခပ္သိမ္း သံဃဂုဏ္ေတာ္(ကိုးပါး)ကို ေအာက္ေမ့ၾကကုန္ေသာ ေဂါတမ ျမတ္စြာဘုရား တပည့္တုိ႕သည္ အခါခပ္သိမ္း တရားမွန္ကို သိကုန္၏။
    Those disciples of Gotama ever awaken happily who day and night constantly practise of the Qualities of the Sangha.
  • ေန႕ေရာညပါ အခါခပ္သိမ္း ခႏၵာကိုယ္ကို (ဆံပင္စေသာ ၃၁ မိ်ဳးတုိ႕ျဖင့္ ပိုင္းျခား၍) ႐ႈကုန္ေသာ ေဂါတမ ျမတ္စြာဘုရား တပည့္တုိ႕သည္ အခါခပ္သိမ္း တရားမွန္ကို သိကုန္၏။
    Those disciples of Gotama ever awaken happily who day and night constantly practise Mindfulness of the body.
  • ေန႕ေရာညပါ အခါခပ္သိမ္း ကရုဏာတရားပြားမ်ားျခင္း၌ ေမြ႕ေလ်ာ္ကုန္ေသာ ေဂါတမ ျမတ္စြာဘုရား တပည့္တုိ႕သည္ အခါခပ္သိမ္း တရားမွန္ကို သိကုန္၏။
    Those disciples of Gotama ever awaken happily whose minds by day and night delight in the practice of non-violence.
  • ေန႕ေရာညပါ အခါခပ္သိမ္း ေမတၱတရားပြားမ်ားျခင္း၌ ေမြ႕ေလ်ာ္ကုန္ေသာ ေဂါတမ ျမတ္စြာဘုရား တပည့္တုိ႕သည္ အခါခပ္သိမ္း တရားမွန္ကို သိကုန္၏။
    Those disciples of Gotama ever awaken happily whose minds by day and night delight in the practice of meditation.
  • သူေတာ္ေကာင္းအက်င့္ကို က်င့္ျခင္း၌ ေမြ႕ေလ်ာ္ႏုိင္ခဲ၏၊ အလုိျပည့္ႏုိင္ခဲေသာ အိမ္ရာတည္ေထာင္ လူ၏ေဘာင္၌ ေနရျခင္းသည္ ဆင္းရဲ၏၊ အလိုမတူေသာ သူႏွင့္ေပါင္းေဖာ္ေနထုိင္ရျခင္းသည္ ဆင္းရဲ၏၊ သံသရာခရီးရွည္သြားေသာသူသည္ အစဥ္ဆင္းရဲ၏၊ ထုိ႕ေၾကာင့္ သံသရာခရီးရွည္သြားေသာသူ မျဖစ္ရာ၊ ဆင္းရဲသုိ႕ အစဥ္မက်ေရာက္ရာ။
    Difficult is life as a monk; difficult is it to delight therein. Also difficult and sorrowful is household life. Suffering comes from association with unequals; suffering comes from wandering in samsara. Therefore, be not an aimless wanderer, be not a pursuer of suffering.
  • သဒၶါတရားလည္းရွိ ၊ သီလႏွင့္လည္းျပည့္စံု ၊ အျခံအရံလည္းမ်ား ၊ စည္းစိမ္ဥစၥာလည္းရွိေသာသူသည္ သြားေလရာရာ အရပ္၌ အပူေဇာ္ခံရ၏။
    He who is full of faith and virtue, and possesses good repute and wealth he respected everywhere, in whatever land he travels.
  • ဟိမ၀ႏၱာေတာင္သည္ အေ၀း၌ပင္တည္႐ွိေသာ္လည္း ထင္႐ွားေပၚလြင္သကဲ့သို႕ သူေတာ္ေကာင္းတုိ႕သည္ အေ၀း၌ပင္ ေနၾကေသာ္လည္း ထင္ရွားကုန္၏၊ ညအခါပစ္လုိက္ေသာ ျမားတုိ႕သည္ မထင္ရွားကုန္သကဲ့သုိ႕ သူယုတ္မာတုိ႕သည္ အနီး၌ ႐ွိၾကေသာ္လည္း မထင္႐ွားကုန္။
    The good shine even from afar, like the Himalayan mountain. But the wicked are unseen, like arrows shout in the night.
  • တစ္ေယာက္ထီးတည္း ေန ၊ တစ္ေယာက္ထီးတည္း အိပ္၊ တစ္ေယာက္ထီးတည္း သြားလာ၍ မပ်င္းမရိ တစ္ေယာက္ထီးတည္း မိမိကုိယ္ကို ဆံုးမေသာ သူသည္ ေတာ၌ေမြ႕ေလ်ာ္၏။
    He who sits alone, sleeps alone and walks alone, who is strenuous and subdues himself alone, will find delight in the solitude of the forest.

မေတ္တာအကြောင်း

“မေတ္တာ” ဟူသော အမည်နာမဖြင့် စေတသိက် သီးခြား မရှိချေ။ ရှေ့၌ပြခဲ့သော အဒေါသ-စေတသိက် ကိုပင် သတ္တဝါများ၏ စီးပွားချမ်းသာ လိုလားချစ်ခင်ရာ၌ “မေတ္တာ” ဟုခေါ်ဝေါ်ရပေသည်။ ထို့ကြောင့် “မှတ်ယူချစ်ငြား – မေတ္တာပွား” ဟုဆိုခဲ့လေသည်။ သို့ဖြစ်၍ တစ်ယောက်ယောက် အပေါ်ဝယ် သူ၏အကျိုးစီးပွားကို လိုလားသော (ကြီးပွားအောင် စောင့်ရှောင့်ကူညီလိုသော) ချစ်ခင်မှုကို မေတ္တာဟုမှတ်ပါ။

မေတ္တာအတု

ဆွေချစ် မျိုးချစ် သမီးခင်ပွန်းချစ်စသော အချစ်များသည် တစ်ယောက်အကျိုး တစ်ယောက်လိုလားကြ၊ ကူညီစောင့်ရှောက်လို ထောက်ပံ့လိုကြ၏။ ထိုကဲ့သို့ ချစ်နေသူအပေါ်၌ “မေတ္တာရှိသည်” ဟုလည်း ပြောဆိုကြသည်။ သို့သော် ထိုအချစ်မျိုးမှာ မေတ္တာအစစ်မဟုတ်၊ လောဘခန်း၌ ပြခဲ့သော “ဂေဟဿိတ ပေမ = အိမ်၌မှီသော အချစ်” တည်း။

ရှေးတုန်းက ဒါယကာတစ်ယောက်သည် “မေတ္တာပွားသောအခါ မည်သူကစ၍ ပွားများရပါသနည်း” ဟု သူ၏ဆရာ့အထံ လျှောက်လေရာ၊ ဆရာက “မေတ္တာအရှိဆုံးသူကစ၍ ပွားများရမည်” ဟူမိန့်သဖြင့် ညဉ့်အခါ အိပ်ခန်းအပြင်၌ ထိုင်၍ သူ၏ဇနီးကို ရည်မှန်းလျက် မေတ္တာကမ္မဋ္ဌာန်း စီးဖြန်းလေလျင် ဇနီးအပေါ်၌ ချစ်ခင်မှု တိုးလာရကာ ချက်ချင်းထ၍ ဇနီးထံသွားလေသည်။ သို့သော် အတွင်းက မင်းတုပ်ထိုးထားသဖြင့် ဝင်ခွင့်မရသောကြောင့် နံရံကို ဦးခေါင်းနဲ့ဝှေ့ကာ မေတ္တာအကျိုးကို ခံစားနေရသတဲ့။ ထိုကြောင့် ထိုအချစ်မျိုးကို “ဂေဟဿိတပေမ” ဟုမှတ်ရမည်။

နွားမကြီး၏ မေတ္တာ

ထိုတဏှာပေမျိုးဖြင့် ချစ်ခင်နေသူ၏အပေါ်မှာ “မည်သည့်အခါမျှ မေတ္တာအစစ် ကုသိုလ်စိတ်မဖြစ်နိုင်” ဟုမဆိုထိုက်ပါ။ မကြာမကြာ မေတ္တာအစစ် ကုသိုလ်ဖြစ်သောအခါလည်း ရှိနိုင်ပါသည်။ ရှေးသောအခါ မိခင်နွားမကြီးသည် မေတ္တာအစစ်ဖြင့် သားငယ်နွားကလေးကို နို့ချိုတိုက်ကျွေးနေစဉ် မုဆိုးက လှံဖြင့်ထိုးသတ်လေရာ မေတ္တာတန်ခိုးကြောင့် လှံမစူးပဲ ထန်းရွက်ကဲ့သို့ ပျော့ကျသွားလေသတဲ့။ ဤသို့ဆိုလျှင် ဆွေမျိုးဉာတိ သားအမိ ဇနီးမောင်နှံတို့၏ အတွင်းမှာလည်း အချင်းချင်း မေတ္တာအစစ်များ ဖြစ်နိုင်ကြပေသည်။

သာမာဝတီ၏ မေတ္တာ

ကောသမ္ဗီပြည် ဥတေနမင်းဝယ် သာမာဝတီ၊ မဂဏ္ဍီ၊ ဝါသုလဒတ္တဒေဝီ ဟု မိဖုရား ၃ ယောက် ရှိသည်။ သာမာဝတီသည် ရတနာသုံးပါးကို ကြည်ညို၏။ မဂဏ္ဍီကား မိဖုရားမဖြစ်ခင် အပျိုစဉ်ဘဝကပင် ဘုရားရှင်အပေါ် ရန်ငြိုးထားခဲ့သော ပုဏ္ဏေးမကလေးတည်။ ထို့ကြောင့် မာဂဏ္ဍီသည် သာမာဝတီအပေါ် အမြဲအပြစ်ရှာ၏။ သာမာဝတီကား မေတ္တာတရား အထူးပွားများနေသူဖြစ်သည်။ ဥတေနမင်းသည် မိဖုရား ၃ ယောက်တို့၏ အဆောင်ဝယ် တစ်လှည့်စီစံစားကာ စောင်းတီးဝါသနာပါသော ဘုရင်တစ်ဦးတည်း။

အခါတပါး၌ သာမာဝတီအထံ အဆောင်တော်ကူးရန် နီးလေသော် မဂပဏ္ဍီသည် သူ၏ဘထွေးထံ အဆိပ်ပြင်းသော မြွေကိုမှာ၍ အဆိပ်ကိုဖြေစေလျက် စောင်းခွက်အတွင်းသို့ သွားထားလေသည်။ ထို့နောက် အပေါက်ကို ပန်းကုံးဖြင့် ပိတ်ဆို့ထားပြီးမှ ဘုရင်ထံသွား၍ အိပ်မက်ရာမက် မကောင်းသောကြောင့် သာမာဝတီအဆောင်မကူးဖို့ရန် မိန်းမတို့ ပင်ကိုယ်ဉာဏ်ဖြင့် သံတော်ဦးတင်လေသော် ဘုရင်က ဂရုမစိုက်ဘဲ သာမာဝတီ၏ အဆောင်တော်သို့ ကူးသွားလေရာ၊ စိတ်မချသည့်ဟန်ဖြင့် နောက်က အတင်းလိုက်သွားလေသည်။

အဆောင်တော်ရောက်၍ ဆက်သသော ပွဲတော်တည်ပြီးနောက် သလွန်ပေါ်၌ လျောင်းသည့်အခါ မယောင်မလည်နှင့် သူပိတ်ဆို့ထားသော ပန်းကုံးကို နုတ်လိုက်လေသည်။ ထိုအခါ ထည့်ထားသော မြွေသည် အလွန်စိတ်ဆိုးနေရကာ ရှူးခနဲ့ ထွက်ခါ ဘုရင့်ဦးခေါင်းအနီးသို့ ရောက်လာလေသော် အလွန်ထိတ်လန့်စိုးရိမ်ဟန်ဖြင့် ရှင်ဘုရင်ကိုပြ၍ သာမာဝတီနှင့် မောင်းမတစ်စုကို ကြိမ်းမောင်းပြီးလျှင် ရှင်ဘုရင်ကိုလည်း သူ့စကားကို နားမထောင်သဖြင့် ယခုလိုဖြစ်ရသည်ဟု အပြစ်တင်လေသည်။

ဥတေနမင်းကား မာဂဏ္ဍီစီစဉ်သမျှကို လုံးဝနားမလည်ခြင်းကြောင့် လွန်စွာ ထိတ်လန့်၍ ရာဇမာန်ရှလေရကား “မင်းတို့မျက်စောင်း အကြောင်းမရွေး” တော့ဘဲ ကိုင်နေကြလေးကိုတင်ကာ သာမာဝတီတို့ အစုကို စီတန်းစေလျက် ပစ်ဖို့ရန် ကြိမ်းဝါးနေတုန်းမှာပင် သူတော်စင်ထိပ်ထားလေးက သူ၏ မောင်းမမိဿများကို ဩဝါဒ ပေးသည်မှာ “အမိတို့ … မောင်တော်မင်းမြတ်နှင့် မာဂဏ္ဍီတို့ပေါ် အနည်းငယ်မျှ စိတ်မကွက်ကြလေနဲ့နော်။ ယခုလို အခါမျိုးမှာ မေတ္တာ မှတစ်ပါး အားကိုးရာ မရှိပေဘူး။ အမိတို့ ပွားများနေကျ ဖြစ်သော မေတ္တာကိုသာ မောင်တော်နှင့် မာဂဏ္ဍီတို့ အပေါ်မှာ ကြိုးစား၍ပွားများကြပါ။”

ဤသို့ တိုက်တွန်းလေလျှင် ပင်ကိုယဉ်ကျေးပြီးသော မောင်းမများဖြစ်သည့်အတွက် နီးကပ်လာသော အသက်ဘေးကို အရေးတကြီးမစဉ်းစားပဲ မေတ္တာကိုသာပွားများကြလေသည်။ ဥတေနမင်းကာ အမျက်မပြေနိုင်သေးသဖြင့် ချိန်ရွယ်ထားသော မြားကို တစ်အားကုန်လွှတ်လိုက်လေရာ မေတ္တာတန်ခိုးကြောင့် မြားအရှိန် ရှေ့မတိုးဘဲ ပစ်သူအထံမြားပြန်၍ ခလေသာ် ဥတေနမင်း သတိရ၍ မိဖုရားခြေရင်း၌ထိုင်ကာ သည်းခံဖို့ရန် တောင်းပန်ရှာလေသည်။

ဝတ္ထုမှတ်ချက်

မာဂဏ္ဍီမှာ သာမာဝတီ၏ အပေါ်၌ ကိုယ်ထက်သာ၍ မနာလိုသော ဣဿာစိတ်၊ ပရိယာယဉာဏ်ဆင်ရသော မာယာစိတ်၊ သေစေလိုသော ဒေါသစိတ်များဖြစ်၏။ ဥတေနမင်း၌ မြွေကို မြင်ရသည်ကစ၍ ဒေါသစိတ်မွှန်ကာ မြားပြန်လာသော အခါကျမှ လွန်စွာ ကြောက်ရွံ့သော ဒေါသ ဒေါမနဿစိတ်များ ဖြစ်ရပြန်လေသည်။ မောင်းမအများနှင့်တကွ သာမာဝတီထိပ်ထားကား ရန်သူ့အပေါ်၌ပင် မေတ္တာစိတ်ထားနိုင်ပေသည်။

နည်းယူဖွယ်

ယခုကာလ သူတော်ကောင်း အမြင့်တန်းကို မှန်းထားရင်း ရှိသူများမှာလည်း သာမာဝတီ ထိပ်ထား၏ ထုံးကို နှလုံးမူသွင်းလျက် မိမိအပေါ်မှာ မတော်မတရား ဣဿာမစ္ဆရိယများကို သူများကိုအတုံ့ပြန်၍ ရန်မမူမိစေပဲ မိမိစိတ်ကိုသာ ကောင်းသည့်ထက် ကောင်းအောင်ပြုပြင်ကြပါ။ အကျိုးဆောင်ခွင့်ကြုံလာလျှင် မိမိကိုမလိုလားသူ၏ အကျိုးကိုပင် စိတ်ပါလက်ပါဆောင်လျက် အဖိုးတန်လှစွာသော မေတ္တာလက်နက်ကို အချက်ကျကျ သုံးစွဲသင့်ပါသည်။ ထိုသို့ သုံးစွဲနိုင်မှသာလျှင် ပါရမီရှင်ဟု ထင်မြင်နိုင်ပါသည်။

(မေတ္တာသည် ရေနှင့်တူ၏၊ ဒေါသသည် မီးနှင့်တူ၏၊ ရေများလေ မီးငြိမ်းလေ။ ထိုကြောင့် ဒေါသနည်းအောင် မေတ္တာတိုးပွားဖို့ ကြိုးစားသင့်ကြပါသည်။)

အရှင်ဇနကာဘိဝံသ

ကိုယ်ကျင့်အဘိဓမ္မာ (တတိယ အခန်း)

ေမတၱာအေၾကာင္း

“ေမတၱာ” ဟူေသာ အမည္နာမျဖင့္ ေစတသိက္ သီးျခား မရွိေခ်။ ေရွ႕၌ျပခဲ့ေသာ အေဒါသ-ေစတသိက္ ကိုပင္ သတၱ၀ါမ်ား၏ စီးပြားခ်မ္းသာ လိုလားခ်စ္ခင္ရာ၌ “ေမတၱာ” ဟုေခၚေ၀ၚရေပသည္။ ထို႔ေၾကာင့္ “မွတ္ယူခ်စ္ျငား – ေမတၱာပြား” ဟုဆိုခဲ့ေလသည္။ သို႔ျဖစ္၍ တစ္ေယာက္ေယာက္ အေပၚ၀ယ္ သူ၏အက်ိဳးစီးပြားကို လိုလားေသာ (ၾကီးပြားေအာင္ ေစာင့္ေရွာင့္ကူညီလိုေသာ) ခ်စ္ခင္မႈကို ေမတၱာဟုမွတ္ပါ။

ေမတၱာအတု

ေဆြခ်စ္ မ်ိဳးခ်စ္ သမီးခင္ပြန္းခ်စ္စေသာ အခ်စ္မ်ားသည္ တစ္ေယာက္အက်ိဳး တစ္ေယာက္လိုလားၾက၊ ကူညီေစာင့္ေရွာက္လို ေထာက္ပံ့လိုၾက၏။ ထိုကဲ့သို႔ ခ်စ္ေနသူအေပၚ၌ “ေမတၱာရွိသည္” ဟုလည္း ေျပာဆိုၾကသည္။ သို႔ေသာ္ ထိုအခ်စ္မ်ိဳးမွာ ေမတၱာအစစ္မဟုတ္၊ ေလာဘခန္း၌ ျပခဲ့ေသာ “ေဂဟႆိတ ေပမ = အိမ္၌မွီေသာ အခ်စ္” တည္း။

ေရွးတုန္းက ဒါယကာတစ္ေယာက္သည္ “ေမတၱာပြားေသာအခါ မည္သူကစ၍ ပြားမ်ားရပါသနည္း” ဟု သူ၏ဆရာ့အထံ ေလွ်ာက္ေလရာ၊ ဆရာက “ေမတၱာအရွိဆံုးသူကစ၍ ပြားမ်ားရမည္” ဟူမိန္႔သျဖင့္ ညဥ့္အခါ အိပ္ခန္းအျပင္၌ ထိုင္၍ သူ၏ဇနီးကို ရည္မွန္းလ်က္ ေမတၱာကမၼ႒ာန္း စီးျဖန္းေလလ်င္ ဇနီးအေပၚ၌ ခ်စ္ခင္မႈ တိုးလာရကာ ခ်က္ခ်င္းထ၍ ဇနီးထံသြားေလသည္။ သို႔ေသာ္ အတြင္းက မင္းတုပ္ထိုးထားသျဖင့္ ၀င္ခြင့္မရေသာေၾကာင့္ နံရံကို ဦးေခါင္းနဲ႔ေ၀ွ႔ကာ ေမတၱာအက်ိဳးကို ခံစားေနရသတဲ့။ ထိုေၾကာင့္ ထိုအခ်စ္မ်ိဳးကို “ေဂဟႆိတေပမ” ဟုမွတ္ရမည္။

ႏြားမၾကီး၏ ေမတၱာ

ထိုတဏွာေပမ်ိဳးျဖင့္ ခ်စ္ခင္ေနသူ၏အေပၚမွာ “မည္သည့္အခါမွ် ေမတၱာအစစ္ ကုသိုလ္စိတ္မျဖစ္ႏိုင္” ဟုမဆိုထိုက္ပါ။ မၾကာမၾကာ ေမတၱာအစစ္ ကုသိုလ္ျဖစ္ေသာအခါလည္း ရွိႏိုင္ပါသည္။ ေရွးေသာအခါ မိခင္ႏြားမၾကီးသည္ ေမတၱာအစစ္ျဖင့္ သားငယ္ႏြားကေလးကို ႏို႔ခ်ိဳတိုက္ေကၽြးေနစဥ္ မုဆိုးက လွံျဖင့္ထိုးသတ္ေလရာ ေမတၱာတန္ခိုးေၾကာင့္ လွံမစူးပဲ ထန္းရြက္ကဲ့သို႔ ေပ်ာ့က်သြားေလသတဲ့။ ဤသို႔ဆိုလွ်င္ ေဆြမ်ိဳးဉာတိ သားအမိ ဇနီးေမာင္ႏွံတို႔၏ အတြင္းမွာလည္း အခ်င္းခ်င္း ေမတၱာအစစ္မ်ား ျဖစ္ႏိုင္ၾကေပသည္။

သာမာ၀တီ၏ ေမတၱာ

ေကာသမၺီျပည္ ဥေတနမင္း၀ယ္ သာမာ၀တီ၊ မဂ႑ီ၊ ၀ါသုလဒတၱေဒ၀ီ ဟု မိဖုရား ၃ ေယာက္ ရွိသည္။ သာမာ၀တီသည္ ရတနာသံုးပါးကို ၾကည္ညိဳ၏။ မဂ႑ီကား မိဖုရားမျဖစ္ခင္ အပ်ိဳစဥ္ဘ၀ကပင္ ဘုရားရွင္အေပၚ ရန္ျငိဳးထားခဲ့ေသာ ပုေဏၰးမကေလးတည္။ ထို႔ေၾကာင့္ မာဂ႑ီသည္ သာမာ၀တီအေပၚ အျမဲအျပစ္ရွာ၏။ သာမာ၀တီကား ေမတၱာတရား အထူးပြားမ်ားေနသူျဖစ္သည္။ ဥေတနမင္းသည္ မိဖုရား ၃ ေယာက္တို႔၏ အေဆာင္၀ယ္ တစ္လွည့္စီစံစားကာ ေစာင္းတီး၀ါသနာပါေသာ ဘုရင္တစ္ဦးတည္း။

အခါတပါး၌ သာမာ၀တီအထံ အေဆာင္ေတာ္ကူးရန္ နီးေလေသာ္ မဂပ႑ီသည္ သူ၏ဘေထြးထံ အဆိပ္ျပင္းေသာ ေျမြကိုမွာ၍ အဆိပ္ကိုေျဖေစလ်က္ ေစာင္းခြက္အတြင္းသို႔ သြားထားေလသည္။ ထို႔ေနာက္ အေပါက္ကို ပန္းကံုးျဖင့္ ပိတ္ဆို႔ထားၿပီးမွ ဘုရင္ထံသြား၍ အိပ္မက္ရာမက္ မေကာင္းေသာေၾကာင့္ သာမာ၀တီအေဆာင္မကူးဖို႔ရန္ မိန္းမတို႔ ပင္ကိုယ္ဉာဏ္ျဖင့္ သံေတာ္ဦးတင္ေလေသာ္ ဘုရင္က ဂရုမစိုက္ဘဲ သာမာ၀တီ၏ အေဆာင္ေတာ္သို႔ ကူးသြားေလရာ၊ စိတ္မခ်သည့္ဟန္ျဖင့္ ေနာက္က အတင္းလိုက္သြားေလသည္။

အေဆာင္ေတာ္ေရာက္၍ ဆက္သေသာ ပြဲေတာ္တည္ၿပီးေနာက္ သလြန္ေပၚ၌ ေလ်ာင္းသည့္အခါ မေယာင္မလည္ႏွင့္ သူပိတ္ဆို႔ထားေသာ ပန္းကုံးကို ႏုတ္လိုက္ေလသည္။ ထိုအခါ ထည့္ထားေသာ ေျမြသည္ အလြန္စိတ္ဆိုးေနရကာ ရွဴးခနဲ႔ ထြက္ခါ ဘုရင့္ဦးေခါင္းအနီးသို႔ ေရာက္လာေလေသာ္ အလြန္ထိတ္လန္႔စိုးရိမ္ဟန္ျဖင့္ ရွင္ဘုရင္ကိုျပ၍ သာမာ၀တီႏွင့္ ေမာင္းမတစ္စုကို ၾကိမ္းေမာင္းၿပီးလွ်င္ ရွင္ဘုရင္ကိုလည္း သူ႕စကားကို နားမေထာင္သျဖင့္ ယခုလိုျဖစ္ရသည္ဟု အျပစ္တင္ေလသည္။

ဥေတနမင္းကား မာဂ႑ီစီစဥ္သမွ်ကို လံုး၀နားမလည္ျခင္းေၾကာင့္ လြန္စြာ ထိတ္လန္႔၍ ရာဇမာန္ရွေလရကား “မင္းတို႔မ်က္ေစာင္း အေၾကာင္းမေရြး” ေတာ့ဘဲ ကိုင္ေနၾကေလးကိုတင္ကာ သာမာ၀တီတို႔ အစုကို စီတန္းေစလ်က္ ပစ္ဖို႔ရန္ ၾကိမ္း၀ါးေနတုန္းမွာပင္ သူေတာ္စင္ထိပ္ထားေလးက သူ၏ ေမာင္းမမိႆမ်ားကို ၾသ၀ါဒ ေပးသည္မွာ “အမိတို႔ … ေမာင္ေတာ္မင္းျမတ္ႏွင့္ မာဂ႑ီတို႔ေပၚ အနည္းငယ္မွ် စိတ္မကြက္ၾကေလနဲ႔ေနာ္။ ယခုလို အခါမ်ိဳးမွာ ေမတၱာ မွတစ္ပါး အားကိုးရာ မရွိေပဘူး။ အမိတို႔ ပြားမ်ားေနက် ျဖစ္ေသာ ေမတၱာကိုသာ ေမာင္ေတာ္ႏွင့္ မာဂ႑ီတို႔ အေပၚမွာ ၾကိဳးစား၍ပြားမ်ားၾကပါ။”

ဤသို႔ တိုက္တြန္းေလလွ်င္ ပင္ကိုယဥ္ေက်းၿပီးေသာ ေမာင္းမမ်ားျဖစ္သည့္အတြက္ နီးကပ္လာေသာ အသက္ေဘးကို အေရးတၾကီးမစဥ္းစားပဲ ေမတၱာကိုသာပြားမ်ားၾကေလသည္။ ဥေတနမင္းကာ အမ်က္မေျပႏိုင္ေသးသျဖင့္ ခ်ိန္ရြယ္ထားေသာ ျမားကို တစ္အားကုန္လႊတ္လိုက္ေလရာ ေမတၱာတန္ခိုးေၾကာင့္ ျမားအရွိန္ ေရွ႕မတိုးဘဲ ပစ္သူအထံျမားျပန္၍ ခေလသာ္ ဥေတနမင္း သတိရ၍ မိဖုရားေျခရင္း၌ထိုင္ကာ သည္းခံဖို႔ရန္ ေတာင္းပန္ရွာေလသည္။

၀တၳဳမွတ္ခ်က္

မာဂ႑ီမွာ သာမာ၀တီ၏ အေပၚ၌ ကိုယ္ထက္သာ၍ မနာလိုေသာ ဣႆာစိတ္၊ ပရိယာယဉာဏ္ဆင္ရေသာ မာယာစိတ္၊ ေသေစလိုေသာ ေဒါသစိတ္မ်ားျဖစ္၏။ ဥေတနမင္း၌ ေျမြကို ျမင္ရသည္ကစ၍ ေဒါသစိတ္မႊန္ကာ ျမားျပန္လာေသာ အခါက်မွ လြန္စြာ ေၾကာက္ရြံ႕ေသာ ေဒါသ ေဒါမနႆစိတ္မ်ား ျဖစ္ရျပန္ေလသည္။ ေမာင္းမအမ်ားႏွင့္တကြ သာမာ၀တီထိပ္ထားကား ရန္သူ႔အေပၚ၌ပင္ ေမတၱာစိတ္ထားႏိုင္ေပသည္။

နည္းယူဖြယ္

ယခုကာလ သူေတာ္ေကာင္း အျမင့္တန္းကို မွန္းထားရင္း ရွိသူမ်ားမွာလည္း သာမာ၀တီ ထိပ္ထား၏ ထံုးကို ႏွလံုးမူသြင္းလ်က္ မိမိအေပၚမွာ မေတာ္မတရား ဣႆာမစၦရိယမ်ားကို သူမ်ားကုိအတံု႔ျပန္၍ ရန္မမူမိေစပဲ မိမိစိတ္ကိုသာ ေကာင္းသည့္ထက္ ေကာင္းေအာင္ျပဳျပင္ၾကပါ။ အက်ိဳးေဆာင္ခြင့္ၾကံဳလာလွ်င္ မိမိကိုမလိုလားသူ၏ အက်ိဳးကိုပင္ စိတ္ပါလက္ပါေဆာင္လ်က္ အဖိုးတန္လွစြာေသာ ေမတၱာလက္နက္ကို အခ်က္က်က် သံုးစြဲသင့္ပါသည္။ ထိုသို႔ သံုးစြဲႏိုင္မွသာလွ်င္ ပါရမီရွင္ဟု ထင္ျမင္ႏိုင္ပါသည္။

(ေမတၱာသည္ ေရႏွင့္တူ၏၊ ေဒါသသည္ မီးႏွင့္တူ၏၊ ေရမ်ားေလ မီးျငိမ္းေလ။ ထိုေၾကာင့္ ေဒါသနည္းေအာင္ ေမတၱာတိုးပြားဖို႔ ၾကိဳးစားသင့္ၾကပါသည္။)

အရွင္ဇနကာဘိ၀ံသ

ကိုယ္က်င့္အဘိဓမၼာ (တတိယ အခန္း)

လူမိုက်

  • နိုးကြား (အိပ်မပျော်) သော သူအတွက် ညတာရှည်၏၊ခရီးပန်းသော သူအတွက် ယူဇနာ ခရီးသည် ရှည်၏၊သူတော်ကောင်းတရားကို မသိကုန်သော လူမိုက်တို့အတွက် သံသရာသည် ရှည်၏။
    Long is the night to the sleepless; long is the league to the weary. Long is worldly existence to fools who know not the Sublime Truth.
  • သူတော်ကောင်းတရားကျင့်ရန် မိတ်ဆွေကောင်းကို ရှာသောသူသည် မိမိထက် သီလ၊ သမာဓိ၊ ပညာ သာလွန်သော သူကိုလည်းကောင်း ၊ မိမိနှင့်ဂုဏ်ရည်တူဖြစ်သော သူကိုလည်းကောင်း မရနိုင်ခဲ့မူ တစ်ယောက်တည်းသာ ကောင်းစွာကျင့်ရာ၏၊ သူမိုက်နှင့် မပေါင်းဖော်ရာ။
    Should a seeker not find a companion who is better or equal, let him resolutely pursue a solitary course; there is no fellowship with the fool.
  • ငါ့မှာ သားသမီးတွေ ရှိ၏၊ ပစည်းဥစ္စာတွေ ရှိ၏ ဟု (သားသမီးပစ္စည်းဥစ္စာတို့ကို တွယ်တာ၍ မမြဲခြင်းသဘောတရားကို သတိမထားသော) သူမိုက်သည် စိုးရိမ်ပူပန်၏၊ (ထိုသို့ပင် စိုးရိမ်ပူပန်သော်လည်း အိုခြင်း ၊ နာခြင်း နှိပ်စက်၍ သေရမည့်အခါ ) မိမိပင်သော်လည်း မိမိအတွက် အားထားရာမဖြစ်နိုင်၊ သားသမီးပစ္စည်း ဥစ္စာတို့သည် အဘယ်မှာ အားထားမှီခိုရာ ဖြစ်နိုင်ကုန်အံ့နည်း။
    The fool worries, thinking, “I have sons, I have wealth.” Indeed, when he himself is not his own, whence are sons, whence is wealth?
  • လူမိုက်ပင်ဖြစ်သော်လည်း မိမိမိုက်ကြောင်း သိသောသူသည် ဤကဲ့သို့ အမှန်သိတတ်သဖြင့် ပညာရှိမည်၏၊ လူမိုက်ဖြစ်လျက် မိမိကိုယ်ကို ပညာရှိဟု မှတ်ထင်သော သူကို မိမိမိုက်ကြောင်းကိုမျှ မသိတတ်သဖြင့် တကယ့်ပညာမဲ့ လူမိုက်ဟု ခေါ်၏။
    A fool who knows his foolishness is wise at least to that extent, but a fool who thinks himself wise is called a fool indeed.
  • ဟင်းမွှေသောယောက်မသည် ကာလကြာမြင့်စွာ ဟင်းကိုမွှေသော်လည်း အပေ့ါ အငန် အဖန် အခါး စသော ဟင်၏အရသာကို မသိသကဲ့သို့ ၊ သူမိုက်သည် အသက်ရှည်သမျှကာလပတ်လုံး ပညာရှိနှင့် အတူရှိနေ၍ ဆည်းကပ်ငြားသော်လည်း သူတော်ကောင်း တရားကို မသိလေ။
    Though all his life a fool associates with a wise man, he no more comprehends the Truth than a spoon tastes the flavour of the soup.
  • လျှာသည် ချို၊ ချဉ်၊ ဖန်၊ အငန်၊ အပေါ့ စသော ဟင်း၏အရသာကို သိသကဲ့သို့၊ အလိမ္မာဉာဏ်ရှိသော သူသည် တစ်ဏမျှပင် ပညာရှိကို ဆည်းကပ်ရမူ လျင်မြန်စွာ သူတော်ကောင်းတရားကို သိလေ၏။
    Though only for a moment a discerning person associates with a wise man, quickly he cojmprehends the Truth, just as the tongue tastes the flavour of the soup.
  • ပစ္စုပ္ပန် တမလွန် နှစ်တန်သော ဘဝတို့၌ ကျိုးကြောင်းမမြင် အဆင်ခြင် ဉာဏ်ပညာမရှိကြကုန်သော လူမိုက်တို့သည် မိမိကိုယ်ကို မိမိ၏ ရန်သူကဲ့သို့ ပြုလုပ်ကာ မခံမရပ်နိုင်အောင် ထက်မြက်သည့်အကျိုးကိုပေးတတ်သော မကောင်းမှုကိုပြုလျက် လှည့်လည်နေထိုင်ကြ၏။
    Fools of little wit are enemies unto themselves as they move about doing evil deeds, the fruits of which are bitter.
  • အမှုတစ်ခုကို ပြုလုပ်သည့်အတွက် နောင်တတစ်ဖန်ပူပန်ရတတ်၊ မျက်ရည်စက်လက်ငိုကြွေးလျက် ဆင်းရဲခံရတတ်လျှင် ထိုအမှုသည် မကောင်း။
    Ill done is that action doing which one repents later, and the fruit of which one, weeping , reaps with tears.
  • အမှုတစ်ခုကို ပြုလုပ်သည့်အတွက် နောင်တတစ်ဖန်ပူပန်ခြင်းမဖြစ်ရဘဲ ၊ နှစ်သက်ဝမ်းမြောက်စွာ ကောင်းကျိုးချမ်းသာကို ခံစားရလျှင် ထိုအမှုသည် ကောင်း၏။
    Well done is that action doing which one repents not later, and the fruit of which one reaps with delight and happiness.
    သူမိုက်သည် မိမိပြုသော မကောင်းမှု အကျိုးမပေးသမျှကာလပတ်လုံး မကောင်းမှုကို နှစ်သက်ဝမ်းမြောက်စွာ ပျားသကာကဲ့သို့ထင်မှတ်၏၊ သူ၏မကောင်းမှု အကျိုးပေးသောအခါ  ထိုလူမိုက်သည် ဆင်းရဲဒုက္ခသို့ ရောက်လေ၏။
    So long as an evil deed has not ripened, the fool thinks it as sweet as honey. But when the evil deed ripens, the fool comes to grief.
  • လူမိုက်သည် ခြိုးခြံသော အကျင့်ကို ကျင့်အံ့ဟု လ တိုင်း လ တိုင်း သမန်းမြတ်များဖြင့်သာလျှင် အစာကို ခြိုးခြံ၍စား၏။ ဤကဲ့သို့ ခြိုးခြံသော အကျင့်ကို အနှစ်တစ်ရာပတ်လုံး ကျင့်သော်လည်း၊ ထိုသူမိုက်သည် သူတော်ကောင်းတရားကို ပိုင်းခြား၍သိကုန်သော သူတို့၏ တစ်ဆယ့်ခြောက်စိပ် တစ်စိပ်ကိုမျှ မမီနိုင်လေ။Month after month a fool may eat his food with tip of a blade of grass, but he still is not worth a sixteenth part of those who have comprehended the Truth.
  • ညှစ်ပြီးစသော နို့ရည်သည် ရုတ်တရက် နို့ဓါန်းစသောအဖြစ်သို့ မပြောင်းသေးဘဲ ပြုသစ်စဖြစ်သော မကောင်းမှုသည် တဖြည်းဖြည်း အကျိုးပေးလေ၏၊ အကျိုးပေးသောအခါ ပြာဖုံးနေသော မီးကဲ့သို့ ထိုသူမိုက်တို့ကို လောင်၍ အစဉ်လိုက်လေ၏။
    Truly, an evil deed committed does not immediately bears fruit, like milk that does not turn sour all at once. But smouldering , it follows the fool like fire covered by ashes.
  • လူမိုက်မှာရှိသော အတတ်ပညာသည် ထိုလူမိုက်၏ အကျိုးမဲ့ ပျက်စီးရန်အတွက်သာ ဖြစ်၏၊ ထိုလူမိုက်၏ ဖြူစင်သော ကောင်းမှုအဖို့ကို ဖျက်ဆီးတတ်၏၊ ထိုလူမိုက်၏ ပညာတည်းဟူသော ဦးထိပ်ကိုပြတ်၍ ကျစေတတ်၏။
    To his own ruin the fool gains knowledge, for it cleaves his head and destroys his innate goodness.
  • မလိမ္မာသောရဟန်းသည် ရဟန်းတို့၏အလယ်၌ မိမိတွင် မထင်မရှားရှိသော ဂုဏ်ဖြင့် ချီးမွမ်းခြင်းကိုလည်းကောင်း ၊ ခြံရံလျက် မိမိအား ရှေ့ဆောင်ပြုခြင်းကိုလည်းကောင်း ၊ ကျောင်းတို့၌ အစိုးရခြင်းကိုလည်းကောင်း ၊ ဆွေမျိုးမဟုတ် ဒကာ ဒကာမတို့၏ ပစ္စည်းလေးပါးတို့ဖြင့် ပူဇော်ခြင်းကိုလည်းကောင်း အလိုရှိ၏။
    The fool seeks undeserved reputation, precedence among monks, authority over monasteries, and honour among householders.
  • ငါ့ကြောင့် အမှုခပ်သိမ်းပြီး၏ ဟု ရဟန်းရှင်လူအပေါင်းတို့ မှတ်ယူကြစေကုန်သတည်း ၊ ရဟန်းရှင်လူအပေါင်းတို့သည် ငါ၏ အလိုသို့ လိုက်ကြစေကုန်သတည်း၊ အမှုကြီးငယ်ကို ဆောင်ရွက်သောအခါ၌လည်း ငါ၏အလိုသို့ လိုက်ကြစေကုန်သတည်း ဟု မလိမ္မာသော ရဟန်းမှာ ဤသို့သော အကြံအစည်မျိုး ၊ အလိုရမ္မက်မျိုး ၊ မာနမျိုးသည် ပွားလေ၏။
    “Let both laymen and monks think that it was done by me. In every work, great and small, let them follow me” – such is the ambition of the fool; thus his desire and pride increase.
  • လာဘ်ရကြောင်းဖြစ်သော အကျင့်သည် တစ်ပါး ၊ နိဗ္ဗာန်ရောက်ကြောင်းဖြစ်သော အကျင့်သည် တခြား၊ ဤသို့ အကျင့်နှစ်ပါးခြားနားကြောင်းကို ကောင်းစွာသိ၍ ဘုရားတပည့်သားဖြစ်သော ရဟန်းသည် လာဘ်ပူဇော်သကာကို မနှစ်သက် ၊ မတောင့်တရာ ၊ တစ်ကိုယ်တည်းနေခြင်းတည်းဟူသော ကာယ ဝိဝေက ၊ သမာပတ်ရှစ်ပါးတည်းဟူသော စိတ္တဝိဝေက ၊ နိဗ္ဗာန်တည်းဟူသော ဥပဓိဝိဝေကကို အစဉ်ပွားစေရာ၏။
    One is the quest for worldly gain, and quite another is the path to Nibbana. Clearly understanding this, let not the monk, the disciple of the Buddha, be carried away by worldly acclaim, but develop detachment instead.

လူမိုက္

  • ႏိုးၾကား (အိပ္မေပ်ာ္) ေသာ သူအတြက္ ညတာရွည္၏၊ခရီးပန္းေသာ သူအတြက္ ယူဇနာ ခရီးသည္ ရွည္၏၊သူေတာ္ေကာင္းတရားကို မသိကုန္ေသာ လူမုိက္တုိ႕အတြက္ သံသရာသည္ ရွည္၏။
    Long is the night to the sleepless; long is the league to the weary. Long is worldly existence to fools who know not the Sublime Truth.
  • သူေတာ္ေကာင္းတရားက်င့္ရန္ မိတ္ေဆြေကာင္းကို ရွာေသာသူသည္ မိမိထက္ သီလ၊ သမာဓိ၊ ပညာ သာလြန္ေသာ သူကိုလည္းေကာင္း ၊ မိမိႏွင့္ဂုဏ္ရည္တူျဖစ္ေသာ သူကိုလည္းေကာင္း မရႏိုင္ခဲ့မူ တစ္ေယာက္တည္းသာ ေကာင္းစြာက်င့္ရာ၏၊ သူမိုက္ႏွင့္ မေပါင္းေဖာ္ရာ။
    Should a seeker not find a companion who is better or equal, let him resolutely pursue a solitary course; there is no fellowship with the fool.
  • ငါ့မွာ သားသမီးေတြ ရွိ၏၊ ပစည္းဥစၥာေတြ ရွိ၏ ဟု (သားသမီးပစၥည္းဥစၥာတုိ႕ကို တြယ္တာ၍ မျမဲျခင္းသေဘာတရားကို သတိမထားေသာ) သူမိုက္သည္ စုိးရိမ္ပူပန္၏၊ (ထိုသို႕ပင္ စိုးရိမ္ပူပန္ေသာ္လည္း အိုျခင္း ၊ နာျခင္း ႏွိပ္စက္၍ ေသရမည့္အခါ ) မိမိပင္ေသာ္လည္း မိမိအတြက္ အားထားရာမျဖစ္ႏိုင္၊ သားသမီးပစၥည္း ဥစၥာတုိ႕သည္ အဘယ္မွာ အားထားမွီခိုရာ ျဖစ္ႏိုင္ကုန္အံ့နည္း။
    The fool worries, thinking, “I have sons, I have wealth.” Indeed, when he himself is not his own, whence are sons, whence is wealth?
  • လူမိုက္ပင္ျဖစ္ေသာ္လည္း မိမိမိုက္ေၾကာင္း သိေသာသူသည္ ဤကဲ့သို႕ အမွန္သိတတ္သျဖင့္ ပညာရွိမည္၏၊ လူမိုက္ျဖစ္လ်က္ မိမိကိုယ္ကို ပညာရွိဟု မွတ္ထင္ေသာ သူကို မိမိမိုက္ေၾကာင္းကုိမွ် မသိတတ္သျဖင့္ တကယ့္ပညာမဲ့ လူမိုက္ဟု ေခၚ၏။
    A fool who knows his foolishness is wise at least to that extent, but a fool who thinks himself wise is called a fool indeed.
  • ဟင္းေမႊေသာေယာက္မသည္ ကာလၾကာျမင့္စြာ ဟင္းကိုေမႊေသာ္လည္း အေပ့ါ အငန္ အဖန္ အခါး စေသာ ဟင္၏အရသာကို မသိသကဲ့သုိ႕ ၊ သူမုိက္သည္ အသက္ရွည္သမွ်ကာလပတ္လံုး ပညာရွိႏွင့္ အတူရွိေန၍ ဆည္းကပ္ျငားေသာ္လည္း သူေတာ္ေကာင္း တရားကို မသိေလ။
    Though all his life a fool associates with a wise man, he no more comprehends the Truth than a spoon tastes the flavour of the soup.
  • လွ်ာသည္ ခ်ိဳ၊ ခ်ဥ္၊ ဖန္၊ အငန္၊ အေပါ့ စေသာ ဟင္း၏အရသာကို သိသကဲ့သုိ႕၊ အလိမၼာဉာဏ္ရွိေသာ သူသည္ တစ္ဏမွ်ပင္ ပညာရွိကို ဆည္းကပ္ရမူ လ်င္ျမန္စြာ သူေတာ္ေကာင္းတရားကို သိေလ၏။
    Though only for a moment a discerning person associates with a wise man, quickly he cojmprehends the Truth, just as the tongue tastes the flavour of the soup.
  • ပစၥဳပၸန္ တမလြန္ ႏွစ္တန္ေသာ ဘ၀တုိ႕၌ က်ိဳးေၾကာင္းမျမင္ အဆင္ျခင္ ဥာဏ္ပညာမရွိၾကကုန္ေသာ လူမိုက္တုိ႕သည္ မိမိကိုယ္ကို မိမိ၏ ရန္သူကဲ့သုိ႕ ျပဳလုပ္ကာ မခံမရပ္ႏိုင္ေအာင္ ထက္ျမက္သည္႕အက်ိဳးကိုေပးတတ္ေသာ မေကာင္းမႈကိုျပဳလ်က္ လွည္႕လည္ေနထုိင္ၾက၏။
    Fools of little wit are enemies unto themselves as they move about doing evil deeds, the fruits of which are bitter.
  • အမႈတစ္ခုကို ျပဳလုပ္သည့္အတြက္ ေနာင္တတစ္ဖန္ပူပန္ရတတ္၊ မ်က္ရည္စက္လက္ငိုေၾကြးလ်က္ ဆင္းရဲခံရတတ္လွ်င္ ထုိအမႈသည္ မေကာင္း။
    Ill done is that action doing which one repents later, and the fruit of which one, weeping , reaps with tears.
  • အမႈတစ္ခုကို ျပဳလုပ္သည္႕အတြက္ ေနာင္တတစ္ဖန္ပူပန္ျခင္းမျဖစ္ရဘဲ ၊ ႏွစ္သက္၀မ္းေျမာက္စြာ ေကာင္းက်ိဳးခ်မ္းသာကို ခံစားရလွ်င္ ထိုအမႈသည္ ေကာင္း၏။
    Well done is that action doing which one repents not later, and the fruit of which one reaps with delight and happiness.
    သူမုိက္သည္ မိမိျပဳေသာ မေကာင္းမႈ အက်ိဳးမေပးသမွ်ကာလပတ္လံုး မေကာင္းမႈကို ႏွစ္သက္၀မ္းေျမာက္စြာ ပ်ားသကာကဲ့သုိ႕ထင္မွတ္၏၊ သူ၏မေကာင္းမႈ အက်ိဳးေပးေသာအခါ  ထိုလူမိုက္သည္ ဆင္းရဲဒုကၡသို႕ ေရာက္ေလ၏။
    So long as an evil deed has not ripened, the fool thinks it as sweet as honey. But when the evil deed ripens, the fool comes to grief.
  • လူမိုက္သည္ ျခိဳးျခံေသာ အက်င့္ကို က်င့္အံ့ဟု လ တုိင္း လ တိုင္း သမန္းျမတ္မ်ားျဖင့္သာလွ်င္ အစာကို ျခိဳးျခံ၍စား၏။ ဤကဲ့သုိ႕ ျခိဳးျခံေသာ အက်င့္ကို အႏွစ္တစ္ရာပတ္လံုး က်င့္ေသာ္လည္း၊ ထိုသူမိုက္သည္ သူေတာ္ေကာင္းတရားကို ပိုင္းျခား၍သိကုန္ေသာ သူတုိ႕၏ တစ္ဆယ့္ေျခာက္စိပ္ တစ္စိပ္ကိုမွ် မမီႏိုင္ေလ။Month after month a fool may eat his food with tip of a blade of grass, but he still is not worth a sixteenth part of those who have comprehended the Truth.
  • ညွစ္ျပီးစေသာ ႏို႕ရည္သည္ ရုတ္တရက္ ႏို႕ဓါန္းစေသာအျဖစ္သို႕ မေျပာင္းေသးဘဲ ျပဳသစ္စျဖစ္ေသာ မေကာင္းမႈသည္ တျဖည္းျဖည္း အက်ိဳးေပးေလ၏၊ အက်ိဳးေပးေသာအခါ ျပာဖံုးေနေသာ မီးကဲ့သုိ႕ ထိုသူမိုက္တုိ႕ကို ေလာင္၍ အစဥ္လုိက္ေလ၏။
    Truly, an evil deed committed does not immediately bears fruit, like milk that does not turn sour all at once. But smouldering , it follows the fool like fire covered by ashes.
  • လူမိုက္မွာရွိေသာ အတတ္ပညာသည္ ထိုလူမိုက္၏ အက်ိဳးမဲ့ ပ်က္စီးရန္အတြက္သာ ျဖစ္၏၊ ထုိလူမိုက္၏ ျဖဴစင္ေသာ ေကာင္းမႈအဖုိ႕ကို ဖ်က္ဆီးတတ္၏၊ ထုိလူမိုက္၏ ပညာတည္းဟူေသာ ဦးထိပ္ကိုျပတ္၍ က်ေစတတ္၏။
    To his own ruin the fool gains knowledge, for it cleaves his head and destroys his innate goodness.
  • မလိမၼာေသာရဟန္းသည္ ရဟန္းတုိ႕၏အလယ္၌ မိမိတြင္ မထင္မရွားရွိေသာ ဂုဏ္ျဖင့္ ခ်ီးမြမ္းျခင္းကိုလည္းေကာင္း ၊ ျခံရံလ်က္ မိမိအား ေရွ႕ေဆာင္ျပဳျခင္းကိုလည္းေကာင္း ၊ ေက်ာင္းတုိ႕၌ အစိုးရျခင္းကိုလည္းေကာင္း ၊ ေဆြမ်ိဳးမဟုတ္ ဒကာ ဒကာမတုိ႕၏ ပစၥည္းေလးပါးတုိ႕ျဖင့္ ပူေဇာ္ျခင္းကိုလည္းေကာင္း အလုိရွိ၏။
    The fool seeks undeserved reputation, precedence among monks, authority over monasteries, and honour among householders.
  • ငါ့ေၾကာင့္ အမႈခပ္သိမ္းျပီး၏ ဟု ရဟန္းရွင္လူအေပါင္းတုိ႕ မွတ္ယူၾကေစကုန္သတည္း ၊ ရဟန္းရွင္လူအေပါင္းတုိ႕သည္ ငါ၏ အလိုသုိ႕ လုိက္ၾကေစကုန္သတည္း၊ အမႈၾကီးငယ္ကို ေဆာင္ရြက္ေသာအခါ၌လည္း ငါ၏အလုိသုိ႕ လိုက္ၾကေစကုန္သတည္း ဟု မလိမၼာေသာ ရဟန္းမွာ ဤသုိ႕ေသာ အၾကံအစည္မ်ိဳး ၊ အလိုရမၼက္မ်ိဳး ၊ မာနမ်ိဳးသည္ ပြားေလ၏။
    “Let both laymen and monks think that it was done by me. In every work, great and small, let them follow me” – such is the ambition of the fool; thus his desire and pride increase.
  • လာဘ္ရေၾကာင္းျဖစ္ေသာ အက်င့္သည္ တစ္ပါး ၊ နိဗၺာန္ေရာက္ေၾကာင္းျဖစ္ေသာ အက်င့္သည္ တျခား၊ ဤသုိ႕ အက်င့္ႏွစ္ပါးျခားနားေၾကာင္းကို ေကာင္းစြာသိ၍ ဘုရားတပည့္သားျဖစ္ေသာ ရဟန္းသည္ လာဘ္ပူေဇာ္သကာကို မႏွစ္သက္ ၊ မေတာင့္တရာ ၊ တစ္ကိုယ္တည္းေနျခင္းတည္းဟူေသာ ကာယ ၀ိေ၀က ၊ သမာပတ္ရွစ္ပါးတည္းဟူေသာ စိတၱ၀ိေ၀က ၊ နိဗၺာန္တည္းဟူေသာ ဥပဓိ၀ိေ၀ကကို အစဥ္ပြားေစရာ၏။
    One is the quest for worldly gain, and quite another is the path to Nibbana. Clearly understanding this, let not the monk, the disciple of the Buddha, be carried away by worldly acclaim, but develop detachment instead.

အသိနှင့် ကိုယ်ကျင့်

အသိသည် အသိသာ၊ ကိုယ်ကျင့်မဟုတ်၊ သိတိုင်းမကျင့်လျှင် သိနေရုံဖြင့် အကျိုးမရ။ ကျမ်းစာတို့သည် သိအောင်သာ ညွှန်ပြနိုင်၏။ ကျင့်၍ မပေးနိုင်ကြ။ ယခုကာလ စာပေလိုက်စားသူ၊ အဆုံးအမ များများ ခံရသူတို့သည် အသိမနည်းလှချေ။ သို့သော် ထိုသိသူများတွင် အထိုက်အလျှောက် စောင့်စည်းသူ သတိထားသူကား အလွန်နည်းပါးလှ၏။ ထိုကဲ့သို့ လူစားတွေပေါများနေသော ဤလောကကြီးဝယ် လူကောင်းသူကောင်းများပင် စိတ်ထားကောင်းထားဖို့ ခက်ယဉ်းလေတော့သည်။

မှန်၏ – ဒါနပြုရာမှာပင် ပကာသနဒါနတွေ ပေါများရကာ ဒါနစစ်စစ် ပြုလုပ်လိုပါလျက် ပတ်ဝန်းကျင် အခြေအနေကြောင့် မိမိလည်း ပကာသနဒါနကိုသာ ပြုရသဖြင့် သူတောင်ကောင်းစစ်စစ်တို့၏ သွားရာလမ်းကြောင်းဖြစ်သော ဒါနပါရမီလမ်းကို ဖြောင့်တန်းအောင် မလိုက်နိုင်တော့။ ထိုပကာသနဒါနပြုသူများလည်း အကျိုးမရသောကြောင့် (ရသော်လည်း အကျိုးနည်း) ကိုသိကြ၏။ သို့သော် ဂုဏ်ပကာသန ကိုမက်သော တဏှာ၏ စနက်ကြောင့် သိပါလျက်နဲ့ မသိသူတို့၏ အလုပ်ကိုပင် လုပ်ကြရလေတော့သည်။

ကျားငစဉ်းလဲ အကြောင်း

ဟိတောပဒေသ၌ ကျားအိုကြီး စဉ်းလဲပုံကို ပုံဝတ္ထုလုပ်၍ ပြထားသည်မှာ အသိနှင့်ကိုယ်ကျင့် တခြားဆီဖြစ်၍ နေကြောင်းကို ထင်ရှားစေတော့သည်။ ကျားကြီးကား အတော်အိုပြီ။ ရှေးကလို သားကောင်များကို လျင်လျင်မြန်မြန် မဖမ်းနိုင်တော့ချေ။ သို့ဖြစ်၍ တနေ့သ၌ တောသွားတောလာ တို့ ကြားလောက်အောင် ဟစ်အော်သည်မှာ- “ အို- အိုခရီးသွားတို့ ဤရွှေလက်ကောက်ကို ယူလှည့်ပါကုန်” ထိုစကားကို ခရီးသွားတစ်ယောက်ကြား၍ အနားလာပြီးလျှင် ”ဘယ်မှာလဲ ရွှေလက်ကောက်” မေးသဖြင့် ကျားအိုကြီးက လက်ကိုဖြန့်၍ ရွှေလက်ကောက် ကို ပြလေသောအခါ ထိုခရီးသည်က “သူတပါးအသက်ကို သတ်ဖြတ်စားသောက်လေ့ရှိသော အသင်၏အနား၌ ဘယ်နှယ့်လုပ်ပီး အကျွမ်းတဝင် ယူငင်ဝံ့ပါမည်လဲ” ဟုပြောလေသော် ကျားကြီးက ပြောသည်မှာ “ကျွန်ုပ်ငယ်ရွယ်စဉ်က တရားကို နားမလည်၍ သူများကို သတ်ဖြတ်ခဲ့သည်။ ထိုသို့ သူများကို သတ်မိခဲ့၍ ကာလဝိပါတ် နောက်ပိုးတက် သဖြင့် ကျွန်ု သားသမီးနှင့် မယားလည်းဆုံးလို့ သံဝေဂ ဖြစ်နေတုန်းမှာ သူတော်စင်နှင့် တွေ့၍ “ယနေ့ကစပြီး အလှူဒါနပြုလျက် တရားကျင့်လော့” ဟု ဩဝါဒ ပေးခဲ့သောကြောင့် ထိုဩဝါဒအတိုင်း လိုက်နာနေထိုင်သူ ဖြစ်ပါတယ်။ ကျွန်ုပ်ရဲ့ လက်သည်းခြေသည်းနှင့် သွားများလည်း လျှောကျကုန်ပြီဖြစ်၍ အဘယ်မှာ ကြောက်ရွံ့စရာ ရှိပါတော့မည်လဲ။ ကျွန်ုပ်မှာ လောဘဆိုလို့ အလွန်နည်းပါးနေပါပြီ။ ကျွန်ုပ်၏ လက်မှာရှိနေသော ဤရွှေလက်ကောက်ကို တစ်စုံတစ်ယောက်အား ပေးချင်နေတာကိုကြည့်ပါတော့။ သည်တော့ကာ ကျွန်ုပ်က ဘယ်မှာ သင့်ကို သတ်ဖြတ်တော့မည်လဲ။ ကျွန်ုပ်ကြားဖူးသော တရားစုမှာလည်း “သူများမယားကို ကိုယ်၏မိခင်လို သဘောထား၍ သူများ ဥစ္စာကို ကျောက်ခဲသလဲများလို သဘောထားပြီးလျှင် သတ္တဝါဟူသမျှကို ကိုယ်နှင့်မခြားအောင် စိတ်ထားနိုင်မှ ပညာရှိသူတော်ကောင်း” ဟုမိန့်ဆိုချက်ရှိလေတော့ ကျွန်ုပ်လို တရားသိ သူတော်ကောင်း တစ်ယောက်က အဘယ်မှာ သူ့အသက်ကို သတ်ရက်တော့မှာလဲ။ သို့ဖြစ်၍ ဤရေအိုင်မှာ ရေဆင်းချိုးပြီး စင်စင်ကြယ်ကြယ်နှင့် ကျွန်ုပ် လက်ကောက်ကို အလှူခံပါ” ဟုပြောလေသော် – ထိုစကားကို ယုံကြည့်မိသော ခရီးသွားသည် ရေချိူရန် ဆင်းလျင်ဆင်းခြင်း ညွှန်၌ ကျွံလေ၏။ ထိုအခါ သူတော်စင်ကျားကြီးက “ ဟား..ဟား… ညွှန်ထဲ နစ်နေသကိုး ကျွန်ုပ် ဆယ်ပါ့မယ်” ဟုပြောပြောဆိုဆို အနားကပ်ကာ သတ်စားလေသည်။

ဤပုံဝတ္ထုကို ထောက်၍ အသိသည် အသိမျှသာဖြစ်ကြောင်း သိသလောက် ကိုယ်ကျင့်တရားမရှိလျှင် ကျကျနန ယုတ္တိယုတ္တာနှင့် စဉ်းလဲတတ်သဖြင့် မသိ၍ဆိုးရွားနေသူတို့ထက်ပင် ကြောက်ဖွယ် ကောင်းကြောင်း နားလည်ကာ ဤကျမ်းစားရှုသူတို့မှာ သိရုံနှင့် မပြီးကြပဲ သိသည့်အတိုင်း ကိုယ်ကျင့်ကောင်းသူချည်း ဖြစ်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလျက် ထပ်လောင်း၍ သတိပေးရပါသတည်း။

အရှင်ဇနကာဘိဝံသ

ကိုယ်ကျင့်အဘိဓမ္မာ (ဧကဒဿမ အခန်း)

%d bloggers like this: