ဗုဒ္ဓဘာသာဆိုတာ ဘာကိုခေါ်ပါသလဲဘုရား။

ဗုဒ္ဓဘာသာဆိုတာ ဘာကိုခေါ်ပါသလဲဘုရား။

“ဆရာတော်ဘုရား၊ ဗုဒ္ဓဘာသာဆိုတာ ဘာကိုခေါ်ပါသလဲဘုရား၊ ဘာသာခြားတစ်ဦးဦးက မေးလာလျှင် မည်သို့ ဖြေရမှာပါလဲဘုရား တိုတိုရှင်းရှင်းနဲ့ နားလည်အောင် ပြန်ပြောပြနိုင်အောင် ဖြေဆိုတော်မူပါဘုရား၊ ဆရာတော်ဘုရားကို ဆရာလုပ်တာ မဟုတ်ပါဘုရား၊ အချို့က ဗုဒ္ဓဘာသာဆိုတာ –

(၁) ကံ၊ ကံရဲ့ အကျိုးကို ယုံကြည်ရမယ်၊
(၂) အတိတ်ဘဝ ရှိတယ်လို့ ယုံကြည်ရမယ်၊
(၃) ဘဝရဲ့ ချုပ်ငြိမ်းရာ နိဗ္ဗာန် ရှိတယ်လို့ ယုံကြည်ရမယ်
– လို့ အမိန့်ရှိပါတယ်။”

“အချို့က ‘ဗုဒ္ဓဘာသာ’ ဆိုတာ ဗုဒ္ဓဆိုတာ ဘုရား၊ ဘာသာဆိုတာ အယူဝါဒ၊ ဘုရားရဲ့ အယူဝါဒလို့ ဖြေဆိုကြပါတယ်ဘုရား။”

“အချို့ကလည်း သာသနာဆိုတာ အဆုံးအမ၊ ဘုရားရဲ့ အဆုံးအမ၊ သာသနာကို ဗုဒ္ဓဘာသာခေါ်ကြောင်း ပြောကြပါတယ်ဘုရား၊ တပည့်တော်က ဗုဒ္ဓဘာသာ သာသနာကို အသေးစိတ် သေသေချာချာ သိချင်နေပါတယ်ဘုရား။ ဆရာတော်ဘုရား ဖြေကြားပေးပါဘုရား”

“အံမလေး၊ အမေးသာပြောရတယ်၊ အဖြေတွေကလည်း စုံလို့ပါလား၊ ဘုန်းကြီးက ဘယ်လိုဖြေရမှန်းတောင် မသိတော့ပါဘူး”

“ဆရာတော်က တပည့်တော်နားလည်အောင် ဖြေပါဘုရား၊ အဲဒီအဖြေတွေကို စိတ်တိုင်းမကျလို့ ဆရာတော်ဘုရားကို ထပ်မံမေးလျှောက်ခြင်းပါဘုရား”

“အင်း … ဘုန်းကြီးဖြေမှ ပိုရှုပ်ကုန်ရင် ခက်မယ်။”

“ဆရာတော်ဘုရား ဖြေရင် ရှင်းမယ်လို့ ထင်ပါတယ်၊ ဖြေပေးပါဘုရား။”

“အင်း … ဖြေရမယ်ဆိုရင် ဘုန်းကြီးက ဗုဒ္ဓဘာသာလို့ ခေါ်တာကို လုံးဝမကြိုက်ပါ၊ ဗုဒ္ဓသာသနာလို့ ခေါ်မှ ကြိုက်ပါတယ်၊ (သို့) ဗုဒ္ဓဝါဒလို့ ခေါ်မှ ကြိုက်ပါတယ်”

“ဘာဖြစ်လို့ပါလဲ ဘုရား”

“ဘုန်းကြီးတို့ ပိဋကတ်တော်မှာ ဗုဒ္ဓဘာသာလို့ တွဲခေါ်တဲ့စကားလုံး တစ်လုံးမှ မရှိပါ၊ ဗုဒ္ဓသာသနာလို့ တွဲခေါ်တဲ့ စကားလုံးတွေတော့ အများကြီး ရှိတယ်။ ‘ဗုဒ္ဓသာသန’ကို မြန်မာလိုပြန်ရင် ‘ဗုဒ္ဓရဲ့ အဆုံးအမ’ လို့ ပြန်တာကောင်းပါတယ်။ ဘုရားရဲ့ အဆုံးအမလို့ ပြန်ရင် အခြားဘုရားတွေနဲ့ ရောနှောသွားမှာ စိုးလို့ပါ၊ အဲဒီ ဗုဒ္ဓက ဘယ်လိုသာသန အဆုံးအမတွေ ပေးခဲ့လဲမေးရင် အချုပ်အားဖြင့် ပြောပြပါလား မေးရင် ဒီပါဠိဟာ အချုပ်ပါပဲ။

သဗ္ဗပါပဿ အကရဏံ၊
ကုသလဿ ဥပသမ္ပဒါ။
သစိတ္တ ပရိယောဒပနံ၊
ဧတံ ဗုဒ္ဓါန သာသနံ။
… တဲ့”

“အဲဒီမှာ ဗုဒ္ဓါန သာသနံ-ဆိုတာ ဗုဒ္ဓသာသနာ-ဆိုတာပါပဲ၊ အဲဒီပါဠိကို မြန်မာမပြန်ဘဲ ရှစ်လုံးဘွဲ့နဲ့ ပြန်ကြည့်ရအောင်ပါ။”

အကုသိုလ်စု၊ မပြုရှောင်ခွာ၊
ကုသိုလ်အများ၊ ကြိုးစားစုံစွာ၊
မိမိစိတ်ရင်း၊ ပွတ်ဝင်းဖြူငှာ၊
ဤသုံးပါး၊ ဘုရားသာသနာ။
… တဲ့”

“ဘုရားသာသနာဆိုတာ ဗုဒ္ဓသာသနာ၊ ဗုဒ္ဓအဆုံးအမကို ခေါ်တယ်၊ ဗုဒ္ဓတိုင်းရဲ့ အဆုံးအမကို ခေါ်ပါတယ်။ အဲဒီအဆုံးအမကို မြန်မာစကားပြေနဲ့ ပြောရရင် –

(၁) အကုသိုလ်မှန်သမျှ ဘာမှ မလုပ်နဲ့၊
(၂) ကုသိုလ်ကို စုံအောင်လုပ်၊
(၃) မိမိစိတ်ကို ဖြူစင်အောင်ထား။
… တဲ့ “

“အဲဒီအဆုံးအမ သုံးမျိုးကို အကျယ်ချဲ့ရင် နိကာယ်ငါးရပ် ပိဋကတ်သုံးပုံ ဖြစ်လာပါတယ်။ အဲဒီအဆုံးအမ တစ်နည်းပြောရရင် ‘ဓမ္မဝိနယ’လို့ ပြောနိုင်ပါတယ်၊ ဓမ္မဝိနယနဲ့ သာသနသည် သဘောချင်းတူပါတယ်။ သာသနကို တရားကိုယ်အချုပ်ကောက်ရင်- မဂ်လေးတန်၊ ဖိုလ်လေးတန်၊ နိဗ္ဗာန်ပရိယတ်ကို ကောက်ရသလို ဓမ္မဝိနယ-အရလည်း အဲဒီတရားတွေပဲ ကောက်ရပါတယ်။ အဲဒါကြောင့် ဘုန်းကြီးက ဗုဒ္ဓသာသနာ၊ ဗုဒ္ဓဝါဒလို့ ခေါ်တာပဲ ကြိုက်ပါတယ်။”

“မှန်ပါဘုရား၊ ဆက်ရှင်းပါဦး ဘုရား”

သူတို့ နားလည်သလို သူတို့ ဘာသာများနဲ့ တန်းတူထားပြီး သူတို့အခေါ်အတိုင်း ခေါ်ဝေါ်ရာမှ ‘ဗုဒ္ဓဘာသာ’ ဆိုတဲ့ အခေါ် ဖြစ်လာတာပါ၊ ရှင်းရှင်းပြောရရင် ဂျပ်ဆင်အဘိဓာန်မှ ဘာသာပြန်ဆိုချက်ကို နားယောင်ပြီး ခေါ်ရာမှ ဗုဒ္ဓဘာသာဆိုတဲ့ အသုံးအနှုန်း ပေါ်ပေါက်လာပါတယ်။”

“ဘာသာဆိုတာ တစ်ဆူတည်းသော ဘုရားကို ကိုးကွယ်တဲ့ ဘာသာကို ဘာသာလို့ ခေါ်ပါတယ်။ ဗုဒ္ဓဝါဒ ဗုဒ္ဓသာသနာက ဒီလို မဟုတ်ပါ၊ ဂင်္ဂါဝါဠု သဲစုမက ပွင့်တော်မူတဲ့ ဘုရားအများကို ယုံကြည်တဲ့ ဝါဒပါ။ တစ်ဆူတည်းသောဘုရားကို ကိုးကွယ်တဲ့ Religion ဘာသာမဟုတ်ခြင်းကြောင့် ဗုဒ္ဓဝါဒကို ဗုဒ္ဓဘာသာ-လို့ မခေါ်သင့်ပါ။ ဗုဒ္ဓဝါဒ၊ ဗုဒ္ဓသာသနာလို့သာ ခေါ်သင့်ပါတယ်။”

“အေး … ဘာသာရေးဆိုတာ ထာဝရဘုရားသခင်နဲ့ ပြန်လည်ပူးပေါင်းရန် မှန်ကန်တဲ့နည်းလမ်းကို ခေါ်ပါတယ်။ ဗုဒ္ဓသာသနာ ဝါဒဟာ ထာဝရ ဘုရားသခင်နဲ့ ပြန်လည်ပူးပေါင်းရန် မှန်ကန်တဲ့ နည်းလမ်း ဟုတ်ရဲ့လား”

“မဟုတ်ပါဘုရား”

“အေး … ဘာသာရေးဆိုတာ ရိုသေကိုင်းရှိုင်းမှု (သို့) ထာဝရ ဘုရားသခင်အား ဂုဏ်ပြုချီးကျုးမှုကို ခေါ်ပါတယ်၊ ဗုဒ္ဓဝါဒသည် အဲဒီလို မဟုတ်ပါ၊ ပြီးတော့ ဘာသာရေးဆိုတာ ထာဝရဘုရား၊ အတ္တဝိညာဏ်၊ ကောင်းကင်ဘုံ ဆုတောင်းပတ္ထနာတို့နဲ့ များစွာဆက်စပ်နေတဲ့ ယုံကြည်မှု တစ်ရပ်ကို ခေါ်ပါတယ်။ ဗုဒ္ဓဝါဒက ထာဝရဘုရား၊ အတ္တဝိညာဏ်၊ ကောင်းကင်ဘုံ ဆုတောင်းမှုကို လက်မခံလို့ ဗုဒ္ဓဘာသာ-လို့ မခေါ်သင့်ပါနော်”

“မှန်ပါဘုရား”

“အေး … ဗုဒ္ဓဘာသာဝင်တွေ ဗုဒ္ဓကို ကိုးကွယ်တာက ဗုဒ္ဓရဲ့ ဂုဏ်တော်တွေကို ယုံကြည်ကိုးကွယ်တာပါ၊ ဘုရားရှင်ကို ကယ်တင်ရှင်အနေမျိုးနဲ့ ယုံကြည်တာ မဟုတ်ပါ၊ ကိုးကွယ်တာ မဟုတ်ပါ။ ပြီးတော့ ဗုဒ္ဓသာသနာတော်မှာ ဗုဒ္ဓက ဆရာစား၊ ဗုဒ္ဓက လက်ဆုပ်၊ လက်ကိုင် လျှို့ဝှက်ထားတဲ့ ‘အာစရိယမုဋ္ဌိ’ မရှိပါ၊ ဗုဒ္ဓကျင့်သလို ကျင့်က ဗုဒ္ဓဖြစ်နိုင်တဲ့ နည်းလမ်းတွေ ထားခဲ့ပါတယ်။ ဗုဒ္ဓဝါဒ၊ ဗုဒ္ဓသာသနာက ဆုတောင်းသက်သက် ဝါဒမဟုတ်ပါ၊ ဆုတောင်းဘာသာ မဟုတ်ပါ။ ဆုတောင်းသက်သက်ဆိုရင် ဘာသာရေးလို့ ခေါ်ရပါတယ်။ ဒါဖြင့် ဗုဒ္ဓဝါဒ ဗုဒ္ဓသာသနာမှာ ဆုတောင်းမှု မရှိဘူးလား-ဆိုတော့ ရှိပါတယ်။ ဗုဒ္ဓဝါဒရဲ့ ဆုတောင်းမှုက ကိုယ်ပြုထားတဲ့ ကုသိုလ်ကံရဲ့ အကျိုးကို တောင်းယူတာပါ၊ ဘာမှမလုပ်ဘဲနဲ့ တောင်းတာမဟုတ်ပါ၊ ယခုအခါမှာ ဗုဒ္ဓဝါဒ၊ ဗုဒ္ဓသာသနာဟာ ဘာသာရေးဆန်နေပြီနော်၊ သတိထားပါ။”

“မှန်ပါဘုရား”

“ဗုဒ္ဓဝါဒဟာ ပစ္စုပ္ပန်ကံ ပစ္စုပ္ပန် အကြောင်းအကျိုးတရားတွေကို ဦးစားပေးတဲ့ ဝါဒပါ။ ဗုဒ္ဓဟာ ကိုယ်တိုင်ဓမ္မကို ရှာဖွေပြီး ကိုယ်တိုင် ဗုဒ္ဓဖြစ်မှ ဗုဒ္ဓအဖြစ် ရောက်ပုံ လမ်းစဉ် ကျင့်စဉ်တွေပဲ ဟောခဲ့ပါတယ်၊ ဆုတောင်းဖို့ မဟောခဲ့ပါ။ အဲဒီအဆုံးအမ လမ်းစဉ်တွေ မိမိတို့ ကိုယ်ကို မိမိတို့ အားကိုးပြီး အဆင့်ဆင့်သော ဝီရိယနဲ့ အားထုတ်ကျင့်ကြံဖို့သာ ဟောခဲ့ပါတယ်။ ဗုဒ္ဓဝါဒ၊ ဗုဒ္ဓသာသနာမှာ မေ့လျော့ ပေါ့တန်နေလို့ မရပါ၊ သတိတရား လက်ကိုင်ထားပြီး ကြိုးစား အားထုတ်ယူမှ ကိုယ်လိုရာ ရနိုင်ပါတယ်။ ဗုဒ္ဓသာသနာက ကိုယ်အကျိုးကိုယ်စံ၊ ကိုယ့်အပြစ် ကိုယ်ခံပါ၊ ဗုဒ္ဓက အကျိုးကိုလည်း မပေးပါ၊ အပြစ်ကိုလည်း မပေးပါ၊ ဒါကြောင့် ဗုဒ္ဓကို မကြောက်ရပါ။ ပြီးတော့ ဗုဒ္ဓသာသနာမှာ ဗုဒ္ဓကို နည်းပေးလမ်းညွှန်အဖြစ်နဲ့ အားထားယုံကြည်တဲ့ သဘောမျိုးပါ၊ မိမိကိုယ်ကို လုံးဝပုံအပ်ပြီး အားကိုးတဲ့ သဘောမျိုး မဟုတ်ဘူးနော်”

“မှန်ပါဘုရား”

“ဗုဒ္ဓသာသနာမှာ ဗုဒ္ဓအတွက် ဘာမှလုပ်ပေးစရာ မလိုပါ၊ ဘာသာရေးမှာ ဘာသာဘုရားအတွက် လုပ်ပေးရပါတယ်။ ဗုဒ္ဓသာသနာမှာ ဗုဒ္ဓက လမ်းညွှန်တဲ့ ကိစ္စပါ၊ ဗုဒ္ဓသာသနာဝင်တွေက လိုက်နာကျင့်ကြံရသူတွေပါ။ ဗုဒ္ဓဝါဒ၊ ဗုဒ္ဓသာသနာမှာ ကိုယ့်အတွက် ကိုယ်ကျင့်တာသည်ပင်လျှင် ဗုဒ္ဓကို အမြတ်ဆုံး ပူဇော်ခြင်းဖြင့် ပူဇော်တယ်လို့ ခေါ်ပါတယ်။”

“ဗုဒ္ဓဝါဒက အတ္တဟိတ = ကိုယ်ကျိုးကျင့်သက်သက်နဲ့ ပရဟိတ = သူတစ်ပါးအကျိုးသက်သက်ကျင့်တဲ့ ဝါဒနှစ်ခုရဲ့ အလယ်က သွားတဲ့ အလယ်အလတ် လမ်းစဉ်ဝါဒပါ၊ သာသနာပါ၊ ဘာသာမဟုတ်ပါ။ ကဲ ဒီလောက်ဆိုရင် ရှင်းပြီးလား။”

“ရှင်းပါပြီ ဘုရား”

အားလုံးသန္တာန်၊ အမြင်မှန်၊ လျင်မြန်ရစေသော် …

ဓမ္မဒူတ အရှင်ပညာဇောတ

ဗုဒၶဘာသာဆိုတာ ဘာကိုေခၚပါသလဲဘုရား။

ဗုဒၶဘာသာဆိုတာ ဘာကိုေခၚပါသလဲဘုရား။

“ဆရာေတာ္ဘုရား၊ ဗုဒၶဘာသာဆိုတာ ဘာကိုေခၚပါသလဲဘုရား၊ ဘာသာျခားတစ္ဦးဦးက ေမးလာလွ်င္ မည္သို႔ ေျဖရမွာပါလဲဘုရား တုိတိုရွင္းရွင္းနဲ႔ နားလည္ေအာင္ ျပန္ေျပာျပႏိုင္ေအာင္ ေျဖဆိုေတာ္မူပါဘုရား၊ ဆရာေတာ္ဘုရားကို ဆရာလုပ္တာ မဟုတ္ပါဘုရား၊ အခ်ဳိ႔က ဗုဒၶဘာသာဆိုတာ –

(၁) ကံ၊ ကံရဲ႔ အက်ဳိးကို ယံုၾကည္ရမယ္၊
(၂) အတိတ္ဘဝ ရိွတယ္လုိ႔ ယံုၾကည္ရမယ္၊
(၃) ဘဝရဲ႔ ခ်ဳပ္ၿငိမ္းရာ နိဗၺာန္ ရိွတယ္လုိ႔ ယံုၾကည္ရမယ္
– လုိ႔ အမိန္႔ရိွပါတယ္။”

“အခ်ဳိ႔က ‘ဗုဒၶဘာသာ’ ဆိုတာ ဗုဒၶဆိုတာ ဘုရား၊ ဘာသာဆိုတာ အယူဝါဒ၊ ဘုရားရဲ႔ အယူဝါဒလုိ႔ ေျဖဆိုၾကပါတယ္ဘုရား။”

“အခ်ဳိ႔ကလည္း သာသနာဆိုတာ အဆံုးအမ၊ ဘုရားရဲ႔ အဆံုးအမ၊ သာသနာကို ဗုဒၶဘာသာေခၚေၾကာင္း ေျပာၾကပါတယ္ဘုရား၊ တပည့္ေတာ္က ဗုဒၶဘာသာ သာသနာကို အေသးစိတ္ ေသေသခ်ာခ်ာ သိခ်င္ေနပါတယ္ဘုရား။ ဆရာေတာ္ဘုရား ေျဖၾကားေပးပါဘုရား”

“အံမေလး၊ အေမးသာေျပာရတယ္၊ အေျဖေတြကလည္း စံုလုိ႔ပါလား၊ ဘုန္းႀကီးက ဘယ္လုိေျဖရမွန္းေတာင္ မသိေတာ့ပါဘူး”

“ဆရာေတာ္က တပည့္ေတာ္နားလည္ေအာင္ ေျဖပါဘုရား၊ အဲဒီအေျဖေတြကို စိတ္တုိင္းမက်လုိ႔ ဆရာေတာ္ဘုရားကို ထပ္မံေမးေလွ်ာက္ျခင္းပါဘုရား”

“အင္း … ဘုန္းႀကီးေျဖမွ ပို႐ႈပ္ကုန္ရင္ ခက္မယ္။”

“ဆရာေတာ္ဘုရား ေျဖရင္ ရွင္းမယ္လုိ႔ ထင္ပါတယ္၊ ေျဖေပးပါဘုရား။”

“အင္း … ေျဖရမယ္ဆိုရင္ ဘုန္းႀကီးက ဗုဒၶဘာသာလုိ႔ ေခၚတာကို လံုးဝမႀကိဳက္ပါ၊ ဗုဒၶသာသနာလုိ႔ ေခၚမွ ႀကိဳက္ပါတယ္၊ (သို႔) ဗုဒၶဝါဒလုိ႔ ေခၚမွ ၾကိဳက္ပါတယ္”

“ဘာျဖစ္လုိ႔ပါလဲ ဘုရား”

“ဘုန္းႀကီးတို႔ ပိဋကတ္ေတာ္မွာ ဗုဒၶဘာသာလုိ႔ တြဲေခၚတဲ့စကားလုံး တစ္လံုးမွ မရိွပါ၊ ဗုဒၶသာသနာလုိ႔ တြဲေခၚတဲ့ စကားလံုးေတြေတာ့ အမ်ားႀကီး ရိွတယ္။ ‘ဗုဒၶသာသန’ကို ျမန္မာလုိျပန္ရင္ ‘ဗုဒၶရဲ႔ အဆံုးအမ’ လုိ႔ ျပန္တာေကာင္းပါတယ္။ ဘုရားရဲ႔ အဆံုးအမလုိ႔ ျပန္ရင္ အျခားဘုရားေတြနဲ႔ ေရာေႏွာသြားမွာ စိုးလုိ႔ပါ၊ အဲဒီ ဗုဒၶက ဘယ္လုိသာသန အဆံုးအမေတြ ေပးခဲ့လဲေမးရင္ အခ်ဳပ္အားျဖင့္ ေျပာျပပါလား ေမးရင္ ဒီပါဠိဟာ အခ်ဳပ္ပါပဲ။

သဗၺပါပႆ အကရဏံ၊
ကုသလႆ ဥပသမၸဒါ။
သစိတၱ ပရိေယာဒပနံ၊
ဧတံ ဗုဒၶါန သာသနံ။
… တဲ့”

“အဲဒီမွာ ဗုဒၶါန သာသနံ-ဆုိတာ ဗုဒၶသာသနာ-ဆုိတာပါပဲ၊ အဲဒီပါဠိကို ျမန္မာမျပန္ဘဲ ရွစ္လံုးဘြဲ႔နဲ႔ ျပန္ၾကည့္ရေအာင္ပါ။”

အကုသိုလ္စု၊ မျပဳေရွာင္ခြာ၊
ကုသုိလ္အမ်ား၊ ႀကိဳးစားစံုစြာ၊
မိမိစိတ္ရင္း၊ ပြတ္ဝင္းျဖဴငွာ၊
ဤသံုးပါး၊ ဘုရားသာသနာ။
… တဲ့”

“ဘုရားသာသနာဆုိတာ ဗုဒၶသာသနာ၊ ဗုဒၶအဆံုးအမကို ေခၚတယ္၊ ဗုဒၶတုိင္းရဲ႔ အဆံုးအမကို ေခၚပါတယ္။ အဲဒီအဆံုးအမကို ျမန္မာစကားေျပနဲ႔ ေျပာရရင္ –

(၁) အကုသုိလ္မွန္သမွ် ဘာမွ မလုပ္နဲ႔၊
(၂) ကုသိုလ္ကို စံုေအာင္လုပ္၊
(၃) မိမိစိတ္ကို ျဖဴစင္ေအာင္ထား။
… တဲ့ “

“အဲဒီအဆံုးအမ သံုးမ်ဳိးကို အက်ယ္ခ်ဲ႔ရင္ နိကာယ္ငါးရပ္ ပိဋကတ္သံုးပံု ျဖစ္လာပါတယ္။ အဲဒီအဆံုးအမ တစ္နည္းေျပာရရင္ ‘ဓမၼဝိနယ’လုိ႔ ေျပာႏုိင္ပါတယ္၊ ဓမၼဝိနယနဲ႔ သာသနသည္ သေဘာခ်င္းတူပါတယ္။ သာသနကို တရားကိုယ္အခ်ဳပ္ေကာက္ရင္- မဂ္ေလးတန္၊ ဖုိလ္ေလးတန္၊ နိဗၺာန္ပရိယတ္ကို ေကာက္ရသလုိ ဓမၼဝိနယ-အရလည္း အဲဒီတရားေတြပဲ ေကာက္ရပါတယ္။ အဲဒါေၾကာင့္ ဘုန္းႀကီးက ဗုဒၶသာသနာ၊ ဗုဒၶဝါဒလုိ႔ ေခၚတာပဲ ႀကိဳက္ပါတယ္။”

“မွန္ပါဘုရား၊ ဆက္ရွင္းပါဦး ဘုရား”

သူတို႔ နားလည္သလုိ သူတို႔ ဘာသာမ်ားနဲ႔ တန္းတူထားၿပီး သူတို႔အေခၚအတိုင္း ေခၚေဝၚရာမွ ‘ဗုဒၶဘာသာ’ ဆိုတဲ့ အေခၚ ျဖစ္လာတာပါ၊ ရွင္းရွင္းေျပာရရင္ ဂ်ပ္ဆင္အဘိဓာန္မွ ဘာသာျပန္ဆုိခ်က္ကို နားေယာင္ၿပီး ေခၚရာမွ ဗုဒၶဘာသာဆုိတဲ့ အသံုးအႏႈန္း ေပၚေပါက္လာပါတယ္။”

“ဘာသာဆုိတာ တစ္ဆူတည္းေသာ ဘုရားကို ကိုးကြယ္တဲ့ ဘာသာကို ဘာသာလုိ႔ ေခၚပါတယ္။ ဗုဒၶဝါဒ ဗုဒၶသာသနာက ဒီလုိ မဟုတ္ပါ၊ ဂဂၤါဝါဠဳ သဲစုမက ပြင့္ေတာ္မူတဲ့ ဘုရားအမ်ားကို ယံုၾကည္တဲ့ ဝါဒပါ။ တစ္ဆူတည္းေသာဘုရားကို ကိုးကြယ္တဲ့ Religion ဘာသာမဟုတ္ျခင္းေၾကာင့္ ဗုဒၶဝါဒကို ဗုဒၶဘာသာ-လုိ႔ မေခၚသင့္ပါ။ ဗုဒၶဝါဒ၊ ဗုဒၶသာသနာလုိ႔သာ ေခၚသင့္ပါတယ္။”

“ေအး … ဘာသာေရးဆိုတာ ထာဝရဘုရားသခင္နဲ႔ ျပန္လည္ပူးေပါင္းရန္ မွန္ကန္တဲ့နည္းလမ္းကို ေခၚပါတယ္။ ဗုဒၶသာသနာ ဝါဒဟာ ထာဝရ ဘုရားသခင္နဲ႔ ျပန္လည္ပူးေပါင္းရန္ မွန္ကန္တဲ့ နည္းလမ္း ဟုတ္ရဲ႔လား”

“မဟုတ္ပါဘုရား”

“ေအး … ဘာသာေရးဆိုတာ ႐ိုေသကိုင္း႐ႈိင္းမႈ (သို႔) ထာဝရ ဘုရားသခင္အား ဂုဏ္ျပဳခ်ီးက်ဳးမႈကို ေခၚပါတယ္၊ ဗုဒၶဝါဒသည္ အဲဒီလုိ မဟုတ္ပါ၊ ၿပီးေတာ့ ဘာသာေရးဆိုတာ ထာဝရဘုရား၊ အတၱဝိညာဏ္၊ ေကာင္းကင္ဘံု ဆုေတာင္းပတၳနာတို႔နဲ႔ မ်ားစြာဆက္စပ္ေနတဲ့ ယံုၾကည္မႈ တစ္ရပ္ကို ေခၚပါတယ္။ ဗုဒၶဝါဒက ထာဝရဘုရား၊ အတၱဝိညာဏ္၊ ေကာင္းကင္ဘံု ဆုေတာင္းမႈကို လက္မခံလုိ႔ ဗုဒၶဘာသာ-လုိ႔ မေခၚသင့္ပါေနာ္”

“မွန္ပါဘုရား”

“ေအး … ဗုဒၶဘာသာဝင္ေတြ ဗုဒၶကို ကုိးကြယ္တာက ဗုဒၶရဲ႔ ဂုဏ္ေတာ္ေတြကို ယံုၾကည္ကိုးကြယ္တာပါ၊ ဘုရားရွင္ကို ကယ္တင္ရွင္အေနမ်ဳိးနဲ႔ ယံုၾကည္တာ မဟုတ္ပါ၊ ကိုးကြယ္တာ မဟုတ္ပါ။ ၿပီးေတာ့ ဗုဒၶသာသနာေတာ္မွာ ဗုဒၶက ဆရာစား၊ ဗုဒၶက လက္ဆုပ္၊ လက္ကိုင္ လွ်ဳိ႔ဝွက္ထားတဲ့ ‘အာစရိယမု႒ိ’ မရိွပါ၊ ဗုဒၶက်င့္သလုိ က်င့္က ဗုဒၶျဖစ္ႏုိင္တဲ့ နည္းလမ္းေတြ ထားခဲ့ပါတယ္။ ဗုဒၶဝါဒ၊ ဗုဒၶသာသနာက ဆုေတာင္းသက္သက္ ဝါဒမဟုတ္ပါ၊ ဆုေတာင္းဘာသာ မဟုတ္ပါ။ ဆုေတာင္းသက္သက္ဆုိရင္ ဘာသာေရးလုိ႔ ေခၚရပါတယ္။ ဒါျဖင့္ ဗုဒၶဝါဒ ဗုဒၶသာသနာမွာ ဆုေတာင္းမႈ မရိွဘူးလား-ဆိုေတာ့ ရိွပါတယ္။ ဗုဒၶဝါဒရဲ႔ ဆုေတာင္းမႈက ကိုယ္ျပဳထားတဲ့ ကုသုိလ္ကံရဲ႔ အက်ဳိးကို ေတာင္းယူတာပါ၊ ဘာမွမလုပ္ဘဲနဲ႔ ေတာင္းတာမဟုတ္ပါ၊ ယခုအခါမွာ ဗုဒၶဝါဒ၊ ဗုဒၶသာသနာဟာ ဘာသာေရးဆန္ေနၿပီေနာ္၊ သတိထားပါ။”

“မွန္ပါဘုရား”

“ဗုဒၶဝါဒဟာ ပစၥဳပၸန္ကံ ပစၥဳပၸန္ အေၾကာင္းအက်ဳိးတရားေတြကို ဦးစားေပးတဲ့ ဝါဒပါ။ ဗုဒၶဟာ ကိုယ္တုိင္ဓမၼကို ရွာေဖြၿပီး ကိုယ္တိုင္ ဗုဒၶျဖစ္မွ ဗုဒၶအျဖစ္ ေရာက္ပံု လမ္းစဥ္ က်င့္စဥ္ေတြပဲ ေဟာခဲ့ပါတယ္၊ ဆုေတာင္းဖုိ႔ မေဟာခဲ့ပါ။ အဲဒီအဆံုးအမ လမ္းစဥ္ေတြ မိမိတုိ႔ ကိုယ္ကို မိမိတို႔ အားကိုးၿပီး အဆင့္ဆင့္ေသာ ဝီရိယနဲ႔ အားထုတ္က်င့္ႀကံဖုိ႔သာ ေဟာခဲ့ပါတယ္။ ဗုဒၶဝါဒ၊ ဗုဒၶသာသနာမွာ ေမ့ေလ်ာ့ ေပါ့တန္ေနလုိ႔ မရပါ၊ သတိတရား လက္ကိုင္ထားၿပီး ႀကိဳးစား အားထုတ္ယူမွ ကိုယ္လုိရာ ရႏိုင္ပါတယ္။ ဗုဒၶသာသနာက ကိုယ္အက်ဳိးကိုယ္စံ၊ ကိုယ့္အျပစ္ ကိုယ္ခံပါ၊ ဗုဒၶက အက်ဳိးကိုလည္း မေပးပါ၊ အျပစ္ကိုလည္း မေပးပါ၊ ဒါေၾကာင့္ ဗုဒၶကို မေၾကာက္ရပါ။ ၿပီးေတာ့ ဗုဒၶသာသနာမွာ ဗုဒၶကို နည္းေပးလမ္းညႊန္အျဖစ္နဲ႔ အားထားယံုၾကည္တဲ့ သေဘာမ်ဳိးပါ၊ မိမိကုိယ္ကို လံုးဝပံုအပ္ၿပီး အားကိုးတဲ့ သေဘာမ်ဳိး မဟုတ္ဘူးေနာ္”

“မွန္ပါဘုရား”

“ဗုဒၶသာသနာမွာ ဗုဒၶအတြက္ ဘာမွလုပ္ေပးစရာ မလုိပါ၊ ဘာသာေရးမွာ ဘာသာဘုရားအတြက္ လုပ္ေပးရပါတယ္။ ဗုဒၶသာသနာမွာ ဗုဒၶက လမ္းညႊန္တဲ့ ကိစၥပါ၊ ဗုဒၶသာသနာဝင္ေတြက လုိက္နာက်င့္ႀကံရသူေတြပါ။ ဗုဒၶဝါဒ၊ ဗုဒၶသာသနာမွာ ကိုယ့္အတြက္ ကိုယ္က်င့္တာသည္ပင္လွ်င္ ဗုဒၶကို အျမတ္ဆံုး ပူေဇာ္ျခင္းျဖင့္ ပူေဇာ္တယ္လုိ႔ ေခၚပါတယ္။”

“ဗုဒၶဝါဒက အတၱဟိတ = ကိုယ္က်ဳိးက်င့္သက္သက္နဲ႔ ပရဟိတ = သူတစ္ပါးအက်ဳိးသက္သက္က်င့္တဲ့ ဝါဒႏွစ္ခုရဲ႔ အလယ္က သြားတဲ့ အလယ္အလတ္ လမ္းစဥ္ဝါဒပါ၊ သာသနာပါ၊ ဘာသာမဟုတ္ပါ။ ကဲ ဒီေလာက္ဆိုရင္ ရွင္းၿပီးလား။”

“ရွင္းပါၿပီ ဘုရား”

အားလံုးသႏၲာန္၊ အျမင္မွန္၊ လ်င္ျမန္ရေစေသာ္ …

ဓမၼဒူတ အရွင္ပညာေဇာတ

ဗုဒ္ဓဘာသာ ငါးမျိုး

ယနေ့ခေတ်မှာ လူငယ်တွေဟာ ဘာသာအသိတရား တဖြည်းဖြည်းနဲ့ ခေါင်းပါးလာပြီ။ ဘုရားတောင်မှ ထိခြင်းငါးပါးနဲ့ ဦးချရကောင်းမှန်း မသိကြတော့ပါဘူး။ ဒီလိုအခြေအနေ တွေကိုသိလို့ မြတ်စွာဘုရားက “နောင်အနာဂတ်ကာလမှာ ဗုဒ္ဓဘာသာ ငါးမျိုး ကွဲပြား လိမ့်မယ်” ဟု ဟောတော်မူထားခဲ့ပါတယ်။ အဲဒီဗုဒ္ဓဘာသာ ငါးမျိုးကတော့……

(၁)။ ကုလ ဗုုဒ္ဓဘာသာ
(၂)။ လာဘ ဗုဒ္ဓဘာသာ
(၃)။ ဘယ ဗုဒ္ဓဘာသာ
(၄)။ သဒ္ဓါဓိက ဗုဒ္ဓဘာသာ
(၅)။ ပညာဓိက ဗုဒ္ဓဘာသာ

(၁)။ ကုလ ဗုဒ္ဓဘာသာ( မိရိုးဖလာဗုဒ္ဓဘာသာ)
ကုလ ဗုဒ္ဓဘာသာ ဆိုတာ ရိုးရာ ဗုဒ္ဓဘာသာ ကိုပြောတာပါ။ အမေအဖေက ဗုဒ္ဓဘာသာမို့ သားသမီးက ဗုဒ္ဓဘာသာ ဖြစ်လာရတာပါ။ မိဘက ခရစ်ယာန်ဆုိုရင် သားသမီးကလည်း ခရစ်ယာန်။ မိဘက အစ္စလာမ်ဆိုရင် သားသမီးကလည်း အစ္စလာမ်။ ဒါကို မိရိုးဖလာ ကုလဗုဒ္ဓဘာသာပေါ့။ မိဘက ဗုဒ္ဓဘာသာ မို့သာ သားသမီးက ဗုဒ္ဓဘာသာ ဖြစ်လာရတယ် ဘုရားရှင် ဘာလို့ ပွင့်မှန်းမသိ။ ဘုရား ဘာတရားဟောမှန်းလည်း မသိ။ ကိုယ်ပြောတဲ့ ဗုဒ္ဓဘာသာဝင်ဆိုတာတောင်မှ ဘာပြောမှန်းမသိ။ ကိုယ်ကိုးကွယ်နေတဲ့ မြတ်စွာဘုရား ဘာကြောင့်ကိုးကွယ်ရမှန်းလည်းမသိ။ တရားတော်ကို ဘာကြောင့်ကိုးကွယ်ရ မှန်းမသိ။ ဘုရားကို ဦးချတာ ဘာရည်ရွယ်ချက်နဲ့ ဦးချနေမှန်းကို မသိတာ။ ဘာကြောင့်ဒီလောက် ရိုရိုသေသေနဲ့ အလေးပြုနေမှန်းကို မသိတာ။ လုပ်တော့ လုပ်နေတာပဲ အသိပညာ ဘာမှမပါတာ။ ကုလဗုဒ္ဓဘာသာပါ။

(၂) လာဘာဗုဒ္ဓဘာသာ
လာဘာဗုဒ္ဓဘာသာဆိုတာ လာဘ်လာဘလိုလို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာကို ဆိုလိုတာပါ။ ဒီဘဝ စီးပွားရေးလေး တက်မလားဆိုပြီးတော့မှ ဘုရားကိုးကွယ်တာမှာ ရွေးပြီးတော့ ကိုးကွယ်တယ်။ ဒီဘုရားကိုးကွယ်ရင်တော့ လာဘ်လာဘ ပေါများတယ်။ ဟိုဘုရားကိုးကွယ်ရင်တော့ စီးပွားတတ်တယ်ဆိုပြီး ရွေးကိုးကွယ်တာ လာဘဗုဒ္ဓ ဘာသာပါ။ ဘုရားကိုးကွယ်မှ လာဘ်ပေါမယ်ဆိုရင် ဘုရားမကိုးကွယ်တဲ့ ခရစ်ယာန်တွေ ဘာလို့ လာဘ်ရွှင်နေတာလဲ။ အဓိက စီးပွားရေး ဖြစ်နေတယ်ဆိုတာ ဘုရားကြောင့်မဟုတ်ပါဘူး။ ကံဉာဏ်ဝီရိယ သတ္တိကြောင့်ပါ။ အရောင်းအဝယ်တစ်ခုလုပ်မယ်။ အိမ်ခြံဝင်းဝယ်မယ်။ ရောင်းမယ်။ အိမ်နေရာ ပြောင်းမယ်ဆိုရင်တောင်မှ ရက်ရာဇာ ပြဿဒါး ရွေးနေတာတွေ၊ ဘုရားကျောင်းဆောင် ပေါ်မှာ ဘိုးတော်ပုံတွေ ဘွားတော်ပုံတွေ တင်ထားတာတွေ၊ ကိုးကြီးကျော် မနှဲလေး အစရှိတွေ နတ်တွေ ကိုးကွယ်တာတွေ၊ ဗေဒင်တွေ ယုံကြည်ပြီး ယတြာတွေ ချေလိုက်ကြ စတဲ့ လာဘ်လာဘ လိုချင်လို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာဝင်များကို လာဘာဗုဒ္ဓဘာသာ ဟုခေါ်ပါသည်။

(၃)ဘယ ဗုဒ္ဓဘာသာ(ကြောက်လို့ ကိုးကွယ်သော ဗုဒ္ဓဘာသာ)
ဘယဗုဒ္ဓဘာသာဆိုတာ ဘေးကို ကြောက်လို့ ကိုးကွယ်တာကို ခေါ်ပါတယ်။ အန္တရယ်ကင်းဖို့ ၊ ဘေးရှင်းဖို့၊ အသက်ရှည်ဖို့၊ ကျန်းမာဖို့ ၊ ဒီလိုအတွေးအခေါ် အယူအဆတွေနဲ့ ဘုရားကို ကိုးကွယ်တာကို ဘယဗုဒ္ဓဘာသာဟုခေါ်ပါသည်။ ဒီဘုရားကို ကိုးကွယ်မှ အသက်ရှည်မယ်ဆိုရင် ဒီဘုရားကို မကိုးကွယ်တဲ့ ခရစ်ယာန်တွေ အစ္စလာမ်တွေ အသက်ရှစ်ဆယ် တစ်ရာကျော်တွေ ရှည်နေကြတာ ဘာလို့ပါလဲ။ ဘာမှမသိဘဲ ရမ်းကိုးကွယ်တာ ကုလဗုဒ္ဓဘာသာ၊လာဘ်လာဘာ လိုချင်ပြီး ကိုးကွယ်တာ လာဘ်လာဘ လိုချင်ပြီး ကနားတွေပေးတာ လာဘဗုဒ္ဓဘာသာ၊ ဘေးကြောက်ပြီး အကိုးကွယ်တွေ မှားနေတာ ဘယဗုဒ္ဓဘာသာ။ ဒီကုလ၊လာဘ၊ ဘယဗုဒ္ဓဘာသာ သုံးမျိုးကို အောက်တန်းစားဗုဒ္ဓဘာသာဟု ခေါ်ပါသည်။ ဟိုလူမပါ၊ ဒီလူမပါ၊ ဟိုလူပသပါတယ်။ ဒီလူပသပါတယ်။ လက်ညှိုးထိုး ခွက်လှန် လုပ်နေတာတွေကို မြတ်စွာဘုရားက သူတောင်းစား ဗုဒ္ဓဘာသာပါတဲ့။ ခန္ဓာကိုယ်မှာ အသိ၊ဘာသာရေးအသိဓာတ်ခံ အားနည်းတော့ လိမ်စားနေတဲ့ သူတွေက လိမ်လို့ကောင်းနေပါတယ်။ ဘုရားလည်း ကိုးကွယ်ရသေး၊ တရားလည်း ကိုးကွယ်ရသေး၊ ဆွမ်းဦးကိုလည်း လောင်လှူရသေး သာသနာတော်ကိုလည်း သင်္ကန်း ဆွမ်းကျောင်းဆေး၊ ပစည်းလေးပါးနဲ့ လှူဒါန်းပူဇော်ဆက်ကပ်ရသေး။ ဘာအတွက် ဒါတွေ လုပ်နေရတာလဲ ဘာအတွက် သာသနာကို ချီးမြှောက်နေတာလဲ၊ ဘာအတွက် ကျောင်းဆောက်နေတာလဲ ။ စဉ်းစားပါ၊ ဝေဖန်ပါ၊ သုံးသပ်ပါ။

(၄)သဒ္ဓါဓိက ဗုဒ္ဓဘာသာ
သဒ္ဓါဓိက ဗုဒ္ဓဘာသာဆိုတာ သဒ္ဓါတရားကို အရင်းခံပါတယ်။ သဒ္ဓါတရားဆိုတာ ယုံကြည်ချက်ပါ။ ဘုရား၊တရား၊ သံဃာကို တကယ်သက်ဝင် ယုံကြည်တာကို ခေါ်ပါတယ်။ ဘုရား၊ တရား၊ သံဃာကို ယုံကြည်တဲ့နေရာမှာလည်း မှန်မှန်ကန်ကန် ယုံကြည်တဲ့ သမ္မာသဒ္ဓါ နဲ့ မှားမှားယွင်းယွင်း ယုံကြည်တဲ့ မိစ္ဆာသဒ္ဓါဆိုပြီး နှစ်မျိုးရှိပါတယ်။ သမ္မာသဒ္ဓါဆိုတဲ့ မှန်မှန်ကန်ကန်ယုံကြည်ချက် ဆိုတာ သစ္စာာတရား သိတော်မူတဲ့ မြတ်စွာဘုရားဟာ ဝေနေယျ သတ္တဝါတွေကို သူသိသကဲ့သို့ မေတ္တာ ဂရုဏာတော်အပြည့်နဲ့ သစ္စာာလေးချက် အနက်ကို ဟောကြားတော်မူခဲ့ပါတယ်။ ဒီတရားတော် အနက်တွေကို ပိုင်ပိုင်နိုင်နိုင်သိတော်မူသွားကြတဲ့ အရိယာသူတော်စင်ကြီးတွေဟာ နိဗ္ဗာန်ဝင်စံသွားကြပါတယ်။ နိဗ္ဗာန်ဆိုတာ အိုနာသေ လွတ်ရာပါ။ “အသေလွတ်ရာ ပြတတ်လို့ မြတ်စွာဘုရားအား ကိုးကွယ်ပါ၏” ဆိုတဲ့ ယုံကြည်ချက်ဟာ မှန်သောယုံကြည်ချက်။ တရားတော်ကို ဘာကြောင့်ကိုးကွယ်ရသလဲ။ မြတ်စွာဘုရားဟော်တော်မူခဲ့တဲ့ တရားတော်ကို ကြိုးစားမယုတ် ပွားများအားထုတ်လိုက်လို့ တရားလမ်းကြောင်းအတိုင်း မဂ္ဂင်လမ်းအတိုင်းသာ လျှောက်သွားရင် နှိဗ္ဗာန်ရောက်ပါမည်။ ထိုအသေလွတ်ရာ ပို့ဆောင်တာဟာ တရားက ပို့ဆောင်တာပါ။ ပုဂ္ဂိုုလ်က ပို့ဆောင်တာ မဟုတ်ပါဘူး။ တရားတော်ကို မှန်သောယုံကြည်မှု။ ထိုတရားတွေ မကွယ်မပျောက်သေးတာ ဘယ်သူ့ကျေးဇူးပါလဲ ဆိုရင် သံဃာာရဲ ့ ကျေးဇူးပါ။ ဘုရားရှင် ဟောတော်မူသော ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်၊ သုတ်ဝိနည်း အဘိဓမ္မာတရားတွေ ဒီတရားတွေကို သံဃာာတော်တွေက ဆောင်ထားတာပါ။ ပိဋကသုံးပုံကို သံဃာတော်တွေက စောင့်ရှောက်ထားတာပါ။ သံဃာာတော်ကို ယုံကြည်မှု။ ဒါတွေက ရတနာမြတ်သုံးပါးကို မှန်မှန်ကန်ကန်ယုံကြည်တဲ့ သမ္မာသဒ္ဓါ ယုံကြည်မှု။ မိစ္ဆာသဒ္ဓါယုံကြည်မှုက လာဘ်လာဘပေါတယ်။ အန္တရာယ်ကင်းတယ် ဆိုပြီး ကိုးကွယ်ယုံကြည်နေတာဟာ မိစ္ဆာသဒ္ဓါ။ လာဘ်လာဘပေါတယ်ဆိုတဲ့ လာဘဗုဒ္ဓဘာသာယုံကြည်ချက်၊ အန္တရာယ်ကင်းအောင်ဆိုပြီး ဘယဗုဒ္ဓဘာသာတွေရဲ ့ ယုံကြည်မှု ဗုဒ္ဓရဲ ့ ဂုဏ်တော်ကို ဘာမှနားမလည်ဘဲ သူများဦးတိုက်လို့သာ ရမ်းဦးတိုက်ရတဲ့ ကုလဗုဒ္ဓဘာသာတွေရဲ ့ ယုံကြည်မှု ဒါတွေက မိစ္ဆာသဒ္ဓါတွေပါ။ အသေလွတ်ရာလမ်းကို ပြတတ်လို့၊ အသေလွတ်ရာကို ပို့ဆောင်နိုင်လို့၊ အသေလွတ်ရာ တရားကို ဆောင်ထားနိုင်လို့ ရတနာသုုံးပါးကို ကိုးကွယ်ပါ၏ ဆိုတဲ့ သမ္မာသဒ္ဓါ ။ အနှစ်သာရမရှိတာကို မရှိဘူးလို့ သိတယ်။ အနှစ်သာရ ရှိတာကို ရှိတယ်လို့ သိတယ်။ မှားတာကို မှားတယ်လိို့သိတယ်။ မှန်တာကို မှန်တယ်လို့ သိတယ်။ သိတဲ့အပြင်၊ အမှားလမ်းကို ရှောင်၊ အမှန်လမ်းကို ဆောင်တာသည့် သမ္မာသဒ္ဓါ ရှိတဲ့ သဒ္ဓါဓိက ဗုဒ္ဓဘာသာပါ။

(၅)ပညာဓိက ဗုဒ္ဓဘာသာ
ပညာဓိက ဗုဒ္ဓဘာသာဆိုတာ သစ္စာတရားကို သေချာသိတဲ့ ဗုဒ္ဓဘာသာကို ခေါ်တာပါ။ သဒ္ဓါဓိက ဗုဒ္ဓဘာသာဟာ တရားတော်ကို ယုံကြည်တယ်။ တရားတော်ကို ဘယ်လိုယုံတာလည်း ဆိုတော့ ရမ်းယုံတာမဟုတ်ဘဲ ခန္ဓာသိနဲ့ အသေအချာ သိပြီး ယုံတယ်။ ထိုသို့ သိတာကို ပညာဟု ခေါ်ပါတယ်။ သစ္စာလေးပါးတရားတော်ကို အသေအချာ ပညာသိနဲ့ သိတဲ့ ဗုဒ္ဓဘာသာ၊ ဖြစ်မှုပျက်မှုတွေကို သိတဲ့ဗုဒ္ဓဘာသာ ဖြစ်ပျက်မြင်တာ ခန္ဓာက မြင်တာလား ပညာကမြင်တာလားဆိုတော့ ပညာက မြင်တာပါ။ ပညာဓိက ဗုဒ္ဓဘာသာပါ။ ဘုရားက မင်းတို့ခန္ဓာထဲမှာ ဖြစ်တာနဲ့ ပျက်တာပဲ ရှိတယ် လို့ ဟောခဲ့ပါတယ်။ ဒါကို ကိုယ်တိုင် သစ္စာတရားတော်ကို သေချာသိပြီး ကျင့်ကြည့်လိုက်တော့ မြင်တယ်။ ကိုယ်တိုင်မြင်တော့ ယုံကြည်လာတယ်။ ယုံကြည်တာက သဒ္ဓါ၊ ဖြစ်ပျက်မြင်တာက ပညာ။ ထို့ကြောင့် သဒ္ဓါနဲ့ ပညာ သွားပြီး တွဲနေပါတယ်။ သဒ္ဓါနဲ့ ပညာဟာ တွဲလျက်ပါတဲ့။ သဒ္ဓါတရား မှန်မှန်ကန်ကန် နဲ့ သာ ကြိုးစားမယ်ဆိုရင် အပါယ်လေးပါးမှ ကူူးမြောက်နိုင်၏။ တို့မှာ အပါယ်မျိုးစေ့တွေ၊ အပါယ်ကျကြောင်းကံတွေ လုပ်ထားတာရှိတယ်။ ဒါတွေကို ဘယ်သူမှ ဝင်တားလို့ မရပါဘူး။ သူ့ကိုတားချင်ရင်၊ သူ့ကိုအကျိုးမပေးစေချင်ရင် ဘာနဲ့ ဖြတ်ရမလဲ ဆိုတော့ ဉာဏ်နဲ့ ဖြတ်ရပါမယ်။ ဉာဏ်နဲ့ ဖြတ်လိုက်လို့ ဖြစ်ပျက်မဂ်ဆိုက်နေတဲ့ ပုဂ္ဂိုလ်မှာ သဒ္ဓါလည်း ပါတယ်။ ပညာလည်း ပါပါတယ်။ ဒါသည် သဒ္ဓါဓိက ဗုဒ္ဓဘာသာနဲ့ ပညာဓိက ဗုဒ္ဓဘာသာ ဖြစ်ပါသည်။ သဒ္ဓါဓိက ဗုဒ္ဓဘာသာနဲ့ ပညာဓိက ဗုဒ္ဓဘာသာဟာ အထက်တန်းစား ဗုဒ္ဓဘာသာပါ။

အရှင်ဇောတိသာရ(စဉ့်ကူး)

ဗုဒၶဘာသာ ငါးမ်ိဳး

ယေန႔ေခတ္မွာ လူငယ္ေတြဟာ ဘာသာအသိတရား တျဖည္းျဖည္းနဲ႔ ေခါင္းပါးလာျပီ။ ဘုရားေတာင္မွ ထိျခင္းငါးပါးနဲ႔ ဦးခ်ရေကာင္းမွန္း မသိၾကေတာ့ပါဘူး။ ဒီလုိအေျခအေန ေတြကုိသိလုိ႔ ျမတ္စြာဘုရားက “ေနာင္အနာဂတ္ကာလမွာ ဗုဒၶဘာသာ ငါးမ်ိဳး ကြဲျပား လိမ့္မယ္” ဟု ေဟာေတာ္မူထားခဲ့ပါတယ္။ အဲဒီဗုဒၶဘာသာ ငါးမ်ိဳးကေတာ့……

(၁)။ ကုလ ဗုုဒၶဘာသာ
(၂)။ လာဘ ဗုဒၶဘာသာ
(၃)။ ဘယ ဗုဒၶဘာသာ
(၄)။ သဒၶါဓိက ဗုဒၶဘာသာ
(၅)။ ပညာဓိက ဗုဒၶဘာသာ

(၁)။ ကုလ ဗုဒၶဘာသာ( မိရုိးဖလာဗုဒၶဘာသာ)
ကုလ ဗုဒၶဘာသာ ဆုိတာ ရုိးရာ ဗုဒၶဘာသာ ကိုေျပာတာပါ။ အေမအေဖက ဗုဒၶဘာသာမုိ႔ သားသမီးက ဗုဒၶဘာသာ ျဖစ္လာရတာပါ။ မိဘက ခရစ္ယာန္္ဆုုိရင္ သားသမီးကလည္း ခရစ္ယာန္။ မိဘက အစၥလာမ္ဆုိရင္ သားသမီးကလည္း အစၥလာမ္။ ဒါကို မိရုိးဖလာ ကုလဗုဒၶဘာသာေပါ့။ မိဘက ဗုဒၶဘာသာ မုိ႔သာ သားသမီးက ဗုဒၶဘာသာ ျဖစ္လာရတယ္ ဘုရားရွင္ ဘာလုိ႔ ပြင့္မွန္းမသိ။ ဘုရား ဘာတရားေဟာမွန္းလည္း မသိ။ ကိုယ္ေျပာတဲ့ ဗုဒၶဘာသာ၀င္ဆုိတာေတာင္မွ ဘာေျပာမွန္းမသိ။ ကိုယ္ကုိးကြယ္ေနတဲ့ ျမတ္စြာဘုရား ဘာေၾကာင့္ကိုးကြယ္ရမွန္းလည္းမသိ။ တရားေတာ္ကို ဘာေၾကာင့္ကိုးကြယ္ရ မွန္းမသိ။ ဘုရားကို ဦးခ်တာ ဘာရည္ရြယ္ခ်က္နဲ႔ ဦးခ်ေနမွန္းကို မသိတာ။ ဘာေၾကာင့္ဒီေလာက္ ရုိရုိေသေသနဲ႔ အေလးျပဳေနမွန္းကို မသိတာ။ လုပ္ေတာ့ လုပ္ေနတာပဲ အသိပညာ ဘာမွမပါတာ။ ကုလဗုဒၶဘာသာပါ။

(၂) လာဘာဗုဒၶဘာသာ
လာဘာဗုဒၶဘာသာဆုိတာ လာဘ္လာဘလုိလို႔ ကုိးကြယ္တဲ့ ဗုဒၶဘာသာကို ဆုိလုိတာပါ။ ဒီဘ၀ စီးပြားေရးေလး တက္မလားဆုိျပီးေတာ့မွ ဘုရားကိုးကြယ္တာမွာ ေရြးျပီးေတာ့ ကုိးကြယ္တယ္။ ဒီဘုရားကုိးကြယ္ရင္ေတာ့ လာဘ္လာဘ ေပါမ်ားတယ္။ ဟုိဘုရားကုိးကြယ္ရင္ေတာ့ စီးပြားတတ္တယ္ဆုိျပီး ေရြးကိုးကြယ္တာ လာဘဗုဒၶ ဘာသာပါ။ ဘုရားကိုးကြယ္မွ လာဘ္ေပါမယ္ဆုိရင္ ဘုရားမကိုးကြယ္တဲ့ ခရစ္ယာန္ေတြ ဘာလုိ႔ လာဘ္ရႊင္ေနတာလဲ။ အဓိက စီးပြားေရး ျဖစ္ေနတယ္ဆုိတာ ဘုရားေၾကာင့္မဟုတ္ပါဘူး။ ကံဥာဏ္၀ီရိယ သတၱိေၾကာင့္ပါ။ အေရာင္းအ၀ယ္တစ္ခုလုပ္မယ္။ အိမ္ျခံ၀င္း၀ယ္မယ္။ ေရာင္းမယ္။ အိမ္ေနရာ ေျပာင္းမယ္ဆုိရင္ေတာင္မွ ရက္ရာဇာ ျပႆဒါး ေရြးေနတာေတြ၊ ဘုရားေက်ာင္းေဆာင္ ေပၚမွာ ဘုိးေတာ္ပံုေတြ ဘြားေတာ္ပံုေတြ တင္ထားတာေတြ၊ ကိုးၾကီးေက်ာ္ မႏွဲေလး အစရိွေတြ နတ္ေတြ ကိုးကြယ္တာေတြ၊ ေဗဒင္ေတြ ယံုၾကည္ျပီး ယၾတာေတြ ေခ်လိုက္ၾက စတဲ့ လာဘ္လာဘ လုိခ်င္လုိ႔ ကိုးကြယ္တဲ့ ဗုဒၶဘာသာ၀င္မ်ားကို လာဘာဗုဒၶဘာသာ ဟုေခၚပါသည္။

(၃)ဘယ ဗုဒၶဘာသာ(ေၾကာက္လုိ႔ ကိုးကြယ္ေသာ ဗုဒၶဘာသာ)
ဘယဗုဒၶဘာသာဆုိတာ ေဘးကို ေၾကာက္လုိ႔ ကိုးကြယ္တာကုိ ေခၚပါတယ္။ အႏၲရယ္ကင္းဖုိ႔ ၊ ေဘးရွင္းဖုိ႔၊ အသက္ရွည္ဖုိ႔၊ က်န္းမာဖုိ႔ ၊ ဒီလုိအေတြးအေခၚ အယူအဆေတြနဲ႔ ဘုရားကို ကိုးကြယ္တာကို ဘယဗုဒၶဘာသာဟုေခၚပါသည္။ ဒီဘုရားကုိ ကိုးကြယ္မွ အသက္ရွည္မယ္ဆုိရင္ ဒီဘုရားကို မကိုးကြယ္တဲ့ ခရစ္ယာန္ေတြ အစၥလာမ္ေတြ အသက္ရွစ္ဆယ္ တစ္ရာေက်ာ္ေတြ ရွည္ေနၾကတာ ဘာလုိ႔ပါလဲ။ ဘာမွမသိဘဲ ရမ္းကိုးကြယ္တာ ကုလဗုဒၶဘာသာ၊လာဘ္လာဘာ လုိခ်င္ျပီး ကိုးကြယ္တာ လာဘ္လာဘ လုိခ်င္ျပီး ကနားေတြေပးတာ လာဘဗုဒၶဘာသာ၊ ေဘးေၾကာက္ျပီး အကိုးကြယ္ေတြ မွားေနတာ ဘယဗုဒၶဘာသာ။ ဒီကုလ၊လာဘ၊ ဘယဗုဒၶဘာသာ သံုးမ်ိဳးကို ေအာက္တန္းစားဗုဒၶဘာသာဟု ေခၚပါသည္။ ဟုိလူမပါ၊ ဒီလူမပါ၊ ဟုိလူပသပါတယ္။ ဒီလူပသပါတယ္။ လက္ညိႈးထုိး ခြက္လွန္ လုပ္ေနတာေတြကို ျမတ္စြာဘုရားက သူေတာင္းစား ဗုဒၶဘာသာပါတဲ့။ ခႏၶာကိုယ္မွာ အသိ၊ဘာသာေရးအသိဓာတ္ခံ အားနည္းေတာ့ လိမ္စားေနတဲ့ သူေတြက လိမ္လုိ႔ေကာင္းေနပါတယ္။ ဘုရားလည္း ကုိးကြယ္ရေသး၊ တရားလည္း ကုိးကြယ္ရေသး၊ ဆြမ္းဦးကိုလည္း ေလာင္လွဴရေသး သာသနာေတာ္ကိုလည္း သကၤန္း ဆြမ္းေက်ာင္းေဆး၊ ပစည္းေလးပါးနဲ႔ လွဴဒါန္းပူေဇာ္ဆက္ကပ္ရေသး။ ဘာအတြက္ ဒါေတြ လုပ္ေနရတာလဲ ဘာအတြက္ သာသနာကို ခ်ီးေျမွာက္ေနတာလဲ၊ ဘာအတြက္ ေက်ာင္းေဆာက္ေနတာလဲ ။ စဥ္းစားပါ၊ ေ၀ဖန္ပါ၊ သံုးသပ္ပါ။

(၄)သဒၶါဓိက ဗုဒၶဘာသာ
သဒၶါဓိက ဗုဒၶဘာသာဆုိတာ သဒၶါတရားကို အရင္းခံပါတယ္။ သဒၶါတရားဆုိတာ ယံုၾကည္ခ်က္ပါ။ ဘုရား၊တရား၊ သံဃာကို တကယ္သက္၀င္ ယံုၾကည္တာကို ေခၚပါတယ္။ ဘုရား၊ တရား၊ သံဃာကို ယံုၾကည္တဲ့ေနရာမွာလည္း မွန္မွန္ကန္ကန္ ယံုၾကည္တဲ့ သမၼာသဒၶါ နဲ႔ မွားမွားယြင္းယြင္း ယံုၾကည္တဲ့ မိစၧာသဒၶါဆုိျပီး ႏွစ္မ်ိဳးရိွပါတယ္။ သမၼာသဒၶါဆိုတဲ့ မွန္မွန္ကန္ကန္ယံုၾကည္ခ်က္ ဆုိတာ သစၥာာတရား သိေတာ္မူတဲ့ ျမတ္စြာဘုရားဟာ ေ၀ေနယ် သတၲ၀ါေတြကို သူသိသကဲ့သို႔ ေမတၲာ ဂရုဏာေတာ္အျပည့္နဲ႔ သစၥာာေလးခ်က္ အနက္ကို ေဟာၾကားေတာ္မူခဲ့ပါတယ္။ ဒီတရားေတာ္ အနက္ေတြကို ပိုင္ပုိင္ႏုိင္ႏုိင္သိေတာ္မူသြားၾကတဲ့ အရိယာသူေတာ္စင္ၾကီးေတြဟာ နိဗၺာန္၀င္စံသြားၾကပါတယ္။ နိဗၺာန္ဆုိတာ အိုနာေသ လြတ္ရာပါ။ “အေသလြတ္ရာ ျပတတ္လုိ႔ ျမတ္စြာဘုရားအား ကိုးကြယ္ပါ၏” ဆုိတဲ့ ယံုၾကည္ခ်က္ဟာ မွန္ေသာယံုၾကည္ခ်က္။ တရားေတာ္ကို ဘာေၾကာင့္ကုိးကြယ္ရသလဲ။ ျမတ္စြာဘုရားေဟာ္ေတာ္မူခဲ့တဲ့ တရားေတာ္ကို ၾကိဳးစားမယုတ္ ပြားမ်ားအားထုတ္လုိက္လုိ႔ တရားလမ္းေၾကာင္းအတုိင္း မဂၢင္လမ္းအတုိင္းသာ ေလွ်ာက္သြားရင္ နိွဗၺာန္ေရာက္ပါမည္။ ထုိအေသလြတ္ရာ ပို႔ေဆာင္တာဟာ တရားက ပို႔ေဆာင္တာပါ။ ပုဂၢိဳဳလ္က ပို႔ေဆာင္တာ မဟုတ္ပါဘူး။ တရားေတာ္ကုိ မွန္ေသာယံုၾကည္မႈ။ ထုိတရားေတြ မကြယ္မေပ်ာက္ေသးတာ ဘယ္သူ႔ေက်းဇူးပါလဲ ဆုိရင္ သံဃာာရဲ ႔ ေက်းဇူးပါ။ ဘုရားရွင္ ေဟာေတာ္မူေသာ ဓမၼကၡႏၶာေပါင္း ရွစ္ေသာင္းေလးေထာင္၊ သုတ္၀ိနည္း အဘိဓမၼာတရားေတြ ဒီတရားေတြကို သံဃာာေတာ္ေတြက ေဆာင္ထားတာပါ။ ပိဋကသံုးပံုကို သံဃာေတာ္ေတြက ေစာင့္ေရွာက္ထားတာပါ။ သံဃာာေတာ္ကို ယံုၾကည္မႈ။ ဒါေတြက ရတနာျမတ္သံုးပါးကို မွန္မွန္ကန္ကန္ယံုၾကည္တဲ့ သမၼာသဒၶါ ယံုၾကည္မႈ။ မိစၧာသဒၶါယံုၾကည္မႈက လာဘ္လာဘေပါတယ္။ အႏၲရာယ္ကင္းတယ္ ဆုိျပီး ကုိးကြယ္ယံုၾကည္ေနတာဟာ မိစၧာသဒၶါ။ လာဘ္လာဘေပါတယ္ဆုိတဲ့ လာဘဗုဒၶဘာသာယံုၾကည္ခ်က္၊ အႏၱရာယ္ကင္းေအာင္ဆုိျပီး ဘယဗုဒၶဘာသာေတြရဲ ႔ ယံုၾကည္မႈ ဗုဒၶရဲ ႔ ဂုဏ္ေတာ္ကို ဘာမွနားမလည္ဘဲ သူမ်ားဦးတုိက္လုိ႔သာ ရမ္းဦးတုိက္ရတဲ့ ကုလဗုဒၶဘာသာေတြရဲ ႔ ယံုၾကည္မႈ ဒါေတြက မိစၧာသဒၶါေတြပါ။ အေသလြတ္ရာလမ္းကို ျပတတ္လုိ႔၊ အေသလြတ္ရာကို ပို႔ေဆာင္ႏုိင္လုိ႔၊ အေသလြတ္ရာ တရားကို ေဆာင္ထားႏုိင္လုိ႔ ရတနာသုံုးပါးကို ကုိးကြယ္ပါ၏ ဆုိတဲ့ သမၼာသဒၶါ ။ အႏွစ္သာရမရိွတာကို မရိွဘူးလုိ႔ သိတယ္။ အႏွစ္သာရ ရိွတာကို ရိွတယ္လုိ႔ သိတယ္။ မွားတာကို မွားတယ္လုိိ႔သိတယ္။ မွန္တာကို မွန္တယ္လုိ႔ သိတယ္။ သိတဲ့အျပင္၊ အမွားလမ္းကို ေရွာင္၊ အမွန္လမ္းကို ေဆာင္တာသည့္္ သမၼာသဒၶါ ရိွတဲ့ သဒၶါဓိက ဗုဒၶဘာသာပါ။

(၅)ပညာဓိက ဗုဒၶဘာသာ
ပညာဓိက ဗုဒၶဘာသာဆုိတာ သစၥာတရားကို ေသခ်ာသိတဲ့ ဗုဒၶဘာသာကို ေခၚတာပါ။ သဒၶါဓိက ဗုဒၶဘာသာဟာ တရားေတာ္ကုိ ယံုၾကည္တယ္။ တရားေတာ္ကို ဘယ္လုိယံုတာလည္း ဆုိေတာ့ ရမ္းယံုတာမဟုတ္ဘဲ ခႏၶာသိနဲ႔ အေသအခ်ာ သိျပီး ယံုတယ္။ ထုိသို႔ သိတာကို ပညာဟု ေခၚပါတယ္။ သစၥာေလးပါးတရားေတာ္ကို အေသအခ်ာ ပညာသိနဲ႔ သိတဲ့ ဗုဒၶဘာသာ၊ ျဖစ္မႈပ်က္မႈေတြကို သိတဲ့ဗုဒၶဘာသာ ျဖစ္ပ်က္ျမင္တာ ခႏၶာက ျမင္တာလား ပညာကျမင္တာလားဆုိေတာ့ ပညာက ျမင္တာပါ။ ပညာဓိက ဗုဒၶဘာသာပါ။ ဘုရားက မင္းတုိ႔ခႏၶာထဲမွာ ျဖစ္တာနဲဲ႔ ပ်က္တာပဲ ရိွတယ္ လုိ႔ ေဟာခဲ့ပါတယ္။ ဒါကို ကုိယ္တုိင္ သစၥာတရားေတာ္ကို ေသခ်ာသိျပီး က်င့္ၾကည့္လုိက္ေတာ့ ျမင္တယ္။ ကိုယ္တုိင္ျမင္ေတာ့ ယံုၾကည္လာတယ္။ ယံုၾကည္တာက သဒၶါ၊ ျဖစ္ပ်က္ျမင္တာက ပညာ။ ထုိ႔ေၾကာင့္ သဒၶါနဲ႔ ပညာ သြားျပီး တြဲေနပါတယ္။ သဒၶါနဲ႔ ပညာဟာ တြဲလ်က္ပါတဲ့။ သဒၶါတရား မွန္မွန္ကန္ကန္ နဲ႔ သာ ၾကိဳးစားမယ္ဆုိရင္ အပါယ္ေလးပါးမွ ကူးူေျမာက္ႏိုင္၏။ တုိ႔မွာ အပါယ္မ်ိဳးေစ့ေတြ၊ အပါယ္က်ေၾကာင္းကံေတြ လုပ္ထားတာရိွတယ္။ ဒါေတြကို ဘယ္သူမွ ၀င္တားလို႔ မရပါဘူး။ သူ႔ကိုတားခ်င္ရင္၊ သူ႔ကိုအက်ိဳးမေပးေစခ်င္ရင္ ဘာနဲ႔ ျဖတ္ရမလဲ ဆုိေတာ့ ဥာဏ္နဲ႔ ျဖတ္ရပါမယ္။ ဥာဏ္နဲ႔ ျဖတ္လုိက္လုိ႔ ျဖစ္ပ်က္မဂ္ဆုိက္ေနတဲ့ ပုဂၢိဳလ္မွာ သဒၶါလည္း ပါတယ္။ ပညာလည္း ပါပါတယ္။ ဒါသည္ သဒၶါဓိက ဗုဒၶဘာသာနဲ႔ ပညာဓိက ဗုဒၶဘာသာ ျဖစ္ပါသည္။ သဒၶါဓိက ဗုဒၶဘာသာနဲ႔ ပညာဓိက ဗုဒၶဘာသာဟာ အထက္တန္းစား ဗုဒၶဘာသာပါ။

အရွင္ေဇာတိသာရ(စဥ့္ကူး)

သူတော်ကောင်းနှင့် သူယုတ်မာ

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်၊ သူယုတ်မာတို့၏ အခြေခံသဘောကို လည်းကောင်း၊ သူတော်ကောင်းတို့၏ အခြေခံသဘောကို လည်းကောင်း၊ ဤသို့ဟော ကြားတော်မူ၏။

ရဟန်းတို့၊ သူယုတ်မာသည် ပြုဖူးသော သူ့ကျေးဇူးကိုမသိ၊ ပြုဖူးသော သူ့ကျေးဇူးကို ထင်စွာပြု၍မသိ၊ ရဟန်းတို့၊ ဤသို့ပြုဖူးသော သူ့ကျေးဇူးကိုမသိခြင်း၊ ပြုဖူးသော သူ့ကျေးဇူးကို ထင်စွာပြု၍မသိခြင်းကို သူယုတ်မာတို့သည် ချီးမွမ်းကုန်၏။ ယင်းတို့သည် သူယုတ်မာတို့၏ အခြေခံသဘောပေတည်း။

ရဟန်းတို့၊ သူတော်ကောင်းတို့သည်ကား ပြုဖူးသော သူ့ကျေးဇူးကိုသိ၏၊ ပြုဖူးသော သူ့ကျေးဇူးကို ထင်စွာပြု၍သိ၏၊ ရဟန်းတို့ ဤသို့ပြုဖူးသော သူ့ကျေးဇူးကိုသိခြင်း၊ ပြုဖူးသော သူ့ကျေးဇူးကို ထင်စွာပြု၍သိခြင်းကို သူတော်ကောင်းတို့သည် ချီးမွမ်းကုန်၏။ ယင်းတို့သည် သူတော်ကောင်းတို့၏ အခြေခံသဘောပေတည်း။

ကောလိတ၊ သမစိတ္တဝဂ်၊ အဂုင်္တ္ထိုရ်ပါဠိတော်

သူေတာ္ေကာင္းႏွင့္ သူယုတ္မာ

အခါတစ္ပါး၌ ျမတ္စြာဘုရားသည္ သာ၀တၳိျပည္ ေဇတ၀န္ေက်ာင္းေတာ္၌ သီတင္းသံုးေနေတာ္မူစဥ္၊ သူယုတ္မာတို႔၏ အေျခခံသေဘာကို လည္းေကာင္း၊ သူေတာ္ေကာင္းတို႔၏ အေျခခံသေဘာကို လည္းေကာင္း၊ ဤသို႔ေဟာ ၾကားေတာ္မူ၏။

ရဟန္းတို႔၊ သူယုတ္မာသည္ ျပဳဖူးေသာ သူ႔ေက်းဇူးကိုမသိ၊ ျပဳဖူးေသာ သူ႔ေက်းဇူးကို ထင္စြာျပဳ၍မသိ၊ ရဟန္းတို႔၊ ဤသို႔ျပဳဖူးေသာ သူ႔ေက်းဇူးကိုမသိျခင္း၊ ျပဳဖူးေသာ သူ႔ေက်းဇူးကို ထင္စြာျပဳ၍မသိျခင္းကို သူယုတ္မာတို႔သည္ ခ်ီးမြမ္းကုန္၏။ ယင္းတို႔သည္ သူယုတ္မာတို႔၏ အေျခခံသေဘာေပတည္း။

ရဟန္းတို႔၊ သူေတာ္ေကာင္းတို႔သည္ကား ျပဳဖူးေသာ သူ႔ေက်းဇူးကိုသိ၏၊ ျပဳဖူးေသာ သူ႔ေက်းဇူးကို ထင္စြာျပဳ၍သိ၏၊ ရဟန္းတို႔ ဤသို႔ျပဳဖူးေသာ သူ႔ေက်းဇူးကိုသိျခင္း၊ ျပဳဖူးေသာ သူ႔ေက်းဇူးကို ထင္စြာျပဳ၍သိျခင္းကို သူေတာ္ေကာင္းတို႔သည္ ခ်ီးမြမ္းကုန္၏။ ယင္းတို႔သည္ သူေတာ္ေကာင္းတို႔၏ အေျခခံသေဘာေပတည္း။

ေကာလိတ၊ သမစိတၱ၀ဂ္၊ အဂုၤတၳိဳရ္ပါဠိေတာ္

သပ္ပုရိသသုတ် – (သူတော်ကောင်း)

သူတော်ကောင်းသည်…
ရဟန်းတို့ သူတော်ကောင်းသည် အမျိုး၌ ဖြစ်ပေါ်လာသည် ရှိသော် များစွာသော လူအပေါင်း၏ အကျိုးစီးပွါး ချမ်းသာခြင်း အလို့ငှါ ဖြစ်၏၊ အမိအဖတို့၏ အကျိုးစီးပွါး ချမ်းသာခြင်း အလို့ငှါ ဖြစ်၏၊ သားမယား၏ အကျိုးစီးပွါး ချမ်းသာခြင်း အလို့ငှါ ဖြစ်၏၊ ကျွန်အမှုလုပ် ယောက်ျားတို့၏ အကျိုးစီးပွါး ချမ်းသာခြင်း အလို့ငှါ ဖြစ်၏၊ အဆွေခင်ပွန်း ချစ်ကျွမ်းဝင်သူတို့၏ အကျိုးစီးပွါး ချမ်းသာခြင်း အလို့ငှါ ဖြစ်၏၊ ရှေးက သေလွန်ပြီးသော အဆွေအမျိုးတို့၏ အကျိုးစီးပွါး ချမ်းသာခြင်း အလို့ငှါ ဖြစ်၏၊ မင်း၏ အကျိုးစီးပွါး ချမ်းသာခြင်း အလို့ငှါ ဖြစ်၏၊ နတ်တို့၏ အကျိုးစီးပွါး ချမ်းသာခြင်း အလို့ငှါ ဖြစ်၏၊ သမဏဗြာဟ္မဏတို့၏ အကျိုးစီးပွါး ချမ်းသာခြင်း အလို့ငှါ ဖြစ်၏။

မိုးရွာခြင်းသည်…
ရဟန်းတို့ အလုံးစုံသော ကောက် စပါးတို့ကို ပြည့်စုံစေတတ်သော ရွာသွန်းသော မိုးကြီးသည် များစွာသော လူအပေါင်း၏ အကျိုးစီးပွါး ချမ်းသာခြင်း အလို့ငှါ ဖြစ်သကဲ့သို့ ရဟန်းတို့ ဤအတူသာလျှင် သူတော်ကောင်းသည် အမျိုး၌ ဖြစ်ပေါ် လာသည် ရှိသော် များစွာသော လူအပေါင်း၏ အကျိုးစီးပွါး ချမ်းသာခြင်း အလို့ငှါ ဖြစ်၏၊ အမိအဖတို့၏ အကျိုးစီးပွါး ချမ်းသာခြင်း အလို့ငှါ ဖြစ်၏၊ သားမယား၏ အကျိုးစီးပွါး ချမ်းသာခြင်း အလို့ငှါ ဖြစ်၏၊ ကျွန်အမှုလုပ် ယောက်ျားတို့၏ အကျိုးစီးပွါး ချမ်းသာခြင်း အလို့ငှါ ဖြစ်၏၊ အဆွေခင်ပွန်း ချစ်ကျွမ်းဝင်သူတို့၏ အကျိုးစီးပွါး ချမ်းသာခြင်း အလို့ငှါ ဖြစ်၏၊ ရှေးက သေလွန်ပြီးသော အဆွေအမျိုးတို့၏ အကျိုးစီးပွါး ချမ်းသာခြင်း အလို့ငှါ ဖြစ်၏၊ မင်း၏ အကျိုးစီးပွါး ချမ်းသာခြင်း အလို့ငှါ ဖြစ်၏၊ နတ်တို့၏ အကျိုးစီးပွါး ချမ်းသာခြင်း အလို့ငှါ ဖြစ်၏၊ သမဏဗြာဟ္မဏတို့၏ အကျိုးစီးပွါး ချမ်းသာခြင်း အလို့ငှါဖြစ်၏ ဟု မိန့်တော်မူ၏။

ပညာရှိပုဂ္ဂိုလ်သည်…
အိမ်၌နေသော ပညာရှိပုဂ္ဂိုလ်သည် စင်စစ်အားဖြင့် များစွာသော လူတို့၏ အကျိုးငှါ ဖြစ်၏။ နေ့ညဉ့်တို့ပတ်လုံး ပျင်းရိခြင်း မရှိသော ပညာရှိသည် ရှေးဦးစွာ အမိအဖတို့အား ရှေး၌ ပြုဖူးသော ကျေးဇူးကို အဖန်တလဲလဲ အောက်မေ့သည် ဖြစ်၍ အကြောင်း အားလျော်စွာ ပူဇော်၏၊ အိမ်ရာ မထောင်ဘဲ ရဟန်းပြုသော မြတ်သော အကျင့်ကို ကျင့်သော ပုဂ္ဂိုလ်တို့ကို အရိုအသေပြု၏။ သက်ဝင် ယုံကြည်သော သဒ္ဓါတရားရှိသော သီလကို ချစ်သူသည် တရားတို့ကို သိ၍ သူတော်ကောင်းတို့ကို ပူဇော်၏၊ မင်း၏ အစီးအပွါးကို ဆောင်၏၊ နတ်တို့၏ အစီးအပွါးကို ဆောင်၏၊ အဆွေအမျိုး မိတ်ဆွေတို့၏ အစီးအပွါးကို ဆောင်၏။ သူတော်ကောင်းတရား၌ ကောင်းစွာ တည်သော ထိုသူသည် အလုံးစုံသော သူတို့၏ အစီးအပွါးကို ဆောင်၏၊ ထိုသူသည် ဝန်တိုမှု ‘မစ္ဆရိယ’ အညစ်အကြေးကို ပယ်ဖျောက်၍ အေးငြိမ်းသော လောကသို့ ရောက်ရ၏။

သပ္ပုရိသသုတ်၊ ဒါနဝဂ်၊ အဋ္ဌကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်

%d bloggers like this: