မြတ်ဗုဒ္ဓ၏ အာဝေဏိကဂုဏ်တော် (၁၈) ပါး
၁။     ။ အတီတံသေ ဗုဒ္ဓဿ ဘဂဝတော အပ္ပဋိဟတံ ဉာဏံ။
အတိတ်ကာလ၌ အဆီးအတား အပိတ်အပင် မရှိသော ဉာဏ်တော်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
၂။    ။ အနာဂတံသေ ဗုဒ္ဓဿ ဘဂဝတော အပ္ပဋိဟတံ ဉာဏံ။
အနာဂါတ်ကာလ၌ အဆီးအတား အပိတ်အပင်မရှိသော ဉာဏ်တော်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
၃။    ။ ပစ္စုပ္ပန္နံသေ ဗုဒ္ဓဿ ဘဂဝတော အပ္ပဋိဟတံ ဉာဏံ။
ပစ္စုပ္ပန်ကာလ၌ အဆီးအတား အပိတ်အပင် မရှိသော ဉာဏ်တော်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
၄။    ။ သဗ္ဗံ ကာယကမ္မံ ဉာဏပုဗ္ဗင်္ဂမံ ဉာဏနုပရိဝတ္တံ။
အလုံးစုံ ကိုယ်ဖြင့် ပြုအပ်သောအမှုသည် ဉာဏ်ဖြင့်ယှဉ်လျှက် ဉာဏ်တော်သို့ အစဉ်လိုက်တော်မူသော မြတ်စွာဘုရား။
၅။    ။ သဗ္ဗံ ဝစီကမ္မံ ဉာဏပုဗ္ဗင်္ဂမံ ဉာဏာနုပရိဝတ္တံ။
အလုံးစုံ နှုတ်ဖြင့် ပြောဆိုအပ်သော အမှုသည် ဉာဏ်ဖြင့်ယှဉ်လျှက် ဉာဏ်တော်သို့ အစဉ်လိုက်တော်မူသော မြတ်စွာဘုရား။
၆။    ။ သဗ္ဗံ မနောကမ္မံ ဉာဏပုဗ္ဗင်္ဂမံ ဉာဏာနုပရိဝတ္တံ။
အလုံးစုံ စိတ်ဖြင့် ကြံစည်အပ်သော အမှုသည် ဉာဏ်ဖြင့်ယှဉ်လျှက် ဉာဏ်တော်သို့ အစဉ်လိုက်တော်မူသော မြတ်စွာဘုရား။
၇။    ။ နတ္ထိ ဆန္ဒဿ ဟာနိ။
သတ္တဝါတို့၏ အကျိုးစီးပွားကို ပြုလိုသော ဆန္ဒတော် ဆုတ်ယုတ်ခြင်း ရှိတော်မူသော မြတ်စွာဘုရား။
၈။    ။ နတ္ထိ ဓမ္မဒေသနာယ ဟာနိ။
တရားတော် ဟောပြောခြင်း၌ ဆုတ်ယုတ်ခြင်း ရှိတော်မမူသော မြတ်စွာဘုရား။
၉။    ။ နတ္ထိ ဝီရိယဿ ဟာနိ။
သတ္တဝါတို့၏ အကျိုးစီးပွားကို ပြုလိုသော ဝီရိယတော် ဆုတ်ယုတ်ခြင်း ရှိတော်မမူသော မြတ်စွာဘုရား။
၁၀။    ။ နတ္ထိ ဝိပသနာယ ဟာနိ။
ဝိပသနာ ပညာတော် ဆုတ်ယုတ်ခြင်း ရှိတော်မမူသော မြတ်စွာဘုရား။
၁၁။    ။ နတ္ထိ သမာဓိဿ ဟာနိ။
စိတ်တည်ကြည်မှု သမာဓိတော် ဆုတ်ယုတ်ခြင်း ရှိတော်မမူသော မြတ်စွာဘုရား။
၁၂။    ။ နတ္ထိ ဝိမုတ္တိယာ ဟာနိ။
အရဟတ္တဖိုလ် ဝင်စားခြင်း၌ ဆုတ်ယုတ်ခြင်း ရှိတော်မမူသော မြတ်စွာဘုရား။
၁၃။    ။ နတ္ထိ ဒဝါ။
ရယ်မြူးလို၍ ပြောဆိုစကား ရှိတော်မမူသော မြတ်စွာဘုရား။
၁၄။    ။ နတ္ထိ ရဝါ။
သတိလွတ်၍ ပြောဆိုစကား ရှိတော်မမူသော မြတ်စွာဘုရား။
၁၅။    ။ နတ္ထိ အပ္ဖုဋံ။
ဉာဏ်တော်မမှီ မသိသောအရာ ရှိတော်မမူသော မြတ်စွာဘုရား။
၁၆။    ။ နတ္ထိ ဝေဂါယိတတ္တံ။
မဆင်မခြင် လျင်မြန်စွာပြုသောအမှု ရှိတော်မမူသော မြတ်စွာဘုရား။
၁၇။    ။ နတ္ထိ အဗျာဝဋမနော။
နှောက်ယှက်တွန့်တို ပိတ်ပင်သော နှလုံးရှိတော်မမူသော မြတ်စွာဘုရား။
၁၈။    ။ နတ္ထိ အပ္ပဋိသင်္ခါနပေက္ခာ။
ဆင်ခြင်လွတ်ကင်း လျှစ်လျူနေခြင်း ရှိတော်မမူသော မြတ်စွာဘုရား။
Advertisements
၁။     ။ အတီတံသေ ဗုဒ္ဓဿ ဘဂ၀တော အပ္ပဋိဟတံ ဥာဏံ။
အတိတ်ကာလ၌ အဆီးအတား အပိတ်အပင် မရှိသော ဥာဏ်တော်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
၂။    ။ အနာဂတံသေ ဗုဒ္ဓဿ ဘဂ၀တော အပ္ပဋိဟတံ ဥာဏံ။
အနာဂါတ်ကာလ၌ အဆီးအတား အပိတ်အပင်မရှိသော ဥာဏ်တော်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
၃။    ။ ပစ္စုပ္ပန္နံသေ ဗုဒ္ဓဿ ဘဂ၀တော အပ္ပဋိဟတံ ဥာဏံ။
ပစ္စုပ္ပန်ကာလ၌ အဆီးအတား အပိတ်အပင် မရှိသော ဥာဏ်တော်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
၎။    ။ သဗ္ဗံ ကာယကမ္မံ ဥာဏပုဗ္ဗင်္ဂမံ ဥာဏနုပရိဝတ္တံ။
အလုံးစုံ ကိုယ်ဖြင့် ပြုအပ်သောအမှုသည် ဥာဏ်ဖြင့်ယှဉ်လျှက် ဥာဏ်တော်သို့ အစဉ်လိုက်တော်မူသော မြတ်စွာဘုရား။
၅။    ။ သဗ္ဗံ ၀စီကမ္မံ ဥာဏပုဗ္ဗင်္ဂမံ ဥာဏာနုပရိဝတ္တံ။
အလုံးစုံ နှုတ်ဖြင့် ပြောဆိုအပ်သော အမှုသည် ဥာဏ်ဖြင့်ယှဉ်လျှက် ဥာဏ်တော်သို့ အစဉ်လိုက်တော်မူသော မြတ်စွာဘုရား။
၆။    ။ သဗ္ဗံ မနောကမ္မံ ဥာဏပုဗ္ဗင်္ဂမံ ဥာဏာနုပရိဝတ္တံ။
အလုံးစုံ စိတ်ဖြင့် ကြံစည်အပ်သော အမှုသည် ဥာဏ်ဖြင့်ယှဉ်လျှက် ဥာဏ်တော်သို့ အစဉ်လိုက်တော်မူသော မြတ်စွာဘုရား။
၇။    ။ နတ္ထိ ဆန္ဒဿ ဟာနိ။
၈။    ။ နတ္ထိ ဓမ္မဒေသနာယ ဟာနိ။
၉။    ။ နတ္ထိ ၀ီရိယဿ ဟာနိ။
၁၀။    ။ နတ္ထိ ၀ိပသနာယ ဟာနိ။
၁၁။    ။ နတ္ထိ သမာဓိဿ ဟာနိ။
၁၂။    ။ နတ္ထိ ၀ိမုတ္တိယာ ဟာနိ။
၁၃။    ။ နတ္ထိ ဒ၀ါ။
၁၄။    ။ နတ္ထိ ရ၀ါ။
၁၅။    ။ နတ္ထိ အပ္ဖုဋံ။
ဥာဏ်တော်မမှီ မသိသောအရာ ရှိတော်မမူသော မြတ်စွာဘုရား။
၁၆။    ။ နတ္ထိ ဝေဂါယိတတ္တံ။
၁၇။    ။ နတ္ထိ အဗျာဝဋမနော။
အကုသိုလ်ကံကို မလုပ်ရုံမျှဖြင့် ကုသိုလ်ဖြစ်ပါသလား
မေး ။ ။ ကုသိုလ် ၊ အကုသိုလ်အရာမှာ အကုသိုလ်ကံကို မလုပ်ရုံမျှဖြင့် ကုသိုလ်ဖြစ်ပါသလား ၊ ဥပမာ – အသက် သတ်ခြင်းဆိုတဲ့ အကုသိုလ်ကို ကျူးလွန်ခြင်းမှ ရှောင်ကြဉ်ခြင်းအားဖြင့် ကုသိုလ်ဖြစ်ပါသလား ။
ဖြေ ။ ။ သူ့အသတ်ကို သတ်ဖို့လို့ ရှေ့ရောက်လာတယ် ၊ သတ်မယ်လို့လည်း စိတ်ကတော့ ကူးထားတယ် ၊ နောက်တော့ တစ်စုံတစ်ခုသော အဖြစ်ကြောင့် မသတ်ပါဘူးလေ လို့ ရှောင်လိုက်ရင် အဲဒီရှောင်တဲ့ စိတ်က ကုသိုလ်စိတ် – ဝိရတီ ။ ဝိရတီစေတနာပါနေတဲ့ ကုသိုလ်စိတ် ဖြစ်တယ် ။
ဘုန်းကြီးတို့ ဥပုသ်သည်တွေမှာ ဥပုသ်မှ ကုသိုလ်တွေ ဖြစ်နေတယ်ဆိုတဲ့ ဥစ္စာ ရှောင်နေတာပဲ ။ သဘာဝကတော့ နဂိုရှိတုန်းက ဗုဒ္ဓမြတ်စွာရဲ့ တရားတော်အရ ညစာ မစားပါဘူးလို့ ရှောင်နေတာ ဖြစ်တော့ ညစာ စားချင်လိုက်တာ ၊ စားချင်ပေမယ့်လို့ သီလပျက်မှာ စိုးလို့ သူက ရှောင်တယ် ၊ ရှောင်တဲ့ ဝိရတီ စေတသိက် ဖြစ်တာပဲ ။ အဲဒီဟာ ကုသိုလ်ခေါ်တာ ။
ကျမ်းကိုး ။ ။ သိပ္ပံနှင့် ဗုဒ္ဓအဘိဓမ္မာ အဖြေများ ၊
အမရပူရ မဟာဂန္ဓာရုံ ဆရာတော် အရှင်ဇနကာ ဘိဝံသ
နိဗ္ဗာန်ရောက်ကြောင်း ဉာဏ်စဉ် ၁၆ ပါး
၁။ နာမရူပ ပရိစေ ္ဆဒဉာဏ် – ရုပ်နာမ် ၂ ပါးကို ပိုင်းခြား၍ သိသောဉာဏ်။
၂။ ပစ္စယပရိဂ္ဂဟဉာဏ် – ရုပ်နာမ် ၂ ပါးဖြစ်ကြောင်းကို သိသောဉာဏ်။
၃။ သမ္မာသနဉာဏ် – ရုပ်နာမ် ၂ ပါးကို အနိစ္စ ၊ ဒုက္ခ ၊ အနတ္တ ဟု သုံးသပ်သောဉာဏ်။
၄။ ဥဒယဗ္ဗယဉာဏ် – ရုပ်နာမ် ၂ ပါး ဖြစ်ပုံပျက်ပုံကို ရှုသဖြင့် ဖြစ်ပေါ်လာသောဉာဏ်။
၅။ ဘင်္ဂဉာဏ် – ရုပ်နာမ် ၂ ပါး ဖြစ်ခြင်းကို လွှတ်၍ ပျက်ခြင်းကို ထင်သောဉာဏ်။
၆။ ဘယဉာဏ် – ရုပ်နာမ် ၂ ပါးပျက်ခြင်းကို ဘေးဟု ရှုသည်၏ အစွမ်းဖြင့် ထင်မြင်သောဉာဏ်။
၇။ အာဒိနဝဉာဏ် – ထိုဘေးကို ဆင်းရဲခြင်းဟု ရှုသည့်အစွမ်းဖြစ်သောဉာဏ်။
၈။ နိဗ္ဗိဒါဉာဏ် – ရုပ်နာမ်ခန္ဓာ ၊ သင်္ခါရ ဖြစ်ပုံပျက်ပုံကို ငြီးငွေ့ဖွယ်ဟု မြင်သောဉာဏ်။
၉။ မုစ္စိတုကမျတာဉာဏ် – ရုပ်နာမ်ခန္ဓာ သင်္ခါရတို့မှ လွတ်ရာနိဗ္ဗာန်သို့ ညွှတ်သောဉာဏ်။
၁၀။ ပဋိသင်္ခါဉာဏ် – ရုပ်နာမ်ခန္ဓာ သင်္ခါရတို့မှ အတင်းလွတ်မြောက်လိုသောဉာဏ်။
၁၁။ သင်္ခါရူပေက္ခာဉာဏ် – ရုပ်နာမ်သင်္ခါရတို့၌ မုန်းချစ်မပြု လျစ်လျူရှုသောဉာဏ်။
၁၂။ အနုလောမဉာဏ် – ဝိပသနာဉာဏ် ရင့်သန်သဖြင့် မဂ်၄ခု ပေါ်အောင် နှိုးဆော်ပမာတူသော ဉာဏ်။
၁၃။ ဂေါတြတူဉာဏ် – ပုထုဇဉ်အနွယ်ကိုဖြတ်၍ အရိယာအနွယ်ကို ပွားစေသောဉာဏ်။
၁၄။ မဂ်ဉာဏ် – နိဗ္ဗာန်ကို သိမြင်သောဉာဏ်။
၁၅။ ဖလဉာဏ် – နိဗ္ဗာန်ကိုသိသော ဖိုလ်ဉာဏ်။
၁၆။ ပစ္စဝေက္ခဏာဉာဏ် – မဂ်ဖိုလ် နိဗ္ဗာန် ပယ်ပြီး မပယ်ပြီးသော တရားကို ဆင်ခြင်သောဉာဏ်။
တောသား
နိဗ္ဗာန်ရောက်ကြောင်း ဥာဏ်စဉ် ၁၆ ပါး
၁။ နာမရူပ ပရိစ္ဆေဒဥာဏ် – ရုပ်နာမ် ၂ ပါးကို ပိုင်းခြား၍ သိသောဥာဏ်။
၂။ ပစ္စယပရိဂ္ဂဟဥာဏ် – ရုပ်နာမ် ၂ ပါးဖြစ်ကြောင်းကို သိသောဥာဏ်။
၃။ သမ္မာသနဥာဏ် – ရုပ်နာမ် ၂ ပါးကို အနိစ္စ ၊ ဒုက္ခ ၊ အနတ္တ ဟု သုံးသပ်သောဥာဏ်။
၎။ ဥဒယဗ္ဗယဥာဏ် – ရုပ်နာမ် ၂ ပါး ဖြစ်ပုံပျက်ပုံကို ရှုသဖြင့် ဖြစ်ပေါ်လာသောဥာဏ်။
၅။ ဘင်္ဂဥာဏ် – ရုပ်နာမ် ၂ ပါး ဖြစ်ခြင်းကို လွှတ်၍ ပျက်ခြင်းကို ထင်သောဥာဏ်။
၆။ ဘယဥာဏ် – ရုပ်နာမ် ၂ ပါးပျက်ခြင်းကို ဘေးဟု ရှုသည်၏ အစွမ်းဖြင့် ထင်မြင်သောဥာဏ်။
၇။ အာဒိန၀ဥာဏ် – ထိုဘေးကို ဆင်းရဲခြင်းဟု ရှုသည့်အစွမ်းဖြစ်သောဥာဏ်။
၈။ နိဗ္ဗိဒါဥာဏ် – ရုပ်နာမ်ခန္ဓာ ၊ သင်္ခါရ ဖြစ်ပုံပျက်ပုံကို ငြီးငွေ့ဖွယ်ဟု မြင်သောဥာဏ်။
၉။ မုစ္စိတုကမျတာဥာဏ် – ရုပ်နာမ်ခန္ဓာ သင်္ခါရတို့မှ လွတ်ရာနိဗ္ဗာန်သို့ ညွှတ်သောဥာဏ်။
၁၀။ ပဋိသင်္ခါဥာဏ် – ရုပ်နာမ်ခန္ဓာ သင်္ခါရတို့မှ အတင်းလွတ်မြောက်လိုသောဥာဏ်။
၁၁။ သင်္ခါရူပေက္ခာဥာဏ် – ရုပ်နာမ်သင်္ခါရတို့၌ မုန်းချစ်မပြု လျစ်လျူရှုသောဥာဏ်။
၁၂။ အနုလောမဥာဏ် – ၀ိပသနာဥာဏ် ရင့်သန်သဖြင့် မဂ်၎ခု ပေါ်အောင် နှိုးဆော်ပမာတူသော ဥာဏ်။
၁၃။ ဂေါတြတူဥာဏ် – ပုထုဇဉ်အနွယ်ကိုဖြတ်၍ အရိယာအနွယ်ကို ပွားစေသောဥာဏ်။
၁၄။ မဂ်ဥာဏ် – နိဗ္ဗာန်ကို သိမြင်သောဥာဏ်။
၁၅။ ဖလဥာဏ် – နိဗ္ဗာန်ကိုသိသော ဖိုလ်ဥာဏ်။
၁၆။ ပစ္စဝေက္ခဏာဥာဏ် – မဂ်ဖိုလ် နိဗ္ဗာန် ပယ်ပြီး မပယ်ပြီးသော တရားကို ဆင်ခြင်သောဥာဏ်။
တောသား
ဗုဒ္ဓ (၄) မျိုး
ဗုဒ္ဓ (၄) မျိုး
၁။ သုတဗုဒ္ဓ – ပရိယတ္တိ အကြားအမြင် ဗဟုသုတများသော ရဟန်းပုဂ္ဂိုလ် ။
၂။ သာဝကဗုဒ္ဓ – ရဟန္တာအရှင်မြတ်။
၃။ ပစ္စေကဗုဒ္ဓ – အသီးအခြားပွင့်တော်မူသော ဘုရားငယ်။ (သာသနာပ)
၄။ သမ္မာသမ္ဗုဒ္ဓ – သဗ္ဗညုတဉာဏ်တော်နှင့် ပြည့်စုံတော်မူသော ဘုရားကြီး။
စေတီ (၄) ပါး
(အများတကာအလေးအနက်ပြုရာဌာန – စေတီ)
၁။ ဓာတုစေတီတော် – ဓာတ်တော် ၊ စွယ်တော်၊ ဆံတော်။
၂။ ဓမ္မစေတီ – တရားတော် ၊ ပိဋကတ်သုံးပုံ။
၃။ ပရိဘောဂစေတီ – မြတ်စွာဘုရား၏ အသုံးအဆောင် (ဗောဓိညောင်ပင် ပါဝင်သည်)။
၄။ ဥဒ္ဒိသစေတီ – မြတ်စွာဘုရား၏ပုံတူ ရုပ်ပွားဆင်းတုတော်။
ဤနေရာတွင် ဗုဒ္ဓလေးမျိုးနှင့် စေတီလေးပါးကို ဖော်ပြရခြင်းမှာ ဗုဒ္ဓဘာသာဝင် သူတော်စင်တို့သည် ကြည်လင်သော သဒ္ဓါတရားပိုမိုအကျိုးများစေရန် နည်းများမဆို မတွန့်တိုပဲ နိဗ္ဗာန်ကို အာရုံပြု၍ လှူဒါန်းနိုင်စေရန် ဖော်ပြရခြင်းဖြစ်ပေသည်။
အလှူခံပုဂ္ဂိုလ် တစ်ကျိပ်လေးပါး
ဘုရား ၊ ပစ္စေကဗုဒ္ဓါ ၊ အရိယာသာဝက မဂ် (၄)ပါး ၊ အရိယာသာဝကဖိုလ် (၄)ပါး ၊ သာသနာတော်မှအပဖြစ်သော ဈာန်ရ-ရသေ့။ ပရိဗုဇ်။ ပုထုဇဉ်သီလဝန္တ။ ပုထုဇဉ်ဒုသီလ တိရစ္ဆာန်ဟူ၍ (၁၄) ပါးရှိလေသည်။
ထို့ကြောင့် အထက်ပါ (၁၄)ပါးတို့ကို လှူဒါန်းရာတွင် တိရစ္ဆာန်အား ကျွေးမွေးပေးလှူသော အလှူ၏အကျိုးသည် အဆတစ်ရာ တိုးပွားခြင်းဖြစ်စေ၏။ သီလမရှိသောသူအား ပေးလှူခြင်းသည် အကျိုးအဆတစ်ထောင်ဖြစ်၏။ သီလရှိသော ပုထုဇဉ်အား ပေးလှူခြင်းသည် အဆကုဋေတစ်သိန်းမက အကျိုးပေး၏။ ထို့ထက် သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြု၍ ကျင့်သောပုဂ္ဂိုလ်အား ပေးလှူလျှင် မရေမတွက်နိုင်အောင် အကျိုးဖြစ်၏။ သောတပန် ၊ သကဒါဂါမ် ၊ အနာဂါမ် ၊ ရဟန္တာ ၊ ပစ္စေကဗုဒ္ဓါတို့အား လည်းကောင်း ၊ မြတ်စွာဘုရားအားလည်းကောင်း ပေးလှူရသောအကျိုးကား မည်သို့ဆိုဘွယ်ရာ ရှိတော့အံ့နည်း။
%d bloggers like this: