နောက်ဆုံးဆယ်လ မြတ်ဗုဒ္ဓ (၂)

ထို့နောက် မြတ်ဗုဒ္ဓသည် နောက်ဆုံးဝါဆိုတော်မူခဲ့ရာ ဝေဠုဝရွာ မှ သာဝတ္ထိမြို့သို့ကြွချီတော်မူလေသည်။

သာဝတ္ထိမြို့တွင် တန်ဆောင်မုန်းလပြည့်နေ့ ၌ အရှင်သာရိပုတ္တရာကိုယ်တော်မြတ် ပရိနိဗ္ဗာန်စံတော်မူခဲ့လေသည်။
အဲဒီနောက် သာဝတိ္ထမှ ရာဇဂြိုလ်မြိုသို့ ဆက်လက်ကြွတော်မူသည်။

ရာဇဂြိုလ်မြို့တွင် တန်ဆောင်မုန်းလကွယ်နေ့၌ အရှင်မဟာမောဂ္ဂလာန်ကိုယ်တော်မြတ် ပရိနိဗ္ဗာန်စံတော်မူလေသည်။

အဲဒီ့နောက် ဝေသာလီပြည် စာပါလစေတီသို့ကြွတော်မူ၏။ တပို့တွဲလပြည့်နေ့တွင် စာပါလစေတီသို့ ရောက်လေ၏။ ထိုနေရာတွင် မြတ်ဗုဒ္ဓသည် အာယုသင်္ခါရ ကို စွန့်လွှတ်တော်မူလေ၏။ ရောဂါကင်းဝေး၊ အသက်ရှည်ရန် ပြုပြင်မှု ဖလသမာပတ်ဝင်စားခြင်းကို အပြီး စွန့်လွတ်လိုက်ခြင်းဖြစ်၏။ မြတ်ဗုဒ္ဓ ပရိနိဗ္ဗာန်စံတော်မူရန် (၃)လသာ လိုတော့လေသည်။

ထိုစာပါလစေတီမှတဖန် ဝေသာလီပြည် မဟာဝုန်တော ကျောင်းတိုက်ကြီးရှိရာသို့ ကြွချီတော်မူလေသည်။ ထိုကျောင်းတိုက်ကြီးတွင် မြတ်ဗုဒ္ဓသည် သံဃာတော်များ စုစည်းခေါ်ယူပြီး သာသနာအရှည်တည်တံ့ကြောင်းတရားတော်ကို ဟောတော်မူခဲ့၏။ ထိုကျောင်းတိုက်ကြီးမှတဖန် ဘဏ္ဍုရွာသို့ ကြွတော်မူလေသည်။

ထိုရွာ၌ သီလ၊ သမာဓိ၊ ပညာ၊ ဝိမုတ္တိ တရားတော်ကို ဟောတော်မူလေသည်။ ထိုဘဏ္ဍုရွာမှတဖန် ဟတိ္ထရွာ၊ အမ္ဗရွာ၊ ဇမ္ဗုရွာ၊ ဘောဂမြို့ သို့ တဆင့်ဆင့် ကြွချီတော်မူခဲ့လေသည်။ ထိုဘောဂမြို့၌ မြတ်ဗုဒ္ဓသည် မဟာပဒေသလေးပါးတရားတော်ကို ဟောတော်မူခဲ့၏။

ထို့နောက် ဘုရားကိုယ်တော်မြတ်သည် များစွာသော ရဟန်းသံဃာတို့နှင့်အတူ ဘောဂမြို့မှ ပါဝါပြည်သို့ ဆက်လက် ခရီးဒေသစာရီ ကြွချီတော်မူလေပြီ။

ပါဝါပြည်သို့ ရောက်ရှိသော အချိန်မှာ..ကဆုန်လဆန်း ၁၄ရက် ညနေစောင်းအချိန်ဖြစ်၏။

ပါဝါပြည် စုန္ဒအမည်ရှိသော ရွှေပန်းတိမ်သည် ၏ သရက်တောဥယျာဉ်ကြီးတွင် သီတင်းသုံးနေတော်မူလေသည်။

စုန္ဒရွှေပန်းတိမ်သည်လည်း မြတ်ဗုဒ္ဓထံသို့ ရောက်ရှိလာပြီး နောက်နေ့ နက်ဖြန် သံဃာတော်များနှင့်တကွ ဆွမ်းဘုန်းပေးခြင်းကို လက်ခံတော်မူပါရန် လျှောက်ထားလေသည်။ မြတ်ဗုဒ္ဓမှ လက်ခံတော်မူပြီးနောက် စုန္ဒလည်း ဆွမ်း ခဲဖွယ် ဘောဇဉ်တိုု့ကို ပြည့်စုံစွာ ပြင်ဆင်လေတော့သည်။ စုန္ဒစီမံသော အစားအစာများထဲတွင် သူကရမဒ္ဒဝ အမည်ရှိသော စားဖွယ်လည်းပါဝင်သည်။
ထို သူကရမဒ္ဒဝ စားဖွယ်မှာ အဋ္ဌကထာများတွင် (၅)မျိုးကွဲပြားနေလေသည်။

၁. မကြီးမငယ် ဝက်သားစားဖွယ်
၂. မှိုစားဖွယ်
၃. မျှစ်စားဖွယ်
၄. နွားနို့အရသာ ငါးမျိုးဖြင့် စီမံထားသော စားဖွယ်
၅. ဆေးတို့ဖြင့် စီမံထားသောစားဖွယ်..ဟူ၍ ကွဲပြားနေသည်။

လောကဓာတ် (၁)သောင်းမှ နတ်အပေါင်းတို့သည်လည်း ထိုသူုကရမဒ္ဒဝစားဖွယ်ထဲသို့ နတ်ဩဇာများထည့်၍ ပူဇော်ကြလေသည်။ စုန္ဒက..မြတ်ဗုဒ္ဓအား မနက်စောစောတွင် ဆွမ်းစားပင့်လေသည်။ မြတ်ဗုဒ္ဓက..စုန္ဒကပ်သော စားဖွယ်များထဲမှ ထိုသူကရမဒ္ဒဝတွင် နတ်ဩဇာများပါဝင်နေသည်ကို သိတော်မူ၏။ မြတ်ဗုဒ္ဓမှတပါး တခြားသူများစားလျင် အစာမကြေနိုင်မှန်းကိုလည်း သိတော်မူလေသည်။ နတ်ဩဇာများပါဝင်နေသောကြောင့် ကမ္မဇတေဇောဓတ် အားကောင်းမှသာလျင် စားသုံးနိုင်၏။ ထိုကြောင့် မြတ်ဗုဒ္ဓက..အခြားသံဃာများအတွက် စိုးရိမ်တော်မူပြီး..ထိုစားဖွယ်မှလွဲလျင် တခြားစားဖွယ်တို့ကို သံဃာတို့အား ကပ်လိုက်ဟု စုန္ဒအား မိန့်တော်မူ၏။ ထိုစားဖွယ်ကိုတော့ ငါဘုရားကိုသာ ကပ်ပါဟု မိန့်တော်မူ၏။ ဆွမ်းဘုန်းပေးပြီး ကြွင်းကျန်ရှိသော ထို သူကရမဒ္ဒဝဟင်းတို့ကို တွင်းတူး၍ စွန့်ပစ်လိုက်ရန် မြတ်ဗုဒ္ဓက..စုန္ဒအား ထပ်မံမိန့်တော်မူလေ၏။

ထို့နောက်..မြတ်ဗုဒ္ဓသည် အလွန်ပြင်းထန်သော ရောဂါဝေဒနာ ခံစားရလေတော့၏။ ပရိနိဗ္ဗာန်စံဝင်လောက်အောင် ပြင်းထန်သော သွေးဝမ်းလွန်သော ရောဂါဖြစ်၏။

ထိုပြင်းထန်သော ဝေဒနာခံစားရခြင်းမှာလည်း စုန္ဒကပ်သော သူကရမဒ္ဒဝစားဖွယ်ကြောင့် မဟုတ်ပေ။ စုန္ဒကပ်သော ဆွမ်းဟင်းကြောင့်ပင် မြတ်ဗုဒ္ဓမှာ အားအင်များပင် ပြည့်ဝလာပါသေး၏။ ယခုလို သွေးဝမ်းလွန်ရောဂါ ခံစားရခြင်းမှာ..ဟိုးရှေးဘဝတုန်းက..ပြုခဲ့မိသောကံ၏ ဝဋ်ကြွေးပင်ဖြစ်၏။

ကပတိအနေဖြင့် မြတ်ဗုဒ္ဓတွင် ဆင်ပေါင်းကုဋေတစ်ထောင်ဆောင်နိုင်သော အားအင် ရှိပေ၏။ သို့သော် ယခုတော့ ရောဂါဝေဒနာ ပြင်းထန်စွာ ခံစားရသောကြောင့် မြတ်ဗုဒ္ဓမှာ အားအင်တို့ ကုန်ခန်းသွားတော့လေ၏။

ထိုသို့ ရောဂါဝေဒနာဖြင့် အားအင်လျော့ကျနေပေမယ့်လည်း ဆက်လက်ခရီးဒေသစာရီ ဆက်လက်ကြွချီရန် အရှင်အာနန္ဒအား မိန့်တော်မူလေသည်။ ပါဝါပြည်မှ (၃)ဂါဝဂ် ဝေးကွာသော ကုသိနာရုံပြည်သို့ ဖြစ်၏။

ဤနေရာတွင် ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ ရှစ်ဖြာမဂ္ဂင်နိဗ္ဗာန်ဝင် တရားတော်၌ ပါဝါ နှင့် ကုသိနာရုံသည် (၆)မိုင်ဝေးကွာသည်ဟု ဟောထားသေးပါ၏။ ၁ဂါဝဂ်လျှင် ၂မိုင် နှုန်းဖြင့် (၆)မိုင်ဝေးကွာမည်ဟု ဟောထားသည်။

မြတ်ဗုဒ္ဓ ဒီခရီးကို ကဆုန်လပြည့်နေ့မှာပဲ ကြွတော်မူခဲ့ခြင်းဖြစ်၏။

အမှန်ဆိုလျင်…ရာသီဥတုကလည်း အလွန်ပူပြင်းနေသော ကဆုန်လဖြစ်၏။ ပရိနိဗ္ဗာန်စံဝင်ခါနီး၍ သွေးဝမ်းလွန်ရောဂါကြောင့် ဘုရားကိုယ်တော်မြတ်မှာ အလွန်ပင် အားအင်ကုန်ခန်းနေသော အချိန်ဖြစ်၏။ ထိုသို့ ပင်ပန်းစွာခံစားနေသည့်ကြားမှ ကုသိနာရုံသို့ ကြွတော်မူရခြင်းမှာ အကြောင်းရှိ၏။

သုဘဒ္ဒပုရိဗိုဇ်ကြီးကို ချေချွတ်တော်မူဖို့ရန်ဖြစ်၏။ သုဘဒ္ဒသည် ထိုကုသိနာရုံတွင် ရှိသည်။ သူသည် ဘုရားကိုယ်တော်မြတ်၏ တရားစကားကို နာလိုက်ရလျင်ပင် သစ္စာကိုသိမြင်ကာ နောက်ဆုံးသာဝကဖြစ်ပေလိမ့်မည်။ ထိုသုဘဒ္ဒ၏ တရားထူးမြင်မည့် အကျိုးစီးပွားကို မြင်တော်မူ၍သာ ကုသိနာရုံသို့ မြတ်ဗုဒ္ဓမှာ အပင်ပန်းခံ၍ ကြွချီတော်မူခြင်းဖြစ်၏။

ထို့ပြင် အတိုင်းတိုင်း အပြည်ပြည်မင်းတို့၏ ဆရာဖြစ်သော ပုဏ္ဏားဒေါနကြီးသည်လည်း ထိုအရပ်၌ပင်ရှိ၏။ မြတ်ဗုဒ္ဓ ပရိနိဗ္ဗာန်စံဝင်ပြီးလျင် ကျန်ရှိသော ဓာတ်တော်များကို ခွဲဝေပါက စီမံပေးမည့်သူသည်လိုပေ၏။ ထိုသို့ စီမံဝေပေးမည့်သူမရှိလျင် အတိုင်းတိုင်းအပြည်ပြည်မင်းတို့ အကြား ဓာတ်တော်လုပွဲကြီးဖြစ်၍ စစ်ပွဲပင် ဖြစ်နိုင်မည်ကို ကြိုတင်၍သိတော်မူ၏။ ထိုသို့သွေးချောင်းစီး စစ်ပွဲများ မဖြစ်ရလေအောင် ထိုအရပ်သို့ ကြွတော်မူရခြင်းလည်းဖြစ်၏။

မြတ်ဗုဒ္ဓသည် နောက်ဆုံးအချိန်လေးအထိ သတ္တဝါတို့အတွက် ပြည့်ပြည့်စုံစုံနှင့် ကောင်းစွာ အလုပ်လုပ်သွားခဲ့လေသည်။ ကိုယ်တော်မြတ်ကိုယ်တိုင် ဘယ်လောက်ပင်ပန်းနေပါစေ သတ္တဝါတစ်ဦးတစ်ယောက် သစ္စာမြင်သိမည့် အရေးဆိုလျင် ကိုယ်တော်တိုင် ကြွချီတော်မူလေသည်။ ခရီးဘယ်လောက်ဝေးနေပါစေ ရောက်အောင်သွားပြီး တရားဟောခဲ့၏။ အမှန်တရားကို ရှင်းလင်းဟောပေး၏။ လမ်းမှန် အကျင့်ကောင်းကို ညွှန်ပြပေး၏။ နောက်ဆုံး… စိတ်အညစ်အကြေးများ ကင်းစင်အောင် ဆုံးမပေးခဲ့၏။ တကယ်ပင် ကျေးဇူးကြီးမားလှပေသည်။

ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ ဘုရားဂုဏ်တော်ကို ပေါ်လွင်စေသော စာပိုဒ်လေးကို ဖော်ပြလိုပါသည်။
“ ဗုဒ္ဓမြတ်စွာဘုရားသည် ပရိနိဗ္ဗာန်စံတော်မူမည့် ကဆုန်လပြည့်နေ့၌ နံနက်ပိုင်းတွင် စုန္ဒအမည်ရှိသော ရွှေပန်းတိမ်သည် ဆွမ်းကို ဘုန်းပေးပြီးသောအခါ ဝမ်းသွေးသွန်သော ရောဂါ အကြီးအကျယ်နှိပ်စက်နေ၍ သုဘဒ္ဒပုရိဗိုဒ်၏ တရားထူးရမည့်အရေးကို မြင်တော်မူ၍ သုဘဒ္ဒပုရိဗိုဒ်အား သနားတော်မူသဖြင့် ပါဝါမြို့မှ ကုသိနာရုံအထိ ၃ဂါဝဂ် ၆မိုင်ဝေးကွာသော ခရီးကို ပင်ပန်းကြီးစွာဖြင့် ၂၅ပါးသော ဋ္ဌာနတို့၌ နားကာနားကာ ကြွချီတော်မူလေသည်။ ထိုသို့ကြွချီတော်မူခြင်းမှာ သုဘဒ္ဒအားသနားတော်မူသော မဟာကရုဏာတော်ကြောင့်ဖြစ်ပါ၏။ ထိုမဟာကရုဏာတော်ဖြင့် သနားခြင်းကြီးစွာဖြင့် ပင်ပန်းဆင်းရဲစွာ ကြွချီတော်မူသော ဗုဒ္ဓမြတ်စွာဘုရားကို တပည့်တော်တို့သည် ကြည်ညိုမြတ်နိုး လက်အုပ်မိုး၍ ရှိခိုးပါ၏ မြတ်စွာဘုရား။ ”

ပြင်းထန်စွာ ခံစားနေရသော ရောဂါဝေဒနာကို သည်းခံတော်မူပြီး ရှိသမျှအားအင်ကိုယူကာ..ကုသိနာရုံပြည်သို့ ကြွတော်မူခဲ့လေပြီ။


(ဆက်ရန်ရှိသေးသည်။)

နောက်ဆုံးဆယ်လမြတ်ဗုဒ္ဓတရားတော် (၂၇၊ ၁၂၊ ၁၉၇၇)- သီတဂူဆရာတော်ဘုရားကြီး

ေနာက္ဆုံးဆယ္လ ျမတ္ဗုဒၶ (၂)

ထုိ႔ေနာက္ ျမတ္ဗုဒၶသည္ ေနာက္ဆုံး၀ါဆုိေတာ္မူခဲ့ရာ ေ၀ဠဳ၀ရြာ မွ သာ၀တၳိျမိဳ႕သုိ႔ၾကြခ်ီေတာ္မူေလသည္။

သာ၀တၳိျမိဳ႕တြင္ တန္ေဆာင္မုန္းလျပည့္ေန႔ ၌ အရွင္သာရိပုတၱရာကုိယ္ေတာ္ျမတ္ ပရိနိဗၺာန္စံေတာ္မူခဲ့ေလသည္။
အဲဒီေနာက္ သာ၀တိၳမွ ရာဇျဂိဳလ္ျမိဳသုိ႔ ဆက္လက္ၾကြေတာ္မူသည္။

ရာဇျဂိဳလ္ျမိဳ႕တြင္ တန္ေဆာင္မုန္းလကြယ္ေန႔၌ အရွင္မဟာေမာဂၢလာန္ကုိယ္ေတာ္ျမတ္ ပရိနိဗၺာန္စံေတာ္မူေလသည္။

အဲဒီ့ေနာက္ ေ၀သာလီျပည္ စာပါလေစတီသုိ႔ၾကြေတာ္မူ၏။ တပုိ႔တြဲလျပည့္ေန႔တြင္ စာပါလေစတီသုိ႔ ေရာက္ေလ၏။ ထုိေနရာတြင္ ျမတ္ဗုဒၶသည္ အာယုသခၤါရ ကို စြန္႔လႊတ္ေတာ္မူေလ၏။ ေရာဂါကင္းေ၀း၊ အသက္ရွည္ရန္ ျပဳျပင္မႈ ဖလသမာပတ္၀င္စားျခင္းကုိ အျပီး စြန္႔လြတ္လုိက္ျခင္းျဖစ္၏။ ျမတ္ဗုဒၶ ပရိနိဗၺာန္စံေတာ္မူရန္ (၃)လသာ လုိေတာ့ေလသည္။

ထုိစာပါလေစတီမွတဖန္ ေ၀သာလီျပည္ မဟာ၀ုန္ေတာ ေက်ာင္းတုိက္ၾကီးရွိရာသုိ႔ ၾကြခ်ီေတာ္မူေလသည္။ ထုိေက်ာင္းတိုက္ၾကီးတြင္ ျမတ္ဗုဒၶသည္ သံဃာေတာ္မ်ား စုစည္းေခၚယူျပီး သာသနာအရွည္တည္တံ့ေၾကာင္းတရားေတာ္ကုိ ေဟာေတာ္မူခဲ့၏။ ထုိေက်ာင္းတုိက္ၾကီးမွတဖန္ ဘ႑ဳရြာသုိ႔ ၾကြေတာ္မူေလသည္။

ထုိရြာ၌ သီလ၊ သမာဓိ၊ ပညာ၊ ၀ိမုတၱိ တရားေတာ္ကုိ ေဟာေတာ္မူေလသည္။ ထုိဘ႑ဳရြာမွတဖန္ ဟတိၳရြာ၊ အမၺရြာ၊ ဇမၺဳရြာ၊ ေဘာဂျမိဳ႕ သုိ႔ တဆင့္ဆင့္ ၾကြခ်ီေတာ္မူခဲ့ေလသည္။ ထုိေဘာဂျမိဳ႕၌ ျမတ္ဗုဒၶသည္ မဟာပေဒသေလးပါးတရားေတာ္ကုိ ေဟာေတာ္မူခဲ့၏။

ထုိ႔ေနာက္ ဘုရားကုိယ္ေတာ္ျမတ္သည္ မ်ားစြာေသာ ရဟန္းသံဃာတုိ႔ႏွင့္အတူ ေဘာဂျမိဳ႕မွ ပါ၀ါျပည္သုိ႔ ဆက္လက္ ခရီးေဒသစာရီ ၾကြခ်ီေတာ္မူေလျပီ။

ပါ၀ါျပည္သုိ႔ ေရာက္ရွိေသာ အခ်ိန္မွာ..ကဆုန္လဆန္း ၁၄ရက္ ညေနေစာင္းအခ်ိန္ျဖစ္၏။

ပါ၀ါျပည္ စုႏၵအမည္ရွိေသာ ေရႊပန္းတိမ္သည္ ၏ သရက္ေတာဥယ်ာဥ္ၾကီးတြင္ သီတင္းသုံးေနေတာ္မူေလသည္။

စုႏၵေရႊပန္းတိမ္သည္လည္း ျမတ္ဗုဒၶထံသုိ႔ ေရာက္ရွိလာျပီး ေနာက္ေန႔ နက္ျဖန္ သံဃာေတာ္မ်ားႏွင့္တကြ ဆြမ္းဘုန္းေပးျခင္းကုိ လက္ခံေတာ္မူပါရန္ ေလ်ွာက္ထားေလသည္။ ျမတ္ဗုဒၶမွ လက္ခံေတာ္မူျပီးေနာက္ စုႏၵလည္း ဆြမ္း ခဲဖြယ္ ေဘာဇဥ္တုိ႔ုကုိ ျပည့္စုံစြာ ျပင္ဆင္ေလေတာ့သည္။ စုႏၵစီမံေသာ အစားအစာမ်ားထဲတြင္ သူကရမဒၵ၀ အမည္ရွိေသာ စားဖြယ္လည္းပါ၀င္သည္။
ထုိ သူကရမဒၵ၀ စားဖြယ္မွာ အ႒ကထာမ်ားတြင္ (၅)မ်ဳိးကြဲျပားေနေလသည္။

၁. မၾကီးမငယ္ ၀က္သားစားဖြယ္
၂. မႈိစားဖြယ္
၃. မွ်စ္စားဖြယ္
၄. ႏြားႏုိ႔အရသာ ငါးမ်ဳိးျဖင့္ စီမံထားေသာ စားဖြယ္
၅. ေဆးတုိ႔ျဖင့္ စီမံထားေသာစားဖြယ္..ဟူ၍ ကြဲျပားေနသည္။

ေလာကဓာတ္ (၁)ေသာင္းမွ နတ္အေပါင္းတုိ႔သည္လည္း ထုိသူုကရမဒၵ၀စားဖြယ္ထဲသုိ႔ နတ္ၾသဇာမ်ားထည့္၍ ပူေဇာ္ၾကေလသည္။ စုႏၵက..ျမတ္ဗုဒၶအား မနက္ေစာေစာတြင္ ဆြမ္းစားပင့္ေလသည္။ ျမတ္ဗုဒၶက..စုႏၵကပ္ေသာ စားဖြယ္မ်ားထဲမွ ထုိသူကရမဒၵ၀တြင္ နတ္ၾသဇာမ်ားပါ၀င္ေနသည္ကုိ သိေတာ္မူ၏။ ျမတ္ဗုဒၶမွတပါး တျခားသူမ်ားစားလ်င္ အစာမေၾကႏုိင္မွန္းကုိလည္း သိေတာ္မူေလသည္။ နတ္ၾသဇာမ်ားပါ၀င္ေနေသာေၾကာင့္ ကမၼဇေတေဇာဓတ္ အားေကာင္းမွသာလ်င္ စားသုံးႏုိင္၏။ ထုိေၾကာင့္ ျမတ္ဗုဒၶက..အျခားသံဃာမ်ားအတြက္ စုိးရိမ္ေတာ္မူျပီး..ထုိစားဖြယ္မွလြဲလ်င္ တျခားစားဖြယ္တုိ႔ကုိ သံဃာတုိ႔အား ကပ္လုိက္ဟု စုႏၵအား မိန္႔ေတာ္မူ၏။ ထုိစားဖြယ္ကုိေတာ့ ငါဘုရားကုိသာ ကပ္ပါဟု မိန္႔ေတာ္မူ၏။ ဆြမ္းဘုန္းေပးျပီး ၾကြင္းက်န္ရွိေသာ ထုိ သူကရမဒၵ၀ဟင္းတုိ႔ကုိ တြင္းတူး၍ စြန္႔ပစ္လုိက္ရန္ ျမတ္ဗုဒၶက..စုႏၵအား ထပ္မံမိန္႔ေတာ္မူေလ၏။

ထုိ႔ေနာက္..ျမတ္ဗုဒၶသည္ အလြန္ျပင္းထန္ေသာ ေရာဂါေ၀ဒနာ ခံစားရေလေတာ့၏။ ပရိနိဗၺာန္စံ၀င္ေလာက္ေအာင္ ျပင္းထန္ေသာ ေသြး၀မ္းလြန္ေသာ ေရာဂါျဖစ္၏။

ထုိျပင္းထန္ေသာ ေ၀ဒနာခံစားရျခင္းမွာလည္း စုႏၵကပ္ေသာ သူကရမဒၵ၀စားဖြယ္ေၾကာင့္ မဟုတ္ေပ။ စုႏၵကပ္ေသာ ဆြမ္းဟင္းေၾကာင့္ပင္ ျမတ္ဗုဒၶမွာ အားအင္မ်ားပင္ ျပည့္၀လာပါေသး၏။ ယခုလုိ ေသြး၀မ္းလြန္ေရာဂါ ခံစားရျခင္းမွာ..ဟုိးေရွးဘ၀တုန္းက..ျပဳခဲ့မိေသာကံ၏ ၀ဋ္ေၾကြးပင္ျဖစ္၏။

ကပတိအေနျဖင့္ ျမတ္ဗုဒၶတြင္ ဆင္ေပါင္းကုေဋတစ္ေထာင္ေဆာင္ႏုိင္ေသာ အားအင္ ရွိေပ၏။ သုိ႔ေသာ္ ယခုေတာ့ ေရာဂါေ၀ဒနာ ျပင္းထန္စြာ ခံစားရေသာေၾကာင့္ ျမတ္ဗုဒၶမွာ အားအင္တုိ႔ ကုန္ခန္းသြားေတာ့ေလ၏။

ထုိသုိ႔ ေရာဂါေ၀ဒနာျဖင့္ အားအင္ေလ်ာ့က်ေနေပမယ့္လည္း ဆက္လက္ခရီးေဒသစာရီ ဆက္လက္ၾကြခ်ီရန္ အရွင္အာနႏၵအား မိန္႔ေတာ္မူေလသည္။ ပါ၀ါျပည္မွ (၃)ဂါ၀ဂ္ ေ၀းကြာေသာ ကုသိနာရုံျပည္သုိ႔ ျဖစ္၏။

ဤေနရာတြင္ ေက်းဇူးေတာ္ရွင္ မဟာစည္ဆရာေတာ္ဘုရားၾကီး၏ ရွစ္ျဖာမဂၢင္နိဗၺာန္၀င္ တရားေတာ္၌ ပါ၀ါ ႏွင့္ ကုသိနာရုံသည္ (၆)မုိင္ေ၀းကြာသည္ဟု ေဟာထားေသးပါ၏။ ၁ဂါ၀ဂ္လွ်င္ ၂မုိင္ ႏႈန္းျဖင့္ (၆)မုိင္ေ၀းကြာမည္ဟု ေဟာထားသည္။

ျမတ္ဗုဒၶ ဒီခရီးကုိ ကဆုန္လျပည့္ေန႔မွာပဲ ၾကြေတာ္မူခဲ့ျခင္းျဖစ္၏။

အမွန္ဆုိလ်င္…ရာသီဥတုကလည္း အလြန္ပူျပင္းေနေသာ ကဆုန္လျဖစ္၏။ ပရိနိဗၺာန္စံ၀င္ခါနီး၍ ေသြး၀မ္းလြန္ေရာဂါေၾကာင့္ ဘုရားကုိယ္ေတာ္ျမတ္မွာ အလြန္ပင္ အားအင္ကုန္ခန္းေနေသာ အခ်ိန္ျဖစ္၏။ ထုိသုိ႔ ပင္ပန္းစြာခံစားေနသည့္ၾကားမွ ကုသိနာရုံသုိ႔ ၾကြေတာ္မူရျခင္းမွာ အေၾကာင္းရွိ၏။

သုဘဒၵပုရိဗုိဇ္ၾကီးကုိ ေခ်ခြ်တ္ေတာ္မူဖုိ႔ရန္ျဖစ္၏။ သုဘဒၵသည္ ထုိကုသိနာရုံတြင္ ရွိသည္။ သူသည္ ဘုရားကုိယ္ေတာ္ျမတ္၏ တရားစကားကုိ နာလုိက္ရလ်င္ပင္ သစၥာကုိသိျမင္ကာ ေနာက္ဆုံးသာ၀ကျဖစ္ေပလိမ့္မည္။ ထုိသုဘဒၵ၏ တရားထူးျမင္မည့္ အက်ဳိးစီးပြားကုိ ျမင္ေတာ္မူ၍သာ ကုသိနာရုံသုိ႔ ျမတ္ဗုဒၶမွာ အပင္ပန္းခံ၍ ၾကြခ်ီေတာ္မူျခင္းျဖစ္၏။

ထုိ႔ျပင္ အတုိင္းတုိင္း အျပည္ျပည္မင္းတုိ႔၏ ဆရာျဖစ္ေသာ ပုဏၰားေဒါနၾကီးသည္လည္း ထုိအရပ္၌ပင္ရွိ၏။ ျမတ္ဗုဒၶ ပရိနိဗၺာန္စံ၀င္ျပီးလ်င္ က်န္ရွိေသာ ဓာတ္ေတာ္မ်ားကုိ ခြဲေ၀ပါက စီမံေပးမည့္သူသည္လုိေပ၏။ ထုိသုိ႔ စီမံေ၀ေပးမည့္သူမရွိလ်င္ အတုိင္းတုိင္းအျပည္ျပည္မင္းတုိ႔ အၾကား ဓာတ္ေတာ္လုပြဲၾကီးျဖစ္၍ စစ္ပြဲပင္ ျဖစ္နုိင္မည္ကုိ ၾကိဳတင္၍သိေတာ္မူ၏။ ထုိသုိ႔ေသြးေခ်ာင္းစီး စစ္ပြဲမ်ား မျဖစ္ရေလေအာင္ ထုိအရပ္သုိ႔ ၾကြေတာ္မူရျခင္းလည္းျဖစ္၏။

ျမတ္ဗုဒၶသည္ ေနာက္ဆုံးအခ်ိန္ေလးအထိ သတၱ၀ါတုိ႔အတြက္ ျပည့္ျပည့္စုံစုံႏွင့္ ေကာင္းစြာ အလုပ္လုပ္သြားခဲ့ေလသည္။ ကုိယ္ေတာ္ျမတ္ကုိယ္တုိင္ ဘယ္ေလာက္ပင္ပန္းေနပါေစ သတၱ၀ါတစ္ဦးတစ္ေယာက္ သစၥာျမင္သိမည့္ အေရးဆုိလ်င္ ကုိယ္ေတာ္တုိင္ ၾကြခ်ီေတာ္မူေလသည္။ ခရီးဘယ္ေလာက္ေ၀းေနပါေစ ေရာက္ေအာင္သြားျပီး တရားေဟာခဲ့၏။ အမွန္တရားကုိ ရွင္းလင္းေဟာေပး၏။ လမ္းမွန္ အက်င့္ေကာင္းကုိ ညႊန္ျပေပး၏။ ေနာက္ဆုံး… စိတ္အညစ္အေၾကးမ်ား ကင္းစင္ေအာင္ ဆုံးမေပးခဲ့၏။ တကယ္ပင္ ေက်းဇူးၾကီးမားလွေပသည္။

ေက်းဇူးေတာ္ရွင္ မဟာစည္ဆရာေတာ္ဘုရားၾကီး၏ ဘုရားဂုဏ္ေတာ္ကုိ ေပၚလြင္ေစေသာ စာပုိဒ္ေလးကုိ ေဖာ္ျပလုိပါသည္။
“ ဗုဒၶျမတ္စြာဘုရားသည္ ပရိနိဗၺာန္စံေတာ္မူမည့္ ကဆုန္လျပည့္ေန႔၌ နံနက္ပုိင္းတြင္ စုႏၵအမည္ရွိေသာ ေရႊပန္းတိမ္သည္ ဆြမ္းကုိ ဘုန္းေပးျပီးေသာအခါ ၀မ္းေသြးသြန္ေသာ ေရာဂါ အၾကီးအက်ယ္ႏွိပ္စက္ေန၍ သုဘဒၵပုရိဗိုဒ္၏ တရားထူးရမည့္အေရးကုိ ျမင္ေတာ္မူ၍ သုဘဒၵပုရိဗိုဒ္အား သနားေတာ္မူသျဖင့္ ပါ၀ါျမိဳ႕မွ ကုသိနာရုံအထိ ၃ဂါ၀ဂ္ ၆မုိင္ေ၀းကြာေသာ ခရီးကုိ ပင္ပန္းၾကီးစြာျဖင့္ ၂၅ပါးေသာ ႒ာနတုိ႔၌ နားကာနားကာ ၾကြခ်ီေတာ္မူေလသည္။ ထုိသုိ႔ၾကြခ်ီေတာ္မူျခင္းမွာ သုဘဒၵအားသနားေတာ္မူေသာ မဟာကရုဏာေတာ္ေၾကာင့္ျဖစ္ပါ၏။ ထုိမဟာကရုဏာေတာ္ျဖင့္ သနားျခင္းၾကီးစြာျဖင့္ ပင္ပန္းဆင္းရဲစြာ ၾကြခ်ီေတာ္မူေသာ ဗုဒၶျမတ္စြာဘုရားကုိ တပည့္ေတာ္တုိ႔သည္ ၾကည္ညိဳျမတ္ႏုိး လက္အုပ္မုိး၍ ရွိခုိးပါ၏ ျမတ္စြာဘုရား။ ”

ျပင္းထန္စြာ ခံစားေနရေသာ ေရာဂါေ၀ဒနာကုိ သည္းခံေတာ္မူျပီး ရွိသမွ်အားအင္ကုိယူကာ..ကုသိနာရုံျပည္သုိ႔ ၾကြေတာ္မူခဲ့ေလျပီ။


(ဆက္ရန္ရွိေသးသည္။)

ေနာက္ဆုံးဆယ္လျမတ္ဗုဒၶတရားေတာ္ (၂၇၊ ၁၂၊ ၁၉၇၇)- သီတဂူဆရာေတာ္ဘုရားၾကီး

နောက်ဆုံးဆယ်လ မြတ်ဗုဒ္ဓ (၁)

မြတ်ဗုဒ္ဓ ၄၄ ဝါပြည့်ပြီး ၄၅ဝါမြောက် နောက်ဆုံးဝါဆိုသွားသောနေရာသည် ဝေသာလီမြို့အနီးရှိ ဝေဠုဝရွာငယ်ကလေးပင်ဖြစ်၏။ ထိုရွာကလေးသို့ မရောက်မီမှာ မြတ်ဗုဒ္ဓသည် ရာဇဂြိုလ်မြို့အနီးရှိ အမ္ဗပါလီအမျိုးကောင်းသမီး၏ သရက်တောဥယျာဉ်တွင် သီတင်းသုံးနေထိုင်တော်မူခဲ့၏။ အမ္ဗပါလီအမျိုးကောင်းသမီးက..မြတ်ဗုဒ္ဓအား သရက်တောဥယျာဉ်ကြီးနှင့်တကွ သရက်တောကျောင်းတိုက်ကိုပါ..လှူဒါန်းခဲ့လေသည်။ ထိုကျောင်းတိုက်မှ ခရီးဒေသစာရီကြွချီတော်မူရန် မြတ်ဗုဒ္ဓက အရှင်အာနန္ဒာအား..

ငါဘုရား၏ထံတော်ပါး၌ ခစားလိမ္မာ အိုချစ်သား အာနန္ဒာ..
“အကြင်အရပ်၌ ဝေဠုဝရွာငယ်သည် ရှိ၏။ ဝေဠုဝအမည်ရှိသော ထိုရွာငယ်ဆီသို့ သွားကြကုန်စို့” ဟု မိန့်တော်မူ၏။

အရှင်အာနန္ဒာကလည်း…
“ဘုန်းတော်ခြောက်စုံ တန်းခိုးဂုဏ်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား ကောင်းလှပါပြီ” ဟု ဝန်ခံတော်မူ၏။

ထို့နောက် သံဃာတော် (၅၀၀)နှင့်တကွ ခြံရံလျက် အမ္ဗပါလီသရက်တောကျောင်းတိုက်မှ ဝေဠုဝရွာငယ်လေး ဆီသို့ ခရီးဒေသစာရီကြွချီတော်မူခဲ့၏။ ဝါဆိုခါနီး ထိုရွာငယ်လေးသို့ ရောက်ရှိခဲ့လေ၏။ ဝေဠုဝရွာလေးမှာ ရွာသိမ်ရွာငယ်လေးပင် ဖြစ်၏။ ထို့ကြောင့် လူသွားလူလာနည်း၍ တိတ်ဆိတ်အေးချမ်း၏။

မြတ်ဗုဒ္ဓတို့သည် ထိုသို့သော တိတ်ဆိတ်သောနေရာ၊
ပရိသတ်နည်းသော နေရာ၊
လူသွားလူလာနည်းသောနေရာ၊
လူသံသူသံနည်းသောနေရာမျိုးကို မွေ့လျော်လေ၏။

ထိုရွာလေးမှာ သံဃာ(၅၀၀)ကို မထိန်းနိုင်သော ရွာလေးဖြစ်သည်။ ထို့ကြောင့် မြတ်ဗုဒ္ဓက..သံဃာတော်တို့အား ဝေသာလီမြို့၏ ပတ်ဝန်းကျင်အရပ်တို့၌ ဝါကပ်ကြရန် မိန့်တော်မူလေ၏။ မြတ်ဗုဒ္ဓကိုယ်တော်မြတ်ကိုယ်တိုင်မှာတော့ ထိုရွာငယ်လေးမှာပဲ ဝါကပ်တော်မူလေ၏။

ထိုသို့ နောက်ဆုံးဝါဆိုသောအချိန်အခါ..မြတ်ဗုဒ္ဓမှာ ပြင်းထန်ကြမ်းတမ်းသော ရောဂါဝေဒနာ ကပ်ရောက်ခဲ့လေသည်။ နှိပ်စက်ခဲ့လေသည်။ ထိုရောဂါသည် ပရိနိဗ္ဗာန်စံယူလောက်သော ရောဂါဖြစ်လေသည်။ သွေးဝမ်းလွန်သော ရောဂါဖြစ်၏။ သက်တော်အားဖြင့်လည်း (၈၀)ထဲသို့လည်း ရောက်ရှိနေလေပြီ။ သက်တော်(၈၀)အရွယ် ကိုယ်တော်မြတ် ရူပကာယနှင့် ပက်သက်၍ ကိုယ်တော်မြတ်ကိုယ်တိုင် အရှင် အာနန္ဒာအား အခုလို မိန့်ထားဖူးလေသည်။
“ငါဘုရားထံတော်ပါး၌ ခစားလိမ္မာ အိုချစ်သား အာနန္ဒာ…
ငါဘုရားရဲ့ ရုပ်ရူပကာယကို ပမာနှိုင်းပြရပါမူကား…
ယိမ်းယိုင်နဲ့နေသော၊ အိုနေသော လှည်းအိုကြီးကို ကြိုးတွေဖြင့် တုပ်ဆိုင်းထားခြင်းဖြင့် မျှတပြီးနေလေသကဲ့သို့ ..
ထိုအတူပဲ ငါဘုရားရဲ့ ရုပ်ရူပကာယတော်သည်လည်း အရဟတ္တဖလသမာပတ်တည်းဟူသော အတုပ်အဆိုင်းဖြင့် မျှတနေရပါတယ်”

ဟု မိန့်တော်မူလေသည်။..

ပြိုလဲတော့မည့် လှည်းအိုကြီးကို ဟိုဘက်ဒီဘက်မှ ကြိုးများဖြင့် တုပ်ဆိုင်းထားရသလို.. ဘုရားရှင်ကိုယ်တော်မြတ်ကြီး၏ ရူပကာယကိုလည်း ပြိုလဲမသွားအောင် ဖလသမာပတ်ဝင်စားခြင်းဖြင့် တုပ်ဆိုင်းထားရခြင်းဖြစ်၏။
ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည် အလောင်းတော်အဖြစ်နှင့် တရားအားထုတ်စဉ်ကလည်းပဲ အပြင်းအထန် ကြိုးစားခဲ့ရလေသည်…အဲဒီ့နောက်…သစ္စာလေးချက် ဓမ္မနက်ကို သိမြင်ပြီး မြတ်ဗုဒ္ဓအဖြစ်သို့ ရောက်တော်မူပြီးနောက်လည်းပဲ..၄၅ နှစ်တိုင်တိုင် တရက်လေးမှပင် အနားမယူခဲ့ရ၊ သတ္တဝါတို့၏ အကျိုးစီးပွားအလို့ငှာ ဆောင်ရွက်တော်မူခဲ့ရလေ၏။ တစ်နေ့တာ ၂၄နာရီတွင် သုံးနာရီကြာမျှသာ ဘုရားကိုယ်တော်မြတ် သက်သက်သာသာနှင့် အနားယူချိန်ရှိလေ၏။ ကျန်သောအချိန်များတွင် အမြဲပင် အလုပ်လုပ်ခဲ့ရလေ၏။ ဘုရားအဖြစ်နှင့် ၄၅ နှစ်တာကာလအတွင်း အချိန်ကို ၁စက္ကန့်လေးမျှပင် အချည်းအနှီး မဖြစ်စေခဲ့။

နေ့စဉ်နေ့တိုင်းပင်
ရဟန်းတော်များအား ကမ္မဋ္ဌာန်းတရားပေးတော်မူရ၊
ဒကာဒကာမတို့အား တရားဟောကြားတော်မူရ၊
လျှောက်ထားမေးမြန်းမှုတို့ကိုလည်း ဖြေဆိုဟောကြားတော်မူရ၊
ကျွတ်ထိုက်သော သတ္တဝါတို့ကိုလည်း တစ်ဦး တစ်ယောက် တစ်ပါးလေမျှမကျန်အောင် ဆင်ခြင်တော်မူရ၊
ပြီးနောက် ထိုသတ္တဝါရှိရာအရပ်သို့ပင် ရောက်အောင်သွားပြီး တရားဟောတော်မူရ… စသဖြင့် ဘုရားရှင်ကိုယ်တော်မြတ်မှာ သတ္တဝါအားလုံးတို့အတွက် အလုပ်လုပ်ခဲ့ရပေ၏။

ထိုကဲ့သို့ နေ့နေ့ညည မပြတ် အလုပ်လုပ်ခဲ့ရပြီး…ယခုတော့ သက်တော် ၈ဝ သို့ ချဉ်းကပ်နေလေပြီ။ နောက်ဆုံး အရွယ်သို့ ရောက်နေလေပြီ။ ရောဂါဝေဒနာကလည်း ပြင်းပြင်းထန်ထန် နှိပ်စက်နေလေပြီ။ ထို့ကြောင့် ရုပ်ရူပကာယမှာ ခံနိုင်ရည်မရှိတော့ပြီ။ လဲပြိုမသွားအောင် ဖလသမာပတ်များ ဝင်စားခြင်းဖြင့် ခန္ဓာကိုယ်ကို ထိန်းထားရလေသည်။

ဖလသမာပတ်မှာ (၃)မျိုးရှိပေ၏။
1. မဂ္ဂါနန္တရ ဖလ သမာပတ်
2. ဝဠဉ္ဇန ဖလ သမာပတ်
3. အာယုသင်္ခါရ ဖလ သမာပတ် (အာယုပါလန) တို့ဖြစ်၏။
(ref: ဖလသမာပတ် ၃ မျိုး၊ စာ-၂၉၃၊ ဖျာပုံတိုက်ဆရာတော်- သုတေသနသရုပ်ပြအဘိဓာန်)

မဂ္ဂါနန္တရ ဖလ သမာပတ် ဆိုသည်မှာ မဂ်ကျပြီး ဖြစ်လာသော ဖိုလ်ဇောများဖြစ်သည်။

ဝဠဉ္ဇန ဖလ သမာပတ် ဆိုသည်မှာ…
စိတ် စေတသိက် စိတ္တဇရုပ်တို့ကို ခေတ္တငြိမ်းအေးစေ၍ သုခရေး သက်သက် သုံးသပ်ခံစားနေသော ဖလသမာပတ်ဖြစ်သည်။ သင်္ခတနိမိတ်တို့ကို မျက်နှာလွဲပြီး အသင်္ခတနိဗ္ဗာန်ကို အာရုံပြု ချမ်းချမ်း သာသာ နေခြင်းဖြစ်၏။ နိဗ္ဗာန် ချမ်းသာ ကို လက်တွေ့အာရုံပြုနေခြင်းဖြစ်၏။

အာယုသင်္ခါရ ဖလသမာပတ် ဆိုသည်မှာ ရောဂါဝေဒနာနှိပ်စက်ခြင်းမှ သက်သာ ငြိမ်းအေးစေပြီး အသက်နှင့် ခန္ဓာကို စောင့်ရှောက် ထိန်းသိမ်းသော ဖလသမာပတ်ဖြစ်၏။ ထိုဖလသမာပတ်ဝင်စားခြင်းဖြင့် ရောဂါတို့ကို သက်သာသွားစေသည်။ အသက်ကို ရှည်စေသည်။

ယခုဝေဠုဝရွာငယ်လေးတွင်လည်း…မြတ်ဗုဒ္ဓသည် ဖလသမာပတ် ဝင်စားခြင်းဖြင့် ပြင်းစွာခံစားနေရသော အနာရောဂါငြိမ်းစေပြီး ပြန်လည် ကျန်းမာတော်မူလာလေပြီ။

(ဆက်ရန်ရှိသေးသည်။)

နောက်ဆုံးဆယ်လမြတ်ဗုဒ္ဓတရားတော် (၂၇၊ ၁၂၊ ၁၉၇၇)- သီတဂူဆရာတော်ဘုရားကြီး


ေနာက္ဆုံးဆယ္လ ျမတ္ဗုဒၶ (၁)

ျမတ္ဗုဒၶ ၄၄ ၀ါျပည့္ျပီး ၄၅၀ါေျမာက္ ေနာက္ဆုံး၀ါဆုိသြားေသာေနရာသည္ ေ၀သာလီျမိဳ႕အနီးရွိ ေ၀ဠဳ၀ရြာငယ္ကေလးပင္ျဖစ္၏။ ထုိရြာကေလးသုိ႔ မေရာက္မီမွာ ျမတ္ဗုဒၶသည္ ရာဇျဂိဳလ္ျမိဳ႕အနီးရွိ အမၺပါလီအမ်ဳိးေကာင္းသမီး၏ သရက္ေတာဥယ်ာဥ္တြင္ သီတင္းသုံးေနထုိင္ေတာ္မူခဲ့၏။ အမၺပါလီအမ်ဳိးေကာင္းသမီးက..ျမတ္ဗုဒၶအား သရက္ေတာဥယ်ာဥ္ၾကီးႏွင့္တကြ သရက္ေတာေက်ာင္းတုိက္ကုိပါ..လွဴဒါန္းခဲ့ေလသည္။ ထုိေက်ာင္းတုိက္မွ ခရီးေဒသစာရီၾကြခ်ီေတာ္မူရန္ ျမတ္ဗုဒၶက အရွင္အာနႏၵာအား..

ငါဘုရား၏ထံေတာ္ပါး၌ ခစားလိမၼာ အုိခ်စ္သား အာနႏၵာ..
“အၾကင္အရပ္၌ ေ၀ဠဳ၀ရြာငယ္သည္ ရွိ၏။ ေ၀ဠဳ၀အမည္ရွိေသာ ထုိရြာငယ္ဆီသုိ႔ သြားၾကကုန္စုိ႔” ဟု မိန္႔ေတာ္မူ၏။

အရွင္အာနႏၵာကလည္း…
“ဘုန္းေတာ္ေျခာက္စုံ တန္းခုိးဂုဏ္နွင့္ ျပည့္စုံေတာ္မူေသာ ျမတ္စြာဘုရား ေကာင္းလွပါျပီ” ဟု ၀န္ခံေတာ္မူ၏။

ထုိ႔ေနာက္ သံဃာေတာ္ (၅၀၀)ႏွင့္တကြ ျခံရံလ်က္ အမၺပါလီသရက္ေတာေက်ာင္းတုိက္မွ ေ၀ဠဳ၀ရြာငယ္ေလး ဆီသုိ႔ ခရီးေဒသစာရီၾကြခ်ီေတာ္မူခဲ့၏။ ၀ါဆုိခါနီး ထုိရြာငယ္ေလးသုိ႔ ေရာက္ရွိခဲ့ေလ၏။ ေ၀ဠဳ၀ရြာေလးမွာ ရြာသိမ္ရြာငယ္ေလးပင္ ျဖစ္၏။ ထုိ႕ေၾကာင့္ လူသြားလူလာနည္း၍ တိတ္ဆိတ္ေအးခ်မ္း၏။

ျမတ္ဗုဒၶတုိ႔သည္ ထုိသုိ႔ေသာ တိတ္ဆိတ္ေသာေနရာ၊
ပရိသတ္နည္းေသာ ေနရာ၊
လူသြားလူလာနည္းေသာေနရာ၊
လူသံသူသံနည္းေသာေနရာမ်ဳိးကုိ ေမြ႕ေလ်ာ္ေလ၏။

ထုိရြာေလးမွာ သံဃာ(၅၀၀)ကုိ မထိန္းႏုိင္ေသာ ရြာေလးျဖစ္သည္။ ထုိ႔ေၾကာင့္ ျမတ္ဗုဒၶက..သံဃာေတာ္တုိ႔အား ေ၀သာလီျမိဳ႕၏ ပတ္၀န္းက်င္အရပ္တုိ႕၌ ၀ါကပ္ၾကရန္ မိန္႕ေတာ္မူေလ၏။ ျမတ္ဗုဒၶကုိယ္ေတာ္ျမတ္ကုိယ္တုိင္မွာေတာ့ ထုိရြာငယ္ေလးမွာပဲ ၀ါကပ္ေတာ္မူေလ၏။

ထုိသုိ႔ ေနာက္ဆုံး၀ါဆုိေသာအခ်ိန္အခါ..ျမတ္ဗုဒၶမွာ ျပင္းထန္ၾကမ္းတမ္းေသာ ေရာဂါေ၀ဒနာ ကပ္ေရာက္ခဲ့ေလသည္။ နွိပ္စက္ခဲ့ေလသည္။ ထုိေရာဂါသည္ ပရိနိဗၺာန္စံယူေလာက္ေသာ ေရာဂါျဖစ္ေလသည္။ ေသြး၀မ္းလြန္ေသာ ေရာဂါျဖစ္၏။ သက္ေတာ္အားျဖင့္လည္း (၈၀)ထဲသုိ႔လည္း ေရာက္ရွိေနေလျပီ။ သက္ေတာ္(၈၀)အရြယ္ ကုိယ္ေတာ္ျမတ္ ရူပကာယႏွင့္ ပက္သက္၍ ကုိယ္ေတာ္ျမတ္ကုိယ္တုိင္ အရွင္ အာနႏၵာအား အခုလုိ မိန္႔ထားဖူးေလသည္။
“ငါဘုရားထံေတာ္ပါး၌ ခစားလိမၼာ အုိခ်စ္သား အာနႏၵာ…
ငါဘုရားရဲ႕ ရုပ္ရူပကာယကုိ ပမာႏႈိင္းျပရပါမူကား…
ယိမ္းယုိင္နဲ႔ေနေသာ၊ အုိေနေသာ လွည္းအုိၾကီးကုိ ၾကိဳးေတြျဖင့္ တုပ္ဆုိင္းထားျခင္းျဖင့္ မွ်တျပီးေနေလသကဲ့သုိ႕ ..
ထုိအတူပဲ ငါဘုရားရဲ႕ ရုပ္ရူပကာယေတာ္သည္လည္း အရဟတၱဖလသမာပတ္တည္းဟူေသာ အတုပ္အဆုိင္းျဖင့္ မ်ွတေနရပါတယ္”

ဟု မိန္႕ေတာ္မူေလသည္။..

ျပိဳလဲေတာ့မည့္ လွည္းအုိၾကီးကုိ ဟုိဘက္ဒီဘက္မွ ၾကိဳးမ်ားျဖင့္ တုပ္ဆုိင္းထားရသလုိ.. ဘုရားရွင္ကုိယ္ေတာ္ျမတ္ၾကီး၏ ရူပကာယကုိလည္း ျပိဳလဲမသြားေအာင္ ဖလသမာပတ္၀င္စားျခင္းျဖင့္ တုပ္ဆုိင္းထားရျခင္းျဖစ္၏။
ဘုရားရွင္ကုိယ္ေတာ္ျမတ္ၾကီးသည္ အေလာင္းေတာ္အျဖစ္ႏွင့္ တရားအားထုတ္စဥ္ကလည္းပဲ အျပင္းအထန္ ၾကိဳးစားခဲ့ရေလသည္…အဲဒီ့ေနာက္…သစၥာေလးခ်က္ ဓမၼနက္ကုိ သိျမင္ျပီး ျမတ္ဗုဒၶအျဖစ္သုိ႔ ေရာက္ေတာ္မူျပီးေနာက္လည္းပဲ..၄၅ ႏွစ္တုိင္တုိင္ တရက္ေလးမွပင္ အနားမယူခဲ့ရ၊ သတၱ၀ါတုိ႔၏ အက်ဳိးစီးပြားအလုိ႔ငွာ ေဆာင္ရြက္ေတာ္မူခဲ့ရေလ၏။ တစ္ေန႔တာ ၂၄နာရီတြင္ သုံးနာရီၾကာမ်ွသာ ဘုရားကုိယ္ေတာ္ျမတ္ သက္သက္သာသာနွင့္ အနားယူခ်ိန္ရွိေလ၏။ က်န္ေသာအခ်ိန္မ်ားတြင္ အျမဲပင္ အလုပ္လုပ္ခဲ့ရေလ၏။ ဘုရားအျဖစ္ႏွင့္ ၄၅ ႏွစ္တာကာလအတြင္း အခ်ိန္ကုိ ၁စကၠန္႕ေလးမွ်ပင္ အခ်ည္းအႏွီး မျဖစ္ေစခဲ့။

ေန႔စဥ္ေန႔တုိင္းပင္
ရဟန္းေတာ္မ်ားအား ကမၼ႒ာန္းတရားေပးေတာ္မူရ၊
ဒကာဒကာမတုိ႔အား တရားေဟာၾကားေတာ္မူရ၊
ေလွ်ာက္ထားေမးျမန္းမႈတုိ႔ကုိလည္း ေျဖဆုိေဟာၾကားေတာ္မူရ၊
ကြ်တ္ထုိက္ေသာ သတၱ၀ါတုိ႔ကုိလည္း တစ္ဦး တစ္ေယာက္ တစ္ပါးေလမွ်မက်န္ေအာင္ ဆင္ျခင္ေတာ္မူရ၊
ျပီးေနာက္ ထုိသတၱ၀ါရွိရာအရပ္သုိ႔ပင္ ေရာက္ေအာင္သြားျပီး တရားေဟာေတာ္မူရ… စသျဖင့္ ဘုရားရွင္ကုိယ္ေတာ္ျမတ္မွာ သတၱ၀ါအားလုံးတုိ႔အတြက္ အလုပ္လုပ္ခဲ့ရေပ၏။

ထုိကဲ့သုိ႔ ေန႔ေန႔ညည မျပတ္ အလုပ္လုပ္ခဲ့ရျပီး…ယခုေတာ့ သက္ေတာ္ ၈၀ သုိ႔ ခ်ဥ္းကပ္ေနေလျပီ။ ေနာက္ဆုံး အရြယ္သုိ႔ ေရာက္ေနေလျပီ။ ေရာဂါေ၀ဒနာကလည္း ျပင္းျပင္းထန္ထန္ ႏွိပ္စက္ေနေလျပီ။ ထုိ႔ေၾကာင့္ ရုပ္ရူပကာယမွာ ခံႏုိင္ရည္မရွိေတာ့ျပီ။ လဲျပိဳမသြားေအာင္ ဖလသမာပတ္မ်ား ၀င္စားျခင္းျဖင့္ ခႏၶာကုိယ္ကုိ ထိန္းထားရေလသည္။

ဖလသမာပတ္မွာ (၃)မ်ဳိးရွိေပ၏။
1. မဂၢါနႏၲရ ဖလ သမာပတ္
2. ၀ဠဥၨန ဖလ သမာပတ္
3. အာယုသခၤါရ ဖလ သမာပတ္ (အာယုပါလန) တုိ႔ျဖစ္၏။
(ref: ဖလသမာပတ္ ၃ မ်ိဳး၊ စာ-၂၉၃၊ ဖ်ာပုံတုိက္ဆရာေတာ္- သုေတသနသရုပ္ျပအဘိဓာန္)

မဂၢါနႏၲရ ဖလ သမာပတ္ ဆုိသည္မွာ မဂ္က်ျပီး ျဖစ္လာေသာ ဖုိလ္ေဇာမ်ားျဖစ္သည္။

၀ဠဥၨန ဖလ သမာပတ္ ဆုိသည္မွာ…
စိတ္ ေစတသိက္ စိတၱဇရုပ္တုိ႔ကုိ ေခတၱျငိမ္းေအးေစ၍ သုခေရး သက္သက္ သုံးသပ္ခံစားေနေသာ ဖလသမာပတ္ျဖစ္သည္။ သခၤတနိမိတ္တုိ႔ကုိ မ်က္ႏွာလြဲျပီး အသခၤတနိဗၺာန္ကုိ အာရုံျပဳ ခ်မ္းခ်မ္း သာသာ ေနျခင္းျဖစ္၏။ နိဗၺာန္ ခ်မ္းသာ ကုိ လက္ေတြ႕အာရုံျပဳေနျခင္းျဖစ္၏။

အာယုသခၤါရ ဖလသမာပတ္ ဆုိသည္မွာ ေရာဂါေ၀ဒနာႏွိပ္စက္ျခင္းမွ သက္သာ ျငိမ္းေအးေစျပီး အသက္ႏွင့္ ခႏၶာကုိ ေစာင့္ေရွာက္ ထိန္းသိမ္းေသာ ဖလသမာပတ္ျဖစ္၏။ ထုိဖလသမာပတ္၀င္စားျခင္းျဖင့္ ေရာဂါတုိ႔ကုိ သက္သာသြားေစသည္။ အသက္ကုိ ရွည္ေစသည္။

ယခုေ၀ဠဳ၀ရြာငယ္ေလးတြင္လည္း…ျမတ္ဗုဒၶသည္ ဖလသမာပတ္ ၀င္စားျခင္းျဖင့္ ျပင္းစြာခံစားေနရေသာ အနာေရာဂါျငိမ္းေစျပီး ျပန္လည္ က်န္းမာေတာ္မူလာေလျပီ။

(ဆက္ရန္ရွိေသးသည္။)

ေနာက္ဆုံးဆယ္လျမတ္ဗုဒၶတရားေတာ္ (၂၇၊ ၁၂၊ ၁၉၇၇)- သီတဂူဆရာေတာ္ဘုရားၾကီး


သံဝေဂ ၈-ပါး

၁။ နုနယ်ရုပ်ဆင်း၊ ပျိုမြစ်ခြင်းကား၊ အိုမင်း နောက်ဆုံးရှိ်ချေ၏တကား။

၂။ ဥစ္စာဆင်မြင်း၊ ပေါများခြင်းကား၊ ယိုယွင်းနောက်ဆုံး ရှိချေ၏တကား။

၃။ ချစ်ခင်ပေါင်းသင်း၊ ဆက်ဆံခြင်းကား၊ ကွေကွင်းနောက်ဆုံး ရှိချေ၏တကား။

၄။ ဝိညာဉ်တင်းလင်း၊ သက်ရှည်ခြင်းကား၊ သေမင်းနောက်ဆုံး ရှိချေ၏တကား။

၅။ တက်ကြွားကြွကြွ၊ မြင့်လွန်းကလည်း၊ လျှောကျနောက်ဆုံး ရှိချေ၏တကား။

၆။ ခင်မင်ခယ၊ ချစ်လွန်းကလည်း၊ သောကနောက်ဆုံး ရှိချေ၏တကား။

၇။ ပွဲလယ်ပြင်ပ၊ ချီးမွမ်းကြလည်း၊ ရှုတ်ချနောက်ဆုံး ရှိချေ၏တကား။

၈။ ကြည်သာရွှင်ပျ၊ ချမ်းသာကြလည်း၊ ဒုက္ခနောက်ဆုံး ရှိချေ၏တကား။

သံေ၀ဂ ၈-ပါး

၁။ ႏုနယ္ရုပ္ဆင္း၊ ပ်ိဳျမစ္ျခင္းကား၊ အိုမင္း ေနာက္ဆံုးရွိ္ေခ်၏တကား။

၂။ ဥစၥာဆင္ျမင္း၊ ေပါမ်ားျခင္းကား၊ ယိုယြင္းေနာက္ဆံုး ရွိေခ်၏တကား။

၃။ ခ်စ္ခင္ေပါင္းသင္း၊ ဆက္ဆံျခင္းကား၊ ေကြကြင္းေနာက္ဆံုး ရွိေခ်၏တကား။

၄။ ၀ိညာဥ္တင္းလင္း၊ သက္ရွည္ျခင္းကား၊ ေသမင္းေနာက္ဆံုး ရွိေခ်၏တကား။

၅။ တက္ၾကြားၾကြၾကြ၊ ျမင့္လြန္းကလည္း၊ ေလွ်ာက်ေနာက္ဆံုး ရွိေခ်၏တကား။

၆။ ခင္မင္ခယ၊ ခ်စ္လြန္းကလည္း၊ ေသာကေနာက္ဆံုး ရွိေခ်၏တကား။

၇။ ပြဲလယ္ျပင္ပ၊ ခ်ီးမြမ္းၾကလည္း၊ ရႈတ္ခ်ေနာက္ဆံုး ရွိေခ်၏တကား။

၈။ ၾကည္သာရႊင္ပ်၊ ခ်မ္းသာၾကလည္း၊ ဒုကၡေနာက္ဆံုး ရွိေခ်၏တကား။

ဗုဒ္ဓဘာသာဝင်တို့ နေ့စဉ်ပြုအပ်သောအရာ

(၁) ရေချမ်းကပ်လှူခြင်း။
သတ္တဝါတို့၏ကျေးဇူးတော်ရှင် သစ္စာလေးပါးမြတ်တရားကို ကိုယ်တော်တိုင်
ပိုင်းခြားသိမြင်တော်မူသော မြတ်စွာဘုရားရှင်အား သက်တော်ထင်ရှား ရှိသည့်
အလားစိတ်တွင်မှတ်ယူကာ လိုသလိုအသုံးပြုနိုင်ရန် ရည်စူး၍ ကပ်လှူခြင်း။
အကျိုးကိုလို၍ ကပ်လှူပူဇော်ခြင်း မဟုတ်သော်လည်း အကျိုးကျေးဇူးတို့အား
သိရှိစေရန် ဖော်ပြအပ်ပါသည်။ ရေအကျိုး(၁၀)ပါးကို စာဖတ်သူများ သိရှိပြီး
ဖြစ်ပါသည်။ ယင်းတို့မှာ
(၁) လျင်မြန်ခြင်း၊
(၂) သန့်ရှင်းစင်ကြယ်ခြင်း၊
(၃) ကျော်ကြားလူသိများခြင်း၊
(၄) ဆာလောင်မွတ်သိပ်မှု ကင်းခြင်း၊
(၅) အခြွေအရံများခြင်း၊
(၆) အသက်ရှည်ခြင်း၊
(၇) အဆင်းလှခြင်း၊
(၈) ချမ်းသာကြီးခြင်း၊
(၉) ခွန်အားဗလ ကြီးမားခြင်း၊
(၁၀) ဉာဏ်ပညာ ကြီးမားခြင်း တို့ဖြစ်ပါတယ်။

(၂) ဆွမ်းကပ်လှူခြင်း။
ရေချမ်းကပ်လှူသကဲ့သို့ မိမိစိတ်တွင်နှလုံးသွင်း၍ ကပ်လှူပါ။ ဆွမ်း၊
သစ်သီးတို့အား နေလွဲညစာ မကပ်မိစေရန် အထူးသတိထားစေလိုပါသည်။ နေလွဲညစာဆိုရာ၌
ရှစ်ပါးသီလတွင်ပါရှိသော ဝိကာလဘောဇနာ ဆိုသော သီလကိုမမေ့သင့်အပ်ပေ။
အထူးသတိထားရှောင်ကျဉ်ပါလေ။ သို့ရာတွင် တင် ပြစရာလေးတော့ ရှိနေခဲ့ပါသည်။
ကျွန်တော်မြန်မာလူမျိုးများ အနေဖြင့် သာမာန် ဧည့်သည် လာရောက်ရင်တောင်
သစ်သီး၊ မုန့်စသည်တို့ကို စားသုံးရန် အဆင် သင့်
ပြုလုပ်ပြီးမှဧည့်ခံလေ့ရှိပါတယ်
။ ဒါတောင်ဂုဏ်သရေရှိလူကြီး မဟုတ်သေး ပါဘူး။ ယခုမှာ သတ္တဝါတို့၏ကျေးဇူးတော်ရှင် သစ္စာလေးပါးမြတ်တရားကို ကိုယ်တော်တိုင်
ပိုင်းခြားသိမြင်တော်မူသော မြတ်စွာဘုရားရှင်အား သက်တော် ထင်ရှား ရှိသည်ဟု
ကပ်လှူတာ မဟုတ်ပါလား။ ဤသည်ကို သစ်သီးဆို အလုံး လိုက်ကြီး၊ မုန့်ဆိုလျှင်
အိတ်ကမခွာထား။ ညနေအထိထားလို့ထား။ တစ်ချို့ သစ်သီးကိုအုန်းပြီး
မှည့်မှစွန့်ကြတယ်။ စက္ခုအမြင် မတင့်တယ်စရာပါ။ စာဖတ် သူများ မသိရှိသေးက
ပြင်ဆင်နိုင်ရန် တင်ပြအပ်ပါသည်။ အမှားကိုသိလို့ အမှန် ကိုပြင်တာလူတော်ပေါ့။
ဆွမ်းလှူသဖြင့် ရရှိနိုင်သော အကျိုးတရား (၅)မျိုး ကိုလည်း အင်္ဂုတ္တိုရ်
ပါဋ္ဌိတော် ဘောဇနသုန်တွင် ပြဆိုထားပါသည်။ ၎င်းတို့မှာ (၁) အသက်ရှည်ခြင်း၊
(၂) အဆင်းလှခြင်း၊
(၃) ကိုယ်စိတ်ချမ်းသာခြင်း၊
(၄) ခွန်အားဗလ ကြီးမားခြင်း၊
(၅) ဉာဏ်ပညာ ကြီးမားခြင်း တို့ဖြစ်ပါတယ်။

(၃) ဘယ်သွားသွား၊ ဘယ်လာလာ၊ ဘာလုပ်လုပ် သရဏဂုံရွတ်ဆိုဆောက်တည်ခြင်း။
အရဟံဂုဏ်တော် ရွတ်ဆိုပွားများခြင်း။
အသင့်အတင့်အမှန်အတိုင်း နှလုံးသွင်း၍(ယောနိသော မနသိကာရ)၊ လူတိုင်းကို
ပီယစက္ခု ချစ်ခင်သောအမြင်ဖြင့်ကြည့်ကာ မိမိ၏နှလုံးအိမ်ထဲတွင် ဘုရား၊ တရား၊
သံဃာ တို့၏ဂုဏ်တော်များကို မြင်ရောင်၍ ဘုရား၊ တရား၊ သံဃာမှတပါး
ကိုးကွယ်ရာမရှိပါဟု မှတ်ယူကာ သရဏဂုံကို ရွတ်ဖတ်ပွားများခြင်း။
အရဟံ= (က) ကိလေသာကင်းစင်တော်မူသော မြတ်စွာဘုရား၊
(ခ) စိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုကိုပြုတော်မမူသော မြတ်စွာဘုရား၊
(ဂ ) ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရား။ ဟူ၍ အရဟံဂုဏ်တော်ကို
တစ်ဆင့်ထက်တစ်ဆင့်မြင့်၍ ပွားများခြင်း။ ဤကဲ့သို့ သရဏဂုဏ်ဆောက်တည်ခြင်းသည်
ကျောင်းဆောက်လှူဒါန်း၍ ကျောင်းဒကာ ဖြစ်သည်ထက်မြတ်၏။ ဤသို့ပွါးများရာတွင်
ကမ္မဋ္ဌာန်း(၄၀)မှ အနုဿတိ(၁၀)ပါးတွင် ပါဝင်သော ဗုဒ္ဓနုဿတိ ကမ္မဋ္ဌာန်းရှုရာလည်း
ရောက်ပါတယ်။

(၄) ညအိပ်ယာဝင်တိုင်း ငါးပါးသီလ၊ ရှစ်ပါးသီလ စသဖြင့် ခံယူ၍ ဘုရားဝတ်ပြု၊
မေတ္တာပွားပြီးမှ အိပ်စက်ခြင်း။
သာမာန်ဘုရားဝတ်ပြုပြီးမှ အိပ်စက်တာထက်စာရင် သီလစောက်တည် မေတ္တာ ပို့ပြီးမှ
အိက်စက်ရင်ပိုပြီး သီလစင်ကြယ်ပါတယ်။ မေတ္တာအကျိုး(၁၁)မျိုး ကို
လည်းရရှိစေပါတယ်။
(၁) ချမ်းသာစွာ အိပ်ရခြင်း။
(၂) ချမ်းသာစွာနိုးရခြင်း။
(၃) အိပ်မက်ဆိုးတို့ကို မမြင်မက်ခြင်း။
(၄) နတ်အပေါင်းက စောင့်ရှောက်ခြင်း။
(၅) လူအများချစ်ခင်ခြင်း။
(၆) မီးဘေးမသင့်နိုင်ခြင်း။
(၇) အဆိပ်၊လက်နက် မသင့်နိုင်ခြင်း။
(၈) စိတ်တည်ကြည်ခြင်း။
(၉) မျက်နှာကြည်လင်ခြင်း။
(၁၀) တွေဝေစွာမသေရခြင်း။
(၁၁) သေလွန်လျှင် ဗြဟ္မာ့ပြည်ရောက်နိုင်ခြင်း ဟုပြဆိုထားပါတယ်။

ဤအချက်တို့သည် ဗုဒ္ဓဘာသာလူမျိုးများ အနေဖြင့် ငယ်စဉ် ကလေးဘဝက
သိရှိပြီးသားဖြစ်ပါသည်။ သို့သော်ဤအချက်တို့ကို စာဖတ်သူများ ငယ်စဉ်မှစ၍
ယခုအချိန်ထိ ဘယ်နှစ်ကြိမ်လုပ်ဖူးပြီလဲဆိုသော အတွေး လေးတော့
ဝင်စေချင်မိပါသည်။ နွားတစ်ကောင်အသက်ကြီးလာလေ သူရဲ့ဦး ချိုရှည်လာလေ၊
လူတစ်ယောက်အသက်ကြီးလေ သူရဲ့တဏှာကြီးလေပါ။အသားတိုးသလော

က် တဏှာတိုးသလောက၊်
တရားအသိမတိုးရင် လူကြီး လာသော်လည်း ကလေးတွေးသာသာရယ်ပါ။ သတိအကြောင်း၊ ဝိပဿနာ
အကြောင်းတွေ ဖောင်ဖောင်ကြီးပြောနေပေမဲ့ စိတ်နေစိတ်ထားရော ကိုယ်ကျင့်
တရားနဲ့ကိုယ်နှုတ်အမူအရာရော ပြောင်းလဲတိုးတက်လာမှုမရှိဘူးဆိုရင် အဲဒီ လူဟာ
ချူန်းပြီးမရွာတဲ့မိုးနဲ့တူတူပါပဲ။ အဲဒီတော့ ဗုဒ္ဓဘုရား၏တရားတော်အတိုင်း
နေ့စဉ်ပြုအပ်သော၊ နေစဉ်ပြုအပ် သော၊ စောင့်ထိန်းအပ်သော၊ ရှောင်ကျဉ်အပ်သော
တရားတော်တို့ကို အချိန်နှင့် အမျှ ကျင့်သုံးကြပါစို့။ ပုထုဇဉ်
တို့၏သဒ္ဓါတရားသည် ထာဝရ မခိုင်မြဲနိုင်လို့ ဆိုထားပေရာ
ဗုဒ္ဓဘာသာဝင်သူတော်စဉ်အပေါင်း ဤကဲ့သို့ ကပ်လှူခြင်း၊ ပွားများခြင်းအားဖြင့်
သဒ္ဓါတရားရင့်သန်၍ ဝိပဿနာတရားတော်ကို ကျင့်ကြံကြိုး ကုတ် အားထုတ်၍
နိဗ္ဗာန်သို့ မျက်မှောက်ပြုနိုင်သော သူတော်ကောင်း၊ သူတော်မြတ်များ
ဖြစ်ကြပါစေ။ ဗုဒ္ဓဘာသာဝင်ကောင်းတစ်ယောက် ဖြစ်စေရန် ရည်သန်၍
ဓမ္မဒါနပြုအပ်ပါသည်။ သတ္တဝါအချင်းချင်း ပီယစက္ခုဖြင့် ကြည့်ရှုနိုင်ကြပါစေ။
%d bloggers like this: