စိတ် ( The Mind )

  • ကာမဂုဏ်အာရုံ၌ တုန်လှုပ်တတ်သော ၊ အာရုံတစ်ခုတည်း၌ မတည်တံ့နိုင်သဖြင့် လျှပ်ပေါ့သော ၊ ကာမဂုဏ်အာရုံသို့ မသွားအောင် စောင့်စည်းနိုင်ခဲ ၊ တားဆီးနိုင်ခဲသော စိတ်ကို (လေးသမားသည် မြားကောက်ကို တဖြည်းဖြည်း ဖြောင့်သကဲ့သို့ ) ပညာရှိသည် သမထ ဝိပဿနာဉာဏ်ဖြင့် တဖြည်းဖြည်း ဖြောင့်လေ၏ ။
    Just as a fletcher straightens an arrow shaft, even so the discerning man straightens his mind so fickle and unsteady, so difficult to guard and control.
  • ငါးသည် ရေမှ ဆယ်ယူ၍ ကုန်းပေါ်သို့ ပစ်လိုက်သည့်အခါ လွန့်လျက်တုန် တဆွေ့ဆွေ့ခုန်သကဲ့သို့ ၊ ကာမဂုဏ်၌ ပျော်ပါးကျက်စားနေကျဖြစ်သော စိတ်သည် ကိလေသာကင်းရန် ကာမဂုဏ်တည်းဟူသော ရေမှ ထုတ်၍ ကမ္မဋ္ဌာန်းဘာဝနာတည်းဟူသော ကုန်းပေါ်သို့ တင်လိုက်သည့်အခါ တုန်တုန်လှုပ်လှုပ် ဖြစ်လေ၏။
    As a fish when pulled out of water and cast on land throbs and quivers, even so is this mind agitated. Hence should one abandon the realm of Mara.

  • နှိမ်နင်းရန်ခဲယဉ်း ၊ အဖြစ်အပျက် အလွန်မြန် ၊ မျိုးနွယ် နိမ့်မြင့် သင့် မသင့်ကို ချင့်တွက်မရှိ တွေ့မိတွေ့ရာ ကာမဂုဏ်၌ ကျရောက်လေ့ရှိသော စိတ်ကို ဆုံးမခြင်းသည် အလွန်ကောင်းမြတ်၏ ၊ ဆုံးမ၍ ယဉ်ကျေးသော စိတ်သည် ချမ်းသာကို ဆောင်တတ်၏ ။
    Wonderful, indeed, it is to subdue the mind, so difficult to subdue, ever swift, and seizing whater it desires. A tamed mind brings happiness.

  • နှိမ်နင်းရန်ခဲယဉ်း ၊ အဖြစ်အပျက် အလွန်မြန် ၊ မျိုးနွယ် နိမ့်မြင့် သင့် မသင့်ကို ချင့်တွက်မရှိ တွေ့မိတွေ့ရာ ကာမဂုဏ်၌ ကျရောက်လေ့ရှိသော စိတ်ကို ပညာရှိသည် စောင့်ရှောက်ရာ၏ ။ လုံခြုံစွာ စောင့်ရှောက်အပ်သော စိတ်သည် ချမ်းသာကို ဆောင်တတ်၏ ။
    Let the discerning man guard the mind, so difficult to detect and extremely subtle, seizing whatever it desires. A guarded mind brings happiness.

  • စိတ်သည် အဝေး၌ရှိသော အာရုံသို့လည်း သွားတတ်၏ ၊ တစ်ခုပြီး တစ်ခု ဖြစ်တတ်၏ ။ အကောင်အထည်ဟူ၍လည်း မရှိ။ ဟဒယဝတ္တု နှလုံးတည်းဟူသော လိုဏ်ဥမင်ကို မှီ၍ ဖြစ်ပေါ်၏။ ဤစိတ်ကို လုံခြုံစွာ စောင့်ရှောက်ကုန်သော သူတို့သည် မာရ်နတ်မင်း၏ အနှောင်အဖွဲ့တည်းဟူသော ဆင်းရဲမှ လွတ်မြောက်ကုန်၏။
    Dwelling in the cave ( of the heart ), the mind, withiout form, wanders far and alone. Those who subdue this mind are liberated from the bonds of Mara.

  • တည်တံ့သော စိတ်လည်းမရှိ ၊ သူတော်ကောင်းတရားကိုလည်း မသိ၊ ယုံကြည်ခြင်းတည်းဟူသော သဒ္ဓါတရားလည်း မခိုင်မာသောသူမှာ လောကီ ၊ လောကုတ္တရာပညာ မပြည့်စုံလေ။
    Wisdom never becomes perfect in one whose mind is not steadfast, who knows not the Good Teaching and whose faith wavers.

  • ရာဂဖြင့် မစွတ်သော စိတ်လည်းရှိ ၊ ဒေါသဖြင့်မထိပါးသော စိတ်လည်းရှိ ၊ ကောင်းမှု မကောင်းမှုကို ပယ်ပြီး၍ မောဟတည်းဟူသော အိပ်ပျော်ခြင်းမှလည်း နိုးသောသူမှာ ကြောက်စရာ ဘေးမရှိ ။
    There is no fear for an awakened one, whose mind is not sodden ( by lust ) nor afflicated ( by hate ) , and who has gone beyond both merit and demerit.

  • ဤခန္ဓာကိုယ်သည် အိုးနှင့်တူစွာ ကြာကြာမတည် ပျက်စီးတတ်သည်ဟု သိ၍ မိမိစိတ်ကို ရန်သူ မဝင်နိုင်အောင် လုံခြုံစွာ ကာကွယ်စောင့်ရှောက်သော မြို့နှင့် ပမာပြု၍ စောင့်ရှောက်ပြီးလျှင် ပညာတည်းဟူသော လက်နက်ဖြင့် ကိလေသာမာရ် ရန်သူအပေါင်းကို စစ်ထိုးရာ၏၊ အောင်မြင်၍ ရပြီးသော ဉာဏ်ကိုလည်း မပျက်အောင် စောင့်ရှောက်ရာ၏ ။ ရပြီးသော ချမ်းသာကို သာယာကပ်ငြိ၍ မနေရာ ။
    Realizing that this body is as fragile as a clay pot, and fortifying this mind like a well-fortified city, fight out Mara with the sword of wisdom. Then, guarding the conquest, remain unattached.

  • ဤခန္ဓာကိုယ်သည် မကြာမြင့်မီ​ ဝိဉာဉ်ကင်း၍ စွန့်ပစ်ရမည့် အခြေအနေသို့ ရောက်ပြီးလျှင် အသုံးမကျသော ထင်းတုံးကဲ့သို့ မြေ၌ တုံးလုံး အိပ်ရလတ္တံ။
    Ere long, alas! This body will lie upon the earth, unheeded and lifeless, like a useless log.

  • ခိုးသူ တစ်ယောက်သည် မိမိကို ပြစ်မှားလွန်ကျူးဖူးသော ခိုးသူတစ်ယောက်ကို မြင်သည်ရှိသော် သို့မဟုတ် ရန်သူတစ်ယောက်သည် ရန်ဘက်တစ်ဦးကို မြင်သည်ရှိသော် အကျိုးမဲ့ ဖျက်ဆီးခြင်းကို ပြုရာ၏ ၊ ( သို့ရာတွင် ဤတစ်ဘဝတွင်သာ ပြုနိုင်၏၊ ) ယုတ်မာသဖြင့် ရန်ငြိုးထားသော စိတ်သည်ကား ( ခုဘဝ ၊ နောင်ဘဝတို့၌ အကျိုးပေးတတ်သဖြင့် ) သာ၍ပင် အကျိုးမဲ့ ဖျက်ဆီးခြင်းကို ပြုနိုင်၏ ။
    Whatever harm an enemy may do to an enemy, or a hater to a hater, an ill-directed mind inflicts on oneself a greater harm.

  • နတ်ချမ်းသာ၊ ဈာန်သမာပတ်ချမ်းသာ ၊ နိဗ္ဗာန်ချမ်းသာကို မိခင်သည်လည်း မပေးနိုင် ၊ ဖခင်သည်လည်း မပေးနိုင် ၊ ဆွေးမျိုးတို့သည်လည်း မပေးနိုင် ၊ ကောင်းစွာ စောင့်ရှောက် ဆောက်တည်အပ်သော စိတ်သည်သာလျှင် မိဘဆွေမျိုးထက် ပိုလွန်၍ လူ၊ နတ် ၊ နိဗ္ဗာန်သုံးတန်သော ချမ်းသာကို ပေးနိုင်၏။
    Neither mother, father, nor any other relative can do one greater good than one’s own well-directed mind.

စိတ္ ( The Mind )

  • ကာမဂုဏ္အာ႐ံု၌ တုန္လႈပ္တတ္ေသာ ၊ အာ႐ံုတစ္ခုတည္း၌ မတည္တံ့ႏိုင္သျဖင့္ လွ်ပ္ေပါ့ေသာ ၊ ကာမဂုဏ္အာ႐ံုသုိ႔ မသြားေအာင္ ေစာင့္စည္းႏုိင္ခဲ ၊ တားဆီးႏိုင္ခဲေသာ စိတ္ကုိ (ေလးသမားသည္ ျမားေကာက္ကုိ တျဖည္းျဖည္း ေျဖာင့္သကဲ့သုိ႔ ) ပညာ႐ွိသည္ သမထ ၀ိပႆနာဉာဏ္ျဖင့္ တျဖည္းျဖည္း ေျဖာင့္ေလ၏ ။
    Just as a fletcher straightens an arrow shaft, even so the discerning man straightens his mind so fickle and unsteady, so difficult to guard and control.
  • ငါးသည္ ေရမွ ဆယ္ယူ၍ ကုန္းေပၚသုိ႔ ပစ္လိုက္သည့္အခါ လြန္႔လ်က္တုန္ တေဆြ႕ေဆြ႕ခုန္သကဲ့သုိ႔ ၊ ကာမဂုဏ္၌ ေပ်ာ္ပါးက်က္စားေနက်ျဖစ္ေသာ စိတ္သည္ ကိေလသာကင္းရန္ ကာမဂုဏ္တည္းဟူေသာ ေရမွ ထုတ္၍ ကမၼ႒ာန္းဘာ၀နာတည္းဟူေသာ ကုန္းေပၚသုိ႔ တင္လုိက္သည့္အခါ တုန္တုန္လႈပ္လႈပ္ ျဖစ္ေလ၏။
    As a fish when pulled out of water and cast on land throbs and quivers, even so is this mind agitated. Hence should one abandon the realm of Mara.

  • ႏွိမ္နင္းရန္ခဲယဥ္း ၊ အျဖစ္အပ်က္ အလြန္ျမန္ ၊ မ်ိဳးႏြယ္ နိမ့္ျမင့္ သင့္ မသင့္ကုိ ခ်င့္တြက္မ႐ွိ ေတြ႕မိေတြ႕ရာ ကာမဂုဏ္၌ က်ေရာက္ေလ့႐ွိေသာ စိတ္ကုိ ဆံုးမျခင္းသည္ အလြန္ေကာင္းျမတ္၏ ၊ ဆံုးမ၍ ယဥ္ေက်းေသာ စိတ္သည္ ခ်မ္းသာကုိ ေဆာင္တတ္၏ ။
    Wonderful, indeed, it is to subdue the mind, so difficult to subdue, ever swift, and seizing whater it desires. A tamed mind brings happiness.

  • ႏွိမ္နင္းရန္ခဲယဥ္း ၊ အျဖစ္အပ်က္ အလြန္ျမန္ ၊ မ်ိဳးႏြယ္ နိမ့္ျမင့္ သင့္ မသင့္ကုိ ခ်င့္တြက္မ႐ွိ ေတြ႕မိေတြ႕ရာ ကာမဂုဏ္၌ က်ေရာက္ေလ့႐ွိေသာ စိတ္ကုိ ပညာ႐ွိသည္ ေစာင့္ေ႐ွာက္ရာ၏ ။ လံုျခံဳစြာ ေစာင့္ေ႐ွာက္အပ္ေသာ စိတ္သည္ ခ်မ္းသာကုိ ေဆာင္တတ္၏ ။
    Let the discerning man guard the mind, so difficult to detect and extremely subtle, seizing whatever it desires. A guarded mind brings happiness.

  • စိတ္သည္ အေ၀း၌႐ွိေသာ အာ႐ံုသုိ႔လည္း သြားတတ္၏ ၊ တစ္ခုျပီး တစ္ခု ျဖစ္တတ္၏ ။ အေကာင္အထည္ဟူ၍လည္း မ႐ွိ။ ဟဒယ၀တၱဳ ႏွလံုးတည္းဟူေသာ လိုဏ္ဥမင္ကုိ မွီ၍ ျဖစ္ေပၚ၏။ ဤစိတ္ကုိ လံုျခံဳစြာ ေစာင့္ေရွာက္ကုန္ေသာ သူတုိ႔သည္ မာရ္နတ္မင္း၏ အေႏွာင္အဖြဲ႔တည္းဟူေသာ ဆင္းရဲမွ လြတ္ေျမာက္ကုန္၏။
    Dwelling in the cave ( of the heart ), the mind, withiout form, wanders far and alone. Those who subdue this mind are liberated from the bonds of Mara.

  • တည္တံ့ေသာ စိတ္လည္းမ႐ွိ ၊ သူေတာ္ေကာင္းတရားကုိလည္း မသိ၊ ယံုၾကည္ျခင္းတည္းဟူေသာ သဒၶါတရားလည္း မခိုင္မာေသာသူမွာ ေလာကီ ၊ ေလာကုတၱရာပညာ မျပည့္စံုေလ။
    Wisdom never becomes perfect in one whose mind is not steadfast, who knows not the Good Teaching and whose faith wavers.

  • ရာဂျဖင့္ မစြတ္ေသာ စိတ္လည္း႐ွိ ၊ ေဒါသျဖင့္မထိပါးေသာ စိတ္လည္း႐ွိ ၊ ေကာင္းမႈ မေကာင္းမႈကုိ ပယ္ျပီး၍ ေမာဟတည္းဟူေသာ အိပ္ေပ်ာ္ျခင္းမွလည္း ႏိုးေသာသူမွာ ေၾကာက္စရာ ေဘးမ႐ွိ ။
    There is no fear for an awakened one, whose mind is not sodden ( by lust ) nor afflicated ( by hate ) , and who has gone beyond both merit and demerit.

  • ဤခႏၶာကုိယ္သည္ အိုးႏွင့္တူစြာ ၾကာၾကာမတည္ ပ်က္စီးတတ္သည္ဟု သိ၍ မိိမိစိတ္ကုိ ရန္သူ မ၀င္ႏိုင္ေအာင္ လံုျခံဳစြာ ကာကြယ္ေစာင့္ေ႐ွာက္ေသာ ျမိဳ႕ႏွင့္ ပမာျပဳ၍ ေစာင့္ေရွာက္ျပီးလွ်င္ ပညာတည္းဟူေသာ လက္နက္ျဖင့္ ကိေလသာမာရ္ ရန္သူအေပါင္းကုိ စစ္ထိုးရာ၏၊ ေအာင္ျမင္၍ ရျပီးေသာ ဉာဏ္ကုိလည္း မပ်က္ေအာင္ ေစာင့္ေ႐ွာက္ရာ၏ ။ ရျပီးေသာ ခ်မ္းသာကုိ သာယာကပ္ၿငိ၍ မေနရာ ။
    Realizing that this body is as fragile as a clay pot, and fortifying this mind like a well-fortified city, fight out Mara with the sword of wisdom. Then, guarding the conquest, remain unattached.

  • ဤခႏၶာကုိယ္သည္ မၾကာျမင့္မီ​ ၀ိဉာဥ္ကင္း၍ စြန္႔ပစ္ရမည့္ အေျခအေနသုိ႔ ေရာက္ျပီးလွ်င္ အသံုးမက်ေသာ ထင္းတံုးကဲ့သုိ႔ ေျမ၌ တံုးလံုး အိပ္ရလတၱံ။
    Ere long, alas! This body will lie upon the earth, unheeded and lifeless, like a useless log.

  • ခိုးသူ တစ္ေယာက္သည္ မိမိကုိ ျပစ္မွားလြန္က်ဴးဖူးေသာ ခိုးသူတစ္ေယာက္ကုိ ျမင္သည္႐ွိေသာ္ သို႔မဟုတ္ ရန္သူတစ္ေယာက္သည္ ရန္ဘက္တစ္ဦးကုိ ျမင္သည္႐ွိေသာ္ အက်ိဳးမဲ့ ဖ်က္ဆီးျခင္းကုိ ျပဳရာ၏ ၊ ( သုိ႔ရာတြင္ ဤတစ္ဘ၀တြင္သာ ျပဳႏိုင္၏၊ ) ယုတ္မာသျဖင့္ ရန္ျငိဳးထားေသာ စိတ္သည္ကား ( ခုဘ၀ ၊ ေနာင္ဘ၀တုိ႔၌ အက်ိဳးေပးတတ္သျဖင့္ ) သာ၍ပင္ အက်ိဳးမဲ့ ဖ်က္ဆီးျခင္းကုိ ျပဳႏိုင္၏ ။
    Whatever harm an enemy may do to an enemy, or a hater to a hater, an ill-directed mind inflicts on oneself a greater harm.

  • နတ္ခ်မ္းသာ၊ စ်ာန္သမာပတ္ခ်မ္းသာ ၊ နိဗၺာန္ခ်မ္းသာကုိ မိခင္သည္လည္း မေပးႏုိင္ ၊ ဖခင္သည္လည္း မေပးႏုိင္ ၊ ေဆြးမ်ိဳးတုိ႔သည္လည္း မေပးႏုိင္ ၊ ေကာင္းစြာ ေစာင့္ေ႐ွာက္ ေဆာက္တည္အပ္ေသာ စိတ္သည္သာလွ်င္ မိဘေဆြမ်ိဳးထက္ ပုိလြန္၍ လူ၊ နတ္ ၊ နိဗၺာန္သံုးတန္ေသာ ခ်မ္းသာကုိ ေပးႏုိင္၏။
    Neither mother, father, nor any other relative can do one greater good than one’s own well-directed mind.

"မပြစ်မှားထိုက်သော ခင်ပွန်းကြီး(၁၀)ပါး"

(၁) မြတ်စွာဘုရား

(၂) ပစ္စေကဗုဒ္ဓါ အရှင်သူမြတ်များ

(၃) ရဟန္တာ အရှင်သူမြတ်များ

(၄) သာဝကများ

(၅) အမိ

(၅) အဖ

(၇) ဆွေမျိုးထဲက ရိုသေထိုက်သူများ

(၈) လောကီ ၊ လောကုတ္တရာ ဆရာများ

(၉) ကြီးပွားရေးအတွက် ထောက်ပံ့ပေးသူများ

(၁၀) မိမိအား တရားဓမ္မသောပြပေးသူများ   ။

“မျပစ္မွားထိုက္ေသာ ခင္ပြန္းႀကီး(၁၀)ပါး”

(၁) ျမတ္စြာဘုရား

(၂) ပေစၥကဗုဒၶါ အရွင္သူျမတ္မ်ား

(၃) ရဟႏၱာ အရွင္သူျမတ္မ်ား

(၄) သာ၀ကမ်ား

(၅) အမိ

(၅) အဖ

(၇) ေဆြမ်ိဳးထဲက ရိုေသထိုက္သူမ်ား

(၈) ေလာကီ ၊ ေလာကုတၱရာ ဆရာမ်ား

(၉) ႀကီးပြားေရးအတြက္ ေထာက္ပံ့ေပးသူမ်ား

(၁၀) မိမိအား တရားဓမၼေသာျပေပးသူမ်ား   ။

သတ္တ သတ္တာယ ( ရ ) ဌာန

(က) ပလ္လင်္ကသတ္တာဟ ။ ။ ဘုရားဖြစ်တဲ့ နေရာ (ပလ္လင်)ထက်မှာပဲ ကဆုန်လပြည့်ကျော် ( ၁ ) ရက်နေ့မှ (၇) ရက်နေ့အထိ မလှုပ်မရှား ဆက်ပြီး သီတင်းသုံးတော်မူပါတယ် ။ ပထမနေ့ ၊ နေ့အခါမှာ ဖလသမာပတ် ဝင်စားပြီး နေပါတယ် ။ ညအခါမှာ ပဋိစ္စသမုပ္ပါဒ် တရားတော်ကြီးကို အနုလုံ ၊ ပဋိလုံ သုံးသပ်ဆင်ခြင်တော်မူပါတယ်။ ” ယဒါဟဝေ …” စသော ဥဒါန်း(၃) ဂါထာကို အသံမထွက်ဘဲ စိတ်ထဲမှ ကျူးရင့်တော်မူပါတယ်။ (သတ္တာဟ-၇-ရက် )

(ခ) အနိမိသ သတ္တာဟ။ ။ ဗောဓိပင်ရဲ.အနီး အရှေ.မြောက် ယွန်းယွန်း ၁၄-လံအကွာ နေရာမှာ ကဆုန်လပြည့်ကျော် (၈) ရက်နေ့မှ (၁၄) ရက်နေ့အထိ ၇-ရက် ထပ်မံသီတင်းသုံးတော်မူပါတယ် ။ ” ငါသည် ပါရမီများဖြည့်ခဲ့သောကြောင့် ဤပလ္လင်ထက်မှာ မာရ် (၅)ပါးကိုအောင်မြင်ပြီး ဘုရားဖြစ်ခဲ့ပြီ တကား ” ဟုဆင်ခြင်ကာ ဖြောင့်ဖြောင့်မတ်မတ် ရပ်နေတော်မူကာ အပရာဇိတ ပလ္လင်ကို မမှိတ်သော မျက်စိဖြင့် (၇)ရက်လုံးကြည့်ရှုဝမ်း မြောက်နေတော်မူသည် ။[ အ = မ ၊ နိမိသ = မျက်စိမှိတ်သည် , အနိမိသ = မျက်စိမမှိတ်ဘဲ ]

(ဂ) (ရတနာ) စင်္ကမ သတ္တာဟ။ ။ နောက်တခါ ကဆုန်လကွယ်နေ့မှ နယုန်လဆန်း (၆) ရက်နေ့အထိ ၇-ရက် တွင် ဗောဓိပင်ပလ္လင် နဲ့ အနိမိသဌာန အကြား ၊ ဗောဓိပင်၏ မြောက်ဘက်၌ စင်္ကြံကြွကာ ထပ်မံသီတင်းသုံးတော်မူပါတယ် ။ ဒီနေရာမှာ နတ်တွေက “….ရှင်ဂေါတမသည် ဗောဓိပလ္လင်၌ တပ်မက်နေသေးသည် ၊ ဘုရားစင်စစ်မဖြစ်သေး ” ..ယုံမှားသံသယဖြစ်ကြသည်။ ထိုယုံမှားပျောက်စေရန် ရေအစုံ ၊ မီးအစုံ ယမကပြာဋိဟာ ပြတော်မူပါတယ်။ စင်္ကြံကြွရင်း တရားဆင်ခြင်၊ဖလသမပတ် ဝင်စားသောကြောင့် ” စင်္ကမ သတ္တာဟ ” ခေါ်သည်။

(ဃ) ရတနာဃရ သတ္တာဟ။ ။ ဗောဓိပင်၏ အနောက်မြောက် ၁၀-လံ အကွာတွင် နတ်များဖန်ဆင်းပူဇော်သော ရတနာရွှေအိမ်ထက်၌ နယုန်လဆန်း (၆) ရက်နေ့မှ (၁၃)ရက်အထိ အဘိဓမ္မာတရားတော် ကို ဆင်ခြင်နေတော်မူပါတယ်။အဘိဓမ္မာ ရှေးဦး (၆)ကျမ်းကိုဆင်ခြင်ရာတွင် ရောင်ခြည်တော် ကွန့်မြူးခြင်း မရှိသေးပါ ။နောက်ဆုံး ပဌာန်းဒေသနာတော်ကြီးကို ဆင်ခြင်သုံးသပ်တော်မူသောအခါမှသာ ရောင်ခြည်တော် (၆)သွယ် ကွန့်မြူးကာ နတ်၊ဗြဟ္မာတို့သည်လည်း ခြေတော်ရင်းမှာ ဦးခိုက်ကြကုန်၏ ။

(င) အဇပါလသတ္တာဟ ( ဆိတ်ကျောင်း ညောင်ပင်) ။ ။ ဗောဓိပင် ရဲ. အရှေ. (၃၂)လံ အကွာမှာ ဖြစ်ပါတယ် ။ နယုန်လဆန်း (၁၄)ရက်နေ့မှနယုန်လပြည့်ကျော် (၅)ရက်အထိ (၇)ရက်ဖြစ်ပါတယ်။ မာရ်နတ်ရဲ. သမီး (၃) ယောက် ( တဏှာ ၊အရတီ ၊ရာဂါ ) က ဘုရားရှင်ကို မိန်းမမာယာဖြင့် ဖြားယောင်းဖို့ ကြိုးစားခဲ့ကြပါတယ်။ ( မိန်းကလေးတွေ ဘုရားရှင်ကိုတောင် မာယာနဲ့ လှည့်စားချင်သေးတာ ပုထုဇဉ် ပုရိသ တွေကတော့ လာပြောကောင်းမလဲ ၊ လာမှကိုပြောလို့ မကောင်းပါဘူး ။ ) ဒီ ဆိတ်ကျောင်း ညောင်ပင် မှာပဲ ဟုန်ဟုန်က ပုဏ္ဏားက အဘယ်သူကို ဗြဟ္မာဏ မည်ပါသလဲ လို့ မေးလျှောက်ပါတယ်။ ဘုရားရှင် ဒီနေရာမှာပဲ သတ္တဝါတွေကို တရားဟောဖို့ စပြီး စီစဉ်ဆုံးဖြတ်တော်မူပါတယ် ။

(စ) မုစလိန္ဒ သတ္တာဟ ( မုစလိန္ဒာအိုင်ဝယ် နဂါးပါးပြင်းအောက်ဌာန) ။ ဗောဓိပင် ရဲ. အရှေ. တောင် (၁၅)လံ အကွာ မှာ နယုန်လပြည့်ကျော် (၆)ရက်နေ့မှ နယုန်လပြည့်ကျော် (၁၂)ရက်ထိ ဖြစ်ပါတယ် ။ဒီမှာ ပြောင်းရွေ.သီတင်းသုံးစဉ်မှာ အခါမဲ့ မိုးရွာခဲ့ပါတယ်။ ဒီအခါမှာ မုစလိန္ဒာအိုင် နဂါးမင်းဟာ တန်ခိုးနဲ့ လိုတာကို ဖန်ဆင်းနိုင်ပေမယ့် သူရဲ. ပကတိ ကိုယ်တော်နဲ့သာ ပါးပြင်းမိုးပြီး ရာသီဥတုဒဏ်ကနေ ကာကွယ်ပူဇော်ခဲ့ပါတယ်။နဂါးမင်းအား သတ္တဝါတွေကို မငြင်းဆဲဖို့ ဒေါသကို ထိန်းဖို့ ၊ ငါ ဟူသော မာန်မာန ကို ခွာဖို. ဆုံးမတော်မူပါတယ်။

(ဆ) ရာဇာယတန သတ္တာဟ (လင်းလွန်းပင် )။ ။ဗောဓိပင် ရဲ. တောင်ဘက် (၄၀)လံ အကွာ..[ (၁၁)လံ ဟု စာမှာရှိပေမဲ့ ဗုဒ္ဓဂါယာမှာ လက်တွေ့အားဖြင့် (၄၀) လံ ရှိတယ်လို့ ဆိုပါတယ် ] နယုန်လပြည့်ကျော် (၁၃)ရက်မှ ဝါဆိုလဆန်း ( ၄)ရက်နေ့ အထိ (၇) ရက် ပတ်လုံး သမာပတ် ဝင်စား ပါတယ် ။ (၇) ရက်ပြည့်တဲ့ မနက်မှာ သိကြားမင်းက တဇုသီး ၊ တံပူတွေ ဆပ်ကပ်ပါတယ်။ ကိုယ်လက်သန့်စင် အပေါ့ ၊ အလေးသွားပြီး (၄၉)ရက်တာ ပင်ပန်းခဲ့ရသမျှကို သည်းခံတော်မူပါတယ်။
အဲဒီ့နေ့ ဘုရားရှင် အစာအာဟာရမှီဝဲရန် လိုအပ် နေချိန်မှာ မြန်မာနိုင်ငံ ၊ ရာမညတိုင်း ၊ ဥက္ကလာ ဇနပုဒ် ၊ပေါက္ကရဝတ္တီ ဇနပုဒ် တို့မှ ကုန်သည်ညီနောင် တဖုဿ၊ဘလ္လိက မှ မုန့်ကျစ်ဆုပ် ဆပ်ကပ်ပါတယ်။ ( ပြောရရင် များတယ် ။ စိတ်ဝင်စားစရာဖြစ်လို့ သီတဂူဆရာတော် ရဲ့ တဖုဿ၊ဘလ္လိကညီနောင်တရား နာပါလေ ။ ) ဒီကုန်သည်ညီနောင် ကပ်တဲ့ ဆွမ်းကို လက်ခံဖို့ စတုမဟာရာဇ် နတ်မင်းကြီး (၄)ပါးမှ သပိတ် (၄)လုံး တပြိုင်တည်းကပ်လှူကြရာ ဘုရားရှင်က အဓိဌာန်နဲ့ (၁)လုံးတည်းဖြစ်စေပြီး အလှူခံပါတယ်။ ( ဒီသပိတ်တော်ကို အခုခေတ်မှာပါ ဖူးရရင် သိပ်ကောင်းမှာပဲနော် ) ။ ကုန်သည်ညီနောင် ကို သံဃာမရှိသေးတဲ့ အတွက်ဒွေဝါစိက သရဏဂုံ (၂)ပါး ပဲ ပေးပါတယ်။ဆံတော် (၈)ဆူ စွန်.တော်မူပါတယ် ။ ဒီဆံတော်တွေကို ရွှေတိဂုံစေတီမှာ ဌာပနာပြုပါတယ်။

သတၱ သတၱာယ ( ၇ ) ဌာန

(က) ပလႅကၤသတၱာဟ ။ ။ ဘုရားျဖစ္တဲ႔ ေနရာ (ပလႅင္)ထက္မွာပဲ ကဆုန္လျပည္႔ေက်ာ္ ( ၁ ) ရက္ေန႔မွ (၇) ရက္ေန႔အထိ မလႈပ္မရွား ဆက္ျပီး သီတင္းသံုးေတာ္မူပါတယ္ ။ ပထမေန႔ ၊ ေန႔အခါမွာ ဖလသမာပတ္ ၀င္စားျပီး ေနပါတယ္ ။ ညအခါမွာ ပဋိစၥသမုပၸါဒ္ တရားေတာ္ၾကီးကို အႏုလံု ၊ ပဋိလံု သံုးသပ္ဆင္ျခင္ေတာ္မူပါတယ္။ ” ယဒါဟေ၀ …” စေသာ ဥဒါန္း(၃) ဂါထာကို အသံမထြက္ဘဲ စိတ္ထဲမွ က်ဴးရင္႔ေတာ္မူပါတယ္။ (သတၱာဟ-၇-ရက္ )

(ခ) အနိမိသ သတၱာဟ။ ။ ေဗာဓိပင္ရဲ.အနီး အေရွ.ေျမာက္ ယြန္းယြန္း ၁၄-လံအကြာ ေနရာမွာ ကဆုန္လျပည္႔ေက်ာ္ (၈) ရက္ေန႔မွ (၁၄) ရက္ေန႔အထိ ၇-ရက္ ထပ္မံသီတင္းသံုးေတာ္မူပါတယ္ ။ ” ငါသည္ ပါရမီမ်ားျဖည္႔ခဲ႔ေသာေၾကာင္႕ ဤပလႅင္ထက္မွာ မာရ္ (၅)ပါးကိုေအာင္ျမင္ျပီး ဘုရားျဖစ္ခဲ႔ျပီ တကား ” ဟုဆင္ျခင္ကာ ေျဖာင္႔ေျဖာင္႔မတ္မတ္ ရပ္ေနေတာ္မူကာ အပရာဇိတ ပလႅင္ကို မမွိတ္ေသာ မ်က္စိျဖင္႔ (၇)ရက္လံုးၾကည္႔ရႈ၀မ္း ေျမာက္ေနေတာ္မူသည္ ။[ အ = မ ၊ နိမိသ = မ်က္စိမွိတ္သည္ , အနိမိသ = မ်က္စိမမွိတ္ဘဲ ]

(ဂ) (ရတနာ) စကၤမ သတၱာဟ။ ။ ေနာက္တခါ ကဆုန္လကြယ္ေန႔မွ နယုန္လဆန္း (၆) ရက္ေန႔အထိ ၇-ရက္ တြင္ ေဗာဓိပင္ပလႅင္ နဲ႔ အနိမိသဌာန အၾကား ၊ ေဗာဓိပင္၏ ေျမာက္ဘက္၌ စၾကၤံၾကြကာ ထပ္မံသီတင္းသံုးေတာ္မူပါတယ္ ။ ဒီေနရာမွာ နတ္ေတြက “….ရွင္ေဂါတမသည္ ေဗာဓိပလႅင္၌ တပ္မက္ေနေသးသည္ ၊ ဘုရားစင္စစ္မျဖစ္ေသး ” ..ယံုမွားသံသယျဖစ္ၾကသည္။ ထိုယံုမွားေပ်ာက္ေစရန္ ေရအစံု ၊ မီးအစံု ယမကျပာဋိဟာ ျပေတာ္မူပါတယ္။ စၾကၤံၾကြရင္း တရားဆင္ျခင္၊ဖလသမပတ္ ၀င္စားေသာေၾကာင္႔ ” စကၤမ သတၱာဟ ” ေခၚသည္။

(ဃ) ရတနာဃရ သတၱာဟ။ ။ ေဗာဓိပင္၏ အေနာက္ေျမာက္ ၁၀-လံ အကြာတြင္ နတ္မ်ားဖန္ဆင္းပူေဇာ္ေသာ ရတနာေရြွအိမ္ထက္၌ နယုန္လဆန္း (၆) ရက္ေန႔မွ (၁၃)ရက္အထိ အဘိဓမၼာတရားေတာ္ ကို ဆင္ျခင္ေနေတာ္မူပါတယ္။အဘိဓမၼာ ေရွးဦး (၆)က်မ္းကိုဆင္ျခင္ရာတြင္ ေရာင္ျခည္ေတာ္ ကြန္႔ျမဴးျခင္း မရွိေသးပါ ။ေနာက္ဆံုး ပဌာန္းေဒသနာေတာ္ၾကီးကို ဆင္ျခင္သံုးသပ္ေတာ္မူေသာအခါမွသာ ေရာင္ျခည္ေတာ္ (၆)သြယ္ ကြန္႔ျမဴးကာ နတ္၊ျဗဟၼာတို႔သည္လည္း ေျခေတာ္ရင္းမွာ ဦးခိုက္ၾကကုန္၏ ။

(င) အဇပါလသတၱာဟ ( ဆိတ္ေက်ာင္း ေညာင္ပင္) ။ ။ ေဗာဓိပင္ ရဲ. အေရွ. (၃၂)လံ အကြာမွာ ျဖစ္ပါတယ္ ။ နယုန္လဆန္း (၁၄)ရက္ေန႔မွနယုန္လျပည္႔ေက်ာ္ (၅)ရက္အထိ (၇)ရက္ျဖစ္ပါတယ္။ မာရ္နတ္ရဲ. သမီး (၃) ေယာက္ ( တဏွာ ၊အရတီ ၊ရာဂါ ) က ဘုရားရွင္ကို မိန္းမမာယာျဖင္႔ ျဖားေယာင္းဖို႔ ၾကိဳးစားခဲ႔ၾကပါတယ္။ ( မိန္းကေလးေတြ ဘုရားရွင္ကိုေတာင္ မာယာနဲ႔ လွည္႔စားခ်င္ေသးတာ ပုထုဇဥ္ ပုရိသ ေတြကေတာ႔ လာေျပာေကာင္းမလဲ ၊ လာမွကိုေျပာလို႔ မေကာင္းပါဘူး ။ ) ဒီ ဆိတ္ေက်ာင္း ေညာင္ပင္ မွာပဲ ဟုန္ဟုန္က ပုဏၰားက အဘယ္သူကို ျဗဟၼာဏ မည္ပါသလဲ လို႔ ေမးေလွ်ာက္ပါတယ္။ ဘုရားရွင္ ဒီေနရာမွာပဲ သတၱ၀ါေတြကို တရားေဟာဖို႔ စျပီး စီစဥ္ဆံုးျဖတ္ေတာ္မူပါတယ္ ။

(စ) မုစလိႏၵ သတၱာဟ ( မုစလိႏၵာအိုင္၀ယ္ နဂါးပါးျပင္းေအာက္ဌာန) ။ ေဗာဓိပင္ ရဲ. အေရွ. ေတာင္ (၁၅)လံ အကြာ မွာ နယုန္လျပည္႔ေက်ာ္ (၆)ရက္ေန႔မွ နယုန္လျပည္႔ေက်ာ္ (၁၂)ရက္ထိ ျဖစ္ပါတယ္ ။ဒီမွာ ေျပာင္းေရြ.သီတင္းသံုးစဥ္မွာ အခါမဲ႔ မိုးရြာခဲ႔ပါတယ္။ ဒီအခါမွာ မုစလိႏၵာအိုင္ နဂါးမင္းဟာ တန္ခိုးနဲ႔ လိုတာကို ဖန္ဆင္းႏိုင္ေပမယ္္႔ သူရဲ. ပကတိ ကိုယ္ေတာ္နဲ႔သာ ပါးျပင္းမိုးျပီး ရာသီဥတုဒဏ္ကေန ကာကြယ္ပူေဇာ္ခဲ႔ပါတယ္။နဂါးမင္းအား သတၱ၀ါေတြကို မျငင္းဆဲဖို႔ ေဒါသကို ထိန္းဖို႔ ၊ ငါ ဟူေသာ မာန္မာန ကို ခြာဖို. ဆံုးမေတာ္မူပါတယ္။

(ဆ) ရာဇာယတန သတၱာဟ (လင္းလြန္းပင္ )။ ။ေဗာဓိပင္ ရဲ. ေတာင္ဘက္ (၄၀)လံ အကြာ..[ (၁၁)လံ ဟု စာမွာရွိေပမဲ႔ ဗုဒၶဂါယာမွာ လက္ေတြ႔အားျဖင္႔ (၄၀) လံ ရွိတယ္လို႔ ဆိုပါတယ္ ] နယုန္လျပည္႔ေက်ာ္ (၁၃)ရက္မွ ၀ါဆိုလဆန္း ( ၄)ရက္ေန႔ အထိ (၇) ရက္ ပတ္လံုး သမာပတ္ ၀င္စား ပါတယ္ ။ (၇) ရက္ျပည္႔တဲ႔ မနက္မွာ သိၾကားမင္းက တဇုသီး ၊ တံပူေတြ ဆပ္ကပ္ပါတယ္။ ကိုယ္လက္သန္႔စင္ အေပါ႔ ၊ အေလးသြားျပီး (၄၉)ရက္တာ ပင္ပန္းခဲ႔ရသမွ်ကို သည္းခံေတာ္မူပါတယ္။
အဲဒီ႔ေန႔ ဘုရားရွင္ အစာအာဟာရမွီ၀ဲရန္ လိုအပ္ ေနခ်ိန္မွာ ျမန္မာႏိုင္ငံ ၊ ရာမညတိုင္း ၊ ဥကၠလာ ဇနပုဒ္ ၊ေပါကၠရ၀တၱီ ဇနပုဒ္ တို႔မွ ကုန္သည္ညီေနာင္ တဖုႆ၊ဘလႅိက မွ မုန္႔က်စ္ဆုပ္ ဆပ္ကပ္ပါတယ္။ ( ေျပာရရင္ မ်ားတယ္ ။ စိတ္၀င္စားစရာျဖစ္လို႔ သီတဂူဆရာေတာ္ ရဲ႔ တဖုႆ၊ဘလႅိကညီေနာင္တရား နာပါေလ ။ ) ဒီကုန္သည္ညီေနာင္ ကပ္တဲ႔ ဆြမ္းကို လက္ခံဖို႔ စတုမဟာရာဇ္ နတ္မင္းၾကီး (၄)ပါးမွ သပိတ္ (၄)လံုး တျပိဳင္တည္းကပ္လွဴၾကရာ ဘုရားရွင္က အဓိဌာန္နဲ႔ (၁)လံုးတည္းျဖစ္ေစျပီး အလွဴခံပါတယ္။ ( ဒီသပိတ္ေတာ္ကို အခုေခတ္မွာပါ ဖူးရရင္ သိပ္ေကာင္းမွာပဲေနာ္ ) ။ ကုန္သည္ညီေနာင္ ကို သံဃာမရွိေသးတဲ႔ အတြက္ေဒြ၀ါစိက သရဏဂံု (၂)ပါး ပဲ ေပးပါတယ္။ဆံေတာ္ (၈)ဆူ စြန္.ေတာ္မူပါတယ္ ။ ဒီဆံေတာ္ေတြကို ေရႊတိဂံုေစတီမွာ ဌာပနာျပဳပါတယ္။

ဘုရားရှင်တို့၏ တူညီသော အချက် ၃၀

ဘုရားရှင်တို့တွင် တူသော အချက်များ (၃၀) ရှိပါသည် ။
(၁) အလောင်းတော်သည် နောက်ဆုံးသောဘဝ၌ မိခင်ဝမ်းကြာတိုက်တွင် ပဋိသန္ဓေ နေတော်မူသည်။
( ဒီမှာထူးခြားတာက နတ်ပြည်ကနေ စုတေကြတာပဲ ဖြစ်ပါတယ် ။ အလောင်းတော်တွေဟာ ဗြဟ္မာပြည်ကနေ စုတေပြီး ပဋိသန္ဓေ နေတော်မူတာမျိုးမရှိပါဘူး..တဲ့ ။ ဘာလို့လဲဆိုတော့ ဗြဟ္မာပြည်ကနေ လာရင် ကာမဂုဏ်ကို ရွံမုန်းတဲ့ စိတ်အထုံ လူ့ပြည်ကို ပါလာမယ် ။ အဲလိုဆိုရင်အိမ်ထောင်ပြုမှာ မဟုတ်ပါဘူး ။
အလောင်းတော်တွေဟာ ဒီလို စောစောစီးစီး ကတည်းက ကာမဂုဏ်ကို ရွံမုန်းနေရင်လည်း မဇ္စိမပဋိပဋာ လမ်းစဉ်ကို တွေ့ဖို့ခက်မယ် လို့ ဆိုပါတယ် ။)

(၂) မယ်တော်ဝမ်း၌ ထက်ဝယ်ပလ္ဘင် ဖွဲ့ခွေ၍ အရှေ့သို့မျက်နှာမူပြီးနေပါသည် ။
( အလောင်းတော်တွေဟာ သာမန်လူတွေရဲ့ သန္ဓေသားတွေလို အမိဝမ်းမှာ ပြောင်းပြန်မနေပါဘူး ။ အတည့်ပဲနေပါတယ် ။ မယ်တော်ရဲ့ ဝမ်းဗိုက်ဟာလည်း ပူထွက်လာခြင်းမရှိပါ ။ မယ်တော်ဟာ ကိုယ့်
ကိုယ့်သန္ဓေသားကို ကိုယ် ဗိုက်ကနေ ကောင်းကောင်းမြင်နေနိုင်ပါတယ် ။ ချဉ်ခြင်းတပ်ခြင်း ၊ နာကျင်အော့အန်ခြင်း မရှိပါ ။ အလောင်းတော်တွေဟာ မယ်တော်တွေကို ကိုယ်ဝန်ဆောင်ခြင်းဒုက္ခ မပေးကြပါ ။ )

(၃) အလောင်းတော်ကို မတ်တတ်ရပ်လျက် ဖွားပါသည် ။
( ညစ်ပေမှု မရှိပါ ၊ မိခင်လည်း ကျန်းမာစွာ ရှိရပါတယ် ၊ နောက် (၇) ရက်မှာတော့ မိခင် ကံတော်ကုန်ရပါတယ် ။ သကျသာကီဝင် ဆိုသည်မှာ ပင်ကိုယ်စွမ်းရည်ရှိသူဟု အဓိပ္ပာယ်ရသည့် အတိုင်း မွေးပြီးပြီးချင်း ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ပါတယ် ။ စောင့်ကြည့်နေကြသော နတ် ၊ ဗြဟ္မာတွေတောင် မျက်လုံးပြူးကုန်ကြတယ် ဆိုပါတယ်(ကိုးကား ။ ။ အရှင် ဉာဏိသာရ၏ တရားတော် )

(၄) တောအရပ်၌သာ ဖွားတော်မူပါသည်။

(၅) ဖွားပြီးပြီးခြင်း မြောက်အရပ်သို. ခြေ (၇) လှမ်းကြွကာ…… “ဤလောက၌ ငါသာ အမြတ်ဆုံးတည်း ၊ ငါ၏ နောက်ဆုံး ပဋိသန္ဓေ နေရခြင်းတည်း ၊နောက်ထပ် ပဋိသန္ဓေ နေစရာ မလိုတော့ပြီ “……ဟု ကြုံးဝါးတော်မူပါသည်။
(ထိုကာလတွင် အကိုးကွယ်ခံ ဘဝသို့ ရောက်မှန်းမသိရောက်နေသော ဗြဟ္မာတွေကို အသိပေးကြုံးဝါးခြင်း ဟု ဆို၏ ။ ဂေါတမ ဘုရားလောင်းသည် ဘဝပေါင်း (၃) ခု၌ ဖွားစမှာပင် စကားပြော၏ ။ မဟောသဓါ ၊ ဝေဿန္တရာ နှင့် နောင်ဆုံးဘဝ – (သုခမှတ်စု))

(၆) သူအို၊သူနာ၊သူသေ ၊ရဟန်း နိမိတ် (၄)ပါးမြင်ပြီး ၊ သား(၁)ယောက်ဖွားသော ညမှသာ တောထွက်တော်မူကြသည်။
( ထိုနိမိတ်ပြသော နတ်သားကို ဘုရားလောင်း၏ ဆရာ ၅-ယောက်တွင် ၁-ယောက် အပါအဝင်ဟု သတ်မှတ်ပါတယ် ။ )

(၇) အရဟတ္တဖိုလ်၏ တံခွန်ဖြစ်သော ရဟန်းအဖြစ်ကို ရယူပြီးမှ ဒုက္ကရစရိယ ကျင့်သည်။
( အရဟတ္တဖိုလ်၏ တန်ဖိုးသည် ရဟန်းမှလွဲ၍ မည်သည့် အမျိုးနှင့်မျှ မတန်ဟုဆိုပါတယ် ။ လူဝတ်ကြောင်မှ အရဟတ္တဖိုလ်ရလျှင်လည်း ရဟန်းဝတ်ချင်ဝတ်၊ မဝတ်ချင်လျှင် ပရိနိဗ္ဗာန်စံဝင်ကြရပါတယ်။ အကျယ်အား သုဒ္ဓေါဓန မင်းကြီး ၊ မဟာသန္တတိ အမတ်ကြီး ဇာတ်တွေမှာ ပရိနိဗ္ဗာန်စံဝင်ကြရခြင်းအကြောင်း ဖတ်နိုင်ပါသည် ။ )

(၈) ဘုရားဖြစ်မည့်နေ့တွင် နွားနို့ဃနာဆွမ်း ဘုန်းပေးတော်မူကြသည်။
( ထိုဆွမ်းတွင် နတ်ဩဇာပါတတ်ပြီး ဘုရားဖြစ်ပြီး (၇) ပတ် ၊ (၄၉) ရက်စာ အာဟာရ ဖြစ်သည်။ ဘုရားရှင်၏ ဝမ်းထဲတွင် အစာခြေလည်း မမြန် ၊ မြန်မြန်လည်း မဆာလောင်ဘဲ သမာပတ်ဝင်စားခြင်း ၊ တရားတော်များကို ဆင်ခြင်သုံးသပ်ခြင်းများအတွက် ကောင်းစွာ ထောက်ပံ့တယ်။ )

(၉) မြက်အခင်းတွင် ထိုင်တော်မူလျက် ဘုရားဖြစ်သည်။

(၁၀) အာနပါန ကမ္မဌာန်းကို စီးဖြန်းတော်မူကြသည် ။
( ဘုရားရှင်တို့သည် အာနပါန ကမ္မဌာန်းဖြင့်သာ သဗ္ဗညုတဉာဏ်တော်ကို ရရှိကြသောကြောင့် ဂေါတမ ဘုရားရှင်သည်လည်း အာနပါန ကို လွန်စွာ ချီးမွမ်းတော်မူသည်။ ပါဠိတော်တွင်လည်း –
၁/ မဟာသတိပဌာနသုတ် ( ဒီ-၂ ၊ ၃၁ )
၂/ မဟာသတိပဌာနသုတ် ( မ-၁ ၊ ၇ဝ )
၃/တတိယပါရာဇိက ပါဠိ ( ဝိ-၁ ၊ ၈၉ )
၄/ အာနာပါနဿတိ သုတ် ( မ-၃ ၊ ၁၂၂ )
၅/ မဟာရာဟုလောဝါဒသုတ် ( မ-၂ ၊ ၈၈ )
၆/ ကာယဂတာသတိသုတ် ( မ-၃ ၊ ၁၃ဝ ) တို့၌ ဟောတော်မူခဲ့သည် ။

(၁၁) မာရ်စစ်သည်ကို အောင်တော်မူသည် ။
( မာရ်နတ်ဆိုတာကတော့ နတ်ပြည် ၆-ထပ်မှာ ပေါ်ဆုံးထပ် ( ပရနိမ္မိတ ဝသဝတ္တီ နတ်ပြည် – ကာမဂုဏ်ကို အလိုရှိတိုင်း ပြီးစေသော ဘုံ ) မှ နတ်ဆိုးတစ်ပါး ဖြစ်သည် ။ ထိုနတ်ပြည်၏ အဓိပတိခေါင်းဆောင်က ဝသဝတ္တီ နတ်မင်းကြီး ပါ ။ မာရ်နတ် ကတော့ ပွကြီးပေါ့ ။ ၃၁-ဘုံမှာ သူတန်ခိုးကြီးတယ် ၊ကာမဂုဏ်ဆိုတာ သတ္တဝါတွေအတွက် သူကပဲ ဖန်ဆင်းပေးထားတာမျိုး အထင်ရောက်နေသူပါ။ ဒါကြောင့် ကာမဂုဏ်ကို စွန့်ပယ်ဖို့ နည်းလမ်းမှန်မှန်နဲ့ တရားဟောမယ့် ဘုရားလောင်းတွေဆိုရင် သူနှောက်ယှက်တာပါပဲ ။

အဲဒီညနေစောင်း မာရ်နတ်နဲ့ တိုက်ပွဲကတော့ တော်တော်ကို ပြင်းထန်ပါတယ်။ ဘုရားလောင်းရဲ. အနားမှာ ဘုရားဖြစ်တာနဲ့ ခရူသင်းမှုတ်မယ်ဆိုပြီး ခရူသင်းကြီးကိုင်ပြီးစောင့်နေတဲ့ သက္ကမင်း (သိကြားမင်း) နဲ့ ဗြဟ္မာတွေ၊နတ်တွေလဲ တိုက်ပွဲစတာနဲ့ အကုန်ပြေးကြတယ်လို့ ပြောပါတယ် ။ ထားပါတော့ ။ ဘုရားရှင်က မဟာပထဝီ မြေကြီးကို တိုင်တည်တော့ မာရ်နတ်ကြီးလည်း ဂိရီမေခလာဆင်တော်ပေါ်က ပြုတ်ကျပြီး ထွက်ပြေးရပါတယ်။

အဲဒီမှာ မာရ်နတ်ကြီးကိုင်လာတဲ့ ရွှေဆောင်းတော်ကြီးဟာ ဗောဓိပင်နားမှာ ကျန်ခဲ့ပါတယ်။ အဲဒီဆောင်းကို သိကြားမင်းကကောက်ပြီး ပဉ္စသင်္ခနတ်သားကို ပေးထားတာလို့ ပြောပါတယ်။ အခု ပဉ္စသင်္ခနတ်သားကိုင်ထားတာ မာရ်နတ်ကြီးရဲ့ဆောင်းပါ။ အဲဒါကို မာရ် (၅) ပါးကျမှ အကျယ် ရေးတော့မယ် ။ ဘုရားရှင် ဒီတိုက်ပွဲကို မေတ္တာပါရမီ ၊ အဓိဌာန် ပါရမီ တန်ခိုးတွေနဲ့ နိုင်ခဲ့ပါတယ် ။ )

(၁၂) ဗောဓိပလ္လင်၌သာ ဝိဇ္ဇာ(၃)ပါးစသော ဆအသာဓာရဏ …အစရှိသော ကျေးဇူးတရားအပေါင်းကို ရတော်မူကြပါသည်။

(၁၃) ဗောဓိပင်ရဲ့ ထက်ဝန်းကျင်၌သာ သတ္တ သတ္တာယကျင့်တော်မူကြပါတယ်။ (၇) ဌာနကို ပို့စ်သက်သက် တင်ထားပါတယ်…. ဒီမှာ တင်လိုက်ရင် အရမ်းရှည်နေမှာ စိုးလို့ပါ ။

(၁၄) တရားဦးဟော စိမ့်သောငှာ ဗြဟ္မာမင်းက လျှောက်ရသည် ။
( ရ -သတ္တဟ အပြီး ၅၀-ရက်မြောက်နေ့မှာ အဘယ်သူအား တရားဟောရမည်နည်း ၊ အဘယ်သူသည် ခက်ခဲနက်နဲသော ဤတရားများကို ခေတ်ကာလ၏ အယူဝါဒများမှ ခွဲထွက်၍ လျင်မြန်စွာ နားလည်နိုင်မည်နည်း ဟု ဆင်ခြင် ကြည့်တော်မူပါတယ် ။ မဟာစည်ဆရာတော်ဘုရားကတော့ ဒီနေရာမှာ မြန်မြန်တရားထူးရမယ့် သူကို ရှေးဦးစွာ ဟောဖို့ ရည်ရွယ်ချက် ဖြစ်တယ် ။ ဆင်ခြင်တဲ့ နေရာမှာ ဘုရားရှင်တွေဟာ ပကတိမျက်စိကိုပဲ သုံးတော်မူကြတယ်လို့ ဟောပါတယ် ။
ဘာကြောင့် ဗုဒ္ဓစက္ခု ( ဣန္ဒြိယပရောပရိယတ္တ ၊ အာသယာနုသယ ဉာဏ် (၂)ပါး ) ကို မသုံးတာလဲ ဆိုတာ မသိပါဘူး ။ ပကတိမျက်စိနဲ့ပဲ ကြည့်တော့ ပထမမှာ ဒီလောက် ခက်ခဲနေတဲ့ တရားတွေကို နားလည်သဘောပေါက်ပြီး စောစောစီးစီး တရားထူးရမယ့် သူကိုမတွေ့ဘူးလို့ ဆိုပါတယ် ။ ဒီအခါ ဘုရားရှင်ဟာ မချိတင်ကဲနဲ့ တစ်လောကလုံး အန္ဓတွေကြီးပါလား လို့ ညည်းတွားတော်မူပါတယ်။ ကိလေသာထူပြောလွန်းတဲ့ လောကကို တရားမဟောတော့ဘူး၊ တစ်ကိုယ်တည်း ဖိုလ်ချမ်းသာနဲ့ နေတော့မယ် ဆိုတဲ့ စိတ်အကြံလည်း ဖြစ်ပါတယ် ။ ဒီအခါမှာ ဗြဟ္မာမင်းက တရားဦးဟောရန် လျှောက်ရပါတယ်။ ဂေါတမဘုရားရှင်ကိုတော့ မဟာသဟမ္ပတိ ဗြဟ္မာမင်းက တောင်းပန်တယ် လို့ဆိုပါတယ်။ ဒီဃန်ိကယ် မှာတော့ ဝိပဿီ ဘုရားရှင်လည်း ဒီလို ဖြစ်ခဲ့တယ်လို့ အတိအလင်းရေးထားပါတယ်။ )

(၁၅) ဣတိပတနမိဂဒါဝုန်တော ၌သာ ဓမ္မစကြာတရားဦးကို ဟောတော်မူကြပါတယ်။

(၁၆) တပို့တွဲ လပြည့်နေ့၌သာ ပါတိမောက် ပြတော်မူကြပါတယ် ။

(၁၇) ဇေတဝန်မည်သော ကျောင်းတော်၌သာ သီတင်းများကြသည်။
( ဂေါတမ ဘုရားရှင် ဇေတဝန်မှာပဲ သီတင်းသုံးများရခြင်းကိုတော့ သီတဂူဆရာတော် စင်္ကာပူမှာ ဟောခဲ့သော ကဏ္ဍဆုတောင်း တရားအရ ရှင်းပါတယ် ။ ဘုရားရှင်ရှိရာ မြို့၊ တိုင်း တွင် သံဃာတော်လည်းများတတ်ရာ ပစ္စည်း(၄)ပါးကောင်းစွာ ထောက်ပံ့နိုင်သော ပြည်သူ၊ မင်း၊ သူဌေး လိုပါတယ် ။ ဇေတဝန်ကျောင်းတော်ရှိရာ သာဝတ္ထိမြို့မှာ အနာတပိဏ်၊ ဝိသာခါလို ဥပါသကာ ၊ဥပါသိကာ ပေါများတယ် ။ ပြည်သူတွေ ဘာသာတရားလွန်စွာ ကိုင်းရှိုုင်းတယ်။ ပိဋကတ်တော်မှာ ရေတွက်ကြည့်တော့ (၁၄) ဝါမြောက် ၊ ( ၂၁ ) ဝါမှ ( ၄၄ ) ဝါ အထိ ဆိုတော့ ( ၂၅ ) ဝါတောင် ဇေတဝန်ကျောင်းတော်မှာ သီတင်းသုံးပါတယ်။ ဇာတိမြေ ကပိလဝတ်မှ န်ိဂြောဓာရုံကျောင်းမှာ ( ၁၅) ဝါမြောက်တစ်ဝါသာ သီတင်းသုံးတော်မူပါတယ်။ )

(၁၈) သာဝတ္ထိမြို့၌ သာ ယမိုက်ပြာဋိဟာပြတော်မူပါသည် ။
( ယမိုက် + ပြာဋိဟာ = အစုံစုံ + တန်ခိုး ။ ရေအစုံ၊ မီးအစုံ ဟုဆိုအပ်သော အစုံလိုက် အစုံလိုက် ဖြစ်ပေါ်စေသော တန်ခိုးတော် )

(၁၉) တာဝတိ ံသာ၌သာ အဘိဓမ္မာတရားဟောပါတယ် ။
မြတ်စွာဘုရားသည် ပထမဝါကို မိဂဒါဝုန်မှာ ဝါကပ်တော်မူပြီး ဒုတိယဝါ၊ တတိယဝါ၊ စတုတ္ထဝါတို့ကို ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်း၊ ပဉ္စမဝါကို ဝေသာလီပြည်၊ ဆဋ္ဌဝါကို မကုဠတောင် စသည့် နေရာဌာနများ၌ ဝါကပ်တော်မူသည်။ သတ္တမဝါကို တာဝတိ ံသာနတ်ပြည်၌ ဝါကပ်တော်မူပြီး မယ်တော်ဖြစ်ခဲ့ဖူးသည့် သန္တုဿိတ နတ်သားကို အမှူးထား၍ အဘိဓမ္မာဒေသနာတော်ကို ဝါတွင်းသုံးလပတ်လုံး အသံမစဲ ဟောတော်မူသည်။

အကျယ်နည်း
မယ်တော်ကို ကျေးဇူးဆပ်လိုခြင်း၊ မိဘကျေးဇူးကို သတ္တဝါတို့နားလည်စေလိုခြင်း၊ အဘိဓမ္မာတရားကို အစအဆုံး တထိုင်တည်း ဟောကြားလိုခြင်း၊ အစ အဆုံး တစ်ထိုင်တည်းဟောမှ နာကြားရသော တရားနာတို့ အကျိုးထူး ရနိုင်ခြင်း၊ အဘိဓမ္မာဒေသနာတော်၏ ကျယ်ဝန်းနက်နဲမှုကို သိစေလိုခြင်း၊ လူတို့သက်တမ်းနှင့် သုံးလလောက်ဟောမှ ကုန်နိုင်မည့် တရားဖြစ်သည့်အတွက် လူတို့ ဣရိယာပုထ်ဖြင့် ဟောသူရော နာသူပါ မနေနိုင်ခြင်း တို့ကြောင့် အဘိဓမ္မာအကျယ်နည်း (ဝိတ္ထာရနယ) ကို
တာဝတိ ံသာနတ်ပြည်၌ ဟောရခြင်းဖြစ်ပါတယ် ။

အကျဉ်းနည်း
မြတ်စွာဘုရားသည် လူသားဖြစ်တော်မူသည့်အတွက် ဆွမ်းခံခြင်း ၊ ဆွမ်းစားခြင်း ၊ ရေချိုးသန့်စင်ခြင်း စသည် ပြုလုပ်ရန် နိမ္မိတရုပ်ပွားတော်ကို အဓိဋ္ဌာန်ဖြင့် ဖန်ဆင်းပြီး လူ့ပြည်သို့ ကြွတော်မူရာတွင် ဟိမဝန္တာစန္ဒကူးတော၌ နေ့သန့်စင် (အနားယူ) တော်မူသည်။ ထို စန္ဒကူးတောတွင် အရှင်သာရိပုတ္တရာ မထေရ်သည် မြတ်စွာဘုရားအား ဝတ်ကြီးဝတ်ငယ် ပြုစုခစားခိုက် မြတ်စွာဘုရားက ရှင်သာရိပုတ္တရာအား အကျဉ်းချုပ်နည်း (သင်္ခေပနယ) ကို ဟောတော်မူသည်။

မကျဉ်းမကျယ်နည်း
ရှင်သာရိပုတ္တရာက မြတ်စွာဘုရား ဟောခဲ့သည့် အကျဉ်းနည်းကို တပည့် ရဟန်းငါးရာတို့အား မကျဉ်းမကျယ်နည်း (နာတိဝတ္ထာရ-နာတိသင်္ခေပနယ) ဖြင့် ပြန်လည် ပို့ချတော်မူသည်။ နောက်တစ်နေ့တွင် ထိုပို့ချချက်အား မြတ်စွာဘုရားထံမှောက်၌ ပြန်လည်တင်ပြ အစစ်ဆေးခံရာ မြတ်စွာဘုရားက နားထောင်၍ လက်ခံ အတည်ပြုတော်မူခဲ့သည်။

ဤသို့ဖြင့် အဘိဓမ္မာ ဒေသနာတော်ကြီးသည် ခုနစ်ဝါမြောက်ဖြစ်သော မဟာသက္ကရာဇ် ၁၀၉ ခု ဝါဆိုလပြည့်ကျော် ၁-ရက်မှ သီတင်းကျွတ်လပြည့်နေ့ထိ ၃-လအတွင်း နည်း ၃-နည်းဖြင့် လူ့ပြည်-နတ်ပြည် တပြိုင်တည်း ပေါ်ထွန်းခဲ့လေသည်။

( မမေဒါဝီတို့ http://ahbidhamma.blogspot.com/ မှာ လေ့လာလို့ရပါတယ်။ ကုသိုလ်ပြုထားကြပါတယ်။ ရေးနေရင်ကြာနေမှာစိုးလို့ )
အဘိဓမ္မာ သင်တန်းမှာ မှတ်သားမိတာကတော့ ဝါတွင်း ( ၃ ) လ မှာ –
၁။ ဓမ္မသင်္ဂဏီကျမ်း ကို ( ၁၂ ) ရက်
၂။ ဝိဘင်္ဂ (ဝိဘင်းကျမ်း)ကို ( ၁၂ ) ရက်
၃။ ဓာတုကထာကျမ်းကို ( ၆ ) ရက်
၄။ ပုဂ္ဂလပညတ္တိ (ပုဂ္ဂလပညတ်ကျမ်း)ကို ( ရ ) ရက်
၅။ ကထာဝတ္ထုကျမ်းကို ( ၈ ) ရက်
၆။ ယမက (ယမိုက်ကျမ်း)ကို ( ၂ဝ ) ရက်
၇။ ပဋ္ဌာန (ပဋ္ဌာန်းကျမ်း)ကို ( ၂၅ ) ရက် ဟောတော်မူခဲ့သည်။

နတ်ပြည်မှာ ဘုရားရှင် ရဲ့ နှုတ်ထွက်စကားပြောနှုန်း မြှင့်ပြီးဟောလို့ရတာဟာလည်း အကြောင်းတစ်ခုလို့ ဆိုပါတယ်။
ကျွန်တော် တွက်ကြည့်တာကတော့ လူ့ပြည် (၁၀၀) နှစ် = တာဝတိသာ(၁) ရက်

ယမိုက်ကျမ်း-အရ
လူ့ပြည် (၁) နှစ် = လူ့ပြည် (၁၂) လ = တာဝတိသာ ( ဝ.၂၄ ) နာရီ
လူ့ပြည် (၃) လ = တာဝတိသာ ( ဝ.၀၆ ) နာရီ = တာဝတိသာ (၃.၆) မိနစ်
နတ်တွေအတွက်တော့ (၃.၆) မိနစ် ပဲကြာပါတယ် ။ သူတို့ရဲ့ အချိန်အတိုင်းအတာတွေ ကျွန်တော်တို့နဲ့ ရေတွက်ပုံ တူရင်ပေါ့လေ။ (၆၀) မိနစ် = (၁)နာရီတွေ ဘာတွေ၊ မရှိရင်တော့ ဒီလိုတွက်လို့ မရနိုင်ဘူးပေါ့ ။ ကျွန်တော်လည်း လူ့ပြည်ရောက်တာကြာပြီဆိုတော့ မေ့ကုန်ပြီ ။( ဟီး )

(၂၀) သင်္ကဿနဂိုရ်ပြည်၌သာ နတ်ပြည်မှ သက်တော်မူပါတယ် ။

(၂၁) ဖလသမာပတ်ကို မပြတ်ဝင်စားတော်မူပါတယ် ။

(၂၂) နံနက်အခါ ၊ ညဉ့်အခါ တို့၌ ကျွတ်ထိုက်သော ဝေနေယျကို ကြည့်ရှုတော်မူပါသည်။
( နေ့ (၃) ခါ ၊ ည (၃)ခါ ..၆ ခါ ကြည့် ပါတယ် )

(၂၃) အကြောင်းရှိမှ ဝိနည်းတရားတို့ကို ပညတ်တော်မူပါသည်
( ဒီဝိနည်းတွေကို စောစောကတည်းက ကြိုထုတ်ထားရင် ဘယ်သူမှ ရဟန်းဝတ်ရဲ / ဝတ်ချင် မှာ မဟုတ်ဘူးလို့ ဆိုပါတယ် ။ ဒါကြောင့် ဖြစ်စဉ်ပေါ်လာမှ စည်းကမ်းထုတ်တာဖြစ်ပါတယ် ။ )

(၂၄) အတ္ထုပ္ပတ္တိ နဲ့ တိုက်ဆိုင်မှုရှိလျှင် အတိတ်မှ ဇာတ်တရားများကို ဟောပါသည်။

(၂၅) ဆွေတော် ၊ မျိုးတော်တို့၏ အစည်းအဝေး တရားပွဲများတွင် ဗုဒ္ဓဝင်ကိုသာ ဟောတော်မူကြသည်။

(၂၆) ဧည့်သည်ရဟန်းတို့နှင့် တရားစကား ပြောတော်မူကြသည်။

(၂၇) ဒါယကာတို့ ဖိတ်၍ ဝါဆိုတော်မူသော် ၊ ဝါကျွတ်လျှင် ဒါယကာတို့အား ပန်ကြားပြီးမှသာ ထွက်ခွာကြွသွားတော်မူကြသည်။

(၂၈) နေ့စဉ် အခါခပ်သိမ်း ဗုဒ္ဓကိစ္စငါးပါးကို ပြုတော်မူသည်။
( ဗုဒ္ဓကိစ္စငါးပါး ။ ။
၁/ ပုရေဘတ္တကိစ္စ = နံနက်ပိုင်း၌ ဆွမ်းခံကြွတော်မူခြင်း၊ အလှူရှင် တို့အား အခွင့်အားလျော်စွာ မနုမောဒနာပြုခြင်း ကိစ္စ။
၂/ ပစ္ဆာဘတ္တကိစ္စ = နေလွဲအခါ နဲ့ ညနေပိုင်း၌ ပူဇော်ရန်လာသူတို့၏ အပူဇော်ခံပြီး သင့်တော်သော တရားဟောခြင်းကိစ္စ။
၃/ ပုရိမယာမ ကိစ္စ = ညဉ့်ဦးယံ၌ ရဟန်းတို့အား တရားဟောခြင်း၊ကမ္မဌာန်းပေးခြင်း စသော ကိစ္စ။
၄/ မဇ္စိုမယာမကိစ္စ = သန်းခေါင်ယံ ၌ စကြာဝဠာ တိုက်တစ်သောင်းမှ လာရောက်ကြကုန်သော နတ်၊ဗြဟ္မာတို့၏ အမေးပုစ္ဆာပြဿနာတို့ကို ဖြေဆိုတော်မူခြင်းကိစ္စ။
၅/ ပစ္ဆိမယာမ ကိစ္စ = မိုးသောက်ယံ ၏ ၃ ပုံ ၊ ၁ ပုံ တွင် – ပထမတစ်ပုံ၌ စင်္ကြံကြွတော်မူခြင်း ၊ ဒုတိယတစ်ပုံ၌ သီဟသေယျဖြင့် လက်ယာနံတောင်း လျောင်းစက်တော်မူခြင်း၊ တတိယအပုံ၌ မဟာကရုဏာဖြင့် စတုတ္ထဈာန်သမာပတ်ကို ဝင်စားတော်မူ၍ ထိုကရုဏာသမာပတ်မှ ထတော်မူသောအခါ (အရုဏ်တက်ခါနီး) ယနေ့ ချွတ်ထိုက်သော သတ္တဝါကို ဗုဒ္ဓစက္ခုဖြင့် လောက(၃)ပါးကို ကြည့်တော်မူခြင်း ကိစ္စ ။
သုတ်သီလက္ခန် အဌကထာ – မှ )

(၂၉) ပရိနိဗ္ဗာန်ပြုအံ့သောနေ့၌ သားပြွမ်းဆွမ်းကို ဘုဉ်းပေးတော်မူသည်။
ဒီနေရာမှာ မြတ်စွာဘုရား နောက်ဆုံးဘုန်းပေးတဲ့ဆွမ်းဟာ ဝက်သား (ဝက်ပျိုသား) နဲ့ မှို ဆိုပြီး (၂)မျိုး ရှိနေတယ်။ ပါဠိလိုတော့ သူကရမက္တဝ လို့ခေါ်တဲ့အရာ(ဘောဇဉ်)ကို ဘုရားရှင် ဘုန်းပေးသွားတာဖြစ်တယ်။ ကမ္ဘာပေါ်မှာ ပါဠ်ိ-အင်္ဂလိပ် အဘိဓာန် ၁ ခုကလွဲရင် အခြားသော ဘာသာပြန်တွေမှာ မှိုလို့ပဲ အဓိပ္ပါယ်ဖွင့်ကြတယ်။  မြန်မာဆရာတော်တွေကတော့ အဲဒီရာသီမှာ မှို မပွင့်သေးလို့ ဝက်သားကိုပဲ ယူတယ်။ နိုင်ငံတကာမှာကတော့ မှိုကို ယူကြတယ်။ အခါမဟုတ်မှိုကို ဘုန်းပေးပြီးတော့ အဆိပ်သင့်တာလို့ ဆိုကြတယ်။ ဒါကြောင့် သူကရမက္တဝ ဟာ ဘာသာပြန်ကွဲလွဲမှုရှိနေတယ်။ ဘုရားရှင်တို့၏ တူရာအချက် (၃၀) အရတော့ သားပြွမ်းဆွမ်း ဘုဉ်းပေးတော်မူရမယ်ဆိုတော့ ဝက်သားလို့ပြောရမှာပါ။ )

(၃၀) သမာပတ်ဝင်စားပြီးမှ ပရိနိဗ္ဗာန်ပြုတော်မူသည်။

ဘုရား႐ွင္တုိ႔၏ တူညီေသာ အခ်က္ ၃၀

ဘုရားရွင္တို႔တြင္ တူေသာ အခ်က္မ်ား (၃၀) ရွိပါသည္ ။
(၁) အေလာင္းေတာ္သည္ ေနာက္ဆံုးေသာဘ၀၌ မိခင္၀မ္းၾကာတိုက္တြင္ ပဋိသေႏၶ ေနေတာ္မူသည္။
( ဒီမွာထူးျခားတာက နတ္ျပည္ကေန စုေတၾကတာပဲ ျဖစ္ပါတယ္ ။ အေလာင္းေတာ္ေတြဟာ ျဗဟၼာျပည္ကေန စုေတျပီး ပဋိသေႏၶ ေနေတာ္မူတာမ်ိဳးမရွိပါဘူး..တဲ႔ ။ ဘာလို႔လဲဆိုေတာ႔ ျဗဟၼာျပည္ကေန လာရင္ ကာမဂုဏ္ကို ရြံမုန္းတဲ႔ စိတ္အထံု လူ႔ျပည္ကို ပါလာမယ္ ။ အဲလုိဆုိရင္အိမ္ေထာင္ျပဳမွာ မဟုတ္ပါဘူး ။
အေလာင္းေတာ္ေတြဟာ ဒီလို ေစာေစာစီးစီး ကတည္းက ကာမဂုဏ္ကို ရြံမုန္းေနရင္လည္း မဇၥိမပဋိပဋာ လမ္းစဥ္ကို ေတြ႔ဖို႔ခက္မယ္ လို႔ ဆိုပါတယ္ ။)

(၂) မယ္ေတာ္၀မ္း၌ ထက္၀ယ္ပလၻင္ ဖြဲ႔ေခြ၍ အေရွ႕သို႕မ်က္ႏွာမူျပီးေနပါသည္ ။
( အေလာင္းေတာ္ေတြဟာ သာမန္လူေတြရဲ႕ သေႏၶသားေတြလို အမိ၀မ္းမွာ ေျပာင္းျပန္မေနပါဘူး ။ အတည္႔ပဲေနပါတယ္ ။ မယ္ေတာ္ရဲ႕ ၀မ္းဗိုက္ဟာလည္း ပူထြက္လာျခင္းမရွိပါ ။ မယ္ေတာ္ဟာ ကိုယ့္
ကိုယ့္သေႏၶသားကုိ ကိုယ္ ဗိုက္ကေန ေကာင္းေကာင္းျမင္ေနႏိုင္ပါတယ္ ။ ခ်ဥ္ျခင္းတပ္ျခင္း ၊ နာက်င္ေအာ႔အန္ျခင္း မရွိပါ ။ အေလာင္းေတာ္ေတြဟာ မယ္ေတာ္ေတြကို ကိုယ္၀န္ေဆာင္ျခင္းဒုကၡ မေပးၾကပါ ။ )

(၃) အေလာင္းေတာ္ကို မတ္တတ္ရပ္လ်က္ ဖြားပါသည္ ။
( ညစ္ေပမႈ မရွိပါ ၊ မိခင္လည္း က်န္းမာစြာ ရွိရပါတယ္ ၊ ေနာက္ (၇) ရက္မွာေတာ႔ မိခင္ ကံေတာ္ကုန္ရပါတယ္ ။ သက်သာကီ၀င္ ဆုိသည္မွာ ပင္ကိုယ္စြမ္းရည္ရွိသူဟု အဓိပၸာယ္ရသည္႔ အတုိင္း ေမြးျပီးျပီးခ်င္း ကိုယ့္ေျခေထာက္ေပၚ ကိုယ္ရပ္ပါတယ္ ။ ေစာင္႔ၾကည့္ေနၾကေသာ နတ္ ၊ ျဗဟၼာေတြေတာင္ မ်က္လံုးျပဴးကုန္ၾကတယ္ ဆိုပါတယ္(ကိုးကား ။ ။ အရွင္ ဥာဏိသာရ၏ တရားေတာ္ )

(၄) ေတာအရပ္၌သာ ဖြားေတာ္မူပါသည္။

(၅) ဖြားျပီးျပီးျခင္း ေျမာက္အရပ္သို. ေျခ (၇) လွမ္းၾကြကာ…… “ဤေလာက၌ ငါသာ အျမတ္ဆံုးတည္း ၊ ငါ၏ ေနာက္ဆံုး ပဋိသေႏၶ ေနရျခင္းတည္း ၊ေနာက္ထပ္ ပဋိသေႏၶ ေနစရာ မလိုေတာ႔ျပီ “……ဟု ၾကံဳး၀ါးေတာ္မူပါသည္။
(ထိုကာလတြင္ အကိုးကြယ္ခံ ဘ၀သို႔ ေရာက္မွန္းမသိေရာက္ေနေသာ ျဗဟၼာေတြကို အသိေပးၾကံဳး၀ါးျခင္း ဟု ဆို၏ ။ ေဂါတမ ဘုရားေလာင္းသည္ ဘ၀ေပါင္း (၃) ခု၌ ဖြားစမွာပင္ စကားေျပာ၏ ။ မေဟာသဓါ ၊ ေ၀ႆႏၱရာ ႏွင္႔ ေနာင္ဆံုးဘ၀ – (သုခမွတ္စု))

(၆) သူအို၊သူနာ၊သူေသ ၊ရဟန္း နိမိတ္ (၄)ပါးျမင္ျပီး ၊ သား(၁)ေယာက္ဖြားေသာ ညမွသာ ေတာထြက္ေတာ္မူၾကသည္။
( ထိုနိမိတ္ျပေသာ နတ္သားကို ဘုရားေလာင္း၏ ဆရာ ၅-ေယာက္တြင္ ၁-ေယာက္ အပါအ၀င္ဟု သတ္မွတ္ပါတယ္ ။ )

(၇) အရဟတၱဖိုလ္၏ တံခြန္ျဖစ္ေသာ ရဟန္းအျဖစ္ကို ရယူျပီးမွ ဒုကၠရစရိယ က်င့္သည္။
( အရဟတၱဖိုလ္၏ တန္ဖိုးသည္ ရဟန္းမွလြဲ၍ မည္သည္႔ အမ်ိဳးႏွင္႔မွ် မတန္ဟုဆိုပါတယ္ ။ လူ၀တ္ေၾကာင္မွ အရဟတၱဖိုလ္ရလ်ွင္လည္း ရဟန္း၀တ္ခ်င္၀တ္၊ မ၀တ္ခ်င္လ်ွင္ ပရိနိဗၺာန္စံ၀င္ၾကရပါတယ္။ အက်ယ္အား သုေဒၶါဓန မင္းၾကီး ၊ မဟာသႏၱတိ အမတ္ၾကီး ဇာတ္ေတြမွာ ပရိနိဗၺာန္စံ၀င္ၾကရျခင္းအေၾကာင္း ဖတ္ႏိုင္ပါသည္ ။ )

(၈) ဘုရားျဖစ္မည္႔ေန႔တြင္ ႏြားႏို႔ဃနာဆြမ္း ဘုန္းေပးေတာ္မူၾကသည္။
( ထိုဆြမ္းတြင္ နတ္ၾသဇာပါတတ္ျပီး ဘုရားျဖစ္ျပီး (၇) ပတ္ ၊ (၄၉) ရက္စာ အာဟာရ ျဖစ္သည္။ ဘုရားရွင္၏ ၀မ္းထဲတြင္ အစာေျခလည္း မျမန္ ၊ ျမန္ျမန္လည္း မဆာေလာင္ဘဲ သမာပတ္၀င္စားျခင္း ၊ တရားေတာ္မ်ားကို ဆင္ျခင္သံုးသပ္ျခင္းမ်ားအတြက္ ေကာင္းစြာ ေထာက္ပံ႔တယ္။ )

(၉) ျမက္အခင္းတြင္ ထိုင္ေတာ္မူလ်က္ ဘုရားျဖစ္သည္။

(၁၀) အာနပါန ကမၼဌာန္းကို စီးျဖန္းေတာ္မူၾကသည္ ။
( ဘုရားရွင္တို႔သည္ အာနပါန ကမၼဌာန္းျဖင္႔သာ သဗၺညဳတဥာဏ္ေတာ္ကို ရရွိၾကေသာေၾကာင့္ ေဂါတမ ဘုရားရွင္သည္လည္း အာနပါန ကို လြန္စြာ ခ်ီးမြမ္းေတာ္မူသည္။ ပါဠိေတာ္တြင္လည္း –
၁/ မဟာသတိပဌာနသုတ္ ( ဒီ-၂ ၊ ၃၁ )
၂/ မဟာသတိပဌာနသုတ္ ( မ-၁ ၊ ၇၀ )
၃/တတိယပါရာဇိက ပါဠိ ( ၀ိ-၁ ၊ ၈၉ )
၄/ အာနာပါနႆတိ သုတ္ ( မ-၃ ၊ ၁၂၂ )
၅/ မဟာရာဟုေလာ၀ါဒသုတ္ ( မ-၂ ၊ ၈၈ )
၆/ ကာယဂတာသတိသုတ္ ( မ-၃ ၊ ၁၃၀ ) တို႔၌ ေဟာေတာ္မူခဲ႔သည္ ။

(၁၁) မာရ္စစ္သည္ကို ေအာင္ေတာ္မူသည္ ။
( မာရ္နတ္ဆိုတာကေတာ႔ နတ္ျပည္ ၆-ထပ္မွာ ေပၚဆံုးထပ္ ( ပရနိမၼိတ ၀သ၀တၱီ နတ္ျပည္ – ကာမဂုဏ္ကို အလိုရွိတိုင္း ျပီးေစေသာ ဘံု ) မွ နတ္ဆိုးတစ္ပါး ျဖစ္သည္ ။ ထိုနတ္ျပည္၏ အဓိပတိေခါင္းေဆာင္က ၀သ၀တၱီ နတ္မင္းၾကီး ပါ ။ မာရ္နတ္ ကေတာ႔ ပြၾကီးေပါ႔ ။ ၃၁-ဘံုမွာ သူတန္ခိုးၾကီးတယ္ ၊ကာမဂုဏ္ဆိုတာ သတၱ၀ါေတြအတြက္ သူကပဲ ဖန္ဆင္းေပးထားတာမ်ိဳး အထင္ေရာက္ေနသူပါ။ ဒါေၾကာင္႔ ကာမဂုဏ္ကို စြန္႔ပယ္ဖို႔ နည္းလမ္းမွန္မွန္နဲ႔ တရားေဟာမယ့္ ဘုရားေလာင္းေတြဆိုရင္ သူေႏွာက္ယွက္တာပါပဲ ။

အဲဒီညေနေစာင္း မာရ္နတ္နဲ႔ တိုက္ပြဲကေတာ႔ ေတာ္ေတာ္ကို ျပင္းထန္ပါတယ္။ ဘုရားေလာင္းရဲ. အနားမွာ ဘုရားျဖစ္တာနဲ႔ ခရူသင္းမႈတ္မယ္ဆိုျပီး ခရူသင္းၾကီးကိုင္ျပီးေစာင္႔ေနတဲ႔ သကၠမင္း (သိၾကားမင္း) နဲ႔ ျဗဟၼာေတြ၊နတ္ေတြလဲ တိုက္ပြဲစတာနဲ႔ အကုန္ေျပးၾကတယ္လုိ႔ ေျပာပါတယ္ ။ ထားပါေတာ႔ ။ ဘုရားရွင္က မဟာပထ၀ီ ေျမၾကီးကို တိုင္တည္ေတာ႔ မာရ္နတ္ၾကီးလည္း ဂိရီေမခလာဆင္ေတာ္ေပၚက ျပဳတ္က်ျပီး ထြက္ေျပးရပါတယ္။

အဲဒီမွာ မာရ္နတ္ၾကီးကိုင္လာတဲ႔ ေရႊေဆာင္းေတာ္ၾကီးဟာ ေဗာဓိပင္နားမွာ က်န္ခဲ႔ပါတယ္။ အဲဒီေဆာင္းကို သိၾကားမင္းကေကာက္ျပီး ပဥၥသခၤနတ္သားကို ေပးထားတာလို႔ ေျပာပါတယ္။ အခု ပဥၥသခၤနတ္သားကိုင္ထားတာ မာရ္နတ္ၾကီးရဲ႕ေဆာင္းပါ။ အဲဒါကုိ မာရ္ (၅) ပါးက်မွ အက်ယ္ ေရးေတာ႔မယ္ ။ ဘုရားရွင္ ဒီတိုက္ပြဲကို ေမတၱာပါရမီ ၊ အဓိဌာန္ ပါရမီ တန္ခိုးေတြနဲ႔ ႏိုင္ခဲ႔ပါတယ္ ။ )

(၁၂) ေဗာဓိပလႅင္၌သာ ၀ိဇၨာ(၃)ပါးစေသာ ဆအသာဓာရဏ …အစရွိေသာ ေက်းဇူးတရားအေပါင္းကို ရေတာ္မူၾကပါသည္။

(၁၃) ေဗာဓိပင္ရဲ႕ ထက္၀န္းက်င္၌သာ သတၱ သတၱာယက်င္႔ေတာ္မူၾကပါတယ္။ (၇) ဌာနကုိ ပုိ႔စ္သက္သက္ တင္ထားပါတယ္…. ဒီမွာ တင္လိုက္ရင္ အရမ္းရွည္ေနမွာ စိုးလုိ႔ပါ ။

(၁၄) တရားဦးေဟာ စိမ္႔ေသာငွာ ျဗဟၼာမင္းက ေလ်ွာက္ရသည္ ။
( ၇ -သတၱဟ အျပီး ၅၀-ရက္ေျမာက္ေန႔မွာ အဘယ္သူအား တရားေဟာရမည္နည္း ၊ အဘယ္သူသည္ ခက္ခဲနက္နဲေသာ ဤတရားမ်ားကို ေခတ္ကာလ၏ အယူ၀ါဒမ်ားမွ ခြဲထြက္၍ လ်င္ျမန္စြာ နားလည္ႏိုင္မည္နည္း ဟု ဆင္ျခင္ ၾကည္႔ေတာ္မူပါတယ္ ။ မဟာစည္ဆရာေတာ္ဘုရားကေတာ႔ ဒီေနရာမွာ ျမန္ျမန္တရားထူးရမယ္႔ သူကို ေရွးဦးစြာ ေဟာဖို႔ ရည္ရြယ္ခ်က္ ျဖစ္တယ္ ။ ဆင္ျခင္တဲ႔ ေနရာမွာ ဘုရားရွင္ေတြဟာ ပကတိမ်က္စိကိုပဲ သံုးေတာ္မူၾကတယ္္လို႔ ေဟာပါတယ္ ။
ဘာေၾကာင္႔ ဗုဒၶစကၡဳ ( ဣျႏၵိယပေရာပရိယတၱ ၊ အာသယာႏုသယ ဥာဏ္ (၂)ပါး ) ကို မသံုးတာလဲ ဆိုတာ မသိပါဘူး ။ ပကတိမ်က္စိနဲ႔ပဲ ၾကည္႔ေတာ့ ပထမမွာ ဒီေလာက္ ခက္ခဲေနတဲ႔ တရားေတြကို နားလည္သေဘာေပါက္ျပီး ေစာေစာစီးစီး တရားထူးရမယ္႔ သူကိုမေတြ႔ဘူးလို႔ ဆိုပါတယ္ ။ ဒီအခါ ဘုရားရွင္ဟာ မခ်ိတင္ကဲနဲ႔ တစ္ေလာကလံုး အႏၶေတြၾကီးပါလား လို႔ ညည္းတြားေတာ္မူပါတယ္။ ကိေလသာထူေျပာလြန္းတဲ႔ ေလာကကို တရားမေဟာေတာ့ဘူး၊ တစ္ကိုယ္တည္း ဖိုလ္ခ်မ္းသာနဲ႔ ေနေတာ႔မယ္ ဆိုတဲ႔ စိတ္အၾကံလည္း ျဖစ္ပါတယ္ ။ ဒီအခါမွာ ျဗဟၼာမင္းက တရားဦးေဟာရန္ ေလ်ွာက္ရပါတယ္။ ေဂါတမဘုရားရွင္ကိုေတာ့ မဟာသဟမၸတိ ျဗဟၼာမင္းက ေတာင္းပန္တယ္ လို႔ဆိုပါတယ္။ ဒီဃန္ိကယ္ မွာေတာ႔ ၀ိပႆီ ဘုရားရွင္လည္း ဒီလို ျဖစ္ခဲ႔တယ္လို႔ အတိအလင္းေရးထားပါတယ္။ )

(၁၅) ဣတိပတနမိဂဒါ၀ုန္ေတာ ၌သာ ဓမၼစၾကာတရားဦးကို ေဟာေတာ္မူၾကပါတယ္။

(၁၆) တပို႔တြဲ လျပည္႔ေန႔၌သာ ပါတိေမာက္ ျပေတာ္မူၾကပါတယ္ ။

(၁၇) ေဇတ၀န္မည္ေသာ ေက်ာင္းေတာ္၌သာ သီတင္းမ်ားၾကသည္။
( ေဂါတမ ဘုရားရွင္ ေဇတ၀န္မွာပဲ သီတင္းသံုးမ်ားရျခင္းကိုေတာ႔ သီတဂူဆရာေတာ္ စကၤာပူမွာ ေဟာခဲ႔ေသာ က႑ဆုေတာင္း တရားအရ ရွင္းပါတယ္ ။ ဘုရားရွင္ရွိရာ ျမိဳ႕၊ တိုင္း တြင္ သံဃာေတာ္လည္းမ်ားတတ္ရာ ပစၥည္း(၄)ပါးေကာင္းစြာ ေထာက္ပံ့ႏိုင္ေသာ ျပည္သူ၊ မင္း၊ သူေဌး လိုပါတယ္ ။ ေဇတ၀န္ေက်ာင္းေတာ္ရွိရာ သာ၀တၳိျမိဳ႕မွာ အနာတပိဏ္၊ ၀ိသာခါလို ဥပါသကာ ၊ဥပါသိကာ ေပါမ်ားတယ္ ။ ျပည္သူေတြ ဘာသာတရားလြန္စြာ ကိုင္းရႈိုင္းတယ္။ ပိဋကတ္ေတာ္မွာ ေရတြက္ၾကည္႕ေတာ့ (၁၄) ၀ါေျမာက္ ၊ ( ၂၁ ) ၀ါမွ ( ၄၄ ) ၀ါ အထိ ဆိုေတာ့ ( ၂၅ ) ၀ါေတာင္ ေဇတ၀န္ေက်ာင္းေတာ္မွာ သီတင္းသံုးပါတယ္။ ဇာတိေျမ ကပိလ၀တ္မွ န္ိေျဂာဓာရံုေက်ာင္းမွာ ( ၁၅) ၀ါေျမာက္တစ္၀ါသာ သီတင္းသံုးေတာ္မူပါတယ္။ )

(၁၈) သာ၀တၳိျမိဳ႕၌ သာ ယမိုက္ျပာဋိဟာျပေတာ္မူပါသည္ ။
( ယမိုက္ + ျပာဋိဟာ = အစံုစံု + တန္ခိုး ။ ေရအစံု၊ မီးအစံု ဟုဆိုအပ္ေသာ အစံုလိုက္ အစံုလိုက္ ျဖစ္ေပၚေစေသာ တန္ခိုးေတာ္ )

(၁၉) တာ၀တိ ံသာ၌သာ အဘိဓမၼာတရားေဟာပါတယ္ ။
ျမတ္စြာဘုရားသည္ ပထမ၀ါကို မိဂဒါ၀ုန္မွာ ၀ါကပ္ေတာ္မူၿပီး ဒုတိယ၀ါ၊ တတိယ၀ါ၊ စတုတၳ၀ါတို႔ကို ရာဇၿဂိဳဟ္ျပည္ ေ၀ဠဳ၀န္ေက်ာင္း၊ ပဥၥမ၀ါကို ေ၀သာလီျပည္၊ ဆ႒၀ါကို မကုဠေတာင္ စသည့္ ေနရာဌာနမ်ား၌ ၀ါကပ္ေတာ္မူသည္။ သတၱမ၀ါကို တာ၀တိ ံသာနတ္ျပည္၌ ၀ါကပ္ေတာ္မူၿပီး မယ္ေတာ္ျဖစ္ခဲ့ဖူးသည့္ သႏၱဳႆိတ နတ္သားကို အမွဴးထား၍ အဘိဓမၼာေဒသနာေတာ္ကို ၀ါတြင္းသံုးလပတ္လံုး အသံမစဲ ေဟာေတာ္မူသည္။

အက်ယ္နည္း
မယ္ေတာ္ကို ေက်းဇူးဆပ္လိုျခင္း၊ မိဘေက်းဇူးကို သတၱ၀ါတို႔နားလည္ေစလိုျခင္း၊ အဘိဓမၼာတရားကို အစအဆံုး တထိုင္တည္း ေဟာၾကားလိုျခင္း၊ အစ အဆံုး တစ္ထိုင္တည္းေဟာမွ နာၾကားရေသာ တရားနာတို႔ အက်ဳိးထူး ရႏိုင္ျခင္း၊ အဘိဓမၼာေဒသနာေတာ္၏ က်ယ္၀န္းနက္နဲမႈကို သိေစလိုျခင္း၊ လူတို႔သက္တမ္းႏွင့္ သံုးလေလာက္ေဟာမွ ကုန္ႏိုင္မည့္ တရားျဖစ္သည့္အတြက္ လူတို႔႔ ဣရိယာပုထ္ျဖင့္ ေဟာသူေရာ နာသူပါ မေနႏိုင္ျခင္း တို႔ေၾကာင့္ အဘိဓမၼာအက်ယ္နည္း (၀ိတၳာရနယ) ကို
တာ၀တိ ံသာနတ္ျပည္၌ ေဟာရျခင္းျဖစ္ပါတယ္ ။

အက်ဥ္းနည္း
ျမတ္စြာဘုရားသည္ လူသားျဖစ္ေတာ္မူသည့္အတြက္ ဆြမ္းခံျခင္း ၊ ဆြမ္းစားျခင္း ၊ ေရခ်ဳိးသန္႔စင္ျခင္း စသည္ ျပဳလုပ္ရန္ နိမၼိတ႐ုပ္ပြားေတာ္ကို အဓိ႒ာန္ျဖင့္ ဖန္ဆင္းၿပီး လူ႔ျပည္သို႔ ၾကြေတာ္မူရာတြင္ ဟိမ၀ႏၱာစႏၵကူးေတာ၌ ေန႔သန္႔စင္ (အနားယူ) ေတာ္မူသည္။ ထို စႏၵကူးေတာတြင္ အရွင္သာရိပုတၱရာ မေထရ္သည္ ျမတ္စြာဘုရားအား ၀တ္ႀကီး၀တ္ငယ္ ျပဳစုခစားခိုက္ ျမတ္စြာဘုရားက ရွင္သာရိပုတၱရာအား အက်ဥ္းခ်ဳပ္နည္း (သေခၤပနယ) ကို ေဟာေတာ္မူသည္။

မက်ဥ္းမက်ယ္နည္း
ရွင္သာရိပုတၱရာက ျမတ္စြာဘုရား ေဟာခဲ့သည့္ အက်ဥ္းနည္းကို တပည့္ ရဟန္းငါးရာတို႔အား မက်ဥ္းမက်ယ္နည္း (နာတိ၀တၳာရ-နာတိသေခၤပနယ) ျဖင့္ ျပန္လည္ ပို႔ခ်ေတာ္မူသည္။ ေနာက္တစ္ေန႔တြင္ ထိုပို႔ခ်ခ်က္အား ျမတ္စြာဘုရားထံေမွာက္၌ ျပန္လည္တင္ျပ အစစ္ေဆးခံရာ ျမတ္စြာဘုရားက နားေထာင္၍ လက္ခံ အတည္ျပဳေတာ္မူခဲ့သည္။

ဤသို႔ျဖင့္ အဘိဓမၼာ ေဒသနာေတာ္ႀကီးသည္ ခုနစ္၀ါေျမာက္ျဖစ္ေသာ မဟာသကၠရာဇ္ ၁၀၉ ခု ၀ါဆိုလျပည့္ေက်ာ္ ၁-ရက္မွ သီတင္းကြၽတ္လျပည့္ေန႔ထိ ၃-လအတြင္း နည္း ၃-နည္းျဖင့္ လူ႔ျပည္-နတ္ၿပည္ တျပိဳင္တည္း ေပၚထြန္းခဲ့ေလသည္။

( မေမဒါ၀ီတို႔ http://ahbidhamma.blogspot.com/ မွာ ေလ႔လာလို႔ရပါတယ္။ ကုသိုလ္ျပဳထားၾကပါတယ္။ ေရးေနရင္ၾကာေနမွာစိုးလို႔ )
အဘိဓမၼာ သင္တန္းမွာ မွတ္သားမိတာကေတာ့ ၀ါတြင္း ( ၃ ) လ မွာ –
၁။ ဓမၼသဂၤဏီက်မ္း ကို ( ၁၂ ) ရက္
၂။ ၀ိဘဂၤ (၀ိဘင္းက်မ္း)ကို ( ၁၂ ) ရက္
၃။ ဓာတုကထာက်မ္းကို ( ၆ ) ရက္
၄။ ပုဂၢလပညတၱိ (ပုဂၢလပညတ္က်မ္း)ကို ( ၇ ) ရက္
၅။ ကထာ၀တၳဳက်မ္းကို ( ၈ ) ရက္
၆။ ယမက (ယမိုက္က်မ္း)ကို ( ၂၀ ) ရက္
၇။ ပ႒ာန (ပ႒ာန္းက်မ္း)ကို ( ၂၅ ) ရက္ ေဟာေတာ္မူခဲ႔သည္။

နတ္ျပည္မွာ ဘုရားရွင္ ရဲ႕ ႏႈတ္ထြက္စကားေျပာႏႈန္း ျမွင္႔ျပီးေဟာလို႔ရတာဟာလည္း အေၾကာင္းတစ္ခုလို႔ ဆိုပါတယ္။
ကြ်န္ေတာ္ တြက္ၾကည္႔တာကေတာ့ လူ႔ျပည္ (၁၀၀) ႏွစ္ = တာ၀တိသာ(၁) ရက္

ယမိုက္က်မ္း-အရ
လူ႔ျပည္ (၁) ႏွစ္ = လူ႔ျပည္ (၁၂) လ = တာ၀တိသာ ( ၀.၂၄ ) နာရီ
လူ့ျပည္ (၃) လ = တာ၀တိသာ ( ၀.၀၆ ) နာရီ = တာ၀တိသာ (၃.၆) မိနစ္
နတ္ေတြအတြက္ေတာ႔ (၃.၆) မိနစ္ ပဲၾကာပါတယ္ ။ သူတို႔ရဲ႕ အခ်ိန္အတုိင္းအတာေတြ ကြ်န္ေတာ္တို႔န႔ဲ ေရတြက္ပံု တူရင္ေပါ႔ေလ။ (၆၀) မိနစ္ = (၁)နာရီေတြ ဘာေတြ၊ မရွိရင္ေတာ႔ ဒီလိုတြက္လို႔ မရႏိုင္ဘူးေပါ႔ ။ ကြ်န္ေတာ္လည္း လူ႔ျပည္ေရာက္တာၾကာျပီဆိုေတာ႔ ေမ႔ကုန္ျပီ ။( ဟီး )

(၂၀) သကၤႆနဂိုရ္ျပည္၌သာ နတ္ျပည္မွ သက္ေတာ္မူပါတယ္ ။

(၂၁) ဖလသမာပတ္ကို မျပတ္၀င္စားေတာ္မူပါတယ္ ။

(၂၂) နံနက္အခါ ၊ ညဥ္႔အခါ တို႔၌ ကြ်တ္ထိုက္ေသာ ေ၀ေနယ်ကို ၾကည္႕ရႈေတာ္မူပါသည္။
( ေန႔ (၃) ခါ ၊ ည (၃)ခါ ..၆ ခါ ၾကည္႔ ပါတယ္ )

(၂၃) အေၾကာင္းရွိမွ ၀ိနည္းတရားတို႔ကို ပညတ္ေတာ္မူပါသည္
( ဒီ၀ိနည္းေတြကို ေစာေစာကတည္းက ၾကိဳထုတ္ထားရင္ ဘယ္သူမွ ရဟန္း၀တ္ရဲ / ၀တ္ခ်င္ မွာ မဟုတ္ဘူးလို႔ ဆိုပါတယ္ ။ ဒါေၾကာင့္ ျဖစ္စဥ္ေပၚလာမွ စည္းကမ္းထုတ္တာျဖစ္ပါတယ္ ။ )

(၂၄) အတၳဳပၸတၱိ နဲ႔ တိုက္ဆိုင္မႈရွိလ်ွင္ အတိတ္မွ ဇာတ္တရားမ်ားကို ေဟာပါသည္။

(၂၅) ေဆြေတာ္ ၊ မ်ိဳးေတာ္တို႔၏ အစည္းအေ၀း တရားပြဲမ်ားတြင္ ဗုဒၶ၀င္ကိုသာ ေဟာေတာ္မူၾကသည္။

(၂၆) ဧည္႔သည္ရဟန္းတို႔ႏွင္႔ တရားစကား ေျပာေတာ္မူၾကသည္။

(၂၇) ဒါယကာတို႔ ဖိတ္၍ ၀ါဆိုေတာ္မူေသာ္ ၊ ၀ါကြ်တ္လွ်င္ ဒါယကာတို႔အား ပန္ၾကားျပီးမွသာ ထြက္ခြာၾကြသြားေတာ္မူၾကသည္။

(၂၈) ေန႔စဥ္ အခါခပ္သိမ္း ဗုဒၶကိစၥငါးပါးကို ျပဳေတာ္မူသည္။
( ဗုဒၶကိစၥငါးပါး ။ ။
၁/ ပုေရဘတၱကိစၥ = နံနက္ပိုင္း၌ ဆြမ္းခံၾကြေတာ္မူျခင္း၊ အလွဴရွင္ တို႔အား အခြင္႔အားေလ်ာ္စြာ မႏုေမာဒနာျပဳျခင္း ကိစၥ။
၂/ ပစၧာဘတၱကိစၥ = ေနလြဲအခါ နဲ႔ ညေနပိုင္း၌ ပူေဇာ္ရန္လာသူတို႔၏ အပူေဇာ္ခံျပီး သင္႔ေတာ္ေသာ တရားေဟာျခင္းကိစၥ။
၃/ ပုရိမယာမ ကိစၥ = ညဥ္႔ဦးယံ၌ ရဟန္းတို႔အား တရားေဟာျခင္း၊ကမၼဌာန္းေပးျခင္း စေသာ ကိစၥ။
၄/ မဇၥိဳမယာမကိစၥ = သန္းေခါင္ယံ ၌ စၾကာ၀ဠာ တိုက္တစ္ေသာင္းမွ လာေရာက္ၾကကုန္ေသာ နတ္၊ျဗဟၼာတို႔၏ အေမးပုစၧာျပႆနာတို႔ကို ေျဖဆိုေတာ္မူျခင္းကိစၥ။
၅/ ပစၧိမယာမ ကိစၥ = မိုးေသာက္ယံ ၏ ၃ ပံု ၊ ၁ ပံု တြင္ – ပထမတစ္ပံု၌ စၾကၤံၾကြေတာ္မူျခင္း ၊ ဒုတိယတစ္ပံု၌ သီဟေသယ်ျဖင္႔ လက္ယာနံေတာင္း ေလ်ာင္းစက္ေတာ္မူျခင္း၊ တတိယအပံု၌ မဟာကရုဏာျဖင္႔ စတုတၳစ်ာန္သမာပတ္ကို ၀င္စားေတာ္မူ၍ ထိုကရုဏာသမာပတ္မွ ထေတာ္မူေသာအခါ (အရုဏ္တက္ခါနီး) ယေန႔ ခြ်တ္ထိုက္ေသာ သတၱ၀ါကို ဗုဒၶစကၡဳျဖင္႔ ေလာက(၃)ပါးကို ၾကည္႔ေတာ္မူျခင္း ကိစၥ ။
သုတ္သီလကၡန္ အဌကထာ – မွ )

(၂၉) ပရိနိဗၺာန္ျပဳအ႔ံေသာေန႔၌ သားျပြမ္းဆြမ္းကို ဘုဥ္းေပးေတာ္မူသည္။
ဒီေနရာမွာ ျမတ္စြာဘုရား ေနာက္ဆံုးဘုန္းေပးတဲ႔ဆြမ္းဟာ ၀က္သား (၀က္ပ်ိဳသား) နဲ႔ မႈိ ဆိုျပီး (၂)မ်ိဳး ရွိေနတယ္။ ပါဠိလိုေတာ႔ သူကရမကၱ၀ လို႔ေခၚတဲ႔အရာ(ေဘာဇဥ္)ကို ဘုရားရွင္ ဘုန္းေပးသြားတာျဖစ္တယ္။ ကမၻာေပၚမွာ ပါဠ္ိ-အဂၤလိပ္ အဘိဓာန္ ၁ ခုကလြဲရင္ အျခားေသာ ဘာသာျပန္ေတြမွာ မႈိလို႔ပဲ အဓိပၸါယ္ဖြင္႔ၾကတယ္။  ျမန္မာဆရာေတာ္ေတြကေတာ့ အဲဒီရာသီမွာ မႈိ မပြင္႔ေသးလို႔ ၀က္သားကိုပဲ ယူတယ္။ ႏိုင္ငံတကာမွာကေတာ့ မႈိကို ယူၾကတယ္။ အခါမဟုတ္မႈိကို ဘုန္းေပးျပီးေတာ့ အဆိပ္သင္႔တာလို႔ ဆိုၾကတယ္။ ဒါေၾကာင္႔ သူကရမကၱ၀ ဟာ ဘာသာျပန္ကြဲလြဲမႈရွိေနတယ္။ ဘုရားရွင္တို႔၏ တူရာအခ်က္ (၃၀) အရေတာ႔ သားျပြမ္းဆြမ္း ဘုဥ္းေပးေတာ္မူရမယ္ဆိုေတာ့ ၀က္သားလို႔ေျပာရမွာပါ။ )

(၃၀) သမာပတ္၀င္စားျပီးမွ ပရိနိဗၺာန္ျပဳေတာ္မူသည္။

မဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြစ်ဖို့ ပါရမီလိုပါတယ်

တစ်ခါတုန်းက ဗာရာဏသီမင်းတစ်ပါးဟာ နွေရာသီစံနန်းတော်မှာ နေနေပါတယ်။ အဲဒီအချိန်မှာ ဗာရာဏသီမင်းရဲ့နားမှာ မောင်းမတစ် ယောက်က စန္ဒကူးနံ့သာ သွေးနေပါတယ်။ နံ့သာသွေးနေတဲ့မောင်းမရဲ့ လက်တစ်ဖက်မှာက လက်ကောက်တစ်ကွင်း၊ တစ်ခြားလက်တစ်ဖက်

မှာက လက်ကောက်နှစ်ကွင်း ရှိနေပါတယ်။

နံ့သာသွေးနေတာဆိုတော့ လက်ကောက်နှစ်ကွင်းရှိတဲ့လက်က လက်ကောက်နှစ်ခုအချင်းချင်းထိခိုက်ပြီး မြည်မြည်နေပါတော့တယ်။ လက်ကောက်တစ်ကွင်းပဲရှိတဲ့ လက်တစ်ဖက်ကတော့ မမြည်ပါဘူး။

ဗာရာဏသီမင်းက လက်နှစ်ဖက်ရဲ့ တုန့်ပြန်ပုံမတူတာကိုမြင်ပြီး “လက်ကောက်တစ်ကွင်းထဲ ဝတ်ထားတဲ့လက်ကမမြည်ဘူး။ နှစ်ကွင်း ဝတ်ထားတဲ့ လက်ကျတော့မြည်နေတယ်။ ဒီအတူပဲ လူတွေဟာ အပေါင်းဖော်နဲ့နေနေရင် မကျေနပ်မှုတွေ ထိုခိုက်မှုတွေ ဖြစ်နေမှာပဲ။ တစ်ယောက်ထဲ နေနေရင်တော့ မကျေနပ်မှု၊ ထိခိုက်မှုဆိုတာရှိမှာ မဟုတ်ဘူး“လို့ နံ့သာသွေးနေတဲ့ မောင်းမမိဿံကို တစိမ့်စိမ့်ကြည့်ရင်း တွေးနေတဲ့အတွေးကို ထပ်ကာထပ်ကာဆင်ခြင်နေပါတော့တယ်။

ဗာရာဏသီမင်းက မြင်ကွင်းကိုကြည့်ပြီး ဆင်ခြင်နေတဲ့အချိန်မှာ အနားမှာ ရွှေတွေ၊ စိန်တွေ ညွတ်နေအောင်ဝတ်ထားတဲ့ မိဖုရားကြီးက လည်းရှိနေပါတယ်။ မိဖုရားကြီးက ဒါကိုဘယ်လိုတွေးသလဲဆိုတော့ “မင်းကြီးတော့ မောင်းမငယ်ကိုကြည့်ပြီး ချစ်စိတ်တွေဖြစ်နေပြီထင် တယ်။ မဖြစ်ဘူး၊မဖြစ်ဘူး ငါကိုယ်တိုင်သွေးမှပဲ“ ဆိုပြီး မောင်းမငယ်ကို ဖယ်ခိုင်းပြီး ကိုယ်တိုင်ဝင်သွေးပါတော့တယ်။

မိဖုရားကြီးရဲ့လက်မှာ လက်ကောက်တွေက အများကြီးဆိုတော့ အသံတွေက “ချွင်း..ချွမ်၊” “ချွင်း..ချွမ်”ဆိုပြီး ရှေ့ကထက် ပိုမြည်နေပါ တော့တယ်။

အရင်ထက်သုံးလေးဆပိုမြည်လာတဲ့  လက်ကောက်သံတွေ ကြောင့် မင်းကြီးလည်းပိုပြီး ငြီးငွေ့သံဝေဂ ဖြစ်သွားပါတော့တယ်။

ဒါကြောင့် ငြီးငွေ့သံဝေဂစိတ်ကို အခြေခံပြီးနေရာမှာတင် ခန္ဓာကို ဉာဏ်စိုက်ပြီး ဝိပဿနာရှုလိုက်တာ ပစ္စေကဗုဒ္ဓါဖြစ်သွားပါတော့တယ်။

မင်းကြီး ဝိပဿနာပွားများလို့ ပစ္စေကဗုဒ္ဓါဖြစ်သွားတဲ့အချိန်မှာ မိဖုရားကြီးကလည်း နံ့သာသွေးပြီးလို့ မင်းကြီးကို နံ့သာလိမ်းဖို့ လျှောက်ပါတယ်။ ဒီတော့ မင်းကြီးက “ငါမင်းမဟုတ်တော့ဘူး၊ ပစ္စေက ဗုဒ္ဓါဖြစ်သွားပြီ၊ နံ့သာမလိမ်းတော့ဘူး” လို့ပြန်ပြောပြီး မိဖုရားအပါအဝင် အမတ်အားလုံးကိုတရားဟောပါတယ်။ တရားဟောပြီးတော့ ဟိမဝန္တာ နန္ဒမူလိုဏ်ကို ကြွသွားပါတော့တယ်။

ရွှေလက်ကောက်တွေရဲ့ ရိုက်ခတ်သံတွေကို လူတိုင်းနီးပါးကြားဖူး နေကြတာပါပဲ။ ကြားဖူးတဲ့သူတိုင်းလည်း သံဝေဂဖြစ်ပြီး တရားထူး တရားမြတ်တွေရမသွားကြပါဘူး။ ဒါက ပါရမီနဲ့ဆိုင်သွားပါပြီ။

ပါရမီပြည့်တဲ့သူတွေကတော့ သက်ရှိတွေရဲ့ ဖြစ်စဉ်မှတင် မဟုတ် ပါဘူး။ သက်မဲ့တွေရဲ့ဖြစ်စဉ်တွေကိုပါကြည့်ရင်း သံဝေဂဉာဏ်ဖြစ်ပြီး ဝိပဿနာတရားအားထုတ်ရင်း တရားထူးတရားမြတ်တွေ ရသွားတတ် ကြပါတယ်။ တရားထူး တရားမြတ်ရသွားတဲ့ သာဓကဝတ္ထုတွေလည်း စာထဲမှာ တော်တော်လေးတွေ့ရပါတယ်။

ပါရမီပြည့်နေတဲ့ အရှင်မြတ်တွေ သံဝေဂဉာဏ်ဖြစ်သွားတဲ့သက်ရှိ သက်မဲ့ဖြစ်စဉ်အာရုံတွေကအားလုံးနေ့စဉ်တွေ့နေရတဲ့ မြင်ကွင်းတွေပါ။

“ဆင်ခြင်တဲ့ သံဝေဂဉာဏ်ဟာ ဝိပဿနာဉာဏ်၊ မဂ်ဉာဏ် ဖိုလ်ဉာဏ်အတွက် အထောက်အပံ့ဖြစ်တယ်“ ဆိုတဲ့အသိလေးကို ရင်ထဲထည့်ပြီး ကိုယ့်ဝန်းကျင်က သက်ရှိသက်မဲ့ သဘာဝဖြစ်စဉ်လေး တွေကို သံဝေပဂယူရင်း ဆင်ခြင်ဆင်ခြင်သွားဖို့ပါပဲ။

စိတ်သဘောထား မမြင့်မြတ်၊ ကိုယ်ကျိုးပဲကြည့်တာ၊ သေဆုံး သွားတာ၊ သစ်ရွက်ကလေးတွေ ကြွေကျသွားတာ၊ ပန်းကလေးတွေ ညှိုးသွားတာစသည်ဖြင့်ပေါ့။

ဆင်ခြင်ရင်း ဆင်ခြင်ရင်းနဲ့ သံဝေဂဉာဏ်လေးတွေ များလာပါ လိမ်မယ်။ မဂ်ဉာဏ်ဖိုလ်ဉာဏ် မဖြစ်သေးရင်တောင် အနုစားဝိပဿနာ ဉာဏ်ဖြစ်ဖို့အတွက်တော့ အများကြီး အထောက်အကူဖြစ်သွားမှာပါ။

တောသား

ကောက်နှုတ်ချက်  – ဖြစ်ပြီးတဲ့အကုသိုလ်ကိုဘယ်လိုပယ်မလဲ ရဝေနွယ်(အင်းမ)

မဂ္ဉာဏ္ ဖိုလ္ဉာဏ္ျဖစ္ဖို႔ ပါရမီလိုပါတယ္

တစ္ခါတုန္းက ဗာရာဏသီမင္းတစ္ပါးဟာ ေႏြရာသီစံနန္းေတာ္မွာ ေနေနပါတယ္။ အဲဒီအခ်ိန္မွာ ဗာရာဏသီမင္းရဲ့နားမွာ ေမာင္းမတစ္ ေယာက္က စႏၵကူးနံ႔သာ ေသြးေနပါတယ္။ နံ႔သာေသြးေနတဲ့ေမာင္းမရဲ့ လက္တစ္ဖက္မွာက လက္ေကာက္တစ္ကြင္း၊ တစ္ျခားလက္တစ္ဖက္

မွာက လက္ေကာက္ႏွစ္ကြင္း ရွိေနပါတယ္။

နံ႔သာေသြးေနတာဆိုေတာ့ လက္ေကာက္ႏွစ္ကြင္းရွိတဲ့လက္က လက္ေကာက္ႏွစ္ခုအခ်င္းခ်င္းထိခိုက္ျပီး ျမည္ျမည္ေနပါေတာ့တယ္။ လက္ေကာက္တစ္ကြင္းပဲရွိတဲ့ လက္တစ္ဖက္ကေတာ့ မျမည္ပါဘူး။

ဗာရာဏသီမင္းက လက္ႏွစ္ဖက္ရဲ့ တုန္႔ျပန္ပံုမတူတာကိုျမင္ျပီး “လက္ေကာက္တစ္ကြင္းထဲ ၀တ္ထားတဲ့လက္ကမျမည္ဘူး။ ႏွစ္ကြင္း ၀တ္ထားတဲ့ လက္က်ေတာ့ျမည္ေနတယ္။ ဒီအတူပဲ လူေတြဟာ အေပါင္းေဖာ္နဲ႔ေနေနရင္ မေက်နပ္မႈေတြ ထိုခိုက္မႈေတြ ျဖစ္ေနမွာပဲ။ တစ္ေယာက္္ထဲ ေနေနရင္ေတာ့ မေက်နပ္မႈ၊ ထိခိုက္မႈဆိုတာရွိမွာ မဟုတ္ဘူး“လို႔ နံ႔သာေသြးေနတဲ့ ေမာင္းမမိႆံကို တစိမ့္စိမ့္ၾကည့္ရင္း ေတြးေနတဲ့အေတြးကို ထပ္ကာထပ္ကာဆင္ျခင္ေနပါေတာ့တယ္။

ဗာရာဏသီမင္းက ျမင္ကြင္းကိုၾကည့္ျပီး ဆင္ျခင္ေနတဲ့အခ်ိန္မွာ အနားမွာ ေရႊေတြ၊ စိန္ေတြ ညြတ္ေနေအာင္၀တ္ထားတဲ့ မိဖုရားၾကီးက လည္းရွိေနပါတယ္။ မိဖုရားၾကီးက ဒါကိုဘယ္လိုေတြးသလဲဆိုေတာ့ “မင္းၾကီးေတာ့ ေမာင္းမငယ္ကိုၾကည့္ျပီး ခ်စ္စိတ္ေတြျဖစ္ေနျပီထင္ တယ္။ မျဖစ္ဘူး၊မျဖစ္ဘူး ငါကိုယ္တိုင္ေသြးမွပဲ“ ဆိုျပီး ေမာင္းမငယ္ကို ဖယ္ခိုင္းျပီး ကိုယ္တိုင္၀င္ေသြးပါေတာ့တယ္။

မိဖုရားၾကီးရဲ့လက္မွာ လက္ေကာက္ေတြက အမ်ားၾကီးဆိုေတာ့ အသံေတြက “ခၽြင္း..ခၽြမ္၊” “ခၽြင္း..ခၽြမ္”ဆိုျပီး ေရွ႕ကထက္ ပိုျမည္ေနပါ ေတာ့တယ္။

အရင္ထက္သံုးေလးဆပိုျမည္လာတဲ့  လက္ေကာက္သံေတြ ေၾကာင့္ မင္းၾကီးလည္းပိုျပီး ျငီးေငြ႕သံေ၀ဂ ျဖစ္သြားပါေတာ့တယ္။

ဒါေၾကာင့္ ျငီးေငြ႕သံေ၀ဂစိတ္ကို အေျခခံျပီးေနရာမွာတင္ ခႏၶာကို ဉာဏ္စိုက္ျပီး ၀ိပႆနာ႐ႈလိုက္တာ ပေစၥကဗုဒၶါျဖစ္သြားပါေတာ့တယ္။

မင္းၾကီး ၀ိပႆနာပြားမ်ားလို႔ ပေစၥကဗုဒၶါျဖစ္သြားတဲ့အခ်ိန္မွာ မိဖုရားၾကီးကလည္း နံ႔သာေသြးျပီးလို႔ မင္းၾကီးကို နံ႔သာလိမ္းဖို႔ ေလွ်ာက္ပါတယ္။ ဒီေတာ့ မင္းၾကီးက “ငါမင္းမဟုတ္္ေတာ့ဘူး၊ ပေစၥက ဗုဒၶါျဖစ္သြားျပီ၊ န႔ံသာမလိမ္းေတာ့ဘူး” လို႔ျပန္ေျပာျပီး မိဖုရားအပါအ၀င္ အမတ္အားလံုးကိုတရားေဟာပါတယ္။ တရားေဟာျပီးေတာ့ ဟိမ၀ႏၱာ နႏၵမူလိုဏ္ကို ၾကြသြားပါေတာ့တယ္။

ေရႊလက္ေကာက္ေတြရဲ့ ရိုက္ခတ္သံေတြကို လူတိုင္းနီးပါးၾကားဖူး ေနၾကတာပါပဲ။ ၾကားဖူးတဲ့သူတိုင္းလည္း သံေ၀ဂျဖစ္ျပီး တရားထူး တရားျမတ္ေတြရမသြားၾကပါဘူး။ ဒါက ပါရမီနဲ႔ဆိုင္သြားပါျပီ။

ပါရမီျပည့္တဲ့သူေတြကေတာ့ သက္ရွိေတြရဲ့ ျဖစ္စဥ္မွတင္ မဟုတ္ ပါဘူး။ သက္မဲ့ေတြရဲ့ျဖစ္စဥ္ေတြကိုပါၾကည့္ရင္း သံေ၀ဂဉာဏ္ျဖစ္ျပီး ၀ိပႆနာတရားအားထုတ္ရင္း တရားထူးတရားျမတ္ေတြ ရသြားတတ္ ၾကပါတယ္။ တရားထူး တရားျမတ္ရသြားတဲ့ သာဓက၀တၳဳေတြလည္း စာထဲမွာ ေတာ္ေတာ္ေလးေတြ႔ရပါတယ္။

ပါရမီျပည့္ေနတဲ့ အရွင္ျမတ္ေတြ သံေ၀ဂဉာဏ္ျဖစ္သြားတဲ့သက္ရွိ သက္မဲ့ျဖစ္စဥ္အာရံုေတြကအားလံုးေန႔စဥ္ေတြ႔ေနရတဲ့ ျမင္ကြင္းေတြပါ။

“ဆင္ျခင္တဲ့ သံေ၀ဂဉာဏ္ဟာ ၀ိပႆနာဉာဏ္၊ မဂ္ဉာဏ္ ဖိုလ္ဉာဏ္အတြက္ အေထာက္အပံ့ျဖစ္တယ္“ ဆိုတဲ့အသိေလးကို ရင္ထဲထည့္ျပီး ကိုယ့္၀န္းက်င္က သက္ရွိသက္မဲ့ သဘာ၀ျဖစ္စဥ္ေလး ေတြကို သံေ၀ပဂယူရင္း ဆင္ျခင္ဆင္ျခင္သြားဖို႔ပါပဲ။

စိတ္သေဘာထား မျမင့္ျမတ္၊ ကိုယ္က်ိဳးပဲၾကည့္တာ၊ ေသဆံုး သြားတာ၊ သစ္ရြက္ကေလးေတြ ေၾကြက်သြားတာ၊ ပန္းကေလးေတြ ညိွဳးသြားတာစသည္ျဖင့္ေပါ့။

ဆင္ျခင္ရင္း ဆင္ျခင္ရင္းနဲ႔ သံေ၀ဂဉာဏ္ေလးေတြ မ်ားလာပါ လိမ္မယ္။ မဂ္ဉာဏ္ဖိုလ္ဉာဏ္ မျဖစ္ေသးရင္ေတာင္ အႏုစား၀ိပႆနာ ဉာဏ္ျဖစ္ဖို႔အတြက္ေတာ့ အမ်ားၾကီး အေထာက္အကူျဖစ္သြားမွာပါ။

ေတာသား

ေကာက္နွုတ္ခ်က္  – ျဖစ္ျပီးတဲ့အကုသိုလ္ကိုဘယ္လိုပယ္မလဲ ရေ၀ႏြယ္(အင္းမ)

%d bloggers like this: