ပွင့်တော်မူပြီးသော နှစ်ကျိတ်ရှစ်ဆူ

နှစ်ကျိပ်ရှစ် (၂၈) ဆူကုန်သော ဘုရားရှင်တို့အား အကျွန်ုပ်သည် ဦးခေါင်းရတနာဖြင့် ရှိခိုးပါ၏။ ဟု သမ္ဗုဒ္ဓေဂါထာတော်တွင် ရွတ်ဆိုလေ့ရှိသည် …

နှစ်ကျိပ်ရှစ် (၂၈) ဆူ ဟူသည်မှာ အဘယ်နည်း ….

ဂေါတမ ဘုရားရှင် ဖြစ်လာမည့် သုမေဓါ ရှင်ရသေ့အား နောင် ဘဒ္ဒကမ္ဘာ တွင် ဂေါတမ အမည်ဖြင့် ဘုရားဖြစ်မည် ဟု ဗျာဓိတ်ပေးသော “ ဒီပင်ကရာ” ဘုရားရှင် ပွင့်တော်မူသော သာရမဏ္ဍကမ္ဘာ တွင် ပွင့်တော်မူကြသော ဘုရားရှင်များ မှ ဂေါတမ ဘုရားရှင်အထိ ပွင့်လေခဲ့ပြီးသော ဘုရားရှင်များကို နှစ်ကျိပ်ရှစ်ဆူဘုရားများ ဟုခေါ်ဝေါ် ပူဇော်ကြပါသည်။

ကမ္ဘာအသစ်တစ်ခု ဖြစ်လာသည်နှင့် ကြာပွင့်ကြီးများ နှင့် သင်္ကန်းများလည်း ဖြစ်ထွန်းပါလာသည် ဆို၏ ။ ထိုသို့ ကြာပွင့်ကြီးများ နှင့် သင်္ကန်းမပါသော ကမ္ဘာကို သုညကမ္ဘာ ” ဟုခေါ်ဆိုကြသည် ။ ကြာပွင့်ကြီးများ နှင့် သင်္ကန်းများအရေအတွက်အတိုင်း ဤကမ္ဘာတွင် ဘုရားဘယ်နှစ်ဆူပွင့်မည် ဟု ဗြဟ္မာကြီးများမှ ကြိုတင်သိရှိကာ ဘုရားလောင်း တောထွက်လာသောအခါမှ ကပ်လှူရန် သင်္ကန်းများကို သိမ်းဆည်းထားလိုက်ကြသည် ဆို၏။

၁။ ဘုရားရှင် ၁ ဆူ ပွင့်သော ကမ္ဘာ ကို “သာရ ကမ္ဘာ “

၂။ ဘုရားရှင် ၂ ဆူ ပွင့်သော ကမ္ဘာ ကို “မဏ္ဍ ကမ္ဘာ”

၃။ ဘုရားရှင် ၃ ဆူ ပွင့်သော ကမ္ဘာ ကို “ဝရ ကမ္ဘာ”

၄။ ဘုရားရှင် ၄ ဆူ ပွင့်သော ကမ္ဘာ ကို “သာရမဏ္ဍ ကမ္ဘာ”

၅။ ဘုရားရှင် ၅ ဆူ ပွင့်သော ကမ္ဘာ ကို “ဘဒ္ဒ ကမ္ဘာ”

–       ဟု ခေါ် ဝေါ်ကြသည်။

(၂၈)  ဆူသော ဘုရားများရေတွက်ပုံ

” သာရ ကမ္ဘာ” (၄) ကမ္ဘာ ပါဝင်သောကြောင့်      – ဘုရား (၄) ဆူ

” မဏ္ဍ ကမ္ဘာ”  (၃) ကမ္ဘာ ပါဝင်သောကြောင့်      – ဘုရား (၆) ဆူ

” ဝရ ကမ္ဘာ”    (၂) ကမ္ဘာ ပါဝင်သောကြောင့်        – ဘုရား (၆) ဆူ

” သာရမဏ္ဍကမ္ဘာ” (၂) ကမ္ဘာ ပါဝင်သောကြောင့် – ဘုရား (၈) ဆူ

” ဘဒ္ဒ ကမ္ဘာ ” (၁) ကမ္ဘာ ပါဝင်သောကြောင့်         – ဘုရား (၅) ဆူ

သို့သော် “ဘဒ္ဒ ကမ္ဘာ” တွင် “အရိမေတ္တေယျ” ဘုရားရှင် ပွင့်ရန် ကျန်သေးသောကြောင့် ပထမ ” သာရ ကမ္ဘာ ” တွင် ပွင့်သော ” တဏှင်္ကရာ ” ဘုရားရှင် မှ “ဘဒ္ဒ ကမ္ဘာ” မှ (၄) ဆူမြောက် ဂေါတမ ဘုရားရှင် အထိ (၂၈)ဆူ ရှိလေသည်။

ဂေါတမမြတ်စွာဘုရား အပါအဝင် ပွင့်တော်မူပြီးသော ဘုရားရှင် (၂၈) ဆူ

၁) တဏှင်္ကရာ ဘုရားရှင်

၂) မေဓင်္ဂရာ ဘုရားရှင်

၃) သရဏှင်္ဂရာ ဘုရားရှင်

၄) ဒီပင်္ကရာ ဘုရားရှင်

၅) ကောဏ္ဍည ဘုရားရှင်

၆) မင်္ဂလ ဘုရားရှင်

၇) သုမန ဘုရားရှင်

၈) ရေဝတ ဘုရားရှင်

၉) သောဘိတ ဘုရားရှင်

၁၀) အနောမဒဿီ ဘုရားရှင်

၁၁) ပဒုမ ဘုရားရှင်

၁၂) နာရဒ ဘုရားရှင်

၁၃) ပဒုမုတ္တရ ဘုရားရှင်

၁၄) သုမေဓာ ဘုရားရှင်

၁၅) သုဇာတာ ဘုရားရှင်

၁၆) ပိယဒဿီ ဘုရားရှင်

၁၇) အတ္ထဒဿီ ဘုရားရှင်

၁၈) ဓမ္မဒဿီဘုရားရှင်

၁၉) သိဒ္ဓတ္ထ ဘုရားရှင်

၂၀) တိဿ ဘုရားရှင်

၂၁) ဖုဿ ဘုရားရှင်

၂၂) ဝိပဿီ ဘုရားရှင်

၂၃) သိခီ ဘုရားရှင်

၂၄) ဝေဿဘူ ဘုရားရှင်

၂၅) ကကုသန် ဘုရားရှင်

၂၆) ကောဏဂုံ ဘုရားရှင်

၂၇) ကဿပ ဘုရားရှင်

၂၈) ဂေါတမ ဘုရားရှင်

မှတ်ချက်။ ။ ရွှေမြန်မာဥယျာဉ်နှင့် မေတ္တာရိပ် တို့မှတဆင့် မှီငြမ်း ကူးယူဖော်ပြပါသည် ။

Advertisements

ပြင့္ေတာ္မူျပီးေသာ ႏွစ္က်ိတ္ရွစ္ဆူ

ႏွစ္က်ိပ္ရွစ္ (၂၈) ဆူကုန္ေသာ ဘုရားရွင္တုိ႔အား အကၽြႏု္ပ္သည္ ဦးေခါင္းရတနာၿဖင့္ ရွိခိုးပါ၏။ ဟု သမၺဳေဒၶဂါထာေတာ္တြင္ ရြတ္ဆုိေလ့ရွိသည္ …

ႏွစ္က်ိပ္ရွစ္ (၂၈) ဆူ ဟူသည္မွာ အဘယ္နည္း ….

ေဂါတမ ဘုရားရွင္ ျဖစ္္လာမည့္ သုေမဓါ ရွင္ရေသ့အား ေနာင္ ဘဒၵကမၻာ တြင္ ေဂါတမ အမည္ျဖင့္ ဘုရားျဖစ္မည္ ဟု ဗ်ာဓိတ္ေပးေသာ “ ဒီပင္ကရာ” ဘုရားရွင္ ပြင့္ေတာ္မူေသာ သာရမ႑ကမၻာ တြင္ ပြင့္ေတာ္မူၾကေသာ ဘုရားရွင္မ်ား မွ ေဂါတမ ဘုရားရွင္အထိ ပြင့္ေလခဲ့ျပီးေသာ ဘုရားရွင္မ်ားကုိ ႏွစ္က်ိပ္ရွစ္ဆူဘုရားမ်ား ဟုေခၚေ၀ၚ ပူေဇာ္ၾကပါသည္။

ကမၻာအသစ္တစ္ခု ျဖစ္လာသည္ႏွင့္ ၾကာပြင့္ၾကီးမ်ား ႏွင္႔ သကၤန္းမ်ားလည္း ျဖစ္ထြန္းပါလာသည္ ဆို၏ ။ ထိုသို႔ ၾကာပြင့္ၾကီးမ်ား ႏွင္႔ သကၤန္းမပါေသာ ကမၻာကို သုညကမၻာ ” ဟုေခၚဆိုၾကသည္ ။ ၾကာပြင့္ၾကီးမ်ား ႏွင္႔ သကၤန္းမ်ားအေရအတြက္အတိုင္း ဤကမၻာတြင္ ဘုရားဘယ္ႏွစ္ဆူပြင့္မည္ ဟု ျဗဟၼာၾကီးမ်ားမွ ၾကိဳတင္သိရွိကာ ဘုရားေလာင္း ေတာထြက္လာေသာအခါမွ ကပ္လွဴရန္ သကၤန္းမ်ားကို သိမ္းဆည္းထားလိုက္ၾကသည္ ဆို၏။

၁။ ဘုရားရွင္ ၁ ဆူ ပြင့္ေသာ ကမၻာ ကို “သာရ ကမၻာ “

၂။ ဘုရားရွင္ ၂ ဆူ ပြင့္ေသာ ကမၻာ ကို “မ႑ ကမၻာ”

၃။ ဘုရားရွင္ ၃ ဆူ ပြင့္ေသာ ကမၻာ ကို “၀ရ ကမၻာ”

၄။ ဘုရားရွင္ ၄ ဆူ ပြင့္ေသာ ကမၻာ ကို “သာရမ႑ ကမၻာ”

၅။ ဘုရားရွင္ ၅ ဆူ ပြင့္ေသာ ကမၻာ ကို “ဘဒၵ ကမၻာ”

–       ဟု ေခၚ ေ၀ၚၾကသည္။

(၂၈)  ဆူေသာ ဘုရားမ်ားေရတြက္ပံု

” သာရ ကမၻာ” (၄) ကမၻာ ပါ၀င္ေသာေၾကာင့္      – ဘုရား (၄) ဆူ

” မ႑ ကမၻာ”  (၃) ကမၻာ ပါ၀င္ေသာေၾကာင့္      – ဘုရား (၆) ဆူ

” ၀ရ ကမၻာ”    (၂) ကမၻာ ပါ၀င္ေသာေၾကာင့္        – ဘုရား (၆) ဆူ

” သာရမ႑ကမၻာ” (၂) ကမၻာ ပါ၀င္ေသာေၾကာင့္ – ဘုရား (၈) ဆူ

” ဘဒၵ ကမၻာ ” (၁) ကမၻာ ပါ၀င္ေသာေၾကာင့္         – ဘုရား (၅) ဆူ

သို႔ေသာ္ “ဘဒၵ ကမၻာ” တြင္ “အရိေမေတၱယ်” ဘုရားရွင္ ပြင့္ရန္ က်န္ေသးေသာေၾကာင့္ ပထမ ” သာရ ကမၻာ ” တြင္ ပြင့္ေသာ ” တဏွကၤရာ ” ဘုရားရွင္ မွ “ဘဒၵ ကမၻာ” မွ (၄) ဆူေျမာက္ ေဂါတမ ဘုရားရွင္ အထိ (၂၈)ဆူ ရိွေလသည္။

ေဂါတမျမတ္စြာဘုရား အပါအဝင္ ပြင့္ေတာ္မူျပီးေသာ ဘုရားရွင္ (၂၈) ဆူ

၁) တဏွကၤရာ ဘုရားရွင္

၂) ေမဓဂၤရာ ဘုရားရွင္

၃) သရဏွဂၤရာ ဘုရားရွင္

၄) ဒီပကၤရာ ဘုရားရွင္

၅) ေကာ႑ည ဘုရားရွင္

၆) မဂၤလ ဘုရားရွင္

၇) သုမန ဘုရားရွင္

၈) ေရ၀တ ဘုရားရွင္

၉) ေသာဘိတ ဘုရားရွင္

၁၀) အေနာမဒႆီ ဘုရားရွင္

၁၁) ပဒုမ ဘုရားရွင္

၁၂) နာရဒ ဘုရားရွင္

၁၃) ပဒုမုတၱရ ဘုရားရွင္

၁၄) သုေမဓာ ဘုရားရွင္

၁၅) သုဇာတာ ဘုရားရွင္

၁၆) ပိယဒႆီ ဘုရားရွင္

၁၇) အတၳဒႆီ ဘုရားရွင္

၁၈) ဓမၼဒႆီဘုရားရွင္

၁၉) သိဒၶတၳ ဘုရားရွင္

၂၀) တိႆ ဘုရားရွင္

၂၁) ဖုႆ ဘုရားရွင္

၂၂) ၀ိပႆီ ဘုရားရွင္

၂၃) သိခီ ဘုရားရွင္

၂၄) ေ၀ႆဘူ ဘုရားရွင္

၂၅) ကကုသန္ ဘုရားရွင္

၂၆) ေကာဏဂံု ဘုရားရွင္

၂၇) ကႆပ ဘုရားရွင္

၂၈) ေဂါတမ ဘုရားရွင္

မွတ္ခ်က္။ ။ ေရႊျမန္မာဥယ်ာဥ္ႏွင့္ ေမတၱာရိပ္ တုိ႔မွတဆင့္ မွီျငမ္း ကူးယူေဖာ္ျပပါသည္ ။

ဒါနသည် သံသရာကို ရှည်စေသလော

ယခုကာလ၌ “ဒါနသည် သံသရာကို ရှည်စေတတ်၏” ဟု အယူသည်းကြသည်။ ပြခဲ့သော ဝတ္ထုဝယ် ဒါနရှင်က ကျွတ်တမ်းဝင် နောက်မကျချေ။ ထို့ကြောင့် သံသရာ အရှည်အတိုဝယ် ဒါနကို ယိုးမယ်မဖွဲ့သင့်ပါ။ ဒါနပြုရာတွင် သူတို့၏စိတ် မစင်ကြယ်မှုကြောင့်သာ “လူတွင်ပါ၍ နွားကျားကိုက်” ခံရသည်။ အမှန်မှာ ဒါနက သံသရာမရှည်စေ။ “ဤဒါနကြောင့် လူ့ချမ်းသာ နတ်ချမ်းသာ ကိုခံစားရတော့မည်” ဟုရည်ရွယ်မှု တဏှာဇောက သံသရာကို ရေလျဉ်ကြော၌ မျောစေခြင်းသာ ဖြစ်သည်။

အချို့က “ဘုရားရှင်သည်ပင် ဒါနတွေ အားကြီးသောကြောင့် သံသရာမှာ ကြာရှည်တော်မူရသည်” ဟု အသိဉာဏ်ကလေးဖြင့် တွေးရှာကြပြန်သေးသည်။ ထိုဒါန အားကြီးတော်မူကြသော ဘုရားရှင်ပေါင်း အသင်္ချေနှင့် အနန္တ (ဂင်္ဂါဝါဠုသဲစုမက) ကျွတ်တမ်းဝင်ကြပြီး ဖြစ်ပါလျက် ငါတို့က ယခုတိုင် မကျွတ်ရသေးသည်မှာ ထိုဘုရားရှင်တို့ထက်ပင် ဒါနအားကြီးနေလို့ပါလော။ ဝေဿန္တရာမင်းသည် ဘုရားမဖြစ်မှီ ၂ဘဝမြောက်က အကြီးအကျယ် ဒါနကို ပြုတော်မူသည်။ ထိုဒါနတွေ အဘယ်ကြောင့် သံသရာမှာ မကြာစေပါသနည်။

ထို့ကြောင့် ဒါနသည် သူ၏သဘောအားဖြင့် သံသရာမှာ ကြာရှည်စေသည်မဟုတ်ပါ။ မစင်ကြယ်သော တဏှာဇောကြောင့် သံသရာမှာ မျောကြရသည်ဟုမှတ်ပါ။ ဘုရားအလောင်းတော်တို့၏ သံသရာ၌ ကြာရှည်စွာ နေရခြင်းမှာလည်း ရည်ရွယ်တော်မူရင်းက သဗ္ဗုညုတဉာဏ်အထူးကို ရဖို့ဖြစ်၍ ထိုဉာဏ်နှင့်ထိုက်တန်သော ပါရမှအခြေခံ မပြည့်သေးသမျှ ထိုဉာဏ်ကို မရနိုင်ကြောင့်သာ ဖြစ်သည်။ ဥပမာ = ရင့်မှ မှည့်နိုင်သော သရက်သီးကို အနုကလေး ဆွတ်ခူး၍ အုပ်သော်လည်း မမှည့်နိုင်သကဲ့သို့တည်။

အရှင်ဇနကာဘိဝံသ

ကိုယ်ကျင့်အဘိဓ္ဓမာ (ဆဋ္ဌမခန်း)

ဒါနသည္ သံသရာကို ရွည္ေစသေလာ

ယခုကာလ၌ “ဒါနသည္ သံသရာကို ရွည္ေစတတ္၏” ဟု အယူသည္းၾကသည္။ ျပခဲ့ေသာ ၀တၳဳ၀ယ္ ဒါနရွင္က ကၽြတ္တမ္း၀င္ ေနာက္မက်ေခ်။ ထို႔ေၾကာင့္ သံသရာ အရွည္အတို၀ယ္ ဒါနကို ယိုးမယ္မဖြဲ႕သင့္ပါ။ ဒါနျပဳရာတြင္ သူတို႔၏စိတ္ မစင္ၾကယ္မႈေၾကာင့္သာ “လူတြင္ပါ၍ ႏြားက်ားကိုက္” ခံရသည္။ အမွန္မွာ ဒါနက သံသရာမရွည္ေစ။ “ဤဒါနေၾကာင့္ လူ႔ခ်မ္းသာ နတ္ခ်မ္းသာ ကိုခံစားရေတာ့မည္” ဟုရည္ရြယ္မႈ တဏွာေဇာက သံသရာကို ေရလ်ဥ္ေၾကာ၌ ေမ်ာေစျခင္းသာ ျဖစ္သည္။

အခ်ိဳ႕က “ဘုရားရွင္သည္ပင္ ဒါနေတြ အားၾကီးေသာေၾကာင့္ သံသရာမွာ ၾကာရွည္ေတာ္မူရသည္” ဟု အသိဥာဏ္ကေလးျဖင့္ ေတြးရွာၾကျပန္ေသးသည္။ ထိုဒါန အားၾကီးေတာ္မူၾကေသာ ဘုရားရွင္ေပါင္း အသေခၤ်ႏွင့္ အနႏၱ (ဂဂၤါ၀ါဠဳသဲစုမက) ကၽြတ္တမ္း၀င္ၾကၿပီး ျဖစ္ပါလ်က္ ငါတို႔က ယခုတိုင္ မကၽြတ္ရေသးသည္မွာ ထိုဘုရားရွင္တို႔ထက္ပင္ ဒါနအားၾကီးေနလို႔ပါေလာ။ ေ၀ႆႏၱရာမင္းသည္ ဘုရားမျဖစ္မွီ ၂ဘ၀ေျမာက္က အၾကီးအက်ယ္ ဒါနကို ျပဳေတာ္မူသည္။ ထိုဒါနေတြ အဘယ္ေၾကာင့္ သံသရာမွာ မၾကာေစပါသနည္။

ထို႔ေၾကာင့္ ဒါနသည္ သူ၏သေဘာအားျဖင့္ သံသရာမွာ ၾကာရွည္ေစသည္မဟုတ္ပါ။ မစင္ၾကယ္ေသာ တဏွာေဇာေၾကာင့္ သံသရာမွာ ေမ်ာၾကရသည္ဟုမွတ္ပါ။ ဘုရားအေလာင္းေတာ္တို႔၏ သံသရာ၌ ၾကာရွည္စြာ ေနရျခင္းမွာလည္း ရည္ရြယ္ေတာ္မူရင္းက သဗၺဳညဳတဥာဏ္အထူးကို ရဖို႔ျဖစ္၍ ထိုဥာဏ္ႏွင့္ထိုက္တန္ေသာ ပါရမွအေျခခံ မျပည့္ေသးသမွ် ထုိဥာဏ္ကို မရႏိုင္ေၾကာင့္သာ ျဖစ္သည္။ ဥပမာ = ရင့္မွ မွည့္ႏိုင္ေသာ သရက္သီးကို အႏုကေလး ဆြတ္ခူး၍ အုပ္ေသာ္လည္း မမွည့္ႏိုင္သကဲ့သို႔တည္။

အရွင္ဇနကာဘိ၀ံသ

ကိုယ္က်င့္အဘိဓၶမာ (ဆ႒မခန္း)

အူမနှင့် သီလ

အာဠာဝကဘီလူးက “အရှင်ဘုရား – ဘယ်ပုံဘယ်နည်း အသက်မွေးခြင်းဟာ အကောင်းဆုံးပါလဲ” လို့ ဘုရားကို မေးလျှောက်တော့ ဘုရားက “ပညာနဲ့အသက်မွေးတာ အကောင်းဆုံး” လို့ ဖြေတော်မူခဲ့ပါတယ်။ အဌကထာဆရာက ပညာနှင့် အသက်မွေးခြင်းဟူသည် နှစ်ဖက်မြင်ပုဂ္ဂိုလ်တို့၏ အသက်မွေးခြင်းလို့ ဖွင့်ဆိုပါတယ်။ နှစ်ဖက်ဟူသည် လက်ရှိပစ္စုပ္ပန်ဘဝနဲ့ နောင်တမလွန်ဘဝကို ဆိုလိုတာပါ။ နောက်တစ်နည်းအနေနဲ့ သူ့ဘက်၊ ကိုယ့်ဘက်၊ သူ့ဖို့၊ ကိုယ့်ဖို့ ကိုလည်း ဆိုလိုပါတယ်။ သူသူကိုယ်ကိုယ် အသက်မွေးကြ၊ ဝမ်းကျောင်းကြရမှာ ပစ္စုပ္ပန်အရေးနဲ့ တမလွန်အရေးဆိုပြီး နှစ်ဖက်မျှတွေးဖို့လိုပါတယ်။ နှစ်ဖက်မျှမြင်ရမယ်။ သူ့ဖို့ကိုယ့်ဖို့ နှစ်ဖက်မျှတွေးရပါမယ်။

လူဆိုတာ တစ်ယောက်တည်းနေတော့ တစ်ဝမ်းတစ်ခါးသာ ရှိပါတယ်။ နှစ်ယောက်ပေါင်းမိတော့ နှစ်ဝမ်းနှစ်ခါး။ ဒီလိုနဲ့ ဝမ်းတွေခါးတွေက တိုးပွားများပြားလာမယ်။ ဝမ်းတွေရှိတော့ ဝမ်းစာရှာကြရပါရော။ ဒီလို ဝမ်းစာရှာကြရာမှာ တချို့က ဝမ်းသာဝတယ်၊ ကုသိုလ်က မရ။ တချို့ကျ ကုသိုလ်သာရတယ်၊ ဝမ်းက မဝ။ ပီတိစားပြီး အားရှိနေကြရတယ်။ တချို့က ကုသိုလ်လည်းမရ၊ ဝမ်းလည်းမဝ။ တချို့များ ကျတော့ ကုသိုလ်လည်းရ၊ ဝမ်းလည်းဝကျပါတယ်။ ပညာနဲ့ အသက်မွေး ဝမ်းကျောင်းသူဟာ ကုသိုလ်လည်းရ၊ ဝမ်းလည်းဝတဲ့အမျိုးပါပဲ။

ဒီနေရာမှာ ပညာဆိုတာ အသိပညာ၊ အသိစိတ်ဓါတ်၊ အသိတရား ဖြစ်ပါတယ်။ အသိစိတ်ဓါတ်ရှိသူဟာ ကောင်းတဲ့အပြုအမူ၊ ကောင်းတဲ့ အလေ့အထရှိတယ်။ ကောင်းတဲ့အပြုအမူ၊ ကောင်းတဲ့အလေ့အထဟာ သီလသိက္ခာ ပါပဲ။ အသိစိတ်ဓါတ်ရှိသူဟာ ကောင်းတဲ့စိတ်ထား ရှိတယ်။ စိတ်ထားကောင်းတယ်ပေါ့။ ကောင်းတဲ့စိတ်ထားရှိလို့ စိတ်ထားကောင်းတာဟာ သမာဓိသိက္ခာဖြစ်ပါတယ်။ သမာဓိမျာ ‘သံ’ က ကောင်းခြင်းလို့ အဓိပ္ပါယ်ထွက်ပြီး ‘အဓိ’ က စိတ်ထားလို့ အဓိပ္ပါယ်ရပါတယ်။ ဒါကြောင့် သမာဓိဆိုတာ စိတ်ထားကောင်းခြင်းပဲ ဖြစ်ပါ တယ်။ အသိစိတ်ဓါတ်၊ အသိတရား၊ အသိပညာကိုယ်တိုင်ဟာ ပညာသိက္ခာ ဖြစ်ပါတယ်။

အဲဒီတော့ အသိစိတ်ဓါတ်၊ အသိတရားရှိသူမှာ ရိက္ခာနဲ့ သိက္ခာက တစ်သားတည်းကျနေပါတယ်။ အူမနဲ့ သီလ ထပ်တူမျှနေပါတယ်။ ဘုရားရှင်မိန့်တော်မူတဲ့ ပညာနဲ့အသက်မွေးတာ အကောင်းဆုံးဆိုတာက ဒီလို ရိက္ခာနဲ့ သိက္ခာ တစ်ထပ်တည်းကျတဲ့ အသက်မွေးခြင်း၊ အူမနဲ့သီလ ထပ်တူမျှနေတဲ့ အသက်မွေးခြင်းကို ဆိုလိုပါတယ်။ ဒီလို အသက်မွေးနိုင်သူဟာ တော်လည်းတော်၊ ကောင်းလည်းကောင်းတဲ့ အတွက် သူတော်ကောင်း မည်ပါတယ်။

အူမနဲ့သီလကို တစ်သီးတစ်ခြားခွဲထားလို့မရ၊ တစ်ဖက်ဖက် အစွန်းထွက်လို့မရ၊ မျှနေမှသာ သဘာဝကျပါတယ်။ လူတိုင်းမှာ အူမရှိပြီး အူမတိုင်းလည်း တောင့်ဖို့လိုပါတယ်။ အူမတောင့်ခြင်းဟာ သီလစောင့်ခြင်းကို ကျေးဇူးပြုနိုင်သလို သီလစောင့်ခြင်းကလည်း အူမတောင့်ဖို့အတွက် ကျေးဇူးပြုနိုင်ပါလိမ့်မယ်။ သီလဆိုတာ ကောင်းသောအလေ့အထ၊ ကောင်းသောအပြုအမူဖြစ်တဲ့အတွက် ကောင်းသောအလေ့အထတွေရှိရင် ကောင်းတဲ့အပြုအမူတွေပြုမူကြရင် အူမတွေ တောင့်လာကြမှာ မလွဲပါပဲ။

အရှင်သံဝရာလင်္ကာရ

အူမႏွင့္ သီလ

အာဠာ၀ကဘီလူးက “အရွင္ဘုရား – ဘယ္ပံုဘယ္နည္း အသက္ေမြးျခင္းဟာ အေကာင္းဆံုးပါလဲ” လို႔ ဘုရားကို ေမးေလွ်ာက္ေတာ့ ဘုရားက “ပညာနဲ႔အသက္ေမြးတာ အေကာင္းဆံုး” လို႔ ေျဖေတာ္မူခဲ့ပါတယ္။ အဌကထာဆရာက ပညာႏွင့္ အသက္ေမြးျခင္းဟူသည္ ႏွစ္ဖက္ျမင္ပုဂၢိဳလ္တို႔၏ အသက္ေမြးျခင္းလို႔ ဖြင့္ဆိုပါတယ္။ ႏွစ္ဖက္ဟူသည္ လက္ရွိပစၥဳပၸန္ဘ၀နဲ႔ ေနာင္တမလြန္ဘ၀ကို ဆိုလိုတာပါ။ ေနာက္တစ္နည္းအေနနဲ႔ သူ႔ဘက္၊ ကိုယ့္ဘက္၊ သူ႔ဖို႔၊ ကိုယ့္ဖို႔ ကိုလည္း ဆိုလိုပါတယ္။ သူသူကိုယ္ကိုယ္ အသက္ေမြးၾက၊ ၀မ္းေက်ာင္းၾကရမွာ ပစၥဳပၸန္အေရးနဲ႔ တမလြန္အေရးဆိုၿပီး ႏွစ္ဖက္မွ်ေတြးဖို႔လိုပါတယ္။ ႏွစ္ဖက္မွ်ျမင္ရမယ္။ သူ႔ဖို႔ကိုယ့္ဖို႔ ႏွစ္ဖက္မွ်ေတြးရပါမယ္။

လူဆိုတာ တစ္ေယာက္တည္းေနေတာ့ တစ္၀မ္းတစ္ခါးသာ ရွိပါတယ္။ ႏွစ္ေယာက္ေပါင္းမိေတာ့ ႏွစ္၀မ္းႏွစ္ခါး။ ဒီလိုနဲ႔ ၀မ္းေတြခါးေတြက တိုးပြားမ်ားျပားလာမယ္။ ၀မ္းေတြရွိေတာ့ ၀မ္းစာရွာၾကရပါေရာ။ ဒီလို ၀မ္းစာရွာၾကရာမွာ တခ်ဳိ႕က ၀မ္းသာ၀တယ္၊ ကုသိုလ္က မရ။ တခ်ဳိ႕က် ကုသိုလ္သာရတယ္၊ ၀မ္းက မ၀။ ပီတိစားၿပီး အားရွိေနၾကရတယ္။ တခ်ဳိ႕က ကုသိုလ္လည္းမရ၊ ၀မ္းလည္းမ၀။ တခ်ဳိ႕မ်ား က်ေတာ့ ကုသိုလ္လည္းရ၊ ၀မ္းလည္း၀က်ပါတယ္။ ပညာနဲ႔ အသက္ေမြး ၀မ္းေက်ာင္းသူဟာ ကုသိုလ္လည္းရ၊ ၀မ္းလည္း၀တဲ့အမ်ဳိးပါပဲ။

ဒီေနရာမွာ ပညာဆိုတာ အသိပညာ၊ အသိစိတ္ဓါတ္၊ အသိတရား ျဖစ္ပါတယ္။ အသိစိတ္ဓါတ္ရွိသူဟာ ေကာင္းတဲ့အျပဳအမူ၊ ေကာင္းတဲ့ အေလ့အထရွိတယ္။ ေကာင္းတဲ့အျပဳအမူ၊ ေကာင္းတဲ့အေလ့အထဟာ သီလသိကၡာ ပါပဲ။ အသိစိတ္ဓါတ္ရွိသူဟာ ေကာင္းတဲ့စိတ္ထား ရွိတယ္။ စိတ္ထားေကာင္းတယ္ေပါ့။ ေကာင္းတဲ့စိတ္ထားရွိလို႔ စိတ္ထားေကာင္းတာဟာ သမာဓိသိကၡာျဖစ္ပါတယ္။ သမာဓိမ်ာ ‘သံ’ က ေကာင္းျခင္းလို႔ အဓိပၸါယ္ထြက္ၿပီး ‘အဓိ’ က စိတ္ထားလို႔ အဓိပၸါယ္ရပါတယ္။ ဒါေၾကာင့္ သမာဓိဆိုတာ စိတ္ထားေကာင္းျခင္းပဲ ျဖစ္ပါ တယ္။ အသိစိတ္ဓါတ္၊ အသိတရား၊ အသိပညာကိုယ္တိုင္ဟာ ပညာသိကၡာ ျဖစ္ပါတယ္။

အဲဒီေတာ့ အသိစိတ္ဓါတ္၊ အသိတရားရွိသူမွာ ရိကၡာနဲ႔ သိကၡာက တစ္သားတည္းက်ေနပါတယ္။ အူမနဲ႔ သီလ ထပ္တူမွ်ေနပါတယ္။ ဘုရားရွင္မိန္႔ေတာ္မူတဲ႔ ပညာနဲ႔အသက္ေမြးတာ အေကာင္းဆံုးဆိုတာက ဒီလို ရိကၡာနဲ႔ သိကၡာ တစ္ထပ္တည္းက်တဲ့ အသက္ေမြးျခင္း၊ အူမနဲ႔သီလ ထပ္တူမွ်ေနတဲ့ အသက္ေမြးျခင္းကို ဆိုလိုပါတယ္။ ဒီလို အသက္ေမြးႏိုင္သူဟာ ေတာ္လည္းေတာ္၊ ေကာင္းလည္းေကာင္းတဲ့ အတြက္ သူေတာ္ေကာင္း မည္ပါတယ္။

အူမနဲ႔သီလကို တစ္သီးတစ္ျခားခဲြထားလို႔မရ၊ တစ္ဖက္ဖက္ အစြန္းထြက္လို႔မရ၊ မွ်ေနမွသာ သဘာ၀က်ပါတယ္။ လူတိုင္းမွာ အူမရွိၿပီး အူမတိုင္းလည္း ေတာင့္ဖို႔လိုပါတယ္။ အူမေတာင့္ျခင္းဟာ သီလေစာင့္ျခင္းကို ေက်းဇူးျပဳႏိုင္သလို သီလေစာင့္ျခင္းကလည္း အူမေတာင့္ဖို႔အတြက္ ေက်းဇူးျပဳႏိုင္ပါလိမ့္မယ္။ သီလဆိုတာ ေကာင္းေသာအေလ့အထ၊ ေကာင္းေသာအျပဳအမူျဖစ္တဲ့အတြက္ ေကာင္းေသာအေလ့အထေတြရွိရင္ ေကာင္းတဲ့အျပဳအမူေတြျပဳမူၾကရင္ အူမေတြ ေတာင့္လာၾကမွာ မလြဲပါပဲ။

အရွင္သံ၀ရာလကၤာရ

သစ္စာလေးပါး

(၁) ဒုက္ခသစ္စာ
မြင်ဆဲ၊ ကြားဆဲ စသည်၌ ထင်ရှားသော ရုပ်နာမ် အပေါင်းကို ဥပါဒါနက္ခန္ဓာ ဟုခေါ်သည်။ တဏှာဖြင့် ဒိဋ္ဌိဖြင့် စွဲလန်းနိုင်သောကြောင့် ခေါ်ဆိုရခြင်းဖြစ်သည်။ ဥပါဒါနက္ခာဟု ခေါ်သော ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိဉာဉ်တို့ကို သက္ကာယ ဟုခေါ်သည်။ သက္ကာယ ဟူသည်မှာ ထင်ရှားရှိသော ရုပ်နာမ် အပေါင်းပင်ဖြစ်သည်။ သက္ကာယ ဆိုတဲ့ ရုပ်နာမ် အပေါင်းကို ဒုက္ခသစ္စာ- ဆင်းရဲ အစစ်အမှန်ဟူ၍ ခေါ်သည်။ (လိုရင်းကား ရုပ်နာမ် အပေါင်းသည်ပင် ဒုက္ခသစ္စာဖြစ်ပေသည်။)

(၂)သမုဒယသစ္စာ
နှစ်သက်သာယာ ပြီးဆာနေတဲ့ တဏှာဟာ သက္ကာယ ခေါ်တဲ့ ရုပ်နာမ်ခန္ဓာ ဒုက္ခသစ္စာ ဖြစ်ပွားရခြင်း၏ အကြောင်းရင်းပါဘဲ လို့ သိစေလိုတာပါဘဲ ။ တဏှာဆိုတဲ့ ပါဠိက ဆာတယ်လို့ အနက်ရှိတယ်။ ဆာတယ်ဆိုတာ စားချင်ပြီးဆာတာ သောက်ချင်ပြီးဆာတာ မျိုးပါဘဲ။ နှစ်သက်သာယာတာလဲ ဆာတဲ့ သဘောဘဲ။ လိုချင်တာ တောင့်တရတာ..၊ ရချင်တာ ခံစားချင်တာတွေ လဲ ဆာတဲ့ သဘောပဲ၊ ယခုလူတွေဟာ အကောင်းတွေကို မြင်ရလို့လဲ အားမရဘူး၊ ထပ်ကာထပ်ကာ မြင်ချင်နေတာပဲ၊ ကြားလို့လဲ အားမရဘူး၊ ထပ်ကာထပ်ကာ ကြားချင်နေတာပဲ၊ နံလို့လဲ အားမရဘူး၊ ထပ်ကာထပ်ကာ နံချင်နေတာပဲ၊ စားလို့လဲအားမရဘူး၊ ထပ်ကာထပ်ကာ စားချင်နေတာပဲ၊ တွေ့ထိလို့လဲ အားမရဘူး။ ထပ်ကာထပ်ကာ တွေ့ထိပြီး ခံစား ချင်နေတာပဲ၊ အာရုံကောင်းတွေကို စိတ်ကူးကြံစည်လို့လဲ အားမရဘူး၊ ထပ်ကာထပ်ကာ ကြံချင်နေတာပဲ၊ အဲဒီလို အားမရနိုင်တာဟာ ဆာတဲ့ သဘောပဲ။ (လိုရင်းကား တဏှာသည် သမုဒယ သစ္စာပင်တည်း)

(၃)နိရောဓသစ္စာ
နိရောဓ သစ္စာဆိုတဲ့ နိဗ္ဗာန်တရားက အသိခက်တယ်၊ အပြောရလည်းခက်တယ်၊ မိမိတို့ သန္တန်မှာ ရှိနေတဲ့ ရုပ်နာမ်များလို မိမိတို့ မျက်မှောက် မှာရှိနေတဲ့ ရုပ်ဝတ္ထုများလို သိဖို့လည်း မလွယ်ဘူး၊ ပြောဖို့လည်း မလွယ်ဘူး၊ သက္ကာယ နိရောဓောဆိုတာကို ဒဲ့ဒိုးပြောမယ်ဆိုရင် ဥပါဒါနက္ခန္ဓာဆိုတဲ့ ရုပ်နာမ်တို့၏ ချုပ်ခြင်း ကင်းငြိမ်းခြင်းလို့ ပြောရမှာပဲ၊ ဒါပေမဲ့ အဲဒီရုပ်နာမ်တွေ ချုပ်တာကလည်း ဖြစ်ပြီးတော့ ချုပ်ပျက်သွားတာမျိုးကို ဆိုလိုတာ မဟုတ်ဘူး၊ ဖြစ်နေကျ ရုပ်နာမ်တွေ အကြောင်းမရှိလို့ လုံးလုံး မဖြစ်ဘဲ ချုပ်ခြင်း ကင်းငြိမ်းခြင်းကိုသာ ဆိုလိုတယ် ဒါကြောင့် ဒီမှာ အကြောင်းဖြစ်တဲ့ သမုဒယ တဏှာ၏ ချုပ်ခြင်းဖြင့် ဖော်ပြထားတာပါပဲ။ ( ထေရီမ ဖြေဆိုတော်မူထားသော တိုက်ရိုက် အဖြေမှာကား တဏှာချုပ်ခြင်း ပင်ဖြစ်ပါသည်။)

(၄)မဂ္ဂသစ္စာအဖြေ
သမ္မာဒိဋ္ဌိ စသော မဂ္ဂင်ရှစ်ပါးသည်ပင် သက္ကာယချုပ်ခြင်း သို့ရောက်သော အကျင့်ဟု ခေါ်သည်။
သမ္မာဒိဋ္ဌိ- မှန်စွာ မြင်ခြင်း။
သမ္မာသင်္ကပ္ပ-မှန်စွာကြံခြင်း။
သမ္မာဝါစာ- မှန်စွာပြောခြင်း။
သမ္မာကမ္မန္တ-မှန်စွာပြုခြင်း
သမ္မာအာဇီဝ-မှန်စွာ အသက်မွေးခြင်း။
သမ္မာဝါယာမ- မှန်စွာအားထုတ်ခြင်း။
သမ္မာသတိ- မှန်စွာ အမှတ်ရခြင်း။
သမ္မာသမာဓိ- မှန်စွာ စူးစိုက်တည်ကြည်ခြင်း။

%d bloggers like this: