ဒုက္ခဒေါမနဿအကြောင်း

ကိုယ်ဆင်းရဲမှုကို “ဒုက္ခ”၊ စိတ်ဆင်းရဲမှုကို “ဒေါမနဿ” ဟုခေါ်သည်။ အသွားအလာ၊ အလုပ်အကိုင်၊ အနေအထိုင်၊ ကျပ်တည်းကျင်းမြောင်းမှု ၊ ရောဂါဝေဒနာ ဒဏ်ကိုခံစားနေရမှု ၊ အရိုက်အနှက်ခံရမှု၊ တစ်စုံတစ်ခုနှင့် ထိခိုက်မှု စသည်တို့ကြောင့် ခန္တာကိုယ်၏ ပင်ပန်းနွမ်းနွယ်ခြင်းသည် ဒုက္ခချည်းတည်။ ယခုလောက၌လည်း ကိုယ်ခန္တာနာကျင်လျှင် “အလိုလေး… ဒုက္ခ ဒုက္ခ” ဟု ညည်းညူကြလေသည်။ ထိုသို့ခန္တာကိုယ် ဆင်းရဲသော်လည်း စိတ်ကား ဆင်းရဲချင်မှ ဆင်းရဲမည်။ ဘုရားအလောင်း ပါရမီဖြည့်တော်မှုရာ၌ မဟော်သဓာ၊ ဝေဿန္တရာ ဘဝသည် စသည်တို့ဝယ် ကိုယ်ခန္တာ မသက်သာဘဲ ဆင်းရဲ ဒုက္ခ ရောက်တော်မှုခဲ့သည်။ သို့သော် သတ္တဝါတို့၏ အကျိုးကို မျှော်ကိုးရင်း စေတနာကြောင့်စိတ်ဆင်းရဲမှု ဒေါမနဿကား မဖြစ်ခဲ့ပါ။

စိတ်ဆင်းရဲမှု၊ စိတ်မချမ်းသာမှု၊ စိတ်ညစ်မှု၊ စိတ်ပျက်မှု စသည်ဖြင့် စိတ်မှာဖြစ်နေသော ဒုက္ခစုကိုပင် “ဒေါမနဿ” ဟုခေါ်ရလေသည်။ ဤဒေါမနဿ ဝေဒနာသည် စိတ်မှာစွဲကပ်လာသော ရောဂါတစ်မျိုးဖြစ်သည်။ ထို့ကြောင့် “သူ့အကြောင်း ကြားရတာ စိတ်ထဲမှာ နာလွန်းလို့ ငါ့အား သူ့အကြောင်း မပြောလာပါနဲ့” စသည်ဖြင့် စိတ်မချမ်းသာမှုကိုပင် “စိတ်နာ” ဟု ပြောဆိုကြလေသည်။ ဤကဲ့သို့ စိတ်မချမ်းသာတိုင်း၊ စိတ်နာတိုင်းလည်း ကိုယ်ဆင်းရဲချင်မှ ဆင်းရဲမည်။ ခြွေရံပေါကြွယ် စည်းစိမ်လယ်မှာ ကိုယ်ခန္တာချမ်းမြပါလျက် ဓမ္မစကြာတရားတော်လာ “ယံပိစ္ဆံန လဘတိ၊ တမ္ပိ ဒုက္ခံ = ရတာမလို၊ လိုတာမရ” ဖြစ်နေကြသူတို့၏ ဒုက္ခလည်း ဤဒေါမနဿပင်တည်း။ ဤဒေါမနဿ၏ ဆင်းရဲပုံလည်း ခနာ္တကိုယ် ဆင်းရဲထက် လွန်ကဲပြင်းပြ၏။ ရွှေဘုံပေါ်မှ ဆင်းကာ တူပျော်ပျော် ယှဉ်တွဲလျက် တဲအိုထဲ၌ ကိုယ်ဆင်းရဲကို ခံနိုင်ကြလေသည်။

စိတ်ချမ်းသာအောင် ပြုပြင်နည်းမှာ အကြောင်းအားလျော်စွာ အတော်များစွာပါရှိ၏။ သို့သော် သူ့အကြောင်းနှင့် သူ့အကြောင်း ထိုက်တန်အောင် ပြုပြင်တတ်ဖို့ကား တော်တော်တန်တန် အသိဉာဏ် ရှိရုံမျှဖြင့် မလွယ်ကူချေ။ အချုပ်မှာ အရှည်ကိုမြော်မြင်၍ ဆိုင်ရာကိစ္စအဝဝကို ကြိုတင်ပြီး စီစဉ်ထားရမည်။ မိမိအစီအစဉ်နှင့် တည့်အောင်လည်း မပျင်းမရိလုံ့လရှိရမည်။ ထိုကဲ့သို့ ဉာဏ်ရော ဝီရိယပါ အရာရာ ပြည့်စုံပါလျက် ကံမကောင်း အကြောင်းမသင့် ဖြစ်ခဲ့ပါသော် (ရည်ရွယ်ချက် မမြောက်ခဲ့သော်) စိတ်အားမငယ်စေနှင့်။ နောက်တစ်မျိုးတိုး၍ ကြိုးစားလေဦး။ ကြိုးစားလျှင် ဘုရားပင်ဖြစ်နိုင်သေးသည်။ ထို့ပြင် လောကဓံကြောင့် မတုန်လှုပ်ဖို့လည်း အရေးကြီးသေး၏။ လောကဓံဆိုသည်ကား လောက၌ တွေ့ကြုံဖို့ရန် ထုံးစံတစ်မျိုးတည်း။

ထိုလောကဓံသည်

၁။ လာဘ ……………    ပစ္စည်းဥစ္စာရခြင်း

၂။ အလာဘ …………… ပစ္စည်းဥစ္စာမရခြင်း

၃။ ယသ ……………      အခြွေအရံများခြင်း

၄။ အယသ ……………   အခြွေအရံမရှိခြင်း

၅။ နိန္ဒာ ……………       အကဲ့ရဲ့ခံရခြင်း

၆။ ပသံသာ ……………  ချီးမွမ်းခံရခြင်း

၇။ သုခ ……………       ကိုယ်-စိတ်ချမ်းသာခြင်း

၈။ ဒုက္ခ ……………       ကိုယ်-စိတ်ဆင်းရဲခြင်း

ဤသို့အားဖြင့် ရှစ်ပါးရှိသည်။

ဤလောကဓံများ၌ မကောင်း ၄ပါး၊ ကောင်း ၄ပါးပါ၏။ ကောင်းသောလောကဓံနှင့် တွေ့ကြုံရသောအခါ ဝမ်းသာရွှင်ပျ တကြွကြွဖြစ်နေခြင်း၊ မကောင်းသောလောကဓံနှင့် တွေ့ကြုံသောအခါ စိတ်အားနွဲ့၍ တမဲ့မဲ့ဖြစ်နေခြင်းသည် လောကဓံကို တုန်လှုပ်ခြင်းသည်။ ဝမ်းသာလွယ်သူသည် ဝမ်းနည်းလွယ်သည်။ ဝမ်းသာအားကြီးသူသည် ဝမ်းနည်းအားကြီးသည်။ ဝမ်းနည်းမှုမှာ ပြခဲ့သော ဒေါမနဿ သဘောတည်း။ ထို့ကြောင့် အမြဲစိတ်ချမ်းသာခြင်းကို (ဆိုးဆိုးကောင်းကောင်း) သိသိသာသာ စိတ်မပြောင်းဖို့ သတိထားသင့်ကြပေသည်။

အရှင်ဇနကာဘိဝံသ

ကိုယ်ကျင့်အဘိဓ္ဓမာ (ဒုတိယခန်း)

Advertisements

ဒုကၡေဒါမနႆအေၾကာင္း

ကိုယ္ဆင္းရဲမႈကို “ဒုကၡ”၊ စိတ္ဆင္းရဲမႈကို “ေဒါမနႆ” ဟုေခၚသည္။ အသြားအလာ၊ အလုပ္အကိုင္၊ အေနအထိုင္၊ က်ပ္တည္းက်င္းေျမာင္းမႈ ၊ ေရာဂါေ၀ဒနာ ဒဏ္ကိုခံစားေနရမႈ ၊ အရိုက္အႏွက္ခံရမႈ၊ တစ္စံုတစ္ခုႏွင့္ ထိခိုက္မႈ စသည္တို႔ေၾကာင့္ ခႏၱာကိုယ္၏ ပင္ပန္းႏြမ္းႏြယ္ျခင္းသည္ ဒုကၡခ်ည္းတည္။ ယခုေလာက၌လည္း ကိုယ္ခႏၱာနာက်င္လွ်င္ “အလိုေလး… ဒုကၡ ဒုကၡ” ဟု ညည္းညဴၾကေလသည္။ ထိုသို႔ခႏၱာကိုယ္ ဆင္းရဲေသာ္လည္း စိတ္ကား ဆင္းရဲခ်င္မွ ဆင္းရဲမည္။ ဘုရားအေလာင္း ပါရမီျဖည့္ေတာ္မႈရာ၌ မေဟာ္သဓာ၊ ေ၀ႆႏၱရာ ဘ၀သည္ စသည္တို႔၀ယ္ ကိုယ္ခႏၱာ မသက္သာဘဲ ဆင္းရဲ ဒုကၡ ေရာက္ေတာ္မႈခဲ့သည္။ သုိ႔ေသာ္ သတၱ၀ါတို႔၏ အက်ိဳးကို ေမွ်ာ္ကိုးရင္း ေစတနာေၾကာင့္စိတ္ဆင္းရဲမႈ ေဒါမနႆကား မျဖစ္ခဲ့ပါ။

စိတ္ဆင္းရဲမႈ၊ စိတ္မခ်မ္းသာမႈ၊ စိတ္ညစ္မႈ၊ စိတ္ပ်က္မႈ စသည္ျဖင့္ စိတ္မွာျဖစ္ေနေသာ ဒုကၡစုကိုပင္ “ေဒါမနႆ” ဟုေခၚရေလသည္။ ဤေဒါမနႆ ေ၀ဒနာသည္ စိတ္မွာစြဲကပ္လာေသာ ေရာဂါတစ္မ်ိဳးျဖစ္သည္။ ထို႔ေၾကာင့္ “သူ႔အေၾကာင္း ၾကားရတာ စိတ္ထဲမွာ နာလြန္းလို႔ ငါ့အား သူ႔အေၾကာင္း မေျပာလာပါနဲ႔” စသည္ျဖင့္ စိတ္မခ်မ္းသာမႈကိုပင္ “စိတ္နာ” ဟု ေျပာဆိုၾကေလသည္။ ဤကဲ့သို႔ စိတ္မခ်မ္းသာတိုင္း၊ စိတ္နာတိုင္းလည္း ကိုယ္ဆင္းရဲခ်င္မွ ဆင္းရဲမည္။ ေျခြရံေပါၾကြယ္ စည္းစိမ္လယ္မွာ ကိုယ္ခႏၱာခ်မ္းျမပါလ်က္ ဓမၼစၾကာတရားေတာ္လာ “ယံပိစၦံန လဘတိ၊ တမၸိ ဒုကၡံ = ရတာမလို၊ လိုတာမရ” ျဖစ္ေနၾကသူတို႔၏ ဒုကၡလည္း ဤေဒါမနႆပင္တည္း။ ဤေဒါမနႆ၏ ဆင္းရဲပံုလည္း ခႏာၱကိုယ္ ဆင္းရဲထက္ လြန္ကဲျပင္းျပ၏။ ေရႊဘံုေပၚမွ ဆင္းကာ တူေပ်ာ္ေပ်ာ္ ယွဥ္တြဲလ်က္ တဲအိုထဲ၌ ကိုယ္ဆင္းရဲကို ခံႏိုင္ၾကေလသည္။

စိတ္ခ်မ္းသာေအာင္ ျပဳျပင္နည္းမွာ အေၾကာင္းအားေလ်ာ္စြာ အေတာ္မ်ားစြာပါရွိ၏။ သို႔ေသာ္ သူ႔အေၾကာင္းႏွင့္ သူ႔အေၾကာင္း ထိုက္တန္ေအာင္ ျပဳျပင္တတ္ဖို႔ကား ေတာ္ေတာ္တန္တန္ အသိဉာဏ္ ရွိရံုမွ်ျဖင့္ မလြယ္ကူေခ်။ အခ်ဳပ္မွာ အရွည္ကိုေျမာ္ျမင္၍ ဆိုင္ရာကိစၥအ၀၀ကို ၾကိဳတင္ၿပီး စီစဥ္ထားရမည္။ မိမိအစီအစဥ္ႏွင့္ တည့္ေအာင္လည္း မပ်င္းမရိလံု႔လရွိရမည္။ ထိုကဲ့သို႔ ဉာဏ္ေရာ ၀ီရိယပါ အရာရာ ျပည့္စံုပါလ်က္ ကံမေကာင္း အေၾကာင္းမသင့္ ျဖစ္ခဲ့ပါေသာ္ (ရည္ရြယ္ခ်က္ မေျမာက္ခဲ့ေသာ္) စိတ္အားမငယ္ေစႏွင့္။ ေနာက္တစ္မ်ိဳးတိုး၍ ၾကိဳးစားေလဦး။ ၾကိဳးစားလွ်င္ ဘုရားပင္ျဖစ္ႏိုင္ေသးသည္။ ထို႔ျပင္ ေလာကဓံေၾကာင့္ မတုန္လႈပ္ဖို႔လည္း အေရးၾကီးေသး၏။ ေလာကဓံဆိုသည္ကား ေလာက၌ ေတြ႔ၾကံဳဖို႔ရန္ ထံုးစံတစ္မ်ိဳးတည္း။

ထိုေလာကဓံသည္

၁။ လာဘ ……………    ပစၥည္းဥစၥာရျခင္း

၂။ အလာဘ …………… ပစၥည္းဥစၥာမရျခင္း

၃။ ယသ ……………      အေျခြအရံမ်ားျခင္း

၄။ အယသ ……………   အေျခြအရံမရွိျခင္း

၅။ နိႏၵာ ……………       အကဲ့ရဲ႕ခံရျခင္း

၆။ ပသံသာ ……………  ခ်ီးမြမ္းခံရျခင္း

၇။ သုခ ……………       ကိုယ္-စိတ္ခ်မ္းသာျခင္း

၈။ ဒုကၡ ……………       ကိုယ္-စိတ္ဆင္းရဲျခင္း

ဤသို႔အားျဖင့္ ရွစ္ပါးရွိသည္။

ဤေလာကဓံမ်ား၌ မေကာင္း ၄ပါး၊ ေကာင္း ၄ပါးပါ၏။ ေကာင္းေသာေလာကဓံႏွင့္ ေတြ႔ၾကံဳရေသာအခါ ၀မ္းသာရႊင္ပ် တၾကြၾကြျဖစ္ေနျခင္း၊ မေကာင္းေသာေလာကဓံႏွင့္ ေတြ႔ၾကံဳေသာအခါ စိတ္အားႏြ႔ဲ၍ တမဲ့မဲ့ျဖစ္ေနျခင္းသည္ ေလာကဓံကို တုန္လႈပ္ျခင္းသည္။ ၀မ္းသာလြယ္သူသည္ ၀မ္းနည္းလြယ္သည္။ ၀မ္းသာအားၾကီးသူသည္ ၀မ္းနည္းအားၾကီးသည္။ ၀မ္းနည္းမႈမွာ ျပခဲ့ေသာ ေဒါမနႆ သေဘာတည္း။ ထို႔ေၾကာင့္ အျမဲစိတ္ခ်မ္းသာျခင္းကို (ဆိုးဆိုးေကာင္းေကာင္း) သိသိသာသာ စိတ္မေျပာင္းဖို႔ သတိထားသင့္ၾကေပသည္။

အရွင္ဇနကာဘိ၀ံသ

ကိုယ္က်င့္အဘိဓၶမာ (ဒုတိယခန္း)

သုစရိုက် ၁၀-ပါး၊ ဒုစရိုက် ၁၀-ပါး

သုစရိုက် ၁၀-ပါး

ကာယ သုစရိုက် ၃-ပါး-
၁။ သတ္တဝါ အသက်ကိုသတ်ခြင်းမှ ရှောင်ကြဉ်ခြင်း။
၂။ သူတစ်ပါးပစ္စည်းကို မတရားယူခြင်းမှ ရှောင်ကြဉ်ခြင်း။
၃။ ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်ခြင်း။

ဝစီ သုစရိုက် ၄-ပါး-
၄။ မှန်သောစကားကို ပြောဆိုခြင်း။
၅။ ညီညွတ်စေလိုသောစိတ်ဖြင့် ပြောဆိုခြင်း။
၆။ နူးညံ့ချိုသာသော စကားကိုပြောဆိုခြင်း။
၇။ အကျိုးရှိသော စကားကိုပြောဆိုခြင်း။

မနော သုစရိုက် ၃-ပါး-
၈။ သူတစ်ပါးပစ္စည်း ရယူလိုစိတ် မရှိခြင်း။
၉။ သူတစ်ပါးကို ဖျက်ဆီးလိုစိတ် မရှိခြင်း။
၁၀။ မှန်သော အယူဝါဒကို ကိုးကွယ်ခြင်း။

——————————————

ဒုစရိုက် ၁၀-ပါး

ကာယ ဒုစရိုက် ၃-ပါး
၁။ သတ္တဝါ အသက်ကိုသတ်ခြင်း။
၂။ သူတစ်ပါးပစ္စည်းကို မတရားယူခြင်း။
၃။ ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်း။

ဝစီ ဒုစရိုက် ၄-ပါး
၄။ လိမ်ပြောခြင်း။
၅။ ကုန်းတိုက်ခြင်း။
၆။ ကြမ်းတမ်း ရိုင်းစိုင်းသော စကားကိုပြောခြင်း။
၇။ အကျိုးမရှိသော စကားကိုပြောခြင်း။

မနော ဒုစရိုက် ၃-ပါး
၈။ သူတစ်ပါးပစ္စည်း ရလိုမှုနှင့် ကြံစည်စိတ်။
၉။ သူတစ်ပါးကို ဖျက်ဆီးလိုစိတ်။
၁၀။ မှားယွင်းသော အယူဝါဒကို ကိုးကွယ်ခြင်း။

သုစ႐ိုက္ ၁၀-ပါး၊ ဒုစ႐ိုက္ ၁၀-ပါး

သုစ႐ိုက္ ၁၀-ပါး

ကာယ သုစ႐ိုက္ ၃-ပါး-
၁။ သတၱ၀ါ အသက္ကိုသတ္ျခင္းမွ ေရွာင္ၾကဥ္ျခင္း။
၂။ သူတစ္ပါးပစၥည္းကို မတရားယူျခင္းမွ ေရွာင္ၾကဥ္ျခင္း။
၃။ ကာမဂုဏ္တို႔၌ မွားယြင္းစြာ က်င့္ျခင္းမွ ေရွာင္ၾကဥ္ျခင္း။

၀စီ သုစ႐ိုက္ ၄-ပါး-
၄။ မွန္ေသာစကားကို ေျပာဆိုျခင္း။
၅။ ညီညြတ္ေစလိုေသာစိတ္ျဖင့္ ေျပာဆိုျခင္း။
၆။ ႏူးညံ့ခ်ဳိသာေသာ စကားကိုေျပာဆိုျခင္း။
၇။ အက်ဳိးရွိေသာ စကားကိုေျပာဆိုျခင္း။

မေနာ သုစ႐ိုက္ ၃-ပါး-
၈။ သူတစ္ပါးပစၥည္း ရယူလိုစိတ္ မရွိျခင္း။
၉။ သူတစ္ပါးကို ဖ်က္ဆီးလိုစိတ္ မရွိျခင္း။
၁၀။ မွန္ေသာ အယူ၀ါဒကို ကိုးကြယ္ျခင္း။

——————————————

ဒုစ႐ိုက္ ၁၀-ပါး

ကာယ ဒုစ႐ိုက္ ၃-ပါး
၁။ သတၱ၀ါ အသက္ကိုသတ္ျခင္း။
၂။ သူတစ္ပါးပစၥည္းကို မတရားယူျခင္း။
၃။ ကာမဂုဏ္တို႔၌ မွားယြင္းစြာ က်င့္ျခင္း။

၀စီ ဒုစ႐ိုက္ ၄-ပါး
၄။ လိမ္ေျပာျခင္း။
၅။ ကုန္းတိုက္ျခင္း။
၆။ ၾကမ္းတမ္း ႐ိုင္းစိုင္းေသာ စကားကိုေျပာျခင္း။
၇။ အက်ဳိးမရွိေသာ စကားကိုေျပာျခင္း။

မေနာ ဒုစ႐ိုက္ ၃-ပါး
၈။ သူတစ္ပါးပစၥည္း ရလိုမႈႏွင့္ ၾကံစည္စိတ္။
၉။ သူတစ္ပါးကို ဖ်က္ဆီးလိုစိတ္။
၁၀။ မွားယြင္းေသာ အယူ၀ါဒကို ကိုးကြယ္ျခင္း။

ယမမင်းထံ အစစ်ခံခြင်း

၁။ အိုကွဲ့ ယောက်ျား၊ မောင်လူသား၊ ဘယ်တရားများ ကျင့်ခဲ့တယ်။
ကျွန်တော်မျိုးမှာ၊ လျှောက်စရာ၊ ဘယ်ဟာကိုမျှ မရှိတယ်။

၂။ ကုသိုလ်ကောင်းမှု၊ တစ်ခုခု၊ မပြုခဲ့လားကွယ်။
ယမရာဇာ၊ မေးသောခါ၊ ခမျာ မှိုင်၍နေရှာတယ်။

၃။ အမောင်ယောက်ျား၊ သတိထား၊ စဉ်းစားပါဦးကွယ်။
ဗုဒ္ဓမြတ်စွာ၊ သာသနာ၊ မထွန်းပါလားကွယ်။
ကျွန်တော်တို့ရွာ၊ သာသနာ၊ ထွန်းလှပါတော့တယ်။

၄။ ပဗ္ဗဇ္ဇိ၊ ဒုလ္လဘ၊ မရခဲ့လားကွယ်။
သာသနာစက်၊ ရဟန်းဘက်၊ စိတ်မျှ မကွက်တယ်။

၅။ ရဟန်းဖြစ်မှာ၊ မင်းဆရာ၊ မဟောပါလားကွယ်။
ကျွန်တော့်ဆရာ၊ ဟောပြရှာ၊ နားမှာမဝင်တယ်။
ကျွန်တော့်စိတ်မှာ၊ သည်အခါ၊ ရွာသာ ရောက်တော့တယ်။

၆။ ယောက်ျားစစ်ပ၊ လှလှရ၊ မင်းဘဝကို နှမြောတယ်။
လူတို့ပြည်ရွာ၊ အမောင့်မှာ၊ ဘာများလုပ်ခဲ့တယ်။
ကျွန်တော်မယား၊ စားဖို့များ၊ ကြိုးစား လုပ်ခဲ့တယ်။

၇။ အမောင်,အမောင်၊ ယောင်တောင်တောင်၊ အမောင် မှားခဲ့တယ်။
သဒ္ဓါဖြောင့်တန်း၊ ဒါနခန်း၊ ပြောစမ်းပါဦးကွယ်။
သားကြီးရှင်ဖြစ်၊ ကျွန်တော်စစ်၊ ညှစ်၍ လှူခဲ့တယ်။

၈။ လှူသောအခါ၊ စေတနာ၊ သုံးဖြာညီလားကွယ်။
သုံးချက်စေတနာ၊ နည်းလှပါ၊ မှန်စွာ လျှောက်တော့မယ်။
ကျွန်တော့်အလှူ၊ ကြွေးတွေပူ၊ ငွေကူ မျှော်မိတယ်။
ကူငွေနှင့်သာ၊ ငါလှူတာ၊ ထေမိပါရင် တော်ရော့မယ်။
ကျွန်တော်မျိုးမှာ၊ သည်လိုသာ၊ အောက်မေ့မိပါတယ်။

၉။ ယုတ်မြတ်မဟူ၊ စားသောက်သူ၊ ကြည်ဖြူပါလားကွယ်။
ငွေကူများရာ၊ လူချမ်းသာ၊ မျက်နှာလိုက်၍ ကျွေးခဲ့တယ်။
မျက်နှာနည်းပါး၊ လူမွဲများ၊ မလွဲသာကျွေး ကျွေးခဲ့တယ်။
လူချမ်းသာပင်၊ မဏ္ဍပ်ဝင်၊ ဖျာလျှင်သင်ဖြူး ခင်းပေးတယ်။
သည်ကို ဟိုကို၊ ကြွပါဆို၊ ဗျို့ဗျာမစဲ ခေါ်ခဲ့တယ်။
ကွမ်းဆေးလက်ဖက်၊ ဆီစက်စက်၊ ဝက်နှင့်ကြက်သား ကျွေးခဲ့တယ်။
ကျွန်တော်မျိုးမှာ၊ ငွေမျက်နှာ၊ သည်လိုဟာမှ သဒ္ဓါတယ်။

၁ဝ။ မင့်အလှူမှာ၊ ငွေတွေဟာ၊ နှမြောပါဘိကွယ်။
ပရိက္ခရာ၊ ဆောင်ရန်မှာ၊ ကောင်းစွာ လှူလားကွယ်။
ပရိက္ခရာ၊ ညံ့လှစွာ၊ ဖိုးချိုတာမှ ဝယ်ပေးတယ်။

၁၁။ လှူသောအခါ၊ ပစ္စည်းမှာ၊ စင်ကြယ်ပါလားကွယ်။
ကျွန်တော်လှူတာ၊ ပစ္စည်းမှာ၊ ခိုးတာများခဲ့တယ်။

၁၂။ ပစ္စည်းကုန်မှာ၊ မင်းလှူတာ၊ ဝမ်းနည်းပါလေတယ်။
ဘုန်းကြီးပင့်ခန်း၊ အလမ်းလမ်း၊ ပြောစမ်းပါဦးကွယ်။
အကျင့်သိက္ခာ၊ ရွေးချယ်ကာ၊ မြတ်ရာ ကိုယ်တော် ပင့်လားကွယ်။
သည်လိုဟာမှာ၊ မလေ့လာ၊ မျက်နှာ,နာမှ ပင့်ခဲ့တယ်။
နှုတ်ဆက်ခေါ်ငင်၊ မျက်နှာရွှင်၊ ပုဂ္ဂိုလ်ကောင်းလို့ ထင်ခဲ့တယ်။
သည်လိုဆရာ၊ ကျွန်တော့်မှာ၊ များစွာပင့်ခဲ့တယ်။
တို့အမျိုးပါ၊ တို့ဆရာ၊ တို့ရွာကိုယ်တော် ပင့်ဦးမယ်။
ပြောင်းနှင့်စပါး၊ မင်းတို့များ၊ ဘယ်လောက်ရလားကွယ်။
ကျောင်းကိုများသွား၊ ရယ်ဟားဟား၊ လက်ဖက် ကွမ်းစားတယ်။
ငှက်ပျော အုန်းသီး၊ ဒကာကြီး၊ မြည်းစမ်းပါဦးကွယ်။
သည်လိုခေါ်ဆို၊ မျက်နှာချို၊ ထိုပုဂ္ဂိုလ်ကိုမှ ပင့်ခဲ့တယ်။
ကျွန်တော်တို့ရွာ၊ လှူကြတာ၊ သည်လိုချည်းသာ ပင့်ကြတယ်။

၁၃။ အမောင်လှူတာ၊ ဗလချာ၊ တန်ပါဦးတော့ကွယ်။
အင်္ဂါငါးလီ၊ ပဉ္စသီ၊ ဆောက်တည်မြဲလားကွယ်။
သီလငါးပါး၊ ကျင့်တရား၊ ပျက်ပြားများခဲ့တယ်။
သက်သတ်ခိုးမှု၊ ကာမေသု၊ တစ်ခုမကျန် ပေါက်ခဲ့တယ်။
မုသားသေရည်၊ ဤနှစ်လီ၊ ဝသီရှိတိုင်း ကျင့်ခဲ့တယ်။

၁၄။ ဖြစ်ခဲလေစွ၊ လူ့ဘဝ၊ သနားလှတော့တယ်။
ကျွန်တော်ချည်းသာ၊ မဟုတ်ပါ၊ လူတကာလည်း ပျက်ကြတယ်။
မိန်းမတွေဟာ၊ ပျက်လိုက်တာ၊ ဈေးဝယ်တာတောင် ရန်ဖြစ်တယ်။

၁၅။ သည်မှတစ်ခန်း၊ ရှေ့သို့လှမ်း၊ မေးစမ်းပါဦးမယ်။
ဘုရား တရား၊ သံဃာများ၊ ဝပ်တွားပါလားကွယ်။
ဘုရားဖူးများ၊ တဟားဟား၊ ပျော်ပါးရအောင်လိုက်ဖူးတယ်။

၁၆။ လိုက်သောအခါ၊ မြတ်ဗုဒ္ဓါ၊ ကြည်ညိုလှစွာ ဖူးလားကွယ်။
ဗုဒ္ဓဂုဏော၊ စိတ်မစော၊ ရယ်မော စားသောက် ပြန်ခဲ့တယ်။

၁၇။ မာတာပိတ၊ မိနှင့် ဖ၊ ညွတ်တွား ခယ ပါလားကွယ်။
မညွတ်ခ,ဘဲ၊ ကျွန်တော်လည်း၊ ဆဲတောင် ဆဲသေးတယ်။

၁၈။ မှားစွမှားစွ၊ မောင်ဗာလ၊ သနားပါဘိကွယ်။
တရားတော်မှာ၊ ဒေသနာ၊ ကြားနာရဲ့လားကွယ်။
စိတ်ကမပါ၊ ရှက်လိုက်တာ၊ လူဆိုမှာကြောင့် နာဖူးတယ်။

၁၉။ နာသောအခါ၊ မင်းစိတ်မှာ၊ သဒ္ဓါကြည်နူး ရှိလားကွယ်။
ကယောင်ချောက်ချား၊ စိတ်ကသွား၊ တောထဲများတောင် ရောက်သေးတယ်။

၂ဝ။ ပုဂ္ဂိုလ်များစွာ၊ ဟောကြားပါ၊ သည်တစ်ခါလားကွယ်။
ကျွန်တော်မျိုးမှာ၊ သည်တစ်ခါ၊ လူမျက်နှာကြောင့် လိုက်သေးတယ်။

၂၁။ သည်တစ်ခါ,နာ၊ အမောင်မှာ၊ ကြည်ညိုပါလားကွယ်။
တရားလည်းချ၊ အိပ်ရေးဝ၊ ထ၍ ပြန်ခဲ့တယ်။
မိန်းမတွေဟာ၊ ငိုက်လိုက်တာ၊ ကျွန်တော့်ထက်တောင် သာသေးတယ်။

၂၂။ စံကျောင်းဝိဟာ၊ မြတ်သံဃာ၊ ဆည်းကပ်ပါလားကွယ်။
ဆွမ်း မုန့် ငှက်ပျော၊ ကျောင်းမှာပေါ၊ ရော၍လိုက်ဖူးတယ်။

၂၃။ လိုက်သောအခါ၊ ထေရ်သံဃာ၊ ရဟန္တာသို့ ထင်လားကွယ်။
ဘုန်းကြီးနားမှာ၊ မရောက်ပါ၊ တော်ရာချောင်က ခိုခဲ့တယ်။

၂၄။ ခိုသောအခါ၊ မင့်စိတ်မှာ၊ ကြည်ညိုပါလားကွယ်။
ကြည်ညိုဝေးကွာ၊ ကျွန်တော့်မှာ၊ စားစရာသာ ကြည့်ခဲ့တယ်။
သူရကာယ်ပင်၊ ကျိုးမမြင်၊ ဘုန်းကြီးကပင် နှမြောတယ်။
သည်လိုများပေ၊ ကျွန်တော်လေ၊ ဆိုတောင်ဆိုမိတယ်။
ကျွန်တော်ချည်းသာ၊ မဟုတ်ပါ၊ သူတကာလည်း ဆိုကြတယ်။

၂၅။ ကျောင်းပစ္စည်းများ၊ အမောင်အား၊ မစားမသောက် ကင်းလားကွယ်။
စားသည့်ထမင်း၊ ဝမ်းတောင့်တင်း၊ ကျောင်းကအနိုင် ဆင်းခဲ့တယ်။

၂၆။ စားသည်မယွင်း၊ ကျောင်းတလင်း၊ ခတ်ခြင်း တံမြက် လှည်းလားကွယ်။
မလှည်းမိပါ၊ ကျွန်တော့်မှာ၊ စားပြီး သောက်ခါ ပြန်ခဲ့တယ်။
ကျွန်တော်တို့ရွာ၊ လူတွေဟာ၊ သည်လိုချည်းသာ စားကြတယ်။

၂၇။ အမောင် ယောက်ျား၊ မင်းဖြစ်ငြား၊ သနားပါဘိတယ်။
ဥပုသ်စောင့်ခန်း၊ ရှေ့သို့လှမ်း၊ မေးစမ်းပါဦးမယ်။
ဥပုသ်အင်္ဂါ၊ အရိယာ၊ ဖြူစွာသီလ စောင့်လားကွယ်။
ဘုန်းကြီးများထံ၊ သီလခံ၊ ကြွက်ဆူညံအောင် ပြောခဲ့တယ်။

၂၈။ ပြောသောစကား၊ မင်းဖြစ်ငြား၊ တရားကြောင်းလားကွယ်။
လယ်,ယာ,ကျွဲ,နွား၊ ပြောင်းစပါး၊ သားမယားကြောင်း ပြောခဲ့တယ်။
စပ်မိစပ်ရာ၊ ပြောလိုက်တာ၊ နွားချင်းလဲရာ ရောက်သေးတယ်။
စကားမဆုံး၊ တစ်နေ့လုံး၊ အုံးအုံးကြွက်အောင် ပြောခဲ့တယ်။
သည်လိုနှင့်ပင်၊ နေသာဝင်၊ အိမ်လျှင်ပြန်ခဲ့တယ်။
ဥပုသ်စောင့်ရာ၊ ပြောကြတာ၊ မိုးမရွာကြောင်းသာ များကြတယ်။

၂၉။ သီလပြောက်ကြား၊ စောင့်လေငြား၊ မိုးကား ကွက်ကြားရွာတတ်တယ်။
မင်းတို့လူ့ဘောင်၊ သီလကြောင်၊ မိုးရှောင်ကွင်းတတ်တယ်။
မင်းတို့ဖြစ်ပုံ၊ အလုံးစုံ၊ အကုန်တွေးပကွယ်။
မင်းတို့စောင့်တာ၊ ဥပုသ်မှာ၊ ထမင်းဆာတာ သနားတယ်။
ဘာဝနာလမ်း၊ ကမ္မဋ္ဌာန်း၊ စီးဖြန်းပါလားကွယ်။
ဘာဝနာလမ်း၊ ကမ္မဋ္ဌာန်း၊ စီးဖြန်းနည်းခဲ့တယ်။

၃ဝ။ တရားစကား၊ အမောင့်အား၊ ဆွေးနွေးပါလားကွယ်။
တတ်သည်ဆိုလျှင်၊ ကျွန်တော်ပင်၊ အလွန်မေးချင်တယ်။

၃၁။ မေးသောအခါ၊ မင်းစိတ်မှာ၊ ဘာဝနာလားကွယ်။
မဖြေနိုင်က၊ အရှက်ရ၊ နာမည်ပျက်အောင် မေးခဲ့တယ်။
တစ်ခါတစ်ခါ၊ ကျုပ်တို့ရွာ၊ စာ စကားသာ ပြောကြတယ်။
သင်္ဂြိုဟ်ဘေးပေါက်၊ ကောက်သင်းကောက် ရောက်မိရောက်ရာ ငြင်းကြတယ်။
ကျွန်တော်ကတောင်၊ တတ်ဟန်ဆောင်၊ ဖောင်ဖောင်လန်အောင် ငြင်းခဲ့တယ်။

၃၂။ ငြင်းသောအခါ၊ မင်းစိတ်မှာ၊ ဘယ်လိုပါလဲကွယ်။
ကျွန်တော်ကပင်၊ ဂုဏ်လိုချင်၊ တတ်သည်ထင်အောင် ငြင်းခဲ့တယ်။
ကျွန်တော်တို့ရွာ၊ လူတွေဟာ၊ စာငြင်းတာနှင့် ရန်ဖြစ်တယ်။

၃၃။ အမောင်ယောက်ျား၊ လျှောက်စကား၊ အမှားတွေသာ များခဲ့တယ်။
အားကိုးစရာ၊ ကုသိုလ်မှာ၊ ဘယ်ဟာကိုမျှ မရှိတယ်။
တစ်ခုကိုမျှ၊ မေးမရ၊ ဝမ်းနည်းလှချေတယ်။
အမောင့်ဖြစ်ထွေ၊ သနားလေ၊ လူ့ပြည်မယား မကယ်တယ်။
မကယ်ဖြစ်တာ၊ မင်းတစ်ခါ၊ ကြမ္မာမှောက်တော့မယ်။
အမောင့်ဖြစ်ပုံ၊ အလုံးစုံ၊ အကုန်သနားတယ်။
ယမရာဇာ၊ မေးသောခါ၊ ခမျာမှိုင်၍ နေတော့တယ်။
သည်သောအခါ၊ ငရဲရွာ၊ ဆွဲကာချတော့တယ်။

ယမမင်းထံ အစစ်ခံ သံပေါက် နိဋ္ဌိတံ။

ကျမ်းကိုး ။     ။ အမတ်ကြီး ဦးပေါ်ဦး
ဒေဝဒူတဝဂ်၊ တိကနိပါတ်၊ အင်္ဂုတ္တိုရ်။

ယမမင္းထံ အစစ္ခံျခင္း

၁။ အိုကြဲ႔ ေယာက်္ား၊ ေမာင္လူသား၊ ဘယ္တရားမ်ား က်င့္ခဲ့တယ္။
ကြၽန္ေတာ္မ်ဳိးမွာ၊ ေလွ်ာက္စရာ၊ ဘယ္ဟာကိုမွ် မရွိတယ္။

၂။ ကုသိုလ္ေကာင္းမႈ၊ တစ္ခုခု၊ မျပဳခဲ့လားကြယ္။
ယမရာဇာ၊ ေမးေသာခါ၊ ခမ်ာ မိႈင္၍ေနရွာတယ္။

၃။ အေမာင္ေယာက်္ား၊ သတိထား၊ စဥ္းစားပါဦးကြယ္။
ဗုဒၶျမတ္စြာ၊ သာသနာ၊ မထြန္းပါလားကြယ္။
ကြၽန္ေတာ္တို႔ရြာ၊ သာသနာ၊ ထြန္းလွပါေတာ့တယ္။

၄။ ပဗၺဇၨိ၊ ဒုလႅဘ၊ မရခဲ့လားကြယ္။
သာသနာစက္၊ ရဟန္းဘက္၊ စိတ္မွ် မကြက္တယ္။

၅။ ရဟန္းျဖစ္မွာ၊ မင္းဆရာ၊ မေဟာပါလားကြယ္။
ကြၽန္ေတာ့္ဆရာ၊ ေဟာျပရွာ၊ နားမွာမဝင္တယ္။
ကြၽန္ေတာ့္စိတ္မွာ၊ သည္အခါ၊ ရြာသာ ေရာက္ေတာ့တယ္။

၆။ ေယာက်္ားစစ္ပ၊ လွလွရ၊ မင္းဘဝကို ႏွေျမာတယ္။
လူတို႔ျပည္ရြာ၊ အေမာင့္မွာ၊ ဘာမ်ားလုပ္ခဲ့တယ္။
ကြၽန္ေတာ္မယား၊ စားဖို႔မ်ား၊ ၾကိဳးစား လုပ္ခဲ့တယ္။

၇။ အေမာင္,အေမာင္၊ ေယာင္ေတာင္ေတာင္၊ အေမာင္ မွားခဲ့တယ္။
သဒၶါေျဖာင့္တန္း၊ ဒါနခန္း၊ ေျပာစမ္းပါဦးကြယ္။
သားႀကီးရွင္ျဖစ္၊ ကြၽန္ေတာ္စစ္၊ ညႇစ္၍ လွဴခဲ့တယ္။

၈။ လွဴေသာအခါ၊ ေစတနာ၊ သံုးျဖာညီလားကြယ္။
သံုးခ်က္ေစတနာ၊ နည္းလွပါ၊ မွန္စြာ ေလွ်ာက္ေတာ့မယ္။
ကြၽန္ေတာ့္အလွဴ၊ ေႂကြးေတြပူ၊ ေငြကူ ေမွ်ာ္မိတယ္။
ကူေငြႏွင့္သာ၊ ငါလွဴတာ၊ ေထမိပါရင္ ေတာ္ေရာ့မယ္။
ကြၽန္ေတာ္မ်ဳိးမွာ၊ သည္လိုသာ၊ ေအာက္ေမ့မိပါတယ္။

၉။ ယုတ္ျမတ္မဟူ၊ စားေသာက္သူ၊ ၾကည္ျဖဴပါလားကြယ္။
ေငြကူမ်ားရာ၊ လူခ်မ္းသာ၊ မ်က္ႏွာလိုက္၍ ေကြၽးခဲ့တယ္။
မ်က္ႏွာနည္းပါး၊ လူမြဲမ်ား၊ မလြဲသာေကြၽး ေကြၽးခဲ့တယ္။
လူခ်မ္းသာပင္၊ မ႑ပ္ဝင္၊ ဖ်ာလွ်င္သင္ျဖဴး ခင္းေပးတယ္။
သည္ကို ဟိုကို၊ ႂကြပါဆို၊ ဗ်ဳိ႕ဗ်ာမစဲ ေခၚခဲ့တယ္။
ကြမ္းေဆးလက္ဖက္၊ ဆီစက္စက္၊ ဝက္ႏွင့္ၾကက္သား ေကြၽးခဲ့တယ္။
ကြၽန္ေတာ္မ်ဳိးမွာ၊ ေငြမ်က္ႏွာ၊ သည္လိုဟာမွ သဒၶါတယ္။

၁ဝ။ မင့္အလွဴမွာ၊ ေငြေတြဟာ၊ ႏွေျမာပါဘိကြယ္။
ပရိကၡရာ၊ ေဆာင္ရန္မွာ၊ ေကာင္းစြာ လွဴလားကြယ္။
ပရိကၡရာ၊ ညံ့လွစြာ၊ ဖိုးခ်ဳိတာမွ ဝယ္ေပးတယ္။

၁၁။ လွွဴေသာအခါ၊ ပစၥည္းမွာ၊ စင္ၾကယ္ပါလားကြယ္။
ကြၽန္ေတာ္လွွဴတာ၊ ပစၥည္းမွာ၊ ခိုးတာမ်ားခဲ့တယ္။

၁၂။ ပစၥည္းကုန္မွာ၊ မင္းလွဴတာ၊ ဝမ္းနည္းပါေလတယ္။
ဘုန္းႀကီးပင့္ခန္း၊ အလမ္းလမ္း၊ ေျပာစမ္းပါဦးကြယ္။
အက်င့္သိကၡာ၊ ေရြးခ်ယ္ကာ၊ ျမတ္ရာ ကိုယ္ေတာ္ ပင့္လားကြယ္။
သည္လိုဟာမွာ၊ မေလ့လာ၊ မ်က္ႏွာ,နာမွ ပင့္ခဲ့တယ္။
ႏႈတ္ဆက္ေခၚငင္၊ မ်က္ႏွာရႊင္၊ ပုဂၢိဳလ္ေကာင္းလို႔ ထင္ခဲ့တယ္။
သည္လိုဆရာ၊ ကြၽန္ေတာ့္မွာ၊ မ်ားစြာပင့္ခဲ့တယ္။
တို႔အမ်ဳိးပါ၊ တို႔ဆရာ၊ တို႔ရြာကိုယ္ေတာ္ ပင့္ဦးမယ္။
ေျပာင္းႏွင့္စပါး၊ မင္းတို႔မ်ား၊ ဘယ္ေလာက္ရလားကြယ္။
ေက်ာင္းကိုမ်ားသြား၊ ရယ္ဟားဟား၊ လက္ဖက္ ကြမ္းစားတယ္။
ငွက္ေပ်ာ အုန္းသီး၊ ဒကာႀကီး၊ ျမည္းစမ္းပါဦးကြယ္။
သည္လိုေခၚဆို၊ မ်က္ႏွာခ်ဳိ၊ ထိုပုဂၢိဳလ္ကိုမွ ပင့္ခဲ့တယ္။
ကြၽန္ေတာ္တို႔ရြာ၊ လွဴၾကတာ၊ သည္လိုခ်ည္းသာ ပင့္ၾကတယ္။

၁၃။ အေမာင္လွွဴတာ၊ ဗလခ်ာ၊ တန္ပါဦးေတာ့ကြယ္။
အဂၤါငါးလီ၊ ပဥၥသီ၊ ေဆာက္တည္ျမဲလားကြယ္။
သီလငါးပါး၊ က်င့္တရား၊ ပ်က္ျပားမ်ားခဲ့တယ္။
သက္သတ္ခိုးမႈ၊ ကာေမသု၊ တစ္ခုမက်န္ ေပါက္ခဲ့တယ္။
မုသားေသရည္၊ ဤႏွစ္လီ၊ ဝသီရွိတိုင္း က်င့္ခဲ့တယ္။

၁၄။ ျဖစ္ခဲေလစြ၊ လူ႔ဘဝ၊ သနားလွေတာ့တယ္။
ကြၽန္ေတာ္ခ်ည္းသာ၊ မဟုတ္ပါ၊ လူတကာလည္း ပ်က္ၾကတယ္။
မိန္းမေတြဟာ၊ ပ်က္လိုက္တာ၊ ေစ်းဝယ္တာေတာင္ ရန္ျဖစ္တယ္။

၁၅။ သည္မွတစ္ခန္း၊ ေရွ႔သို႔လွမ္း၊ ေမးစမ္းပါဦးမယ္။
ဘုရား တရား၊ သံဃာမ်ား၊ ဝပ္တြားပါလားကြယ္။
ဘုရားဖူးမ်ား၊ တဟားဟား၊ ေပ်ာ္ပါးရေအာင္လိုက္ဖူးတယ္။

၁၆။ လိုက္ေသာအခါ၊ ျမတ္ဗုဒၶါ၊ ၾကည္ညိဳလွစြာ ဖူးလားကြယ္။
ဗုဒၶဂုေဏာ၊ စိတ္မေစာ၊ ရယ္ေမာ စားေသာက္ ျပန္ခဲ့တယ္။

၁၇။ မာတာပိတ၊ မိႏွင့္ ဖ၊ ညြတ္တြား ခယ ပါလားကြယ္။
မညြတ္ခ,ဘဲ၊ ကြၽန္ေတာ္လည္း၊ ဆဲေတာင္ ဆဲေသးတယ္။

၁၈။ မွားစြမွားစြ၊ ေမာင္ဗာလ၊ သနားပါဘိကြယ္။
တရားေတာ္မွာ၊ ေဒသနာ၊ ၾကားနာရဲ႔လားကြယ္။
စိတ္ကမပါ၊ ရွက္လိုက္တာ၊ လူဆိုမွာေၾကာင့္ နာဖူးတယ္။

၁၉။ နာေသာအခါ၊ မင္းစိတ္မွာ၊ သဒၶါၾကည္ႏူး ရွိလားကြယ္။
ကေယာင္ေခ်ာက္ခ်ား၊ စိတ္ကသြား၊ ေတာထဲမ်ားေတာင္ ေရာက္ေသးတယ္။

၂ဝ။ ပုဂၢိဳလ္္မ်ားစြာ၊ ေဟာၾကားပါ၊ သည္တစ္ခါလားကြယ္။
ကြၽန္ေတာ္မ်ဳိးမွာ၊ သည္တစ္ခါ၊ လူမ်က္ႏွာေၾကာင့္ လိုက္ေသးတယ္။

၂၁။ သည္တစ္ခါ,နာ၊ အေမာင္မွာ၊ ၾကည္ညိဳပါလားကြယ္။
တရားလည္းခ်၊ အိပ္ေရးဝ၊ ထ၍ ျပန္ခဲ့တယ္။
မိန္းမေတြဟာ၊ ငိုက္လိုက္တာ၊ ကြၽန္ေတာ့္ထက္ေတာင္ သာေသးတယ္။

၂၂။ စံေက်ာင္းဝိဟာ၊ ျမတ္သံဃာ၊ ဆည္းကပ္ပါလားကြယ္။
ဆြမ္း မုန္႔ ငွက္ေပ်ာ၊ ေက်ာင္းမွာေပါ၊ ေရာ၍လိုက္ဖူးတယ္။

၂၃။ လိုက္ေသာအခါ၊ ေထရ္သံဃာ၊ ရဟႏၲာသို႔ ထင္လားကြယ္။
ဘုန္းႀကီးနားမွာ၊ မေရာက္ပါ၊ ေတာ္ရာေခ်ာင္က ခိုခဲ့တယ္။

၂၄။ ခိုေသာအခါ၊ မင့္စိတ္မွာ၊ ၾကည္ညိဳပါလားကြယ္။
ၾကည္ညိဳေဝးကြာ၊ ကြၽန္ေတာ့္မွာ၊ စားစရာသာ ၾကည့္ခဲ့တယ္။
သူရကာယ္ပင္၊ က်ဳိးမျမင္၊ ဘုန္းႀကီးကပင္ ႏွေျမာတယ္။
သည္လိုမ်ားေပ၊ ကြၽန္ေတာ္ေလ၊ ဆိုေတာင္ဆိုမိတယ္။
ကြၽန္ေတာ္ခ်ည္းသာ၊ မဟုတ္ပါ၊ သူတကာလည္း ဆိုၾကတယ္။

၂၅။ ေက်ာင္းပစၥည္းမ်ား၊ အေမာင္အား၊ မစားမေသာက္ ကင္းလားကြယ္။
စားသည့္ထမင္း၊ ဝမ္းေတာင့္တင္း၊ ေက်ာင္းကအႏိုင္ ဆင္းခဲ့တယ္။

၂၆။ စားသည္မယြင္း၊ ေက်ာင္းတလင္း၊ ခတ္ျခင္း တံျမက္ လွည္းလားကြယ္။
မလွည္းမိပါ၊ ကြၽန္ေတာ့္မွာ၊ စားၿပီး ေသာက္ခါ ျပန္ခဲ့တယ္။
ကြၽန္ေတာ္တို႔ရြာ၊ လူေတြဟာ၊ သည္လိုခ်ည္းသာ စားၾကတယ္။

၂၇။ အေမာင္ ေယာက်္ား၊ မင္းျဖစ္ျငား၊ သနားပါဘိတယ္။
ဥပုသ္ေစာင့္ခန္း၊ ေရွ႔သို႔လွမ္း၊ ေမးစမ္းပါဦးမယ္။
ဥပုသ္အဂၤါ၊ အရိယာ၊ ျဖဴစြာသီလ ေစာင့္လားကြယ္။
ဘုန္းႀကီးမ်ားထံ၊ သီလခံ၊ ႂကြက္ဆူညံေအာင္ ေျပာခဲ့တယ္။

၂၈။ ေျပာေသာစကား၊ မင္းျဖစ္ျငား၊ တရားေၾကာင္းလားကြယ္။
လယ္,ယာ,ကြၽဲ,ႏြား၊ ေျပာင္းစပါး၊ သားမယားေၾကာင္း ေျပာခဲ့တယ္။
စပ္မိစပ္ရာ၊ ေျပာလိုက္တာ၊ ႏြားခ်င္းလဲရာ ေရာက္ေသးတယ္။
စကားမဆံုး၊ တစ္ေန႔လံုး၊ အံုးအံုးႂကြက္ေအာင္ ေျပာခဲ့တယ္။
သည္လိုႏွင့္ပင္၊ ေနသာဝင္၊ အိမ္လွ်င္ျပန္ခဲ့တယ္။
ဥပုသ္ေစာင့္ရာ၊ ေျပာၾကတာ၊ မိုးမရြာေၾကာင္းသာ မ်ားၾကတယ္။

၂၉။ သီလေျပာက္ၾကား၊ ေစာင့္ေလျငား၊ မိုးကား ကြက္ၾကားရြာတတ္တယ္။
မင္းတို႔လူ႔ေဘာင္၊ သီလေၾကာင္၊ မိုးေရွာင္ကြင္းတတ္တယ္။
မင္းတို႔ျဖစ္ပံု၊ အလံုးစံု၊ အကုန္ေတြးပကြယ္။
မင္းတို႔ေစာင့္တာ၊ ဥပုသ္မွာ၊ ထမင္းဆာတာ သနားတယ္။
ဘာဝနာလမ္း၊ ကမၼ႒ာန္း၊ စီးျဖန္းပါလားကြယ္။
ဘာဝနာလမ္း၊ ကမၼ႒ာန္း၊ စီးျဖန္းနည္းခဲ့တယ္။

၃ဝ။ တရားစကား၊ အေမာင့္အား၊ ေဆြးေႏြးပါလားကြယ္။
တတ္သည္ဆိုလွ်င္၊ ကြၽန္ေတာ္ပင္၊ အလြန္ေမးခ်င္တယ္။

၃၁။ ေမးေသာအခါ၊ မင္းစိတ္မွာ၊ ဘာဝနာလားကြယ္။
မေျဖႏိုင္က၊ အရွက္ရ၊ နာမည္ပ်က္ေအာင္ ေမးခဲ့တယ္။
တစ္ခါတစ္ခါ၊ က်ဳပ္တို႔ရြာ၊ စာ စကားသာ ေျပာၾကတယ္။
သၿဂႋဳဟ္ေဘးေပါက္၊ ေကာက္သင္းေကာက္ ေရာက္မိေရာက္ရာ ျငင္းၾကတယ္။
ကြၽန္ေတာ္ကေတာင္၊ တတ္ဟန္ေဆာင္၊ ေဖာင္ေဖာင္လန္ေအာင္ ျငင္းခဲ့တယ္။

၃၂။ ျငင္းေသာအခါ၊ မင္းစိတ္မွာ၊ ဘယ္လိုပါလဲကြယ္။
ကြၽန္ေတာ္ကပင္၊ ဂုဏ္လိုခ်င္၊ တတ္သည္ထင္ေအာင္ ျငင္းခဲ့တယ္။
ကြၽန္ေတာ္တို႔ရြာ၊ လူေတြဟာ၊ စာျငင္းတာႏွင့္ ရန္ျဖစ္တယ္။

၃၃။ အေမာင္ေယာက်္ား၊ ေလွ်ာက္စကား၊ အမွားေတြသာ မ်ားခဲ့တယ္။
အားကိုးစရာ၊ ကုသိုလ္မွာ၊ ဘယ္ဟာကိုမွ် မရွိတယ္။
တစ္ခုကိုမွ်၊ ေမးမရ၊ ဝမ္းနည္းလွေခ်တယ္။
အေမာင့္ျဖစ္ေထြ၊ သနားေလ၊ လူ႔ျပည္မယား မကယ္တယ္။
မကယ္ျဖစ္တာ၊ မင္းတစ္ခါ၊ ၾကမၼာေမွာက္ေတာ့မယ္။
အေမာင့္ျဖစ္ပံု၊ အလံုးစံု၊ အကုန္သနားတယ္။
ယမရာဇာ၊ ေမးေသာခါ၊ ခမ်ာမိႈင္၍ ေနေတာ့တယ္။
သည္ေသာအခါ၊ ငရဲရြာ၊ ဆြဲကာခ်ေတာ့တယ္။

ယမမင္းထံ အစစ္ခံ သံေပါက္ နိ႒ိတံ။

က်မ္းကိုး ။     ။ အမတ္ႀကီး ဦးေပၚဦး
ေဒ၀ဒူတ၀ဂ္၊ တိကနိပါတ္၊ အဂၤုတၱိဳရ္။

%d bloggers like this: