မာတုဂါမများကြောင့် ရဟန်းသံဃာတော်တို့မှာ ဘယ်လိုအာပတ်တွေ သင့်တက်ပါသလဲ

ဦးဇင်းMA ။ ။ မာတုဂါမကြောင့် ရဟန်းသံဃာတော်များမှာ ဘယ်လိုအာပတ်တွေ သင့်တက်ပါသလဲဘုရား။

ဦးဇင်း ။ ။ မာတုဂါမကြောင့် ပါရာဇိတ အာပတ်လည်း သင့်နိုုင်ပါတယ်။ သံဃာဒိသိသ်အာပတ်လည်း သင့်နိုင်တယ်။ ထုလ္လစ္စဉ်းအာပတ်လည်း သင့်နိုင်တယ်။ ပါစိတ်အာပတ်လည်း သင့်နိုင်တယ်။ ဒုက္ကဋ်အာပါတ်လည်း သင့်နိုင်တယ်။

ဦးဇင်းMA ။ ။ အာပတ်တွေ အကုန်လုံး သင့်နိုင်ပါသော်လည်း ဒကာမတွေနဲ့ ဆက်ဆံနေရတာပဲဘုရား။

ဦးဇင်း ။ ။ အရှင်အာနန္ဒာက သာသနာ့နောင်ရေးကို မျှော်တွေးပြီး မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန် စံခါနီးမှာ လှောက်ထားခဲ့တာတွေရှိတယ်။

ဦးဇင်းMA။ ။ မာတုဂါမနဲ့ ပတ်သက်တာလားဘုရား။ ဦးဇင်း ။ ။ မှန်ပါတယ်။ မာတုဂါမများနဲ့ စပ်လျဉ်းပြီး လျှောက်တာပါ။ ‘ရှင်တော်မြတ်ဘုရားတဲ့ တပည့်တော်တို့ မာတုဂါမများနှင့် စပ်လျဉ်းပြီး ဘယ်လိုများ ပြုကျင့်ရမလဲလို့’ လျှောက်ထားပါတယ်။ ‘မြတ်စွာဘုရားရှင်’ က ‘အာနန္ဒာမတွေ့ရ ၊ မမြင်ရအောင် ကျင့်သုံးရမယ်’ လို့ မိန့်တော်မူပါတယ်။ တစ်ခါထပ်ပြီး အရှင်အာနန္ဒာက ‘မြတ်စွာဘုရား တွေ့မြင်ခဲ့ရင်ကော ဘယ်လိုကျင့်သုံးရမလဲ’ လို့ မေးလျှောက်ပြန်ပါတယ်။ ‘အာနန္ဒာ ၊ စကားမပြောဘဲနေရမယ်’ လို့ မိန့်တော်မူပါတယ်။ ဆက်လက်ပြီးတော့မှ ‘ရှင်တော်ဘုရား ၊ မလွှဲမရှောင်သာ စကားပြောရတဲ ့အခါကျတော ့ဘယ်လိုကျင် ့သုံးရမလဲ’လို ့မေးလျှောက်တဲ ့အခါမှာတော ့မြတ်စွာဘုရားရှင်က’အာနန္ဒာအမေရင်း၊ အမရင်းကဲ ့သို ့သတိထားပြီးမှပြောရမယ်’ လို ့မိန် ့တော်မူခဲ ့ပါတယ်။

ဦးဇင်းMA။ ။ဘုရားရှင်ရဲ ့သင်ကြားမှုကတိုသော်လည်း ထိရောက်လှပါတယ်ဘုရား။

ဦးဇင်း။ ။မှန်ပါတယ်၊ရဟန်းတော်များကို မာတုကာမတွေက ဆွမ်းတွေ လောင်းကြတယ်။ ပစ္စည်းလေးပါးထောက်ပံ့လှူဒါန်းကြတယ်၊ ဒါတွေကိုသုံးဆောင်ပြီး တော့ သံသရာကလွတ်မြောက်တဲ့အထိလဲကျေးဇူးများပါတယ်။ကျေးဇူးများခဲ့တဲ့ သာဓကတွေ ယနေ့ရော၊ အတိတ်သာသနာ့သမိုင်းမှာပါ ရှိခဲ့ပါတယ်၊ ဒါပေမယ့် မာတုကာမနှင့် ဆက်ဆံရေးမှာ အပ္ပမာဒ သတိမဦးစီးဘဲ ပမာဒ မောဟလွှမ်းမိုးရင် တော့ ဒုက္ကဋ်အာပတ်ကစပြီး ဂရုအာပတ်ထိ သင့်နိုင်ပါတယ်။

ဦးဇင်း MA ။ ။မှန်လှပါဘုရား၊။ တပည့်တော် နောင်ရောခုရော ပမာဒမဖြစ် ပဲ အပ္ပမာဒ သတိဖြင့် ဆင်ဆင်ခြင်ခြင်နေပါ့မယ် ဘုရား။

Advertisements

မာတုဂါမမ်ားေၾကာင္႕ ရဟန္းသံဃာေတာ္တို႕မွာ ဘယ္လိုအာပတ္ေတြ သင္႕တက္ပါသလဲ

ဦးဇင္းMA ။ ။ မာတုဂါမေၾကာင္႕ ရဟန္းသံဃာေတာ္မ်ားမွာ ဘယ္လိုအာပတ္ေတြ သင္႕တက္ပါသလဲဘုရား။

ဦးဇင္း ။ ။ မာတုဂါမေၾကာင္႕ ပါရာဇိတ အာပတ္လည္း သင္႕ႏိုုင္ပါတယ္။ သံဃာဒိသိသ္အာပတ္လည္း သင္႕ႏိုင္တယ္။ ထုလႅစၥဥ္းအာပတ္လည္း သင္႕ႏိုင္တယ္။ ပါစိတ္အာပတ္လည္း သင္႕ႏိုင္တယ္။ ဒုကၠဋ္အာပါတ္လည္း သင္႕ႏိုင္တယ္။

ဦးဇင္းMA ။ ။ အာပတ္ေတြ အကုန္လံုး သင္႕ႏိုင္ပါေသာ္လည္း ဒကာမေတြနဲ႕ ဆက္ဆံေနရတာပဲဘုရား။

ဦးဇင္း ။ ။ အရွင္အာနႏၵာက သာသနာ႕ေနာင္ေရးကို ေမွ်ာ္ေတြးျပီး ျမတ္စြာဘုရားရွင္ ပရိနိဗၺာန္ စံခါနီးမွာ ေလွွာက္ထားခဲ႕တာေတြရွိတယ္။

ဦးဇင္းMA။ ။ မာတုဂါမနဲ႕ ပတ္သက္တာလားဘုရား။ ဦးဇင္း ။ ။ မွန္ပါတယ္။ မာတုဂါမမ်ားနဲ႕ စပ္လ်ဥ္းျပီး ေလွ်ာက္တာပါ။ ‘ရွင္ေတာ္ျမတ္ဘုရားတဲ႕ တပည္႕ေတာ္တို႕ မာတုဂါမမ်ားႏွင္႕ စပ္လ်ဥ္းျပီး ဘယ္လိုမ်ား ျပဳက်င္႕ရမလဲလို႕’ ေလွ်ာက္ထားပါတယ္။ ‘ျမတ္စြာဘုရားရွင္’ က ‘အာနႏၵာမေတြ႕ရ ၊ မျမင္ရေအာင္ က်င္႕သံုးရမယ္’ လို႕ မိန္႕ေတာ္မူပါတယ္။ တစ္ခါထပ္ျပီး အရွင္အာနႏၵာက ‘ျမတ္စြာဘုရား ေတြ႕ျမင္ခဲ႕ရင္ေကာ ဘယ္လိုက်င္႕သံုးရမလဲ’ လို႕ ေမးေလွ်ာက္ျပန္ပါတယ္။ ‘အာနႏၵာ ၊ စကားမေျပာဘဲေနရမယ္’ လို႕ မိန္႕ေတာ္မူပါတယ္။ ဆက္လက္ျပီးေတာ႕မွ ‘ရွင္ေတာ္ဘုရား ၊ မလႊဲမေရွာင္သာ စကားေျပာ၇တဲ ့အခါက်ေတာ ့ဘယ္လိုက်င္ ့သံုးရမလဲ’လို ့ေမးေလွ်ာက္တဲ ့အခါမွာေတာ ့ၿမတ္စြာဘုရားရွင္က’အာနႏၵာအေမရင္း၊ အမရင္းကဲ ့သို ့သတိထားၿပီးမွေၿပာရမယ္’ လို ့မိန္ ့ေတာ္မူခဲ ့ပါတယ္။

ဦးဇင္းMA။ ။ဘုရားရွင္ရဲ ့သင္ၾကားမႈကတိုေသာ္လည္း ထိေရာက္လွပါတယ္ဘုရား။

ဦးဇင္း။ ။မွန္ပါတယ္၊ရဟန္းေတာ္မ်ားကို မာတုကာမေတြက ဆြမ္းေတြ ေလာင္းၾကတယ္။ ပစၥည္းေလးပါးေထာက္ပံ့လွူဒါန္းၾကတယ္၊ ဒါေတြကိုသံုးေဆာင္ၿပီး ေတာ့ သံသရာကလြတ္ေျမာက္တဲ့အထိလဲေက်းဇူးမ်ားပါတယ္။ေက်းဇူးမ်ားခဲ့တဲ့ သာဓကေတြ ယေန႔ေရာ၊ အတိတ္သာသနာ့သမိုင္းမွာပါ ရွိခဲ့ပါတယ္၊ ဒါေပမယ့္ မာတုကာမႏွင့္ ဆက္ဆံေရးမွာ အပၸမာဒ သတိမဦးစီးဘဲ ပမာဒ ေမာဟလႊမ္းမိုးရင္ ေတာ့ ဒုကၠဋ္အာပတ္ကစၿပီး ဂရုအာပတ္ထိ သင့္ႏုိင္ပါတယ္။

ဦးဇင္း MA ။ ။မွန္လွပါဘုရား၊။ တပည့္ေတာ္ ေနာင္ေရာခုေရာ ပမာဒမျဖစ္ ပဲ အပၸမာဒ သတိျဖင့္ ဆင္ဆင္ျခင္ျခင္ေနပါ့မယ္္ ဘုရား။

ဒေဝဒတ္တသုတ်

ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏၊
ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ မသူတော်တရား သုံးပါးတို့ဖြင့် အနှိပ်စက်ခံရသော သိမ်းရုံးယူအပ်သည့် စိတ်ရှိသော ဒေဝဒတ်သည် အပါယ်၌ ဖြစ်ရ၏၊ ငရဲ၌ ဖြစ်ရ၏၊ အန္တရကပ်ပတ်လုံး တည်၏၊ ကုစား၍ မရကောင်း၊ အဘယ်သုံးပါးတို့နှင့်နည်း…

၁…
ရဟန်းတို့ ယုတ်မာသော အလိုဆိုးဖြင့် အနှိပ်စက်ခံရသော သိမ်းရုံးယူအပ်သည့် စိတ်ရှိသော ဒေဝဒတ်သည် အပါယ်၌ ဖြစ်ရ၏၊ ငရဲ၌ ဖြစ်ရ၏၊ အန္တရကပ်ပတ်လုံး တည်၏၊ ကုစား၍ မရကောင်း။

၂…
ရဟန်းတို့ မိတ်ဆွေယုတ် ရှိသည်၏ အဖြစ်ဖြင့် အနှိပ်စက် ခံရသော သိမ်းရုံး ယူအပ်သည့် စိတ်ရှိသော ဒေဝဒတ်သည် အပါယ်၌ ဖြစ်ရ၏၊ ငရဲ၌ ဖြစ်ရ၏၊ အန္တရကပ် ပတ်လုံးတည်၏၊ ကုစား၍ မရကောင်း။

၃…
ဈာန်အဘိညာဉ်တို့ထက် အလွန်ဖြစ်သော မဂ်ဖိုလ်အတွက် ပြုဖွယ်ကိစ္စ ရှိသေး သည် ဖြစ်ပါလျက် အနည်းငယ်မျှသော ဈာန်အဘိညာဉ် တရားထူးကို ရခြင်းဖြင့် အကြား၌သာ ပြီးဆုံးခြင်းသို့ ရောက်နေရ၏။

ရဟန်းတို့ …
ဤမသူတော်တရား သုံးပါးတို့ဖြင့် အနှိပ်စက်ခံရသော သိမ်းရုံးယူအပ်သည့် စိတ်ရှိသော ဒေဝဒတ်သည် အပါယ်၌ ဖြစ်ရ၏၊ ငရဲ၌ ဖြစ်ရ၏၊ အန္တရကပ် ပတ်လုံး တည်၏၊ ကုစား၍ မရကောင်း၊ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော် မူ၏၊

ထိုသုတ်၌ ဤအနက်သဘောကို…
”လောက၌ တစ်စုံတစ်ယောက်သော သူသည် အဘယ်အခါမျှ ယုတ်မာသော အလိုရှိသူ မဖြစ်ပါစေလင့်၊ ယုတ်မာသော အလိုရှိသူတို့၏ လားရာ ‘ဂတိ’ ကဲ့သို့ ထိုသို့သော လားရာ’ဂတိ’ကို ဤဆိုလတ္တံ့သော အကြောင်းဖြင့် သိကြကုန်လော့။

ပညာရှိဟု ထင်ရှားသော ဈာန်အဘိညာဉ်တို့ဖြင့် ပွါးများအပ်ပြီးသော စိတ်ရှိသူဟု သမုတ်အပ်သော ဒေဝဒတ်သည် အခြံအရံဖြင့် တောက်ပသကဲ့သို့တည်၏ဟု ထင်ရှားခဲ့၏။ ထိုဒေဝဒတ်သည် မိမိအတိုင်းအရှည် ပမာဏကို မသိသောကြောင့် ထိုမြတ်စွာဘုရားကို ညှဉ်းဆဲ၍ တံခါးလေးပေါက် ရှိသော ကြောက်မက်ဖွယ် အဝီစိငရဲသို့ ရောက်ရ၏။

အကြင်သူသည် မကောင်းမှု ကံကို မပြုသည့် မပြစ်မှားသင့်သောသူအား ပြစ် မှား၏၊ ရိုသေမှုကင်းသော ပြစ်မှားသော စိတ်ရှိသော ထိုသူသို့သာလျှင် မကောင်း မှုသည် တွေ့ထိကျရောက်၏။

အကြင်သူသည် သမုဒ္ဒရာကို အဆိပ်အိုးဖြင့် ဖျက်ဆီးရန် ကြံစည် အောက်မေ့၏၊ ထိုသူသည် ထိုအဆိပ်အိုးဖြင့် မဖျက်ဆီးနိုင်ရာ၊ မှန်လှ၏ ပြန့်ပြောနက်ကျယ် ကြောက်မက်ဖွယ် ကောင်းသော သမုဒ္ဒရာသည် ကြီးမားကျယ်ဝန်းလှပေ၏။

ဤအတူသာလျှင် အကြင်သူသည် ညီညွတ်သည်ဖြစ်၍ ငြိမ်းအေးသော စိတ်ရှိ သော မြတ်စွာဘုရားကို ဒေါသဖြင့် ညှဉ်းဆဲ နှိပ်စက်၏၊ ထိုသူ၏ ဒေါသသည် ထိုမြတ်စွာဘုရား အပေါ်၌ မကျရောက်နိုင်။

အကြင် ကောင်းသော အကျင့်ရှိသူ၏ ပဋိပတ်လမ်းစဉ်သို့ အစဉ်လိုက်သော ရဟန်းသည် ဆင်းရဲကုန်ရာ နိဗ္ဗာန်သို့ရောက်ရာ၏၊ ပညာရှိသည် ထိုသို့ သဘော ရှိသော ကောင်းသော အကျင့်ရှိသူကို အဆွေခင်ပွန်း ပြုရာ၏၊ ထိုကောင်းသော အကျင့် ရှိသူကိုလည်း မှီဝဲရာ၏” ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း…
မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

ဒေဝဒတ္တသုတ်၊ စတုတ္ထဝဂ်၊ ဣတိဝုတ်ပါဠိတော်။

ေဒဝဒတၱသုတ္

ဤေဒသနာကို ဘုန္းေတာ္ႀကီးေသာ ျမတ္စြာဘုရားသည္ ေဟာေတာ္မူ၏၊
ပူေဇာ္အထူးကို ခံေတာ္မူထုိက္ေသာ ျမတ္စြာဘုရား ေဟာေတာ္မူ၏ဟု အကြၽႏု္ပ္ ၾကားနာခဲ့ရပါသည္-

ရဟန္းတို႔ မသူေတာ္တရား သံုးပါးတို႔ျဖင့္ အႏွိပ္စက္ခံရေသာ သိမ္း႐ံုးယူအပ္သည့္ စိတ္ရွိေသာ ေဒဝဒတ္သည္ အပါယ္၌ ျဖစ္ရ၏၊ ငရဲ၌ ျဖစ္ရ၏၊ အႏၲရကပ္ပတ္လံုး တည္၏၊ ကုစား၍ မရေကာင္း၊ အဘယ္သံုးပါးတို႔ႏွင့္နည္း…

၁…
ရဟန္းတို႔ ယုတ္မာေသာ အလိုဆိုးျဖင့္ အႏွိပ္စက္ခံရေသာ သိမ္း႐ံုးယူအပ္သည့္ စိတ္ရွိေသာ ေဒဝဒတ္သည္ အပါယ္၌ ျဖစ္ရ၏၊ ငရဲ၌ ျဖစ္ရ၏၊ အႏၲရကပ္ပတ္လံုး တည္၏၊ ကုစား၍ မရေကာင္း။

၂…
ရဟန္းတို႔ မိတ္ေဆြယုတ္ ရွိသည္၏ အျဖစ္ျဖင့္ အႏွိပ္စက္ ခံရေသာ သိမ္း႐ံုး ယူအပ္သည့္ စိတ္ရွိေသာ ေဒဝဒတ္သည္ အပါယ္၌ ျဖစ္ရ၏၊ ငရဲ၌ ျဖစ္ရ၏၊ အႏၲရကပ္ ပတ္လံုးတည္၏၊ ကုစား၍ မရေကာင္း။

၃…
စ်ာန္အဘိညာဥ္တို႔ထက္ အလြန္ျဖစ္ေသာ မဂ္ဖိုလ္အတြက္ ျပဳဖြယ္ကိစၥ ရွိေသး သည္ ျဖစ္ပါလ်က္ အနည္းငယ္မွ်ေသာ စ်ာန္အဘိညာဥ္ တရားထူးကို ရျခင္းျဖင့္ အၾကား၌သာ ၿပီးဆံုးျခင္းသို႔ ေရာက္ေနရ၏။

ရဟန္းတို႔ …
ဤမသူေတာ္တရား သံုးပါးတို႔ျဖင့္ အႏွိပ္စက္ခံရေသာ သိမ္း႐ံုးယူအပ္သည့္ စိတ္ရွိေသာ ေဒဝဒတ္သည္ အပါယ္၌ ျဖစ္ရ၏၊ ငရဲ၌ ျဖစ္ရ၏၊ အႏၲရကပ္ ပတ္လံုး တည္၏၊ ကုစား၍ မရေကာင္း၊ ဤအနက္သေဘာကို ျမတ္စြာဘုရား ေဟာေတာ္ မူ၏၊

ထုိသုတ္၌ ဤအနက္သေဘာကို…
”ေလာက၌ တစ္စံုတစ္ေယာက္ေသာ သူသည္ အဘယ္အခါမွ် ယုတ္မာေသာ အလိုရွိသူ မျဖစ္ပါေစလင့္၊ ယုတ္မာေသာ အလိုရွိသူတို႔၏ လားရာ ‘ဂတိ’ ကဲ့သို႔ ထုိသို႔ေသာ လားရာ’ဂတိ’ကို ဤဆိုလတၱံ႕ေသာ အေၾကာင္းျဖင့္ သိၾကကုန္ေလာ့။

ပညာရွိဟု ထင္ရွားေသာ စ်ာန္အဘိညာဥ္တို႔ျဖင့္ ပြါးမ်ားအပ္ၿပီးေသာ စိတ္ရွိသူဟု သမုတ္အပ္ေသာ ေဒဝဒတ္သည္ အျခံအရံျဖင့္ ေတာက္ပသကဲ့သို႔တည္၏ဟု ထင္ရွားခဲ့၏။ ထုိေဒဝဒတ္သည္ မိမိအတုိင္းအရွည္ ပမာဏကို မသိေသာေၾကာင့္ ထုိျမတ္စြာဘုရားကုိ ညႇဥ္းဆဲ၍ တံခါးေလးေပါက္ ရွိေသာ ေၾကာက္မက္ဖြယ္ အဝီစိငရဲသို႔ ေရာက္ရ၏။

အၾကင္သူသည္ မေကာင္းမႈ ကံကို မျပဳသည့္ မျပစ္မွားသင့္ေသာသူအား ျပစ္ မွား၏၊ ႐ုိေသမႈကင္းေသာ ျပစ္မွားေသာ စိတ္ရွိေသာ ထုိသူသို႔သာလွ်င္ မေကာင္း မႈသည္ ေတြ႕ထိက်ေရာက္၏။

အၾကင္သူသည္ သမုဒၵရာကို အဆိပ္အိုးျဖင့္ ဖ်က္ဆီးရန္ ၾကံစည္ ေအာက္ေမ့၏၊ ထုိသူသည္ ထုိအဆိပ္အိုးျဖင့္ မဖ်က္ဆီးႏိုင္ရာ၊ မွန္လွ၏ ျပန္႔ေျပာနက္က်ယ္ ေၾကာက္မက္ဖြယ္ ေကာင္းေသာ သမုဒၵရာသည္ ႀကီးမားက်ယ္ဝန္းလွေပ၏။

ဤအတူသာလွ်င္ အၾကင္သူသည္ ညီၫြတ္သည္ျဖစ္၍ ၿငိမ္းေအးေသာ စိတ္ရွိ ေသာ ျမတ္စြာဘုရားကို ေဒါသျဖင့္ ညႇဥ္းဆဲ ႏွိပ္စက္၏၊ ထုိသူ၏ ေဒါသသည္ ထုိျမတ္စြာဘုရား အေပၚ၌ မက်ေရာက္ႏိုင္။

အၾကင္ ေကာင္းေသာ အက်င့္ရွိသူ၏ ပဋိပတ္လမ္းစဥ္သို႔ အစဥ္လိုက္ေသာ ရဟန္းသည္ ဆင္းရဲကုန္ရာ နိဗၺာန္သို႔ေရာက္ရာ၏၊ ပညာရွိသည္ ထုိသို႔ သေဘာ ရွိေသာ ေကာင္းေသာ အက်င့္ရွိသူကို အေဆြခင္ပြန္း ျပဳရာ၏၊ ထုိေကာင္းေသာ အက်င့္ ရွိသူကိုလည္း မွီဝဲရာ၏” ဟု ဤဂါထာျဖင့္ ဆိုအပ္၏။

ဤအနက္သေဘာကိုလည္း…
ျမတ္စြာဘုရား ေဟာအပ္၏ဟု အကြၽႏု္ပ္ ၾကားနာခဲ့ရပါသည္။

ေဒဝဒတၱသုတ္၊ စတုတၳ၀ဂ္၊ ဣတိ၀ုတ္ပါဠိေတာ္။

မှတ်စု (၁)

၁) ပစ္စုပ္ပန်တိုင်း တွေ့သမျှအာရုံနှင့် အဆင်ပြေအောင် တည်ငြိမ်ရင့်ကျက်အေးချမ်းစွာ နေတတ်ရမယ်၊ သတိဉာဏ်ချိန်သီး အမြဲ တပ်ထားရမယ်၊ သဒ္ဓါဝီရိယလက်တံ အမြဲ လည်ပတ်ပေးနေရမယ်။
၂) မိမိရဲ့ ကိုယ်အား ၊ ဉာဏ်အား ပစ္စည်းအားနဲ့ မိမိ၊ သူတပါး၊ လောက၊ သာသနာ စွမ်းနိုင်ရာဖက် သဒ္ဓါ၊မေတ္တာ ၊ပညာအားနဲ့ လှပတင့်တယ်။ ထည်ဝါခန့်ညားကျက်သရေရှိအောင် အလှတန်ဆာ ဆင်ပေးနိုင်ရမယ်၊ ကောင်းကျိုးပြုဘဝမှတ်တိုင် စိုက်ထူပေးနိုင်ရမယ်၊ နာမည်ကောင်း ကျန်ရစ်ရမယ်၊
၃) ဘဝကူး စိတ်အေးရအောင် ကိုယ်ပိုင်တရားများကို အချိန်မီ စုဆောင်းထားနိုင်ရမယ်၊ အချိန်မီဆိုတာ ယနေ့တိုင်း ယနေ့တိုင်း ယနေ့ လုပ်ရမယ့် အလုပ်ကို ယနေ့ပြီးအောင် လုပ်သွားရုံပေါ့၊ ဘဝလွတ်မြောက်ရေးထိ တိကျတဲ့ ဦးတည်ချက် ရှိထားဖို့လည်း အထူး လိုအပ်မယ်။

ဒါဆို လူဖြစ်ကျိုး၊ ရှင်ရဟန်းဖြစ်ကျိုး နပ်ပြီပေါ့။

ကျမ်းကိုး။         ။တိပိဋကယောဆရာတော်၏ ၄၅နှစ်တရားသက်မှ

 

မွတ္စု (၁)

၁) ပစၥဳပၸန္တုိင္း ေတြ႕သမွ်အာရံုႏွင့္ အဆင္ေျပေအာင္ တည္ျငိမ္ရင့္က်က္ေအးခ်မ္းစြာ ေနတတ္ရမယ္၊ သတိဉာဏ္ခ်ိန္သီး အျမဲ တပ္ထားရမယ္၊ သဒၶါဝီရိယလက္တံ အျမဲ လည္ပတ္ေပးေနရမယ္။
၂) မိမိရဲ႕ ကုိယ္အား ၊ ဉာဏ္အား ပစၥည္းအားနဲ႔ မိမိ၊ သူတပါး၊ ေလာက၊ သာသနာ စြမ္းႏုိင္ရာဖက္ သဒၶါ၊ေမတၱာ ၊ပညာအားနဲ႔ လွပတင့္တယ္။ ထည္ဝါခန္႔ညားက်က္သေရရွိေအာင္ အလွတန္ဆာ ဆင္ေပးႏုိင္ရမယ္၊ ေကာင္းက်ိဳးျပဳဘဝမွတ္တုိင္ စုိက္ထူေပးႏုိင္ရမယ္၊ နာမည္ေကာင္း က်န္ရစ္ရမယ္၊
၃) ဘဝကူး စိတ္ေအးရေအာင္ ကုိယ္ပုိင္တရားမ်ားကို အခ်ိန္မီ စုေဆာင္းထားႏုိင္ရမယ္၊ အခ်ိန္မီဆုိတာ ယေန႔တုိင္း ယေန႔တုိင္း ယေန႔ လုပ္ရမယ့္ အလုပ္ကုိ ယေန႔ျပီးေအာင္ လုပ္သြားရံုေပါ့၊ ဘဝလြတ္ေျမာက္ေရးထိ တိက်တဲ့ ဦးတည္ခ်က္ ရွိထားဖုိ႔လည္း အထူး လုိအပ္မယ္။

ဒါဆုိ လူျဖစ္က်ိဳး၊ ရွင္ရဟန္းျဖစ္က်ိဳး နပ္ျပီေပါ့။

က်မ္းကိုး။         ။တိပိဋကေယာဆရာေတာ္၏ ၄၅ႏွစ္တရားသက္မွ

 

%d bloggers like this: