ဗုဒ္ဓဘာသာဝင်တို့၏ ယုံကြည်ချက်ကြီး (၁၀) ချက်

ဘုရားရှင်၏ခမည်းတော် သုဒ္ဓေါဓနမင်းကြီးနှင့် ဆွေတော်မျိုးတော်တို့သည် ထိုဆယ်ချက်ကို ယုံကြည်သည့် ကမ္မဿကတာ သမ္မာဒိဋ္ဌိများ ဖြစ်ကြသည်။ သုဒ္ဓေါဓနမင်းကြီးကိုးကွယ်သည့် ကာဒေဝီရသေ့ကြီးနှင့် အာဠာရရသေ့၊ ဥဒကရသေ့ တို့ကား ကမ္မဿကတာ သမ္မာဒိဋ္ဌိ၊ ဈာနသမ္မာဒိဋ္ဌိ နှစ်ပါးရှိသူများ ဖြစ်ကြသည်။

သူတို့သည် ကမ္မဝါဒီများဖြစ်၍ ဈာန်အဘိညာဉ်များအထိ ရရှိသူများ ဖြစ်ကြသည်။ သို့သော် သူတို့သည် ဗုဒ္ဓဘာသာဝင်များ မဟုတ်ကြပါချေ။ ဆိုလိုသည်မှာ ကမ္မဝါဒီဖြစ်၍ သမထဘာဝနာ ကုသိုလ်ကံများကို ကြိုးစားအားထုတ်သဖြင့် ဈာန်အဘိညာဉ် ရနေစေကြမူ(ဝါ) ကမ္မဿကတာ သမ္မာဒိဋ္ဌိ၊ ဈာနသမ္မာဒိဋ္ဌိများဖြစ်နေစေကြမူ ခန္ဓာကိုယ်မှာ အတ္တကောင်ရှိသည်ဟု ယူထားကြသူများ ဖြစ်သောကြောင့် ဗုဒ္ဓဘာသာဝင်များ မဖြစ်ကြချေဟု အဓိပ္ပါယ်ရသည်။

(၁) အတ္ထိ ဒိန္နံ
လှူဒါန်းပေးကမ်းခြင်းသည် အမှန်တကယ် အကျိုးရှိသည်ဟု ယုံကြည်ရခြင်း၊

(၂) အတ္ထိ ယိဋ္ဌံ
ရတနာသုံးဖြာ ဆရာမိဘ အသက်ဂုဏ်ဝါကြီးသူတို့အား ပစ္စည်းဝတ္ထုဖြင့် ပူဇော်ခြင်း၊ တရားဖြင့်ပူဇော်ခြင်းတို့သည် အမှန်တကယ်အကျိုးရှိသည်ဟု ယုံကြည်ရခြင်း၊

(၃) အတ္ထိ ဟုတံ
ဧည့်သည်တို့အား ကျွေးမွေးခြင်း၊ မျှော်လင့်ချက်မထားပဲ လက်ပေးခြင်း စသည်တို့သည် အမှန်တကယ်အကျိုးရှိသည်ဟု ယုံကြည်ရခြင်း၊

(၄) အတ္ထိ သုကတ ဒုက္ကဋာနံ ကမ္မာနံ ဖလံ ဝိပါကော
ကောင်းတာလုပ်က ကောင်းကျိုးရ၊မကောင်းတာလုပ်က မကောင်းကျိုးရမည်ဟု အမှန်တကယ်အကျိုးရှိသည်ဟု ယုံကြည်ရခြင်း၊

(၅) အတ္ထိ အယံ လောကော
ရှေ့ဘဝသည် အမှန်တကယ် ရှိသည်ဟု အမှန်တကယ်အကျိုးရှိသည်ဟု ယုံကြည်ရခြင်း၊

(၆) အတ္ထိ ပရောလောကော
အပါယ်လေးရပ်၊ ခြောက်ထပ်နတ်ရွာ၊ဗြဟ္မာနှစ်ဆယ်၊နောင်ဝယ်လူ့ဘဝ ဟူသော တမလွန်ဘဝသည် အမှန်တကယ်အကျိုးရှိသည်ဟု ယုံကြည်ရခြင်း၊

(၇) အတ္ထိ မာတာ
မိခင်အပေါ်၌ ကောင်းစွာပြုစုက အကျိုးရှိ၏။ မကောင်းတာပြုလုပ်က အပြစ်ဖြစ်၏ဟု အမှန်တကယ်အကျိုးရှိသည်ဟု ယုံကြည်ရခြင်း၊

(၈) အတ္ထိ ပိတာ
ဖခင်အပေါ်၌ ကောင်းစွာပြုစုက အကျိုးရှိ၏။ မကောင်းတာပြုလုပ်က အပြစ်ဖြစ်၏ဟု အမှန်တကယ်အကျိုးရှိသည်ဟု ယုံကြည်ရခြင်း၊

(၉) အတ္ထိ သတ္တာ ဩပပါတိကာ
လူသားတို့၏ ပကတိမျက်စိဖြင့် မမြင်နိုင်၊ ဒိဗ္ဗစက္ခု အဘိညာဉ်မျက်စိဖြင့်သာ ထိုက်သလို မြင်နိုင်သည့် ငရဲသူ၊ ငရဲသား၊ပြိတ္တာ၊ နတ်၊ သိကြား၊ ဗြဟ္မာဆိုသည့် ဥပပါတ် သတ္တဝါမျိုးကား အမှန်တကယ်အကျိုးရှိသည်ဟု ယုံကြည်ရခြင်း၊

(၁၀) အတ္ထိ လောကေ သမဏဗြဟ္မဏာ သမ္မဂ္ဂတာ သမ္မာပဋိပန္နာ၊ ယေ ဣမဉ္စ လောကံ ပရဉ္စ လောကံ သယံ အဘိညာ သစ္ဆိကတွာ ပဝေဒေန္တိ။
ကောင်းစွာကျင့်သော ရဟန်း၊ ရဟန္တာ ဘုရား စသည်ရှိသည်ဟု အမှန်တကယ်ယုံကြည်ရခြင်း၊

ဤဆယ်ချက်ဖြင့် ပြည့်စုံက ဗုဒ္ဓဘာသာဟုခေါ်သည်။

ဗုဒၶဘာသာ၀င္တုိ႔၏ ယံုၾကည္ခ်က္ႀကီး (၁၀) ခ်က္

ဘုရားရွင္၏ခမည္းေတာ္ သုေဒၶါဓနမင္းႀကီးႏွင့္ ေဆြေတာ္မ်ိဳးေတာ္တုိ႔သည္ ထိုဆယ္ခ်က္ကို ယံုၾကည္သည့္ ကမၼႆကတာ သမၼာဒိ႒ိမ်ား ျဖစ္ၾကသည္။ သုေဒၶါဓနမင္းႀကီးကုိးကြယ္သည့္ ကာေဒ၀ီရေသ့ႀကီးႏွင့္ အာဠာရရေသ့၊ ဥဒကရေသ့ တုိ႔ကား ကမၼႆကတာ သမၼာဒိ႒ိ၊ စ်ာနသမၼာဒိ႒ိ ႏွစ္ပါးရွိသူမ်ား ျဖစ္ၾကသည္။

သူတို႔သည္ ကမၼ၀ါဒီမ်ားျဖစ္၍ စ်ာန္အဘိညာဥ္မ်ားအထိ ရရွိသူမ်ား ျဖစ္ၾကသည္။ သုိ႔ေသာ္ သူတုိ႔သည္ ဗုဒၶဘာသာ၀င္မ်ား မဟုတ္ၾကပါေခ်။ ဆုိလိုသည္မွာ ကမၼ၀ါဒီျဖစ္၍ သမထဘာ၀နာ ကုသိုလ္ကံမ်ားကို ႀကိဳးစားအားထုတ္သျဖင့္ စ်ာန္အဘိညာဥ္ ရေနေစၾကမူ(၀ါ) ကမၼႆကတာ သမၼာဒိ႒ိ၊ စ်ာနသမၼာဒိ႒ိမ်ားျဖစ္ေနေစၾကမူ ခႏၶာကိုယ္မွာ အတၱေကာင္ရွိသည္ဟု ယူထားၾကသူမ်ား ျဖစ္ေသာေၾကာင့္ ဗုဒၶဘာသာ၀င္မ်ား မျဖစ္ၾကေခ်ဟု အဓိပၸါယ္ရသည္။

(၁) အတၳိ ဒိႏၷံ
လွဴဒါန္းေပးကမ္းျခင္းသည္ အမွန္တကယ္ အက်ိဳးရိွသည္ဟု ယံုၾကည္ရျခင္း၊

(၂) အတၳိ ယိ႒ံ
ရတနာသံုးျဖာ ဆရာမိဘ အသက္ဂုဏ္၀ါႀကီးသူတုိ႔အား ပစၥည္း၀တၳဳျဖင့္ ပူေဇာ္ျခင္း၊ တရားျဖင့္ပူေဇာ္ျခင္းတုိ႔သည္ အမွန္တကယ္အက်ိဳးရွိသည္ဟု ယံုၾကည္ရျခင္း၊

(၃) အတၳိ ဟုတံ
ဧည့္သည္တုိ႔အား ေကြ်းေမြးျခင္း၊ ေမွ်ာ္လင့္ခ်က္မထားပဲ လက္ေပးျခင္း စသည္တုိ႔သည္ အမွန္တကယ္အက်ိဳးရွိသည္ဟု ယံုၾကည္ရျခင္း၊

(၄) အတၳိ သုကတ ဒုကၠဋာနံ ကမၼာနံ ဖလံ ၀ိပါေကာ
ေကာင္းတာလုပ္က ေကာင္းက်ိဳးရ၊မေကာင္းတာလုပ္က မေကာင္းက်ိဳးရမည္ဟု အမွန္တကယ္အက်ိဳးရွိသည္ဟု ယံုၾကည္ရျခင္း၊

(၅) အတၳိ အယံ ေလာေကာ
ေရွ႕ဘ၀သည္ အမွန္တကယ္ ရွိသည္ဟု အမွန္တကယ္အက်ိဳးရွိသည္ဟု ယံုၾကည္ရျခင္း၊

(၆) အတၳိ ပေရာေလာေကာ
အပါယ္ေလးရပ္၊ ေျခာက္ထပ္နတ္ရြာ၊ျဗဟၼာႏွစ္ဆယ္၊ေနာင္၀ယ္လူ႔ဘ၀ ဟူေသာ တမလြန္ဘ၀သည္ အမွန္တကယ္အက်ိဳးရွိသည္ဟု ယံုၾကည္ရျခင္း၊

(၇) အတၳိ မာတာ
မိခင္အေပၚ၌ ေကာင္းစြာျပဳစုက အက်ိဳးရွိ၏။ မေကာင္းတာျပဳလုပ္က အျပစ္ျဖစ္၏ဟု အမွန္တကယ္အက်ိဳးရွိသည္ဟု ယံုၾကည္ရျခင္း၊

(၈) အတၳိ ပိတာ
ဖခင္အေပၚ၌ ေကာင္းစြာျပဳစုက အက်ိဳးရွိ၏။ မေကာင္းတာျပဳလုပ္က အျပစ္ျဖစ္၏ဟု အမွန္တကယ္အက်ိဳးရွိသည္ဟု ယံုၾကည္ရျခင္း၊

(၉) အတၳိ သတၱာ ၾသပပါတိကာ
လူသားတုိ႔၏ ပကတိမ်က္စိျဖင့္ မျမင္ႏုိင္၊ ဒိဗၺစကၡဳ အဘိညာဥ္မ်က္စိျဖင့္သာ ထုိက္သလုိ ျမင္ႏုိင္သည့္ ငရဲသူ၊ ငရဲသား၊ၿပိတၱာ၊ နတ္၊ သိၾကား၊ ျဗဟၼာဆုိသည့္ ဥပပါတ္ သတၱ၀ါမ်ိဳးကား အမွန္တကယ္အက်ိဳးရွိသည္ဟု ယံုၾကည္ရျခင္း၊

(၁၀) အတၳိ ေလာေက သမဏျဗဟၼဏာ သမၼဂၢတာ သမၼာပဋိပႏၷာ၊ ေယ ဣမဥၥ ေလာကံ ပရဥၥ ေလာကံ သယံ အဘိညာ သစၦိကတြာ ပေ၀ေဒႏၱိ။
ေကာင္းစြာက်င့္ေသာ ရဟန္း၊ ရဟႏၱာ ဘုရား စသည္ရွိသည္ဟု အမွန္တကယ္ယံုၾကည္ရျခင္း၊

ဤဆယ္ခ်က္ျဖင့္ ျပည့္စံုက ဗုဒၶဘာသာဟုေခၚသည္။

မြတ်ဗုဒ္ဓအလိုတော်

မြတ်ဗုဒ္ဓ သက်တော်ထင်ရှားစဉ်အခါ ကာလာမင်းတို့ နေထိုင်ရာ ဈေးဆိုင် ၊ ဈေးရုံများဖြင့် ဖွဲ့ဖြိုးစည်ပင်သာယာသော ကေသမုတ္တိနိဂမသို့ ရောက်ရှိတော်မူပြီး ထိုထိုနိဂုံးသားတို့ကို သူတစ်ပါးပြောကာမျှဖြင့် မယုံကြည်ဘဲ ကိုယ်တိုင်သိမြင်အောင် စူးစမ်း ဆင်ခြင်ပြီးမှ ပယ်သင့်သော တရားကို ပယ်၍ ဆောင်သင့်သော တရားကို ဆောင်ကြရန် မိန့်မှာတော်မူပါသည်။

၁။ မာ အနုသာဝေန
ကလေးဘဝမှစ၍ ကြားနာမှတ်သားခဲ့ခြင်းဖြင့်လည်း ဟုတ်တယ် ၊ မှန်တယ်လို့ အစွဲအမြဲ မယူကြနှင့်။
Do not believe just because it is traditional maintained by oral repetition.

၂။ မာ ပရမ္ပရာယ
မိဘ ဘိုးဘွား စသည်တို့မှ ဆင်းသက်ပြီး (ပရံပရ အဆက်ဆက်) မှတ်ယူလုပ်ကိုင်းရိုး ဖြစ်လို့လည်း အမြဲမှတ်ယူမထားကြနှင့်။
Do not believe just because it is unbroken succession of practice.

၃။ မာ ဣတိကိရာယ
“ဣိတိကိရ – ဒီဟာက ဒီလိုဟဲ့ ” ဟု အခြားတစ်ယောက်က ပြောလိုက်ရုံမျှဖြင့်လည်း အမြဲမှတ်ယူမထားကြလေနှင့်။
Do not believe merely because it is hearsay.

၄။ မာ ပိဋကသမ္ပဒါနေန
ဒီအယူအဆသာ ငါတို့ သင်အပ်သော ကျမ်းစာနှင့်ညီတယ်လို့ မိမိတို့ကျမ်းစာနှင့် ညီနေရုံဖြင့်လည်း အတည်တကျ မှတ်ယူမထားကြနှင့်။
Do not believe just because it is in the scriptures.

၅။ မာ တက္ကဟေတု
မိမိဘာသာကြံစည်အပ်သော အရာကို လည်း ဟုတ်လှပြီ မှန်လှပြီ ဟု အမြဲအစွဲယူမထားကြလေနှင့်။
Do not believe just because it fits with one’s point of view.

၆။ မာ နယဟေတု
အခြားနေရာ (အခြားနိုင်ငံ) တို့က သူတပါးတို့ လုပ်နည်းကိုင်နည်းကို သဘောကျလို့လည်း ဤနေရာ၌ သင့်တော်လှပြီဟု အမြဲအစွဲ ယူမထားကြနှင့်။
Do not believe just because it is correct on the ground of metaphysical theories.

၇။ မာ အာကာရပရိဝိတက္ကေန
တစ်စုံတစ်ခု ဖြစ်ဖို့ရန် အကြောင်းအထောက်အထားကို စဉ်းစားရာမှာ အထောက်အထားကောင်းကို ရလို့ သဘောကျလို့လည်း အမြဲအစွဲ ယူမထားကြနှင့်။
Do not believe just because it appeals to one’s consideration.

၈။ မာ ဒိဌိနိဇ္ဈာနက္ခ န ္တိယာ၊
သူပြောတဲ့ အယူဝါဒဟာ ငါတို့ စဉ်းစားကျေနပ်ထားတဲ့ အယူနှင့် ညီမျှပါပေတယ်လို့ ဆိုပြီး အယူဝါဒချင်း တူရုံမျှနှင့်လည်း အမြဲအစွဲမယူကြနှင့်။
Do not believe just because it agree with one’s opinions and theories.

၉။ မာ ဘဗ္ဗရူပတာယ၊
ဤရသေ့ ၊ ရဟန်းကား ယုံကြည်ထိုက်တဲက အထက်တန်းပုဂ္ဂိုလ်ပဲ။ ဒီလိုပုဂ္ဂိုလ်ရဲ့ စကားကို လေးလေးစားစားမှတ်သားထိုက်ပါပေတယ်လို့ လည်း စွဲစွဲမြဲမဲ မှတ်ယူမထားကြလေနှင့်။
Do not believe just because the speaker appers believeable.

၁၀။ မာ သမဏော နော ဂရူတိ
ဤရသေ့ ရဟန်း၊ ဤဆရာသမားက ဂုရုတစ်ဆူဖြစ်တယ်။ ငါတို့ ကိုးကွယ်နေတဲ့ ဆရာလည်းဖြစ်တယ် ငါ့ဆရာစကားကို ငါမှတ်ထားသင့်တယ် လို့လည်း စွဲစွဲမြဲမြဲ မှတ်ယူမထားကြလေနှင့်။
Do not believe just because our teacher says thus and thus.

ျမတ္ဗုဒၶအလိုေတာ္

ျမတ္ဗုဒၶ သက္ေတာ္ထင္ရွားစဥ္အခါ ကာလာမင္းတို႕ ေနထိုင္ရာ ေစ်းဆိုင္ ၊ ေစ်းရုံမ်ားျဖင္႕ ဖြဲ႕ျဖိဳးစည္ပင္သာယာေသာ ေကသမုတၱိနိဂမသို႕ ေရာက္ရွိေတာ္မူျပီး ထိုထိုနိဂံုးသားတို႕ကို သူတစ္ပါးေျပာကာမွ်ျဖင္႕ မယံုၾကည္ဘဲ ကိုယ္တိုင္သိျမင္ေအာင္ စူးစမ္း ဆင္ျခင္ျပီးမွ ပယ္သင္႕ေသာ တရားကို ပယ္၍ ေဆာင္သင္႕ေသာ တရားကို ေဆာင္ၾကရန္ မိန္႕မွာေတာ္မူပါသည္။

၁။ မာ အႏုသာေ၀န
ကေလးဘ၀မွစ၍ ၾကားနာမွတ္သားခဲ႕ျခင္းျဖင္႕လည္း ဟုတ္တယ္ ၊ မွန္တယ္လို႕ အစြဲအျမဲ မယူၾကႏွင္႕။
Do not believe just because it is traditional maintained by oral repetition.

၂။ မာ ပရမၸရာယ
မိဘ ဘိုးဘြား စသည္တို႕မွ ဆင္းသက္ျပီး (ပရံပရ အဆက္ဆက္) မွတ္ယူလုပ္ကိုင္းရိုး ျဖစ္လို႕လည္း အျမဲမွတ္ယူမထားၾကႏွင္႕။
Do not believe just because it is unbroken succession of practice.

၃။ မာ ဣတိကိရာယ
“ဣိတိကိရ – ဒီဟာက ဒီလိုဟဲ႕ ” ဟု အျခားတစ္ေယာက္က ေျပာလိုက္ရုံမွ်ျဖင္႕လည္း အျမဲမွတ္ယူမထားၾကေလႏွင္႕။
Do not believe merely because it is hearsay.

၄။ မာ ပိဋကသမၸဒါေနန
ဒီအယူအဆသာ ငါတို႕ သင္အပ္ေသာ က်မ္းစာႏွင္႕ညီတယ္လို႕ မိမိတို႕က်မ္းစာႏွင္႕ ညီေနရုံျဖင္႕လည္း အတည္တက် မွတ္ယူမထားၾကႏွင္႕။
Do not believe just because it is in the scriptures.

၅။ မာ တကၠေဟတု
မိမိဘာသာၾကံစည္အပ္ေသာ အရာကို လည္း ဟုတ္လွျပီ မွန္လွျပီ ဟု အျမဲအစြဲယူမထားၾကေလႏွင္႕။
Do not believe just because it fits with one’s point of view.

၆။ မာ နယေဟတု
အျခားေနရာ (အျခားႏိုင္ငံ) တို႕က သူတပါးတို႕ လုပ္နည္းကိုင္နည္းကို သေဘာက်လို႕လည္း ဤေနရာ၌ သင္႕ေတာ္လွျပီဟု အျမဲအစြဲ ယူမထားၾကႏွင္႕။
Do not believe just because it is correct on the ground of metaphysical theories.

၇။ မာ အာကာရပရိ၀ိတေကၠန
တစ္စံုတစ္ခု ျဖစ္ဖို႕ရန္ အေၾကာင္းအေထာက္အထားကို စဥ္းစားရာမွာ အေထာက္အထားေကာင္းကို ရလို႕ သေဘာက်လို႕လည္း အျမဲအစြဲ ယူမထားၾကႏွင္႕။
Do not believe just because it appeals to one’s consideration.

၈။ မာ ဒိဌိနိဇၥ်ာနကၡ ႏ ၱိယာ၊
သူေျပာတဲ႕ အယူ၀ါဒဟာ ငါတို႕ စဥ္းစားေက်နပ္ထားတဲ႕ အယူႏွင္႕ ညီမွ်ပါေပတယ္လို႕ ဆိုျပီး အယူ၀ါဒခ်င္း တူရုံမွ်ႏွင္႕လည္း အျမဲအစြဲမယူၾကႏွင္႕။
Do not believe just because it agree with one’s opinions and theories.

၉။ မာ ဘဗၺရူပတာယ၊
ဤရေသ႕ ၊ ရဟန္းကား ယံုၾကည္ထိုက္တဲက အထက္တန္းပုဂၢိဳလ္ပဲ။ ဒီလိုပုဂၢိဳလ္ရဲ႕ စကားကို ေလးေလးစားစားမွတ္သားထိုက္ပါေပတယ္လို႕ လည္း စြဲစြဲျမဲမဲ မွတ္ယူမထားၾကေလႏွင္႕။
Do not believe just because the speaker appers believeable.

၁၀။ မာ သမေဏာ ေနာ ဂရူတိ
ဤရေသ႕ ရဟန္း၊ ဤဆရာသမားက ဂုရုတစ္ဆူျဖစ္တယ္။ ငါတို႕ ကိုးကြယ္ေနတဲ႕ ဆရာလည္းျဖစ္တယ္ ငါ႕ဆရာစကားကို ငါမွတ္ထားသင္႕တယ္ လို႕လည္း စြဲစြဲျမဲျမဲ မွတ္ယူမထားၾကေလႏွင္႕။
Do not believe just because our teacher says thus and thus.

မေတ္တာ

မာတာ ယထာ နိယံပုတ္တ၊
မာရယုသာ ဧက ပုတ္တ မနုရက္ခေ။
ဧဝမ္ပိ သဗ္ဗဘူတေသု၊
မာနသံ ဘာဝယေ အ ပရိမာဏံ။

မာတာ၊ မြင်းမိုရ်ထိပ်ဦး၊ မကကျူးသည့်၊ ကျေးဇူးဂုဏ်ရှင်၊ မွေးမိခင်သည်။ နိယံပုတ္တံ၊ မိမိရင်နှစ်၊ သားရင်းဖြစ်သော။ ဧက ပုတ္တံ၊ အရေထူ အရေပါး၊ အသားကိုဖောက် အစိုးရောက်အောင်၊ မြားမြောက်ခင်တွယ်၊ တစ်ယောက်တည်းသော သားငယ်ကို။ အာယုသာ၊ ဇိဝိန်အသက်၊ ယင်းအတွက်ကြောင့်။ အနုရက္ခေယထာ၊ နို့ချိုတိုက်ကျွေး၊ ပိုက်ထွေးယုယ၊ ဘေးမခအောင်၊ နေ့ညမကွေ၊ စောင့်ရှောက်လေသကဲ့သိုု့၊ ဧဝမ္ပိ တထာ၊ ပမာမခြား၊ ထိုအလားလျှင်။ သဗ္ဗဘူတေသု၊ ခပ်သိမ်းရှိသမျှ၊ သတ္တဝါအနန္တတို့၌။ အ ပရိမာဏံ၊ အတိုင်းအရှည်ကင်းပ၊ များပြားလှသော၊ မာနသံ၊ တွေတွေယိုဖိတ်၊ မေတ္တာစိတ်ကို၊ ဘာဝယေ၊ ပွားစေရာ၏။

ေမတၱာ

မာတာ ယထာ နိယံပုတၱ၊
မာရယုသာ ဧက ပုတၱ မႏုရေကၡ။
ဧဝမၸိ သဗၺဘူေတသု၊
မာနသံ ဘာဝေယ အ ပရိမာဏံ။

မာတာ၊ ျမင္းမိုရ္ထိပ္ဦး၊ မကက်ဴးသည့္၊ ေက်းဇူးဂုဏ္ရွင္၊ ေမြးမိခင္သည္။ နိယံပုတၱံ၊ မိမိရင္နွစ္၊ သားရင္းျဖစ္ေသာ။ ဧက ပုတၱံ၊ အေရထူ အေရပါး၊ အသားကုိေဖာက္ အစိုးေရာက္ေအာင္၊ ျမားေျမာက္ခင္တြယ္၊ တစ္ေယာက္တည္းေသာ သားငယ္ကို။ အာယုသာ၊ ဇိဝိန္အသက္၊ ယင္းအတြက္ေၾကာင့္။ အႏုရေကၡယထာ၊ ႏုိ႔ခ်ိဳတုိက္ေကြ်း၊ ပုိက္ေထြးယုယ၊ ေဘးမခေအာင္၊ ေန႔ညမေကြ၊ ေစာင့္ေ႐ွာက္ေလသကဲ့သုို႔၊ ဧဝမၸိ တထာ၊ ပမာမျခား၊ ထုိအလားလွ်င္။ သဗၺဘူေတသု၊ ခပ္သိမ္း႐ွိသမွ်၊ သတၱဝါအနႏၱတုိ႔၌။ အ ပရိမာဏံ၊ အတုိင္းအ႐ွည္ကင္းပ၊ မ်ားျပားလွေသာ၊ မာနသံ၊ ေတြေတြယိုဖိတ္၊ ေမတၱာစိတ္ကုိ၊ ဘာဝေယ၊ ပြားေစရာ၏။

%d bloggers like this: