ကောင်းမှု ဆယ်ပါး ၊ မကောင်းမှု ဆယ်ပါး


ပုညကြိယာ ၁၀-ပါး (ကောင်းမှုဆယ်ပါး)

၁။ ဒါန                   –  အလှူပေးခြင်း။

၂။ သီလ                – သီတင်းသီလ ဆောက်တည်ခြင်း။

၃။ ဘာဝနာ            – ကမ္မဌာန်းဘာဝနာကို စီးဖြန်းခြင်း။

၎။ အပစာယန        – မိဘ ဆရာ ရတနာသုံးပါး အား အရိုအသေပူဇော်ခြင်း။

၅။ ဝေယျာဝစ္စ         – မိဘ ဆရာ ရတနာသုံးပါး၏ အမှုကိုပြုခြင်း။

၆။ ပတ္တိဒါန             – မိမိကုသိုလ်ကို သူတပါးအား အမျှပေးဝေခြင်း။

၇။ ပတ္တနုမောဒနာ       –  သူတပါး၏ ကုသိုလ်ကို သာဓု ခေါ်ခြင်း။

၈။ ဓမ္မသ၀န              – တရားတော် နာယူခြင်း။

၉။ ဓမ္မဒေသနာ           – သူတပါးတို့အား တရားဟောပြောခြင်း။

၁၀။ ဓမ္မဒေသနာ         – သူတပါးတို့အား တရားဟောပြောခြင်း။

 

ဒုစရိုက် ၁၀-ပါး (မကောင်းမှုဆယ်ပါး)

၁။ ပါဏာတိပါတာ – သူ၏အသက်ကို သတ်ခြင်း။

၂။ အဒိန္နာဒါနာ     – သူ၏ဥစ္စာကို ခိုးယူခြင်း။

၃။ ကာမေသုမိစ္ဆာစာရာ – သူ၏သားမယားကို မေထုန်မှီဝဲ ကျူးလွန်ခြင်း။

(ဤတ၇ား ၃ပါးကို ကိုယ်ဖြင့်ပြုကျင့်သောကြောင့် ကာယကံဟုခေါ်ပါသည်။)

၎။ မုသာဝါစာ      – မဟုတ်မမှန်သော စကားကို ပြောဆိုခြင်း။

၅။ ပိသုဏ၀ါစာ    – သူနှစ်ယောက်အချစ်ကို ပျက်အောင် ဂုံးချောခြင်း။

၆။ ဖရုသ၀ါစာ      – ကြမ်းတမ်းသဖြင့် နားမခံသာသော စကားကို ပြောဆိုခြင်း။

၇။ သမ္ပပ္ပလာပ၀ါစာ – နိဗ္ဗာန်မှ ဖီလာဖြစ်သော သိမ်ဖျဉ်းသော စကားကို ပြောဆိုခြင်း။

(ဤတ၇ား ၄ပါးကို နှုတ်ဖြင့်ပြောဆိုပြုကျင့် သောကြောင့် ၀စီကံဟုခေါ်ပါသည်။)

၈။ အဘိဇ္ဈာ       – သူတပါး စည်းစိမ်ကို ငါ့စည်းစိမ်ဖြစ်ပါစေတော့ဟု ကြံခြင်း။

၉။ ဗျာပါဒ         – သူတပါး ပျက်စီးစေလိုသော ဒေါသရှိခြင်း။

၁၀။ မိစ္ဆာဒိဌိ      – မှားသောအယူကို ယူခြင်း။

(ဤတ၇ား ၃ပါးကို စိတ်ဖြင့် အောက်မေ့ပြုကျင့်ခြင်းကြောင့် မနောကံဟုခေါ်ပါသည်။)

3 Responses

  1. ဒိဌိဇုကမ္မ = ဖြောင့်မှန်သော အယူဝါဒ
    ဟု ချမ်းမြေ့ အခြေပျိုးဗုဒ္ဓဘာသာ စာအုပ်တွင် တွေ့ရပါသည်။

  2. ကောင်းမှု ဆယ်ပါးရဲ့ နောက်ဆုံးတစ်ခုက ဒိဌိဇုကမ္မ=ယုံကြည်မှုစင်ကြယ်ခြင်း ဖြစ်လိမ့်မည်ထင်ပါသည်။

  3. လည်လည် ရောက်ခဲ့ပါတယ်။ ပျော်ပါစေ..။

Leave a comment