ဗုဒ္ဓဝင်အကျဉ်း

(က) ရသေ့ဖြစ်ခြင်း
သုမေဓာရှင်ရသေ့ဘဝမရောက်မီ ဘုရားအလောင်းတော်၏ မိဘနှစ်ပါး လွန်စွာပစ္စည်းဥစ္စာချမ်းသာပေမဲ့ ၎င်းမိဘနှစ်ပါးသေဆုံးသည့်အခါ ပစ္စည်းဥစ္စာများ ဘာမျှယူမသွားနိုင်သောကြောင့် လူတွေမှ သေဆုံးလို့ ဘာမျှ ပါမသွားနိုင်တာရှိလျှင် သေဆုံးပြီးပါအောင် ယူသွားနိုင်တာ ရှိကိုရှိရမယ်လို့ တွေးမိပြီး ပစ္စည်းဥစ္စာ အားလုံး စွန့်လွှတ်လှူဒါန်းပြီး ရသေ့ဘဝပြောင်း တရားကျင့်ခဲ့သည်။

(ခ) ဆန္ဒာဓိပတိ
ဘုရားအလောင်း သုမေဓာသည် ဒီပင်္ကရာဘုရားရှင်နှင့် တွေ့ပြီး နိဗ္ဗာန်သို့ မျက်မှောက်ပြုနိုင်ပေမဲ့ ဒီပင်္ကရာ ဘုရားရှင်ကဲ့သို့ သတ္တဝါများအား လမ်းညွှန် (ကယ်တင်) လိုသော ဆန္ဒာဓိပတိကြောင့်သာလျှင် ဘုရားဆုပန် လေသည်။ (ကိုယ့်အတွက်မကြည့်၊ အများအကျိုးအတွက်သာ ဆောင်ရွက်လိုသော ဆန္ဒာဓိပတိသည် အမြင့်မြတ်ဆုံးသော ကျေးဇူးတော်ဖြစ်ပေသည်။)

(ဂ) ဗျာဒိတ်ယူခြင်း
ယခုမျက်မှောက်နေဆဲ ကမ္ဘာမတိုင်မီ အရှေ့လေးသချေင်္နှင့်ကမ္ဘာတစ်သိန်းအစ ဒီပင်္ကရာဘုရားရှင်၏ ခြေတော်ရင်း၌ သုမေဓာရှင်ရသေ့ဘဝမှစပြီး ဘုရားဆုပန် ဗျာဒိတ်ယူခဲ့သည်။ (တစ်ကမ္ဘာသည် မရေတွက်နိုင် အောင်ကြာလှပြီး အသချေင်္တစ်ခုသည် တစ်၏နောက်မှ သုညပေါင်း တစ်ရာ့လေးဆယ်ရှိသည်)။

(ဃ) ပါရမီ (ဆယ်ပါး – အပြားသုံးဆယ်)
၁။ ဒါန (ဒါ) = ပေးလှူခြင်း
၂။ သီလ (သီ) = ကိုယ်နှုတ်စောင့်ထိန်းခြင်း
၃။ နေက္ခမ္မ (တော) = ကိလေသာတောမှထွက်ခြင်း
၄။ ပညာ (ပ) = အကြောင်းအကျိုး ဆင်ခြင်ထိုးထွင်းသိခြင်း
၅။ ဝီရိယ (အား) = အားစိုက်ကြိုးစား လုံ့လရှိခြင်း
၆။ ခန္တီ (ခံ) = သည်းခံခြင်း
၇။ သစ္စာ (ဖြောင့်) = ဖြောင့်မတ်/မှန်ကန်ခြင်း
၈။ အဓိဋ္ဌာန် (ဋ္ဌာန်) = အဓိဋ္ဌာန်တည်ဆောက်ခြင်း၊ ပြတ်သားသောဆန္ဒ
၉။ မေတ္တာ (ပွား) = စင်ကြယ်သောချစ်ခြင်း
၁၀။ ဥပေက္ခာ (လစ်လျူ) = လျစ်လျူရှုခြင်း/အသင့်အားဖြင့် ရှုခြင်း

မူလပါရမီ (၁၀) ပါး
(ပိုင်ဆိုင်စည်းစိမ်အားလုံးနှင့် ဇနီး၊ သား၊ သမီးပါမကျန်ဖြည့်ခြင်း)
[ပြင်ဆင်ရန်​] ဥပပါရမီ (၁၀) ပါး

(စည်းစိမ် + ဇနီး၊ သားသမီးအပြင် မိမိခန္ဓာကိုယ်အစိတ်အပိုင်း ပါဖြည့်ခြင်း)
[ပြင်ဆင်ရန် ​] ပရမတ္ထပါရမီ (၁၀) ပါး
(အသက်ကိုပါမကျန် ဖြည့်ခြင်း)

(င) ပါရမီဖြည့်ပုံ
၁။  ကြာမြင့်လှစွာသောအချိန်
၂။  မရပ်မနား
၃။ ချန်မထားဘဲ
၄။  ရိုရိုသေသေ
၅။ ပျော်ပျော်ကြီးဖြည့်

(စ) တိတိကျကျ သေသေချာချာ ပွင့်တော်မူခြင်း
(၁) ပါရမီဖြည့်တာ တိကျသေချာ
(၂) မွေးဖွား နှစ်၊ လ၊ ရက် (မဟာသက္ကရာဇ် – ၆၈၊ ကဆုန်လပြည့်၊ သောကြာနေ့)
(၃) မိဘနှစ်ပါး (သုဒ္ဓေါဒနမင်းကြီး နှင့် မယ်တော်မာယာဒေဝီ)
(၄) မွေးဖွားနေရာ (အိန္ဒိယ နှင့် နီပေါနယ်စပ်အနီး၊ နီပေါနိုင်ငံပိုင် လုမ္ဗနီဥယျာဉ်)
(၅) လူသားအစစ်ဖြစ်ခြင်း
(၆) မွေးမွေးခြင်းဘုရားမဖြစ် ၊ ကျင့်ပြီးမှဖြစ် (ကျင့်စဉ်အားလုံး တိကျသေချာပြထားသည်။)
(၇) ဘုရားဖြစ်သောရက် တိကျသေချာ (မဟာသက္ကရာဇ် – ၁၀၃၊ ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့)
(၈) ဘုရားပွင့်သည့်နေရာ (ဗုဒ္ဓဂါယာ)

ဗုဒ္ဓနှင့်ဆိုင်သောနေ့များ
ကဆုန်လပြည့် (၅) နေ့
(၁) ဗျာဒိတ်ယူသည့်နေ့ = လေး သချေင်္ကမ္ဘာတစ်သိန်း အစ ကဆုန်လပြည့်နေ့။
(၂) ဘုရားမွေးသည့်နေ့ = မဟာသက္ကရာဇ် – ၆၈၊ ကဆုန်လပြည့် (သောကြာနေ့)
(၃) ဘုရားဖြစ်သည့်နေ့ = မဟာသက္ကရာဇ် – ၁၀၃၊ ကဆုန်လပြည့် (ဗုဒ္ဓဟူူးနေ့)
(၄) ဗုဒ္ဓဝင်အကျဉ်းဟောသည့်နေ့ = မဟာသက္ကရာဇ် – ၁၀၄၊ ကဆုန်လပြည့်
(၅) ပရိနိဗ္ဗာန်စံသည့်နေ့ = မဟာသက္ကရာဇ် – ၁၄၈၊ ကဆုန်လပြည့် (အင်္ဂါနေ့)
(ကဆုန်လပြည့်၊ ကဆုန်ညောင်ရေသွန်းပွဲ ကျင်းပရခြင်း အထိမ်းအမှတ်သည် ဘုရား၏ ပရိဘောဂစေတီ ကို စုပေါင်းပူဇော်ပြီး ညောင်ပင်အသက်ရှည် စိမ်းလန်းစိုပြေသကဲ့သို့သာ သနာတော် သန့်ရှင်း၊ တည်တံ့၊ ပွားများ နိုင်ရန်)

ဝါဆိုလပြည့် (၅) နေ့
(၁) ပဋိသန္ဓေတည်သည့်နေ့ = မဟာသက္ကရာဇ် – ၆၇၊ ဝါဆိုလပြည့် (ကြာသပတေးနေ့)
(၂) တောထွက်သည့်နေ့ = မဟာသက္ကရာဇ် – ၉၇၊ ဝါဆိုလပြည့် (တနင်္လာနေ့)
(၃) ဓမ္မစကြာတရားဦး = မဟာသက္ကရာဇ် – ၁၀၃၊ ဝါဆိုလပြည့် (စနေနေ့)
(၄) သောတာပန်လူသား စပေါ်သည့်နေ့ = မဟာသက္ကရာဇ် – ၁၀၃၊ ဝါဆိုလပြည့် (စနေနေ့)
(၅) သံဃာရတနာစပေါ်သည့်နေ့ = မဟာသက္ကရာဇ် – ၁၀၃၊ ဝါဆိုလပြည့် (စနေနေ့)
(သာသနာဝင်များသည် ဝါဆိုလပြည့်နေ့၏ အဓိပ္ပယ်ကို လေးလေးနက်နက် နားလည်သင့်ပေသည်။)

သီတင်းကျွတ်လပြည့်နေ့
(၁) ဘုရားရှင်သည် မယ်တော်မိနတ်သားအား ဝါတွင်းသုံးလလုံးအဘိဓမ္မာတရား ဟောကြားခြင်း
(၂) မိဘအားကျေးဇူးဆပ်အပြီး လူ့ပြည်ဆင်းစဉ် လူသားများဆီမီးဖြင့် ပူဇော်ကန်တော့ခြင်းကို အစွဲပြုပြီး မီးဖြင့် ကန်တော့ကြသည်။ ဗုဒ္ဓအလိုတော်ကျမှာ –

* အဘိဓမ္မာတရားတော် ပြန့်ပွားနားလည်အောင်လုပ်ရန်
* မိဘနှင့်ကျေးဇူးရှင်များကို ကျေးဇူးဆပ်ကန်တော့ရန်

(လွန်ကဲသော မီးထွန်းခြင်း၊ ဥပမာ – အိမ်သာမကျန် နှင့် ဗျောက်အိုးနှင့် မီးရှူးမီးပန်းများဖောက်ကြခြင်းသည် မိမိတို့၏ ထုံးတမ်းအစဉ်အလာအရ လုပ်ကြခြင်းဖြစ်သည်။) [ပြင်ဆင်ရန်​]

တပို့တွဲလပြည့်နေ့
ရာဇဂြိုလ်ပြည်၊ ဝေဠုဝန်ကျောင်းတိုက်၌ ရဟန္တာပေါင်း ၁၂၅ဝ တက်ရောက်သော ‘ပထမသံဃသန္နိပါတ’ ပထမဆုံးသံဃာ့အစည်းအဝေးကျင်းပပြီး ဘုရားအဆူဆူ ဆုံးမစကား ဩဝါဒပါတိမောက် ချီးမြှင့်သောနေ့ဖြစ်ပြီး လကျ်ာရံ အဂ္ဂသာဝက အရှင်သာရိပုတ္တရာနှင့် လက်ဝဲရံ အဂ္ဂသာဝက အရှင်မောဂ္ဂလာန်တို့အား ရာထူးအပ်နှင်း သောနေ့ဖြစ်သည်။
[ပြင်ဆင်ရန်​] ဩဝါဒပါတိမောက်

အနှစ်ချုပ်မှာ –
(၁) လွန်စွာ ချုပ်တည်းခြင်းတည်းဟူသော သည်းခံခြင်းသည် အလွန်မြင့်မြတ်သော အကျင့်ပေတည်း။
(၂) မိမိစိတ်ကို သန့်ရှင်းဖြူစင်စေရာ၏။
(၃) ထူးမြတ်သောအကျင့်၌ လွန်စွာအားထုတ်ရာ၏။
[ပြင်ဆင်ရန် ​]

ဓမ္မစကြာတရားတော်

ဘုရားအလောင်းတော်သည် (၂၉)နှစ်ထိ ကာမဂုဏ်အာရုံတို့ဖြင့် ပျော်ပါးနေခဲ့သော ‘ကာမသုခလ္လ’ိကာနု ယောဂလက်ယာစွန်းရောက်နေစဉ် လောဘကိုသာ ဖြစ်စေပြီး၊ (၂၉) နှစ်မှ (၃၅) နှစ်အထိ (၆) နှစ်လုံးလုံး ခန္ဓာကိုယ်ကို အမျိုးမျိုးနှိပ်စက်ညှင်းဆဲပြီးကျင့်သော ဒုက္ကရစရိယာအကျင့် ‘အတ္တကိလမထာနုယောဂ’ လက်ဝဲ စွန်း ရောက်နေစဉ် ဒေါသကိုသာဖြစ်စေသဖြင့် တရားမရဖြစ်နေသောကြောင့် ၎င်းအစွန်းနှစ်ပါးကိုရှောင်ပြီး ‘မဇိ္ဈမပဋိပဒါ’ (ခေါ်) မဂ္ဂင်ရှစ်ပါးအကျင့်ကို ကျင့်မှသာလျှင် သစ္စာလေးပါး ကို သိမြင်နိုင်သော တရားဖြစ်သည်ဟု ဟောကြားသော တရားဖြစ်သည်။

သစ္စာတရား (Universal Truth)
အစဉ်ထာဝရမှန်ကန်သောအမှန်တရား
(က) Person ပုဂ္ဂိုလ်မရွေး
(ခ) Place နေရာမရွေး
(ဂ) Time အချိန်မရွေး မှန်ကန်မှသာ သစ္စာတရားဖြစ်သည်။
[ပြင်ဆင်ရန်​] ဗုဒ္ဓသာသနာအနှစ်ချုပ်
သစ္စာလေးပါးသည် အနှစ်ချုပ်ဖြစ်သည်။
(က) သိ = ဒုက္ခသစ္စာ (ဖောက်ပြန်၊ နှိပ်စက်၊ လိုတာမရ၊ ရတာ လိုလို့ ဆင်းရဲခြင်း)
(ခ) ပယ် = သမုဒယသစ္စာ (ဒုက္ခဖြစ်ပေါ်စေသော အကြောင်းတရား-လောဘ)
(ဂ) ဆိုက် = နိရောဓသစ္စာ (ဒုက္ခသမုဒယချုပ်ငြိမ်းခြင်း-နိဗ္ဗာန်)
(ဃ) ပွား = မဂ္ဂသစ္စာ (နိရောဓသို့ ဆိုက်ရန်ပွားသော မဂ္ဂင်ရှစ်ပါးအကျင့်)

မဂ္ဂင်ရှစ်ပါး (မဂ္ဂသစ္စာ)
၁။ သမ္မာဒိဋ္ဌိ = မှန်ကန်စွာ မြင်ခြင်း
၂။ သမ္မာသင်္ကပ္ပ = မှန်ကန်စွာ ကြံစည်ခြင်း
၃။ သမ္မာဝါစာ = မှန်ကန်စွာ ပြောဆိုခြင်း
၄။ သမ္မာကမ္မန္တ = မှန်ကန်စွာ ပြုမူခြင်း
၅။ သမ္မာအာဇီဝ = မှန်ကန်စွာ အသက်မွေးခြင်း
၆။ သမ္မာဝါယာမ = မှန်ကန်စွာ အားထုတ်ခြင်း
၇။ သမ္မာသတိ = မှန်ကန်စွာ အောက်မေ့ခြင်း
၈။ သမ္မာသမာဓိ =မှန်ကန်စွာ တည်ကြည်ခြင်း

မဂ္ဂင်ရှစ်ပါးကို ချုံ့လျှင် သီလ – သမာဓိ – ပညာ သိက္ခာသုံးပါးရပြီး ၎င်းသိက္ခာသုံးပါးကို အနှစ်ချုပ်လျှင် သတိတစ်လုံးသည်သာ ကျန်တော့သည်။ ဗုဒ္ဓ၏ နိဗ္ဗာန် ရောက်ကြောင်းသည် တစ်ကြောင်းတည်းသောလမ်း မဟာသတိပဋ္ဌာန်တရားဖြစ်သည်။ (သတိတစ်လုံး အရှိသုံး အဆုံးနိဗ္ဗာန်တိုင်)

ကုသိုလ်ကောင်းမှု (၄) မျိုး
၁။ ဒါန (စွန့်လွှတ် – လှူဒါန်း)
၂။ သီလ (ကာယ + ဝစီ ထိန်းသောစည်းကမ်း)
၃။ သမထဘာဝနာ (ကမ္မဋ္ဌာန်းအာရုံတစ်ခုတည်းကိုသာ ရှုခြင်း)
၄။ ဝိပဿနာ ဘာဝနာ (ရုပ်နာမ်တရားတို့၏ ဖြစ်ပျက်ကိုရှုခြင်း)
* ဒါန မူလတန်း လူတော် (ကံလမ်း)
* သီလ အလယ်တန်း လူကောင်း
* သမထဘာဝနာ အထက်တန်း လူမှန်
* ဝိပဿနာဘာဝနာ တက္ကသိုလ် လူမြတ် (ဉာဏ်လမ်း)

မှတ်ချက်
* ဒါန၊ သီလ၊ သမထဘာဝနာ စသည်သုံးမျိုးသည် ဘုရားမပွင့်မီ ကာလများစွာကပင် ရှိခဲ့ပေသည်။
* လူချမ်းသာ နတ်ချမ်းသာ ဗြဟ္မာချမ်းသာများကို ရစေပြီး ကံအကျိုးပေး သာလျှင်ရရှိကာ သံသရာလည်ပြီး ဒုက္ခသစ္စာမှ မလွတ်မြောက်နိုင်ပေ။
* ဘုရားပွင့်လာရခြင်းသည် သတ္တဝါများအားလုံး ဒုက္ခဆင်းရဲအပေါင်းမှ လွတ်မြောက်စေနိုင်သော ဝိပဿနာရှုမှတ်ပွားများနိုင်စေရန် လမ်းညွှန်ပေးရန် ဖြစ်ပြီး ဒုက္ခသစ္စာမှလွတ်မြောက်ပြီး နိရောဓသစ္စာ (နိဗ္ဗာန်) သို့ မျက်မှောက်ပြုနိုင်သော ဉာဏ်အကျိုးပေး ကို ညွှန်ပြပေးရန် ဖြစ်သည်။

သာသနာ (၃) ရပ်
ဗုဒ္ဓသာသနာ (အဆုံးအမ) သုံးရပ်ရှိသည်။
၁။ ပဋိယတ္တိ္တိသာသနာ (ဟောပြောခြင်း၊ စာပေမှတ်တမ်းတင်ခြင်း၊ သင်ကြားခြင်း)
၂။ ပဋိပတ္တိ္တိသာသနာ (မိမိခန္ဓာကိုယ်တွင်းသို့ မိမိဉာဏ်ဖြင့် ရှုမှတ်ပွားများလေ့ကျင့်ခြင်း)
၃။ ပဋိဝေဓသာသနာ (ပဋိယတ္တိသာသနာ အကျင့်ကျင့်ပြီးမှသာလျှင် အရှိတရား၊ အမှန်တရား၊ သဘော တရားများ သိမြင်လာပြီး မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်၊ နိဗ္ဗာန်သို့ မျက်မှောက်ပြုအကျိုးရရှိခြင်း)

မှတ်ချက် ဘုရားသာသနာ သုံးရပ်တွင် – သာသနာပြုရန် ပံ့ပိုးခြင်း၊ လုပ်ဆောင်ခြင်း၊ လေ့ကျင့်ခြင်း ပြုလုပ်နိုင်သည့် အကျင့်နှစ်ဖြာဖြစ်သော ပရိယတ္တိနှင့် ပဋိပတ္တိသာရှိပေသည်။ (ပဋိဝေဓသာသနာသည် ကျင့်ပြီးမှသာလျှင် ရရှိသောအကျိုးဖြစ်ပေါ်လာခြင်း ဖြစ်ပေသည်။)

ဘုရားဂုဏ်တော် (၉) ပါး
(၁) အရဟံ
* အရဟံ = လူနတ် ဗြဟ္မာတို့၏ ပူဇော်အထူးကို ခံထိုက်ခြင်း။
* အရ ဟံ = ကိလေသာရန်သူတို့ကို ပယ်သတ်တော်မူပြီးဖြစ်ခြင်း။
* အ ရဟံ = ဆိတ်ကွယ်ရာ၌ပင် မကောင်းမှု မပြုခြင်း။
(၂) သမ္မာသမ္ဗုဒ္ဓ = အလုံးစုံသောတရားတို့ကို ဆရာမရှိပါဘဲ ပါရမီစွမ်းအားဖြင့်သိခြင်း။
(၃) ဝိဇ္ဇာစရဏသမ္ပန္န = အသိဉာဏ် (ဝိဇ္ဇာ)၊ အကျင့်တရား (စရဏ) တို့နှင့် ပြည့်စုုံခြင်း။
(၄) သုဂတ = ကောင်းမြတ်သောစကား (သီလ၊ သမာဓိ၊ ပညာ) ကိုသာပြောခြင်း (ကောင်းသောလာခြင်း၊ သွားခြင်း)
(၅) လောကဝိဒူ = လောကကြီးသုံးပါးကို သိခြင်း။ (သတ္တ၊ ဩကာသ၊ သင်္ခါရ)
(၆) အနုတ္တရောပုရိသ = ရိုင်းစိုင်းသော တိရိစာ္ဆန်၊ လူ၊ နတ်တို့ကို ယဉ်ကျေးသိမ်မွေ့အောင် ဆုံးမခြင်း။
(၇) သတ္ထာဒေဝ မနုဿာနံ = လူ နတ် ဗြဟ္မာ သတ္တဝါ အားလုံးတို့၏ ဆရာဖြစ်ခြင်း။
(၈) ဗုဒ္ဓ = အမှန် (သစ္စာ) တရားလေးပါးကို သိခြင်း၊ ဟောကြားပြသခြင်း။
(၉) ဘဂဝါ = ဘုန်းတော် (၆) ပါးနှင့်ပြည့်စုုံခြင်း။

တရားဂုဏ်တော် (၆) ပါး
(၁) ဟော = ဘုရားကိုယ်တိုင်ဟောခြင်း။
(၂) ကိုယ် = ကျင့်ကြံသူအတွက် မျက်မှောက်ဘဝ၌ပင် ကိုယ်တိုင်ရှုမြင်နိုင်ခြင်း။
(၃) ဆိုင်း = ရှုပွားသူအတွက် မဂ်ပြီးလျှင် ဖိုလ်အချိန်မဆိုင်းဘဲဖြစ်ခြင်း။
(၄) ဖိတ် = တရားနှင့်ပတ်သက်ပြီး ရဲရဲဝံ့ဝံ့ ဖိတ်ခေါ်ရဲခြင်း။
(၅) ကပ် = မိမိသန္တာန်၌ အစဉ်ကပ်၍ ဆောင်ထားသင့်ခြင်း။
(၆) လက် = မဂ်၊ ဖိုလ်၊ နိဗ္ဗာန် ဓမ္မရသကိုလက်တွေ့ခံစားနိုင်ခြင်း။

သံဃာ့ဂုဏ်တော် (၉) ပါး
(၁) ကောင်း = ကောင်းသောအကျင့်ရှိခြင်း။
(၂) ဖြောင့် = ဖြောင့်မတ်စွာကျင့်ကြံခြင်း။
(၃) နိဗ် = နိဗ္ဗာန်ရောက်ရေးကျင့်ခြင်း။
(၄) လော = လောကုတ္တရာတရားနဲ့ အညီကျင့်ခြင်း။
(၅) ဝေး = အဝေးကသယ်ဆောင်လာသည့် ပစ္စည်းကိုပင် ခံယူထိုက်ခြင်း။
(၆) ဧည့် = ဧည့်သည်အတွက် အထူးစီမံထားသည့်ပစ္စည်းကိုပင် အလှူခံထိုက်ခြင်း။
(၇) မြင့် = မြင့်မြတ်သောအလှူကို ခံထိုက်ခြင်း။
(၈) လက် = လက်အုပ်ချီမိုး ရှိခိုးခြင်းကို ခံထိုက်ခြင်း။
(၉) လယ် = သတ္တဝါအပေါင်းတို့၏ ဒါနမျိုးစေ့ စိုက်ပျိုးရာ လယ်မြေ ကောင်းဖြစ်ခြင်း။

သရဏဂုံပျက်သူ
(၁) သေဆုံးသူ
(၂) အခြားဘာသာသို့ ကူးပြောင်းသူ
(၃) ကိုးကွယ်မှုမှားယွင်းသူ

(ဥပမာ – ဘုရားအဆုံးအမတွင် မပါသော သစ်သီးအမျိုးမျိုးကိုလည်းကောင်း၊ မခိုင်မာသည့်ရုပ်ပုံ၊ ပန်းပုများကိုလည်းကောင်း၊ မမြင်မသိရသည်များကို သူများအပြော မျက်စိမှိတ်ပြီး ကိုးကွယ်သူ)
[ပြင်ဆင်ရန်​] သရဏဂုံတည်သူ (ဗုဒ္ဓဘာသာဝင်အစစ်ဖြစ်သူ)
– ဘုရား၊ တရား၊ သံဃာရတနာသုံးပါးတို့၏ ဂုဏ်တော် (ကျေးဇူး) ကို အစဉ်နှလုံးသွင်းကာ အားကိုးအပ်နှံပြီး ရတနာသုံးပါးတို့၏ အဆုံးအမကိုသာ လိုက်နာကျင့်သုံးနေသူသည်သာလျှင် သရဏဂုံတည်သူ ဖြစ်လေ သည်။

(စန္ဒာသူရိယ ဘလော့ စတင်ခြင်း တစ်နှစ်ပြည့်အမှတ်တရ)

ဗုဒၶ၀င္အက်ဥ္း

(က) ရေသ့ျဖစ္ျခင္း
သုေမဓာရွင္ရေသ့ဘ၀မေရာက္မီ ဘုရားအေလာင္းေတာ္၏ မိဘႏွစ္ပါး လြန္စြာပစၥည္းဥစၥာခ်မ္းသာေပမဲ့ ၄င္းမိဘႏွစ္ပါးေသဆံုးသည့္အခါ ပစၥည္းဥစၥာမ်ား ဘာမွ်ယူမသြားႏိုင္ေသာေၾကာင့္ လူေတြမွ ေသဆံုးလို႔ ဘာမွ် ပါမသြားႏိုင္တာရွိလွ်င္ ေသဆံုးၿပီးပါေအာင္ ယူသြားႏိုင္တာ ရွိကိုရွိရမယ္လို႔ ေတြးမိၿပီး ပစၥည္းဥစၥာ အားလံုး စြန္႔လႊတ္လွဴဒါန္းၿပီး ရေသ့ဘ၀ေျပာင္း တရားက်င့္ခဲ့သည္။

(ခ) ဆႏၵာဓိပတိ
ဘုရားအေလာင္း သုေမဓာသည္ ဒီပကၤရာဘုရားရွင္ႏွင့္ ေတြ႕ၿပီး နိဗၺာန္သို႔ မ်က္ေမွာက္ျပဳႏိုင္ေပမဲ့ ဒီပကၤရာ ဘုရားရွင္ကဲ့သို႔ သတၱ၀ါမ်ားအား လမ္းၫႊန္ (ကယ္တင္) လိုေသာ ဆႏၵာဓိပတိေၾကာင့္သာလွ်င္ ဘုရားဆုပန္ ေလသည္။ (ကိုယ့္အတြက္မၾကည့္၊ အမ်ားအက်ဳိးအတြက္သာ ေဆာင္ရြက္လိုေသာ ဆႏၵာဓိပတိသည္ အျမင့္ျမတ္ဆံုးေသာ ေက်းဇူးေတာ္ျဖစ္ေပသည္။)

(ဂ) ဗ်ာဒိတ္ယူျခင္း
ယခုမ်က္ေမွာက္ေနဆဲ ကမၻာမတိုင္မီ အေရွ႕ေလးသေခ်ၤႏွင့္ကမၻာတစ္သိန္းအစ ဒီပကၤရာဘုရားရွင္၏ ေျခေတာ္ရင္း၌ သုေမဓာရွင္ရေသ့ဘ၀မွစၿပီး ဘုရားဆုပန္ ဗ်ာဒိတ္ယူခဲ့သည္။ (တစ္ကမၻာသည္ မေရတြက္ႏိုင္ ေအာင္ၾကာလွၿပီး အသေခ်ၤတစ္ခုသည္ တစ္၏ေနာက္မွ သုညေပါင္း တစ္ရာ့ေလးဆယ္ရွိသည္)။

(ဃ) ပါရမီ (ဆယ္ပါး – အျပားသံုးဆယ္)
၁။ ဒါန (ဒါ) = ေပးလွဴျခင္း
၂။ သီလ (သီ) = ကိုယ္ႏႈတ္ေစာင့္ထိန္းျခင္း
၃။ ေနကၡမၼ (ေတာ) = ကိေလသာေတာမွထြက္ျခင္း
၄။ ပညာ (ပ) = အေၾကာင္းအက်ဳိး ဆင္ျခင္ထိုးထြင္းသိျခင္း
၅။ ၀ီရိယ (အား) = အားစိုက္ႀကိဳးစား လံု႔လရွိျခင္း
၆။ ခႏၲီ (ခံ) = သည္းခံျခင္း
၇။ သစၥာ (ေျဖာင့္) = ေျဖာင့္မတ္/မွန္ကန္ျခင္း
၈။ အဓိ႒ာန္ (႒ာန္) = အဓိ႒ာန္တည္ေဆာက္ျခင္း၊ ျပတ္သားေသာဆႏၵ
၉။ ေမတၱာ (ပြား) = စင္ၾကယ္ေသာခ်စ္ျခင္း
၁၀။ ဥေပကၡာ (လစ္လ်ဴ) = လ်စ္လ်ဴ႐ႈျခင္း/အသင့္အားျဖင့္ ႐ႈျခင္း

မူလပါရမီ (၁၀) ပါး
(ပိုင္ဆိုင္စည္းစိမ္အားလံုးႏွင့္ ဇနီး၊ သား၊ သမီးပါမက်န္ျဖည့္ျခင္း)
[ျပင္ဆင္ရန္​] ဥပပါရမီ (၁၀) ပါး

(စည္းစိမ္ + ဇနီး၊ သားသမီးအျပင္ မိမိခႏၶာကိုယ္အစိတ္အပိုင္း ပါျဖည့္ျခင္း)
[ျပင္ဆင္ရန္ ​] ပရမတၳပါရမီ (၁၀) ပါး
(အသက္ကိုပါမက်န္ ျဖည့္ျခင္း)

(င) ပါရမီျဖည့္ပံု
၁။  ၾကာျမင့္လွစြာေသာအခ်ိန္
၂။  မရပ္မနား
၃။ ခ်န္မထားဘဲ
၄။  ႐ို႐ိုေသေသ
၅။ ေပ်ာ္ေပ်ာ္ႀကီးျဖည့္

(စ) တိတိက်က် ေသေသခ်ာခ်ာ ပြင့္ေတာ္မူျခင္း
(၁) ပါရမီျဖည့္တာ တိက်ေသခ်ာ
(၂) ေမြးဖြား ႏွစ္၊ လ၊ ရက္ (မဟာသကၠရာဇ္ – ၆၈၊ ကဆုန္လျပည့္၊ ေသာၾကာေန႔)
(၃) မိဘႏွစ္ပါး (သုေဒၶါဒနမင္းႀကီး ႏွင့္ မယ္ေတာ္မာယာေဒ၀ီ)
(၄) ေမြးဖြားေနရာ (အိႏၵိယ ႏွင့္ နီေပါနယ္စပ္အနီး၊ နီေပါႏိုင္ငံပိုင္ လုမၺနီဥယ်ာဥ္)
(၅) လူသားအစစ္ျဖစ္ျခင္း
(၆) ေမြးေမြးျခင္းဘုရားမျဖစ္ ၊ က်င့္ၿပီးမွျဖစ္ (က်င့္စဥ္အားလံုး တိက်ေသခ်ာျပထားသည္။)
(၇) ဘုရားျဖစ္ေသာရက္ တိက်ေသခ်ာ (မဟာသကၠရာဇ္ – ၁၀၃၊ ကဆုန္လျပည့္၊ ဗုဒၶဟူးေန႔)
(၈) ဘုရားပြင့္သည့္ေနရာ (ဗုဒၶဂါယာ)

ဗုဒၶႏွင့္ဆိုင္ေသာေန႔မ်ား
ကဆုန္လျပည့္ (၅) ေန႔
(၁) ဗ်ာဒိတ္ယူသည့္ေန႔ = ေလး သေခ်ၤကမၻာတစ္သိန္း အစ ကဆုန္လျပည့္ေန႔။
(၂) ဘုရားေမြးသည့္ေန႔ = မဟာသကၠရာဇ္ – ၆၈၊ ကဆုန္လျပည့္ (ေသာၾကာေန႔)
(၃) ဘုရားျဖစ္သည့္ေန႔ = မဟာသကၠရာဇ္ – ၁၀၃၊ ကဆုန္လျပည့္ (ဗုဒၶဟူူးေန႔)
(၄) ဗုဒၶ၀င္အက်ဥ္းေဟာသည့္ေန႔ = မဟာသကၠရာဇ္ – ၁၀၄၊ ကဆုန္လျပည့္
(၅) ပရိနိဗၺာန္စံသည့္ေန႔ = မဟာသကၠရာဇ္ – ၁၄၈၊ ကဆုန္လျပည့္ (အဂၤါေန႔)
(ကဆုန္လျပည့္၊ ကဆုန္ေညာင္ေရသြန္းပြဲ က်င္းပရျခင္း အထိမ္းအမွတ္သည္ ဘုရား၏ ပရိေဘာဂေစတီ ကို စုေပါင္းပူေဇာ္ၿပီး ေညာင္ပင္အသက္ရွည္ စိမ္းလန္းစိုေျပသကဲ့သို႔သာ သနာေတာ္ သန္႔ရွင္း၊ တည္တံ့၊ ပြားမ်ား ႏိုင္ရန္)

၀ါဆိုလျပည့္ (၅) ေန႔
(၁) ပဋိသေႏၶတည္သည့္ေန႔ = မဟာသကၠရာဇ္ – ၆၇၊ ၀ါဆိုလျပည့္ (ၾကာသပေတးေန႔)
(၂) ေတာထြက္သည့္ေန႔ = မဟာသကၠရာဇ္ – ၉၇၊ ၀ါဆိုလျပည့္ (တနလၤာေန႔)
(၃) ဓမၼစၾကာတရားဦး = မဟာသကၠရာဇ္ – ၁၀၃၊ ၀ါဆိုလျပည့္ (စေနေန႔)
(၄) ေသာတာပန္လူသား စေပၚသည့္ေန႔ = မဟာသကၠရာဇ္ – ၁၀၃၊ ၀ါဆိုလျပည့္ (စေနေန႔)
(၅) သံဃာရတနာစေပၚသည့္ေန႔ = မဟာသကၠရာဇ္ – ၁၀၃၊ ၀ါဆိုလျပည့္ (စေနေန႔)
(သာသနာ၀င္မ်ားသည္ ၀ါဆိုလျပည့္ေန႔၏ အဓိပၸယ္ကို ေလးေလးနက္နက္ နားလည္သင့္ေပသည္။)

သီတင္းကြၽတ္လျပည့္ေန႔
(၁) ဘုရားရွင္သည္ မယ္ေတာ္မိနတ္သားအား ၀ါတြင္းသံုးလလံုးအဘိဓမၼာတရား ေဟာၾကားျခင္း
(၂) မိဘအားေက်းဇူးဆပ္အၿပီး လူ႕ျပည္ဆင္းစဥ္ လူသားမ်ားဆီမီးျဖင့္ ပူေဇာ္ကန္ေတာ့ျခင္းကို အစြဲျပဳၿပီး မီးျဖင့္ ကန္ေတာ့ၾကသည္။ ဗုဒၶအလိုေတာ္က်မွာ –

* အဘိဓမၼာတရားေတာ္ ျပန္႔ပြားနားလည္ေအာင္လုပ္ရန္
* မိဘႏွင့္ေက်းဇူးရွင္မ်ားကို ေက်းဇူးဆပ္ကန္ေတာ့ရန္

(လြန္ကဲေသာ မီးထြန္းျခင္း၊ ဥပမာ – အိမ္သာမက်န္ ႏွင့္ ေဗ်ာက္အိုးႏွင့္ မီး႐ွဴးမီးပန္းမ်ားေဖာက္ၾကျခင္းသည္ မိမိတို႔၏ ထံုးတမ္းအစဥ္အလာအရ လုပ္ၾကျခင္းျဖစ္သည္။) [ျပင္ဆင္ရန္​]

တပို႔တြဲလျပည့္ေန႔
ရာဇၿဂိဳလ္ျပည္၊ ေ၀ဠဳ၀န္ေက်ာင္းတိုက္၌ ရဟႏၲာေပါင္း ၁၂၅၀ တက္ေရာက္ေသာ ‘ပထမသံဃသႏၷိပါတ’ ပထမဆံုးသံဃာ့အစည္းအေ၀းက်င္းပၿပီး ဘုရားအဆူဆူ ဆံုးမစကား ၾသ၀ါဒပါတိေမာက္ ခ်ီးျမႇင့္ေသာေန႔ျဖစ္ၿပီး လက်္ာရံ အဂၢသာ၀က အရွင္သာရိပုတၱရာႏွင့္ လက္၀ဲရံ အဂၢသာ၀က အရွင္ေမာဂၢလာန္တို႔အား ရာထူးအပ္ႏွင္း ေသာေန႔ျဖစ္သည္။
[ျပင္ဆင္ရန္​] ၾသ၀ါဒပါတိေမာက္

အႏွစ္ခ်ဳပ္မွာ –
(၁) လြန္စြာ ခ်ဳပ္တည္းျခင္းတည္းဟူေသာ သည္းခံျခင္းသည္ အလြန္ျမင့္ျမတ္ေသာ အက်င့္ေပတည္း။
(၂) မိမိစိတ္ကို သန္႔ရွင္းျဖဴစင္ေစရာ၏။
(၃) ထူးျမတ္ေသာအက်င့္၌ လြန္စြာအားထုတ္ရာ၏။
[ျပင္ဆင္ရန္ ​]

ဓမၼစၾကာတရားေတာ္

ဘုရားအေလာင္းေတာ္သည္ (၂၉)ႏွစ္ထိ ကာမဂုဏ္အာ႐ံုတို႔ျဖင့္ ေပ်ာ္ပါးေနခဲ့ေသာ ‘ကာမသုခလႅ’ိကာႏု ေယာဂလက္ယာစြန္းေရာက္ေနစဥ္ ေလာဘကိုသာ ျဖစ္ေစၿပီး၊ (၂၉) ႏွစ္မွ (၃၅) ႏွစ္အထိ (၆) ႏွစ္လံုးလံုး ခႏၶာကုိယ္ကို အမ်ဳိးမ်ဳိးႏွိပ္စက္ညႇင္းဆဲၿပီးက်င့္ေသာ ဒုကၠရစရိယာအက်င့္ ‘အတၱကိလမထာႏုေယာဂ’ လက္၀ဲ စြန္း ေရာက္ေနစဥ္ ေဒါသကိုသာျဖစ္ေစသျဖင့္ တရားမရျဖစ္ေနေသာေၾကာင့္ ၄င္းအစြန္းႏွစ္ပါးကိုေရွာင္ၿပီး ‘မဇိၥ်မပဋိပဒါ’ (ေခၚ) မဂၢင္ရွစ္ပါးအက်င့္ကို က်င့္မွသာလွ်င္ သစၥာေလးပါး ကို သိျမင္ႏိုင္ေသာ တရားျဖစ္သည္ဟု ေဟာၾကားေသာ တရားျဖစ္သည္။

သစၥာတရား (Universal Truth)
အစဥ္ထာ၀ရမွန္ကန္ေသာအမွန္တရား
(က) Person ပုဂၢိဳလ္မေရြး
(ခ) Place ေနရာမေရြး
(ဂ) Time အခ်ိန္မေရြး မွန္ကန္မွသာ သစၥာတရားျဖစ္သည္။
[ျပင္ဆင္ရန္​] ဗုဒၶသာသနာအႏွစ္ခ်ဳပ္
သစၥာေလးပါးသည္ အႏွစ္ခ်ဳပ္ျဖစ္သည္။
(က) သိ = ဒုကၡသစၥာ (ေဖာက္ျပန္၊ ႏွိပ္စက္၊ လိုတာမရ၊ ရတာ လိုလို႔ ဆင္းရဲျခင္း)
(ခ) ပယ္ = သမုဒယသစၥာ (ဒုကၡျဖစ္ေပၚေစေသာ အေၾကာင္းတရား-ေလာဘ)
(ဂ) ဆိုက္ = နိေရာဓသစၥာ (ဒုကၡသမုဒယခ်ဳပ္ၿငိမ္းျခင္း-နိဗၺာန္)
(ဃ) ပြား = မဂၢသစၥာ (နိေရာဓသို႔ ဆိုက္ရန္ပြားေသာ မဂၢင္ရွစ္ပါးအက်င့္)

မဂၢင္ရွစ္ပါး (မဂၢသစၥာ)
၁။ သမၼာဒိ႒ိ = မွန္ကန္စြာ ျမင္ျခင္း
၂။ သမၼာသကၤပၸ = မွန္ကန္စြာ ၾကံစည္ျခင္း
၃။ သမၼာ၀ါစာ = မွန္ကန္စြာ ေျပာဆုိျခင္း
၄။ သမၼာကမၼႏၲ = မွန္ကန္စြာ ျပဳမူျခင္း
၅။ သမၼာအာဇီ၀ = မွန္ကန္စြာ အသက္ေမြးျခင္း
၆။ သမၼာ၀ါယာမ = မွန္ကန္စြာ အားထုတ္ျခင္း
၇။ သမၼာသတိ = မွန္ကန္စြာ ေအာက္ေမ့ျခင္း
၈။ သမၼာသမာဓိ =မွန္ကန္စြာ တည္ၾကည္ျခင္း

မဂၢင္ရွစ္ပါးကို ခ်ဳံ႕လွ်င္ သီလ – သမာဓိ – ပညာ သိကၡာသံုးပါးရၿပီး ၄င္းသိကၡာသံုးပါးကို အႏွစ္ခ်ဳပ္လွ်င္ သတိတစ္လံုးသည္သာ က်န္ေတာ့သည္။ ဗုဒၶ၏ နိဗၺာန္ ေရာက္ေၾကာင္းသည္ တစ္ေၾကာင္းတည္းေသာလမ္း မဟာသတိပ႒ာန္တရားျဖစ္သည္။ (သတိတစ္္လံုး အရွိသံုး အဆံုးနိဗၺာန္တိုင္)

ကုသိုလ္ေကာင္းမႈ (၄) မ်ဳိး
၁။ ဒါန (စြန္႔လႊတ္ – လွဴဒါန္း)
၂။ သီလ (ကာယ + ၀စီ ထိန္းေသာစည္းကမ္း)
၃။ သမထဘာ၀နာ (ကမၼ႒ာန္းအာ႐ံုတစ္ခုတည္းကိုသာ ႐ႈျခင္း)
၄။ ၀ိပႆနာ ဘာ၀နာ (႐ုပ္နာမ္တရားတို႔၏ ျဖစ္ပ်က္ကို႐ႈျခင္း)
* ဒါန မူလတန္း လူေတာ္ (ကံလမ္း)
* သီလ အလယ္တန္း လူေကာင္း
* သမထဘာ၀နာ အထက္တန္း လူမွန္
* ၀ိပႆနာဘာ၀နာ တကၠသိုလ္ လူျမတ္ (ဉာဏ္လမ္း)

မွတ္ခ်က္
* ဒါန၊ သီလ၊ သမထဘာ၀နာ စသည္သံုးမ်ဳိးသည္ ဘုရားမပြင့္မီ ကာလမ်ားစြာကပင္ ရွိခဲ့ေပသည္။
* လူခ်မ္းသာ နတ္ခ်မ္းသာ ျဗဟၼာခ်မ္းသာမ်ားကို ရေစၿပီး ကံအက်ဳိးေပး သာလွ်င္ရရွိကာ သံသရာလည္ၿပီး ဒုကၡသစၥာမွ မလြတ္ေျမာက္ႏိုင္ေပ။
* ဘုရားပြင့္လာရျခင္းသည္ သတၱ၀ါမ်ားအားလံုး ဒုကၡဆင္းရဲအေပါင္းမွ လြတ္ေျမာက္ေစႏိုင္ေသာ ၀ိပႆနာ႐ႈမွတ္ပြားမ်ားႏိုင္ေစရန္ လမ္းၫႊန္ေပးရန္ ျဖစ္ၿပီး ဒုကၡသစၥာမွလြတ္ေျမာက္ၿပီး နိေရာဓသစၥာ (နိဗၺာန္) သုိ႔ မ်က္ေမွာက္ျပဳႏိုင္ေသာ ဉာဏ္အက်ဳိးေပး ကို ၫႊန္ျပေပးရန္ ျဖစ္သည္။

သာသနာ (၃) ရပ္
ဗုဒၶသာသနာ (အဆံုးအမ) သံုးရပ္ရွိသည္။
၁။ ပဋိယတၱိၱိသာသနာ (ေဟာေျပာျခင္း၊ စာေပမွတ္တမ္းတင္ျခင္း၊ သင္ၾကားျခင္း)
၂။ ပဋိပတၱိၱိသာသနာ (မိမိခႏၶာကိုယ္တြင္းသို႔ မိမိဥာဏ္ျဖင့္ ႐ႈမွတ္ပြားမ်ားေလ့က်င့္ျခင္း)
၃။ ပဋိေ၀ဓသာသနာ (ပဋိယတၱိသာသနာ အက်င့္က်င့္ၿပီးမွသာလွ်င္ အရွိတရား၊ အမွန္တရား၊ သေဘာ တရားမ်ား သိျမင္လာၿပီး မဂ္ဥာဏ္၊ ဖိုလ္ဥာဏ္၊ နိဗၺာန္သို႔ မ်က္ေမွာက္ျပဳအက်ဳိးရရွိျခင္း)

မွတ္ခ်က္ ဘုရားသာသနာ သံုးရပ္တြင္ – သာသနာျပဳရန္ ပံ့ပိုးျခင္း၊ လုပ္ေဆာင္ျခင္း၊ ေလ့က်င့္ျခင္း ျပဳလုပ္ႏိုင္သည့္ အက်င့္ႏွစ္ျဖာျဖစ္ေသာ ပရိယတၱိႏွင့္ ပဋိပတၱိသာရွိေပသည္။ (ပဋိေ၀ဓသာသနာသည္ က်င့္ၿပီးမွသာလွ်င္ ရရွိေသာအက်ဳိးျဖစ္ေပၚလာျခင္း ျဖစ္ေပသည္။)

ဘုရားဂုဏ္ေတာ္ (၉) ပါး
(၁) အရဟံ
* အရဟံ = လူနတ္ ျဗဟၼာတို႔၏ ပူေဇာ္အထူးကို ခံထိုက္ျခင္း။
* အရ ဟံ = ကိေလသာရန္သူတို႔ကို ပယ္သတ္ေတာ္မူၿပီးျဖစ္ျခင္း။
* အ ရဟံ = ဆိတ္ကြယ္ရာ၌ပင္ မေကာင္းမႈ မျပဳျခင္း။
(၂) သမၼာသမၺဳဒၶ = အလံုးစံုေသာတရားတို႔ကို ဆရာမရွိပါဘဲ ပါရမီစြမ္းအားျဖင့္သိျခင္း။
(၃) ၀ိဇၨာစရဏသမၸႏၷ = အသိဥာဏ္ (၀ိဇၨာ)၊ အက်င့္တရား (စရဏ) တို႔ႏွင့္ ျပည့္စံုုျခင္း။
(၄) သုဂတ = ေကာင္းျမတ္ေသာစကား (သီလ၊ သမာဓိ၊ ပညာ) ကိုသာေျပာျခင္း (ေကာင္းေသာလာျခင္း၊ သြားျခင္း)
(၅) ေလာက၀ိဒူ = ေလာကႀကီးသံုးပါးကို သိျခင္း။ (သတၱ၊ ၾသကာသ၊ သခၤါရ)
(၆) အႏုတၱေရာပုရိသ = ႐ိိုင္းစိုင္းေသာ တိရိစာၦန္၊ လူ၊ နတ္တို႔ကို ယဥ္ေက်းသိမ္ေမြ႔ေအာင္ ဆံုးမျခင္း။
(၇) သတၴာေဒ၀ မႏုႆာနံ = လူ နတ္ ျဗဟၼာ သတၱ၀ါ အားလံုးတို႔၏ ဆရာျဖစ္ျခင္း။
(၈) ဗုဒၶ = အမွန္ (သစၥာ) တရားေလးပါးကို သိျခင္း၊ ေဟာၾကားျပသျခင္း။
(၉) ဘဂ၀ါ = ဘုန္းေတာ္ (၆) ပါးႏွင့္ျပည့္စံုုျခင္း။

တရားဂုဏ္ေတာ္ (၆) ပါး
(၁) ေဟာ = ဘုရားကိုယ္တိုင္ေဟာျခင္း။
(၂) ကိုယ္ = က်င့္ၾကံသူအတြက္ မ်က္ေမွာက္ဘ၀၌ပင္ ကိုယ္တိုင္႐ႈျမင္ႏိုင္ျခင္း။
(၃) ဆိုင္း = ႐ႈပြားသူအတြက္ မဂ္ၿပီးလွ်င္ ဖိုလ္အခ်ိန္မဆိုင္းဘဲျဖစ္ျခင္း။
(၄) ဖိတ္ = တရားႏွင့္ပတ္သက္ၿပီး ရဲရဲ၀ံ့၀ံ့ ဖိတ္ေခၚရဲျခင္း။
(၅) ကပ္ = မိမိသႏၲာန္၌ အစဥ္ကပ္၍ ေဆာင္ထားသင့္ျခင္း။
(၆) လက္ = မဂ္၊ ဖိုလ္၊ နိဗၺာန္ ဓမၼရသကိုလက္ေတြ႕ခံစားႏိုင္ျခင္း။

သံဃာ့ဂုဏ္ေတာ္ (၉) ပါး
(၁) ေကာင္း = ေကာင္းေသာအက်င့္ရွိျခင္း။
(၂) ေျဖာင့္ = ေျဖာင့္မတ္စြာက်င့္ၾကံျခင္း။
(၃) နိဗ္ = နိဗၺာန္ေရာက္ေရးက်င့္ျခင္း။
(၄) ေလာ = ေလာကုတၱရာတရားနဲ႔ အညီက်င့္ျခင္း။
(၅) ေ၀း = အေ၀းကသယ္ေဆာင္လာသည့္ ပစၥည္းကိုပင္ ခံယူထိုက္ျခင္း။
(၆) ဧည့္ = ဧည့္သည္အတြက္ အထူးစီမံထားသည့္ပစၥည္းကိုပင္ အလွဴခံထိုက္ျခင္း။
(၇) ျမင့္ = ျမင့္ျမတ္ေသာအလွဴကို ခံထိုက္ျခင္း။
(၈) လက္ = လက္အုပ္ခ်ီမိုး ရွိခိုးျခင္းကို ခံထိုက္ျခင္း။
(၉) လယ္ = သတၱ၀ါအေပါင္းတို႔၏ ဒါနမ်ဳိးေစ့ စိုက္ပ်ဳိးရာ လယ္ေျမ ေကာင္းျဖစ္ျခင္း။

သရဏဂံုပ်က္သူ
(၁) ေသဆံုးသူ
(၂) အျခားဘာသာသို႔ ကူးေျပာင္းသူ
(၃) ကိုးကြယ္မႈမွားယြင္းသူ

(ဥပမာ – ဘုရားအဆံုးအမတြင္ မပါေသာ သစ္သီးအမ်ိဳးမ်ဳိးကိုလည္းေကာင္း၊ မခိုင္မာသည့္႐ုပ္ပံု၊ ပန္းပုမ်ားကိုလည္းေကာင္း၊ မျမင္မသိရသည္မ်ားကို သူမ်ားအေျပာ မ်က္စိမွိတ္ၿပီး ကိုးကြယ္သူ)
[ျပင္ဆင္ရန္​] သရဏဂံုတည္သူ (ဗုဒၶဘာသာ၀င္အစစ္ျဖစ္သူ)
– ဘုရား၊ တရား၊ သံဃာရတနာသံုးပါးတို႔၏ ဂုဏ္ေတာ္ (ေက်းဇူး) ကို အစဥ္ႏွလံုးသြင္းကာ အားကိုးအပ္ႏွံၿပီး ရတနာသံုးပါးတို႔၏ အဆံုးအမကိုသာ လိုက္နာက်င့္သံုးေနသူသည္သာလွ်င္ သရဏဂံုတည္သူ ျဖစ္ေလ သည္။

(စႏၵာသူရိယ ဘေလာ့ စတင္ျခင္း တစ္ႏွစ္ျပည့္အမွတ္တရ)

%d bloggers like this: