ဝဋ်မှာအမြဲ ၊ ငရဲမှာ အပ

ဝဋ်မှာအမြဲ ၊ ငရဲမှာ အပဟု ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့သည် ဆိုရိုးရှိကြသည်။ယုံကြည်ကြသည်။ အဓိပ္ပါယ်မှာ ကာယကံ ၊ ဝစီကံ ၊ မနောကံ တို့ဖြင့် အကုသိုလ်မကောင်းမှုတို့ကိုပြုလုပ်ကျူးလွန်ပါက ငရဲကြီးတက်သည် ငရဲသို့ကျရောက်မည်ဟု အယူရှိကြသည်။

သို့ရာတွင် မိမိတို့ ကျူးလွန်ခဲ့သည်များအတွက် နောင်တတရားရကာ ကုသိုလ်ကောင်းမှုတို့ကို အားကြိုးမာန်တက် ပြုလုပ်ကြပါက မိမိတို့၏ ဒါန ၊ သီလ ၊ ဘာဝနာအကျိုးတို့ကြောင့် ယခင်ပြုခဲ့မိသော အကုသိုလ်အကျိုး(မကောင်းကျိုး)တို့သည် ပျောက်ပျက်နိုင်ပါသည်။ အပါယ်ငရဲ စသည်တို့မှ ကင်းစင်လွင့်ပျောက်နိုင်သော်လည်း ဝဋ်မှမူ လွတ်မြောက်နိုင်ခြင်းမရှိပေ။ ဘုရားရဟန္တာများသော်မှ ဝဋ်မှ ကင်းလွတ်နိုင်ခြင်း မရှိပါ။

ဥပမာတစ်ခုကို ထုတ်နုတ်ပြလိုပါသည်။ ယင်းဥပမာမှာ ဓမ္မပဒကျမ်းလာဂါထာတစ်ပုဒ်ကို မြတ်စွာဘုရားရှင်ဟောကြားသော အကြောင်းဖြစ်ပါသည်။

အထက်ပါဂါထာ နှစ်ပုဒ်မှာ ဓမ္မပဒကျမ်း၌ပါရှိသည့် ယမကဝဂ္ဂပါရှိပါသည်။ ပထမဂါထာမှာ မကောင်းမှုပြုသူသည် မိမိ၏ အကုသိုလ်ဒုစရိုက်ကြောင့် မကောင်းကျိုးကို ခံစားရသည်။ ဒုတိယဂါထာမှာ ပထမဂါထာ၏ ဆန့်ကျင်ဘက်ဖြစ်၍ ကောင်းကျိုးကို ရရှိကြောင်းကို ဖော်ပြထားပါသည်။

ပထမဂါထာမှာ စက္ခုပါလမထေရ်ကို အကြောင်းပြု၍ ဟောတော်မူခြင်းဖြစ်ပါသည်။စက္ခုပါလ မထေရ် သည် ရဟန္တာကြီးဖြစ်တော်မူသော်လည်း မျက်စိနှစ်ကွင်း အလင်းမရရှာပေ။ ထိုမထေရ်ကြီးသည် စင်္ကြံသွားရာ အရပ်၌ ပိုးကောင်တို့ကို နင်းမိသဖြင့် ပိုးကောင်အများ သေကြေပျက်စီးကြရ၏။ အခြားရဟန်းများက မြင်တွေ့ရာ မထေရ်ကြီးကို ကဲ့ရဲ့ကြလျက် ဘုရားရှင်ထံ လျှောက်ထားကြသည်။ ဘုရားရှင်သည်လည်း မထေရ်ကြီး၏ စင်ကြယ်သော စိတ်ရှိခြင်းကိုသိ၏။ သို့ကြောင့် ရှေးကပြုခဲ့ဖူးသော အကုသိုလ်ကံကြောင့် ဝဋ်မကင်းသဖြင့် မျက်စိတို့ ကွယ်ရခြင်းအကြောင်းတို့ကို ဟောပြတော်မူပါသည်။

စက္ခုပါလ မထေရ်ကြီးသည် ရှေးဘဝက ဆေးဆရာဖြစ်ခဲ့၏။ မျက်စိအလင်းမရသော မိန်းမတစ်ဦးအား ဆေးကုသပေးရာ ထိုမိန်းမက မျက်စိတို့မြင်ပါက သားသမီးနှင့်တကွ ဆရာ့ထံကျွန်ခံပါမည် ဟု ကတိကဝတ်ပြုထားခဲ့၏။ မျက်စိတို့မြင်လာသောအခါ ထိုမိန်းမသည် မိမိထားခဲ့သော ကတိအတိုင်း ကျွန်ခံရမည်ကို စိုးရိမ်မိသောကြောင့် မျက်စိတို့ မမြင်ရသေးပါ ၊ ပို၍ပင် ကိုက်ခဲ့လာပါသည် ဟု လိမ်လည်ပြောဆို၏။ ဆရာသည်လည်း ထိုမိန်းမ၏ လိမ်လည်ပြောဆိုခြင်းကို သိ၍အမျက်ထွ်ကာ မျက်စိတို့ ကန်းစေသော ဆေးကိုပေး၍ မျက်စိတို့ကို ပြန်လည်ကန်းစေသည်။

ထိုသို့ပြုခဲ့မိသော မကောင်းမှုအကုသိုလ်ဒုစရိုက်၏ မကောင်းကျိုးသည် ထပ်ကြပ်မကွာ လိုက်ပါလာ၏။ ရဟန္တာဖြစ်သည့်ဘဝ၌ပင် မျက်စေ့နှစ်ကွင်း အလင်းမရသူဖြစ်ရ၏။ ထိုသို့စက္ခုပါလမထေရ်ကြီး၏ အတိတ်အကြောင်းကြောင့် မျက်စေ့နှစ်ကွင်းအလင်းမရသော မကောင်းကျိုးဝဋ်ကို သိရှိရသဖြင့် ရဟန္တာများသော်မှ ဝဋ်မှ မလွတ်ကင်းနိုင်ကြောင်း အန္တိမဘဝ နောက်ဆုံးဘဝ၌ပင်လျှင် ဝဋ်ကို ခံစားသွားရကြောင်း သိရှိရပါသည်။ ထို့ကြောင့် ဝဋ်မှာအမြဲ ငရဲမှာအပ (ပပျောက်သည်)ဟု ဆိုရိုးရှိပေသည်။

၁။ ဓမ္မပဒကျမ်း

၂။ ဓမ္မပဒအဌကထာ

Advertisements

၀ဋ္မွာအျမဲ ၊ ငရဲမွာ အပ

၀ဋ္မွာအျမဲ ၊ ငရဲမွာ အပဟု ဗုဒၶဘာသာ၀င္ ျမန္မာလူမ်ိဳးတို႕သည္ ဆိုရိုးရွိၾကသည္။ယံုၾကည္ၾကသည္။ အဓိပၸါယ္မွာ ကာယကံ ၊ ၀စီကံ ၊ မေနာကံ တို႕ျဖင္႕ အကုသိုလ္မေကာင္းမႈတို႕ကိုျပဳလုပ္က်ဴးလြန္ပါက ငရဲၾကီးတက္သည္ ငရဲသို႕က်ေရာက္မည္ဟု အယူရွိၾကသည္။

သို႕ရာတြင္ မိမိတို႕ က်ဴးလြန္ခဲ႕သည္မ်ားအတြက္ ေနာင္တတရားရကာ ကုသိုလ္ေကာင္းမႈတို႕ကို အားၾကိဳးမာန္တက္ ျပဳလုပ္ၾကပါက မိမိတို႕၏ ဒါန ၊ သီလ ၊ ဘာ၀နာအက်ိဳးတို႕ေၾကာင္႕ ယခင္ျပဳခဲ႕မိေသာ အကုသိုလ္အက်ိဳး(မေကာင္းက်ိဳး)တို႕သည္ ေပ်ာက္ပ်က္ႏိုင္ပါသည္။ အပါယ္ငရဲ စသည္တို႕မွ ကင္းစင္လြင္႕ေပ်ာက္ႏိုင္ေသာ္လည္း ၀ဋ္မွမူ လြတ္ေျမာက္ႏိုင္ျခင္းမရွိေပ။ ဘုရားရဟႏၱာမ်ားေသာ္မွ ၀ဋ္မွ ကင္းလြတ္ႏိုင္ျခင္း မရွိပါ။

ဥပမာတစ္ခုကို ထုတ္ႏုတ္ျပလိုပါသည္။ ယင္းဥပမာမွာ ဓမၼပဒက်မ္းလာဂါထာတစ္ပုဒ္ကို ျမတ္စြာဘုရားရွင္ေဟာၾကားေသာ အေၾကာင္းျဖစ္ပါသည္။

အထက္ပါဂါထာ ႏွစ္ပုဒ္မွာ ဓမၼပဒက်မ္း၌ပါရွိသည္႕ ယမက၀ဂၢပါရွိပါသည္။ ပထမဂါထာမွာ မေကာင္းမႈျပဳသူသည္ မိမိ၏ အကုသိုလ္ဒုစရိုက္ေၾကာင္႕ မေကာင္းက်ိဳးကို ခံစားရသည္။ ဒုတိယဂါထာမွာ ပထမဂါထာ၏ ဆန္႕က်င္ဘက္ျဖစ္၍ ေကာင္းက်ိဳးကို ရရွိေၾကာင္းကို ေဖာ္ျပထားပါသည္။

ပထမဂါထာမွာ စကၡဳပါလမေထရ္ကို အေၾကာင္းျပဳ၍ ေဟာေတာ္မူျခင္းျဖစ္ပါသည္။စကၡဳပါလ မေထရ္ သည္ ရဟႏၱာၾကီးျဖစ္ေတာ္မူေသာ္လည္း မ်က္စိႏွစ္ကြင္း အလင္းမရရွာေပ။ ထိုမေထရ္ၾကီးသည္ စၾကၤံသြားရာ အရပ္၌ ပိုးေကာင္တို႕ကို နင္းမိသျဖင္႕ ပိုးေကာင္အမ်ား ေသေၾကပ်က္စီးၾကရ၏။ အျခားရဟန္းမ်ားက ျမင္ေတြ႕ရာ မေထရ္ၾကီးကို ကဲ႕ရဲ႕ၾကလ်က္ ဘုရားရွင္ထံ ေလွ်ာက္ထားၾကသည္။ ဘုရားရွင္သည္လည္း မေထရ္ၾကီး၏ စင္ၾကယ္ေသာ စိတ္ရွိျခင္းကိုသိ၏။ သို႕ေၾကာင္႕ ေရွးကျပဳခဲ႕ဖူးေသာ အကုသိုလ္ကံေၾကာင္႕ ၀ဋ္မကင္းသျဖင္႕ မ်က္စိတို႕ ကြယ္ရျခင္းအေၾကာင္းတို႕ကို ေဟာျပေတာ္မူပါသည္။

စကၡဳပါလ မေထရ္ၾကီးသည္ ေရွးဘ၀က ေဆးဆရာျဖစ္ခဲ႕၏။ မ်က္စိအလင္းမရေသာ မိန္းမတစ္ဦးအား ေဆးကုသေပးရာ ထိုမိန္းမက မ်က္စိတို႕ျမင္ပါက သားသမီးႏွင္႕တကြ ဆရာ႕ထံက်ြန္ခံပါမည္ ဟု ကတိက၀တ္ျပဳထားခဲ႕၏။ မ်က္စိတို႕ျမင္လာေသာအခါ ထိုမိန္းမသည္ မိမိထားခဲ႕ေသာ ကတိအတိုင္း က်ြန္ခံရမည္ကို စိုးရိမ္မိေသာေၾကာင္႕ မ်က္စိတို႕ မျမင္ရေသးပါ ၊ ပို၍ပင္ ကိုက္ခဲ႕လာပါသည္ ဟု လိမ္လည္ေျပာဆို၏။ ဆရာသည္လည္း ထိုမိန္းမ၏ လိမ္လည္ေျပာဆိုျခင္းကို သိ၍အမ်က္ထြ္ကာ မ်က္စိတို႕ ကန္းေစေသာ ေဆးကိုေပး၍ မ်က္စိတို႕ကို ျပန္လည္ကန္းေစသည္။

ထိုသို႕ျပဳခဲ႕မိေသာ မေကာင္းမႈအကုသိုလ္ဒုစရိုက္၏ မေကာင္းက်ိဳးသည္ ထပ္ၾကပ္မကြာ လိုက္ပါလာ၏။ ရဟႏၱာျဖစ္သည္႕ဘ၀၌ပင္ မ်က္ေစ႕ႏွစ္ကြင္း အလင္းမရသူျဖစ္ရ၏။ ထိုသို႕စကၡဳပါလမေထရ္ၾကီး၏ အတိတ္အေၾကာင္းေၾကာင္႕ မ်က္ေစ႕ႏွစ္ကြင္းအလင္းမရေသာ မေကာင္းက်ိဳး၀ဋ္ကို သိရွိရသျဖင္႕ ရဟႏၱာမ်ားေသာ္မွ ၀ဋ္မွ မလြတ္ကင္းႏိုင္ေၾကာင္း အႏၱိမဘ၀ ေနာက္ဆံုးဘ၀၌ပင္လွ်င္ ၀ဋ္ကို ခံစားသြားရေၾကာင္း သိရွိရပါသည္။ ထို႕ေၾကာင္႕ ၀ဋ္မွာအျမဲ ငရဲမွာအပ (ပေပ်ာက္သည္)ဟု ဆိုရိုးရွိေပသည္။

၁။ ဓမၼပဒက်မ္း

၂။ ဓမၼပဒအဌကထာ

သိက္ခာပုဒ်ဝန်ထုပ်လျှော့ပေးတဲ့အလှူ ဒီတစ်ခုပဲရှိတယ်။

ကထိန်သင်္ကန်းတည်းဟူသော လှူဖွယ်ဝတ္ထုဟာ ဘယ်လိုထူခြားချက်နဲ့ ပြည့်စုံသလဲဆိုရင် မြတ်စွာဘုရားရှင်ပညက်ထားတဲ့၊ မြတ်စွာဘုရားရှင်ရဲ့ အာဏာစက်ဖြစ်တဲ့ ဝိနည်းသိက္ခာပုဒ်တချို့ကို အချိန်ကာလာအကန့်အသန့် တစ်ခုအတွင်း ခေတ္တခဏ ပယ်နုတ်ပေးနိုင်တဲ့ အစွမ်းသတ္တိနဲ့ ပြည့်စုံပါတယ်။

မိမိတို့လှူဒါန်းလိုက်တဲ့ ကထိန်သင်္ကန်းဟာ ကထိန်အာနိသင်ရတဲ့ သံဃာတော်များကို မြတ်စွာဘုရားရှင်ရဲ့ ဝိနည်းသိက္ခာပုဒ် ငါးခုကနေ အချိန်ကာလ အကန့်အသန့်တစ်ခုအတွင်း ခေတ္တခဏ သက်သာခွင့်ရအောင် ဖန်တီးပေးနိုင်ပါတယ်။

လောကမှာ မြတ်စွာဘုရားရှင်ရဲ့ အာဏာစက်ဖြစ်တဲ့ ဝိနည်းသိက္ခာပုဒ်တွေကို ဘယ်လူ၊ ဘယ်နတ်၊ ဘယ်ဗြဟ္မာ ဘယ်သတ္တဝါမှ ပယ်လည်း မပယ်နုတ်နိုင်ပါဘူး။ ဖြည့်လည်းမဖြည့်စွက်နိုင်ပါဘူး။ ပြုလည်းမပြုပြင်နိုင်ပါဘူး။ မြတ်စွာဘုရားရှင်ရဲ့ အာဏာစက်ကို ဘယ်သူမှ ကိုယ့်သဘောနဲ့ ပယ်နုတ်ဖြည့်စွက်ခြင်း၊ ပြုပြင်ပြောင်းလဲခြင်း လုပ်လို့မရပါဘူး။

ဒါပေမယ့် ကထိန်အလှူ့ရှင်များ လှူဒါန်းလိုက်တဲ့ ကထိန်သင်္ကန်းကတော့ လုပ်လို့ရပါတယ်။ သိက္ခာပုဒ်အားလုံးကိုတော့ မလုပ်နိုင်ပါဘူး။ သိက္ခာပုဒ် ငါးခုကိုတော့ လုပ်နိုင်ပါတယ်။

ကထိန်အလှူ့ရှင်များလှူဒါန်းလိုက်တဲ့ ကထိန်သင်္ကန်းနဲ့ သံဃာတော်များက ကထိန်ခင်းလိုက်ရပြီဆိုရင် ဒီကထိန်ရဲ့ အာနိသင်ရတဲ့ သံဃာတော်များဟာ သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့ကနေစပြီး တပေါင်းလပြည့်နေ့အထိ ငါးလအတွင်းမှာ မြတ်စွာဘုရား ပညက်ထားတဲ့ သိက္ခာပုဒ်ငါးခုကို မလိုက်နာ မကျင့်သုံးဘဲလည်း နေလို့ရပါတယ်။

တနည်းပြောရရင် မြတ်စွာဘုရား နဂိုက ပညက်ထားတဲ့ သိက္ခာပုဒ်ငါးခုဟာ၊ ဒီငါးလ အတော့အတွင်းမှာတော့ ကထိန်အာနိသင်ရထားတဲ့ သံဃာတော်တွေအတွက် သိက္ခာပုဒ်လို့ မဆိုနိုင်ပါဘူး။ ဒီငါးလအတွင်းမှာ ဒီသိက္ခာပုဒ်မရှိတော့ဘူးလို့ သဘောပေါက်လိုက်ရင် မပိုရှင်းသွားမှာပေါ့။

ဒီသိက္ခာပုဒ်ငါးခုကို ဒီငါးလအတွင်းမှာ မကျင့်ဘဲ နေလို့ရတယ်ဆိုတော့ မကျင့်လို့လည်း အာပတ်သင့်မသွားဘူးလို့ ဆိုလိုပါတယ်။ ကျင့်စရာမလိုဘူးဆိုပြီး မလေးမစားလုပ်ရမှာမျိုးတော့ မဟုတ်ပါဘူး။

မြတ်စွာဘုရားကိုယ်တိုင်ကိုက ဒီသိက္ခာပုဒ်မကျင့်လည်းရတယ်။ ဒီသိက္ခာပုဒ်ငါးခု မရှိတော့ဘူးဆိုတဲ့ အဓိပ္ပာယ် ပြောတာထားပါ။ တပေါင်းလပြည့်ကျော်သွားရင်တော့ မူလအတိုင်း ပြန်ပြီးတော့ ကျင့်သုံးရမှာပါ။

အဲဒီလို မြတ်စွာဘုရားရှင်ရဲ့ အာဏာစက်ဖြစ်တဲ့ ဝိနည်းသိက္ခာပုဒ်တွေကို ဘယ်လောက်ကြီးကျယ်ခမ်းနားတဲ့ ဒါနကုသိုလ်ကမှလည်း မပယ်နုတ်နိုင်ပါဘူး။ ဘယ်လောက်ကြီးကျယ်သန့်စင်တဲ့ သီလကုသိုလ်ကမှလည်း မပယ်နှုတ်နိုင်ပါဘူး။ ဘယ်လောက်မြင့်မြတ်တဲ့ ဘာဝနာကုသိုလ်ကမှလည်း မပယ်နုတ်နိုင်ပါဘူး။

အဆင့်အတန်းမြင့်လှပါတယ်ဆိုတဲ့ ဝိပဿနာကုသိုလ်တွေ၊ မဂ်ကုသိုလ်တွေ၊ လောကုတ္တရာကုသိုလ်တွေလည်း မြတ်စွာဘုရားရှင်နဲ့ အာဏာစက်ဖြစ်တဲ့ ဝိနည်းသိက္ခာပုဒ်တွေကို မပယ်နုတ်နိုင်ပါဘူး။ ကထိန်အလှူရှင်များ လှူဒါန်းရတဲ့ ကထိန်အလှူတစ်ခုတည်းကသာလျှင် မြတ်စွာဘုရားရှင်ရဲ့ အာဏာစက်ဖြစ်တဲ့ ဝိနည်းသိက္ခာပုဒ်ငါးခုကို ခေတ္တခဏ ပယ်နုတ်နိုင်ပါတယ်။

အဲဒါကိုက အင်မတန် ထူးခြားမှုတစ်ခုပါပဲ။ ကထိန်အလှူကို အထူးခြားဆုံးအလှူလို့ ပြောရတာ ဒီအချက်က အဓိကပဓာန အကျဆုံးပါပဲ။ ဒီတစ်ချက်တည်းနဲ့တင် ကထိန်အလှူဟာ အထူးခြားဆုံးအလှူဖြစ်နေပါပြီ။

ကထိန်အာနိသင် ၅ မျိုး ကို ပုရိမဝါ ကပ်ပြီး ပထမဝါကျွတ်ပြီးတဲ ့ရဟန်းတိုင်း ကထိန်ခင်းပြီး ရရှိခံစားပိုင်ခွင့်ရှိတယ်လို ့ဆိုပါတယ်. .

အဲဒီ အာနိသင် ၅ မျိုးကတော့

၁။ အနာမန္တစာရ ၊

၂။ အသမာဒါနစာရ၊

၃။ ယာဝဒတ္ထစီဝရ၊

၄။ ဂဏ ဘောဇန ၊

၅။ ယော စ တတ္ထ စီဝရုပ္ပါဒ

၁။ အနာမန္တစာရ – ဒါယိကာ၊ ဒါယိကာမတွေက ရဟန်း၊ သံဃာတော်တို့ကို “ထမင်းစားကြွပါ၊ မုန့်စားကြွပါ” စသဖြင့် သာသနာတော်ဝေါဟာရနဲ့ မအပ်စပ်တဲ့စကားတို့ဖြင့် ဆွမ်းစားဖိတ်မန်ခဲ့သော် အနီးရှိ ရဟန်းတို့ကို မပန်ကြား၊ မပြောဆိုဘဲ၊ မြို့ထဲ၊ ရွာထဲသို့ ကြွသွားနိုင်ခြင်း။
(ကထိန်ခင်းပြီး၍သာ သွားနိုင်ခွင့်ရှိခြင်းဖြစ်ပါတယ်။ ကထိန်မခင်းရသေးပဲ အသိပေး၊ ပြောဆိုပန်ကြားခြင်း မရှိဘဲ ကြွသွားပါက ပါစိတ်အာပတ် သင့်ပြီးတော့ ကထိန်အာနိသင် ရလျှင် ပါစိတ်အာပတ် မသင့်တော့ပါ)

၂။ အသမာဒါနစာရ – တိစီဝရိတ် အဓိဠာန်တင်ထားသောသင်္ကန်းကို သွားလေရာ မယူဆောင်ဘဲ သွားလိုရာသို့ လှည့်ပတ်သွားလာနိုင်ခြင်း၊ ၎င်းသင်္ကန်းနှင့် ညစဉ် အနီးအနား၌ မဆောင်ထားဘဲ ညဉ့်ကင်း၍ နေနိုင်ခြင်း
(ကထိန်အာနိသင်မရခဲ့လျှင် ထိုသင်္ကန်းနှင့် ညဉ့်ကင်း၍မရပါ။ ထိုသို့နေခဲ့လျှင် နိဿဂ္ဂိပါစိတ် အာပတ်သင့်ပြီး ကထိန်အာနိသင်ရလျှင် ညဉ့်ကင်းသော်လည်း အာပတ် မသင့်တော့ပါ)

၃။ ယာဝဒတ္ထစီဝရ – ရရှိသမျှ သင်္ကန်းတို့အား အဓိဌာန် ဝကပ္ပနာမပြုဘဲ အလိုရှိသလို ထားရှိသုံးဆောင်နိုင်ခြင်း။
(ကထိန်အာနိသင်မရခဲ့လျှင် အဓိဌာန် သကပ္ပနာမပြုဘဲ သုံးစွဲပါက နိဿဂ္ဂိပါစိတ် အာပတ်သင့်ပြီး ကထိန် အာနိသင်ရလျှင် အဓိဋ္ဌာန် သကပ္ပနာ မပြုဘဲ သုံးစွဲသော်လည်း အာပတ်မသင့်တော့ပါ)

၄။ ဂဏဘောဇန – မအပ်စပ်သော တောင်းခံခြင်း၊ ဖိတ်မန်ခြင်းမျိုးဖြင့် တောင်းခံပင့်ဖိတ်အပ်သောဆွမ်းဖြစ် လျက် လေးပါးနှင့် အထက်လွန်၍ စုပေါင်းခံယူ စားသုံးနိုင်ခြင်း။
(ကထိန်အာနိသင်မရခဲ့လျှင် ထိုသို့ မအပ်စပ်သော ဆွမ်းကို စုပေါင်းခံယူ စားသုံးပါက သုဒ္ဓပါစိတ် အာပတ် သင့်ပြီး ကထိန် အာနိသင်ရသဖြင့် သုဒ္ဓပါစိတ် အာပတ် မသင့်တော့ပါ)

၅။ ယော စတတ္ထ စီဝရုပ္ပါဒ – ကထိန်ခင်းရာကျောင်းတိုက်၌ ဖြစ်ပေါ်ရရှိလာသမျှ သင်္ကန်းတို့ကိုကထိန်အာနိသင် ရသော ရဟန်း၊ သံဃာတော်တို့သာ သုံးစွဲခွင့်ရနိုင်ခြင်းတို့ ဖြစ်ပါတယ်။

ကထိန်ခင်းလိုက်သဖြင့် ရရှိနိုင်သော အကျိုးငါးပါးတို့ကို ကထိန်ခင်းသော ရဟန်းနှင့် နှုတ်မြွက် သာဓု အနုမောဒနာပြုသော ရဟန်းတို့သာ ရယူခံစားခွင့်ရှိကြပါတယ်။ ခံစားနိုင်ခွင့်ကာလကတော့ ကထိန်ခင်းသည့် နေ့မှစ၍ တပေါင်းလပြည့်နေ့အထိဖြစ်ပါတယ်။

ကထိန်သင်္ကန်းရဲ ့အကျိုးကို ရဟန်းတော်တွေမှာသာ ရယူခံစားခွင့် ရှိတာမဟုတ်ပါဘူး ။ ကထိန်သင်္ကန်း ကပ်လှူတဲ့ ဒါယိကာ ၊ ဒါယိကာမ တွေမှာလည်း အကျိုး ၅ မျိုးကို ရယူခံစားခွင့်ရှိပါတယ်။

ကထိန်အကျိုး ၅ ပါး

၁ ။သွားချင်တဲ့ နေရာတိုင်း သွားလို့ရပါတယ်။ သူများကိုယ့်ကို မသွားရဘူးလို့မတားနိုင်တဲ့ အကျိုး ၊
၂ ။ ကိုယ့်ပစ္စည်းဥစ္စာတွေကို ကြိုက်တဲ့နေရာမှာထား၊ ဘယ်သူမှ မဖျက်ဆီးနိုင် မယူနိုင်၊ ရေမီးလည်းမဖျက်နိုင်ခြင်း
၃ ။ အဝတ်အစား အသစ်အဆန်း အမျိုးမျိုးဝတ်ရခြင်း
၄ ။ စုန်းမတွေ အောက်လမ်းဆရာတွေက ကိုယ့်ကို အပင်းထည့်ပြီး မပြုစားနိုင်ခြင်း၊
၅ ။ ကိုယ့်ကို သူများများ လက်ဆောင်ပေးတဲ့ ပစ္စည်းကို ကိုယ့်ဆီမရောက်ခင် ကြားလူက ဖြတ်မယူနိုင်ခြင်း၊
ကိုယ့်ဆီ တန်တန်းမတ်မတ်ရောက်လာခြင်း

အစရှိတာတွေကို ရယူခံစားနိုင်ပါတယ်။

အရှင်ဆန္ဒာဓိက ရေးသားသော “အိုဘယ့် အလှူရှင်” စာအုပ်မှ ကူးယူဖော်ပြတာဖြစ်ပါတယ်။

သိကၡာပုဒ္၀န္ထုပ္ေလွ်ာ့ေပးတဲ့အလွဴ ဒီတစ္ခုပဲရွိတယ္။

ကထိန္သကၤန္းတည္းဟူေသာ လွဴဖြယ္၀တၳဳဟာ ဘယ္လိုထူျခားခ်က္နဲ႔ ျပည့္စံုသလဲဆိုရင္ ျမတ္စြာဘုရားရွင္ပညက္ထားတဲ့၊ ျမတ္စြာဘုရားရွင္ရဲ႕ အာဏာစက္ျဖစ္တဲ့ ၀ိနည္းသိကၡာပုဒ္တခ်ဳိ႕ကို အခ်ိန္ကာလာအကန္႔အသန္႔ တစ္ခုအတြင္း ေခတၱခဏ ပယ္ႏုတ္ေပးႏိုင္တဲ့ အစြမ္းသတၱိနဲ႔ ျပည့္စံုပါတယ္။

မိမိတို႔လွဴဒါန္းလိုက္တဲ့ ကထိန္သကၤန္းဟာ ကထိန္အာနိသင္ရတဲ့ သံဃာေတာ္မ်ားကို ျမတ္စြာဘုရားရွင္ရဲ႕ ၀ိနည္းသိကၡာပုဒ္ ငါးခုကေန အခ်ိန္ကာလ အကန္႔အသန္႔တစ္ခုအတြင္း ေခတၱခဏ သက္သာခြင့္ရေအာင္ ဖန္တီးေပးႏိုင္ပါတယ္။

ေလာကမွာ ျမတ္စြာဘုရားရွင္ရဲ႕ အာဏာစက္ျဖစ္တဲ့ ၀ိနည္းသိကၡာပုဒ္ေတြကို ဘယ္လူ၊ ဘယ္နတ္၊ ဘယ္ျဗဟၼာ ဘယ္သတၱ၀ါမွ ပယ္လည္း မပယ္ႏုတ္ႏိုင္ပါဘူး။ ျဖည့္လည္းမျဖည့္စြက္ႏိုင္ပါဘူး။ ျပဳလည္းမျပဳျပင္ႏိုင္ပါဘူး။ ျမတ္စြာဘုရားရွင္ရဲ႕ အာဏာစက္ကို ဘယ္သူမွ ကိုယ့္သေဘာနဲ႔ ပယ္ႏုတ္ျဖည့္စြက္ျခင္း၊ ျပဳျပင္ေျပာင္းလဲျခင္း လုပ္လို႔မရပါဘူး။

ဒါေပမယ့္ ကထိန္အလွဴ႕ရွင္မ်ား လွဴဒါန္းလိုက္တဲ့ ကထိန္သကၤန္းကေတာ့ လုပ္လို႔ရပါတယ္။ သိကၡာပုဒ္အားလံုးကိုေတာ့ မလုပ္ႏိုင္ပါဘူး။ သိကၡာပုဒ္ ငါးခုကိုေတာ့ လုပ္ႏိုင္ပါတယ္။

ကထိန္အလွဴ႕ရွင္မ်ားလွဴဒါန္းလိုက္တဲ့ ကထိန္သကၤန္းနဲ႔ သံဃာေတာ္မ်ားက ကထိန္ခင္းလိုက္ရၿပီဆိုရင္ ဒီကထိန္ရဲ႕ အာနိသင္ရတဲ့ သံဃာေတာ္မ်ားဟာ သီတင္းကၽြတ္လျပည့္ေက်ာ္ (၁)ရက္ေန႔ကေနစၿပီး တေပါင္းလျပည့္ေန႔အထိ ငါးလအတြင္းမွာ ျမတ္စြာဘုရား ပညက္ထားတဲ့ သိကၡာပုဒ္ငါးခုကို မလိုက္နာ မက်င့္သံုးဘဲလည္း ေနလို႔ရပါတယ္။

တနည္းေျပာရရင္ ျမတ္စြာဘုရား နဂိုက ပညက္ထားတဲ့ သိကၡာပုဒ္ငါးခုဟာ၊ ဒီငါးလ အေတာ့အတြင္းမွာေတာ့ ကထိန္အာနိသင္ရထားတဲ့ သံဃာေတာ္ေတြအတြက္ သိကၡာပုဒ္လို႔ မဆိုႏိုင္ပါဘူး။ ဒီငါးလအတြင္းမွာ ဒီသိကၡာပုဒ္မရွိေတာ့ဘူးလို႔ သေဘာေပါက္လိုက္ရင္ မပိုရွင္းသြားမွာေပါ့။

ဒီသိကၡာပုဒ္ငါးခုကို ဒီငါးလအတြင္းမွာ မက်င့္ဘဲ ေနလို႔ရတယ္ဆိုေတာ့ မက်င့္လို႔လည္း အာပတ္သင့္မသြားဘူးလို႔ ဆိုလိုပါတယ္။ က်င့္စရာမလိုဘူးဆိုၿပီး မေလးမစားလုပ္ရမွာမ်ိဳးေတာ့ မဟုတ္ပါဘူး။

ျမတ္စြာဘုရားကိုယ္တိုင္ကိုက ဒီသိကၡာပုဒ္မက်င့္လည္းရတယ္။ ဒီသိကၡာပုဒ္ငါးခု မရွိေတာ့ဘူးဆိုတဲ့ အဓိပၸာယ္ ေျပာတာထားပါ။ တေပါင္းလျပည့္ေက်ာ္သြားရင္ေတာ့ မူလအတိုင္း ျပန္ၿပီးေတာ့ က်င့္သံုးရမွာပါ။

အဲဒီလို ျမတ္စြာဘုရားရွင္ရဲ႕ အာဏာစက္ျဖစ္တဲ့ ၀ိနည္းသိကၡာပုဒ္ေတြကို ဘယ္ေလာက္ၾကီးက်ယ္ခမ္းနားတဲ့ ဒါနကုသိုလ္ကမွလည္း မပယ္ႏုတ္ႏိုင္ပါဘူး။ ဘယ္ေလာက္ၾကီးက်ယ္သန္႔စင္တဲ့ သီလကုသိုလ္ကမွလည္း မပယ္ႏႈတ္ႏိုင္ပါဘူး။ ဘယ္ေလာက္ျမင့္ျမတ္တဲ့ ဘာ၀နာကုသိုလ္ကမွလည္း မပယ္ႏုတ္ႏိုင္ပါဘူး။

အဆင့္အတန္းျမင့္လွပါတယ္ဆိုတဲ့ ၀ိပႆနာကုသိုလ္ေတြ၊ မဂ္ကုသိုလ္ေတြ၊ ေလာကုတၱရာကုသိုလ္ေတြလည္း ျမတ္စြာဘုရားရွင္နဲ႔ အာဏာစက္ျဖစ္တဲ့ ၀ိနည္းသိကၡာပုဒ္ေတြကို မပယ္ႏုတ္ႏုိင္ပါဘူး။ ကထိန္အလွဴရွင္မ်ား လွဴဒါန္းရတဲ့ ကထိန္အလွဴတစ္ခုတည္းကသာလွ်င္ ျမတ္စြာဘုရားရွင္ရဲ႕ အာဏာစက္ျဖစ္တဲ့ ၀ိနည္းသိကၡာပုဒ္ငါးခုကို ေခတၱခဏ ပယ္ႏုတ္ႏိုင္ပါတယ္။

အဲဒါကိုက အင္မတန္ ထူးျခားမႈတစ္ခုပါပဲ။ ကထိန္အလွဴကို အထူးျခားဆံုးအလွဴလို႔ ေျပာရတာ ဒီအခ်က္က အဓိကပဓာန အက်ဆံုးပါပဲ။ ဒီတစ္ခ်က္တည္းနဲ႔တင္ ကထိန္အလွဴဟာ အထူးျခားဆံုးအလွဴျဖစ္ေနပါၿပီ။

ကထိန္အာနိသင္ ၅ မ်ိဳး ကို ပုရိမ၀ါ ကပ္ျပီး ပထမ၀ါကြ်တ္ျပီးတဲ ့ရဟန္းတိုင္း ကထိန္ခင္းျပီး ရရွိခံစားပိုင္ခြင့္ရွိတယ္လို ့ဆုိပါတယ္. .

အဲဒီ အာနိသင္ ၅ မ်ိဳးကေတာ့

၁။ အနာမႏၱစာရ ၊

၂။ အသမာဒါနစာရ၊

၃။ ယာ၀ဒတၳစီ၀ရ၊

၄။ ဂဏ ေဘာဇန ၊

၅။ ေယာ စ တတၳ စီ၀ရုပၸါဒ

၁။ အနာမႏၱစာရ – ဒါယိကာ၊ ဒါယိကာမေတြက ရဟန္း၊ သံဃာေတာ္တို႕ကို “ထမင္းစားၾကြပါ၊ မုန္႕စားၾကြပါ” စသျဖင့္ သာသနာေတာ္ေ၀ါဟာရနဲ႕ မအပ္စပ္တဲ့စကားတို႕ျဖင့္ ဆြမ္းစားဖိတ္မန္ခဲ့ေသာ္ အနီးရွိ ရဟန္းတို႕ကို မပန္ၾကား၊ မေျပာဆိုဘဲ၊ ၿမိဳ႕ထဲ၊ ရြာထဲသို႕ ၾကြသြားႏိုင္ျခင္း။
(ကထိန္ခင္းၿပီး၍သာ သြားႏိုင္ခြင့္ရွိျခင္းျဖစ္ပါတယ္။ ကထိန္မခင္းရေသးပဲ အသိေပး၊ ေျပာဆိုပန္ၾကားျခင္း မရွိဘဲ ၾကြသြားပါက ပါစိတ္အာပတ္ သင့္ျပီးေတာ့ ကထိန္အာနိသင္ ရလွ်င္ ပါစိတ္အာပတ္ မသင့္ေတာ့ပါ)

၂။ အသမာဒါနစာရ – တိစီ၀ရိတ္ အဓိဠာန္တင္ထားေသာသကၤန္းကို သြားေလရာ မယူေဆာင္ဘဲ သြားလိုရာသို႕ လွည့္ပတ္သြားလာႏိုင္ျခင္း၊ ၄င္းသကၤန္းႏွင့္ ညစဥ္ အနီးအနား၌ မေဆာင္ထားဘဲ ညဥ့္ကင္း၍ ေနႏိုင္ျခင္း
(ကထိန္အာနိသင္မရခဲ့လွ်င္ ထိုသကၤန္းႏွင့္ ညဥ့္ကင္း၍မရပါ။ ထိုသို႕ေနခဲ့လွ်င္ နိႆဂၢိပါစိတ္ အာပတ္သင့္ျပီး ကထိန္အာနိသင္ရလွ်င္ ညဥ့္ကင္းေသာ္လည္း အာပတ္ မသင့္ေတာ့ပါ)

၃။ ယာ၀ဒတၳစီ၀ရ – ရရွိသမွ် သကၤန္းတို႕အား အဓိဌာန္ ၀ကပၸနာမျပဳဘဲ အလိုရွိသလို ထားရွိသံုးေဆာင္ႏိုင္ျခင္း။
(ကထိန္အာနိသင္မရခဲ့လွ်င္ အဓိဌာန္ သကပၸနာမျပဳဘဲ သံုးစြဲပါက နိႆဂၢိပါစိတ္ အာပတ္သင့္ျပီး ကထိန္ အာနိသင္ရလွ်င္ အဓိ႒ာန္ သကပၸနာ မျပဳဘဲ သံုးစြဲေသာ္လည္း အာပတ္မသင့္ေတာ့ပါ)

၄။ ဂဏေဘာဇန – မအပ္စပ္ေသာ ေတာင္းခံျခင္း၊ ဖိတ္မန္ျခင္းမ်ိဳးျဖင့္ ေတာင္းခံပင့္ဖိတ္အပ္ေသာဆြမ္းျဖစ္ လ်က္ ေလးပါးႏွင့္ အထက္လြန္၍ စုေပါင္းခံယူ စားသံုးႏိုင္ျခင္း။
(ကထိန္အာနိသင္မရခဲ့လွ်င္ ထိုသို႕ မအပ္စပ္ေသာ ဆြမ္းကို စုေပါင္းခံယူ စားသံုးပါက သုဒၶပါစိတ္ အာပတ္ သင့္ျပီး ကထိန္ အာနိသင္ရသျဖင့္ သုဒၶပါစိတ္ အာပတ္ မသင့္ေတာ့ပါ)

၅။ ေယာ စတတၳ စီ၀ရုပၸါဒ – ကထိန္ခင္းရာေက်ာင္းတိုက္၌ ျဖစ္ေပၚရရွိလာသမွ် သကၤန္းတို႕ကိုကထိန္အာနိသင္ ရေသာ ရဟန္း၊ သံဃာေတာ္တို႔သာ သံုးစြဲခြင့္ရႏိုင္ျခင္းတို႕ ျဖစ္ပါတယ္။

ကထိန္ခင္းလိုက္သျဖင့္ ရရွိႏိုင္ေသာ အက်ိဳးငါးပါးတို႕ကို ကထိန္ခင္းေသာ ရဟန္းႏွင့္ ႏႈတ္ျမြက္ သာဓု အႏုေမာဒနာျပဳေသာ ရဟန္းတို႔သာ ရယူခံစားခြင့္ရွိၾကပါတယ္။ ခံစားႏိုင္ခြင့္ကာလကေတာ့ ကထိန္ခင္းသည့္ ေန႕မွစ၍ တေပါင္းလျပည့္ေန႕အထိျဖစ္ပါတယ္။

ကထိန္သကၤန္းရဲ ့အက်ိဳးကို ရဟန္းေတာ္ေတြမွာသာ ရယူခံစားခြင့္ ရွိတာမဟုတ္ပါဘူး ။ ကထိန္သကၤန္း ကပ္လွဴတဲ့ ဒါယိကာ ၊ ဒါယိကာမ ေတြမွာလည္း အက်ိဳး ၅ မ်ိဳးကို ရယူခံစားခြင့္ရွိပါတယ္။

ကထိန္အက်ိဳး ၅ ပါး

၁ ။သြားခ်င္တ့ဲ ေနရာတိုင္း သြားလို႔ရပါတယ္။ သူမ်ားကိုယ့္ကို မသြားရဘူးလို႔မတားႏိုင္တဲ့ အက်ိဳး ၊
၂ ။ ကိုယ့္ပစၥည္းဥစၥာေတြကို ႀကိဳက္တဲ့ေနရာမွာထား၊ ဘယ္သူမွ မဖ်က္ဆီးႏိုင္ မယူႏိုင္၊ ေရမီးလည္းမဖ်က္ႏိုင္ျခင္း
၃ ။ အ၀တ္အစား အသစ္အဆန္း အမ်ဳိးမ်ဳိး၀တ္ရျခင္း
၄ ။ စုန္းမေတြ ေအာက္လမ္းဆရာေတြက ကိုယ့္ကို အပင္းထည့္ၿပီး မျပဳစားႏိုင္ျခင္း၊
၅ ။ ကိုယ့္ကို သူမ်ားမ်ား လက္ေဆာင္ေပးတဲ့ ပစၥည္းကို ကိုယ့္ဆီမေရာက္ခင္ ၾကားလူက ျဖတ္မယူႏိုင္ျခင္း၊
ကိုယ့္ဆီ တန္တန္းမတ္မတ္ေရာက္လာျခင္း

အစရွိတာေတြကို ရယူခံစားႏိုင္ပါတယ္။

အရွင္ဆႏၵာဓိက ေရးသားေသာ “အိုဘယ့္ အလွဴရွင္” စာအုပ္မွ ကူးယူေဖာ္ျပတာျဖစ္ပါတယ္။

အိုခြင်းတရား

  • (မိမိကိုယ်၌) အမြဲမပြတ် ကိလေသာမီး တငြီးငြီး တောက်လောင်နေပါလျက် အဘယ့်ကြောင့် ရယ်ရွှင်အားရ နှစ်သက်နေကြသနည်း၊ တရားမှန်ကို မသိခြင်းတည်းဟူသော အဝိဇ္ဖာ အမှောင်တိုက်ကြီး ပိတ်ဆီးနေပါလျက် သင်တို့သည် အဘယ့်ကြောင့် ပညာတည်းဟူသော ဆီမီးအလင်းရောင်ကို မရှာကြသနည်း။
    When this world is ever ablaze, why this laughter, why this jubilation? Shrouded in darkness, will you not seek the light?
  • အဝတ်တန်ဆာတို့ဖြင့် အဆန်းတကြယ် ဖြစ်သော၊ အနာရောဂါတို့၏ စုပေါင်းရာဖြစ်သော၊ အရိုးတို့ဖြင့် ဆောက်လုပ်အပ်သော၊ နာကျင်တတ်သော လူတို့သည် အထူးထူးအပြားပြား များစွာ ကြံဆအပ်သော ဤခန္ခာကိုယ်ကို ရှုလော့။
    Behold this boy __ a painted image, a mass of heaped up sores, infirm, full of hankering __ of which nothing is lasting or stable!
  • ဤခန္ခာကိုယ်ဟောင်းသည် ဆွေးမြေ့ဟောင်းမြင်း အိုမင်းတတ်၏၊ အနာရောဂါတို့၏ တည်ရာလည်း ဖြစ်၏၊ အပုပ်ရည်အမြဲယိုစီး၍ ပုပ်ဆွေး ပျက်စီးတတ်၏၊ အသက်ရှင်ခြင်းသည် သေခြင်းလျှင် အဆုံးရှိ၏။
    Fully worn out is this body, a nest of disease, and fragile. This foul mass breaks up, for death is the end of life.
  • ခိုအဆင်းကဲ့သို့ (ဖြူမွဲသော အဆင်းရှိသည့်) အရိုးတို့သည် တန်ဆောင်မုန်းရာသီ၌ ဖရိုဖရဲ စွန့်ပစ်ထားသော ဘူးတောင်းနှင့် တူကုန်၏၊ ထိုအရိုးတို့ကို ကြည့်ရှုသဖြင့် သင်တို့မှာ အဘယ် နှစ်သက်မွေ့လျော်ဖွယ် ရှိအံ့နည်း။
    The dove-coloured bones are like gourds that lie scattered about in autumn. Having seen them, how can one seek delight?
  • အိုခြင်း၊ သေခြင်း၊ မာန်ထောင်လွှားခြင်း၊ သူတစ်ပါးတို့၏ ဂုဏ်ကို ဖျက်ဆီးခြင်း သဘောတို့၏ တည်ရာဖြစ်သည့် ဤခန္ဓာကိုယ်တည်းဟူသော မြို့ကို အရိုးတို့ဖြင့် ဆောက်လုပ်၏၊ အသား အသွေးတို့ဖြင့် လိမ်းကျံမွမ်းမံ၏၊
    This city (body) is built of bones, plastered with flesh and blood; within are decay and death, pride and jealousy.
  • အဆန်းတကြယ် တန်ဆာဆင်အပ်ကုန်သော မင်းစီး ရထားတို့သည် ဆွေးမြည့် ဟောင်းမြင်း အိုမင်းကုန်၏၊ ထို့အတူ ခန္ဓာကိုယ်သည်လည်း ဆွေးမြည့်အိုမင်း၏၊ သူတော်ကောင်းတို့၏ တရားသည်ကား ဆွေးမြည့် ဟောင်းမြင်း အိုခြင်း မရှိ၊ သူတော်ကောင်းတို့သည် သူတော်ကောင်းတရားကို သူတော်ကောင်းတို့နှင့် နှီးနှော ဟောပြောကုန်၏။
    Even gorgeous royal chariots wear out, and indeed this body too wears out. But the Dhamma of the Good does not age; thus the Good make it known to the good.
  • အကြားအမြင် ပညာနည်းပါးသောသူသည် နွားကဲ့သို့ အို၍ သွားလေ၏၊ ထိုသူမှာ အသားသာပွား၍ ပညာကားမပွားလေ။
    The man of little learning grows old like a bull. He grows only in bulk, but, his wisdom does not grow.
  • (မြတ်စွာဘုရားသည် ဘုရားအဖြစ်သို့ ရောက်တော်မူသောအခါ ဥဒါန်းကျူးတော်မူသည့် နှစ်ဂါထာ။) ခန္ဓာကိုယ်တည်းဟူသော အိမ်ကို ဆောက်လုပ်အပ်သော လက်သမားကို မြင်နိုင်သော ဉာဏ် မရှိသောကြောင့် မရေမတွက်နိုင်သော ဘဝများစွာ သံသရာကာလပတ်လုံး ငါ ကျင်လည်ခဲ့ရလေပြီ၊ အဖန်ဖန် ပဋ္ဋိသန္ဓေ နေရခြင်းသည် ဆင်းရဲလှ၏။
    Through many a birth in samsara have I wandered in vain, seeking the builder of this house (of  life). Repeated birth is indeed suffering!
  • ခန္ဓာကိုယ်တည်းဟူသော အိမ်ကို ဆောက်လုပ်တတ်သော တဏှာလက်သမား၊ သင့်ကို (ပညာမျက်စိဖြင့်) ခု ငါ တွေ့မြင်ရပြီ၊ ဤ ခန္ဓာကိုယ်တည်းဟူသော အိမ်ကို သင်နောင်တဖန် မဆောက်လုပ်ရလတ္တံ့၊ သင်၏ ကိလေသာတည်းဟူသော အခြင် နံရိုးတို့ကို ငါ ချိုးဖျက်အပ်ပြီ၊ ငါ၏စိတ်သည် ပြုပြင်ခြင်းကင်းရာ နိဗ္ဗာန်သို့ ရောက်ပြီး တဏှာ၏ ကုန်ရာ အရဟတ္တဖိုလ်ကို ရပြီ။
    O house-builder, you are seen! You will not build this house again. For your rafters are broken and your ridgepole shattered. My mind has reached the Unconditioned; I have attained the destruction of craving.
  • အရွယ်ရှိခိုက် သူတော်ကောင်း အကျင့်ကိုလည်း မကျင့်၊ ဥစ္စာပစ္စည်းကိုလည်း ရအောင် အားမထုတ်သော သူမိုက်တို့သည် (အရွယ်လွန်သောအခါ) ရေခန်း၍ ငါးမရှိသော ညွန်ပြင်၌ အတောင် ကုန်ပြီးသော ကြိုးကြာအိုတို့ကဲ့သို့ ကြံမှိုင်၍သာ နေကြရကုန်၏။
    Those who in youth, have not led the holy life, or have failed to acquire wealth, languish like old cranes in a pond without fish.
  • အရွယ်ရှိခိုက် သူတော်ကောင်း အကျင့်ကိုလည်း မကျင့်၊ ဥစ္စာပစ္စည်းကိုလည်း ရအောင် အားမထုတ်သော သူမိုက်တို့သည် (အရွယ်လွန်သောအခါ) လေးမှ လွှတ်လို်က်ပြီးနောက် အဟုန်ကုန်သော မြားတို့ကဲ့သို့ အားမရှိဘဲ ရှေးဖြစ်ဟောင်းတို့ကိုသာ ညည်းတွားအောက်မေ့ကာ နေကြရလေကုန်၏
    Those who in youth have not led the holy life, or have failed to acquire wealth, lie sighing over the past, like worn-out arrows (shot from) a bow.

အုိျခင္းတရား

  • (မိမိကိုယ္၌) အျမဲမျပတ္ ကိေလသာမီး တျငီးျငီး ေတာက္ေလာင္ေနပါလ်က္ အဘယ့္ေၾကာင့္ ရယ္ရႊင္အားရ ႏွစ္သက္ေနၾကသနည္း၊ တရားမွန္ကို မသိျခင္းတည္းဟူေသာ အ၀ိဇၹာ အေမွာင္တုိက္ၾကီး ပိတ္ဆီးေနပါလ်က္ သင္တုိ႔သည္ အဘယ့္ေၾကာင့္ ပညာတည္းဟူေသာ ဆီမီးအလင္းေရာင္ကို မရွာၾကသနည္း။
    When this world is ever ablaze, why this laughter, why this jubilation? Shrouded in darkness, will you not seek the light?
  • အ၀တ္တန္ဆာတုိ႔ျဖင့္ အဆန္းတၾကယ္ ျဖစ္ေသာ၊ အနာေရာဂါတုိ႔၏ စုေပါင္းရာျဖစ္ေသာ၊ အရိုးတုိ႔ျဖင့္ ေဆာက္လုပ္အပ္ေသာ၊ နာက်င္တတ္ေသာ လူတုိ႔သည္ အထူးထူးအျပားျပား မ်ားစြာ ၾကံဆအပ္ေသာ ဤခႏၡာကိုယ္ကို ရႈေလာ့။
    Behold this boy __ a painted image, a mass of heaped up sores, infirm, full of hankering __ of which nothing is lasting or stable!
  • ဤခႏၡာကိုယ္ေဟာင္းသည္ ေဆြးေျမ့ေဟာင္းျမင္း အုိမင္းတတ္၏၊ အနာေရာဂါတုိ႔၏ တည္ရာလည္း ျဖစ္၏၊ အပုပ္ရည္အျမဲယိုစီး၍ ပုပ္ေဆြး ပ်က္စီးတတ္၏၊ အသက္ရွင္ျခင္းသည္ ေသျခင္းလွ်င္ အဆံုးရွိ၏။
    Fully worn out is this body, a nest of disease, and fragile. This foul mass breaks up, for death is the end of life.
  • ခုိအဆင္းကဲ့သုိ႕ (ျဖဴမြဲေသာ အဆင္းရွိသည့္) အရိုးတုိ႔သည္ တန္ေဆာင္မုန္းရာသီ၌ ဖရိုဖရဲ စြန္႔ပစ္ထားေသာ ဘူးေတာင္းႏွင့္ တူကုန္၏၊ ထုိအ႐ိုးတုိ႔ကို ၾကည့္႐ႈသျဖင့္ သင္တုိ႔မွာ အဘယ္ ႏွစ္သက္ေမြ႔ေလ်ာ္ဖြယ္ ႐ွိအံ့နည္း။
    The dove-coloured bones are like gourds that lie scattered about in autumn. Having seen them, how can one seek delight?
  • အုိျခင္း၊ ေသျခင္း၊ မာန္ေထာင္လႊားျခင္း၊ သူတစ္ပါးတုိ႔၏ ဂုဏ္ကို ဖ်က္ဆီးျခင္း သေဘာတုိ႔၏ တည္ရာျဖစ္သည့္ ဤခႏၶာကုိယ္တည္းဟူေသာ ျမိဳ႕ကို အ႐ိုးတုိ႔ျဖင့္ ေဆာက္လုပ္၏၊ အသား အေသြးတုိ႔ျဖင့္ လိမ္းက်ံမြမ္းမံ၏၊
    This city (body) is built of bones, plastered with flesh and blood; within are decay and death, pride and jealousy.
  • အဆန္းတၾကယ္ တန္ဆာဆင္အပ္ကုန္ေသာ မင္းစီး ရထားတုိ႔သည္ ေဆြးျမည့္ ေဟာင္းျမင္း အုိမင္းကုန္၏၊ ထုိ႔အတူ ခႏၶာကိုယ္သည္လည္း ေဆြးျမည့္အုိမင္း၏၊ သူေတာ္ေကာင္းတုိ႔၏ တရားသည္ကား ေဆြးျမည့္ ေဟာင္းျမင္း အုိျခင္း မ႐ွိ၊ သူေတာ္ေကာင္းတုိ႔သည္ သူေတာ္ေကာင္းတရားကို သူေတာ္ေကာင္းတုိ႔ႏွင့္ ႏွီးေႏွာ ေဟာေျပာကုန္၏။
    Even gorgeous royal chariots wear out, and indeed this body too wears out. But the Dhamma of the Good does not age; thus the Good make it known to the good.
  • အၾကားအျမင္ ပညာနည္းပါးေသာသူသည္ ႏြားကဲ့သုိ႔ အုိ၍ သြားေလ၏၊ ထုိသူမွာ အသားသာပြား၍ ပညာကားမပြားေလ။
    The man of little learning grows old like a bull. He grows only in bulk, but, his wisdom does not grow.
  • (ျမတ္စြာဘုရားသည္ ဘုရားအျဖစ္သုိ႔ ေရာက္ေတာ္မူေသာအခါ ဥဒါန္းက်ဴးေတာ္မူသည့္ ႏွစ္ဂါထာ။) ခႏၶာကုိယ္တည္းဟူေသာ အိမ္ကို ေဆာက္လုပ္အပ္ေသာ လက္သမားကို ျမင္ႏုိင္ေသာ ဉာဏ္ မ႐ွိေသာေၾကာင့္ မေရမတြက္ႏိုင္ေသာ ဘ၀မ်ားစြာ သံသရာကာလပတ္လံုး ငါ က်င္လည္ခဲ့ရေလျပီ၊ အဖန္ဖန္ ပ႗ိသေႏၶ ေနရျခင္းသည္ ဆင္းရဲလွ၏။
    Through many a birth in samsara have I wandered in vain, seeking the builder of this house (of  life). Repeated birth is indeed suffering!
  • ခႏၶာကိုယ္တည္းဟူေသာ အိမ္ကို ေဆာက္လုပ္တတ္ေသာ တဏွာလက္သမား၊ သင့္ကို (ပညာမ်က္စိျဖင့္) ခု ငါ ေတြ႕ျမင္ရျပီ၊ ဤ ခႏၶာကိုယ္တည္းဟူေသာ အိမ္ကို သင္ေနာင္တဖန္ မေဆာက္လုပ္ရလတၱံ႔၊ သင္၏ ကိေလသာတည္းဟူေသာ အျခင္ နံ႐ိုးတုိ႔ကို ငါ ခ်ိဳးဖ်က္အပ္ျပီ၊ ငါ၏စိတ္သည္ ျပဳျပင္ျခင္းကင္းရာ နိဗၺာန္သို႔ ေရာက္ျပီး တဏွာ၏ ကုန္ရာ အရဟတၱဖုိလ္ကို ရျပီ။
    O house-builder, you are seen! You will not build this house again. For your rafters are broken and your ridgepole shattered. My mind has reached the Unconditioned; I have attained the destruction of craving.
  • အ႐ြယ္ရွိခုိက္ သူေတာ္ေကာင္း အက်င့္ကိုလည္း မက်င့္၊ ဥစၥာပစၥည္းကိုလည္း ရေအာင္ အားမထုတ္ေသာ သူမုိက္တုိ႔သည္ (အရြယ္လြန္ေသာအခါ) ေရခန္း၍ ငါးမရွိေသာ ညြန္ျပင္၌ အေတာင္ ကုန္ျပီးေသာ ၾကိဳးၾကာအုိတုိ႔ကဲ့သုိ႔ ၾကံမိႈင္၍သာ ေနၾကရကုန္၏။
    Those who in youth, have not led the holy life, or have failed to acquire wealth, languish like old cranes in a pond without fish.
  • အရြယ္ရွိခိုက္ သူေတာ္ေကာင္း အက်င့္ကိုလည္း မက်င့္၊ ဥစၥာပစၥည္းကိုလည္း ရေအာင္ အားမထုတ္ေသာ သူမုိက္တုိ႔သည္ (အ႐ြယ္လြန္ေသာအခါ) ေလးမွ လႊတ္လုိ္က္ျပီးေနာက္ အဟုန္ကုန္ေသာ ျမားတုိ႔ကဲ့သုိ႔ အားမ႐ွိဘဲ ေ႐ွးျဖစ္ေဟာင္းတုိ႔ကိုသာ ညည္းတြားေအာက္ေမ့ကာ ေနၾကရေလကုန္၏
    Those who in youth have not led the holy life, or have failed to acquire wealth, lie sighing over the past, like worn-out arrows (shot from) a bow.

ပါရမီထိုက်သော ဒါန နှင့် ပါရမီ မထိုက်သော ဒါန

lotusလောဘပွားစီးဖို့ ပြုသော ဒါနသည် ပါရမီ မထိုက်သော ဒါနဖြစ်ပြီး ၊ လောဘ ကုန်ခမ်းဖို့ ပြုသော ဒါနသည် ပါရမီ ထိုက်သောဒါနဖြစ်သည်။ လောဘပွားစီးဖို့ ပြုသော ဒါနဟူသည် နာမည်ကြီးဖို့၊ လူသိများဖို့၊ အခွင့်အရေးရဖို့၊ နောက်ဘဝချမ်းသာဖို့ စသော တစ်ခုခုသော မျှော်လင့်ချက်နှင့် ပြုသောဒါနဖြစ်သည်။ ပါရမီ မထိုက်သော ဒါနသည် လူ့ချမ်းသာ၊ နတ်ချမ်းသာကိုသာ ပေးနိုင်ပြီး နိဗ္ဗာန်ချမ်းသာကို မပေးနိုင်။ ငါကောင်းစားဖို့ ဟူသော ရည်ရွယ်ချက်ဖြင့် ပြုသော ဒါနမှန်သမျှ ပါရမီမထိုက်ဟု တနည်း မှတ်သင့်သေးသည်။ ငါဟူသည် ဒိဌိကိလေသာ ဖြစ်ပြီး ကောင်းစားဖို့ဟူသည် လောဘကိလေသာဖြစ်သည်။ ထိုုကိလေသာနှစ်ပါးဦးဆောင်ပြီး ပြုသော ဒါနသည် အဘယ်မှာလျှင် ကိလေသာ ကုန်ရာ နိဗ္ဗာန်သို့ ပို့ပေးနိုင်ပါမည်နည်း။ ဧကန်မုချ ပို့မပေးနိုင်သည်သာ။ ထို့ကြောင့် ငါကောင်းစားဖို့ဟူသော မျှော်လင့်ချက်နှင့် လှူသောဒါနသည် ပါရမီမထိုက်ခြင်းဖြစ်သည်။ လောဘကုန်ခမ်းဖို့ ပြုသောဒါနဟူသည် မည်သည့်မျှော်လင့်ချက်မှ မထားဘဲ သူ ကောင်းစားဖို့ဟူသော ရည်ရွယ်ချက်ဖြင့် လှူဒါန်းသော ဒါနဖြစ်သည်။ အလှူခံ ပုဂ္ဂိုလ်တည်းဟူသော သူတပါးကောင်းစားဖို့ဟု ရည်ရွယ်ချက်ချထားလိုက်သည်နှင့် ဒိဌိနှင့်လောဘကိလေသာကို ထိုဒါနက တစ်ခါတည်း ပယ်သတ်ပြီးသားဖြစ်၏။ ကိလေသာ ပယ်သတ်နိုင်သောကြောင့်လည်း ကိလေသာကုန်ရာ နိဗ္ဗာန်သို့ ပို့ဆောင်ပေးနိုင်ခြင်းဖြစ်၏။

မေတ္တာရှင်(ရွှေပြည်သာ)

%d bloggers like this: