ပုထုဇဉ်တွေ ရောက်နိုင်သော ဘုံ

ပုထုဇဉ်တွေ ရောက်နိုင်တဲ့ဘုံ

၁) ဒေဝ ဂတိ          =  နတ်ဘုံ ( ဗြဟ္မာ့ဘုံလည်း ပါတယ် )

၂) မနုဿ ဂတိ              = လူ့ဘုံ

၃) နိရယ ဂတိ                = ငရဲဘုံ

၄) တိရစ္ဆာန် ဂတိ           = တိရစ္ဆာန်ဘုံ

၅) ပေတ ဂတိ                = ပြိတ္တာဘုံ ( အသူရကာယ် ကိုတော့ ပြိတ္တာထဲမှာ ပေါင်းထည့်ထားပါတယ် )

ဒီဘဝကသေတာနဲ့ ရုပ်ဟောင်းနာမ်ဟောင်းချုပ်တာနဲ့ ဟိုဘက်ဘဝမှာ ချက်ချင်း ပဋိသန္ဓေသွားနေပါတယ်  ။ ရုပ်သစ် နာမ်သစ်ဖြစ်ပါတယ် ။

သေပြီး ဘယ်ဘုံမှ မသွားသေးဘဲ အိမ်ဝိုင်းထဲမှာ ခုနစ်ရက်နေတယ်ဆိုတာ မဟုတ်ပါဘူး ၊ အဲဒါ ဗုဒ္ဓအယူဝါဒ မဟုတ်ပါဘူး ၊ ဟိန္ဒူကနေ ဗုဒ္ဓအယူဝါဒကို ဆင်းသက်လာတာ ။ ဘာသာရေး ဗဟုသုတ မရှိသော ၊ ထေရဝါဒ အတွေးအခေါ်မရှိသော သူတွေက အငှားသုံးရင်း ကြာတော့ ဗုဒ္ဓဝါဒ လိုဖြစ်လာပါတယ် ။  အဲဒီ (၅) ဘုံထဲမှာ နတ်ဘုံ ၊ လူ့ဘုံ ၊ တိရစ္ဆာန်ဘုံ ၊ ငရဲဘုံရောက်သွားရင် ဒီက အမျှပေးတာကို သာဓုမခေါ်နိုင်ဘူး ။ ပြုတဲ့လူတွေ ကုသိုလ်ရမယ် ၊ တခြား မကျွတ် မလွတ်တဲ့လူတွေ သာဓုခေါ်ရရင် ကျွတ်လွတ်သွားမယ် ၊ ဒါ့ကြောင့် ဆွမ်းသွတ်တဲ့ အလုပ်ကတော့ လုပ်သင့်ပါတယ် ။ အကျိုးမဲ့ မဖြစ်ပါ ။ သေသူဟာ ပြိတ္တာဘုံကို ရောက်သွားတယ်ဆိုရင်တော့ ဒီကပေးတဲ့ အမျှကို ကောင်းကောင်းကြီး သာဓုခေါ်ပြီး ကောင်းရာဘုံကို ရောက်သွားနိုင်ပါတယ်။

ပြိတ္တာဘုံရောက်ခဲ့ရင် ကျွတ်လွတ်ပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆွမ်းသွတ်တာပါ ။ ဝိဉာဉ်ရှိတယ် ဆိုတဲ့ အယူအဆဟာ ဝိဉာဉ်ဆိုတဲ့ နာမ်တရားဟာ မြဲတယ် ၊ အတ္တကောင်လေး ရှိတယ်လို့  ယူဆတဲ့ သဿတဒိဋ္ဌိနဲ့ အတ္တဒိဋ္ဌိရဲ့ ချယ်လှယ်လွှမ်းမိုးမှုတွေဖြစ်ပါသည်။

ကျမ်းကိုး။       ။ မေတ္တာရှင် (ရွှေပြည်သာ) ၏ မဂ်တား ဖိုလ်တား အန္တရာယ်များ

Advertisements

ပုထုဇဥ္ေတြ ေရာက္ႏုိင္ေသာ ဘံု

ပုထုဇဥ္ေတြ ေရာက္ႏုိင္တဲ့ဘံု

၁) ေဒ၀ ဂတိ          =  နတ္ဘံု ( ျဗဟၼာ့ဘံုလည္း ပါတယ္ )

၂) မႏုႆ ဂတိ              = လူ႔ဘံု

၃) နိရယ ဂတိ                = ငရဲဘံု

၄) တိရစၦာန္ ဂတိ           = တိရစၦာန္ဘံု

၅) ေပတ ဂတိ                = ျပိတၱာဘံု ( အသူရကာယ္ ကိုေတာ့ ျပိတၱာထဲမွာ ေပါင္းထည့္ထားပါတယ္ )

ဒီဘ၀ကေသတာနဲ႔ ႐ုပ္ေဟာင္းနာမ္ေဟာင္းခ်ဳပ္တာနဲ႔ ဟုိဘက္ဘ၀မွာ ခ်က္ခ်င္း ပဋိသေႏၶသြားေနပါတယ္  ။ ႐ုပ္သစ္ နာမ္သစ္ျဖစ္ပါတယ္ ။

ေသျပီး ဘယ္ဘံုမွ မသြားေသးဘဲ အိမ္၀ိုင္းထဲမွာ ခုနစ္ရက္ေနတယ္ဆုိတာ မဟုတ္ပါဘူး ၊ အဲဒါ ဗုဒၶအယူ၀ါဒ မဟုတ္ပါဘူး ၊ ဟိႏၵဴကေန ဗုဒၶအယူ၀ါဒကုိ ဆင္းသက္လာတာ ။ ဘာသာေရး ဗဟုသုတ မရွိေသာ ၊ ေထရ၀ါဒ အေတြးအေခၚမရွိေသာ သူေတြက အငွားသံုးရင္း ၾကာေတာ့ ဗုဒၶ၀ါဒ လုိျဖစ္လာပါတယ္ ။  အဲဒီ (၅) ဘံုထဲမွာ နတ္ဘံု ၊ လူ႔ဘံု ၊ တိရစၦာန္ဘံု ၊ ငရဲဘံုေရာက္သြားရင္ ဒီက အမွ်ေပးတာကို သာဓုမေခၚႏိုင္ဘူး ။ ျပဳတဲ့လူေတြ ကုသုိလ္ရမယ္ ၊ တျခား မကြ်တ္ မလြတ္တဲ့လူေတြ သာဓုေခၚရရင္ ကြ်တ္လြတ္သြားမယ္ ၊ ဒါ့ေၾကာင့္ ဆြမ္းသြတ္တဲ့ အလုပ္ကေတာ့ လုပ္သင့္ပါတယ္ ။ အက်ိဳးမဲ့ မျဖစ္ပါ ။ ေသသူဟာ ျပိတၱာဘံုကို ေရာက္သြားတယ္ဆုိရင္ေတာ့ ဒီကေပးတဲ့ အမွ်ကို ေကာင္းေကာင္းၾကီး သာဓုေခၚျပီး ေကာင္းရာဘံုကို ေရာက္သြားႏုိင္ပါတယ္။

ျပိတၱာဘံုေရာက္ခဲ့ရင္ ကြ်တ္လြတ္ပါေစဆုိတဲ့ ရည္႐ြယ္ခ်က္နဲ႔ ဆြမ္းသြတ္တာပါ ။ ၀ိဉာဥ္ရွိတယ္ ဆုိတဲ့ အယူအဆဟာ ၀ိဉာဥ္ဆုိတဲ့ နာမ္တရားဟာ ျမဲတယ္ ၊ အတၱေကာင္ေလး ရွိတယ္လုိ႔  ယူဆတဲ့ သႆတဒိ႒ိနဲ႔ အတၱဒိ႒ိရဲ႕ ခ်ယ္လွယ္လႊမ္းမုိးမႈေတြျဖစ္ပါသည္။

က်မ္းကိုး။       ။ ေမတၱာရွင္ (ေရႊျပည္သာ) ၏ မဂ္တား ဖုိလ္တား အႏၱရာယ္မ်ား

ပရိဒေဝ အကြောင်း

ငိုကြွေးမှုကို “ပရိဒေဝ” ဟုခေါ်၏။ ဤ ပရိဒေဝဟူသည် “ငိုသည်” ပင်ဖြစ်သည်။ သို့သော် ထိုငိုသံဖြစ်ခြင်၏ အကြောင်းအရင်းမှာ အတွင်းက ဒေါသ ဒေါမနဿတို့သာဖြစ်၍ ပရိဒေဝသဘောကိုလည်း ဤနေရာမှာပင် မှတ်သားသင့်ပေသည်။ ရာထူးဂုဏ်သိန် စည်းစိမ် ဆွေမျိုး စသည်တို့တွင် တစ်ခုခု ပျက်စီးသောအခါ ပျက်စီးတော့မည်ဟု ထင်ရသောအခါ လွန်စွာ ဝမ်းနည်းကြ၏။ အားငယ်ကြ၏။ ဤဝမ်းနည်းအားငယ်မှုကား ပြခဲ့သော “သောက” အမည်ရ ဒေါမနဿသာတည်း။ ထိုဝမ်းနည်းအားငယ်မှုကို မျိုသိပ်၍ မထားနိုင်သောအခါ ပရိဒေဝခေါ် ငိုကြွေးသောအသံတစ်မျိုး ပေါ်လာ၏။ “ပရိဒေဝ”မီးဟု ခေါ်ရာ၌ ငိုတဲ့ အသံကို ခေါ်ခြင်းမဟုတ်။ ထိုငိုသံ ဖြစ်လောက်အောင် ဝမ်းတွင်း၌ အပြင်းအထန် ပူပန်တောက်လောင်နေသော ဒေါသ ဒေါမနဿကို အစွဲပြု၍ ခေါ်ရခြင်း ဖြစ်သည်။

ငိုကြွေးလို့ အကျိုးရှိရဲ့လား

ဤငိုကြွေးမှုသည်လည်း စိုးရိမ်မှုကဲ့သို့ ကောင်းကျိုးမရသော တရားတစ်မျိုးပင်။ ချစ်ခင်သူ သို့မဟုတ် အားကိုးလောက်သူ တစ်ယောက်မျက်စိအောက်မှ ရုတ်တရက်ကွယ်ပျောက် သေဆုံးသွားသောအခါ ဝမ်းနည်းပူပန်ကြသည်မှာ ထုံးစံဓမ္မတာလို ဖြစ်နေ၍ အပြစ်မတင်ထိုက်လှပါ။ ဘုရားရှင် ပရိနိဗ္ဗန်စံတော်မူစဉ်က သောတာပန် အရှင်အာနန္ဒာသည်ပင် ငိုရှာပါသေးသည်။ သို့သော် ယခုကာလာလို ဟစ်အော်၍ ငိုခြင်းကာ လိုရင်းစိတ်မချမ်းသာမှုထက် မိမိကို ဝိုင်း၍ သနားအောင် မာယာဆောင်ရွက်မှုက များသလို ဖြစ်နေပါသည်။ (များသည်ဟု အတိအလင်း မဆိုလို) လူတစ်ယောက်၏ ဟစ်အော်၍ ငိုသံသည် ကြားရသမျှလူအပေါင်း၏ စိတ်နှလုံးကို ထိခိုက်စေနိုင်သည်။ ချမ်းသာသုခရှိနေသူများပင် ငိုသံကြားက ချမ်းသာ သုခ ကွယ်ပျောက်၍ ရုတ်တရက် စိတ်ဒုက္ခ ရောက်ရ၏။

ထိုမျှလောက် လူအများကို ချောက်ချားစေနိုင်သော ငိုသံကို တစ်ယောက်ကြား၊ နှစ်ယောက်ကြား၊ တစ်အိမ်ကြား၊ နှစ်အိမ်ကြားမက  တစ်ရပ်လုံး တစ်ရွာလုံး ချောက်ချားအောင် အဘယ်ကြောင့် ဟစ်အော်ငိုကြွေးလိုကြသနည်း။ ထိုမျှလောက် ဟစ်အော်ရာ၌  “မိမိမှာ ချုပ်တည်းနိုင်သော တရားများ တစ်ခုတစ်လေမျှ လက်ဆုပ်လက်ကိုင် မရှိပါ” ဟုဝန်ခံရာ ရောက်လေသည်။ ထိုကြောင့် မလွှဲသာ၍ ပရိဒေဝမီးတောက်လာလျှင် တိုးတိုးသက်သာ ယိုကျလာသော မျက်ရည်ဖြင့် အမြန်ုငြိမ်းအောင် သိမ်းသိမ်းဆည်းဆည်း ငိုခြင်းသာလျှင် လိုရင်းအကျဆုံးဖြစ်ပါသည်။ ထိုထက်ပို၍ စိတ်ကို ချုပ်တည်းနိုင်သော အထက်တန်း သူတော်စင် ပါရမီရှင် ဖြစ်သူကား ကြုံရသော ဒုက္ခကို ငြီးငွေ့သော သံဝေဂတရားဖြင့် ဖြေသိမ့်ထိုက်ကြပါသည်။

အလောင်းတော်၏ ဖြေသိမ့်ပုံ

ဘုရားရှင်နှင့်ယသော်ဓရာ လောင်းလျာ ၂ပါးတို့ တစ်ခုသောဘဝဝယ် ကုဋေများစွာ ကြွယ်ဝသော သူဌေးအဖြစ်မှ စည်းစိမ်ဥစ္စာများကို သဘောတူလှူဒါန်းလျက် ရသေ့ရဟန်းပြုကာ မကွဲမကွာပင် နေကြလေသည်။ ရသေ့မလေး၏ ရုပ်ရည်မှာ လွန်စွာထူးခြားသည့် အပြင် ပြုံးရွှင်သလိုနှင့် ခံညားသော မျက်နှာ  အနေအထားကြောင့် အများပင် ချစ်ခင်လေးစားကြ၏။

ထိုကဲ့သို့ တောထွက်လာခဲ့ရာ သူဌေးမျိုး သူဌေးနွယ် နုနယ်သော ရသေ့မလေးကာ ရှေးကလို မွန်မြတ်သော အစာကို မစားရပဲ ရသေ့ရဟန်းတို၏ စမ္မတာ သစ်ဥ သစ်သီးနှင့် သူပေးလူပေး အာဟာရများဖြင့်စာ မျှတရရှာသောကြောင့် အတော်ကြားလျှင် ဝမ်းသွေးရောဂါဖြင့် လွန်စွာ အားနည်းရှာလေသော် အလောင်းတော်ကိုယ်တိုင် တွဲယူကာ မြို့တခါးအနီး ဇရပ်ကြီးပေါ်မှာ အသာချထား၍ အလောင်းတော်ဘုရား ဆွမ်းခံဝင်တော်မူလေသည်။

ထိုကဲ့သို့ ဆွမ်းခံဝင်နေတော်မူနေတုန်း အချိန်မှပင် ဇရပ်ပေါ်တွင် ကျန်ရစ်သော ရသေ့မကလေးသည် သူ၏ရောဂါဒဏ်ကို ကြာရှည်ခံနိုင်သည့်အလား အလောင်းဘုရား ပြန်ချိန်ကိုမျှ မစောင့်နိုင်ရှာတော့ဘဲ ဘဝဇတ်အသစ်လဲရရှာလေသည်။ ထိုကဲသို့ဖြစ်ပုံကို မြို့တွင်းမှ ထွက်လာသူတို့ တွေ့ကြလေရာ ဆွေမတော်မျိုးမစပ်ပဲ လှိုက်လှိုက်လှဲလှဲ ငိုကြွေးကာ အလောင်းကို ပြင်ကြရှာလေသည်။

ထိုအခိုက်မှာပင် အလောင်းဘုရား ဆွမ်းခံပြန်လာလေသော် မမျှော်လင့်သော အဖြစ်အပျက်ကို ရုတ်တရက်တွေ့ရလျှင် အစွမ်းကုန်ငိုချင်ဖွယ် ကောင်းသော်လည်း ရင့်မာသော အလောင်းဘုရားပီပီ တည်ကြည်သော ဣန္ဒြေဖြင့် ဇရပ်ပေါ်တက်၍ ပြင်ထားသော အလောင်း၏ ဦးခေါင်းဘက်မှ ထိုင်တော်ပြီးလျှင် ၂ ယောက်စာ ခံယူလာသော ဆွမ်းကို တစ်ပါးတည်း ဘုဉ်းပေးတော်မူပြီးမှ များစွာသော ပရိသတ်၏ ပရိဒေဝမီးကို ကြည်လင်အေးမြသော ဩဝါဒရေချမ်းဖြင့် ဆွတ်ဖျန်းငြိမ်းစေတော်မူလေသည်။

မလ္လိကာ စစ်သူကြီးကတော်

ဗန္ဓုလ စစ်သူကြီးကတော် မလ္လိကာ အမျိုးသမီး၏ စိတ်ထားလည်း အားရစရာပင်။ ကောသလမင်း၏ စစ်သူကြီး ဗန္ဓုလနှင့် မလ္လိကာတို့မှာ အမြွှာမွေးစားညီနောင်များဖြစ်ကြသော သားရတနာ ၃ကျိပ်၂ယောက် ထွန်းကားလေသည်။ ထူးခြားသော မိဘနှစ်ဦး၏သားများဖြစ်သည့် အားလျော်စွာ သူတို့ အခြွေအရံများနှင့်တကွ ဖခင်နောက်က ဘုရင့်ထံခစားဝင်ကြလေသောအခါ သူတို့လူစုနှင့်ပင် ပရိသတ်ကြီးတစ်ခု ဖြစ်လေသည်။

ထိုအခြင်းအရာကို မလိုလားသော အမတ်တို့က ဘုရင့်ထံ “တစ်နေ့ကြလျှင် ဗန္ဓုလစစ်သူကြီးက သူ၏သားများနှင့်အတူ တိုင်းပြည်ကိုလုပ်ကြံပါလိမ့်မည်။” ဟုကုန်းချောကြလေရာ နဂိုကပင် အဆင်အခြင်နည်းသော ရှင်ဘုရင်ကြီးသည် အလွယ်တကူ ယုံကြည်၍ သားအဖတစ်စုကို ပရိယာယ်ဖြင့် လီဆယ်ကာ အိမ်တစ်ဆောင်မှာနေခိုက် မီးတိုက်၍ သတ်စေလေသည်။

သားအဖတစ်စု အသတ်ခံရသည့်ညဉ့်၏ နောက်တစ်နေ့နံနက်မှာ မလ္လိကာလည်း ရှင်သာရိပုတ္တရာ အမှူးရှိသော သံဃာတော်များကို ဆွမ်းကပ်ဖို့ရန် စီမံထား၏။ နံနက်၌ ဆွမ်းကပ်ချိန် နီးလတ်သော် “ညဉ့်တုန်းက သားအဖအားလုံး တစ်ပြိုင်နက် ဆုံးကြောင်း” စာကို မလ္လိကာရရှိလေလျှင် ဟစ်၍သာ ငိုချင်စရာ ကောင်းသော်လည်း မျက်ရည်တစ်စက်မျှ မထွက်စေဘဲ ပြင်ဆင်မြဲဆွမ်းကို ပြင်ဆင်ကာ ထိုစာကို သိမ်းထားလိုက်လေသည်။

မှတ်ချက်

ပြခဲ့သော ဝထ္တုနှစ်ရပ်၌ ဘုရားအလောင်း၏ ပရိဒေဝ မဖြစ်ခြင်းမှာ ပါရမီရှင်ဖြစ်၍ ရှိပါစေဦးတော့၊ မလိ္လကာ၏ ပရိဒေဝချုပ်တည်းနိုင်မှုကား အများပင် အားရဖွယ်၊ အတုယူဖွယ် ကောင်းလှပါသည်။ ထို့ကြောင့် အသက်တစ်ရာမနေရသော်လည်း အမှုတစ်ရာ တွေ့ဖို့လွယ်ကူသော လောကကြီး၌ ပရိဒေဝမီးကို အစွမ်းကုန်ငြှိမ်းသတ်နိုင်မှ သက်သာရာရဖွယ် ရှိရကား ပရိဒေဝဖြစ်လောက်သော ဒုက္ခ၌ “ငါ့ပါရပီ မည်မျှလောက် အခြေတည်မိပြီ” ဟု အကဲခတ်ဖို့ရာ ကြုံလာသော ဒုက္ခမှတ်ကျောက်တွင် ပါရမီကို မှတ်တင်၍ ကြည့်ကြပါကုန်။

အရှင်ဇနကာဘိဝံသ

ကိုယ်ကျင့်အဘိဓ္ဓမာ (ဒုတိယခန်း)

ပရိေဒ၀ အေၾကာင္း

ငိုေၾကြးမႈကို “ပရိေဒ၀” ဟုေခၚ၏။ ဤ ပရိေဒ၀ဟူသည္ “ငိုသည္” ပင္ျဖစ္သည္။ သို႔ေသာ္ ထိုငိုသံျဖစ္ျခင္၏ အေၾကာင္းအရင္းမွာ အတြင္းက ေဒါသ ေဒါမနႆတို႔သာျဖစ္၍ ပရိေဒ၀သေဘာကိုလည္း ဤေနရာမွာပင္ မွတ္သားသင့္ေပသည္။ ရာထူးဂုဏ္သိန္ စည္းစိမ္ ေဆြမ်ိဳး စသည္တို႔တြင္ တစ္ခုခု ပ်က္စီးေသာအခါ ပ်က္စီးေတာ့မည္ဟု ထင္ရေသာအခါ လြန္စြာ ၀မ္းနည္းၾက၏။ အားငယ္ၾက၏။ ဤ၀မ္းနည္းအားငယ္မႈကား ျပခဲ့ေသာ “ေသာက” အမည္ရ ေဒါမနႆသာတည္း။ ထို၀မ္းနည္းအားငယ္မႈကို မ်ိဳသိပ္၍ မထားႏိုင္ေသာအခါ ပရိေဒ၀ေခၚ ငိုေၾကြးေသာအသံတစ္မ်ိဳး ေပၚလာ၏။ “ပရိေဒ၀”မီးဟု ေခၚရာ၌ ငိုတဲ့ အသံကုိ ေခၚျခင္းမဟုတ္။ ထိုငိုသံ ျဖစ္ေလာက္ေအာင္ ၀မ္းတြင္း၌ အျပင္းအထန္ ပူပန္ေတာက္ေလာင္ေနေသာ ေဒါသ ေဒါမနႆကို အစြဲျပဳ၍ ေခၚရျခင္း ျဖစ္သည္။

ငိုေၾကြးလို႔ အက်ိဳးရွိရဲ႕လား

ဤငိုေၾကြးမႈသည္လည္း စိုးရိမ္မႈကဲ့သို႔ ေကာင္းက်ိဳးမရေသာ တရားတစ္မ်ိဳးပင္။ ခ်စ္ခင္သူ သို႔မဟုတ္ အားကိုးေလာက္သူ တစ္ေယာက္မ်က္စိေအာက္မွ ရုတ္တရက္ကြယ္ေပ်ာက္ ေသဆံုးသြားေသာအခါ ၀မ္းနည္းပူပန္ၾကသည္မွာ ထံုးစံဓမၼတာလို ျဖစ္ေန၍ အျပစ္မတင္ထိုက္လွပါ။ ဘုရားရွင္ ပရိနိဗၺန္စံေတာ္မူစဥ္က ေသာတာပန္ အရွင္အာနႏၵာသည္ပင္ ငိုရွာပါေသးသည္။ သို႔ေသာ္ ယခုကာလာလို ဟစ္ေအာ္၍ ငိုျခင္းကာ လိုရင္းစိတ္မခ်မ္းသာမႈထက္ မိမိကို ၀ိုင္း၍ သနားေအာင္ မာယာေဆာင္ရြက္မႈက မ်ားသလို ျဖစ္ေနပါသည္။ (မ်ားသည္ဟု အတိအလင္း မဆိုလို) လူတစ္ေယာက္၏ ဟစ္ေအာ္၍ ငိုသံသည္ ၾကားရသမွ်လူအေပါင္း၏ စိတ္ႏွလံုးကုိ ထိခိုက္ေစႏိုင္သည္။ ခ်မ္းသာသုခရွိေနသူမ်ားပင္ ငိုသံၾကားက ခ်မ္းသာ သုခ ကြယ္ေပ်ာက္၍ ရုတ္တရက္ စိတ္ဒုကၡ ေရာက္ရ၏။

ထိုမွ်ေလာက္ လူအမ်ားကို ေခ်ာက္ခ်ားေစႏိုင္ေသာ ငိုသံကို တစ္ေယာက္ၾကား၊ ႏွစ္ေယာက္ၾကား၊ တစ္အိမ္ၾကား၊ ႏွစ္အိမ္ၾကားမက  တစ္ရပ္လံုး တစ္ရြာလံုး ေခ်ာက္ခ်ားေအာင္ အဘယ္ေၾကာင့္ ဟစ္ေအာ္ငိုေၾကြးလိုၾကသနည္း။ ထိုမွ်ေလာက္ ဟစ္ေအာ္ရာ၌  “မိမိမွာ ခ်ဳပ္တည္းႏိုင္ေသာ တရားမ်ား တစ္ခုတစ္ေလမွ် လက္ဆုပ္လက္ကိုင္ မရွိပါ” ဟု၀န္ခံရာ ေရာက္ေလသည္။ ထိုေၾကာင့္ မလႊဲသာ၍ ပရိေဒ၀မီးေတာက္လာလွ်င္ တိုးတိုးသက္သာ ယိုက်လာေသာ မ်က္ရည္ျဖင့္ အျမန္ုျငိမ္းေအာင္ သိမ္းသိမ္းဆည္းဆည္း ငိုျခင္းသာလွ်င္ လိုရင္းအက်ဆံုးျဖစ္ပါသည္။ ထိုထက္ပို၍ စိတ္ကို ခ်ဳပ္တည္းႏိုင္ေသာ အထက္တန္း သူေတာ္စင္ ပါရမီရွင္ ျဖစ္သူကား ၾကံဳရေသာ ဒုကၡကို ျငီးေငြ႕ေသာ သံေ၀ဂတရားျဖင့္ ေျဖသိမ့္ထိုက္ၾကပါသည္။

အေလာင္းေတာ္၏ ေျဖသိမ့္ပံု

ဘုရားရွင္ႏွင့္ယေသာ္ဓရာ ေလာင္းလ်ာ ၂ပါးတို႔ တစ္ခုေသာဘ၀၀ယ္ ကုေဋမ်ားစြာ ၾကြယ္၀ေသာ သူေဌးအျဖစ္မွ စည္းစိမ္ဥစၥာမ်ားကို သေဘာတူလွဴဒါန္းလ်က္ ရေသ့ရဟန္းျပဳကာ မကြဲမကြာပင္ ေနၾကေလသည္။ ရေသ့မေလး၏ ရုပ္ရည္မွာ လြန္စြာထူးျခားသည့္ အျပင္ ျပံဳးရႊင္သလိုႏွင့္ ခံညားေသာ မ်က္ႏွာ  အေနအထားေၾကာင့္ အမ်ားပင္ ခ်စ္ခင္ေလးစားၾက၏။

ထိုကဲ့သို႔ ေတာထြက္လာခဲ့ရာ သူေဌးမ်ိဳး သူေဌးႏြယ္ ႏုနယ္ေသာ ရေသ့မေလးကာ ေရွးကလို မြန္ျမတ္ေသာ အစာကို မစားရပဲ ရေသ့ရဟန္းတို၏ စမၼတာ သစ္ဥ သစ္သီးႏွင့္ သူေပးလူေပး အာဟာရမ်ားျဖင့္စာ မွ်တရရွာေသာေၾကာင့္ အေတာ္ၾကားလွ်င္ ၀မ္းေသြးေရာဂါျဖင့္ လြန္စြာ အားနည္းရွာေလေသာ္ အေလာင္းေတာ္ကိုယ္တုိင္ တြဲယူကာ ျမိဳ႕တခါးအနီး ဇရပ္ၾကီးေပၚမွာ အသာခ်ထား၍ အေလာင္းေတာ္ဘုရား ဆြမ္းခံ၀င္ေတာ္မူေလသည္။

ထိုကဲ့သို႔ ဆြမ္းခံ၀င္ေနေတာ္မူေနတုန္း အခ်ိန္မွပင္ ဇရပ္ေပၚတြင္ က်န္ရစ္ေသာ ရေသ့မကေလးသည္ သူ၏ေရာဂါဒဏ္ကို ၾကာရွည္ခံႏိုင္သည့္အလား အေလာင္းဘုရား ျပန္ခ်ိန္ကိုမွ် မေစာင့္ႏိုင္ရွာေတာ့ဘဲ ဘ၀ဇတ္အသစ္လဲရရွာေလသည္။ ထိုကဲသို႔ျဖစ္ပံုကို ျမိဳ႕တြင္းမွ ထြက္လာသူတို႔ ေတြ႔ၾကေလရာ ေဆြမေတာ္မ်ိဳးမစပ္ပဲ လိႈက္လိႈက္လွဲလွဲ ငိုေၾကြးကာ အေလာင္းကို ျပင္ၾကရွာေလသည္။

ထိုအခိုက္မွာပင္ အေလာင္းဘုရား ဆြမ္းခံျပန္လာေလေသာ္ မေမွ်ာ္လင့္ေသာ အျဖစ္အပ်က္ကို ရုတ္တရက္ေတြ႔ရလွ်င္ အစြမ္းကုန္ငိုခ်င္ဖြယ္ ေကာင္းေသာ္လည္း ရင့္မာေသာ အေလာင္းဘုရားပီပီ တည္ၾကည္ေသာ ဣေျႏၵျဖင့္ ဇရပ္ေပၚတက္၍ ျပင္ထားေသာ အေလာင္း၏ ဦးေခါင္းဘက္မွ ထိုင္ေတာ္ၿပီးလွ်င္ ၂ ေယာက္စာ ခံယူလာေသာ ဆြမ္းကို တစ္ပါးတည္း ဘုဥ္းေပးေတာ္မူၿပီးမွ မ်ားစြာေသာ ပရိသတ္၏ ပရိေဒ၀မီးကို ၾကည္လင္ေအးျမေသာ ၾသ၀ါဒေရခ်မ္းျဖင့္ ဆြတ္ဖ်န္းျငိမ္းေစေတာ္မူေလသည္။

မလႅိကာ စစ္သူၾကီးကေတာ္

ဗႏၶဳလ စစ္သူၾကီးကေတာ္ မလႅိကာ အမ်ိဳးသမီး၏ စိတ္ထားလည္း အားရစရာပင္။ ေကာသလမင္း၏ စစ္သူၾကီး ဗႏၶဳလႏွင့္ မလႅိကာတို႔မွာ အျမႊာေမြးစားညီေနာင္မ်ားျဖစ္ၾကေသာ သားရတနာ ၃က်ိပ္၂ေယာက္ ထြန္းကားေလသည္။ ထူးျခားေသာ မိဘႏွစ္ဦး၏သားမ်ားျဖစ္သည့္ အားေလ်ာ္စြာ သူတို႔ အေျခြအရံမ်ားႏွင့္တကြ ဖခင္ေနာက္က ဘုရင့္ထံခစား၀င္ၾကေလေသာအခါ သူတို႔လူစုႏွင့္ပင္ ပရိသတ္ၾကီးတစ္ခု ျဖစ္ေလသည္။

ထိုအျခင္းအရာကို မလိုလားေသာ အမတ္တို႔က ဘုရင့္ထံ “တစ္ေန႔ၾကလွ်င္ ဗႏၶဳလစစ္သူၾကီးက သူ၏သားမ်ားႏွင့္အတူ တိုင္းျပည္ကိုလုပ္ၾကံပါလိမ့္မည္။” ဟုကုန္းေခ်ာၾကေလရာ နဂိုကပင္ အဆင္အျခင္နည္းေသာ ရွင္ဘုရင္ၾကီးသည္ အလြယ္တကူ ယံုၾကည္၍ သားအဖတစ္စုကို ပရိယာယ္ျဖင့္ လီဆယ္ကာ အိမ္တစ္ေဆာင္မွာေနခိုက္ မီးတိုက္၍ သတ္ေစေလသည္။

သားအဖတစ္စု အသတ္ခံရသည့္ညဥ့္၏ ေနာက္တစ္ေန႔နံနက္မွာ မလႅိကာလည္း ရွင္သာရိပုတၱရာ အမွဴးရွိေသာ သံဃာေတာ္မ်ားကို ဆြမ္းကပ္ဖို႔ရန္ စီမံထား၏။ နံနက္၌ ဆြမ္းကပ္ခ်ိန္ နီးလတ္ေသာ္ “ညဥ့္တုန္းက သားအဖအားလံုး တစ္ျပိဳင္နက္ ဆံုးေၾကာင္း” စာကို မလႅိကာရရွိေလလွ်င္ ဟစ္၍သာ ငုိခ်င္စရာ ေကာင္းေသာ္လည္း မ်က္ရည္တစ္စက္မွ် မထြက္ေစဘဲ ျပင္ဆင္ျမဲဆြမ္းကို ျပင္ဆင္ကာ ထိုစာကို သိမ္းထားလိုက္ေလသည္။

မွတ္ခ်က္

ျပခဲ့ေသာ ၀ထၱဳႏွစ္ရပ္၌ ဘုရားအေလာင္း၏ ပရိေဒ၀ မျဖစ္ျခင္းမွာ ပါရမီရွင္ျဖစ္၍ ရွိပါေစဦးေတာ့၊ မလိႅကာ၏ ပရိေဒ၀ခ်ဳပ္တည္းႏိုင္မႈကား အမ်ားပင္ အားရဖြယ္၊ အတုယူဖြယ္ ေကာင္းလွပါသည္။ ထို႔ေၾကာင့္ အသက္တစ္ရာမေနရေသာ္လည္း အမႈတစ္ရာ ေတြ႔ဖို႔လြယ္ကူေသာ ေလာကၾကီး၌ ပရိေဒ၀မီးကို အစြမ္းကုန္ျငွိမ္းသတ္ႏိုင္မွ သက္သာရာရဖြယ္ ရွိရကား ပရိေဒ၀ျဖစ္ေလာက္ေသာ ဒုကၡ၌ “ငါ့ပါရပီ မည္မွ်ေလာက္ အေျခတည္မိၿပီ” ဟု အကဲခတ္ဖို႔ရာ ၾကံဳလာေသာ ဒုကၡမွတ္ေက်ာက္တြင္ ပါရမီကို မွတ္တင္၍ ၾကည့္ၾကပါကုန္။

အရွင္ဇနကာဘိ၀ံသ

ကိုယ္က်င့္အဘိဓၶမာ (ဒုတိယခန္း)

တကယ်ကြောက်သင့်သော ဘေး

၁) ပရာနုဝါဒဘေး        >>>>>     သူတပါးက စွပ်စွဲကဲ့ရဲ့သော ဘေး

၂) အတ္တာနုဝါဒဘေး    >>>>>      မိမိကိုယ်ကို ပြန်ပြီး စွပ်စွဲကဲ့ရဲ့သော ဘေး


သူတပါးက စွပ်စွဲကဲ့ရဲ့တဲ့ ပရာနုဝါဒဘေး ဆိုတာက ကိုယ့်ဘက်က အပြစ်မရှိဘဲ ဖြူစင်နေရင် ဘာမှ ဂရုစိုက်စရာမလိုဘူး ၊ ကြောက်စရာလည်းမလိုဘူး၊ အတိတ်ဝဋ်ကြွေးပါလာရင် ရက်ပိုင်း လပိုင်းအထိ နာမည်ပျက် သိက္ခာကျတဲ့ ဒဏ်ကိုတော့ ခံရပါမယ် ။ အပါယ်ငရဲ ဆွဲချနိုင်တဲ့ တရားမဟုတ်လို့ နည်းနည်းမှ ကြောက်စရာမလိုပါဘူး ။

ပရာနုဝါဒဘေး ဆိုတာကတော့ ဝဋ်ကြွေးရှိခဲ့ရင် ဘုရားရဟန္တာများတောင် မလွတ်ပါဘူး ၊ ဂေါတမဘုရားရှင်ဆိုရင် မိန်းမနဲ့ နှစ်ကြိမ်သမုတ်ခံရပါတယ် ။ ခုနှစ်နှစ်သားအရွယ်ကတည်းက ရဟန္တာဖြစ်ခဲ့တဲ့ အရှင်ဒဗ္ဗမထေရ်ဆိုရင် မိန်းမနဲ့ သုံးကြိမ် သမုတ်ခံခဲ့ရပါတယ် ။ သူလိုကိုယ်လို သာမန်လူတွေအတွက်တော့ ပြောစရာမလိုတော့ပါဘူး ။

တကယ်ကြောက်စရာ ကောင်းတာက ကိုယ့်ကိုယ်ကို ပြန်ပြီး စွပ်စွဲတဲ့ အတ္တာနုဝါဒဘေးပါပဲ ။ သူတစ်ပါးကို လိမ်လို့ရတယ် ။ ကိုယ့်ကိုယ်ကို လိမ်လို့မရပါဘူး ၊ မဟုတ်တာလုပ်မယ် ၊ ပြောမယ် ၊ ကြံမယ်ဆိုရင် သူတစ်ပါးက နောက်မှသိမှာပါ ၊ ကိုယ်က အရင်ဆုံးသိပါတယ်။

ဒါ့ကြောင့် အတ္တာနုဝါဒဘေးမဆိုက်ဖို့ဆိုရင် ကိုယ့်ကိုယ်ကို တကယ်ကြည်ညိုအောင်နေဖို့ အရေးကြီးပါတယ် ။ သူတစ်ပါးကြည်ညိုဖို့ ဆိုတာကတော့ အင်မတန်လွယ်ကူပါတယ် ။ ဟန်ဆောင်ကောင်းရင် ပြီးတာပါပဲ ။ ကိုယ့်ကိုယ်ကို ကြည်ညိုဖို့ကတော့ အတော်ခဲယဉ်းပါတယ်။

မိမိကိုယ်ကို တစ်ကြိမ်လောက်မေးကြည့်ပါ။ ငါ, င့ါကိုယ်ငါ တကယ်ကြည်ညိုရဲ့လားလို့ ၊ မလိမ်တန်း ၊ မညာတန်းအဖြေထုတ်လိုက်တဲ့အခါ ကြည်ညိုပါတယ် ဆိုတဲ့ အဖြေထွက်လာရင် ဘဝကူးကောင်းဖို့တော့ သေချာပါပြီ ။ မကြည်ညိုဘူးဆိုရင်တော့ မကောင်းရာ ရောက်ဖို့ သေချာနေပါပြီ ။ ဗေဒင်မေးစရာ မလိုတော့ပါဘူး ။

မိမိကို ဘေးက လာကယ်လို့ မရပါဘူး ၊ မိမိကိုယ်တိုင် ကယ်မှ ရမှာပါ ၊ ဒါ့ကြောင့် မကြည်ညိုသေးဘူးဆိုရင် ကြည်ညိုလာအောင် ကြိုးစားသင့်ပါတယ် ၊ ဒါနကုသိုလ်တွေ အများကြီးရှိရက်နဲ့ မလိ္လကာဒေဝီငရဲကျရတယ်ဆိုတာ ကိုယ့်ကိုယ်ကို ပြန်စွပ်စွဲတဲ့ အတ္တာနုဝါဒဘေး ဆိုက်လို့ပါ ၊ တစ်နည်း ကိုယ့်ကိုယ်ကို တကယ်မကြည်ညိုလို့ပါ ဆိုတာ သိပ်ထင်ရှားနေပါတယ် ။

ကျမ်းကိုး ။      ။ မေတ္တာရှင် (ရွှေပြည်သာ) ၏ မဂ်တား၊ ဖိုလ်တား အန္တရာယ်များ

တကယ္ေၾကာက္သင့္ေသာ ေဘး

၁) ပရာႏု၀ါဒေဘး        >>>>>     သူတပါးက စြပ္စြဲကဲ့ရဲ႕ေသာ ေဘး

၂) အတၱာႏု၀ါဒေဘး    >>>>>      မိမိကိုယ္ကို ျပန္ျပီး စြပ္စြဲကဲ့ရဲ႕ေသာ ေဘး


သူတပါးက စြပ္စြဲကဲ့ရဲ႕တဲ့ ပရာႏု၀ါဒေဘး ဆုိတာက ကိုယ့္ဘက္က အျပစ္မရွိဘဲ ျဖဴစင္ေနရင္ ဘာမွ ဂရုစိုက္စရာမလုိဘူး ၊ ေၾကာက္စရာလည္းမလုိဘူး၊ အတိတ္၀ဋ္ေၾကြးပါလာရင္ ရက္ပုိင္း လပိုင္းအထိ နာမည္ပ်က္ သိကၡာက်တဲ့ ဒဏ္ကိုေတာ့ ခံရပါမယ္ ။ အပါယ္ငရဲ ဆြဲခ်ႏုိင္တဲ့ တရားမဟုတ္လုိ႔ နည္းနည္းမွ ေၾကာက္စရာမလုိပါဘူး ။

ပရာႏု၀ါဒေဘး ဆုိတာကေတာ့ ၀ဋ္ေၾကြးရွိခဲ့ရင္ ဘုရားရဟႏၱာမ်ားေတာင္ မလြတ္ပါဘူး ၊ ေဂါတမဘုရားရွင္ဆုိရင္ မိန္းမနဲ႔ ႏွစ္ၾကိမ္သမုတ္ခံရပါတယ္ ။ ခုႏွစ္ႏွစ္သားအရြယ္ကတည္းက ရဟႏၱာျဖစ္ခဲ့တဲ့ အရွင္ဒဗၺမေထရ္ဆုိရင္ မိန္းမနဲ႔ သံုးၾကိမ္ သမုတ္ခံခဲ့ရပါတယ္ ။ သူလုိကုိယ္လို သာမန္လူေတြအတြက္ေတာ့ ေျပာစရာမလုိေတာ့ပါဘူး ။

တကယ္ေၾကာက္စရာ ေကာင္းတာက ကိုယ့္ကိုယ္ကို ျပန္ျပီး စြပ္စြဲတဲ့ အတၱာႏု၀ါဒေဘးပါပဲ ။ သူတစ္ပါးကို လိမ္လုိ႔ရတယ္ ။ ကိုယ့္ကိုယ္ကို လိမ္လုိ႔မရပါဘူး ၊ မဟုတ္တာလုပ္မယ္ ၊ ေျပာမယ္ ၊ ၾကံမယ္ဆုိရင္ သူတစ္ပါးက ေနာက္မွသိမွာပါ ၊ ကိုယ္က အရင္ဆံုးသိပါတယ္။

ဒါ့ေၾကာင့္ အတၱာႏု၀ါဒေဘးမဆုိက္ဖုိ႔ဆုိရင္ ကိုယ့္ကိုယ္ကို တကယ္ၾကည္ညိဳေအာင္ေနဖုိ႔ အေရးၾကီးပါတယ္ ။ သူတစ္ပါးၾကည္ညိဳဖုိ႔ ဆုိတာကေတာ့ အင္မတန္လြယ္ကူပါတယ္ ။ ဟန္ေဆာင္ေကာင္းရင္ ျပီးတာပါပဲ ။ ကိုယ့္ကုိယ္ကို ၾကည္ညိဳဖုိ႕ကေတာ့ အေတာ္ခဲယဥ္းပါတယ္။

မိမိကိုယ္ကို တစ္ၾကိမ္ေလာက္ေမးၾကည့္ပါ။ ငါ, င့ါကိုယ္ငါ တကယ္ၾကည္ညိဳရဲ႕လားလုိ႔ ၊ မလိမ္တန္း ၊ မညာတန္းအေျဖထုတ္လုိက္တဲ့အခါ ၾကည္ညိဳပါတယ္ ဆုိတဲ့ အေျဖထြက္လာရင္ ဘ၀ကူးေကာင္းဖုိ႕ေတာ့ ေသခ်ာပါျပီ ။ မၾကည္ညိဳဘူးဆုိရင္ေတာ့ မေကာင္းရာ ေရာက္ဖုိ႔ ေသခ်ာေနပါျပီ ။ ေဗဒင္ေမးစရာ မလုိေတာ့ပါဘူး ။

မိမိကို ေဘးက လာကယ္လုိ႔ မရပါဘူး ၊ မိမိကိုယ္တုိင္ ကယ္မွ ရမွာပါ ၊ ဒါ့ေၾကာင့္ မၾကည္ညိဳေသးဘူးဆုိရင္ ၾကည္ညိဳလာေအာင္ ၾကိဳးစားသင့္ပါတယ္ ၊ ဒါနကုသိုလ္ေတြ အမ်ားၾကီးရွိရက္နဲ႔ မလိႅကာေဒ၀ီငရဲက်ရတယ္ဆုိတာ ကုိယ့္ကိုယ္ကုိ ျပန္စြပ္စြဲတဲ့ အတၱာႏု၀ါဒေဘး ဆုိက္လုိ႔ပါ ၊ တစ္နည္း ကိုယ့္ကုိယ္ကို တကယ္မၾကည္ညိဳလုိ႔ပါ ဆုိတာ သိပ္ထင္ရွားေနပါတယ္ ။

က်မ္းကိုး ။      ။ ေမတၱာရွင္ (ေရႊျပည္သာ) ၏ မဂ္တား၊ ဖိုလ္တား အႏၱရာယ္မ်ား

ပိယဝဂ္ဂ – ချစ်ခြင်း

  • အယောဂေ ယုဉ္ဇမတ္တာနံ ၊ ယောဂသိ္မဉ္ဇ အယောဇယံ ၊

အတ္တံ ဟိတွာ ပိယဂ္ဂါဟီ ၊ ပိဟေတတ္တာနုယောဂိနံ ။

မိမိကိုယ်ကို အားမထုတ် မလုပ်ဆောင်သင့်ရာ၌ အားထုတ်လုပ်ဆောင်၍ အားထုတ်လုပ်ဆောင်သင့်ရာ၌ အားမထုတ် မလုပ်ဆောင်ပဲ အကျိုုးစီးပွားကို စွန့်လွှတ်လျက် ချစ်ဖွယ်အာရုံ ကာမဂုဏ်ကို စွဲလမ်းသူသည် ကိုယ်တိုင်အားထုတ် လုပ်ဆောင်ထားသူတို့၏ (စီးပွားဥစ္စာကို) လိုချင်တောင့်တပေ၏။

Devoting oneself to that which should be shunned, not devoting to that which should be associated, rejecting one’s benefit and grasping at the (sensual) pleasure, … he will have cause to envy to those who have exerted the gain by themselves.

  • မာ ပိယေဟိ သမာဂဉ္ဆိ ၊ အပ္ပိယေဟိ ကုဒါစနံ ၊

ပိယာနံ အဒသာနံ ဒုက္ခံ ၊ အပ္ပိယာနဉ္ဇ ဒသာနံ ။

ချစ်သောသူတို့နှင့်လည်း မပေါင်းဖော်ပါလင့် ။ မုန်းသောသူတို့နှင့်လည်း တစ်ခါတစ်ရံမျှ မပေါင်းဖော်ပါလင့် ။ ချစ်သောသူတို့ကို မမြင်ရခြင်းသည် ဆင်းရဲခြင်းဖြစ်ရ၍ မုန်းသောသူတို့ကို မြင်ရခြင်းသည်လည်း ဆင်းရဲရပေ၏။

Consort not with those who are beloved, nor ever with those who are unbeloved. Not seeing those who are beloved and seeing those who are unbeloved are both painful.

  • တသ္မာ ပိယံ နကယိရာထ ၊ ပိယာပါယော ဟိ ပါပကော ၊

ဂန ္ထာ တေသံ န ဝိဇ္ဇန ္တိ ၊ ယေသံ နတ္တိ ပိယာပ္ပိယံ ။

ထို့ကြောင့် (ပုဂ္ဂိုလ် သတ္တဝါကိုဖြစ်စေ ၊ ပစ္စည်းဥစ္စာကိုဖြစ်စေ ) ချစ်ခင်စွဲလမ်းခြင်းကိုမပြုရာ။ ချစ်ခင်စွဲလမ်းဖွယ်ရာတို့နှင့် ကွေကွင်းရခြင်းသည် မကောင်းသည်သာတည်း။ ချစ်ခြင်း ၊ မုန်းခြင်းမရှိသော သူတို့အား အနှောင်အဖွဲ့ ဂန ္တတို့သည် မရှိကြလေကုန်။

Therefore, let naught be dear to anything (beings or properties), for separation from the beloved is bad ( or painful). There are no bonds for those to whom nothing is dear or not dear.

  • ပိယတော ဇာယတီသောကော ၊ ပိယတော ဇာယတီ ဘယံ ၊

ပိယတော ဝိပ္ပမုတ​္တသ ၊ နတ္တိ သောကော ကုတော ဘယံ။

ချစ်ခင်မှုကြောင့် စိုးရိမ်ပူပန်ခြင်း ဖြစ်ရ၏။ ချစ်ခင်မှုကြောင့် ကြောက်ရွံ့ဖွယ်ဘေးရန်ဖြစ်ရ၏။ ချစ်ခင်မှုမှ လွတ်ကင်းသော သူအား စိုးရိ်မ်ပူပန် ကြောက်ရွံ့ဖွယ်ဘေးရန်တို့သည် အဘယ်မှာလျင် ဖြစ်နိုင်ပါအံ့နည်း။

From endearment springs grief, from endearment springs fear. For him who is wholly free from endearment, there is no grief, whence fear?

  • ပေမတော ဇာယတီ သောကော ၊ ပေမတော ဇာယတိ ဘယံ ၊

ပေမတော ဝိပ္ပမုတ္တသ ၊ နတ္တိ သောကော ကုတောဘယံ ။

နှစ်သက်မြတ်နိုးမှုကြောင့် စိုးရိမ်ပူပန်ခြင်းဖြစ်ရ၏။ နှစ်သက်မြတ်နိုးမှုကြောင့် ကြောက်ရွံ့ဖွယ်ဘေးရန်ဖြစ်ရ၏။ နှစ်သက်မြတ်နိုးမှုမျ လွတ်ကင်းသောသူအား စိုးရိမ်ပူပန်ကြောက်ရွံ့ဖွယ်ဘေးရန်တို့သည် အဘယ်မှာ ဖြစ်နိုင်ပါအံ့နည်း။

From affection springs grief, from affection springs fear. For him who is wholly free from affection, there is no grief, whence fear?

  • ရတိယာ ဇာယတီ သောကော၊ ရတိယာ ဇာယတီ ဘယံ ၊

ရတိယာ ဝိပ္ပမုတ္တသ ၊ နတ္တိ သောကော ကုတောဘယံ။

မွေ့လျော်တွယ်တာမှုကြောင့် စိုးရိမ်ပူပန်ခြင်းဖြစ်ရ၏။ မွေ့လျော်တွယ်တာမှုကြောင့် ကြောက်ရွံ့ဖွယ်ဘေးရန်ဖြစ်ရ၏ ။ မွေ့လျော်တွယ်တာမှုမှ လွတ်ကင်းသောသူအား စိုးရိမ်ပူပန် ကြောက်ရွံ့ဖွယ်ဘေးရန်သည် အဘယ်မှာလျင် ဖြစ်နိုင်ပါအံ့နည်း။

From attachment springs grief, from attachment springs fear. For him who is wholly free from attachment, there is no grief, whence fear?

  • ကာမတောဇာယတီ သောကော ၊ ကာမတောဇာယတီ ဘယံ ၊

ကာမတော ဝိပ္ပမုတ္တသ ၊ နတ္တိ သောကော ကုတောဘယံ။

ကာမအာရုံကြောင့် စိုးရိမ်ပူပန်ခြင်းဖြစ်ရ၏။ ကာမအာရုံကြောင့် ကြောက်ရွံ့ဖွယ်ဘေးရန်ဖြစ်ရ၏ ။ ကာမအာရုံမှ လွတ်ကင်းသောသူအား စိုးရိမ်ပူပန် ကြောက်ရွံ့ဖွယ်ဘေးရန်သည် အဘယ်မှာလျင် ဖြစ်နိုင်ပါအံ့နည်း။

From lust springs grief, from lust springs fear. For him who is wholly free from lust, there is no grief, whence fear?

  • တဏှာယ ဇာယတီ သောကော ၊ တဏှာယ ဇာယတီ ဘယံ ၊

တဏှာယ ဝိပ္ပမုတ္တသ ၊ နတ္တိ သောကော ကုတောဘယံ။

တဏှာကြောင့် စိုးရိမ်ပူပန်ခြင်းဖြစ်ရ၏။ တဏှာကြောင့် ကြောက်ရွံ့ဖွယ်ဘေးရန်ဖြစ်ရ၏ ။ တဏှာမှ လွတ်ကင်းသောသူအား စိုးရိမ်ပူပန် ကြောက်ရွံ့ဖွယ်ဘေးရန်သည် အဘယ်မှာလျင် ဖြစ်နိုင်ပါအံ့နည်း။

From craving springs grief, from craving springs fear. For him who is wholly free from craving, there is no grief, whence fear?

  • သီလဒသနသမ္ပန႖ံ ၊ ဓမ္မဌံ သစ္စဝေဒိနံ ၊

အတ္တနော ကမ္မ ကုဗ္ဗာနံ ၊ တံ ဇနော ကုရုတေ ပိယံ ။

အကျင့်သီလ ဉာဏ်အမြင်နှင့် ပြည့်စုံပြီး တရား၌တည်ကာ အမှန်တရားကိုသိတက်၍ မိမိပြုဖွယ်အကျင့် အမှုကိစ္စတို့ကိုလည်း ပြုတက်သူကို လူအပေါင်းတို့သည် ချစ်ခင်မြတ်နိုးကြကုန်၏။

The man who is perfect in virtue and insight, is established in the Teaching (Dhama) and has realised the Truths; who fulfills his own duties-him do people hold dear.

  • ဆန္ဒဇာတော အနက္ခာတေ ၊ မနသာ စ ဖုဋော သိယာ ၊

ကာမေသု စ အပ္ပဋိဗဒ္ဓစိတ္တော ၊ ဥဒ္ဓံ သောတောတိ ဝုစ္စတိ ။

နိဗ္ဗာန်ကို ဆန္ဒပြင်းပြစွာ လိုလားသည်ဖြစ်၍ စိတ်ဖြင့်သုံးသပ်တွေ့ထိကာ ကာမဘုံတို့၌ ကပ်ငြိတွယ်တာစိတ် မရှိသောသူကို အကနိဌဘုံသို့ အစဉ်အတိုင်း တက်ရောက်သွားမည့် ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်ပေ၏။

Ardent in aspiration after the Undeclared (Nibbana), with mind thrilled (with Three Noble Paths and Fruits ), he whose mind is not bound by material pleasures, such a person is called One bound Upstream.

  • စိရပ္ပဝါသိ ံ ပုရိသံ ၊ ဒူရဟော သောတ္ထိမာဂတံ ၊

ဉာတိမိတ္တာ သုဟဇ္ဇာစ ၊ အဘိနန္ဒန ္တိ အာဂတံ။

ကြာမြင့်စွာ ကွဲကွာနေခဲ့သဖြင့် ရပ်ဝေးမှ စိတ်ချမ်းသာစွာ ပြန်ရောက်လာသူကို (မြင်ရ၍) ဆွေမျိုးမိတ်ဆွေ ချစ်ကျွမ်းဝင်သူတို့သည် ပြန်လာခြင်းကို အလွန်နှစ်သက် ဝမ်းမြောက်ကြကုန်၏။

When, after a long absence, a man returned home safe from after, kinsfolk, friends and wll-wishers rejoice on his arrival.

  • ဟထေဝ ကတပုမ္ပိ ၊ အသ္မာ လောကာ ပရံ ဂတံ ၊

ပုညာနိ ပဋိဂဏှန ္တိ ၊ ပိယံ ဉာတီဝ အာဂတံ။

ထို့အတူသာလျှင် ဤပစ္စုပ္ပုန်ဘဝမှ တမလွန်ဘဝသို့ ကူးပြောင်းသွားလေသော် ပြုပြီးသော ကုသိုလ်ကောင်မှုရှိသူကို ဆွေမျိုးတို့သည် ပြန်ရောက်လာသည့် ချစ်ခင်သူကို ကြိုဆိုကြသကဲ့သို့ ကောင်းမှုတို့သည်လည်း ကြိုဆိုကြကုန်၏။

Likewise, his own good deeds too will receive the good doer who has gone from this world to the next as kinsmen will receive a dear one on his return.

ဓမ္မပဒ

%d bloggers like this: