Common Prayer in Brief (ဩကာသဘုရားရှိခိုး အကျဉ်း) {အင်္ဂလိပ် – မြန်မာ နှစ်ဘာသာ}

buddhists_praying

[In English]

In order that all my sins, accumulated from evil deeds done physically, verbally and mentally, may be eliminated and excused, I raise both folded hands up above my forehead, worship, honour, greet, and humbly pay homage to the Three Precious Jewels of the Buddha, the Dhamma and the Samghā; once, twice, thrice I pray, O My Lord, Sir.

By this act of salutation may I be excused forever from the four Apāya, the Three Kappa, the Eight Ahaṭṭkkhaṇa, the Five Verāni, the Four Vipatti, the Five Vyasana, Diseases; and at the final existence may I attain Magga, Phala and Nibbāna. O My Lord. Sir.

Buddhaṁ pūjemi = I worship the Enlightened One.
Dhammaṁ pūjemi = I worship the Doctrine, the Law.
Samghaṁ pūjemi = I worship the Order of Samghā.
================================

Pāli Meanings (ပါဠိ အဓိပ္ပါယ်များ)
——————
1.Four Apāya – Four states of Woe [ Rebirth in hell, as an animal, a ghost, a demon ]
(အပါယ်လေးပါး) – {ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ် တို့၌ဖြစ်ရခြင်း}

2.Three Kappa – Three Scourges [ war, epidemic, famine ]
(ကပ်သုံးပါး) – {လက်နက်ဘေး၊ ရောဂါဘေး၊ အစာအဟာရငတ်ပြတ်ခြင်းဘေး အမျိုးမျိုးတို့ဖြင့် ပျက်စီးခြင်း}

3.Eight Ahaṭṭkkhaṇa – Eight Wrong Circumstances
[(1)Born in hell (2) Born as an animal (3)Born as a ghost (4)born as a lifeless brahmā, a formless deity
(5)born with deformed faculty (6) born in a slum (7) born as heretic; and
(8)being born with adequate intelligence but not during the time of the Buddha’s arising.]

-ရပ်ပြစ်ရှစ်ပါး –
{၁။ငရဲ ၂။တိရစ္ဆာန် ၃။ပြိတ္တာ-အသူရကာယ် တို့၌ဖြစ်ရခြင်း
၎။ရုပ်သာရှိ၍ နာမ်မရှိသော အသညသတ်ဗြဟ္မာ – နာမ်သာရှိ၍ ရုပ်မရှိသော အရူပဗြဟ္မာဘုံ၌ ဖြစ်ရခြင်း
၅။တရားကိုနားလည်နိုင်သော ဥာဏ်မရှိသူဖြစ်ခြင်း ( မျက်စိ၊ နားစသည့် အင်္ဂါကြီးငယ်ချို့တဲ့ခြင်း – ဣနြေ္ဒချို့တဲ့သူ )
၆။(ဘုရားနှင့် ရဟန္တများမရောက်သော)တိုင်းစွန်နယ်ဖျား ဆင်းရဲသောဇနပုဒ်၌ဖြစ်ရခြင်း ၇။အယူအဆမှားယွင်းသူဖြစ်နေဖြင်း
၈။အသိဥာဏ်ပြည့်ဝစွာဖြင့် မွေးဖွားသော်လည်း ဘုရားပွင့်သောအချိန်အခါ၌မဟုတ်ခြင်း – ဘုရားမပွင့်သောအခါ လူဖြစ်ရခြင်း

(ဘုရားပွင့်ဆဲအခါ ၇-ပါး၊ မပွင့်သောအခါ ၁-ပါး၊ ပေါင်းရပ်ပြစ် ၈-ပါး)}

4.Five Verāni – Five Enemies [ tyrants, conflagration, flood, robber, foe(enemy) ]
(ရန်သူမျိုးငါးပါး) – {မင်းဆိုး, မီး, ရေ, ခိုးသူ, အမွေခံသားဆိုး၊ သမီးဆိုး}

5.Four Vippatti – Four Deficiencies
[(1)Dark age, wartime depression time (2)Born in four states of woe
(3)unlawful earning of life (4)physically deformed]

-၀ိပ္ပတ္တိတရားလေးပါး –
{၁။လူများစရိတ္တပျက်၊ မင်းဆိုးမင်းယုတ် အုပ်စိုးသောကာလ၊ စစ်ဖြစ်သောအချိန်ကာလ၊ ခေတ်ကာလဖောက်ပြန်ခြင်းကာလ တို့၌ဖြစ်ခြင်း
၂။လားရာဂတိဖောက်ပြန်ချို့ယွင်းခြင်း( အပါယ်လေးပါး၌ဖြစ်ခြင်း )
၃။အသိ အလိမ္မာ ဥာဏ်ပညာ လုံလ၀ီရိယဖောက်ပြန်ချို့ယွင်းခြင်း( မတရားသဖြင့် အသက်မွေးခြင်း )
၎။ရုပ်ဆင်းအင်္ဂါဖောက်ပြန်ချို့ယွင်းပျက်စီးခြင်း}

6.Five Vyasanas – Five Misfortunes [ Loss of; relatives, wealth, health, virtue – moral destruction, ideology – view ]
(ပျက်စီးဆုံးရှုံးခြင်းဟူသော ဗျသနတရား) – { ဆွေမျိုး၊ စည်းစိမ်၊ အနာရောပါ၊ သီလ တို့ပျက်စီးခြင်း၊ အယူဝါဒမှားယွင်း ပျက်စီးခြင်း }

7.Diseases – 96 deseases ( General )
အနာမျိုး(၉၆)ပါး – ( ခန္ဓာအတွင်း၊ အပြင် ရောဂါများ ) {ယေဘူယျအနေဖြင့်}
=============================================

သြကာသဘုရားရှိခိုး အကျဉ်း
================
သြကာသ ကန်တော့လွှာ
————————–
(Common Prayer in Brief) [ Language in Myanmar ]

သြကာသ၊ သြကာသ၊ သြကာသ၊ ကာယကံ၊ ၀စီကံ၊ မနောကံတည်းဟူသော အပြစ်ခပ်သိမ်း ပပျောက်ငြိမ်း၍ အသက်ရှည်စွာ အနာမဲ့ရေး ရန်းဘေးကင်းကြောင်း ကောင်းမှုမင်္ဂလာ ဖြစ်ပါစေခြင်းအကျိုးငှာ ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ တည်းဟူသော ရတနာ မြတ်သုံးပါးတို့ကို အရိုအသေလက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကျန်တော့ပါ၏ အရှင်ဘုရား။

ဆုတောင်း
————
ကန်တော့ရသော ကောင်းမှုကံစေတနာတို့ကြောင့် အပါယ်(၄)ပါး၊ ကပ်(၃)ပါး၊ ရပ်ပြစ်(၈)ပါး၊ ရန်သူမျိုး(၅)ပါး၊ ၀ိပတ္တိတရား(၄)ပါး၊ ဗျသနတရား(၅)ပါး၊ အနာမျိုး(၉၆)ပါး၊ (မိစ္ဆာဒိဋ္ဌိ၆၂-ပါး)တို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်သာဖြစ်၍ မဂ်တရား၊ ဖိုလ်တရား၊ နိဗ္ဗာန်ချမ်းသာ တရားတော်မြတ်ကို ရပါလို၏ အရှင်ဘုရား။
==================================================

ဩကာသ အဓိပ္ပါပယ်(Meaning of Okāsa)
———————–
အခွင့်တောင်းခြင်းကို (supplication for permission) ဩကာသဟုခေါ်သည်။ ရှိခိုးခွင့်ပြုပါ(ခွင့်လွှတ်ပါ) ဟုခွင့်တောင်းခြင်းဖြစ်သည်။ ရိုသေလေးစားသောအားဖြင့် ဩကာသ၊ ဩကာသ၊ ဩကာသ ဟု သုံးကြိမ်ဆိုရသည်။

Okāsa means the location for the performance of obeisance, adoration, worship and paying respect.

သြကာသ ဘုရားရှိခိုးရေးသားသူ
———————————-
ပုဂံခေတ်၊ ရှင်အရဟံမထေရ် ရေးသားသည်ဟု ပညာရှင်များ ယူဆကြသည်။
==================================================

အင်္ဂလိပ်စာပါ အဓိပ္ပယ်များ
—————————–
၁။Order – အလို့ငှာ ၂။sins – အပြစ် ၃။accumulated – တိုးပွားများပြားလာသော ၄။evil deeds – အကုသိုလ်

၅။physically – ကာယကံ ၆။verbally – ၀စီကံ ၇။mentally – မနောကံ ၈။eliminated – ပယ်ဖျက်သည်

၉။excused – ခွင့်လွတ်သည် ၁၀။both folded hands up – လက်အုပ်မိုး ၁၁။forehead – နဖူး ၁၂။worship – ရှိခိုး

၁၃။humbly pay homage – မာန်လျှော့၊ အရိုအသေပေး ၁၄။Three Precious Jewels – ရတနာမြတ်သုံးပါး ၁၅။pray – တောင်းပန်

၁၆။my Lord – အရှင်ဘုရား ၁၇။salutation – ဂါရ၀ပြုခြင်း ၁၈။final existence – နောက်ဆုံးဘ၀ ၁၉။attain – ရရှိသည်

၂၀။obeisance – ဦးခေါင်းညွှတ်၍ အရိုအသေပေးခြင်း ၂၁။adoration ကြည်ညိုခြင်း
==================================================

[ Copied from – “The Life of The Buddha; Buddhism for Beginner” ]
{ “The Life of The Buddha; Buddhism for Beginner” (အခြေခံဗုဒ္ဓဘာသာ၊ အင်္ဂလိပ်-မြန်မာစကားပြော) } စာအုပ်မှ ကူးယူဖော်ပြအပ်ပါသည်။

( NᾹRADA THERA )
{ ပြန်ဆိုသူ – ဦးသန်းလွင် }
( How & Why )
[ B.Sc., Dip. in English(Y.U.F.L) ]

==================================================
Typing Credit: http://www.facebook.com/photo.php?fbid=225874360923439&id=100005026302252&set=a.129673020543574.24879.100005026302252&refid=52
Photo Credit: http://www.what-buddha-said.net

Advertisements

ရဟန်း နှင့် သံဃာ ကွာခြားပုံ

ပုဂ္ဂိုလ်တပါးချင်းကို ရဟန်း ဟုခေါ်၍ လေးပါးနှင့် လေးပါးမှ အထက်ကို သံဃာ-ဟု ခေါ်ပါသည်။ သံဃာဟူရာ၌ မှတ်သားရန်မှာ သံဃာဟုဆိုလျှင် ရဟန်းတော်တို့၏ အစုအဖွဲ့ အပေါင်းအစည်းဟု မှတ်သား၍ မြတ်စွာဘုရားလက်ထက်က အရှင်သာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလာန်၊ အရှင်မဟာကဿပမှစ၍ သာသနာ တလျှောက်လုံးနှင့် ယခုမျက်မြင်ထင်ရှားရှိသော ရဟန်းသာမဏေများအထိ မြင်ရန်လိုအပ်ပါသည်။

ထိုသို့မြင်ထားမှသာလျှင် သံဃာတော်ဟုဆို၍ လှူဒါန်းရာ၌ ရဟန်းသာမဏေတပါးကို ဆွမ်းလောင်းရာ၌ဖြစ်စေ၊ သံဃဿ ဒေမ-ဟု ဆို၍ လှူလျှင် သံဃာတော်အားလုံးကို လှူရာရောက်ပါသည်။ ယင်းသို့ သံဃာတော် အားလုံးကို အာရုံပြု၍ လှူရာ၌ ဒုဿီလ၊ အလဇ္ဇီ-ဟူ၍ မရှိတော့ပါ၊ ထို့ကြောင့် ဗုဒ္ဓဘာသာတိုင်း သံဃာတော်အား လှူဒါန်း
ပူဇော်တတ်ရန်နှင့် ရဟန်းနှင့်သံဃာကို ကွဲပြားရန် အထူးပင် အရေးကြီးပေသည်။

Reference and Credit to: http://www.worldofwisdom.asia/2011/11/blog-post_06.html
မူရင်းသတင်း—-News of Myanmar

ဆွမ်းဘောဇဉ်ဆပ်ကပ်လှုဒါန်းရာဝယ်

ရဟန်းဝိနည်းဆိုပေမယ့် လူတို့သိသင့်တယ်ထင်လို့ ဒီဆောင်းပါးလေးကို ကူးယူဖော်ပြလိုက်ပါတယ် ……..

– ရဟန်းက ဆွမ်းခဲဖွယ်ဘောဇဉ်ဘုန်းပေးသုံးဆောင်နေတုန်းမှာ ဒါယကာက ရဟန်းရဲ့ နှစ်ထောင့်တစ်ထွာ အတွင်းကို လာပြီး လောင်းလှုတာကို ရဟုန်းက လက်ကာပြီးဖြစ်စေ၊ လက်ခါပြီးဖြစ်စေ၊ မလိုအပ်တော့ဘူး၊ တော်ပြီလို့ ကိုယ်အမူအယာ၊ နှုတ်အမူအယာတစ်နည်းနည်းနဲ့ပယ်ရှားတားမြစ်လိုက်မိလို့ရှိရင် ပဝါရိတ်သင့်ပါတယ်။ ပဝါရိတ်သင့်တဲ့ ရဟန်းမှာ အာပတ်သင့်ပါတယ်။

ပဝါရိတ်သင့်စေသော အင်္ဂါ (၅)ပါး

အောက်ပါအင်္ဂါ(၅)ပါးနှင့် ပြည့်စုံမှသာလျှင် ပဝါရိတ်သင့်ပါသည် –

(၁) ရဟန်းက ဘောဇဉ် (၅)ပါးအနက် (၁)ပါးပါးကို ဘုန်းပေးနေဆဲ အချိန်ဖြစ်ရမယ်၊

(၂) ရဟန်းဖြစ်စေ၊ သာမဏေဖြစ်စေ၊ လူဖြစ်စေ တစ်ဦးဦးက ဘုန်းပေးသုံးဆောင်နေတဲ့ ရဟန်းထံပါးကို ရှေးရှုဆောင်ယူလာတာ ဖြစ်စေရမယ်၊

(၃) ဆပ်ကပ်လှုဒါန်းဖို့ ဆောင်ယူလာတဲ့ ဝတ္ထုကလည်းပဲ ဘောဇဉ် (၅)ပါး တစ်ပါးပါးဖြစ်ရမယ်၊

(၄) ဆပ်ကပ်လှုဒါန်းလိုတဲ့ပုဂ္ဂိုလ်ဟာ ဘုန်းပေးသုံးဆောင်နေတဲ့ ရဟန်းရဲ့ နှစ်တောင့်တစ်ထွာအတွင်းမှာ ရှိရမယ်၊

(၅) ရဟန်းက ကိုယ်နှင့်ဖြစ်စေ၊ နှုတ်နင့်ဖြစ်စေ တစ်ခုခုနှင့် တားမြစ်ရမယ် ၊ ပယ်မြစ်ရမယ်။

ဘောဇဉ် (၅)ငါး

(၁) ဆန်ကဖြစ်လာတဲ့ ထမင်း

(၂) ဆန်ကို ထောင်းထားတဲ့ မုန့်မှုန့်၊ မုန့်လုံးများ

(၃) ဂျုံမှ လုပ်သော မုန့်

(၄) ငါးဟင်းစသည်

(၅) အသားဟင်းစသည်

ပဝါရိတ်မသင့်စေသောနည်း

(၁) ရဟန်းတစ်ပါးက ဖြစ်စေ၊ လူကဖြစ်စေ ဆပ်ကပ်ဖို့ ဟန်ပြင်နေသော်လည်းပဲ နှစ်တောင့်တစ်ထွာအပြင်မှာ ရှိနေစဉ် တားမြစ်ခြင်း၊

(၂) ဆပ်ကပ်လှုဒါန်းလိုသည့် ပုဂ္ဂိုလ်မှ နှစ်တောင့်တစ်ထွာ(၃ ၄ပေအကွာ)လွတ်လွတ်ကျွတ်ကျွတ်မှ နေပြီး ဆွမ်းအုပ်စသည်ကို မပြီးတော့မှ “ဆွမ်းထည့်တော်မူဦးမလား ဘုရား” လို့ လျှောက်ထားနေစဉ် တားမြစ်ခြင်း၊

(၃) နှစ်တောင့်တစ်ထွာအတွင်းရောက်ပြီ၊ ဒါပေမယ့် လှုဒါန်းမည့် ပုဂ္ဂိုလ်က ဆွမ်းဘောဇဉ်စသည်တို့ကို လက်နဲ့မကိုင်ဘဲ နှုတ်သက်သက်နဲ့ “ဆွမ်းလောင်းပါဦးမယ်ဘုရား” လို့ လျှောက်ထားစဉ် တားမြစ်ခြင်း။

ကျမ်းကိုး >> ထေရဝါဒဗုဒ္ဓဘာသာဝင်တိုင်း သိသင့်သည့် လူတို့နှင့်သက်ဆိုင်သော ရဟန်းဝိနည်းများ

(ပဝါရိတ်သင့်တယ်ဆိုတာ ဘာလဲ) ဆောင်းပါး ၊ စာမျက်နှာ ၈၉၊ အရှင်ခေမာနန္ဒ(ရန်ကင်းတောရ)

သီလရှင်ထံပါးက ဥပုသ်သီလခံယူဆောက်တည်ကောင်းပါသလား

ရဟန်းတော်ထံပါးတွင် ဖြစ်စေ၊ ရဟန်းမိန်းက ဘိက္ခူနီထံပါးမှာ ဖြစ်စေ၊ သီလပေးစွမ်းနိုင်တဲ့ သီလရဲ့ လက္ခဏာတွေကို သိကျွမ်းနားလည်နေတဲ့ လူယောကျာ်း၊ မိန်းမ၊ ဥပါသကာ၊ ဥပါသိကာတို့ထံမှာ သီလခံယူနိုင်ပါတယ်လို့ အဌကထာမှာ ဖွင့်ဆိုထားပါတယ်။
သို့ဖြစ်ပါသောကြောင့် ရဟန်းထံပါးမှာလည်း သီလခံယူဆောက်တည်နိုင်ပါတယ်။ သီလရှင်ထံပါးကနေလည်း သီလခံယူဆောက်တည်နိုင်ပါတယ်။ ဘယ်သူမှလည်း မရှိဘူးဆိုရင်တော့ မိမိဘာသာ ဘုရားစင်ရှေ့မှာ သီလခံယူဆောက်တည်နိုင်ပါတယ်။
(ထေရ၀ါဒဗုဒ္ဓဘာသာဝင်တိုင်း သိသင့်သည့် လူတို့နှင့်သက်ဆိုင်သော ရဟန်းဝိနည်းများ။ အပိုင်း ၂)

ဥပေက္ခာ- (လျစ်လျူရှုခြင်း)

အဘယ်သို့လျှင် ရဟန်းသည် လျစ်လျူရှုခြင်း {ဥပေက္ခာ} နှင့်ယှဉ်သော စိတ်ဖြင့် တစ်ခုသော အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေသနည်း။

ဥပမာအားဖြင့် နှလုံးကို ပွါးစေတတ်သည်လည်း မဟုတ်၊ နှလုံးကို မပွါးစေတတ် သည်လည်း မဟုတ်သော ပုဂ္ဂိုလ်တစ်ယောက်ကို မြင်လျှင် လျစ်လျူရှုခြင်း {ဥပေ က္ခာ} ဖြစ်သကဲ့သို့ ထို့အတူ သတ္တ၀ါအားလုံးတို့ကို လျစ်လျူရှုခြင်း {ဥပေက္ခာ} ဖြင့် ပျံ့နှံ့စေ၏။
ထိုတွင် အဘယ်သည် လျစ်လျူရှုခြင်း {ဥပေက္ခာ} မည်သနည်း ?

သတ္တ၀ါတို့၌ အကြင် လျစ်လျူရှုခြင်း {ဥပေက္ခာ}၊
လျစ်လျူရှုသော အခြင်းအရာ {ဥပေက္ခာယနာ}၊
လျစ်လျူရှုတတ်သည်၏အဖြစ် {ဥပေက္ခာယိတတ္တ}၊
ဥပေက္ခာဟူသော၊ စိတ်၏ ဆန့်ကျင်ဘက် တရားတို့မှ
လွတ်မြောက်ကြောင်းသဘော {{ဥပေက္ခာစေတောဝိမုတ္တိ}} သည် ရှိ၏။
ဤသဘောကို လျစ်လျူရှုခြင်း {ဥပေက္ခာ} ဟု ဆိုအပ်၏။

ထိုတွင် အဘယ်သည် {{စိတ်}} မည်သနည်း ?

အကြင် ဆန်းကြယ်မှု {စိတ္တ}၊
သိမှု သဘော {မန}၊
သိခြင်းသဘော {မာနသ}၊
အတွင်း၌ ဖြစ်သောသဘော {ဟဒယ}၊
ဖြူစင်သောသဘော {ပဏ္ဍရ}၊
သိမှု ဖြစ်ရာဌာန {မနာယတန}၊
အစိုးတရ သိမှု {မနိနြေ္ဒ}၊
အထူးသိမှု {၀ိညာဏ}၊
အထူးသိမှု အစု {၀ိညာဏက္ခန္ဓာ}၊
ထိုစိတ် အားလျော်သော အထူးသိမှု သဘော {တဇ္ဇာမနောဝိညာဏဓာတ်}။
ဤသဘောကို စိတ်ဟု ဆိုအပ်၏။
ဤစိတ်သည် လျစ်လျူရှုခြင်း {ဥပေက္ခာ} နှင့်တကွ အဖြစ်သို့ ရောက်၏၊
တကွဖြစ်၏၊ နှီးနှော၏၊ ယှဉ်၏၊
ထို့ကြောင့် {{လျစ်လျူရှုခြင်း {ဥပေက္ခာ} နှင့်ယှဉ်သော စိတ်ဖြင့်}} ဟု ဆိုအပ်၏။

{{တစ်ခုသော အရပ်မျက်နှာကို}} ဟူသည်ကား …
အရှေ့အရပ်မျက်နှာ၊
အနောက်အရပ်မျက်နှာ၊
မြောက်အရပ်မျက်နှာ၊
တောင်အရပ်မျက်နှာ၊
အထက်အရပ်မျက်နှာ၊
အောက်အရပ်မျက်နှာ၊
ဖီလာအရပ်မျက်နှာ၊
အထောင့်အရပ်မျက်နှာကို (ဟု ဆိုအပ်၏)။

{{ပျံ့နှံ့စေ၍}} ဟူသည်ကား ဥပေက္ခာစိတ်ကို ဖြန့်၍၊ ဥပေက္ခာစိတ်ကို လွှတ်၍။
{{နေ၏}} ဟူသည်ကား။ပ။ ထို့ကြောင့် {{နေ၏}} ဟု ဆိုအပ်၏။

{{ထို့အတူ နျစ်ခုမြောက်သော အရပ်ကို}} ဟူသည်ကား တစ်ခုသော အရပ် မျက်နှာကိုကဲ့သို့ ထို့အတူ နှစ်ခုမြောက်သော အရပ်မျက်နှာကို၊ ထို့အတူ သုံးခု မြောက်သော အရပ်မျက်နှာကို၊ ထို့အတူ လေးခုမြောက်သော အရပ်မျက်နှာကို၊ ထို့အတူ အထက်အရပ်မျက်နှာကို၊ ထို့အတူ အောက်အရပ်မျက်နှာကို၊ ထို့အတူ ဖီလာအရပ်မျက်နှာကို၊ ထို့အတူ အထောင့်အရပ်မျက်နှာကို (ဟု ဆိုအပ်၏။)

{{အလုံးစုံသော အရပ်မျက်နှာတို့၌ သတ္တ၀ါအားလုံးတို့၌ မိမိနှင့် အတူပြု၍ သတ္တ၀ါအားလုံးပါဝင်သော သတ္တလောကကို}} ဟူသော ဤစကားသည် အလုံးစုံ အားဖြင့် သတ္တ၀ါအားလုံးကို အလုံးစုံသော အခြင်းအရာအားဖြင့် သတ္တ၀ါအားလုံး ကို အကြွင်းမရှိအောင်၊ အကျန်မရှိအောင် သိမ်းကျုံး၍ဆိုသော စကားတည်း။ ထို့ကြောင့် {{အလုံးစုံသော အရပ်မျက်နှာတို့၌ သတ္တ၀ါအားလုံးတို့၌ မိမိနှင့် အတူ
ပြု၍ သတ္တ၀ါအားလုံး ပါဝင်သော သတ္တလောကကို}} ဟု ဆိုအပ်၏။

{{လျစ်လျူရှုခြင်း {ဥပေက္ခာ} နှင့် ယှဉ်သော စိတ်ဖြင့်}} ဟူရာ၌ အဘယ်သည် လျစ်လျူရှုခြင်း {ဥပေက္ခာ} မည်သနည်း။
သတ္တ၀ါတို့၌ အကြင် လျစ်လျူရှုခြင်း {ဥပေက္ခာ}၊
လျစ်လျူရှုသော အခြင်းအရာ {ဥပေက္ခာယနာ}၊
လျစ်လျူရှုတတ်သည်၏ အဖြစ် {ဥပေက္ခာယိတတ္တ}၊
ဥပေက္ခာဟူသော၊ စိတ်၏ ဆန့်ကျင်ဘက် တရားတို့မှ
လွတ်မြောက်ကြောင်းသဘော {ဥပေက္ခာစေတောဝိမုတ္တိ} သည် ရှိ၏။
ဤသဘောကို လျစ်လျူရှုခြင်း {ဥပေက္ခာ} ဟု ဆိုအပ်၏။

ထိုတွင် အဘယ်သည် {{စိတ်}} မည်သနည်း ?

အကြင် ဆန်းကြယ်မှု {စိတ္တ}၊ သိခြင်းသဘော {မန}၊ သိမှု သဘော {မာနသ}။ပ။ ထိုစိတ် အားလျော်သော အထူးသိမှု သဘော {တဇ္ဇာမနောဝိညာဏဓာတ်} သည် ရှိ၏။ ဤသဘောကို စိတ်ဟု ဆိုအပ်၏။

ဤစိတ်သည် ဤလျစ်လျူရှုခြင်း {ဥပေက္ခာ} နှင့်တကွ အဖြစ်သို့ ရောက်၏၊
တကွဖြစ်၏၊ နှီးနှော၏၊ ယှဉ်၏။
ထို့ကြောင့် {{လျစ်လျူရှုခြင်း ]ဥပေက္ခာ} နှင့် ယှဉ်သော စိတ်ဖြင့်}} ဟု ဆိုအပ်၏။

{{ပြန့်ပြောသော}} ဟူရာ၌ ပြန့်ပြောခြင်းဟူသည် များမြတ်ခြင်းတည်း၊
များမြတ်ခြင်းဟူသည် အပိုင်းအခြား မရှိခြင်းတည်း၊
အပိုင်းအခြား မရှိခြင်းဟူသည် ရန်မရှိခြင်းတည်း၊
ရန်မရှိခြင်းဟူသည် ကြောင့်ကြ မရှိခြင်းတည်း။

{{ပျံ့နှံ့စေ၍}} ဟူသည်ကား ဥပေက္ခာစိတ်ကို ဖြန့်၍၊ ဥပေက္ခာစိတ်ကို လွှတ်၍။
{{နေ၏}} ဟူသည်ကား။ပ။ ထို့ကြောင့် {{နေ၏}} ဟု ဆိုအပ်၏။

သုတ္တန္တဘာဇနီယနည်း(အကျယ်)၊ အပ္ပမညာဝိဘင်္ဂင်္င်္၊ ၀ိဘင်းပါဠိတော်။

မှတ်သားဖွယ်ရာများ

အပါယ်လေးပါးဆိုသည်ကား။

၁။ ငရဲ                   …….. ချမ်းသာ အနည်းငယ်မရှိပဲ ၊ မီးတောက် မီးလျှံ ဓါးလှံ စက်တို့၌ ခံရခြင်းကို ငရဲဟု ခေါ်ပါသည်။

၂။ တိရစ္ဆာန်            …….. တရားကို မသိ ၊ စားခြင်း အိပ်ခြင်း မေထုန်မှီဝဲခြင်းကိုသာသိသော ၊ မဂ်ဖိုလ်မှ ဖီလာကန့်လန့်ဖြစ်သော သတ္တ၀ါ။

၃။ ပြိတ္တာ                …….. ချမ်းသာသုခမှ ကင်းဝေးသော ဖုတ် တစ္ဆေ စသောသတ္တ၀ါ။

၎။ အသူရကာယ်       …….. စည်းစိမ်ချမ်းသာ မြူးထူးခြင်း စသည်တို့ဖြင့် မမြူးထူးမထွန်းပတက်သော သတ္တ၀ါ။

(နေ့စံ၍ ညဉ့်ခံ ၊ ညဉ့်စံ၍ နေ့ခံသော သတ္တ၀ါ)

 

ကပ်သုံးပါး ။

၁။ ဒုဗ္ဘိက္ခန္တရကပ်      …….. အစာခေါင်းပါး ငတ်မွတ်ခြင်းကြောင့် များစွာသေကြေပျက်စီးခြင်း။

၂။ သတ္တန္တရကပ်      …….. သေစေတက်သော ဓါး ၊ လှံ ၊ သေနတ် စသောလက်နက်တို့ဖြင့် အချင်းချင်းတိုက်ခိုက်ထိုးခုတ်၍ များစွာ သေကြေပျက်စီးခြင်း။

၃။ ရောဂန္တရကပ်       …….. ကူးစက်တက်သော အနာရောဂါ ကျရောက်သဖြင့် များစွာသေကြေ ပျက်စီးခြင်း။

(ကပ် – ကာလအပိုင်းအခြား)

 

အရပ်ပြစ်ရှစ်ပါး။

၁။ ငရဲ                   …….. ချမ်းသာအလျဉ်းမရှိသောအရပ်။

၂။ တိရစ္ဆာန်            …….. မဂ် ဖိုလ်မှ ဖီလာကန့်လန့်ဖြစ်သော သတ္တ၀ါ။

၃။ ပြိတ္တာ                …….. ချမ်းသာသုခကင်းဝေးသော ဖုတ်-တစ္ဆေ စသောသတ္တ၀ါ။

၎။ အသညဇော        …….. အရူပဘုံ ၊ အသညသတ်ဘုံ။

၅။ ပစ္စန္တရော            …….. ရတနာသုံးပါး မတည်၍ ရိုင်းစိုင်းသော သူတို့အရပ်။

၆။ ၀ိကလိန္ဒြိယ         …….. ပဋိသန္ဓေအားဖြင့် ကျိုး ၊ ကန်း ၊ ဆွံ့အ သောသူအဖြစ်။

၇။ မိစ္ဆာဒိဌိ             …….. မှားသောအယူကိုယူသော မိစ္ဆာဒိဌိတက္ကဒွန်းဖြစ်ရခြင်း။

၈။ ဗုဒ္ဓသုညော တိဟေတုကော …….. ဘုရားမရှိသော အခါကာလ၌ တိဟိတ်ပဋိသန္ဓေ နေသောသူ။

(အရပ်ပြစ်ရှစ်ပါး – မဂ်ကိုရခြင်းမှ ကင်းသောအရပ် ၈-ပါး)

 

 

ရန်သူမျိုးငါးပါး။

၁။ မီး                    …….. လောင်ကျွမ်းစေတက်သော ဓါတ်တစ်မျိုး။

၂။ ရေ                   …….. သောက် ၊ ချိုး ၊ ဖွတ် ၊ လျှော် ဆေးကြောရသော အရည်ဓါတ်တစ်မျိုး။

၃။ မင်း                   …….. ရေ မြေ ကို အစိုးရသော လောကသမုတိနတ်။

၎။ ခိုးသူ                 …….. သူတစ်ပါး ပစ္စည်းကို မသိအောင် တိတ်တဆိတ် ယူတက်သောသူ။

၅။ အချစ်မနှစ်သက်သောသူ …….. မိမိကိုမုန်း၍ ပျင်စီးရာ ပျက်စီးကြောင်း ကြံတက်သူ။

 

ဝိပတ္တိတရားလေးပါ။

၁။ ဂတိဝိပတ္တိ           …….. အပါယ်လေးဘုံ၌ဖြစ်ခြင်း။

၂။ ဥပဓိဝိပတ္တိ           …….. ယုတ်ညံ့သော အတ္တဘောကို ရခြင်း။

၃။ ကာလ၀ိပတ္တိ        …….. မကောင်းသော မင်းတို့၏ လက်ထက်ဟု ဆိုအပ်သောကာလ။

၎။ ပယောဂ၀ိပတ္တိ      …….. မကောင်းသောလုံ့လရှိခြင်း။

(၀ိပ္ပတ္တိ – ပျက်စီးခြင်း ၊ ဖေါက်ပြန်ခြင်း)။

 

ဗျသနတရားငါးပါး။

၁။ ညာတိဗျသန        …….. အဆွေအမျိုးတို့ ပျက်စီးခြင်း။

၂။ ဘောဗျသန         …….. စည်းစိမ်ဥစ္စာအရာအထူးတို့ ပျက်စီးခြင်း။

၃။ ရောဂဗျသန         …….. အနာရောဂါကြောင့် ပျက်စီးခြင်း။

၎။ သီလဗျသန         …….. ကောင်းသော အကျင့်သီလ ပျက်စီးခြင်း။

၅။ ဒိဌိဗျသန            …….. ကောင်းသောအယူဝါဒ ပျက်စီးခြင်း။

 ဒုစရိုက်တရား။

ဒုစရိုက်သည် – မကောင်းသောအကျင့်ကို ဆိုပါသည်။

ဒုစရိုက်သည် – အကုသိုလ်ဖြစ်ပါသည်။

ကာယကံ ၃-ပါး ၊ ၀စီကံ ၄-ပါး ၊ မနောကံ ၃-ပါး အားဖြင့် ဒုစရိုက် ၁၀-ပါး ဖြစ်ပါသည်။ ဒုစရိုက် ၁၀-ပါး တို့တွင် တစ်ပါးပါးကို ကမ္မပထမြောက်အောင် လွန်ကျူးမိပါက အပါယ်လေးပါးသို့ လားစေတက်သောကြောင့်၎င်း ၊ ကမ္မပထ မမြောက်သော ဒုစရိုက်သည် ဖြစ်လေရာဘ၀၌ အခွင့်သာသောအခါ ဆင်းရဲစွာသော မကောင်းကျိုးကို ဖြစ်စေတက်သောကြောင့်၎င်း ၊ ဗုဒ္ဓဘာသာဝင်ဖြစ်သူ အပေါင်းတို့သည် ဒုစရိုက် ၁၀-ပါးကို ကောင်းစွာရှောင်ကြဉ်ရာ၏။

 

 

ဘုရားရှင် ပေးဆပ်ခဲ့ရတဲ့ ၀ဋ်ကြွေးတော် ဘယ်နှစ်ပါးရှိသလဲ

မည်သူမဆို ကုသိုလ်ပြုက ကုသိုလ်အကျိုး(ကုသလ၀ိပါတ်)ကို ရရှိမည်ဖြစ်ပြီး အကုသိုလ် အမှုကို ပြုပါက အကုသိုလ်၏ အကျိုး(အကုသလ၀ိပါတ်)ကို ခံကြပေလိမ့်မည်။ သံသရာမှ
မလွတ်မချင်း မိဃာကကံ ပာုခေါ်သော ကုသိုလ်၊ အကုသိုလ်ကံ တို.၏ အကျိုးပေးခြင်းကို ခံရပေလိမ့်မည်။
“၀ဋ်မှာအမြဲ ၊ ငရဲမှာအပ” ဆိုသည့်အတိုင်း ၀ဋ်ကြွေးရှိပါက ပြန်လည်ပေးဆပ်ကြရစမြဲပင်။
ဤ၌ လူ ၊ နတ် ၊ ဗြပ္မာာတို.၏ ပတ္တမြားသင်းကျစ် ဖြစ်တော်မူသော ဘုရားရှင်ပင် လျှင် နုစဉ် ကာလ ကျူးလွန်မိသော အကုသိုလ်ကံ၏ အကျိုးဝိပါတ်(၁၂) ပါးကိုပေးဆပ်ခဲ့ရပါသေးသည်။ လူတို.သည် မကောင်းသော ကာယကံမှု ၊ ၀စီကံမှု ၊ မနောကံမှု တို.ကြောင့် သံသာ၌ အနာရောဂါဖြစ်ခြင်း ၊ ဘေးဖြစ်ခြင်း ၊ ဆင်းရဲခြင်းတို.ကို ခံစားကြရသည် ။ မြတ်စွာဘုရားရှင်သည်လည်း အလောင်းတော်ဘ၀က ပြုမှားမိသော အကျိုးကို ခံခဲ့ရသည်။ ဘုရာရှင် ပေးဆပ်ခဲ့ရသော ၀ဋ်ကြွေးတော် (၁၂)ပါးမှာ-
၁ ။ ဒုက္ကရစရိယာအကျင့်ကို ခြောက်နှစ်တိုင် ကျင့်ရခြင်း ၊
၂ ။ စိဉ္ဖမာဏ၀ိကာ၏ မပာုတ်မမှန် စွပ်စွဲမှုကို ခံရခြင်း ၊
၃ ။ သုန္ဒရီပရိဗိုဇ်မ ၏ စွပ်စွဲမှုကို ခံရခြင်း ၊
၎ ။ သုန္ဒရီပရိဗိုဇ်မ သေသောကြောင့် မင်းနှင်တကွ ပြည်သူတို.၏ ယုံမှားသံသယဖြင့် စွပ်စွဲသည်ကို ခံရခြင်း ၊
၅ ။ ဒေ၀ဒတ်က ကျောက်တုံးများဖြင့် လုပ်ကြံသည်ကိုရင်ဆိုင်ရခြင်း ၊
၆ ။ ကျောက်ချပ်ပဲ့ထွက် လွင့်စင်ပြီး ခြေမတော်ကို ထိမိကာ သွေးစိမ်းရှင်ရှင် ထွက်ရခြင်း ၊
၇ ။ ဒေ၀ဒတ်ကြောင့် ခြေမတော် သွေးစိမ်းတည်၍ သမားတော်ကြီး ဇီဝကမှ ဓားဖြင့် ခွဲသည်ကို ခံရခြင်း ၊
၈ ။ နာဠာဂီရိဆင်ဖြင့် တိုက်သည်ကို ခံရခြင်း ၊
၉ ။ ဦးခေါင်းတော်ခဲသည့် ဝေဒနာကို ခံစားရခြင်း
၁၀ ။ ၀ါတွင်းသုံးလလုံးလုံး လွန်စွာမှကြမ်းတမ်းသည့် မုယောဆွမ်းကိုသာ ဘုဉ်းပေးသုံးဆောင်ရခြင်း
၁၁ ။ ကျောကုန်းတော်နာရခြင်း
၁၂ ။ ပရိနိဗ္ဗာန် ပြုခါနီး၌ ၀မ်းတော်လားရခြင်း စသည်တို. ဖြစ်ကြောင်း လေ့လာတင်ပြအပ်ပါသည်….။

မှတ်ချက် ။                  ။မြန်မာသူငယ်ချင်းများအဖွဲ့ မှ စစ်ထက်နိုင် ဘလော့မှ ပြန်လည်ကူးယူတင်ပြပါသည်။

%d bloggers like this: