ဘယ်မှာငါဟု ရှိအံ့နည်း


လောကဇာတ်ခုံ၊ ဤလူ့ဘုံ၌

မျိုးစုံကကြ ၊ မာန်မာနနှင့်

ငါကရာဇာ ၊ ငါဟာသူဌေး ၊ ငါပဂေးဟု

ငါသွေးတက်ကြွ ၊ လူ့ဗာလတို့

များလှဖြာဖြာ ၊ အဝိဇ္ဇာနှင့်

တဏှာဘီလူး ၊ အမှောင့်ပူး၍

ကျူးကျူးကျော်ကျော် ၊ ဂုဏ်ကိုဖေါ်လျက်

မော်မော် မောက်မောက် ၊ ငါတစ်ယောက်သာ

မိုးအောက်တလွှား ၊ရွှေကိုယ်လားဟု

ထင်မှားမလွဲ ၊ သို့စဉ်စွဲလည်း

ဇာတ်ပွဲပြီးက ၊ ပြေဖုံးချသော်

သုဘရာဇာ ၊ မြေအောက်မှာပင်

ဘာသာလူမျိုး ၊ ချိန်မထိုးပဲ

ပုတ်သိုးခန္ဓာ ၊ မြုပ်ရရှာသည်

ဘယ်မှာ ငါဟု ရှိအံ့နည်း။

(မိုးကုတ်ဆရာတော်ကြီး)

2 Responses

  1. မိုးကုတ်ဆရာတော်ကြီးရေးသောသံဝေဂလင်္ကာမဟုတ်ဟုထင်မိပါသည်။အခြားပုဂ္ဂိုလ်တစ်ဦးဖြစ်ပါလိမ့်မည်။ရေးသူပုဂ္ဂိုလ်ကိုသိသောသူများထပ်မံဖေါ်ထုတ်ပေးစေလိုပါသည်။အလွန်ကောင်းသော
    သံဝေဂလင်္ကာလေးဖြစ်ပါသည်။အလျင်ကအသုဘပို့ သောယပ်တောင်များတွင်တွေ့ ရှိဖတ်ရဖူးပါသည်။ဓမ္မသံဝေဂလင်္ကာလေးများကိုဖတ်ရှုရခြင်းမှာ စိတ်နှလုံးတွင်းသို့ တရားသံဝေဂများ နင့်နင့်နဲနဲ
    ဖြင့် ချောချောမွေ့ မွေ့ ရောက်ရှိလာစေပါသည်။
    ကျန်းမာ ချမ်းသာ အသက်ရှည် တရားရ တွင်းပနှစ်ဖြာ (ခန္ဓာ)သာသနာအကျိုး သယ်ပိုးရွက်ဆောင်
    နိုင်ကြပါစေ။

    • တင်ပါ့ဘုရား…. တပည့်တော် ရေးသားသူ အမှန်ကို သေချာမေးမြန်းပြီး ပြင်ပေးပါ့မယ်ဘုရား.. ခုလို ပြောပြပေးတာ ကျေးဇူးတင်ပါတယ်ဘုရား….
      ရိုသေစွာဖြင့်
      သူရိယ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: