မြတ်ဗုဒ္ဓအလိုတော်


မြတ်ဗုဒ္ဓ သက်တော်ထင်ရှားစဉ်အခါ ကာလာမင်းတို့ နေထိုင်ရာ ဈေးဆိုင် ၊ ဈေးရုံများဖြင့် ဖွဲ့ဖြိုးစည်ပင်သာယာသော ကေသမုတ္တိနိဂမသို့ ရောက်ရှိတော်မူပြီး ထိုထိုနိဂုံးသားတို့ကို သူတစ်ပါးပြောကာမျှဖြင့် မယုံကြည်ဘဲ ကိုယ်တိုင်သိမြင်အောင် စူးစမ်း ဆင်ခြင်ပြီးမှ ပယ်သင့်သော တရားကို ပယ်၍ ဆောင်သင့်သော တရားကို ဆောင်ကြရန် မိန့်မှာတော်မူပါသည်။

၁။ မာ အနုသာဝေန
ကလေးဘဝမှစ၍ ကြားနာမှတ်သားခဲ့ခြင်းဖြင့်လည်း ဟုတ်တယ် ၊ မှန်တယ်လို့ အစွဲအမြဲ မယူကြနှင့်။
Do not believe just because it is traditional maintained by oral repetition.

၂။ မာ ပရမ္ပရာယ
မိဘ ဘိုးဘွား စသည်တို့မှ ဆင်းသက်ပြီး (ပရံပရ အဆက်ဆက်) မှတ်ယူလုပ်ကိုင်းရိုး ဖြစ်လို့လည်း အမြဲမှတ်ယူမထားကြနှင့်။
Do not believe just because it is unbroken succession of practice.

၃။ မာ ဣတိကိရာယ
“ဣိတိကိရ – ဒီဟာက ဒီလိုဟဲ့ ” ဟု အခြားတစ်ယောက်က ပြောလိုက်ရုံမျှဖြင့်လည်း အမြဲမှတ်ယူမထားကြလေနှင့်။
Do not believe merely because it is hearsay.

၄။ မာ ပိဋကသမ္ပဒါနေန
ဒီအယူအဆသာ ငါတို့ သင်အပ်သော ကျမ်းစာနှင့်ညီတယ်လို့ မိမိတို့ကျမ်းစာနှင့် ညီနေရုံဖြင့်လည်း အတည်တကျ မှတ်ယူမထားကြနှင့်။
Do not believe just because it is in the scriptures.

၅။ မာ တက္ကဟေတု
မိမိဘာသာကြံစည်အပ်သော အရာကို လည်း ဟုတ်လှပြီ မှန်လှပြီ ဟု အမြဲအစွဲယူမထားကြလေနှင့်။
Do not believe just because it fits with one’s point of view.

၆။ မာ နယဟေတု
အခြားနေရာ (အခြားနိုင်ငံ) တို့က သူတပါးတို့ လုပ်နည်းကိုင်နည်းကို သဘောကျလို့လည်း ဤနေရာ၌ သင့်တော်လှပြီဟု အမြဲအစွဲ ယူမထားကြနှင့်။
Do not believe just because it is correct on the ground of metaphysical theories.

၇။ မာ အာကာရပရိဝိတက္ကေန
တစ်စုံတစ်ခု ဖြစ်ဖို့ရန် အကြောင်းအထောက်အထားကို စဉ်းစားရာမှာ အထောက်အထားကောင်းကို ရလို့ သဘောကျလို့လည်း အမြဲအစွဲ ယူမထားကြနှင့်။
Do not believe just because it appeals to one’s consideration.

၈။ မာ ဒိဌိနိဇ္ဈာနက္ခ န ္တိယာ၊
သူပြောတဲ့ အယူဝါဒဟာ ငါတို့ စဉ်းစားကျေနပ်ထားတဲ့ အယူနှင့် ညီမျှပါပေတယ်လို့ ဆိုပြီး အယူဝါဒချင်း တူရုံမျှနှင့်လည်း အမြဲအစွဲမယူကြနှင့်။
Do not believe just because it agree with one’s opinions and theories.

၉။ မာ ဘဗ္ဗရူပတာယ၊
ဤရသေ့ ၊ ရဟန်းကား ယုံကြည်ထိုက်တဲက အထက်တန်းပုဂ္ဂိုလ်ပဲ။ ဒီလိုပုဂ္ဂိုလ်ရဲ့ စကားကို လေးလေးစားစားမှတ်သားထိုက်ပါပေတယ်လို့ လည်း စွဲစွဲမြဲမဲ မှတ်ယူမထားကြလေနှင့်။
Do not believe just because the speaker appers believeable.

၁၀။ မာ သမဏော နော ဂရူတိ
ဤရသေ့ ရဟန်း၊ ဤဆရာသမားက ဂုရုတစ်ဆူဖြစ်တယ်။ ငါတို့ ကိုးကွယ်နေတဲ့ ဆရာလည်းဖြစ်တယ် ငါ့ဆရာစကားကို ငါမှတ်ထားသင့်တယ် လို့လည်း စွဲစွဲမြဲမြဲ မှတ်ယူမထားကြလေနှင့်။
Do not believe just because our teacher says thus and thus.

6 Responses

  1. I cannot read the unicode font at my office, can u pls help me to advise how can I read your post.

    • Thanks for visiting our blog…
      currently we are using Myanmar3 unicode. But we are thinking about to move back to ZawGyi….🙂

    • thz 4 ur visiting …..
      u can download myanmar3 unicodehere….

  2. မောင်နှမလေးယောက်ဗုဒ္ဓသာသနာအကျိုးဆထက်တပိုး ဆက်လက်ထမ်းဆောင်နိုင်ပါစေဗျာ…သာဓု.သာဓု.သာဓု။

  3. စာလေးတွေလာဖတ်သွားပါတယ်.. ဆက်လက်ဖြန့်ဝေနိုင်ပါစေ..။

  4. wishes all a happy and prosperous new year!

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: