အစွဲ (၄) စွဲ


၁) ကာမုပါဒါန် =    အာရုံငါးပါး ကာမဂုဏ်တရားတို့ကို စွဲလမ်းမှု ။

၂) ဒိဋ္ဌုပါဒါန် =   အယူဝါဒစွဲ ။

၃) သီလဗ္ဗတုပါဒါန် =   အလေ့အကျင့် အထုံဝါသနာ ၊ ရိုးရာဓလေ့ စတာတွေကို စွဲနေတဲ့ အစွဲ ။

၄) အတ္တဝါဒုပါဒါန် =   အတ္တ (ငါ) လို့ ဆိုစရာ ခန္ဓာကိုယ်ကြီးကိုး စွဲနေတဲ့ အစွဲ ။

ဒီလေးမျိုးမှာ တစ်ခုထက် တစ်ခု ပိုပြင်းပါတယ် ... ကာမဂုဏ်အစွဲထက် အယူဝါဒစွဲက ပြင်းတယ် … အယူဝါဒစွဲထက် ဝါသနာတို့ ဓလေ့ထုံးစံတို့က ပြင်းတယ် … ဘုရားရှင် လက်ထက် ဝိသာခါ ကျောင်းအမကြီးဆိုတာ ကြားဖူးမှာပေါ့ … ကျောင်းအမကြီးဖြစ်ပြီး သောတာပန် အရိယာကြီးလည်း ဖြစ်နေပြီ … တစ်နေ့ မြေးကလေး တစ်ယောက် အသုဘပို့အပြန်မှာ ဂဂါင်္မြစ်ထဲ ဦးခေါင်းဆေးပြီး ဘုရားကျောင်းတော်ဝင်လာတာ နေ့ခင်း နေပူပူကြီးထဲမှာတဲ့ … ဘုရားရှင်က မေးလို့ အကျိုးအကြောင်းလျှောက်ထားတော့ ဘုရားရှင်က “ဝိသာခါ နင့်မှာ သား သမီး မြေးတွေ အရေအတွက်က များပါဘိနဲ့။ တစ်ယောက်ယောက် သေတိုင်းသာ ခေါင်းကို ရေနဲ့ ဆေးနေရရင် နင့်ခေါင်းက ဆံပင်တွေ ခြောက်ချိန်ရှိပါဦးမလား ” လို့ မိန့်ကြားသတဲ့ … သောတာပန် အရိယာ အဆင့်မှာတောင် အသုဘ အပြန် ဦးခေါင်းကို ဂင်္ဂါရေနဲ့ ဆေးရမယ်ဆိုတဲ့ “ဓလေ့စွဲ” က မပယ်ရဲသေးဘူးလေ ။

အစွဲ အပြင်းဆုံးကတော့ ငါ (အတ္တ)လို့ ထင်မှတ်နေပြောဆိုနေကြတဲ့ ဒီခန္ဓာကိုယ်ကြီးအပေါ်မှာ စွဲနေတဲ့ အစွဲပဲ ။ ဒီအစွဲကို ဖြုတ်လိုက်နိုင်ရင် အရင်း လဲ အဖျား ထင်းဖြစ် ဆိုသလို ဖြစ်သွားမှာပါပဲ ။


ကျမ်းကိုး ။     ။ မထေရ်မြတ်တို့ စကားဝိုင်း (၃) ၊ လျှောက်တတ်ရင် လမ်း၊စာမျက်နှာ (၈၈)၊ ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: