လောကီ လောကုတ္တရာ ဉာဏ်စဉ် (၁၆)ပါး


၁။ နာမရူပ ပရိစ္ဆေဒဉာဏ် = ဤကား နာမ် ၊ ဤကား ရုပ်ဟု ခွဲခြားသိသောဉာဏ်။
၂။ ပစ္စယပရိဂ္ဂဟဉာဏ် = နာမ် ဖြစ်ပေါ်ခြင်း အကြောင်း တရား ၊ ရုပ် ဖြစ်ပေါ်ခြင်း အကြောင်း တရားတို့ကို သိမ်းကျူံးစုစည်း သိမြင်နိုင်သောဉာဏ်။
၃။ သမ္မသနဉာဏ် = ရုပ်သဘော နာမ်သဘောတို့ကို လေ့လာသုံးသပ်သောဉာဏ်။
၄။ ဥဒယဗ္ဗဉာဏ် = ရုပ်နာမ် အဖြစ်အပျက်တို့ကို သိမြင်သောဉာဏ်။
၅။ ဘင်္ဂဉာဏ် = ရုပ် ၊ နာမ်တို့၏ (အဖြစ်ကို မမီလိုက်ဘဲ) အပျက်ကိုသာ မီလိုက်သိမြင်လိုက်သော ဉာဏ်။
၆။ ဘယဉာဏ် = ရုပ်နာမ်နှစ်ပါးတို့၏ အဖြစ်အပျက်ကို ဘေး ဟူ၍ ရှုမြင်သောဉာဏ်။
၇။ အာဒီနဝဉာဏ် = ထိုဘေးကို အဖြစ် ဟူ၍ ရှုမြင်သောဉာဏ်။
၈။ နိဗ္ဗိန္ဒဉာဏ် = ရုပ်နာမ်နှစ်ပါးတို့၏ အဖြစ်အပျက်တွေအပေါ် ငြီးငွေ့လာသော ဉာဏ် ၊ မလိုချင် မတွယ်တာ ဖြစ်လာသော ဉာဏ်။ မုန်းလာသောဉာဏ်။
၉။ မုစ္စိတုကမျတာဉာဏ် = ဖြစ်ပျက် ဒုက္ခသစ္စာကြီးမှ လွတ်မြောက်လိုသောဉာဏ်။
၁၀။ ပဋိသင်္ခါဉာဏ် = ထိုဒုက္ခတို့မှ လွတ်မြောက်ရာ လွတ်မြောက်ကြောင်းကို ဆင်ခြင်သောဉာဏ်။
၁၁။ သင်္ခါရုပေက္ခာဉာဏ် = သင်္ခါရတရားတွေချည်း (အဖြစ်အပျက်တွေချည်း) ရှုမြင်နေသောဉာဏ်။
၁၂။ အနုလောမဉာဏ် = မဂ် ဖိုလ် နိဗ္ဗာန်အား ရဖို့ အလျော်ဖြစ်သောဉာဏ်။
၁၃။ ဂေါတြဘူဉာဏ် = ပုထုဇဉ် အနွယ်ကိုဖြတ်၍ အရိယာအနွယ်ကို ဖြစ်စေတက်သောဉာဏ်။
၁၄။ မဂ်ဉာဏ် = နိဗ္ဗာန်ကို မြင်သောဉာဏ်။
၁၅။ ဖိုလ်ဉာဏ် = နိဗ္ဗာန်ကိုပင် မြင်သောဉာဏ်။
၁၆။ ပစ္စဝေက္ခဏာဉာဏ် = ရခဲ့ပြီး တရားတို့ကို ပြန်လည်ဆင်ခြင်သောဉာဏ်။
ဟူ၍ ဉာဏ်စဉ် (၁၆)ပါးရှိ၏ ။ လောကီ – လောကုတ္တရာ ရောနေ၏။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: