ဗုဒၶ (၄) မ်ိဳး
ဗုဒၶ (၄) မ်ိဳး
၁။ သုတဗုဒ္ဓ – ပရိယတ္တိ အကြားအမြင် ဗဟုသုတများသော ရဟန်းပုဂ္ဂိုလ် ။
၂။ သာဝကဗုဒ္ဓ – ရဟန္တာအရှင်မြတ်။
၃။ ပစ္စေကဗုဒ္ဓ – အသီးအခြားပွင့်တော်မူသော ဘုရားငယ်။ (သာသနာပ)
၎။ သမ္မာသမ္ဗုဒ္ဓ – သဗ္ဗညုတဥာဏ်တော်နှင့် ပြည့်စုံတော်မူသော ဘုရားကြီး။
စေတီ (၄) ပါး
(အများတကာအလေးအနက်ပြုရာဌာန – စေတီ)
၁။ ဓာတုစေတီတော် – ဓာတ်တော် ၊ စွယ်တော်၊ ဆံတော်။
၂။ ဓမ္မစေတီ – တရားတော် ၊ ပိဋကတ်သုံးပုံ။
၃။ ပရိဘောဂစေတီ – မြတ်စွာဘုရား၏ အသုံးအဆောင် (ဗောဓိညောင်ပင် ပါဝင်သည်)။
၎။ ဥဒ္ဒိသစေတီ – မြတ်စွာဘုရား၏ပုံတူ ရုပ်ပွားဆင်းတုတော်။
ဤနေရာတွင် ဗုဒ္ဓလေးမျိုးနှင့် စေတီလေးပါးကို ဖော်ပြရခြင်းမှာ ဗုဒ္ဓဘာသာဝင် သူတော်စင်တို့သည် ကြည်လင်သော သဒ္ဓါတရားပိုမိုအကျိုးများစေရန် နည်းများမဆို မတွန့်တိုပဲ နိဗ္ဗာန်ကို အာရုံပြု၍ လှူဒါန်းနိုင်စေရန် ဖော်ပြရခြင်းဖြစ်ပေသည်။
အလှူခံပုဂ္ဂိုလ် တစ်ကျိပ်လေးပါး
ဘုရား ၊ ပစ္စေကဗုဒ္ဓါ ၊ အရိယာသာဝက မဂ် (၄)ပါး ၊ အရိယာသာဝကဖိုလ် (၄)ပါး ၊ သာသနာတော်မှအပဖြစ်သော ဈာန်ရ-ရသေ့။ ပရိဗုဇ်။ ပုထုဇဉ်သီလ၀န္တ။ ပုထုဇဉ်ဒုသီလ တိရစ္ဆာန်ဟူ၍ (၁၄) ပါးရှိလေသည်။
ထို့ကြောင့် အထက်ပါ (၁၄)ပါးတို့ကို လှူဒါန်းရာတွင် တိရစ္ဆာန်အား ကျွေးမွေးပေးလှူသော အလှူ၏အကျိုးသည် အဆတစ်ရာ တိုးပွားခြင်းဖြစ်စေ၏။ သီလမရှိသောသူအား ပေးလှူခြင်းသည် အကျိုးအဆတစ်ထောင်ဖြစ်၏။ သီလရှိသော ပုထုဇဉ်အား ပေးလှူခြင်းသည် အဆကုဋေတစ်သိန်းမက အကျိုးပေး၏။ ထို့ထက် သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြု၍ ကျင့်သောပုဂ္ဂိုလ်အား ပေးလှူလျှင် မရေမတွက်နိုင်အောင် အကျိုးဖြစ်၏။ သောတပန် ၊ သကဒါဂါမ် ၊ အနာဂါမ် ၊ ရဟန္တာ ၊ ပစ္စေကဗုဒ္ဓါတို့အား လည်းကောင်း ၊ မြတ်စွာဘုရားအားလည်းကောင်း ပေးလှူရသောအကျိုးကား မည်သို့ဆိုဘွယ်ရာ ရှိတော့အံ့နည်း။
အဖန်ငါးရာ ဆိုတဲ့ လှန့်လုံးလေး
ဆရာဝန်ကြီး ဦးနေဝင်း အမေး ။   ။ တချို့ အနောက်နိုင်ငံမှာ စိတ်ရောဂါ တစ်မျိုးဖြင့် ကိုယ့်အသတ်ကို သေကြောင်းကြံကြ ၊ သေကြပါတယ် … အဲဒါ ဗုဒ္ဓဘာသာ တိုင်းပြည်အနေနဲ့တော့ တရားတော်အရ ဘယ်လိုပါလဲ …။
အရှင်ဇနကာ ဘိဝံသ အဖြေ ။   ။ ဗုဒ္ဓဘာသာ တိုင်းပြည်မှာက ကိုယ့်ကိုယ်ကိုယ် သတ်လို့ရှိရင် အဖန်ငါးရာ သေရမယ် ဆိုတဲ့ လှန့်လုံးလေးက ရှိထားတယ် … သတ်လို့ကတော့ ကမ္ဘာငါးရာ နောက်ထပ် မလိုက်ပါဘူး … ရှေးကံက ရှိနေရင်သာ ဘဝငါးရာ လိုက်တာပါ  … ရှေးကံ မရှိရင်တော့ သေဖို့တော့ မလိုက်ပါဘူး … မြန်မာလူမျိုးတွေမှာ အထိုက်အလျောက် ကံတို့ ဘာတု့ိ ယုံကြည်ထားတော့ ကံကောင်းရင် ပြန်ကောင်းအုံးမှာပဲ ဆိုတဲ့ မျှော်လင့်ချက်ကလေးက ရှိတယ် … ရှိတော့ ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့ လူက အင်မတန် နည်းတယ် … နိုင်ငံခြားမှာတော့ ဒီလို မျှော်လင့်ချက်ကလည်း မရှိတော့ ၊ အို … သေတာပဲ ကောင်းတယ် ၊ သေရင် သူတို့က ပြီးတယ် ထင်ပြီးတော့လေ သတ်ကြတယ် ၊ ဒါဟာ အတွေ့အကြုံ ဗဟုသုတ လိုက်ပြီး ကွာသွားကြတာ …။
ကျမ်းကိုး  ။   ။ သိပံ္ပနှင့်  ဗုဒ္ဓအဘိဓမ္မာ အဖြေများ ၊
အမရပူရ မဟာဂန္ဓာရုံ ဆရာတော် အရှင်ဇနကာ ဘိဝံသ
မစန္ဒာ ကိုယ်စားတင်ပေးခြင်းဖြစ်ပါသည်။
အရှင်ဇနကာ ဘိဝံသ အဖြေ ။   ။ ဗုဒ္ဓဘာသာ တိုင်းပြည်မှာက ကိုယ့်ကိုယ်ကိုယ် သတ်လို့ရှိရင် အဖန်ငါးရာ သေရမယ် ဆိုတဲ့ လှန့်လုံးလေးက ရှိထားတယ် … သတ်လို့ကတော့ ကမ္ဘာငါးရာ နောက်ထပ် မလိုက်ပါဘူး … ရှေးကံက ရှိနေရင်သာ ဘ၀ငါးရာ လိုက်တာပါ  … ရှေးကံ မရှိရင်တော့ သေဖို့တော့ မလိုက်ပါဘူး … မြန်မာလူမျိုးတွေမှာ အထိုက်အလျောက် ကံတို့ ဘာတို့ ယုံကြည်ထားတော့ ကံကောင်းရင် ပြန်ကောင်းအုံးမှာပဲ ဆိုတဲ့ မျှော်လင့်ချက်ကလေးက ရှိတယ် … ရှိတော့ ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့ လူက အင်မတန် နည်းတယ် … နိုင်ငံခြားမှာတော့ ဒီလို မျှော်လင့်ချက်ကလည်း မရှိတော့ ၊ အို … သေတာပဲ ကောင်းတယ် ၊ သေရင် သူတို့က ပြီးတယ် ထင်ပြီးတော့လေ သတ်ကြတယ် ၊ ဒါဟာ အတွေ့အကြုံ ဗဟုသုတ လိုက်ပြီး ကွာသွားကြတာ …။
ကောသလမင်းကြီး၏ အိပ်မက် (၁၆) ချက်
၁)
ကောသလမင်း အိပ်မက် (၁)
ကောသလမင်း အိပ်မက် (၁)
အရပ်လေးမျက်နှာမှ လေးခုသော နွားလား ဥသဘတို့သည် လာလတ်၍ မင်းရင်ပြင်၌ ဝှေ့မည်ဟု တွန်မြည် ကြုံးဝါးလျက် မဝှေ့ပဲသာလျှင် ဖဲလေကုန်သည်ဟု မြင်မက်ပါသည်။
နောင်အခါ တရားမစောင့်သော မင်းတို့ လက်ထက်၌ အရပ်လေးမျက်နှာမှ မိုးတို့သည် ရွာအံသကဲ့သို့ ထစ်ကြိုးလျက် မရွာပဲသာလျှင် ပျောက်ပျက် ကုန်လတ္တံ့။ ထိုအခါ ကောက်ပဲသီးနှံတို့ ပျက်ဆီး၍ လူတို့၌ အစာရေစာ ရှားပါး ငတ်မွတ်ခြင်း ဖြစ်လတ္တံ့။
၂)
ကောသလ အိပ်မက် (၂)
ကောသလ အိပ်မက် (၂)
နုနယ်သေးငယ်စွာသော အပင်တို့သည် ပွင့်ကြ သီးကြသည်ကို မြင်မက်ပါသည်။
နောင်အခါ ဆုတ်ယုတ်သောကာလ လူတို့ အသက်တန်း တိုသော ကာလ၌ ယောင်္ကျား မိန်းမတို့သည် ထက်သန် ပြင်းသောရာဂ ရှိကုန်သည် ဖြစ်၍ ငယ်ရွယ်စဉ် အခါ၌ပင် အိမ်ထောင်ပြုခြင်း၊ သားမွေးခြင်း တို့ကို ပြုကုန်လတ္တံ့။
၃)
ကောသလ အိပ်မက် (၃)
ကောသလ အိပ်မက် (၃)
နွားမကြီးတို့သည် မိမိတို့ မွေးစဖြစ်သော နွားမငယ်တို့၏ နို့ကို စို့သည်ဟု မြင်မက်ပါသည်။
နောင်အခါ ကြီးသောသူတို့အား အရိုအသေပြုခြင်း ပျောက်ကွယ်သော ကာလ၌ အမိအဖ၊ ယောက္ခမ စသူတို့သည် ကိုးကွယ်ရာ မရှိကုန်သည် ဖြစ်သဖြင့် မိမိတို့၏ သားသမီး သားမက် ချွေးမ စသူတို့ထံ၌ ကပ်ရပ်၍ ငြိုငြင် ညှိုးငယ်စွာ အသက်မွေးရကုန်လတ္တံ့။
၄)
ကောသလ အိပ်မက် (၄)
ကောသလ အိပ်မက် (၄)
လှည်းတို့၌ ဝန်ကို ဆောင်နိုင်သော နွားကြီးတို့ကို မကမူ၍ နွားငယ်တို့ကိုသာ ကစေကုန်၏။ နွားငယ်တို့လည်း ဝန်ကို မနိုင်၍ လှည်းတို့ကိုလည်း ဆွဲခြင်းငှာ မတတ်နိုင်သည်ကို မြင်မက်ပါသည်။
နောင် တရားမစောင့်သော မင်းတို့ လက်ထက်၌ အသက်ကြီး ဝါကြီး ပညာရှိကုန်သော သူတို့အား အမတ်၊ တရားသူကြီး စသော ရာထူးစည်းစိမ်တို့၌ မခန့်ထားမူ၍ အသက်၊ ဝါ၊ ပညာ ငယ်ကုန်သော လူငယ်တို့အားသာ ခန့်ထားကြလတ္တံ့။ ထိုအခါ အခွင့်အရေးမသိ၊ မတော် မမှန်ဖြစ်၍ အမှု မပြီး၊ အကျိုးမပြီး ရှိသောအခါ လူငယ်တို့သည် မိမိတို့၏ ရာထူး စည်းစိမ်ကိုစွန့်ကြလတ္တံ့။ လူကြီးတို့သည်လည်း ငါတို့မှာ ပြင်ပကသာ ဖြစ်၏ဟု လျစ်လျှုပြု၍ နေကြလကုန်လတ္တံ့။ သို့ဖြစ်၍ တရားမစောင့် အမှုမပြီးကြသည်နှင့် မင်းနှင့်တကွ တိုင်းပြည်ပါ ဆုတ်ယုတ် ပျက်ဆီးကြလတ္တံ့။
၅)
ကောသလ အိပ်မက် (၅)
ကောသလ အိပ်မက် (၅)
ခံတွင်း နှစ်ခုရှိသော မြင်းသည် ကျွေးလာသော မုယောစပါး စသည်တို့ကို ခံတွင်းနှစ်ခုဖြင့်ပင် စားသည်ဟု မြင်မက်ပါသည်။
နောင် တရားမစောင့်သော မင်းတို့လက်ထက်၌ တရားမစောင့်သော တရားသူကြီးတို့သည် နှစ်ဖက်သော အမှုသည်တို့မှ ပေးသော တံစိုးလက်ဆောင်တို့ကို စား၍ အမှုတို့ကို မမှန်မကန် ဆုံးဖြတ်ကြကုန်လတ္တံ့။
၆)
ကောသလမင်း အိပ်မက် (၆)
ကောသလမင်း အိပ်မက် (၆)
အဖိုးတသိန်း ထိုက်သော ရွှေခွက်ကို မြေခွေးဖိုအား ကျင်ငယ်စွန့်ရန် ပေး၏။ မြေခွေးလည်း ထိုရွှေခွက်၌ ကျင်ငယ်စွန့်သည်ဟု မြင်မက်ပါသည်။
နောင် တရားမစောင့်သော မင်းတို့ လက်ထက်၌ အမျိုးမြတ်သော သူတို့သည် အချီးအမြှောက် မခံရ၊ ဆင်းရဲကြ၍ အမျိုးယုတ်သော သူတို့ အစိုးတရ ကြွယ်ဝ ချမ်းသာကြလတ္တံ့။ ထိုအခါ အမျိုးမြတ်တို့ အသက် မွေးခြင်းငှာ မတတ်နိုင်ကုန်သည် ဖြစ်၍ မိမိတို့ သမီးတို့ကို အမျိုးယုတ်တို့အား ပေး၍ အသက်မွေး ကြကုန်လတ္တံ့။
၇)
ကောသလမင်း အိပ်မက် (၇)
ကောသလမင်း အိပ်မက် (၇)
တယောက်သော ယောင်္ကျားသည် အင်းပျဉ်၌ ထိုင်လျက် လွန်ကို ကျစ်၍ ခြေရင်း၌ ထား၏။ ထို အင်းပျဉ်အောက်၌ရှိသော ဆာလောင်သော မြေခွေးမသည် ထိုယောင်္ကျား မသိစဉ်လျှင် ထိုလွန်ကို စား၏ ဟု မြင်မက်ပါသည်။
နောင်အခါ မိန်းမတို့သည် အစားအသောက်၊ အဝတ်၊ အနေအထို်င် စသည်တို့၌ လော်လည်ခြင်း ရှိ၍ မိမိတို့လင်ယောင်္ကျားသည် ဆင်းရဲငြိုငြင်စွာ ရှာဖွေ စုဆောင်းအပ်သော ဥစ္စာ ပစ္စည်းတို့ကို အဝတ်အစား၊ အစားအသောက် တို့၌ လည်းကောင်း၊ သောက်စား ကစားခြင်းတို့၌ လည်းကောင်း၊ အပျော်အပါးတို့၌ လည်းကောင်း၊ သဘောက် လင်ငယ်ထားခြင်း တို့၌ လည်းကောင်း အရမ်းမဲ့လျှင် ဖြုန်းတီးလေလတ္တံ့။ ခွေးမသည် မသိ စဉ်းစား သကဲ့သို့ အိမ်သူ မိန်းမတို့သည် ဤသို့ တိတ်တဆိတ် ဖြုန်းတီး ခိုးစားကြလတ္တံ့။
၈)
ကောသလ အိပ်မက် (၈)
ကောသလ အိပ်မက် (၈)
ရေမရှိသော အိုးတို့ဖြင့် ခြံရံအပ်သော ရေပြည့်အိုးကြီး တလုံးကို မြင်ရ၏။ လူတို့သည် အရပ် ၈ မျက်နှာမှ ရေကို ယူလာကြ၍ ထိုရေပြည့်အိုးကြီး အတွင်းသို့သာလျှင် လောင်းထည့် ကြ၏။ လောင်းထည့်သော ရေတို့သည် ပြည့်လျှံ၍ ကျကုန်၏။ ဤသို့လျှင် အဖန် တလဲလဲ ရေပြည့်အိုးသို့သာ လောင်းလျှက် ရေမရှိသော အခြံအရံ အိုးတို့ အတွင်းသို့ကား မည်သူမျှ မလောင်း မထည့်ပဲ နေသည်ကို မြင်မက်ပါသည်။
နောင်အခါ မကောင်းသော မင်းတို့ လက်ထက်၌ မင်းနှင့်တကွ လူတို့ တရားပျက်ကွက်၊ ဩဇာညံ့ဖျင်း၊ ဆင်းရဲခြင်းသို့ ရောက်ကြကုန်လတ္တံ့။ ထိုအခါ မင်းအစိုးရတို့သည် ဆင်းရဲသားတို့အား မင်း၏ အကျိုးစီးပွား အတွက်ကိုသာ လုပ်ကိုင်စေအံ။ ဆောင်ရွက် စေအံ။ ထမ်းရွက်စေအံ။ သို့ဖြစ်ရကား မင်းတို့၌သာ ပြည့်စုံ အကျိုးခံစားကြရ၍ ဆင်းရဲသားတို့မှာ ရေမရှိသော အိုးတို့ပမာ တစုံတရာ မရှိ ငတ်မွတ် ခေါင်းပါးခြင်းသို့ ရောက်ကုန်လတ္တံ့။
၉)
ကောသလမင်း အိပ်မက် (၉)
ကောသလမင်း အိပ်မက် (၉)
နက်ရှိုင်း ကျယ်ဝန်းသော ရေကန်ကြီး တခုတွင် သတ္တဝါတို့ ဆင်း၍ ရေသောက်ကြ၏။ ကန်၏ အလယ် ရေနက်ရာ၌ ရေသည် နောက်၍ ကန်နားဝန်းကျင် ရေတိမ်ရာ သတ္တဝါတို့ နင်းရာ၌ ရေသည် ကြည်လင်၏ဟု မြင်မက်ပါသည်။
နောင်အခါ တရားမစောင့်သော မင်းတို့သည် မတရား အုပ်စိုးခြင်း၊ တံစိုးစားခြင်း၊ လော်လည်ခြင်း၊ သနားညှာတာ ဂရုဏာ မဲ့ခြင်း၊ ကြမ်းကြုတ် ရက်စက်ခြင်းတို့ ရှိလျှက် လူတို့အပေါ်၌ အထူးထူး အပြားပြားသော အချင်းအရာဖြင့် အခွန်အတုတ်တို့ကို ခွဲခန့် ကောက်ယူလတ္တံ့။ ထိုအခါ လူတို့မှာ တစ်စုံတစ်ရာ မပေးဆောင်နိုင် ပင်ပန်းဆင်းရဲလျက် မြို့ကြီးရပ်ကြီးတို့၌ မနေနိုင်ပဲ ရပ်စွန် ပြည်နားသို့ သွားရောက်နေကြရသည် ဖြစ်လတ္တံ့။ ကန်အလယ်တွင်နောက်၍ ကန်ဘေးတွင် ကြည်သကဲ့သို့ မြို့လယ်ရွာလယ်၌ တိတ်ဆိတ်၍ ရပ်စွန်ပြည်နား၌ လူစည်ကားလတ္တံ့။
ကောသလမင်း အိပ်မက် (၁၀)
ကောသလမင်း အိပ်မက် (၁၀)
တစ်လုံးတည်းသော အိုးဖြင့် တချိန်တည်းချက်သော ထမင်းသည် အချို့ပျော့၏၊ အချို့ မနပ်၊ အချို့နပ်၏။ ဤသို့ မြင်မက်ပါသည်။
နောင် တရား မစောင့်သော မင်းတို့ လက်ထက်၌ မိုးကွက်ကြား ရွာလတ္တံ့။ ထိုအခါ အချို့နေရာ၌ မိုးရွာလွန်း၍ ကောက်ပဲသီးနှံ ပျက်အံ။ အချို့နေရာ၌ မရွာ၍ ပျက်အံ။ အချို့နေရာ တွင်ကား မိုးမှန်၍ ကောင်းအံ။ ဤသို့လျှင် ထမင်းအိုးတွင် မြင်သော ထမင်းကဲ့သို့ ကောက်ပဲသီးနှံ သုံးထွေ ပြားလတ္တံ့။
၁၁)
ကောသလမင်း အိပ်မက် (၁၁)
ကောသလမင်း အိပ်မက် (၁၁)
အဖိုးတသိန်းထက်သော စန္ဒကူးနှစ်ကို ယက်တက်ပုပ်ရည်ဖြင့် ရောင်းစားသည်ကို မြင်မက်ပါသည်။
နောင်အခါ ငါဘုရား၏ သာသနာတော် ဆုတ်ယုတ်သော ကာလတွင် လော်လည်၍ လာဘ်လာဘကို မက်မော ကုန်သော ရဟန်းအလဇ္ဇီ လူအလဇ္ဇီတို့သည် ဆွမ်း၊ ဆေး၊ ကျောင်း၊ သင်္ကန်း ဥစ္စာပစ္စည်း စသည် တို့ကို အလိုရှိကုန်သည် ဖြစ်၍ လမ်းခရီးဆုံ၊ အိမ်ဝ၊ အိမ်ကြို အိမ်ကြားတို့၌ ငါဘုရား၏ တရားတော်ကို ဟောကြားလတ္တံ့။ နိဗ္ဗာန် အလို့ငှာ ဟောတော် မူအပ်သော အလွန် မွန်မြတ်သော တရားတော်ကို တစ်ပဲ၊ တစ်မူး၊ တစ်ကျပ် စသည်တို့ အကျိုးငှာ ရောင်းစား ဟောပြော ကြသည် ဖြစ်၍ တသိန်းထိုက်သော စန္ဒာကူးနှစ်ကို ယက်တက်ပုပ်ရည်ဖြင့် ရောင်းစား သကဲ့သို့ ဖြစ်ကုန်လတ္တံ့။
၁၂)
ကောသလမင်း အိပ်မက် (၁၂)
ကောသလမင်း အိပ်မက် (၁၂)
ဘူးတောင်းတို့သည် ရေ၌ နစ်သည်ဟု မြင်မက်ပါသည်။
နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ အမျိုးယုတ်သော သူတို့ကိုသာ ရာထူး စည်းစိမ် ပေးသည် ဖြစ်၍ အမျိုးယုတ်တို့ တန်ခိုး အာဏာ ကြီးမား ထင်ပေါ် အရာရာတွင် တွင်ကျယ်လျက် ၎င်းတို့ စကားသာလျှင် ဘုူးတောင်း နစ်သကဲသို့ နစ်၍ တည်ကုန်လတ္တံ့။
၁၃)
ကောသလမင်း အိပ်မက် (၁၃)
ကောသလမင်း အိပ်မက် (၁၃)
ကျောက်ဖျာကြီး ရေတွင်ပေါ်သည်ဟု မြင်မက်ပါသည်။
နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ တော်မှန် လိမ္မာ ပညာရှိသော သူတို့၏ စကားသည် မည်သည့် အရာ၌ မဆို လေးသော ကျောက်ဖျာ ရေတွင် ပေါ်သကဲ့သို့ နစ်တည် ခြင်းမရှိ၊ မခို်င်မမြဲ ရှိကြကုန် လတ္တံ့။
၁၄)
ကောသလမင်း အိပ်မက် ( ၁၄)
ကောသလမင်း အိပ်မက် ( ၁၄)
ဖားငယ်မ တို့သည် ကြီးစွာသော မြွေဟောက်ကြီးများကို စားမြိုသည်ဟု မြင်မက်ပါသည်။
နောင်အခါ လူတို့သည် ပြင်းသော ရာဂ ရှိကုန်သည် ဖြစ်၍ ကိလေသာ အလိုသို့ လိုက်လျက် ငယ်ရွယ်ကုန်သော မယားတို့၏ အလိုသို့ လုံးဝ လိုက်ကြကုန် လတ္တံ့။ အလုပ်အကိုင်မှု၊ ဥစ္စာ ပစ္စည်းမှု၊ ကျေးကျွန်မှု၊ စီမံခန့်ခွဲမှု စသော အရပ်ရပ်တို့၌ လင်ပေါ်တွင် လွှမ်းမိုး အုပ်စိုးခြင်းကို ပြုကြမည် ဖြစ်ရကား ဖားငယ်မသည် အဆိပ်လျင်သော မြွေကို စားမျိုသကဲ့သို့ ဖြစ်ကုန်လတ္တံ့။
၁၅)
ကောသလမင်း အိပ်မက် (၁၅)
ကောသလမင်း အိပ်မက် (၁၅)
မည်းနက် ရုပ်သွင်၊ အဆင်း ဆိုးဝါးသော ကျီးတို့ကို ရွှေ၏ အဆင်းနှင့် တူသော ရွှေဟင်္သာ တို့က ခြံရံ နေကြသည်ကို မြင်မက်ပါသည်။
နောင်အခါ အားနည်းသော မင်းတို့ လက်ထက်၌ ထိုမင်းတို့သည် ဆင်စီး မြင်းစီး စသော အတတ်တို့၌ မလိမ္မာ၍ စစ်ထိုးခြင်း၌ မရဲရင့်ဘဲ ဖြစ်ကြကုန်လတ္တံ့။ ထိုအခါ တိုင်းပြည် နိုင်ငံ ဆုံးရှုံးမည်ကို စိုး၍ တူသော ဇာတ်ရှိသော သူကောင်းသား တို့အား အစိုးရခြင်းကို မပေးမူ၍ မိမိတို့ထံ၌ ခစား ကြကုန်သော အမျိုး ယုတ်သော ကျေးကျွန်တို့အားသာ ပေးကုန်လတ္တံ့။ သို့ဖြစ်၍ အမျိုးကောင်းသားတို့ ကိုးကွယ်ရာ မရှိပဲ အစိုးရခြင်း၌ တည်ကုန်သော အမျိုးယုတ်တို့ထံ၌ ခစားကြကုန် လတ္တံ့။
၁၆)
ကောသလမင်း အိပ်မက် (၁၆)
ကောသလမင်း အိပ်မက် (၁၆)
ဆိတ်တို့သည် သစ်ကို သတ်စားကြသဖြင့် သစ်တို့သည် ကြောက်လန့်လျက် ဆိတ်တို့ကို အဝေးမှ မြင်လျှင်ပင် တောချုံရှိရာသို့ ပြေးကြသည်ကို မြင်မက်ပါသည်။
နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ အမျိုးယုတ်သော သူတို့ အစိုးရ ကုန်သည် ဖြစ်၍ အမျိုးမြတ်သူတို့ မထင်ရှား ဖြစ်လတ္တံ့။ အမျိုးယုတ် သူတို့မှာ မင်းကျွမ်းဝင်သည် ဖြစ်၍ တရားရုံးတို့၌ ဩဇာအာဏာ လွှမ်းမိုးလျက် အမျိုးမြတ်သူတို့၏ ဘိုးဘပိုင် လယ်မြေ ဥစ္စာ အရပ်ရပ်တို့ကို ငါတို့ လယ်မြေဥစ္စာ ဖြစ်သည်ဟု သိမ်းယူကြ၍ တရားတဘောင် ဖြစ်လျှင် တန်ခိုးမဲ့သူတို့အား ဖိနှိပ်ပုတ်ခတ် ခြိမ်းခြောက် နှင်ထုတ်လျက် အနိုင်ကျင့် ကြကုန်လတ္တံ့။ ထိုအခါ အမျိုးမြတ်သူတို့ ကြောက်လန့် စက်ဆုတ်ကုန်သည် ဖြစ်၍ လယ်ယာ ဥစ္စာတို့ကို ပေးအပ်ကုန်လျက် အိမ်သို့ပြန်၍ အိပ်နေကြကုန်အံ။ ထိုမှ တပါးလည်း အကျင့်သီလရှိသော ရဟန်းတို့သည် အကျင့်သီလမဲ့သော ရဟန်းတို့က ချုပ်ချယ် ဖိနှိပ်ကြလေသဖြင့် တောသို့ ပြေးဝင် ပုန်းအောင်း ကြကုန်လတ္တံ့။ ဤသို့လျှင် အမျိုးကောင်း၊ သူတော်ကောင်း တို့လည်း လွတ်ရာ ကျွတ်ရာ တောတောတောင်တောင် တို့ကို ပြေးပုန်း ကြကုန်လတ္တံ့။
ကျမ်းကိုး ။   ။ အမျိုးသား ပညာဝန် ဦးဖိုးကျား၏ ငါးရာ့ငါးဆယ် ကောက်နုတ်ချက်များ (ပထမတွဲ) မှ
၁)
ကောသလမင်း အိပ်မက် (၁)
ကောသလမင်း အိပ်မက် (၁)
၂)
ကောသလ အိပ်မက် (၂)
ကောသလ အိပ်မက် (၂)
၃)
ကောသလ အိပ်မက် (၃)
ကောသလ အိပ်မက် (၃)
၎)
ကောသလ အိပ်မက် (၄)
ကောသလ အိပ်မက် (၄)
၅)
ကောသလ အိပ်မက် (၅)
ကောသလ အိပ်မက် (၅)
၆)
ကောသလမင်း အိပ်မက် (၆)
ကောသလမင်း အိပ်မက် (၆)
၇)
ကောသလမင်း အိပ်မက် (၇)
ကောသလမင်း အိပ်မက် (၇)
၈)
ကောသလ အိပ်မက် (၈)
ကောသလ အိပ်မက် (၈)
၉)
ကောသလမင်း အိပ်မက် (၉)
ကောသလမင်း အိပ်မက် (၉)
ကောသလမင်း အိပ်မက် (၁၀)
ကောသလမင်း အိပ်မက် (၁၀)
၁၁)
ကောသလမင်း အိပ်မက် (၁၁)
ကောသလမင်း အိပ်မက် (၁၁)
၁၂)
ကောသလမင်း အိပ်မက် (၁၂)
ကောသလမင်း အိပ်မက် (၁၂)
နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ အမျိုးယုတ်သော သူတို့ကိုသာ ရာထူး စည်းစိမ် ပေးသည် ဖြစ်၍ အမျိုးယုတ်တို့ တန်ခိုး အာဏာ ကြီးမား ထင်ပေါ် အရာရာတွင် တွင်ကျယ်လျက် ၄င်းတို့ စကားသာလျှင် ဘုးတောင်း နစ်သကဲသို့ နစ်၍ တည်ကုန်လတ္တံ့။
၁၃)
ကောသလမင်း အိပ်မက် (၁၃)
ကောသလမင်း အိပ်မက် (၁၃)
နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ တော်မှန် လိမ္မာ ပညာရှိသော သူတို့၏ စကားသည် မည်သည့် အရာ၌ မဆို လေးသော ကျောက်ဖျာ ရေတွင် ပေါ်သကဲ့သို့ နစ်တည် ခြင်းမရှိ၊ မခိုင်မမြဲ ရှိကြကုန် လတ္တံ့။
၁၄)
ကောသလမင်း အိပ်မက် ( ၁၄)
ကောသလမင်း အိပ်မက် ( ၁၄)
၁၅)
ကောသလမင်း အိပ်မက် (၁၅)
ကောသလမင်း အိပ်မက် (၁၅)
၁၆)
ကောသလမင်း အိပ်မက် (၁၆)
ကောသလမင်း အိပ်မက် (၁၆)
ဆရာကြီး ဦးဂိုအင်ကာ၏ ဝိပဿနာ အမေးအဖြေမှ
မေး ။    ။   တကယ်လို့ တစ်စုံတစ်ယောက်က ကျွန်တော်တို့ရဲ့ ဘဝကို ရည်ရွယ်ချက်ရှိရှိနဲ့ ဒုက္ခပေးနေတယ်ဆိုရင် ဘယ်လိုလုပ်ပြီး သည်းခံနိုင်ပါ့မလဲ ။
ဖြေ ။    ။  ခင်ဗျားရဲ့ ပထမဆုံးလုပ်ငန်းက တခြားသူကို ပြုပြင်ဖို့ ကြိုးစားရမှာ မဟုတ်ဘူး ။ ကိုယ့်ကိုယ်ကိုယ် ပြုုပြင်ဖို့ ကြိုးစားရမှာ ။ တစ်စုံတစ်ယောက်က ခင်များကို ဒုက္ခရောက်အောင် လုပ်တယ် ။ ဒါပေမယ့် ခင်များကလည်း ဒုက္ခတွေ ရောက်လာတယ်ဆိုတာဟာ အဲဒီလူရဲ့ကြိုးစားမှုကို ခင်ဗျားက တုံ့ပြန်နေလို့သာ ဖြစ်ပါတယ်။ တကယ်လို့သာ ခင်ဗျားဟာ ခင်များကိုယ်တိုင်ရဲ့ တုံ့ပြန်မှုကိုဘယ်လိုရှုမှတ်ရမယ်ဆိုတာ လေ့လာသင်ကြားထားမယ်ဆိုရင် ဘယ်လိုလူမျိုးကမှ ခင်ဗျားကို ဒုက္ခရောက်အောင် လုပ်နိုင်မယ် မဟုတ်ပေဘူး ။ တကယ်လို့ ခင်ဗျားကာ စိတ်အတွင်းနက်နက်မှာ တည်ကြည်ငြိမ်သက်မျှတမှု ( ဥပေက္ခာတရား ) ကိန်းအောင်းနေအောင် လေ့လာသင်ကြားထားမယ်ဆိုရင် ဘယ်လိုလူမျိုးကမှ ဘယ်လောက်ကြီးတဲ ဒုက္ခတွေ ပေးပေး ခင်များကိုတော့ ဒုက္ခရောက်အောင် လုပ်နိုင်မှာ မဟုတ်တော့ဘူး ။ အခု နည်းစနစ်က ခင်ဗျားကို အကူအညီပေးပါလိမ့်မယ် ။ ခင်ဗျားဟာ အတွင်းနက်နက်မှာ ရှိတဲ့ ဒုက္ခများက လွတ်မြောက်လာတာနဲ့ တစ်ပြိုင်နက် အဲဒီလွတ်မြောက်မှုဟာ တခြားသူများကိုလည်း စတင်အကျိုးသက်ရောက်မှုတွေ ဖြစ်လာတော့တာပါပဲ ။ ခင်ဗျားကို အန္တရာယ်ပြုနေတဲ့လူ ကိုယ်တိုင်လည်း ဖြည်းဖြည်းချင်း စတင်ပြောင်းလဲ လာတော့ပါပဲ ။
မေး ။    ။ စိတ်ဓာတ်ကျဆင်းခြင်း ဆိုတာ ဘာပါလဲ ။ ဒါဟာ အပြင်ပိုင်းပြဿနာလား ၊ အတွင်းပိုင်း ပြဿနာလား ။
ဖြေ  ။    ။ ပြဿနာအားလုံးဟာ အတွင်းက လာတာချည်းပဲ ။ အပြင်ကလာတဲ့ ပြဿနာ မရှိဘူး ။ အတွင်းကို နက်နက် ရှိုင်းရှိုင်းရောက်အောင် သွားပါ။ ခင်ဗျားရဲ့ ဒုက္ခဖြစ်ရခြင်း အကြောင်းအရင်းကို ရှာဖွေပါ ။ အဲဒီအခါ အကြောင်းအရင်းအားလုံးဟာ ခင်ဗျာကိုယ်တွင်းမှာသာ ကိန်းအောင်းနေတာကို ဖယ်ရှားလိုက်ပါ။ ခင်ဗျားဟာ ဒုက္ခတွေက လွတ်မြောက်သွားပါလိမ့်မယ်။
မေး ။    ။ ဆင်းရဲဒုက္ခတွေ ခံစားရခြင်း စစ်မက်တွေ ဖြစ်ပွားခြင်းနဲ့ ပဋိပက္ခတွေဟာ သမိုင်းနဲ့ချီပြီး ကြာညောင်းခဲ့ပါပြီ။ ငြိမ်းချမ်းတဲ့ ကမ္ဘာဆိုတာကို ဆရာကြီး တကယ် ယုံကြည်ပါသလား။
ဖြေ ။    ။ ကောင်းပါပြီ။ လူနည်းနည်းလေးပဲ ဒုက္ခနယ်က လွတ်ာတယ်ဆိုရင်တောင်မှ ဒါဟာ ကောင်းတဲ့ အချက်ပဲ ။ ပတ်ဝန်းကျင်တစ်ခုလုံး အမှောင်ထုကြီးစိုးနေချိန်မှာ မီးအိမ်လေးတစ်ခု ထွန်းညှိလို့ အလင်းရောင်ပေးနိုင်ခဲ့ရင် ဒါဟာ ကောင်းတဲ့ အချက်ပဲ။ ဒီလိုပဲ မီးအိမ်တစ်ခုက ဆယ်ခု ဖြစ်လာမယ် ၊ အခုနှစ်ဆယ်ဖြစ်လာမယ် ဆိုတဲ့ အခါမှာ အမှောင်ထုဟာ ဟိုနေရာတစ်ကွက် ဒီနေရာ တစ်ကွက် ပျောက်ကွယ်စပြုလာပါလိမ့်မယ်။ ကမ္ဘာကြီးတစ်ခုလုံး ငြိမ်းချမ်းလာမယ်လို့တော့ အာမ မခံနိုင်ဘူး ။ ဒါပေမယ့် ခင်ဗျားကိုယ်ခင်ဗျား ငြိမ်းချမ်းအောင် လုပ်နိုင်လေလေ ခင်ဗျားအနေနဲ့ ကမ္ဘာကြီးငြိမ်းချမ်းရေးမှာ ကူညီနိုင်လေလေ ဖြစ်လာပါလိမ့်မယ် ။
<a href=”http://friendsdaygroup.ning.com/profiles/blogs/2293535:BlogPost:792837″&gt; မှ ကိုသီဟ၏ ပို့စ်ကို ကူးယူဖော်ပြပါသည် ။
http://friendsdaygroup.ning.com/profiles/blogs/2293535:BlogPost:792837 မှ ကိုသီဟ၏ ပို့စ်ကို ကူးယူဖော်ပြပါသည် ။
%d bloggers like this: