ဗုဒ္ဓ (၄) မျိုး


ဗုဒ္ဓ (၄) မျိုး

၁။ သုတဗုဒ္ဓ – ပရိယတ္တိ အကြားအမြင် ဗဟုသုတများသော ရဟန်းပုဂ္ဂိုလ် ။
၂။ သာဝကဗုဒ္ဓ – ရဟန္တာအရှင်မြတ်။
၃။ ပစ္စေကဗုဒ္ဓ – အသီးအခြားပွင့်တော်မူသော ဘုရားငယ်။ (သာသနာပ)
၄။ သမ္မာသမ္ဗုဒ္ဓ – သဗ္ဗညုတဉာဏ်တော်နှင့် ပြည့်စုံတော်မူသော ဘုရားကြီး။

စေတီ (၄) ပါး
(အများတကာအလေးအနက်ပြုရာဌာန – စေတီ)
၁။ ဓာတုစေတီတော် – ဓာတ်တော် ၊ စွယ်တော်၊ ဆံတော်။
၂။ ဓမ္မစေတီ – တရားတော် ၊ ပိဋကတ်သုံးပုံ။
၃။ ပရိဘောဂစေတီ – မြတ်စွာဘုရား၏ အသုံးအဆောင် (ဗောဓိညောင်ပင် ပါဝင်သည်)။
၄။ ဥဒ္ဒိသစေတီ – မြတ်စွာဘုရား၏ပုံတူ ရုပ်ပွားဆင်းတုတော်။
ဤနေရာတွင် ဗုဒ္ဓလေးမျိုးနှင့် စေတီလေးပါးကို ဖော်ပြရခြင်းမှာ ဗုဒ္ဓဘာသာဝင် သူတော်စင်တို့သည် ကြည်လင်သော သဒ္ဓါတရားပိုမိုအကျိုးများစေရန် နည်းများမဆို မတွန့်တိုပဲ နိဗ္ဗာန်ကို အာရုံပြု၍ လှူဒါန်းနိုင်စေရန် ဖော်ပြရခြင်းဖြစ်ပေသည်။

အလှူခံပုဂ္ဂိုလ် တစ်ကျိပ်လေးပါး

ဘုရား ၊ ပစ္စေကဗုဒ္ဓါ ၊ အရိယာသာဝက မဂ် (၄)ပါး ၊ အရိယာသာဝကဖိုလ် (၄)ပါး ၊ သာသနာတော်မှအပဖြစ်သော ဈာန်ရ-ရသေ့။ ပရိဗုဇ်။ ပုထုဇဉ်သီလဝန္တ။ ပုထုဇဉ်ဒုသီလ တိရစ္ဆာန်ဟူ၍ (၁၄) ပါးရှိလေသည်။

ထို့ကြောင့် အထက်ပါ (၁၄)ပါးတို့ကို လှူဒါန်းရာတွင် တိရစ္ဆာန်အား ကျွေးမွေးပေးလှူသော အလှူ၏အကျိုးသည် အဆတစ်ရာ တိုးပွားခြင်းဖြစ်စေ၏။ သီလမရှိသောသူအား ပေးလှူခြင်းသည် အကျိုးအဆတစ်ထောင်ဖြစ်၏။ သီလရှိသော ပုထုဇဉ်အား ပေးလှူခြင်းသည် အဆကုဋေတစ်သိန်းမက အကျိုးပေး၏။ ထို့ထက် သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြု၍ ကျင့်သောပုဂ္ဂိုလ်အား ပေးလှူလျှင် မရေမတွက်နိုင်အောင် အကျိုးဖြစ်၏။ သောတပန် ၊ သကဒါဂါမ် ၊ အနာဂါမ် ၊ ရဟန္တာ ၊ ပစ္စေကဗုဒ္ဓါတို့အား လည်းကောင်း ၊ မြတ်စွာဘုရားအားလည်းကောင်း ပေးလှူရသောအကျိုးကား မည်သို့ဆိုဘွယ်ရာ ရှိတော့အံ့နည်း။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: