အဖန်ငါးရာ ဆိုတဲ့ လှန့်လုံးလေး


ဆရာဝန်ကြီး ဦးနေ၀င်း အမေး ။   ။ တချို့ အနောက်နိုင်ငံမှာ စိတ်ရောဂါ တစ်မျိုးဖြင့် ကိုယ့်အသတ်ကို သေကြောင်းကြံကြ ၊ သေကြပါတယ် … အဲဒါ ဗုဒ္ဓဘာသာ တိုင်းပြည်အနေနဲ့တော့ တရားတော်အရ ဘယ်လိုပါလဲ …။
အရှင်ဇနကာ ဘိဝံသ အဖြေ ။   ။ ဗုဒ္ဓဘာသာ တိုင်းပြည်မှာက ကိုယ့်ကိုယ်ကိုယ် သတ်လို့ရှိရင် အဖန်ငါးရာ သေရမယ် ဆိုတဲ့ လှန့်လုံးလေးက ရှိထားတယ် … သတ်လို့ကတော့ ကမ္ဘာငါးရာ နောက်ထပ် မလိုက်ပါဘူး … ရှေးကံက ရှိနေရင်သာ ဘ၀ငါးရာ လိုက်တာပါ  … ရှေးကံ မရှိရင်တော့ သေဖို့တော့ မလိုက်ပါဘူး … မြန်မာလူမျိုးတွေမှာ အထိုက်အလျောက် ကံတို့ ဘာတို့ ယုံကြည်ထားတော့ ကံကောင်းရင် ပြန်ကောင်းအုံးမှာပဲ ဆိုတဲ့ မျှော်လင့်ချက်ကလေးက ရှိတယ် … ရှိတော့ ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့ လူက အင်မတန် နည်းတယ် … နိုင်ငံခြားမှာတော့ ဒီလို မျှော်လင့်ချက်ကလည်း မရှိတော့ ၊ အို … သေတာပဲ ကောင်းတယ် ၊ သေရင် သူတို့က ပြီးတယ် ထင်ပြီးတော့လေ သတ်ကြတယ် ၊ ဒါဟာ အတွေ့အကြုံ ဗဟုသုတ လိုက်ပြီး ကွာသွားကြတာ …။

ကျမ်းကိုး  ။   ။ သိပံ္ပနှင့်  ဗုဒ္ဓအဘိဓမ္မာ အဖြေများ ၊

အမရပူရ မဟာဂန္ဓာရုံ ဆရာတော် အရှင်ဇနကာ ဘိဝံသ

မစန္ဒာ ကိုယ်စားတင်ပေးခြင်းဖြစ်ပါသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: