အထုံ


ကျွန်မတို့ နေ့စဉ်ပြုမူနေကြတဲ့ အပြုအမူ ၊ အပြောအဆိုတွေမှာ အတတ်ဘဝက အပြုအမူ ၊ အပြောအဆိုတွေ ပါဝင်နေတတ်ကြပါတယ် … အတိတ်ဘဝက တရားမှ ပျော်မွေ့သူဟာ ယခုဘဝမှာလည်း ဘုရား ၊ တရားနဲ့ မွေ့လျော်သောသူ ဖြစ်တတ်ပါတယ်…. အတတ်ဘဝက စိတ်ကောင်းထားတဲ့သူဟာ ယခုဘဝမှာလည်း စိတ်ကောင်းရှိတတ်ကြပါတယ် … အတိတ်ဘဝက အလှကြိုက်တဲ့သူဟာ ဒီဘဝမှာလည်း အလှကြိုက်တတ်ကြပါတယ် … အတိတ်ဘဝက အပြောအဆိုကြမ်းတမ်းသူဟာ ယခုဘဝမှာလည်း အပြောအဆို ကြမ်းတမ်းတတ်ပါတယ် … အဲလို လိုက်ဖြစ်တတ်တာကို အထုံ လို့ ခေါ်ပါတယ် … အထုံဓါတ်တွေဟာ လိုက်တတ်တဲ့ သဘောရှိပါတယ် … ထင်ရှားအောင် သာဓက ပြပါအံ့…။
မြတ်စွာဘုရားရှင် လက်ထက်တော်က ဒါယကာတစ်ယောက်ရှိပါတယ် … သူက သရဏဂုံလည်း တည်ပါတယ် ၊ ငါးပါးသီလလည်း လုံခြုံပါတယ် ၊ မြတ်စွာဘုရားကိုလည်း မြတ်နိုးပါတယ် ၊ တရားကိုလည်း မြတ်နိုးပါတယ် ၊ သံဃာကိုလည်း မြတ်နိုးပါတယ် ၊ ဒါပေမယ့် သူ့မယားကတော့ ဖောက်ပြန်ပါတယ် ၊ မယားပြဿနာ နှိပ်စက်နေလို့ သွားနေကြ မြတ်စွာဘုရားဆီတောင် (၇) ရက်လောက် မရောက်နိုင်ဘူး ဖြစ်နေပါတယ် …။
တစ်နေ့လောက်မှာ ဒကာက မြတ်စွာဘုရားဆီသွားပါတယ် … (၇)ရက် ၊ (၈) ရက်လောက် ပျောက်နေတာဖြစ်တော့ မြတ်စွာဘုရားရှင်က “ဒကာ ၊ (၇) ရက် (၈) ရက်လုံး ဘာလို့ မလာတာလဲ” လို့ မေးပါတယ်…။
ဒကာက “တပည့်တော်ရဲ့ မယားဟာ ဖောက်ပြန်နေပါတယ် ဘုရား ၊ ဒီအတွက် စိတ်ညစ်ပြီး မလာတာပါ ဘုရား ” လို့ ပြန်လျှောက်ပါတယ် …။
ဒီတော့ ဘုရားရှင်က ” ဒကာ ၊ မိန်းမတို့မည်သည် ဖောက်ပြန်တတ်တယ် လို့ နှလုံးသွင်းပြီး အဲဒီမိန်းမတွေ အပေါ် ဒေါသ မထွက်ပါနဲ့ ၊ လျစ်လျူရှုနေတာပဲ သင့်တယ် ၊ သင့်ရဲ့ မိန်းမဟာ ရှေးဘဝကလည်း ဖောက်ပြန်ခဲ့ဖူးတယ် ၊ သင့်က ဘဝခြားသွားလို့ မမှတ်မိတော့တာ” လို့ ဟောတော်မူပြီး အတိတ်ဇာတ်ကြောင်းကို ပြန်ဟောပြပါတယ်…။
ဗာရာဏသီပြည်မှာ ဗြဟ္မမင်း မင်းပြုနေတဲ့ အချိန်မျာ ဘုရားအလောင်းက ဒိသာပါမောက္ခဆရာဖြစ်နေပါတယ် … ဆရာကြီးရဲ့ တပည့်တစ်ယောက်က သူ့ရဲ့ဇနီးဖောက်ပြန်လို့ စိတ်ညစ်ပြီး နှစ်ရက် ၊ သုံးရက် ဆရာ့ဆီကို မလာပါဘူး … ။
တစ်နေ့မှာတော့ ဆရာ့ဆီကို ရောက်လာပါတယ် … ဆရာက မလာဖြစ်ရတဲ့ အကြောင်းအရင်းကို မေးတော့ မယားဖောက်ပြန်လို့ စိတ်ညစ်ပြီး မလာဖြစ်ကြောင်း ပြန်ပြောပါတယ် … ဒီတော့ ဆရာက “မိန်းမတွေဟာ လူခပ်သိမ်းနဲ့ ဆက်ဆံတတ်တဲ့ သဘောရှိတယ် ၊ စိတ်မဆိုးပါနဲ့ ” လို့ ဆုံးမပါတယ် …။
နောက် မြတ်စွာဘုရားရှင်က ပြန်ပြီး ဇာတ်ပေါင်းပြပါတယ် … အတိတ်ဝတ္ထုထဲမှာ ပါတဲ့ လင်မယားဟာ ယခု ပစ္စုပ္ပန်ဘဝမှာလည်း လင်မယားပါပဲ တဲ့ …။ မြတ်စွာဘုရားကတော့ ဒကာရဲ့ ဆရာ ဒိသာပါမောက္ခပါတဲ့ …။

ဒီဝတ္ထုလေးကို ထောက်ပြီး ဒီဘဝအပြုအမူတွေဟာ အတိတ် အတိတ်ဘဝတွေနဲ့လည်း ဆိုင်နေပါတယ် … ဒါကို ကိုယ်က အထူးသတိထားရပါမယ် …။

အတိတ်အတိတ်ဘဝတွေက သဒ္ဓါတရားကောင်းနေတတ်ပါတယ် ၊ ဒီဘဝ သဒ္ဓါတရားကောင်းရင် နောက်ဘဝလည်း သဒ္ဓါတရားကောင်းနေဦးမှာပါပဲ … အတိတ်ဘဝက သီလစောင့်ထိန်းခဲ့ရင် ဒီဘဝမှာလည်း သီလစောင့်ထိန်းတတ်ပါတယ် … ဒီဘဝ သီလစောင့်ထိန်းရင် နောက်ဘဝတွေမှာလည်း သီလစောင့်ထိန်းဦးမှာပါ … အတိတ်ဘဝတွေက ဝိပဿနာပွားများအားထုတ်ခဲ့ရင် ဒီဘဝမှာလည်း အားထုတ်တတ်ပါတယ် … ဒီဘဝအားထုတ်ရင် နောက်ဘဝမှာလည်း အားထုတ်ဦးမှာပါ…။
ကုသိုလ်အထုံဓါတ် ၊ အကုသိုလ်အထုံဓါတ်တွေဟာ ဘဝအဆက်ဆက် အထုံလိုက်တတ်ပါတယ် … အတတ်ဘဝပါလာတဲ့ အကုသိုလ်အထုံဓါတ်တွေကို အသိဉာဏ်ရှိတဲ့ ယခုဘဝမှာ နောက်ဘဝအထိ ဆက်မပါသွားအောင် ဖြတ်ချနိုင်ရပါမယ်… အဲဒီလို ဖြတ်ချဖို့အတွက်….

(၁) ဆင်ခြင်၍ ပယ်ခြင်း

ကိုယ့်မှာ ရှိတဲ့ စရိုက်ဆိုးကို လက်မခံချင်တဲ့ စိတ် ၊ အလိုမရှိတဲ့စိတ် ၊ ပစ်ပယ်ချင်တဲ့ စိတ်ရှိဖု့ိက ပထမပါ ၊ ပယ်ချင်တဲ့ စိတ်ရှိရင် ပယ်လို့ရသွားပါပြီ … ဥပမာ – ကိုယ်က မနာလိုဝန်တိုစိတ်ရှိတဲ့ သူ ဆိုပါတော့ ၊ မြတ်စွာဘုရားကို ရေချမ်း ၊ ပန်း ၊ ဆီမီး တစ်ခုခု ကပ်လှုပူဇော်ပြီး ” ဤကုသိုလ်ကောင်းမှုကြောင့် မနာလို ဝန်တို ကင်းစင်သူ ဖြစ်ရပါလို၏ ” လို့ မြတ်စွာဘုရားဆီမှာ အခါအခွင့်သင့်တိုင်း ဆုတောင်းပါ ၊ ဒါက စရိုက်ဆိုးကို မလိုချင်ဘူး ဆိုတဲ့စိတ် အရင်မွေးမြူလိုက်တာပါ ၊ ဆုတောင်းလိုက်ရရင်ပဲ စိတ်က အလိုလိုပေါ့သွားပါပြီ ။ တကယ်လို့ မနာလိုဝန်တိုစိတ် ဝင်လာတာနဲ့ ” မနာလိုဝန်တိုစိတ် ဆိုတာ အကုသိုလ် တရားပဲ ၊ အပြစ်နှင့် တကွ မကောင်းသော အကျိုးပေးခြင်း လက္ခဏာ ရှိတယ် ၊ နောက်ဘဝအထိလည်း အထုံလိုက်တယ် ၊ မကောင်းဘူး ၊ မလိုချင်ဘူး ” စသည် ဆင်ခြင်လိုက်ပါ … ဆင်ခြင်တာဟာ ပယ်ချင်တဲ့သူအတွက် သိပ်အကျိုးကျေးဇူးများပါတယ် … ဆင်ခြင်စမှာ မပျောက်ပေမယ့် ဆင်ခြင်မှုရက်တွေ ကြာလာတဲ့အခါ ပျောက်သွားပါလိမ့်မယ် … ။

(၂) ပွားများ၍ ပယ်ခြင်း

ဖြစ်နေတဲ့ ဝန်တိုစိတ်လေးကို စိတ်နဲ့ တည့်တည့်ကြည့်လိုက်ပါ ၊ မိပြီဆိုရင် ဖြစ်နေတဲ့ စိတ်လေးကို သတိကပ်ပြီး “မနာလို ဝန်တိုစိတ်လေးက ဘယ်လိုလေးလဲ ၊ ဘယ်လိုလေးဖြစ်နေတာလဲ ” သဘောလေး သိအောင် လုပ်ပါ ၊ ဖြစ်နေတဲ့ စိတ်လေးကို သိသိပြီး ပယ်တာဟာ ပွားများပြီး ပယ်တာပါပဲ ။ ပွားများပြီး ပယ်တဲ့အခါ ဖြစ်နေတဲ့စိတ်က ပျောက်ချင်လည်း ပျောက်မယ် ၊ မပျောက်ဘူး ၊ ပျောက်တာ မပျောက်တာ ကိုယ့်အလုပ် မဟုတ်ပါဘူး ၊ ဖြစ်နေတဲ့ စိတ်ကို သိသိ နေဖု့ိက ကိုယ့်အလုပ်ပါ ၊ သိပါများလာရင် လျော့လျော့ပြီး သွားပါလိမ့်မယ်။

ပယ်နည်း နှစ်နည်းထဲက ကြိုက်တဲ့ နည်းနဲ့သာ ပယ်ပါ ၊ရတဲ့ နည်းနဲ့ ပယ်သွားဖို့က အရေးကြီးပါတယ် ၊ နောက်ဘဝအထိ အထုံပါမသွားအောင်လို့ပါ ။

*** အရှည်ကို ဆရာတော် ရဝေနွယ် (အင်းမ) ရဲ့ စိတ်ညစ်ရင် ရေချိုးပါ မှာ ဖတ်ရှုနိုင်ပါတယ်…။

One Response

  1. မှတ်သားဖွယ်ရာ ဆရာတော် ရဝေနွယ်ရဲ့စာကို ဖတ်မှတ်သွားပါတယ်. ဖြန့်ဝေပေးမှုများ အတွက် ကျေးဇူးပါ။ ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: