သပၸဳရိသသုတ္ – (သူေတာ္ေကာင္း)

သူေတာ္ေကာင္းသည္…
ရဟန္းတို႔ သူေတာ္ေကာင္းသည္ အမ်ဳိး၌ ျဖစ္ေပၚလာသည္ ရွိေသာ္ မ်ားစြာေသာ လူအေပါင္း၏ အက်ဳိးစီးပြါး ခ်မ္းသာျခင္း အလို႔ငွါ ျဖစ္၏၊ အမိအဖတို႔၏ အက်ဳိးစီးပြါး ခ်မ္းသာျခင္း အလို႔ငွါ ျဖစ္၏၊ သားမယား၏ အက်ဳိးစီးပြါး ခ်မ္းသာျခင္း အလို႔ငွါ ျဖစ္၏၊ ကြၽန္အမႈလုပ္ ေယာက်္ားတို႔၏ အက်ဳိးစီးပြါး ခ်မ္းသာျခင္း အလို႔ငွါ ျဖစ္၏၊ အေဆြခင္ပြန္း ခ်စ္ကြၽမ္းဝင္သူတို႔၏ အက်ဳိးစီးပြါး ခ်မ္းသာျခင္း အလို႔ငွါ ျဖစ္၏၊ ေရွးက ေသလြန္ၿပီးေသာ အေဆြအမ်ဳိးတို႔၏ အက်ဳိးစီးပြါး ခ်မ္းသာျခင္း အလို႔ငွါ ျဖစ္၏၊ မင္း၏ အက်ဳိးစီးပြါး ခ်မ္းသာျခင္း အလို႔ငွါ ျဖစ္၏၊ နတ္တို႔၏ အက်ဳိးစီးပြါး ခ်မ္းသာျခင္း အလို႔ငွါ ျဖစ္၏၊ သမဏျဗာဟၼဏတို႔၏ အက်ဳိးစီးပြါး ခ်မ္းသာျခင္း အလို႔ငွါ ျဖစ္၏။

မိုးရြာျခင္းသည္…
ရဟန္းတို႔ အလံုးစံုေသာ ေကာက္ စပါးတို႔ကုိ ျပည့္စံုေစတတ္ေသာ ရြာသြန္းေသာ မုိးႀကီးသည္ မ်ားစြာေသာ လူအေပါင္း၏ အက်ဳိးစီးပြါး ခ်မ္းသာျခင္း အလို႔ငွါ ျဖစ္သကဲ့သို႔ ရဟန္းတို႔ ဤအတူသာလွ်င္ သူေတာ္ေကာင္းသည္ အမ်ဳိး၌ ျဖစ္ေပၚ လာသည္ ရွိေသာ္ မ်ားစြာေသာ လူအေပါင္း၏ အက်ဳိးစီးပြါး ခ်မ္းသာျခင္း အလို႔ငွါ ျဖစ္၏၊ အမိအဖတို႔၏ အက်ဳိးစီးပြါး ခ်မ္းသာျခင္း အလို႔ငွါ ျဖစ္၏၊ သားမယား၏ အက်ဳိးစီးပြါး ခ်မ္းသာျခင္း အလို႔ငွါ ျဖစ္၏၊ ကြၽန္အမႈလုပ္ ေယာက်္ားတို႔၏ အက်ဳိးစီးပြါး ခ်မ္းသာျခင္း အလို႔ငွါ ျဖစ္၏၊ အေဆြခင္ပြန္း ခ်စ္ကြၽမ္းဝင္သူတို႔၏ အက်ဳိးစီးပြါး ခ်မ္းသာျခင္း အလို႔ငွါ ျဖစ္၏၊ ေရွးက ေသလြန္ၿပီးေသာ အေဆြအမ်ဳိးတို႔၏ အက်ဳိးစီးပြါး ခ်မ္းသာျခင္း အလို႔ငွါ ျဖစ္၏၊ မင္း၏ အက်ဳိးစီးပြါး ခ်မ္းသာျခင္း အလို႔ငွါ ျဖစ္၏၊ နတ္တို႔၏ အက်ဳိးစီးပြါး ခ်မ္းသာျခင္း အလို႔ငွါ ျဖစ္၏၊ သမဏျဗာဟၼဏတို႔၏ အက်ဳိးစီးပြါး ခ်မ္းသာျခင္း အလို႔ငွါျဖစ္၏ ဟု မိန္႔ေတာ္မူ၏။

ပညာရွိပုဂၢိဳလ္သည္…
အိမ္၌ေနေသာ ပညာရွိပုဂၢိဳလ္သည္ စင္စစ္အားျဖင့္ မ်ားစြာေသာ လူတို႔၏ အက်ဳိးငွါ ျဖစ္၏။ ေန႔ညဥ့္တို႔ပတ္လံုး ပ်င္းရိျခင္း မရွိေသာ ပညာရွိသည္ ေရွးဦးစြာ အမိအဖတို႔အား ေရွး၌ ျပဳဖူးေသာ ေက်းဇူးကုိ အဖန္တလဲလဲ ေအာက္ေမ့သည္ ျဖစ္၍ အေၾကာင္း အားေလ်ာ္စြာ ပူေဇာ္၏၊ အိမ္ရာ မေထာင္ဘဲ ရဟန္းျပဳေသာ ျမတ္ေသာ အက်င့္ကိုိ က်င့္ေသာ ပုဂၢိဳလ္တို႔ကုိ အ႐ိုအေသျပဳ၏။ သက္ဝင္ ယံုၾကည္ေသာ သဒၶါတရားရွိေသာ သီလကုိ ခ်စ္သူသည္ တရားတို႔ကုိ သိ၍ သူေတာ္ေကာင္းတို႔ကုိ ပူေဇာ္၏၊ မင္း၏ အစီးအပြါးကုိ ေဆာင္၏၊ နတ္တို႔၏ အစီးအပြါးကုိ ေဆာင္၏၊ အေဆြအမ်ဳိး မိတ္ေဆြတို႔၏ အစီးအပြါးကုိ ေဆာင္၏။ သူေတာ္ေကာင္းတရား၌ ေကာင္းစြာ တည္ေသာ ထိုသူသည္ အလံုးစံုေသာ သူတို႔၏ အစီးအပြါးကုိ ေဆာင္၏၊ ထိုသူသည္ ဝန္တိုမႈ ‘မစၧရိယ’ အညစ္အေၾကးကုိ ပယ္ေဖ်ာက္၍ ေအးၿငိမ္းေသာ ေလာကသို႔ ေရာက္ရ၏။

သပၸဳရိသသုတ္၊ ဒါနဝဂ္၊ အ႒ကနိပါတ္၊ အဂၤုတၱိဳရ္ပါဠိေတာ္

Advertisements

အလှူစင်ကြယ် ၊ မစင်ကြယ်

ကြည်ညိုဖွယ်ကောင်းတဲ့ အလှူခံပုဂ္ဂိုလ်ဆိုတာ ရခဲတယ်။ အလှူခံပုဂ္ဂိုလ်ရှိပင်ရှိသော်လည်း ကိုယ့်မှာလှူဖွယ်ပစ္စည်းမရှိလို့ မလှူဖြစ်တာလဲရှိတယ်။ လှူဖွယ်ပစ္စည်းတော့ရှိပါ၏၊ ကြည်ညိုဖွယ်ကောင်းတဲ့ အလှူခံပုဂ္ဂိုလ်နဲ့ မဆုံလို့ မလှူဖြစ်တာလဲရှိတယ်နော်။ လှူဖွယ်ပစ္စည်းကလဲမရှိဘူး၊ အလှူခံပုဂ္ဂိုလ်နဲ့လဲ မကြုံလို့ မလှူဖြစ်တာလဲရှိတယ်နော်၊ မရှိဘူးလား။

အလှူဒါနမှာ အလှူဒကာ သီလရှိရင် အလှူခံက ဒုဿီလဖြစ်နေပေမယ့် ထိုအလှူသည် အလှူဒကာကြောင့် စင်ကြယ်လို့ အကျိုးကြီးနိုင်ပါတယ်။ နောက်တစ်ခါ အလှူဒကာက ဒုဿီလဖြစ်ပေမယ့် အလှူခံက သီလနဲ့ ပြည့်စုံပါက ထိုအလှူသည် အလှူခံပုဂ္ဂိုလ်ကြောင့်စင်ကြယ်လို့ အကျိုးကြီးဖြစ်နိုင်ပါတယ်။ နောက်တစ်ခါ အလှူဒကာကလဲ ဒုဿီလ၊ အလှူခံပုဂ္ဂိုလ်ကလဲ ဒုဿီလဖြစ်ခဲ့လျှင် ထိုအလှူသည် နှစ်ဦးစလုံးမစင်ကြယ်လို့ အကျိုးမကြီးနိုင်ဘူး၊ ဟုတ်ပြီလား၊ နောင်တစ်ခါ အလှူဒကာကလည်း သီလရှိ၊ အလှူခံပုဂ္ဂိုလ်ကလဲ သီလရှိခဲ့လျှင် ထိုအလှူသည်နှစ်ဦးစလုံး အထူးစင်ကြယ်လို့ ပို၍အကျိုးကြီးနိုင်တယ်နော်။

ဓမ္မဒူတ-အရှင်ပညာဇောတ ၏ ထာဝရ ဓမ္မဒိုင်ရာရီ မှကောက်နှုတ်ချက်

အလွဴစင္ၾကယ္ ၊ မစင္ၾကယ္

ၾကည္ညိဳဖြယ္ေကာင္းတဲ့ အလွဴခံပုဂၢိဳလ္ဆိုတာ ရခဲတယ္။ အလွဴခံပုဂၢိဳလ္ရွိပင္ရွိေသာ္လည္း ကိုယ့္မွာလွဴဖြယ္ပစၥည္းမရွိလို႔ မလွဴျဖစ္တာလဲရွိတယ္။ လွဴဖြယ္ပစၥည္းေတာ့ရွိပါ၏၊ ၾကည္ညိဳဖြယ္ေကာင္းတဲ့ အလွဴခံပုဂၢိဳလ္နဲ႔ မဆံုလို႔ မလွဴျဖစ္တာလဲရွိတယ္ေနာ္။ လွဴဖြယ္ပစၥည္းကလဲမရွိဘူး၊ အလွဴခံပုဂၢိဳလ္နဲ႔လဲ မၾကံဳလို႔ မလွဴျဖစ္တာလဲရွိတယ္ေနာ္၊ မရွိဘူးလား။

အလွဴဒါနမွာ အလွဴဒကာ သီလရွိရင္ အလွဴခံက ဒုႆီလျဖစ္ေနေပမယ့္ ထိုအလွဴသည္ အလွဴဒကာေၾကာင့္ စင္ၾကယ္လို႔ အက်ိဳးၾကီးႏိုင္ပါတယ္။ ေနာက္တစ္ခါ အလွဴဒကာက ဒုႆီလျဖစ္ေပမယ့္ အလွဴခံက သီလနဲ႔ ျပည့္စံုပါက ထိုအလွဴသည္ အလွဴခံပုဂၢိဳလ္ေၾကာင့္စင္ၾကယ္လို႔ အက်ိဳးၾကီးျဖစ္ႏိုင္ပါတယ္။ ေနာက္တစ္ခါ အလွဴဒကာကလဲ ဒုႆီလ၊ အလွဴခံပုဂၢိဳလ္ကလဲ ဒုႆီလျဖစ္ခဲ့လွ်င္ ထိုအလွဴသည္ ႏွစ္ဦးစလံုးမစင္ၾကယ္လို႔ အက်ိဳးမၾကီးႏိုင္ဘူး၊ ဟုတ္ၿပီလား၊ ေနာင္တစ္ခါ အလွဴဒကာကလည္း သီလရွိ၊ အလွဴခံပုဂၢိဳလ္ကလဲ သီလရွိခဲ့လွ်င္ ထိုအလွဴသည္ႏွစ္ဦးစလံုး အထူးစင္ၾကယ္လို႔ ပို၍အက်ဳိးၾကီးႏိုင္တယ္ေနာ္။

ဓမၼဒူတ-အရွင္ပညာေဇာတ ၏ ထာ၀ရ ဓမၼဒိုင္ရာရီ မွေကာက္ႏႈတ္ခ်က္

စေတီ တန်ခိုး ပြခြင်း

မိလိန္ဒမင်းကြီး အမေး ၊ အရှင်နာဂသိန် အဖြေဖြစ်ပါသည်…

“ဘန္တေ နာဂသေန- အလုံးစုံသော ဘုရားရှင်တို့၏ စေတီ၌ တန်ခိုးပြာဋိဟာ ပြပါသလော”

“မဟာရာဇာ- အချို့သော စေတီ၌ ပြ၍ အချို့သော စေတီ၌ မပြပါ”

“ဘန္တေ – ဘယ်ကဲ့သို့ စေတီ၌ပြ၍ ဘယ်ကဲ့သို့ စေတီ၌ မပြသနည်း”

“မဟာရာဇ – ရဟန္တာ ,  နတ်ဒေဝါနှင့် သဒ္ဓါတရား ထက်သန်သူ ဤသုံးဦးတို့ အဓိဋ္ဌာန်ပြုသောကြောင့် ဘုရားရှင်တို့၏ စေတီ၌ တန်ခိုးပြာဋိဟာ ပြသည်။ ရဟန္တာသည် နတ်လူတို့အား အစဉ်သနားသဖြင့် ရပ်တည်တော်မူလျက် ” ဤမည်သော တန်ခိုးပြာဋိဟာသည် ဤစေတီ၌ ဖြစ်စေသတည်း ” ဟု အဓိဋ္ဌာန်ပြုသည်။ နတ်တို့သည် လူတို့အား အစဉ်သနားသဖြင့် စေတီ၌ ဤတန်ခိုးပြာဋိဟာဖြင့် သူတော်ကောင်းတရားတည်းဟူသော သာသနာသည် အမြဲချီးမြှောက်အပ်သည် ဖြစ်လိမ့်မည် ။ လူတို့ ကြည်ညို၍ ကုသိုလ်တိုးပွားလိမ့်မည်ဟု အဓိဋ္ဌာန်ပြု တန်ခိုးပြာဋိဟာ ပြသည်။ နောက်တစ်မျိုးမှာ မိန်းမဖြစ်စေ ၊ ယောက်ျားဖြစ်စေ ရတနာသုံးပါး၌ ကြည်ညိုသော ပညာရှိသည် ပန်းနံ့သာ ၊ အဝတ်ပုဆိုးစသော လှုဖွယ်ဝတ္ထုကို တင်မြှောက်၍ ဤသို့သော တန်ခိုးပြာဋိဟာ ပြပါစေ သတည်းဟု အဓိဋ္ဌာန်သည် ။ မင်းကြီး – ဤသုံးဦး၏ ထိုသို့ အဓိဋ္ဌာန်ပြုခြင်းမရှိက တန်ခိုးမပြနိုင်ပါ။ ထို့ပြင် ရဟန္တာတို့၏ စေတီ၌လည်း တန်ခိုးပြခြင်းမရှိပါ”

ကျမ်းကိုး။     ။ မိလိန္ဒပဉှာ ၊ ရေးသားပြုစုသူ —> ဦးသော်ဇင်

မိလိန္ဒပဉှာသည် အမှန်တကယ်ပင် မိလိန္ဒအမည်ရှိသော မင်းကြီးက မေး၍ အရှင်နာဂသေန အမည်ရှိသော ရဟန်းတပါးက ဖြေဆိုသော အမေးအဖြေကျမ်းဖြစ်သည်ဟု ယူဆရန် ခက်လှပါသည် ဟု ရေးသားပြုစုသူ ဦးသော်ဇင်က ဆိုပါသည် ။ သို့သော် ငါတို့ထံသို့ စားသောက်ဖွယ်ရာများ အဆင်သင့်ရောက်ရှိနေပါသည် ။ ယင်းတို့သည် ပြစ်ကင်း၍ သန့်ရှင်းစင်ကြယ်ပြီး အမွှေးအကြိုင်တို့ဖြင့် လှိုင်နေ၏ ။ ငါတို့လည်း ဆာလောင်မွတ်သိပ်၍ စားသောက်ချင်ကြပါသည် ။ အိမ်ရှင်ကလည်း သဒ္ဒါကြည်ဖြူ ပေးလှုနေသည် ။ သို့သော်လည်း ငါတို့သည် မစားမသောက်ကြသေးပါ ။ ဤအကြောင်းကား ထိုစားသောက်ဖွယ်တို့ကို စီရင်ပြုလုပ်သူ၏ သမိုင်း အတ္ထုပတိ္တကို မသိရသေးသောကြောင့်ဖြစ်သည် ။ ယင်းသို့ မဖြစ်သင့်ပါ ။ အသင့်ဖြစ်နေပါသော မိလိန္ဒပဉှာ၏ အနှစ်သာရကို အပြည့်အဝ ခံစားသင့်ကြပါသည် ။ ထိုတွင် အရိုးအရင်းတွေ့ပါက ဖယ်ပစ်လိုက်ရုံသာ ဟုလည်း ဆိုထားပါသည် ။

ေစတီ တန္ခုိး ျပျခင္း

မိလိႏၵမင္းၾကီး အေမး ၊ အ႐ွင္နာဂသိန္ အေျဖျဖစ္ပါသည္…

“ဘေႏၱ နာဂေသန- အလံုးစံုေသာ ဘုရား႐ွင္တုိ႔၏ ေစတီ၌ တန္ခိုးျပာဋိဟာ ျပပါသေလာ”

“မဟာရာဇာ- အခ်ိဳ႕ေသာ ေစတီ၌ ျပ၍ အခ်ိဳ႕ေသာ ေစတီ၌ မျပပါ”

“ဘေႏၱ – ဘယ္ကဲ့သုိ႔ ေစတီ၌ျပ၍ ဘယ္ကဲ့သုိ႔ ေစတီ၌ မျပသနည္း”

“မဟာရာဇ – ရဟႏၱာ ,  နတ္ေဒ၀ါႏွင့္ သဒၶါတရား ထက္သန္သူ ဤသံုးဦးတုိ႔ အဓိ႒ာန္ျပဳေသာေၾကာင့္ ဘုရား႐ွင္တုိ႔၏ ေစတီ၌ တန္ခိုးျပာဋိဟာ ျပသည္။ ရဟႏၱာသည္ နတ္လူတုိ႔အား အစဥ္သနားသျဖင့္ ရပ္တည္ေတာ္မူလ်က္ ” ဤမည္ေသာ တန္ခိုးျပာဋိဟာသည္ ဤေစတီ၌ ျဖစ္ေစသတည္း ” ဟု အဓိ႒ာန္ျပဳသည္။ နတ္တုိ႔သည္ လူတုိ႔အား အစဥ္သနားသျဖင့္ ေစတီ၌ ဤတန္ခိုးျပာဋိဟာျဖင့္ သူေတာ္ေကာင္းတရားတည္းဟူေသာ သာသနာသည္ အျမဲခ်ီးေျမႇာက္အပ္သည္ ျဖစ္လိမ့္မည္ ။ လူတုိ႔ ၾကည္ညိဳ၍ ကုသိုလ္တိုးပြားလိမ့္မည္ဟု အဓိ႒ာန္ျပဳ တန္ခိုးျပာဋိဟာ ျပသည္။ ေနာက္တစ္မ်ိဳးမွာ မိန္းမျဖစ္ေစ ၊ ေယာက္်ားျဖစ္ေစ ရတနာသံုးပါး၌ ၾကည္ညိဳေသာ ပညာ႐ွိသည္ ပန္းနံ႕သာ ၊ အ၀တ္ပုဆိုးစေသာ လႈဖြယ္၀တၳဳကုိ တင္ေျမွာက္၍ ဤသုိ႔ေသာ တန္ခိုးျပာဋိဟာ ျပပါေစ သတည္းဟု အဓိ႒ာန္သည္ ။ မင္းၾကီး – ဤသံုးဦး၏ ထုိသုိ႔ အဓိ႒ာန္ျပဳျခင္းမ႐ွိက တန္ခိုးမျပႏုိင္ပါ။ ထုိ႔ျပင္ ရဟႏၱာတုိ႔၏ ေစတီ၌လည္း တန္ခိုးျပျခင္းမ႐ွိပါ”

က်မ္းကုိး။     ။ မိလိႏၵပဉႇာ ၊ ေရးသားျပဳစုသူ —> ဦးေသာ္ဇင္

မိလိႏၵပဉႇာသည္ အမွန္တကယ္ပင္ မိလိႏၵအမည္႐ွိေသာ မင္းၾကီးက ေမး၍ အ႐ွင္နာဂေသန အမည္႐ွိေသာ ရဟန္းတပါးက ေျဖဆုိေသာ အေမးအေျဖက်မ္းျဖစ္သည္ဟု ယူဆရန္ ခက္လွပါသည္ ဟု ေရးသားျပဳစုသူ ဦးေသာ္ဇင္က ဆုိပါသည္ ။ သုိ႔ေသာ္ ငါတုိ႔ထံသုိ႔ စားေသာက္ဖြယ္ရာမ်ား အဆင္သင့္ေရာက္႐ွိေနပါသည္ ။ ယင္းတုိ႔သည္ ျပစ္ကင္း၍ သန္႔႐ွင္းစင္ၾကယ္ျပီး အေမႊးအၾကိဳင္တုိ႔ျဖင့္ လိႈင္ေန၏ ။ ငါတုိ႔လည္း ဆာေလာင္မြတ္သိပ္၍ စားေသာက္ခ်င္ၾကပါသည္ ။ အိမ္႐ွင္ကလည္း သဒၵါၾကည္ျဖဴ ေပးလႈေနသည္ ။ သုိ႔ေသာ္လည္း ငါတုိ႔သည္ မစားမေသာက္ၾကေသးပါ ။ ဤအေၾကာင္းကား ထုိစားေသာက္ဖြယ္တုိ႔ကုိ စီရင္ျပဳလုပ္သူ၏ သမိုင္း အတၳဳပတိၱကုိ မသိရေသးေသာေၾကာင့္ျဖစ္သည္ ။ ယင္းသုိ႔ မျဖစ္သင့္ပါ ။ အသင့္ျဖစ္ေနပါေသာ မိလိႏၵပဉႇာ၏ အႏွစ္သာရကုိ အျပည့္အ၀ ခံစားသင့္ၾကပါသည္ ။ ထုိတြင္ အ႐ိုးအရင္းေတြ႕ပါက ဖယ္ပစ္လုိက္႐ံုသာ ဟုလည္း ဆုိထားပါသည္ ။

%d bloggers like this: