စေတီ တန်ခိုး ပြခြင်း


မိလိန္ဒမင်းကြီး အမေး ၊ အရှင်နာဂသိန် အဖြေဖြစ်ပါသည်…

“ဘန္တေ နာဂသေန- အလုံးစုံသော ဘုရားရှင်တို့၏ စေတီ၌ တန်ခိုးပြာဋိဟာ ပြပါသလော”

“မဟာရာဇာ- အချို့သော စေတီ၌ ပြ၍ အချို့သော စေတီ၌ မပြပါ”

“ဘန္တေ – ဘယ်ကဲ့သို့ စေတီ၌ပြ၍ ဘယ်ကဲ့သို့ စေတီ၌ မပြသနည်း”

“မဟာရာဇ – ရဟန္တာ ,  နတ်ဒေဝါနှင့် သဒ္ဓါတရား ထက်သန်သူ ဤသုံးဦးတို့ အဓိဋ္ဌာန်ပြုသောကြောင့် ဘုရားရှင်တို့၏ စေတီ၌ တန်ခိုးပြာဋိဟာ ပြသည်။ ရဟန္တာသည် နတ်လူတို့အား အစဉ်သနားသဖြင့် ရပ်တည်တော်မူလျက် ” ဤမည်သော တန်ခိုးပြာဋိဟာသည် ဤစေတီ၌ ဖြစ်စေသတည်း ” ဟု အဓိဋ္ဌာန်ပြုသည်။ နတ်တို့သည် လူတို့အား အစဉ်သနားသဖြင့် စေတီ၌ ဤတန်ခိုးပြာဋိဟာဖြင့် သူတော်ကောင်းတရားတည်းဟူသော သာသနာသည် အမြဲချီးမြှောက်အပ်သည် ဖြစ်လိမ့်မည် ။ လူတို့ ကြည်ညို၍ ကုသိုလ်တိုးပွားလိမ့်မည်ဟု အဓိဋ္ဌာန်ပြု တန်ခိုးပြာဋိဟာ ပြသည်။ နောက်တစ်မျိုးမှာ မိန်းမဖြစ်စေ ၊ ယောက်ျားဖြစ်စေ ရတနာသုံးပါး၌ ကြည်ညိုသော ပညာရှိသည် ပန်းနံ့သာ ၊ အဝတ်ပုဆိုးစသော လှုဖွယ်ဝတ္ထုကို တင်မြှောက်၍ ဤသို့သော တန်ခိုးပြာဋိဟာ ပြပါစေ သတည်းဟု အဓိဋ္ဌာန်သည် ။ မင်းကြီး – ဤသုံးဦး၏ ထိုသို့ အဓိဋ္ဌာန်ပြုခြင်းမရှိက တန်ခိုးမပြနိုင်ပါ။ ထို့ပြင် ရဟန္တာတို့၏ စေတီ၌လည်း တန်ခိုးပြခြင်းမရှိပါ”

ကျမ်းကိုး။     ။ မိလိန္ဒပဉှာ ၊ ရေးသားပြုစုသူ —> ဦးသော်ဇင်

မိလိန္ဒပဉှာသည် အမှန်တကယ်ပင် မိလိန္ဒအမည်ရှိသော မင်းကြီးက မေး၍ အရှင်နာဂသေန အမည်ရှိသော ရဟန်းတပါးက ဖြေဆိုသော အမေးအဖြေကျမ်းဖြစ်သည်ဟု ယူဆရန် ခက်လှပါသည် ဟု ရေးသားပြုစုသူ ဦးသော်ဇင်က ဆိုပါသည် ။ သို့သော် ငါတို့ထံသို့ စားသောက်ဖွယ်ရာများ အဆင်သင့်ရောက်ရှိနေပါသည် ။ ယင်းတို့သည် ပြစ်ကင်း၍ သန့်ရှင်းစင်ကြယ်ပြီး အမွှေးအကြိုင်တို့ဖြင့် လှိုင်နေ၏ ။ ငါတို့လည်း ဆာလောင်မွတ်သိပ်၍ စားသောက်ချင်ကြပါသည် ။ အိမ်ရှင်ကလည်း သဒ္ဒါကြည်ဖြူ ပေးလှုနေသည် ။ သို့သော်လည်း ငါတို့သည် မစားမသောက်ကြသေးပါ ။ ဤအကြောင်းကား ထိုစားသောက်ဖွယ်တို့ကို စီရင်ပြုလုပ်သူ၏ သမိုင်း အတ္ထုပတိ္တကို မသိရသေးသောကြောင့်ဖြစ်သည် ။ ယင်းသို့ မဖြစ်သင့်ပါ ။ အသင့်ဖြစ်နေပါသော မိလိန္ဒပဉှာ၏ အနှစ်သာရကို အပြည့်အဝ ခံစားသင့်ကြပါသည် ။ ထိုတွင် အရိုးအရင်းတွေ့ပါက ဖယ်ပစ်လိုက်ရုံသာ ဟုလည်း ဆိုထားပါသည် ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: