အက်ဆစ်လိုလူနှင့် ရေခဲတုံးလိုလူ


တစ်ခါတုန်းက သာဝတ္ထိပြည်မှာ သူဋ္ဌေးတစ်ယောက်ရှိပါတယ်။ သူဋ္ဌေး က သဒ္ဓါတရား သိပ်ကောင်းပါတယ်။ သူ့ရဲ့ဇနီးက မမတ္တာပါတဲ့။ ဒါပေ မယ့် ဇနီးက သဒ္ဒါတရားမရှိသလို ဒေါသလည်း သိပ်ကြီးပါတယ်။ နောက်ဆိုးကျိုးတစ်ခုကတော့ ကလေးမရတာပါဘဲ။

ဒီတော့ သူဋ္ဌေးက မျိုးနွယ်ပြတ်သွားမှာစိုးလို့ အမျိုးတူ အမျိုးသမီး

တစ်ယောက်နဲ့ ထပ်ပြီးလက်ထပ်လိုက်ပြန်ပါတယ်။ နောက်လက်ထပ် လိုက်တဲ့ ဒုတိယဇနီးရဲ့ နာမည်က မတိဿာလို့ခေါ်ပါတယ်။

မတိဿာကတော့ သဒ္ဓတရားကောင်းသလို ရတနာသုံးပါးကို လည်း ကြည်ညိုပါတယ်။

ဒီလိုနဲ့နေလာရင်း မတိဿာမှာကိုယ်ဝန်ရှိလာပြီး သားယောက်ျား

လေးမွေးပါတယ်။ မတိဿာဟာ အိမ့်ထောင့်တာဝန်အပြင် ရဟန်း တော်လေးပါးကိုလည်း နေ့စဉ်ပြုစုဆွမ်းလောင်းလှူပါတယ်။ ဒါကြောင့် ပဲ ယောက်ျားဖြစ်သူက မတိဿာကို အချစ်ပိုသွားရပါတယ်။

ဒီတော့ ကိုယ့်ထက်သာ မနာလိုဆိုတဲ့အတိုင်း မနာလိုဝန်တိုတဲ့ အကုသိုလ်စိတ်တွေ မမတ္တာရဲ့ ရင်ထဲကိုဝင်လာရပါပြီ။ အကုသိုလ်စိတ် တွေ ရင်ထဲဝင်လာတော့စိတ်ကလည်း ဆင်းရဲရပါပြီ။

မတိဿာက ကုသိုလ်စိတ်တွေရင်ထဲမှာ အစဉ်သဖြင့်ရှိနေတဲ့အ တွက် မျက်နှာက အေးနေပါတယ်။          မမတ္တာကတော့ အကုသိုလ်စိတ်တွေ ရင်ထဲပြည့်နေတဲ့အတွက် မျက်နှာကပူနေပါတယ်။

တစ်အိမ်ထဲမှာကို အအေးမျက်နှာနဲ့အပူမျက်နှာ ဖြစ်နေကြတာပါ။တစ်နေ့တော့ မမတ္တာနဲ့ မတိဿာတို့ နှစ်ယောက်ခေါင်းလျှော်ကြ ပါတယ်။ ခေါင်းလျှော်ပြီးတော့ဆံပင်စိုနေတာနဲ့ ရပ်နေလိုက်ကြပါတယ်။

မယားနှစ်ယောက်ကို မြင်လိုက်ရတဲ့ ခင်ပန်းသူဋ္ဌေးက အချစ်ပိုနေ တဲ့ မတိဿာကိုပဲ စကားတွေအကြာကြီး ပြောနေလိုက်ပါတယ်။

ဇနီးမောင်နှံနှစ်ယောက်ကြည်ကြည်နူးနူးပြောနေကြတာကို ကြည့် ရင်းမမတ္တာက သည်းမခံနိုင်တော့ပါဘူး။ အကုသိုလ်စိတ်တွေကလည်း ရင်ထဲကို ဆင့်ကာဆင့်ကာ ၀င်လာပါပြီ။ ဒါကြောင့် ပုံထားတဲ့အမှိုက် တွေနဲ့ မတိဿာပေါ်ကြဲချလိုက်ပါတယ်။

ဒီလိုနဲ့နေလာကြရင်း တစ်နေ့မှတော့ မမတ္တာကွယ်လွန်သွား ပါတယ်။ ကွယ်လွန်တော့ ပြုခဲ့တဲ့ အကုသိုလ်ကံကြောင့်ပဲ ပြိတ္တာဖြစ် သွားရရှာပါတယ်။

မှောင်စပျိုးတဲ့အချိန် မတိဿာရေချိုးနေတဲ့အချိန်မှာ ကိုယ်ထင်ပြ ပြီး “ညီမရယ်၊ အစ်မဟာ လူ့ပြည်မှာတုန်းက ပြုခဲ့တဲ့အကုသိုလ်ကံ ကြောင့် ပြိတ္တာဖြစ်နေရပတယ်။ အစ်မအတွက် သံဃိကအနေနဲ့ ရဟန်း လေးပါး၊ ပုဂ္ဂလိကအနေနဲ့ ရဟန်းလေးပါးကို ကုသိုလ်ပြုပြီး အမျှဝေပေး ပါ” လို့ တောင်းပန်ရှာပါတယ်။

မတိဿာလည်း ခင်းပွန်းဖြစ်သူကို အကျိုးအကြောင်း ပြောပြပြီး ဆွမ်းကျွေးလှူဒါန်းပေးပါတယ်။ ပြုပေးတဲ့ကုသိုလ်ကြောင့်ပဲ ပြိတ္တာဘ၀ ကလွတ်ပြီး နတ်မှာဖြစ်တဲ့ စည်းစိမ်ချမ်းစာတွေကို ရသွားပါတယ်။

(မတ္တာပေတိဝတ္ထု)

ယောနိသောမနသိကာရ ရှိတဲ့သူကတော့ အာရုံဆိုးတစ်ခု ကြုံလာရတဲ့အခါ ကိုယ့်အားနည်းချက်ကို ကိုယ်ကြည့်ပြီး ကုသိုလ်တွေ ဆက်ကာဆက်ကာ ဖိပြုပစ်ပါတယ်။

ယောနိသောမနသိကာရ မရှိတဲ့သူကတော့ ကိုယ့်အားနည်းချက် ကို ကိုယ်မကြည့်တော့ဘဲ သူတစ်ပါးရဲ့ ပြည့်စုံမှုကို အာရုံပြုပြီး အကု သိုလ်တွေ ဆက်ကာဆက်ကာ ဖိပြုတော့တာပါ။

ဒီတော့ အကျိုးပေးကလည်း မိုးနဲ့မြေလို ကွာဟသွားရတော့ တာပါ။

တကယ်လို့သာ မမတ္တာဟာ ကိုယ့်အားနည်းချက်ကို ကိုယ် ကြည့်ပြီး ကုသိုလ်တွေ နေ့ရောညရောဖိပြုပစ်လိုက်ရင် စိတ်ဆင်းရဲ နေရတော့မှာ မဟုတ်တော့ပါဘူး။ တစ်ဆင့်တက်ပြီး ၀ိပဿနာတရား တွေ ရှုမှတ်အားထုတ်ပစ်လိုက်မယ်ဆိုရင်တော့ စိတ်ချမ်းသာသထက် စိတ်ချမ်းသာတဲ့ အမြင့်တစ်ခုဆီကို ရောက်သွားရမှာပါ။

တကယ်တော့ အခက်အခဲကို ကုသိုလ်နဲ့ဖြေရှင်းရမှာကို အကု သိုလ်နဲ့ သွားဖြေရှင်းလိုက်တဲ့အတွက် အဆင့်က ထပ်နိမ့်သွားရတာပါ။

တကယ်လို့ ကိုယ့်ရင်ထဲကို အက်ဆစ်ဖြစ်တဲ့ ဣဿာမစ္ဆယစတဲ့ တရားတွေ ၀င်လာပြီဆိုရင် “ ငါ အခု အက်ဆစ်ဖြစ်နေပြီ၊ ငါက ရေခဲ တုံးဖြစ်ချင်တာ၊ ဒီတော့ ငါဟာ ဣဿာမစ္ဆယ မဖြစ်သင့်ဘူး” လို့ စိတ် ထဲက ကိုယ်နားလည်သလို ဆင်ခြင်လိုက်ရင်လည်း ဣဿာမစ္ဆယ လေးတွေလျော့ကျသွားတတ်ပါတယ်။ စိတ်နဲ့ဆင်ခြင်လို့မှ အားမရရင် မပျောက်ရင် ကိုယ့်အခန်းထဲဝင်ပြီး ခပ်တိုးတိုးလေး အသံထွက်ပြီး ဆင် ခြင်လို့ရပါတယ်။

ကောက်နှုတ်ချက် – ဖြစ်ပြီးတဲ့အကုသိုလ်ကိုဘယ်လိုပယ်မလဲ ရဝေနွယ်(အင်းမ)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: