အမျှော် အကြောက် ပြဿနာ


ယခုခေတ်တွင် ဗုဒ္ဓဘာသာဝင်တိုင်းနီးပါး ဗုဒ္ဓရုပ်ပွားတော်များကို ကိုးကွယ်နေကြ၏ ။ သို့သော် တမလွန်ကျိုး ပစ္စုပ္ပန်ကျိုး ရသဓွားသူများကို သိသာများပြားစွာ မတွေ့ကြရပေ။ ဗုဒ္ဓရုပ်ပွားတော် ကိုးကွယ်ခြင်းကို ထေရဝါဒနည်းကျ ဆန်းစစ်ကြည့်သင့်သည်။

ရတနာသုံးပါးနှင့် စပ်သော ဒါနတစ်ခုက ချက်ချင်းအကျိုးပေးရန် ခေတ္တ နှင့် အဇ္ဈာသယ ဟူသော အဂါင်္နှစ်ချက်နှင့် ပြည့်စုံရန် လို၏။ ခေတ္တ ဟူသည် ဘုရား ၊ တရား ၊ သံဃာဟူသော ရတနာသုံးပါး ထင်ရှားရှိနေခြင်းဖြစ်၏။ အဇ္ဈာသယ ဟူသည် ဘယ ( အကြောက် ) ၊ လာဘ ( အမျှော် ) ၊ ကုလာစာရ ( မိရိုးဖလာ) ဟူသော အချက်တို့မှ ကင်းလွတ်၍ ဖြူစင်သန့်ရှင်းသော သဒ္ဓါတရားနှင့် ပြည့်စုံခြင်းပင် ဖြစ်၏။ ဟူသော အဂါင်္နှစ်ချက်နှင့် ပြည့်စုံရန် လိုအပ်၏။

ဘုရားရှင်၏ အဆုံးအမ သာသနာကြီး ထင်ရှားရှိနေခြင်းကြောင့် မြတ်စွာဘုရား ထင်ရှားရှိနေသည်နှင့် အတူတူပင် ဖြစ်၏။ တရားနှင့် သံဃာကိုကား ဆိုဖွယ်ရာပင် မရှိတော့ပေ။ ထို့ကြောင့် ခေတ္တဟူသော အဂါင်္ဘက်မှ ချို့ယွင်းခြင်း မရှိပေ။ ရတနာသုံးပါးကို ဆည်းကပ်ကိုးကွယ်ပါလျက် သိသာထင်ရှားသော ကောင်းကျိုးကို မရကြသည်မှာ အဇ္ဈာသယ ဟူသော ဒုတိယ အဂါင်္ပျက်ကွက်သောကြောင့်ပင် ဖြစ်၏။

ဟုတ်/မဟုတ် လက်တွေ့ဆန်းစစ်ကြပါစို့။

ဘုရားဆွမ်းတော်ကပ်သူ အများစုသည် မိဘမျိုးရိုးအစဉ်အဆက်လုပ်ငန်းစဉ်ဟု သဘောထားကာ ဝတ်ကျေတန်းကျေ ကပ်ကြသူများက များ၏။ ထို့ကြောင့် ဘုရားဆွမ်းတော်ပွဲကို ကြည့်လိုက်လျှင် အိမ်မြှောင်တစ်ကောင်စာလောက် ဆွမ်းပေါ်တွင် ဟင်းလေးတစ်ဖက်တင်ထားသည်ကိုသာ တွေ့ရ၏။ မိရိုးဖလာသဒ္ဓါဖြစ်၍ အားနည်းနေရသည့် ကြားထဲတွင် အမျှော်နှင့် အကြောက်က ဝင်ရောလိုက်ပြန်သောအခါ ထိုသဒ္ဓါသည် ချည့်နဲ့ပြီး နာလန်မထူနိုင်အောင် ဖြစ်သွား၏။ ထို့ကြောင့် ထက်သန်စွာ အကျိုးမပေးခြင်း ဖြစ်၏။ အမျှော်ဝင်လာပုံကား ဆွမ်းတော်ကပ်လျှင် ပေါက်ပေါက်ပွင့်ပါ ထည့်ကပ် ၊ ဒါမှ စီးပွားရေးလမ်းမကြီး ပွင့်မယ် ဟု ဂိုဏ်းဆရာများပြောလိုက်သည်နှင့် ပေါက်ပေါက်များ ထည့်ကပ်တော့၏။ မြတ်စွာဘုရား ဘုန်းပေးတာ မပေးတာ အဓိက မဟုတ် ၊ ငါတို့စီးပွားရေးတတ်ဖို့ အဓိက ဟူသော အမျှော်ဦးစီးသည့် ဒါနကုသိုလ်သည် အဘယ်မှာ အကျိုးပေး အးကောင်းပါတော့မည်နည်း။ တချို့က သစ်သီးကိုးမျိုးတင်ပါ ၊ နဝင်းကြေသည့်အတွက် လိုရာပြည့်တယ် ဟု ပြောလိုက်လျှင် ချက်ချင်းတင်၏။ မြတ်စွာဘုရားဘုန်းပေးစေချင်သော စေတနာထက် မိမိလိုရာ ဆန္ဒပြည့်ဝဖို့ အဓိကထား၏ ။ ထို့ကြောင့် သစ်သီးစိတ်များကို ဝယ်ယူပြီး မခွဲစိပ်ဘဲ အလုံးလိုက် တင်ထားသည်။ သာမန်ရဟန်းတပါးကိုပင် အရှင်ဘုရား ဘုန်းပေးပါဟု ပြောပြီး ဖရဲသီး အလုံးလိုက်ကို ဒီတိုင်းကပ်လိုက်လျှင် သင့်တော်ပါမည်လော။ တွေးခေါ်ကြည့်စေချင်သည်။ တစ်ဖန် ထိုသစ်သီးများကို ညပိုင်းမှာပါ ကပ်ထားပြန်သည်။ မြတ်စွာဘုရားနှင့် သံဃာတော်များ အားလုံးသည် နေ့လွဲညစာ မဘုန်းပေးကြပေ။ ထို့ကြောင့် ၁၂ နာရီကျော်သည်နှင့် မည်သည့်သစ်သီး အစာကိုမျှ မတင်သင့်ပေ။ သိလျက်နှင့် ကပ်လျှင် အပြစ်ပင် ဖြစ်တတ်၏။

အကြောက်ကြောင့် ဒါန ပြုပုံ

ဗေဒင်ဆရာက သောက အပူတွေ ငြိမ်းစေရန် ဘုရားကို ရေသပ္ပါယ်ပါဟု ဟောလိုက်၏။ ပြာသိုလ မနက်အစောကြီး ဘုရားပေါ်တတ်ကာ မွေးနံမှ ဗုဒ္ဓရုပ်ပွားတော်ပေါ်သို့ အေးစက်နေသော ရေများကို အဆက်မပြတ် လောင်းချတော့၏။ ရုပ်ပွားတော်နေရာတွင် စိတ်ဆိုးသော ရဟန်းတစ်ပါးပါးသာဆိုလျှင် ဒီလောက်အေးနေတဲ့အချိန် င့ါကို ရေလောင်းရသလား ဟု ဆိုကာ ထရိုက်ပစ်မှာ သေချာသည်။

တကယ်လှုသင့်သည်ကား စာသင်တိုက်များ ၊ ကမ္မဋ္ဌာန်းဌာနများသို့ မိမိတတ်နိုင်သလောက် တစ်ရက်စာ ၊ နှစ်ရက်စာ စသည် သတ်မှတ်ပြီး ရေတင်ရန် စက်ဆီဖိုးအဖြစ် လှုလိုက်မည်ဆိုလျှင် အကျိုးပေးသန်သော ကာလဒါန တစ်ခု ဖြစ်သွားပေမည်။ အချို့ဗေဒင်ဆရာက မကောင်းသောဂြိုလ်မှ လွတ်ရန် ဘုရားကို သက်စေ့ မီးပူဇော်ပါ ဟု ဟောလိုက်သည်နှင့် နေ့ ၁၂ နာရီ ၁ ချက် နေပူကျဲကျဲ ဘုရားပေါ်တတ်ပြီး ဖယောင်းတိုင် ထွန်းကြပြန်သည်။ အမှန်ကား မီးပူဇော်ခြင်းမဟုတ် ၊ အလင်းရောင် ပူဇော်ခြင်းသာဖြစ်၏။ ဘုရား သို့မဟုတ် ကမ္မဋ္ဌာန်းတိုက်တွင် လျှပ်စစ်မီးဖိုးကိုသာ လှုဒါန်းသင့်သည်။ ရွှေလှုလျှင် ဖြစ်ရာဘဝ ရွှေလိုအဆင်းလှသည်ဟူသော အမျှော်စိတ်ကြောင့် လိုအပ်သော မလိုအပ်သော ဘာမှ မစူးစမ်းတော့ဘဲ တန်ခိုးကြီး ဆင်းတုတော်များကို ဝိုင်းဝန်းရွှေချကြ၏။ တချို့ ဘုရားပုံပျောက်ကာ ဘာမှန်းမသိ လုံးလုံးကြီးဖြစ်သွားကြသည်။ အမှန် ရွှေချဖို့ ဝတ္ထုငွေကို သီးသန့်လှုသင့်သည်။ ဂေါပကများက သေချာစွာ စာရင်းနှင့်ထားပြီး လိုအပ်သောအခါ ရွှေဆိုင်းဝယ်ပြီး ချပေးသင့်သည်။

ရုပ်ပွားတော် မည်သည့်ပုံမျိုးပေါက်နေနေ ငါနှင့်မဆိုင် ၊ ငါ ကုသိုလ်ရပြီးရော ဟူသော စိတ်မျိုးသည် ထေရဝါဒနည်းကျသော စိတ်မျိုးမဟုတ်ပေ။ ငါ ကောင်းစားရေးအတ္တဝါဒကို ဦးတည်သော တန္တရ ၊ မန္တရ စိတ်ထားမျိုးသာ ဖြစ်၏။ နိဂုံးချုပ်ဆိုရလျှင် ရတနာသုံးပါး ဟူသော ခေတ္တကား  ပြောဖွယ်မရှိအောင် ပြည့်စုံနေ၏။

မျိုးရိုးအစဉ်အလာ ၊ အမျှော် ၊ အကြောက် ဟူသော သုံးမျိုးကို ပယ်ဖျောက်၍ သဒ္ဓါဖြူစင်စွာဖြင့် လှုဒါန်းကြမည် ဆိုလျှင် အဇ္ဈာသယ ဟူသော အဂါင်္နှင့်လည်း ပြည့်စုံကာ ယခုဘဝမှာပင် ကောင်းကျိုးချမ်းသာများကို ခံစားကြရမည်ဖြစ်ကြောင်း လေးနက်စွာ အသိပေးအပ်ပါသည်။

ကျမ်းကိုး ။     ။ မေတ္တာရှင် ရွှေပြည်သာ၏ ထေရဝါဒ မှတ်ကျောက်



Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: