ကိလေသာ ၁၀-ပါး


ကိလေသာဟူသည်မှာ သတ္တဝါတို့ကို ညှင်းဆဲနှိပ်စက် ညစ်နွမ်းပင်ပန်းအောင် ပြုလုပ်တတ်သည့် အကုသိုလ် တရားဆိုးများ ဖြစ်ပါသည်။ ယင်းကိလေသာတရားတို့သည်-

(၁) လောဘ= လိုချင်တပ်မက်မှု
(၂) ဒေါသ= ကြမ်းတမ်းပြစ်မှားမှု
(၃) မောဟ= အမှန်မသိမြင် မိုက်မဲမှု
(၄) မာန= ထောင်လွှားတတ်ကြွမှု
(၅) ဒိဋ္ဌိ= အထင်အမြင် အယူအဆ လွဲမှားမှု
(၆) ဝိစိကိစ္ဆာ= အမှန်မဆုံးဖြတ်နိုင်ပဲ ယုံမှားမှု
(၇) ထိန= ပျင်းရိ ထိုင်းမှိုင်းလေးလံမှု
(၈) ဥဒ္ဓစ္စ= မငြိမ်မသက် လှုပ်ရှားပျံ့လွင့်မှု
(၉) အဟိရိက= မကောင်းမှုပြုရန် မရှက်မှု
(၁၀) အနောတ္တပ္ပ= မကောင်းမှုဖြစ်မှာ မကြောက်မှု – ဟူ၍ အကျဉ်းအားဖြင့် ၁၀-ပါးရှိသည်။

ကိလေသာ ၁၅၀၀. . .  အကျယ်အားဖြင့်မူ ယင်းကိလေသာဆယ်ပါးကိုမူတည်၍ ကိလေသာ၏ အာရုံဖြစ်သော ရုပ် နာမ်တရား ၇၅-ပါးနှင့် မြှောက်ရသည်။ ၁၀X၇၅ = ၇၅၀။
ဤ၌-
(က) ရုပ်တရားဟူသည်မှာ နိပ္ဖန္နရုပ် ၁၈-ပါးနှင့် လက္ခဏာရုပ် ၄-ပါး ပေါင်း ၂၂-ပါး။
(ခ) နာမ်တရားဟူသည်မှာ စိတ်-၁၊ စေတသိက်-၅၂၊ ပေါင်း ၅၃-ပါး။
(ဂ) ယင်းရုပ်တရား ၂၂-နှင့် နာမ်တရား-၅၃ ပေါင်း ရုပ် နာမ်တရား ၇၅ ဖြစ်သည်။
ဖော်ပြခဲ့သည့် ၇၅ဝ ကို (အတွင်း အဇ္ဈတ္တနှင့် အပ ဗဟိဒ္ဓ) သန္တာန် ၂-ပါးဖြင့် မြှောက်လျှင် ၇၅၀X၂= ၁၅၀ဝ ဖြစ်သည်။

ဇိနတ္ထပကာသနီကျမ်း နိဒါန်းမှ ကူးယူဖော်ပြပေးလိုက်တာပါ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: