သိသူနှင့် မသိသူ


မိလိန္ဒမင်းကြီး ။     ။ အရှင်ဘုရား ၊ မကောင်းမှုမှန်းသိပါလျက် ကျူးလွန်သူနှင့် မသိဘဲ ကျူးလွန်သူ နှစ်ဦးတွင် ဘယ်သူကပိုပီး အပြစ်ကြီးလေးပါသလဲ ဘုရား၊

အရှင်နာဂသေန။     ။ မသိဘဲ ကျူးလွန်သူက ပိုပီး အပြစ်ကြီးလေးပေတယ်။
မိလိန္ဒမင်းကြီး
။     ။အရှင်ဘုရား ၊ တပည့်တော်တို့ တရားစီရင်ရာတွင်ကား ထိုသို့မဟုတ်ပါ၊ မင်းညီမင်းသာ ၊ မှူးမတ်တို့၏သား စသည် တရားဥပဒေသဘောတရားကို သိပြီးသူများ အပြစ်ကျူးလွန်ခဲ့လျှင် တခြားသူများထက်ပိုပီး အပြစ်ကြီးလေးပါသည်။
အရှင်နာဂသေန
။  ။မှန်ပေတယ် ၊မင်းမြတ်၊ မင်းမြတ်ဆိုအပ်သည်မှာ လောကကြောင်း ဖြစ်ပေတယ်၊  ဓမ္မသဘောမှာတော့ မသိလို့ လွန်ကျူးသူက သိပါလျက်လွန်ကျူးသူထက် ပိုပြီးအပြစ်ကြီးလေးပေတယ် မင်းမြတ်။
မိလိန္ဒမင်းကြီး
။     ။ မှန်ပါ၊ အကြောင်းရင်းကို ရှင်းပြတော်မူပါ ဘုရား။
အရှင်နာဂသေန ။ မင်းမြတ်၊ အလျှံပြောင်ပြောင် တောက်လောင်ပူပြင်းနေတဲ့ သံတွေခဲကို ပူမှန်းသိထားပီးသူနှင့် ပူမှန်းမသိသေးသူ နှစ်ဦးကိုင်တွယ်ရာတွင် ဘယ်သူက အပူဒဏ်ပိုခံစားရမလဲ။
မိလိန္ဒမင်းကြီး
။     ။ မှန်ပါ၊ ပူမှန်းမသိသူက အပူဒဏ်ကို ပိုပြီးခံစားရပါမည်ဘုရား။
အရှင်နာဂသေန
။     ။ ဘာ့ကြောင့်လဲ ၊ မင်းမြတ်။
မိလိန္ဒမင်းကြီး
။     ။ မှန်ပါ၊ သူက သံတွေခဲရဲ့  ပူတဲ့အဖြစ်ကို လုံးဝမသိထားလေတော့ ထိထိမိမိ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်မှာ ဖြစ်လို့  ပါဘုရား၊
အရှင်နာဂသေန
။     ။မှန်ပေတယ်၊ မင်းမြတ်၊ မသိတော့မကြောက်ဘူး ၊ မကြောက်တော့ ပေါ့ပေါ့တန်တန်မလုပ်ဘူး ၊ သိထားသူကတော့ မလွှဲသာလို့ လုပ်ရသည့်တိုင် အပြင်းအထန်စိတ်ရောကိုယ်ပါမဟုတ်ဘူး၊ ဒီတော့ အပြစ်မလည်း ကြီးလေးသင့်သလောက် မကြီးလေးတော့ပေဘူးပေါ့
မသိလို့လုပ်တဲ့သူကတော့ သံတွေခဲကို ရဲရဲကြီးဆုပ်ကိုင်လိုက်ရသလိုပဲ ၊ အကုသိုလ်အမှုတွေကို စိတ်ရောကိုယ်ပါ အင်တိုက်အားတိုက်ပါ ပြုလုပ်လေတော့ ပိုပြီးတော့ အပြစ်ကြီးလေးရပေတယ် မင်းမြတ်။
မိလိန္ဒမင်းကြီး
။     ။ မှန်ပါ၊ သိသာကွဲပြားအပ်ပါပြီဘုရား။

3 Responses

  1. တန်ဖိုးရှိတဲ့ဘာသာရေးအသိတွေပေးလို့ကျေးဇူးဗျာ
    း)

  2. sandarthuriya.com ဒါမှမဟုတ် .net, .org လုပ်ချင်ပါသလား။
    တရားဓမ္မတွေ ဖြန့်ဝေပေးနေတဲ့ ဘလော့မို့ ဒိုမိန်း အလိုရှိရင် လုပ်ပေးနိုင်ပါတယ်။ အလိုရှိရင် ပြောပါ

  3. စာတွေလာဖတ်ပြီး.. လင့်လေးလည်းယူသွားပါတယ်… စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ..။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: