သေမင်းနေတဲ့ ဘုံ


ရုပ်တရားဖြစ်ဖြစ် ၊ နာမ် တရားဖြစ်ဖြစ် အဟောင်းပျက်သွားတဲ့ အခါမှာ အသစ်အသစ်ထပ်ဖြစ်နေရတယ်။ ရုပ်တရားအသစ် ၊ နာမ်တရားအသစ် ထပ်မဖြစ်တော့တဲ့ အခါကို လူ့လောကက သေတယ်လို့ သတ်မှတ်တာပါ။

သေမင်းဘယ်ဘုံမှာ နေပါသလဲ

ဘယ်ဘုံမှာ မှ မနေပါဘူး။ ဘယ်ဘုံမှာမှလည်း သေမင်းဆိုတာ မရှိပါဘူး။ ဒီဘဝအတွင်းမှာ စောစောကပြောခဲ့တဲ့ ရုပ်နဲ့ နာမ် အဟောင်းပျက်သွားပြီး အသစ်ပြန်မဖြစ်တော့တာကိုပဲ သေတယ်၊ သေမင်းခေါ်သွားတယ်ဆိုပြီး တင်စားပြောကြတာပါ။

သခြင်းဟာ သုံးမျိုးရှိပါတယ်။

  • ဦးဖြူသေပြီ ဒေါ်နီသေပြီဆိုတဲ့ လောကက သတ်မှတ်တဲ့ သေခြင်းကတော့ သမုတိမရဏ လို့ခေါ်ပါတယ်။
  • ပရမတ်ရုပ်နာမ်တွေ တရစပ်ပျက်နေတာကိုတော့ ခဏိကမရဏ လို့ခေါ်ပါတယ်။
  • ဘုရားရှင်တို့ ရဟန္တာတို့ရဲ့ ရုပ်နာမ်ချုပ်ငြိမ်းသွားခြင်းကိုတော့ သမုစ္ဆေဒမရဏ လို့ခေါ်ပါတယ်။ သေခြင်းတရားကို အပြီးအပိုင် ပယ်သတ်လိုက်ခြင်းလို့ အဓိပ္ပါယ်ရပါတယ်။

ကျမ်းကိုး။          ။ မေတ္တာရှင် (ရွှေပြည်သာ) ၏ မဂ်တား၊ ဖိုလ်တား အန္တရာယ်များ

3 Responses

  1. ths a lot

  2. ကျေးဇူးပဲ … စန္ဒာရေ…. အခုလိုရှင်းပြပေးလို့…..

  3. မှတ်သားလောက်ပါပေတယ်ဗျာ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: