ဝဋ်မှာအမြဲ ၊ ငရဲမှာ အပ


ဝဋ်မှာအမြဲ ၊ ငရဲမှာ အပဟု ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့သည် ဆိုရိုးရှိကြသည်။ယုံကြည်ကြသည်။ အဓိပ္ပါယ်မှာ ကာယကံ ၊ ဝစီကံ ၊ မနောကံ တို့ဖြင့် အကုသိုလ်မကောင်းမှုတို့ကိုပြုလုပ်ကျူးလွန်ပါက ငရဲကြီးတက်သည် ငရဲသို့ကျရောက်မည်ဟု အယူရှိကြသည်။

သို့ရာတွင် မိမိတို့ ကျူးလွန်ခဲ့သည်များအတွက် နောင်တတရားရကာ ကုသိုလ်ကောင်းမှုတို့ကို အားကြိုးမာန်တက် ပြုလုပ်ကြပါက မိမိတို့၏ ဒါန ၊ သီလ ၊ ဘာဝနာအကျိုးတို့ကြောင့် ယခင်ပြုခဲ့မိသော အကုသိုလ်အကျိုး(မကောင်းကျိုး)တို့သည် ပျောက်ပျက်နိုင်ပါသည်။ အပါယ်ငရဲ စသည်တို့မှ ကင်းစင်လွင့်ပျောက်နိုင်သော်လည်း ဝဋ်မှမူ လွတ်မြောက်နိုင်ခြင်းမရှိပေ။ ဘုရားရဟန္တာများသော်မှ ဝဋ်မှ ကင်းလွတ်နိုင်ခြင်း မရှိပါ။

ဥပမာတစ်ခုကို ထုတ်နုတ်ပြလိုပါသည်။ ယင်းဥပမာမှာ ဓမ္မပဒကျမ်းလာဂါထာတစ်ပုဒ်ကို မြတ်စွာဘုရားရှင်ဟောကြားသော အကြောင်းဖြစ်ပါသည်။

အထက်ပါဂါထာ နှစ်ပုဒ်မှာ ဓမ္မပဒကျမ်း၌ပါရှိသည့် ယမကဝဂ္ဂပါရှိပါသည်။ ပထမဂါထာမှာ မကောင်းမှုပြုသူသည် မိမိ၏ အကုသိုလ်ဒုစရိုက်ကြောင့် မကောင်းကျိုးကို ခံစားရသည်။ ဒုတိယဂါထာမှာ ပထမဂါထာ၏ ဆန့်ကျင်ဘက်ဖြစ်၍ ကောင်းကျိုးကို ရရှိကြောင်းကို ဖော်ပြထားပါသည်။

ပထမဂါထာမှာ စက္ခုပါလမထေရ်ကို အကြောင်းပြု၍ ဟောတော်မူခြင်းဖြစ်ပါသည်။စက္ခုပါလ မထေရ် သည် ရဟန္တာကြီးဖြစ်တော်မူသော်လည်း မျက်စိနှစ်ကွင်း အလင်းမရရှာပေ။ ထိုမထေရ်ကြီးသည် စင်္ကြံသွားရာ အရပ်၌ ပိုးကောင်တို့ကို နင်းမိသဖြင့် ပိုးကောင်အများ သေကြေပျက်စီးကြရ၏။ အခြားရဟန်းများက မြင်တွေ့ရာ မထေရ်ကြီးကို ကဲ့ရဲ့ကြလျက် ဘုရားရှင်ထံ လျှောက်ထားကြသည်။ ဘုရားရှင်သည်လည်း မထေရ်ကြီး၏ စင်ကြယ်သော စိတ်ရှိခြင်းကိုသိ၏။ သို့ကြောင့် ရှေးကပြုခဲ့ဖူးသော အကုသိုလ်ကံကြောင့် ဝဋ်မကင်းသဖြင့် မျက်စိတို့ ကွယ်ရခြင်းအကြောင်းတို့ကို ဟောပြတော်မူပါသည်။

စက္ခုပါလ မထေရ်ကြီးသည် ရှေးဘဝက ဆေးဆရာဖြစ်ခဲ့၏။ မျက်စိအလင်းမရသော မိန်းမတစ်ဦးအား ဆေးကုသပေးရာ ထိုမိန်းမက မျက်စိတို့မြင်ပါက သားသမီးနှင့်တကွ ဆရာ့ထံကျွန်ခံပါမည် ဟု ကတိကဝတ်ပြုထားခဲ့၏။ မျက်စိတို့မြင်လာသောအခါ ထိုမိန်းမသည် မိမိထားခဲ့သော ကတိအတိုင်း ကျွန်ခံရမည်ကို စိုးရိမ်မိသောကြောင့် မျက်စိတို့ မမြင်ရသေးပါ ၊ ပို၍ပင် ကိုက်ခဲ့လာပါသည် ဟု လိမ်လည်ပြောဆို၏။ ဆရာသည်လည်း ထိုမိန်းမ၏ လိမ်လည်ပြောဆိုခြင်းကို သိ၍အမျက်ထွ်ကာ မျက်စိတို့ ကန်းစေသော ဆေးကိုပေး၍ မျက်စိတို့ကို ပြန်လည်ကန်းစေသည်။

ထိုသို့ပြုခဲ့မိသော မကောင်းမှုအကုသိုလ်ဒုစရိုက်၏ မကောင်းကျိုးသည် ထပ်ကြပ်မကွာ လိုက်ပါလာ၏။ ရဟန္တာဖြစ်သည့်ဘဝ၌ပင် မျက်စေ့နှစ်ကွင်း အလင်းမရသူဖြစ်ရ၏။ ထိုသို့စက္ခုပါလမထေရ်ကြီး၏ အတိတ်အကြောင်းကြောင့် မျက်စေ့နှစ်ကွင်းအလင်းမရသော မကောင်းကျိုးဝဋ်ကို သိရှိရသဖြင့် ရဟန္တာများသော်မှ ဝဋ်မှ မလွတ်ကင်းနိုင်ကြောင်း အန္တိမဘဝ နောက်ဆုံးဘဝ၌ပင်လျှင် ဝဋ်ကို ခံစားသွားရကြောင်း သိရှိရပါသည်။ ထို့ကြောင့် ဝဋ်မှာအမြဲ ငရဲမှာအပ (ပပျောက်သည်)ဟု ဆိုရိုးရှိပေသည်။

၁။ ဓမ္မပဒကျမ်း

၂။ ဓမ္မပဒအဌကထာ

3 Responses

  1. ဟုတ်တယ်နော်ဝဋ်ကရှောင်လွှဲလို့မရဘူး
    ငရဲကပယ်လို့ရသေးတယ်..နော်
    လာရောက်ဖတ်သားသွားပါတယ်..

  2. လာရောက်ပြီး ဖတ်သွားပါတယ်။ ဆက်လက်ရေးသားနိုင်ပါစေ။

    • ဟုတ်ကဲ့ရှင်. . . ဆက်လက်ရေးသားဖို့ ကျိုးစားနေပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: