၃၈ ဖြာ မင်္ဂလာ


၁။ အသေဝနာစ ဗာလာနံ = လူမိုက်တို့ကို မဆည်းကပ်ခြင်း။
၂။
ပဏ္ဍိတာနဉ္စ သေဝနာ = ပညာရှိတို့ကို ဆည်းကပ်ခြင်း။
၃။
ပူဇာစ ပူဇနေယျာနံ = ပူဇော်ထိုက်သူတို့အား ပူဇော်ခြင်း။
၄။
ပတိရူပဒေသ ဝါသောစ =သင့်တင့်သောအရပ်၌ နေထိုင်ခြင်း။
၅။
ပုဗ္ဗေစ ကတပုညတာ = ပြုခဲ့သော ကောင်းမှု ရှိသောသူဖြစ်ခြင်း။
၆။
အတ္တသမာပဏီဓိ = မိမိကိုယ်ကို ကောင်းစွာ ဆောက်တည်ခြင်း။
၇။
ဗာဟုဿစ္စ = အကြားအမြင်များသော သူ၏ အဖြစ် ဖြစ်ခြင်း။
၈။
သိပ္ပ = လက်မှုပညာ အစရှိသော အပြစ်မရှိသော အတတ်တို့ကို တတ်ခြင်း။
၉။
ဝိနယောစ သုသိကိ္ခတော = ကောင်းစွာသင်အပ်သော ဝိနည်းတရား ရှိခြင်း။
၁၀။
သုဘာသိတဝါစာ = ကောင်းစွာဆိုခြင်း။
၁၁။
မာတာပိတု ဥပဋ္ဌာန = အမိအဘတို့ကို ကောင်းစွာ လုပ်ကျွေးခြင်း။
၁၂။
ပုတ္တဒါရဿသင်္ဂဟ = သားမယားတို့အား သင်္ဂြု ိဟ်ထောက်ပံ့ခြင်း။
၁၃။
အနာကုလ ကမ္မန္တာ = အနှောင့်အယှက်မရှိသော အမှုတို့ကိုသာ ပြုခြင်း။
၁၄။
ဒါနဉ္စ = အလှူပေးခြင်း။
၁၅။
ဓမ္မစရိယ = မြတ်သော အကျင့်တို့ကို ကျင့်ခြင်း။
၁၆။
ဉာတကာနဉ္စ သင်္ဂဟ = ဆွေမျိုးတို့အား ထောက်မခြင်း။
၁၇။
အနဝဇ္ဇာနိကမ္မာနိ = အပြစ်မရှိသော အမှုတို့ကို ပြုခြင်း။
၁၈။
ပါပ အာရတီ = မကောင်းမှုမှ ဝေးစွာ ရှောင်ကြဉ်ခြင်း။
၁၉။
ပါပ ဝိရတီ = မကောင်းမှုမှ အထူး ရှောင်ကြဉ်ခြင်း။
၂၀။
မဇ္ဇပါန သံယမော = သေရည်သေရက်ကို သောက်စားခြင်းမှ ရှောင်ကြဉ်ခြင်း။
၂၁။
အပ္ပမာဒေါစ ဓမ္မေသု = ကောင်းမှုကုသိုလ်တို့၌ မမေ့လျော့ခြင်း။
၂၂။
ဂါရဝ = ရိုသေထိုက်သူတို့အား ရိုသေခြင်း။
၂၃။
နိဝါတ = မိမိကိုယ်ကို နှိမ့်ချခြင်း။
၂၄။
သန္တုဋ္ဌီ = ရောင့်ရဲလွယ်ခြင်း။
၂၅။
ကတညုတ = သူပြုဖူးသော ကျေးဇူးကို သိခြင်း။
၂၆။
ကာလေန ဓမ္မဿဝန = သင့်တင့်လျောက်ပတ်သော အခါ၌ သူတော်ကောင်းတရားကို နာယူခြင်း။
၂၇။
ခန္တီ = သည်းခံခြင်း။
၂၈။
သောဝစဿတာ = သူတော်ကောင်းတို့ ဆုံးမအပ်သော စကားကို နာလွယ်ခြင်း။
၂၉။
သမဏာနဉ္စဒဿန = ရဟန်းပုဏ္ဏားတို့အား ဖူးမြင်ခြင်း။
၃၀။
ကာလေန ဓမ္မသာကစ္ဆာ = သင့်တင့် လျောက်ပတ်သော အခါ၌ တရားတော်ကို ဆွေးနွေးမေးမြန်းခြင်း။
၃၁။
တပေါ = ခြိုးခြံစွာ ကျင့်ခြင်း။
၃၂။
ဗြဟ္မစရိယ = မြတ်သော အကျင့်တို့ကို ကျင့်ခြင်း။
၃၃။
အရိယသစ္စာနဒဿန = အရိယသစ္စာတို့ကို သိမြင်ခြင်း။
၃၄။
နိဗ္ဗာန သစ္ဆိကိရိယာ =နိဗ္ဗာန်ကို မျက်မှောက်ပြုရခြင်း။
၃၅။
နကမ္ပတိ = လောကဓံတရားတို့နှင့်တွေ့သော် တုန်လှုပ်သောစိတ် မရှိခြင်း။
၃၆။
အသောက = လောကဓံတရားတို့နှင့်တွေ့သော် စိုးရိမ်သောစိတ် မရှိခြင်း။
၃၇။
ဝရဇံ = လောကဓံတရားတို့တွေ့သော် စိတ်၌ ရမ္မက်မရှိခြင်း။
၃၈။
ခေမံ = လောကဓံတရားတို့တွေ့သော် စိတ်၌ဘေးမရှိခြင်း။

3 Responses

  1. အရမ်းကောင်းတဲ့ Website လေး ပါ
    ကြိုးစားကြ ပါ
    ကျေးဇူးတင် ပါတယ် ဒီလို မျိုး ဗဟုသုတလေးတွေကို Share လုပ်ပေးတဲ့အတွက်

    • နာမည်ပြောင်းထားတော့ ဘယ်သူမှန်းမသိတောင်ဖြစ်သွားတယ်…🙂
      ငါတို့ကလည်း လာလည်လို့ကျေးဇူးတင်ပါတယ်ဟာ…

    • ဟုတ်ကဲ့…. အပေါ်မှာ ပြောခဲ့သလိုပါပဲ…… နောက်လည်းလာလည်ပါဦးဗျာ….

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: