
ဓမ္မစင်္ကြာတရားဦး ဟောကြားခြင်း
Filed under: ဓာတ်ပုံ, ဗုဒ္ဓရုပ်ပွားတော်, မှတ်သားဖွယ်ရာများ, နေ့ထူးနေ့မြတ်များ |
နေမင်းသည်နေ့အခါ၌သာ တောက်ပ၏။
လမင်းသည်ညအခါ၌သာ တောက်ပ၏။
ရှင်ဘုရင်သည်မင်းမြောက်တန်ဆာ ဆင်ယင်ထားမှသာ တောက်ပ၏။
ရဟန္တာသည်ဈာန်ဝင်စားနေမှသာ တောက်ပ၏။
မြတ်စွာဘုရားရှင်သည်ကာ နေ့ရောညပါ အခါခပ်သိမ်း တန်ခိုးတော် အမျိုးအမျိုးဖြင့် အချိန်တိုင်းတောက်ပ၏။
မြတ်စွာဘုရား၏ တရားတော်တို့ကို နာကြားခွင့်ရသူတို့သည် အလွန့်အလွန် ဘုန်းကံကြီးကြပါပေသည်။ (မိထွေးတော်ဂေါတမီ)
ဓမ္မစကား နေ့တိုင်းကြားက စိတ်ထားဖွေးလက် သိဉာဏ်ထက်၏။ ။
အလှူတကာ့ အလှူတွင် တရားအလှူသည် အမြတ်ဆုံးအလှူ ဖြစ်၏ ။
(ချမ်းမြေ့ဆရာတော်)
သစ်ပင်ကြီးတို့ မည်သည် မလဲမချင်း အရိပ်ဖြင့် အေးကြစေကုန်၏။
နံ့သာတုံးတို့ မည်သည် မကျွမ်းမချင်း အနံ့ဖြင့် မွှေးကြစေကုန်၏။
သူတော်ကောင်းတို့ မည်သည်လည်း မသေမချင်း အများအကျိုးကို ဆောင်ရွက်ကြကုန်၏။
(ရှေးဆရာတော်)
ရေ၊မြေ၊တော၊တောင် လျှိုမြောင်အကြား ပြုတည်ထားသည် ရုပ်ပွါးတစ်လီ စေတီပုထိုး အမျိုးမျိုးကား ဘေးဆိုးအန္တရာယ် အသွယ်သွယ်ကြောင့် ပျောက်ကွယ်ခဏ ပျက်စီးရ၏...
နှလုံးသားအတွင်း ဌာပနာသွင်း၍
မယွင်းတည်ထား မြတ်ဘုရားကား
မယွင်းတည်ထား မြတ်တရားကား
မယွင်းတည်ထား မြတ်သံဃာကား
ဘေးဆိုးအန္တရာယ် အသွယ်သွယ်ကြောင့် ပျောက်ကွယ်မရှိ တည်တံ့ဘိ၏။
(ယော ဆရာတော်)
Aung Thinn on သံဝေဂ ၈-ပါး | |
Aung Thinn on ကောသလမင်းကြီး၏ အိပ်မက် (၁၆)… | |
Mon on ၃၈ ဖြာ မင်္ဂလာ | |
khunnaymintun@gmail.… on ၀ါဆိုလပြည့်နေ့ + ဓမ္မစင်္ကြာနေ့ | |
Aung Khin on ကောင်းမှု ဆယ်ပါး ၊ မကောင်းမှု… | |
Aung Soe Tint on ၃၈ ဖြာ မင်္ဂလာ | |
wintwinthlaing on ငါးပါးသီလ ထပ်မံဆောက်တည်လျှင် ရ… | |
sothin on ကောင်းမှု ဆယ်ပါး ၊ မကောင်းမှု… | |
tinminhtike on ခင်ပွန်းကြီး ၁၀ ပါး ကန်တေ… | |
ဦးဥာဏိန္ဒ (မြဝတီ) on ဥပုသ်စောင့်ရာဝယ် | |
ဦးဥာဏိန္ဒ (မြဝတီ) on ၀ါဆိုလပြည့်နေ့ + ဓမ္မစင်္ကြာနေ့ | |
ညီညီ on ဆရာကြီး ဦးဂိုအင်ကာ၏ ဝိပဿနာ… | |
usanay2012@gmail.com on သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအ… | |
usanay2012@gmail.com on သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအ… | |
maywinleiyie on သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအ… |
ဓမ္မစင်္ကြာတရားဦး ဟောကြားခြင်း
Filed under: ဓာတ်ပုံ, ဗုဒ္ဓရုပ်ပွားတော်, မှတ်သားဖွယ်ရာများ, နေ့ထူးနေ့မြတ်များ |
ပဇာ သဗ္ဗာ သုဿယန္တု ၊ ၀ုဋ္ဌဟန္တု သုမင်္ဂလာ။ ဒူသေန္တု ဒုဂ္ဂတိံ ဂါမိံ၊ ပူရေန္တု သဗ္ဗပါရမိံ။
ပဇာ သဗ္ဗာ၊ ကိုယ်စီကိုယ်ငှ ကိုယ်ဒေသ၌ ပျော်ကြစပ်ရာ သတ္တ၀ါ ဟူသမျှတို့သည်၊ သုဿယန္တု ၊ အိပ်မက်ရာမက် ကောင်းစွာ မက်၍ နှစ်သက်ကြည်သာ အိပ်စက် နိုင်ကြပါစေကုန်သတည်း။ သုမင်္ဂလာ၊ မင်္ဂလာကျက်သရေ ယှက်ဝေလန်းသဖြင့် စန်းပွင့်ကြစေကုန်သည် ဖြစ်၍။ ၀ုဋ္ဌဟန္တု ၊ ကောင်းစွာမိုးသောက် အလင်းရောက်လျက် ထမြောက်နိုးကြား နိုင်ကြပါစေ ကုန်သတည်း။ ဒုဂ္ဂတိံဂါမိံ၊ အပါယ် ဒုဂ္ဂတိ ရောက်မည့် အကြောင်း မကောင်းညစ်ဆိုး ဒုစရိုက်မျိုးကို။ ဒူသေန္တု ၊ သူတော်ကောင်း လက်နက် တရားစက်ဖြင့် ဖြိုဖျက်နိုင်ကြပါစေ ကုန်သတည်း။ သဗ္ဗပါရမိံ၊ အလောင်းအလျာ ဖြည့်ကောင်းရာသည့် သုံးဖြာဆယ်လီ ပါရမီအပေါင်း အကျင့်ကောင်းကို။ ပူရေန္တု ၊ တစ်ဆင့်ထက် တစ်ဆင့် ရင့်သထက် ရင့်အောင် မလင့်ပုံသေ ဖြည့်ကျင့်နိုင်ပါစေကုန်သတည်း။
ယခုခေတ်၏ အဖြစ်အပျက်ကို လေးနက်စွာ စဉ်းစားသောအခါ များစွာသော လူသတ္တ၀ါတို့၌ မေတ္တာ၊ ကရုဏာ၊ မုဒိတာ ဟူသော ဗြဟ္မစိုရ် တရားများ ကွယ်ပျောက်၍ သွေ့ခြောက် နေသကဲ့သို့ ထင်ရလေသည်။ ထို့ကြောင့် စန္ဒာသူရိယ ဘလော့သည် ကျရာနေရာမှ ရေမှုန်လေးတစ်မှုန်အဖြစ် ၊ နှင်းပွင့်လေးတစ်ပွင့်အဖြစ် ၊ အေးချမ်းသော အရိပ်ကလေး တစ်ခုအဖြစ် ရည်သန်၍ ဓမ္မဒါန ပြုထာခြင်း ဖြစ်ပါသည်။
စန္ဒာသူရိယ ဘလော့ဂ်သည် ကိုယ်ကျိုးမပါသော ဓမ္မဒါန သီးသန့်သက်သက်သာ ဖြစ်သောကြောင့် မည်သူမဆို လွတ်လပ်စွာ ကူးယူဖော်ပြနိုင်ပါသည်။
Blog at WordPress.com. WP Designer.
ဒီဘ၀မှာ သစ္စာဥာဏ်ရပြီး ကျန်းမာ ချမ်းသာ လန်းဖြာ ၀မ်းသာ ပါစေ။
ပေးတဲ့ဆုနဲ့ ပြည့်ပါစေဘုရား…