ဝါဆိုသင်္ကန်း


ဝါဆိုသင်္ကန်း- ဆိုတာ ဝါတွင်းကာလ(မိုးကာလ)၌ မိမိတို့ကျောင်းအသီးသီးတွင် သီတင်းသုံးနေထိုင်သည့် သံဃာတော်များအား လှူဒါန်းသည့်သင်္ကန်းလို့ ပြောနိုင်မယ်ထင်ပါတယ်။ ဘုရားရှင် ဟောကြားတဲ့ ပါဠိတော်များမှာ ဝါဆိုသင်္ကန်းကို ဝဿာဝါသိက သာဋိက-လို့ ဟောထားပါတယ်။ ပါဠိအင်္ဂလိပ်အဘိဓာန်မှာတော့ a cloak for use in the rainy season- လို့ဖွင့်ပြတယ်။ တိပိဋက ပါဠိအဘိဓာန်က ဝဿာဝါသိက- မိုးကာလ၌ နေလေ့ရှိသော ရဟန်း သာဋိက-အဝတ်(သင်္ကန်း) – မိုးကာလ၌ မိမိတို့ကျောင်းတွင် နေလေ ့ရှိသောရဟန်းတို့အား ပေးလှူအပ်သော သင်္ကန်းလို့ ဖွင့်တယ်၊

ဒီနေ့ခေတ်မှတော့ များသောအားဖြင့် ဝါမဆိုမီကာလမှာ ဝါဆိုသင်္ကန်းဆိုပြီး ကပ်လှူလေ့ရှိတယ်။ ဝါဆိုသင်္ကန်းကပ်လှူပွဲဆိုပြီး ဘုရားဟောကျန်းဂန်များမှာတော့ တိုက်ရိုက်မလာပါဘူး။ ဆက်ဆပ်နှီးနွယ်လို့ ယူနိုင်တဲ့ story background လေးကတော့….

ဝိသာခါလို့ပြောလိုက်ရင် ကျောင်းအမကြီးရဲ့နာမည်လို့ ဗုဒ္ဓဘာသာဝင်တိုင်း သိကြပါတယ်။ ဘုရားရှင် ၂၅-ဝါတိတိ သီတင်းသုံးတဲ့ သာဝတ္ထိမြို့ အရှေ့ဘက်မှာ ပုဗ္ဗာရာမ-ပုဗ္ဗာရုံဆိုတဲ့ကျောင်းကြီးကို ဆောက်လုပ်လှူဒါန်းခဲ့တဲ့ ကျောင်းအမကြီးပေါ့။ တစ်နေ့ ကျောင်းအမကြီးဝိသာခါက ဘုရားအမှူးရှိတဲ့သံဃာတေကို ဆွမ်းစားပင့်တယ်။ အဲဒီနေ့ညမှာ မိုးကလည်းရွာလိုက်တာ မပြောပါနဲ့တော့၊ သဲကြီးမဲကြီးကို ရွာတာ။ ဘုရားရှင်က တပည့်ရဟန်းတွေကို “ ရဟန်းတို့ ဒီမိုးဟာ ဇမ္ဗူဒိပ်တစ်ကျွန်းလုံး ရွာတဲ့မိုး, မိုရာသီမှာ နောက်ဆုံးရွာတဲ့မိုးလည်း ဖြစ်တယ်။ ဒါကြောင့် ရဟန်းတို့ မိုးရေချိုးကြလို့” မိန့်တော်မူတော့ ရဟန်းတော်တွေဟာ မိုးရေချိုးကြတာပေါ့၊ ဒါပေမယ့် သူတို့ရဲ့ ခန္ဓာကိုမှာ ဘာသင်္ကန်းးမှ မပါဘဲ ရေချိုးကြတာလေ။

မနက်မိုးလင်း ကျောင်းအမကြီး ဝိသာခါအိမ်မှာ ဆွမ်းတွေပြင်လို့ပြီးတော့ သူ့အိမ်က ကျွန်မတစ်ယောက်ကို ကျောင်းကိုလွှတ်လိုက်တယ်။ ဘုရားအမှူးရှိတဲ့ သံဃာတော်တွေကို ဆွမ်းစားကြွဖို့ ပင့်ခဲ့ပေါ့။ ကျွန်မလေးကလည်း အပြေးအလွှား ကျောင်းကိုသွား၊ ကျောင်းကိုရောက်တော့ သင်္ကန်းမပါဘဲ ရေချိုးနေတဲ့ ရဟန်းတွေကို တွေ့တော့တာပေါ့။ ဒါနဲ့ အိမ်ကိုပြန်လာပြီး ရှင်မရေ “ ကျောင်းမှာလဲ ရဟန်းတော်တွေ တစ်ပါးမှ မရှိဘူး။ တက္ကဒွန်းတွေ ရေချိုးနေတာကိုပဲ တွေ့ခဲ့တယ်လို့”ပြန်ပြောတာပေါ့။ (တက္ကဒွန်းဆိုတာ ဘုရားခေတ်တုန်းက ဘာအဝတ်မှ မဝတ်ဘဲ နေကြတဲ့သူတွေလေ၊ ဒီနေ့ခေတ်အထိ အိန္ဒိယနို်င်ငံမှာ ရှိနေသေးတယ်။ အဝတ် ဝတ်ထားရင် အဝတ်အပေါ်မှာ တက်မက်တွယ်တာတဲ့စိတ်ရှိတယ်ဆိုပြီး အကုန်ချွတ်ထား တဲ့အဖွဲ့ပေါ့။)

ကျောင်းအမကြီး ဝိသာခါကတော့ တွေးတောတတ်တဲ့ ဉာဏ်အမြော်အမြင်ရှိ တော့ ကျွန်မလေးပြောတဲ့ စကားကို သဘောပေါက်တယ်။ “တက္ကဒွန်းတွေတော့ မဟုတ် နိုင်ဘူး၊ သင်္ကန်းသုံးထည်ကိုပဲ ဝတ်နေရတဲ့ ရဟန်းတော်တွေပဲ ဖြစ်ရမယ် ပေါ့်။ ဒီလိုနဲ့ ဘုရားအမှူးရှိတဲ့သံဃာတွေ အိမ်ကိုကြွလာ၊ ဆွမ်းကပ်ပြီး ကျွန်မလေး ကြုံတွေ့ခဲ့ရတဲ့ အနေအထားကို ဘုရားရှင်အားလျှောက်တယ်။ ဒါနဲ့ မြတ်စွာဘုရားက မိုးရေခံသင်္ကန်းကို ဝတ်ရုံသုံးစွဲခွင့်ပြုတယ်ဆိုပြီး ခွင့်ပြုခဲ့တယ်။ မိုးတွင်းကာလမှာ ရဟန်းတော်တွေ သင်္ကန်းသုံး ထည်အပြင် မိုးရေခံသင်္ကန်းကိုပါ ဝတ်ရုံသုံးစွဲခွင့်ပြုတာကို အကြောင်းပြုပြီး ဒီနေ့ခေတ်မှာ ဝါတွင်း(မိုးကာလ) မိမိတို့ကျောင်းမှာ သီတင်းသုံးတဲ့ရဟန်းတွေကို ဝါဆိုသင်္ကန်းဆိုပြီး ကပ်လှူနေကြတာပါ။

နောက် story တစ်ခုမှာလည်း ဝိသာခါကျောင်းအမကြီးက ဆုရှစ်မျိုးတောင်းတဲ့အခါ ရဟန်းတော်တွေကို ဝဿာဝါသိက သာဋိက-ဝါဆိုသင်္ကန်းလှူဒါန်းခွင့်ပေးဖို့ ပထမဦးဆုံးဆုအနေနဲ့ တောင်းခဲ့တာကို ထောက်ဆပြီး ဝါတွင်းကာလမှာ အရင်ကထက်ပိုလို့ စာသင်စာချ(ပရိယတ်) တရားထိုင်တရားပြ(ပဋိပတ်) လုပ်တဲ့သံဃာတော်တွေကို ဝါဆိုသင်္ကန်းဆိုပြီး ထေရဝါဒဗုဒ္ဓဘာသာဝင်တွေက လှူဒါန်းနေကြတာ။

ဒီလိုလှူဒါန်းရတဲ့အတွက် reflection အနေနဲ့ လှူဒါန်းသူဟာ ရောက်ရာဘဝတိုင်းမှာ အသားအရေဝါဝင်းပြီး ကိုယ်ရောင်ကိုယ်ဝါတွေထွက်မယ်၊ အသားအရေ နူးညံ့ပျော့ပျောင်းမယ်၊ အသားအရေ စင်ကြယ်သန့်ရှင်းမယ်၊ စိတ်ထဲမှာ လိုချင်တာကို တောင့်တလိုက်ရင် ကိုယ်တောင့်တ(ဖြစ်ချင်)တာတွေ ဖြစ်လာမယ်။ အဝတ်အစားတွေမရှားပါးဘူး၊ ဧဟိဘိက္ခု ခေါ်ခံရမယ်၊ နောက်ဆုံး ဗုဒ္ဓဘာသာဝင်တွေရဲ့ ပန်းတိုင်ဖြစ်တဲ့ နိဗ္ဗာန်ကိုရောက်ပြီး ကျွတ်တမ်းဝင်ရမယ်ဆိုတာတွေ ဖြစ်နိုင်ပါတယ်။

ယနေ့ ကမ္ဘာမှာ reflection ရဲ့သဘောတရား-နယူတန်ရဲ့ တတိယနိယာမဖြစ်တဲ့ သက်ရောကမှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိတယ်ဆိုတဲ့ သဘောတရားတွေကို ယုံကြည်လက်ခံနေကြပါပြိ။ ဗုဒ္ဓဘာသာမှာတော့ ကံတရားရဲ့အကျိုးဆက်လို့ လက်ခံကြတာပါ။ စဉ်းစားကြည့်ပါစို့….. ကိုယ်က အဝတ်(သင်္ကန်း) ပေးတယ်, လှူတယ်၊ ရရှိသူက အဲဒီဝတ်သင်္ကန်းကို ဝတ်တယ်။ လေဒဏ်နေဒဏ် ကာကွယ်နိုင်သလို အရှက်အကြောက်ကိုလည်း ကာကွယ်ပြီးဖြစ်တယ်။ ဝတ်သင့်တဲ့ အဝတ်ကိုဝတ်ရသူရဲ့ အသားအရေဟာ အဝတ်မဝတ်ဘဲနေရသူရဲ့ အသားအရေထက် ကြည်လင် နူးညံ့ ဝါဝင်းတယ်။ ကောင်းပြီ၊ သူတစ်ဖက်သားကို အသားအရေ နူးညံ့ဝါဝင်းအောင် လုပ်ပေးရင် ကိုယ့်မှာလည်း ဒီလို အကျိုးတရားပြန်ရမှာ သေချာတာပေါ့။ အသက်ရှင်ရသမျှအချိန် လေးမှာ အလုပ်ကောင်းကံကောင်းတွေကို လုပ်နေရင် ကောင်းကံတွေဆိုတာလည်း ရှိနေမှာပဲ။ စိတ်ထဲမှာ ပိုပြီးရှိနေသင့်တာကတော့ စစ်မှန်တဲ့ ငြိမ်းအေးမှုကို ရှာဖွေခြင်းကသာ ကောင်းဆုံးသောလုပ်ရပ် ဖြစ်ပါလိမ့်မယ်။

Vasa Robe (ဝါဆိုသင်္ကန်း ) by Ashin Tikkhanyanalinkara ( Tikkhanyanalinkara Ashin )

2 Responses

  1. အခုလို မျှဝေပေးတာ ကျေးဇူးတင်ပါတယ်

    • ဟုတ်ကဲ့.. အခုလိုလာလည်တဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ…..
      နောင်လဲ လာလည်ဦးနော်…. ဂတိတည်သော သူရဲကောင်း ကို လင့်ခ် ထားလိုက်ပါပီ..🙂🙂🙂

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: