၁)
- ပျင်းရိသောသူ အတတ်ပညာမရနိုင်၊
- အတတ်ပညာမရှိသူ ဥစ္စာစီးပွား မရနိုင်၊
- ဥစ္စာစီးပွား မရှိသူ အဆွေခင်ပွန်းကောင်းမရနိုင်၊
- အဆွေခင်ပွန်းကောင်းမရှိသူ ချမ်းသာသုခ မရနိုင်၊
- ချမ်းသာသုခ မရှိသူ ကောင်းမှုကုသိုလ်မရနိုင်၊
- ကောင်းမှုကုသိုလ်မရှိသူသည် နိဗ္ဗာန်ကို အဘယ်မှာမျက်မှောက်ပြုနိုင်အံ့နည်း
- One who is lazy gains no knowledge.
- One who has no knowledge gains no wealth.
- One who has no wealth has no good companion.
- One who has no good companion has no solace.
- One who has no solace cannot gain merit.
- How can one find the way to Nirvana without good deeds?
၂)
- ေလာကတွင် အတတ်ပညာနှင့် တူသော ဥစ္စာမရှိ၊
- အတတ်ပညာကို ခိုးသူတို့ မခိုးယူနိုင်၊
- အတတ်ပညာသည် မိတ်ဆွေကောင်းဖြစ်သောကြောင့် ချမ်းသာကိုလည်း ပေးဆောင်နိုင်သည်။
- In this world, there is no wealth equal to learning.
- Thieves cannot steal learning.
- Learning is the true friend and can give happiness.
၃)
- အကြားအမြင်ပညာကိုနည်းသည်ဟု ဘယ်အခါမျှ မအောက်မေ့ရာ၊
- လေ့လာဆည်းပူးပြီး စိတ်တွင် သိုမှီးသိမ်းဆည်းရာ၏။
- ခြ ၊ ပုရွက်တို့ စုဖို့ကာ မြေတောင်ပို့ကို ရသကဲ့သို့လည်းကောင်း၊ ကျဖန်များသော မိုးရေပေါက်များသည် ကြီးမားသော အိုးစရည်းကို ပြည့်စေနိုင်သကဲ့သို့လည်းကောင်း မှတ်ယူအပ်၏။
- Never think of knowledge and wisdom as little.
- Seek it and store it in the mind.
- Note that ant-hills are built with small particles of dust and incessantly falling raindrops, when collected, can fill a big pot.
၄)
- နှုတ်မှုလက်မှု အတတ်ပညာကို သေးငယ်သည်ဟု မထင်မှတ်ရာ ၊
- ပြည့်စုံကုန်စင်အောင် တတ်မြောက်ပါမူ တစ်ခုသော အတတ်ပညာသည်ပင် အသက်မွေးဝမ်းကျောင်း ပြုနိုင်ပေ၏။
- Never think of arts and science as trivial.
- When learnt completely, even one kind of proficiency can be used as livelihood.
၅)
- တောင်တိုင်းတွင် ပတ္တမြားမရှိ ၊
- ဆင်တိုင်းတွင် အမြုတေ မရှိ၊
- တောတိုင်းတွင် စန္ဒကူးမရှိ၊
- အရပ်ဌာနတိုင်းတွင်လည်း ပညာရှိသုခမိန်မရှိ ။
- There is no ruby in every mountain.
- There is no peral in every elephant.
- There is no sandalwood in every forest.
- There is no sage in every place.
၆)
- ပညာလိုလားသူသည် ပညာရှိပုဂိုလ်ထံ အရောက်သွားပြီး ပညာကို ကြိုးစား ဆည်းပူးသင်ယူရာ၏ ၊
- One who wnats knowledge should get to the wise and learn seriously.
၇)
- စည်သည် တီးမှ မြည်သကဲ့သို့ ပညာရှိသည်လည်း သူမေးလာသော အခါမှသာ ဖြေကြားပြောဆိုလေ့ရှိသည်။
- သူမိုက်သည်ကား သူတစ်ပါးမေးသည်ဖြစ်စေ ၊ မမေးသည်ဖြစ်စေ လွန်မင်းစွာ ဟောပြောတတ်ပေသည်။
- As a drum emits sound when struck the learned responds only when asked.
- Asked or not, the uneducated spearks too much.
၈)
- ပေ ၊ ပုရပိုက်စာရွက်တွင် ရေးထားအပ်သော အတတ်ပညာကို ကိုယ့်အတတ်ပညာဟု မမှတ်ယူကောင်း၊
- ထို့အတူ သူတပါးလက်ဝယ်တွင်ရှိသော ဥစ္စာကိုလည်း ကိုယ့်ဥစ္စဟု မမှတ်ယူကောင်း။
- Chronicled knowledge shall not be regarded as one’s own .
- Property in the hands of other sahll not be regarded as one”s own.
၉)
- လိမ္မာယဉ်ကျေးရှိမရှိကို ကိုယ်အမူအရာ နှုတ်အမူအရာအားဖြင့် သိနိုင်၏ ၊
- ပညာရှိမရှိသည်ကို ပြောဆိုသော စကားကို ထောက်ချင့် သိနိုင်၏။
- Being cultured or not can be known by behaviour.
- Being learned or not can be known by speech.
၁၀)
- ဗဟုသုတနည်းသူသည် အနည်းငယ်မျှသော သုတကို များသည်ဟု ထင်မှတ်ကာ မာန်တတ်တတ်၏ ၊
- သမုဒ္ဒရာရေကို မမြင်ဖူးသော ဖားငယ်သည် တွင်းငယ်ရေကို အများဟု ထင်မှတ်သကဲ့သို့တည်း ။
- One with scanty knowledge tends to think a little learning a lot.
- It is just as a puny frog, not having seen an ocean, thinks a little well of water a lot.
၁၁)
- ပထမအရွယ်မှာ ပညာရှာ၊
- ဒုတိယအရွယ်မှာ ဥစ္စာရှာ၊
- တတိယအရွယ်မှာ တရားရှာ ။
- Pursue education in early age.
- Pursue wealth in middle age.
- Purse Dhamma in old age.
၁၂)
- အတတ်ပညာမရှိသူသည် သူတစ်ပါး၏ ဝန်ကိုထမ်းရ၏ ၊
- အတတ်ပညာရှိသူသည် သူတစ်ပါး၏ ဂုဏ်ပြုခြင်းကို ခံရ၏ ၊
- ထို့ကြောင့် နေ့စဉ်နေ့တိုင်း အတတ်ပညာကို ရအောင်ကြိုးစား သင်ယူပါလော့။
- One without knowledge has to carry other’s burden
- One who has knowledge is honoured by others
- So strive daily to get knowledge
၁၃)
- မိဘတို့သည် သားသမီးကို ငယ်စဉ်ကပင် အတတ်ပညာကို သင်ပေးရာ၏၊
- အတတ်ပညာကို သင်မပေးခဲ့မူ ဟင်္သာတို့ အလယ်တွင် ဗျိုင်းငှက်သည် မတင့်တယ်သကဲ့သို့ ပရိသတ်ဗိုလ်ပုံအလယ်တွင် မတင့်တယ်ဖြစ်ရာ၏
- အတတ်ပညာကင်းမဲ့သောကြောင့် သားနှင့်မိဘတို့သည် ရန်သူသဖွယ် ဖြစ်လာရတတ်၏။
- Parents must educate the educate the children while young
- If not , they will be unbecoming among others as a paddy-bird is unbecoming among hamsas.
- 7:32 AM For not being educated, son and parents can turn out to be an enemy.
၁၄)
- ဆူးကို အဘယ်သူချွန်ကာ ထက်သနည်း၊ သမင်မျက်လုံးကို အဘယ်သူ မျက်စဉ်းခတ်ကာ ကြည်လင်သနည်း၊ ရွှံ့ညွန်တွင်ပေါက်သော ကြာပန်းကို အဘယ်သူ ရနံ့ထည့်ကာ ထုံမွှေးသနည်း၊
- သူ့သဘာဝအလျောက် ဖြစ်ကြကုန်၏၊
- အမျိုးကောင်းသား အမျိုးကောင်းသမီးတို့မည်သည် သူတစ်ထူးအကူအညီမရမူလည်း မိမိဘာသာကြိုးစားအားထုတ်ရာ၏။
- Who sharpens the thorne to be pointed?Who put eyedrops the deer’s eye to shiny?Who put scent in the lily growing in mud to be fragrant?
- Those may happen by nature
- The good descendents should themselves try without help
ရည်ညွှန်း ။ ။လောကနိတိ ၊ ပြန်ကြားရေးဝန်ကြီးဌာန။
Filed under: မှတ်သားဖွယ်ရာများ, လောကနီတိ |
Leave a Reply