ဥပုသ်စောင့်ရာဝယ်


ဥပုသ် ဆိုတာ ဥပေါသထ ဆိုတဲ့ ပါဠိမှလာပါတယ်။ (ဥပ + ဝသထ)၊ ဥပ- ကောင်းမြတ်သော အကျင့်များနှင့် ပြည့်စုံ၍၊ ဝသထ- နေထိုင်ခြင်း။ အကျင့်ကောင်းများနှင့် ပြည့်စုံစွာနေထိုင်တာကို “ဥပုသ်” လို့ခေါ်ပါတယ်။

ဥပုသ်စောင့်ပြီး ဘုရားဂုဏ်တွေ ရွတ်ဖတ်ပွားများကာ ဘုရားကို အာရုံပြုကြည်ညိုနေရင် “ဗြဟ္မဥပုသ်” လို့ခေါ် ပါတယ်။

*တရားဂုဏ်တော်တွေ ရွတ်ဖတ်ပွားများ အာရုံပြုနေရင် “ဓမ္မဥပုသ်” လို့ခေါ်ပါတယ်။*သံဃာဂုဏ်တော်တွေ ရွတ်ဖတ်ပွားများကာ အာရုံပြုနေရင် “သံဃာဥပုသ်” လို့ခေါ်ပါတယ်။

*မိမိသီလ စင်ကြယ်ပုံကို ပြန်လည်ဆင်ခြင်ပြီး မိမိသီလကို ဝမ်းမြောက်ဝမ်းသာဖြစ်ကာ နေထိုင်ခြင်းကို “သီလဥပုသ်” လို့ခေါ်ပါတယ်။

*မိမိနှင့် နတ်ပြည်ခြောက်ထပ်က နတ်တွေ သဒ္ဓါ၊ သီလ စတဲ့ သူတော်ကောင်းတရားတွေ တူညီပုံကို ဆင်ခြင်ပြီး ဝမ်းမြောက်ဝမ်းသာနဲ့ နေထိုင်ခြင်းကို “ဒေဝတာဥပုသ်” လို့ခေါ်ပါတယ်။

*နွားကျောင်းသားဟာ ဒီနေ့ ငါ့နွားတွေ ဘယ်စားကျက်မှာ ကျက်စားကြတယ်။ မနက်ဖြန် ဘယ်စားကျက်ကို စားစေမယ် တွေးနေသလို ငါ ဥပုသ် စောင့်တဲ့အခါ ဘယ်လို ဟင်းကောင်း ထမင်းကောင်းတွေစားမယ် တွေးပြီး စောင့်တဲ့ဥပုသ် ကို “ဂေါပါလ = နွားကျောင်းသား ဥပုသ်” လို့ခေါ်ပါတယ်။

(ဆောင်ပုဒ်) မိမိ စိတ်မှာ စင်ကြယ်လာအောင် အင်္ဂါရှစ်တန် သီလခံ၍ ခြိုးခြံ အောင့်အည်း တဖြောင့်တည်းဖြင့်၊ စောင့်စည်း အားထုတ် တရားကုတ် ဥပုသ်စောင့် ဟုမှတ်။
ဥပုသ်စောင့်ပုံ အစီအစဉ်

* ၁။ နက်ဖြန် ဥပုသ်စောင့်မည်ဟု ကြံစည်သော သူတော်စင်သည် ဥပုသ်စောင့်သည့် အခိုက်၌ အိမ်မှုကိစ္စတွေကို ဆောင်ရွက်ခြင်းငှာ မလျော်သောကြောင့် ယနေ ့လိုအခါကပင် အိမ်မှုကိစ္စ များကို တာဝန်ရှိသမျှ ပြီးစီးအောင် စီမံထားရာ၏။

* ၂။ ချက်ပြုတ် ကျွေးမွေးမည့်သူ အဆင်သင့်ရှိလျှက် နက်ဖြန် မိမိစားဖို ့အတွက် ပြောပြ စီစဉ် ထားရာ၏။ (ဥပုသ်စောင့်ခိုက် ခါတိုင်းထက် ကောင်းကောင်း စားဖို ့ကား မစီမံသင့်)

* ၃။ ချက်ပြုတ် ကျွေးမွေးမည့်သူ မရှိလျှင် နက်ဖြန် ကိစ္စနည်းအောင် ပြီးစီကောင်းသော စားဖွယ် သောက်ဖွယ်များကို ပြီးစီးစေအောင် စီမံထားရာ၏။

* ၄။ နက်ဖြန် နံနက် အာရုဏ်တက်ချိန်ကပင် ကိုယ်လက်များကို စင်ကြယ်အောင် ပြု၍ စိတ်ကြည်လင်ရုံမျှ သန် ့ရှင်သော အဝတ်ကို ဝတ်ဆင်ရာ၏။

* ၅။ ပန်းပန်မှု နံ ့သာလိမ်းမှုနှင့် အထူးတလည် ပြင်ဆင်မှုကို မပြုရာ။

* ၆။ ထို ့နောက် ခပ်စောစောကပင် သီလဆောက်တည်ရာ၏၊ (သီလဆောက်တည်သောအခါ ပါဠိလို နားမလည်လျှင် မြန်မာလို ဆောက်တည်နိုင်ပါသည်၊ ရှစ်ပါးသီလ နှုတ်တက်မရလျှင် ကား ဘုရားပညတ်တော်မူအပ်သော ဥပုသ်သီလကို ဆောက်တည်ပါ၏ ဟုနှုတ်က မိမိဘာသာ ဆို၍လည်း ဆောက်တည်နိုင်၏)။

* ၇။ သီလဆောက်တည်ပြီးလျှင် ကျွေးမွေး လှူဒါန်းဖွယ်ရာ ကိစ္စရှိက ထိုကိစ္စကို ပြုလုပ်၍ မရှိက မိမိအတွက် သင့်တော်ရုံ စီမံ၍ စားသောက်ရာ၏။ (တစ်ထပ်သာမက ညစာမစားဘဲ နေနိုင် လောက်အောင်ပင် စားသောက်ခွင့်ရှိ၏)။

* ၈။ ကျွေးမွေး စားသောက်ပြီးလျှင် ကိုယ်လက် မစင်ကြယ်က ရေချိုးရာ၏၊ (ကိုယ်စင်ကြယ်မှ စိတ်ကြည်လင်၊ စိတ်ကြည်လင်မှ တရားကို အာရုံပြု၍ ကောင်းသည်)။

* ၉။ ထို ့နောက် မိမိတစ်ယောက်တည်း နေသင့်သူဖြစ်လျှင် တစ်ကိုယ်တည်းနေ၍ အဖော်နှင့် နေသင့်သူဖြစ်က သဘောတူ အဖော်နှင့်တကွ သင့်တော်သော ဆိတ်ငြိမ်ရာ ဌာန၌ ဗြဟ္မာဥပုသ်ကို စောင့်လိုလျှင် ဘုရားဂုဏ်တော်ကို အာရုံပြု၍ နေရာ၏)။

* ၁၀။ တာရှည်စွာ ဆင်ခြင်၍ မနေနိုင်လျှင် တရားစာကိုလည်း ကြည့်ရှု ရွတ်ဖတ်နေရာ၏၊ (ထိုင်၍ခြည်း နေရမည်ဟု မဆိုလို၊ လှဲကာ စင်္ကြ ံသွားကာ အမျိုးမျိုးမျှတ အောင်နေစေလို၏)။

* ၁၁။ နည်းလမ်းကျကျ ဟောပြောမည့်ပုဂ္ဂိုလ် ရှိလျှင် တရားနာရာ၏။

* ၁၂။ ညဥ့်အချိန်သို ့ရောက်သောအခါ မိမိ၏ သီလကို ပြန်၍ ဆင်ခြင်ပြီးလျှင် အရိယာ သူတော်ကောင်း ရဟန္တာ အပေါင်းနှင့် ယနေ ့အတွက် မိမိတူမျှပုံကို အောက်မေ့ရာ၏။

* ၁၃။ ရဟန္တာ အရှင်မြတ်တို ့သည် သူ ့အသက်ကို သတ်ခြင်း၊ သူ ့ဥစ္စာခိုးခြင်း၊ လောကီအာရုံ ကာမဂုဏ်တို ့မှ ရှောင်ကြဉ်၍ ညစာ စားမှု၊ ပန်းနံ ့သာစသည် လိမ်းကျံမှုများကို မပြုသကဲ့သို ့ ငါသည်လည်း ယနေ ့အဖို ့ထိုအမှု အမျိုးမျိုးကို ရှောင်ကြဉ်သဖြင့် ရဟန္တာအရှင်မြတ်များနှင့် တူပေသည်တကား၊ ဟု မိမိကိုယ် အလွန်မြှောက်တင်ကာ ရဟန္တာယောင်္ကျား ရဟန္တာမိန်းမ စိတ်ကို ဖြစ်စေပြီးလျှင် ယခုလို အသက်ထက်ဆုံး စောင့်စည်းနေပါလျှင် မကြာခင် ဒုက္ခခပ်သိမ်း ငြိမ်းပေလိမ့်မည်ဟု ဆင်ခြင်ရာ၏။

* ၁၄။ နံနက် အာရုဏ်တက်၌ မိမိရည်မှန်းထားသော အချိန်စေ့သော အခါ အလိုအလျောက် ရှစ်ပါးသီလ မရှိတော့ဘဲ ငါးပါးသီလသာ ကျန်တော့သည်။ ( ယခုကာလ အချို ့အရပ်မှာလို ငါးပါးသီလ ယူကာ ဥပုသ်ချနေဖွယ် မလိုပါ)။ဤကားဥပုသ်စောင့်ပုံအစီအစဉ်တည်း။

ရှစ်ပါးသီလ ခံယူပုံ
ရှစ်ပါးသီလ မယူခင် အရင်ဆုံး သရဏဂုံဆောက်တည်ရပါတယ် …

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ။ (ဘုရား အားကိုးကွယ်ပါ၏)
ဓမ္မံ သရဏံ ဂစ္ဆာမိ ။(တရားအား ကိုးကွယ်ပါ၏)
သံဃံ သရဏံ ဂစ္ဆာမိ ။(သံဃာအား ကိုးကွယ်ပါ၏)

ဒုတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ။
ဒုတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ ။
ဒုတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ ။

တတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ။
တတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ ။
တတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ ။

အဲဒီနောက်  ရှစ်ပါးသီလ တောင်းလို့ရပါပီ… ဘုန်းကြီးကျောင်းမသွားနိုင်သူများ က မိမိအိမ်ဘုရားစင်ရှေ့တွင်လည်းတောင်းခံနိုင်ပါတယ်….

အဟံဘန္တေ တိသရဏေနသဟ အထင်က သမ္ပနာကတံ ဥပေါသထသီလံ ဓမ္မံရာစာမိ အနိုဂဟံ ကတွာ သီလံဒေထ မေဘန္တေ။
ဒုတိယမ္ပိအဟံဘန္တေ တိသရဏေနသဟ အထင်က သမ္ပနာကတံ ဥပေါသထသီလံ ဓမ္မံရာစာမိ အနိုဂဟံ ကတွာ သီလံဒေထ မေဘန္တေ။
တတိယမ္ပိ အဟံဘန္တေ တိသရဏေနသဟ အထင်က သမ္ပနာကတံ ဥပေါသထသီလံ ဓမ္မံရာစာမိ အနိုဂဟံ ကတွာ သီလံဒေထ မေဘန္တေ။

၁)ပါဏာတိပါဏာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ
-သတ္တဝါတို့၏ အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ပါ၏ ။

၂) အဒိန်နဒါနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ
-သူတပါး၏ ပစ္စည်းကို မတရားယူခြင်းမှ   ရှောင်ကြဉ်ပါ၏ ။

၃)အဗြဟ္မစရိယာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ
-မမြတ်သော အကျင့်ကိုု ကျင့်ချင်းမှ  ရှောင်ကြဉ်ပါ၏ ။

၄)သူရာမေရယ မဇ်ဇ ပမာဒဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
-မူးယစ်မေ့လျော့စေတတ်သော အရက်သေစာတို့ကို သောက်စာခြ်င်းမှ   ရှောင်ကြဉ်ပါ၏ ။

၅)မုသာဝါဒါ  ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
-မမှန်သော စကားကိုပြောဆိုခြင်းမှ  ရှောင်ကြဉ်ပါ၏ ။

၆)ဝိကာလ ဘောဇနာ  ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
-နေ့မွန်းလွဲသောအါမှ စရွေ့ နောက်တစ်နေ့ အာရုဏ်မတတ်မီအတွင်း စားသောက်ဖွယ်ရာတို့ ိကု စားသောက်ခြင်းမှ  ရှောင်ကြဉ်ပါ၏ ။

၇)နစ္စ ၊ ဂီတ ၊ ဝိသူက ၊ ဒသနာ ၊ မာလာဂန္ဓ ၊ ဝိလေပန ၊ မဏ္ဍန ၊ ဝိဘူသနဌာန  ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
-ကခြင်း ၊ သီဆိုခြင်း ၊ တီးမှုတ်ခြင်း ၊ ပန်းပန်ခြင်း ၊ အမွှေးနံသာလိမ်းကျံ ရှူရှိုက်ခြင်း ၊ ပြင်ဆင်ချယ်သခြင်း တိုု့မှ  ရှောင်ကြဉ်ပါ၏ ။

၈)ဥစ္စာသယန ၊ မဟာသယနာ  ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
-မြင့်မြတ်သော ၊ အလွန်ကောင်းမွန်ခမ်းနားသော အိပ်ယာနေရာတို့တွင် နေထိုင်အိပ်စက်ခြင်းမှ  ရှောင်ကြဉ်

အရှင်နာယကာလင်္ကာရ ရေး—

(၁)ဥပုသ်(၃) မျိုးနဲ့ အကျိုးကျေးဇူး။

ဥပုသ် ဆိုတာ ပါဠိလို ဥပေါသထ ၊ တနည်း၊ ဥပဝသထ = ကောင်းမြတ်သော အကျင့် ဖြင့် နေထိုင်ခြင်း ဖြစ်ပါတယ်။

ဥပုသ်ဆိုတာ တိကနိပါတ် အင်္ဂုတ္တရ အလို (၃) မျိုးရှိပါတယ်။ (၁) နိဂဏ္ဌဥပုသ် (၂) ဂေါပါလဥပုသ် (၃) အရိယာဥပုသ ် တို့ဖြစ်ပါတယ်။

(က) နိဂဏ္ဌဥပုသ် ဆိုတာ …ငါသည် ကနေ့ယူဇနာ ၁၀ဝ -အတွင်းရှိသော သတ္တဝါတို့ကိသာရှောင်မည်။၎င်းမှအပ ငါမရှောင်ဘူး လို့ ဆောက်တည်တဲ့ တိတ္ထိဥပုသ် မျိုးဖြစ်ပါတယ်။ အကျိုးမရှိ ဘူးဆိုပါတယ်။

(ခ) ဂေါပါလဥပုသ် ဆိုတာကတော့  နွားကျောင်းသားဟာ သူ့နွားတို့ကို စားကျက်အတွင်းမှ မထွက်ရအောင် စောင့်ရှောက်ရုံသာ စောင့်ရှောက်နေဘိသကဲ့သို့ သီလခံယူပြီး စားရန်၊သောက်ရန်၊စကားပြောရန်သာ ကြံစည်တယ်။ ရတနာ(၃)ပါးဂုဏ်ကျေးဇူးကို အာရုံမပြု၊အချိန်ကုန်အိမ်ပြန်ရန်မျှသာ ဖြစ်သဖြင့် အကျိုးမများလှ။

(ဂ) အရိယာဥပုသ် ဟူသည်မှာ ဥပုသ်သီလဆောက်တည်ပြီး တရားနာခြင်း ၊ ရတနာ(၃)ပါးဂုဏ်ကျေးဇူးကို အောက်မေ့စီးဖြန်းခြင်း ၊ မေတ္တာပွားခြင်း ၊ လှူဒါန်းခြင်း ၊ သမထ ထူထောင်ခြင်း ၊ ဘာဝနာပွားခြင်း ၊ တရားစကားကို ဆွေးနွေးဟောပြောခြင်း စသည်ဖြင့် ကုသိုလ်အာရုံစိတ်နဲ့ သာနေခြင်း မျိုးဖြစ်ပါတယ်။ အကျိုးကျေးဇူးအများဆုံးဖြစ်ပါတယ်။

ဒါ တိကနိပါတ် အင်္ဂုတ္တရ အလိုအရ အကျိုးကျေးဇူးကွာတယ်လို့ ဖြေရပါမယ်။ (ကျမ်းကိုး ဆရာတော် ရဝေနွယ် – ဘာသာရေးပြဿနာများ – ၅ )

(၂)ဥပုသ်နဲ့ အရုဏ်တက်ချိန် ။

ကျွန်တော်ကို ရုရှားကရော ၊ အမေရိက ၊အင်္ဂလန်ကရော သူငယ်ချင်းတွေ ၊ ညီလေး၊ညီမလေးတွေ အင်တာနက်ကနေ မေးကြတယ်။ဒီရက်ပိုင်း အာရုံတက်ချိန်ကို အတိအကျမသိတော့ ဥပုသ်သည်တွေ ဘယ်အချိန်အထိ စောင့်ရမှန်းမသိဖြစ်နေကြတယ်။ အာရုံတက်တာ တစ်လနဲ့ တစ်လ မတူပါဘူး။ အဲဒါနဲ့ ပတ်သက်လို့ ကမာရွတ်ရွာမဆရာတော်ဘုရားက အရုဏ်တက်ပုံနဲ့ နေဝင်ပုံကို ဇယားဆွဲပေးထားပါတယ်။ (၁) တန်ခူး = ( ၅းဝဝ ) အရုဏ်တက် ။( ၆းဝဝ ) နေထွက် ၊ (၆းဝ၀) နေဝင် ။ (၂) ကဆုန် = (၄း၅ဝ ) အရုဏ်တက် ။( ၅း၅၀) နေထွက် ၊ (၆း၁၀) နေဝင် ။ (၃) နယုန် = ( ၄း၄ဝ ) အရုဏ်တက် ။( ၅း၄၀) နေထွက် ၊ (၆း၂၀) နေဝင် ။ (၄) ဝါဆို = (၄း၃ဝ ) အရုဏ်တက် ။( ၅း၃၀) နေထွက် ၊ (၆း၃၀) နေဝင် ။ (၅) ဝါခေါင် = ( ၄း၄ဝ ) အရုဏ်တက် ။( ၅း၄၀) နေထွက် ၊ (၆း၂၀) နေဝင် ။ (၆) တော်သလင်း = ( ၄း၅ဝ ) အရုဏ်တက် ။( ၅း၅၀) နေထွက် ၊ (၆း၁၀) နေဝင် ။ (၇) သီတင်းကျွတ် = ( ၅းဝဝ ) အရုဏ်တက် ။( ၆းဝ၀) နေထွက် ၊ (၆းဝ၀) နေဝင် ။ (၈) တန်ဆောင်မုန်း= ( ၅း၁ဝ ) အရုဏ်တက် ။( ၆း၁၀) နေထွက် ၊ (၅း၅၀) နေဝင် ။ (၉) နတ်တော် = ( ၅း၂ဝ ) အရုဏ်တက် ။( ၆း၂၀) နေထွက် ၊ (၅း၄၀) နေဝင် ။ (၁၀) ပြာသို = ( ၅း၃ဝ ) အရုဏ်တက် ။( ၆း၃၀) နေထွက် ၊ (၅း၃၀) နေဝင် ။ (၁၁) တပို့တွဲ = ( ၅း၂ဝ ) အရုဏ်တက် ။( ၆း၂၀) နေထွက် ၊ (၅း၄၀) နေဝင် ။ (၁၂) တပေါင်း =( ၅း၁ဝ ) အရုဏ်တက် ။( ၆း၁၀) နေထွက် ၊ (၅း၅၀) နေဝင် ။

(ကျမ်းကိုး ဆရာတော် ရဝေနွယ် – ဘဝတိုင်းဆုံချင်ပါသလား)

(၃) ဥပုသ်နဲ့ သီလယူပုံ (၂) မျိုး ။

ဥပုသ်မှာ သီလတစ်ပါးကျိုးတာနဲ့ ကျန်တာအားလုံး ကျိုး ၊ မကျိုးကတော့ အစသီလယူပုံ ၊ သီလပေးပုံပေါ်မှာ မူတည်ပါတယ် ။ သီလမှာ တစ်ပေါင်းတည်းယူနည်း ၊ တစ်ပါးချင်းယူနည်း ဆိုပြီး (၂) မျိုးရှိတယ်။ တစ်ပေါင်းတည်း ယူရင် တစ်ပါးကျိုးတာနဲ့ အားလုံးပျက်ကျိုးပါတယ်။ တစ်ပါးချင်း ယူခဲ့ရင်တော့ တစ်ပါးကျိုးတာနဲ့ အားလုံးမပျက်ကျိုးပါဘူး။ တစ်ပေါင်းတည်း ယူပုံက – အဟံ ဘန္တေ တိသရဏေနသဟ ပဉ္စသီလံ သမာဓိယာမိ အဋ္ဌ ဥပေါသထင်္ဂ ါနိ သမာဓိယာမိ (လယ်တီ ) ပဉ္စင်္ဂ သမန္နာဂတံ သီလံ သမာဓိယာမိ ( ဦးဗုဓ်)

ဒီပုံစံကို ဒီခေတ်မှာ ယူတာနည်းပါတယ်။ တရားပွဲကအချိန်သိပ်နည်းနေတာမျိုးမှာတော့ တရားဟောဆရာတော်က ဒါမျိုး တစ်ပေါင်းတည်းယူနည်းနဲ့ သီလပေးတတ်ပါတယ်။

တစ်ပါးစီယူတာကတော့ – ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ …စသည် ကျွန်တော်တို့ ယူနေကြတဲ့ ပုံစံမျိုးပေါ့ . ဒါက တစ်ပါးကျိုးရင် ကျန်တာ မကျိုးပါဘူး။ (ကျမ်းကိုး ဆရာတော် ရဝေနွယ် – ဘဝတိုင်းဆုံချင်ပါသလား)

(၄) မှန်ကန်စွာ ချိုးခြံကျင့်ကြံ ခြင်း ဟာ သူတော်ကောင်းတွေရဲ့ အကျင့်ဖြစ်ပါတယ်။ ဘာကို ချိုးခြံကျင့်ကြံမလဲဆိုတော့ အာရုံ (၅) ပါး (တစ်နည်း) အာရုံ (၆) ပါး နဲ့ ကာမဂုဏ်ခံစားမှုကို ချိုးခြံကျင့်ကြံရမှာ ဖြစ်ပါတယ်။နှိပ်စက်တဲ့ အထိဖြစ်သွားရင် တပ ခေါ် အစွန်းရောက်ကျင့်စဉ် ဖြစ်သွားပြန်တယ်။ ဒါကိုလည်း မြတ်စွာဘုရားက ဓမ္မစကြာတရားတော်မှာကို အစွန်း(၂)ပါးရှောင်ဖို့ ဟောထားတာ သတိထားမိမှာပါ။ ဥပုသ်(၈) ပါးသီလကို ပြန်ဆန်းစစ်ရင် ကာမေသုက ခွဲထွက်လာတာကို တွေ့ရလိမ့်မယ်။ ကာမေသု မိ စ္ဆာ စာရ ကံဟာ လောကပါလ တရားကို ဖျက်ဆီးတဲ့ တရားအပေါင်းမှာ အပြစ်အကြီးဆုံးတရားဖြစ်ပါတယ်။ ဒီကံ ဖောက်ထားသူအတွက် ဘယ်လောက်ပဲ ဘုန်းမီးနေလ တောက်ပနေစေကာမူ တစ်ခုသော အခါမှာ ဒီအကုသိုလ် အကျိုးကို ပြန်ခံရမယ် လို့ ဆိုတယ်။ သူများသားမယား ပြစ်မှားမှုကို သမုတိနယ်မှာ ကာမေသု မိစ္ဆာ လို့ ယူပေမယ့် ၊ ပရမတ္ထနယ်မှာတော့ ကာမေသုကို ကာမဂုဏ်တရား (၅)ပါး အဖြစ်ယူတယ်။ ရူပါရုံ ၊ သဒ္ဒါရုံ ၊ဂန္ဓာရုံ ၊ ရသာရုံ ၊ ဖောဋ္ဌဗ္ဗာရုံ တွေ ပါလာတယ်။ ပြင်ပ ဒီအာရုံတွေ က ဆွဲဆောင်တာကို ကိုယ့်မှာ ရှိတဲ့ ကိလေသာ က လက်ခံတယ် ။ ခံစားတယ် ဆိုရင် ကာမေသုပဲ ။ ဆွဲဆောင်နေဆဲမှာ ရပ်နေရင် ကာမေသု မဖြစ်သေးဘူး။ ပါသွားရင် သာ ကံမြောက်တယ်။ ဒါပေမယ့် ရှေးဆရာတွေက သားမယားစော်ကားခြင်းကို ပဲ လူတွေ စောင့်ဖို့ သတ်မှတ်ပေးလိုက်ပြီးတော့ ကျန်တာတွေကို သီလခွဲထုတ်လိုက်တယ်။ ဒါကြောင့်တို့ပြောနေတဲ့ (၈)ပါး နဲ့ (၁၀) ပါးမှာ အဗြဟ္မ စရိယာ နဲ့ မာလာ ဂန္ဓ …. စတဲ့ သီလတွေ ပွားလာတယ်။ ဒါတွေကို လေ့လာရင် ကာမဂုဏ်တရား (၅)ပါး ပဲ ပြန်ဖြစ်နေတာကို တွေ့ရပါမယ်။ တခြားထူးဆန်းတာတွေ မဟုတ်တော့ဘူး။ ကာမေသုအောက်က ခွဲထွက်သွားတာတွေဖြစ်နေကြတယ်။

ဥစ္စာသယန၊ မဟာသယနနဲ့ ပတ်သက်ပြီး လိုရင်းအဖြေကို ပြောရရင်တော့ အထိအတွေ့သာယာမှု ၊နှုးညံ့မှု ကာမဂုဏ်ကိုလည်းရှောင်မယ့် နေ့ဖြစ်တာမို့ မြင့်သောနေရာ ၊ မြတ်သောနေရာကနေ ဆင်းပြီး အိပ်သင့် နေသင့်ပါတယ်။ ဥစ္စာသယန၊ မဟာသယနဆိုတာက မြင့်သောနေရာ ၊ မြတ်သောနေရာမှာ လျောင်းစက်နေထိုင်ခြင်းမှ ရှောင်ကြဉ်ခြင်းဖြစ်ပါတယ် ။ ဒီနေရာမှာ နည်းနည်းမှတ်မိသလောက် အကျယ်ပြောရရင်တော့ အမြင့် တစ်တောင့်ထွာထက်ပိုတဲ့ အိပ်ရာ၊ခုတင်၊ညောင်စောင်း စသည် မြင့်တဲ့ နေရာတွေမှာ နေထိုင်ခြင်း ၊အိပ်ခြင်း ( ဥစ္စာသယန) နဲ့ မြတ်သောနေရာဆိုတာကတော့ သူဋ္ဌေးကြီးတွေ စည်းစိမ်ခံတတ်တဲ့ သားမွှေးအခင်းနဲ့ ထိုင်ခုံတွေ ၊ တိရ စ္ဆာ အရေတွေနဲ့ လုပ်ထားတဲ့ သားမွေး၊ သားရေ တွေနဲ့ ထိုင်ခုံတွေ ၊ နောက် ရွှေချည်၊ငွေချည် ၊ပိုးထာ အကောင်းစားစသည်များနဲ့ လဲ၊ဝါသွပ်သွင်းပြုလုပ်ထားတဲ့ ဂွမ်းကပ်၊မွေ့ယာ စသည်( မဟာသယန) တို့ ဖြစ်ပါတယ်။

တိုက်အပေါ်ထက်ကနေ မြင့်လို့ဆိုပြီး အောက်ထပ် ၊ (ဝါ) လမ်းပေါ် ဆင်းနေဖို့ မဟုတ်ပါဘူး။ဒီလိုသာဆို ဘုန်းကြီးတော်တော်များများ လမ်းပေါ်မှာပဲ နေရပါလိမ့်မယ်။ ရနိုင်နေတဲ့ စည်းစိမ်ချမ်းသာ ကိုတောင် မယူဘဲ ကိုယ့်မှာ ရှိနေတဲ့ တဏှာကို သတ်ခြင်းဟာ မြင့်မြတ်တဲ့အလုပ်ဖြစ်ပါတယ်။ ဒါကြောင့်ခြိုးခြံမှုကို ကျင့်ကြံကြပါတယ်။ဥစ္စာသယန၊ မဟာသယနဆိုတာက လဲ ဥပုသ်( ဥပေါသထ )၊ တနည်း၊ ဥပဝသထ = ကောင်းမြတ်သော အကျင့် ဖြင့် နေထိုင်ခြင်းမှာ အကျုံးဝင်နေတာဖြစ်တဲ့အတွက် အထိအတွေ့ဖောဋ္ဌပ္ဖရုံ ကို ချိုးနှိမ်ခြင်းသာ လိုရင်းဖြစ်ပါတယ်။

မှတ်ချက်။ လက်လှမ်းမီသမျှ စုစည်းတင်ပြပေးလိုက်ခြင်းဖြစ်ပါသည်။

8 Responses

  1. chitmagyi,Ms.moon , where do you hide? I’d like to see your moonlight. CONGRATULATION to sandarthuriya, for your excellent creation. Thanks Mr. sun for your reply. If you recognize me as your audience, please reply me on patiently. good luck to you three.

    • မဖြိုးရေ…. ကြိုဆိုပါတယ်ဗျာ။ ထပ်မံ လာလည်တဲ့အတွက် ပေါ့။ စန္ဒာ ကတော့ ဘယ်ရောက်နေလဲ ဆိုတာကတော့ မသိပါဘူးဗျာ။ တွေ့မှသာ မေးပါတော့…. ကျွန်တော်တို့ မောင်နှမ ၃ ယောက်ရဲ့ ဒီအိမ်လေးမှာ ဝင်ရောက်ရေးသားချင်တယ်ဆိုရင်လဲ ကြိုဆိုပါတယ်။ ဝင်ရောက်ရေးသားဖို့လဲ ဖိတ်ခေါ်ပါတယ်။ အချိန်မရွေးပေ့ါ.။ 🙂🙂🙂 တခြားပြောချင်စရာလေးတွေ ရှိရင် ဧည့်မှတ်တမ်းဆိုတဲ့ စာမျက်နှာမှာလဲ ရေးသာနိုင်ပါတယ်။

    • ဘယ်မှ မပုန်းပါဘူးဖြိုးရဲ့… အလုပ်နည်းနည်းရှုပ်နေလို့ပါ.. ခုတော့ ၉ဝရာနှုန်းလောက် အေးဆေးဖြစ်သွားပါပီ…. နောက်ပိုင်း အမပို့စ်လေးတွေ ဖတ်ရမှာပါ.. ကြိုးစားပြီး တင်သွားပါ့မယ်.. မှန်မှန်လာလည်နော်.. လိုတာရှိရင်လည်းဝေဖန်ပေးပေါ့..

    • ဟုတ်ပါတယ်… မပုန်းပါဘူး…. ရှိပါတယ်….. အရှုတ်တွေလုပ်နေလို့ပါ…
      ကျန်တဲ့ ၁၀% ကတော့ .အဟဲ…ဟဲ….
      မှန်မှန်လာ… မှန်မှန်ဝေဖန်… ဖြစ်နိုင်ရင် ကိုယ်တိုင်လဲ ဝင်ရေးစေချင်တယ်ခင်ဗျ။

  2. I never heard the monks studied at night (without dinner, soft drink).
    Brain uses not storage glucose, but recent glucose from rice (grass genera).

    • သံဃာတော်တွေလဲ ညဘက် စာအံစာကျက်တာရှိပါတယ်။ ဦးနှောက်က ဂလုကိုစ့် ကို ဘယ်လိုသုံးတယ်ဆိုတာကတော့ ကျွန်တော် အထူးပြုဘာသာမဟုတ်တဲ့အတွက် သိပ်မသိဘူးခင်ဗျ။ ဘာပဲဖြစ်ဖြစ် အခုလို့လာလည်၊ ဆွေးနွေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ဗျာ။ နောက်ထပ်လဲ လာလည်ပါဦး။ အချိန်ရရင်လည်း winzawnaing.wordpress.com ကိုလည် သွားလည်လိုက်ပါဦးနော်…..🙂🙂🙂

  3. for students, who is studying hard, it is not suitable. He or she may need requisite energy and nutrient. dinner is needed .

    • ဒီလိုဆိုရင် စာသင်သားသံဃာတော်တွေ ဘယ်လိုစာကျက်မှတ်လေ့လာကြပါသလဲ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: