ဝါဆိုလပြည့်နေ့ + ဓမ္မစင်္ကြာနေ့


ဓမ္မစင်္ကြာဟောကြားခြင်း

ဓမ္မစင်္ကြာဟောကြားခြင်း

သန္ဓေ, တောထွက်, ဓမ္မစက်, မိန်မြွက်ဝါဆို ဟူသောစကားနှင့်အညီ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးသည် တုသိတာနတ်ပြည်မှ နတ်သားအပေါင်းတု့ိဧ။် ဘုရားဖြစ်ရန် အချိန်တန်ပါပြီဟု လာရောက်ကာ တောင်းပန်ကြသောကြောင့် သန္တုဿိတ နတ်သားအဖြစ်မှ မယ်တော်မာယာဧ။် ဝမ်းတွင်ဝယ် ဝါဆိုလပြည့်နေ့တွင် ပဋိသန္ဓေနေတော်မူပါသည်။
ဖွားမြင်မြောက်သောအခါ သိဒ္ဓတ္ထဂေါတမ အမည်ရလေဧ။်။ ဆယ့်ခြောက်နှစ်ဝယ် ယသော်ဓရာနှင့် ထိန်းမြှား လက်ထပ်လေဧ။် ရာဟုလာ အမည်ရသော သားတော်တစ်ပါး မွေးဖွားလေဧ။် ထိုနောက် သူအို, သူနာ, သူသေ, ရဟန်း, ဟူသော နိမိတ်ကြီးလေးပါးကို မြင်တော်မူကာ အိုခြင်းသဘော နာခြင်းသဘော သေခြင်းသဘော တရားတို့ကိုကြောက်လန့်ကာ အိုခြင်းကင်းရာ နာခြင်းကင်းရာ သေခြင်းကင်းရာ ရဟန်းတစ်ပါးဧ။် ချမ်းသာတရားကို တွေးသိကာ တောထွက်ရန် ကြံစည်တော်မူပြီး ဝါဆိုလပြည့်နေ့ ညသန်းခေါင်ယံ အချိန်တွင် ဖွားဖက်တော် မောင်စံ ကန္နကမြင်းတို့ နှင့် ဥရုဝေလ တောသို့ ကိလေသာကုန်ခန်းပြီး ဉာဏ်အလင်းရောင်တွေကို ရှာဖွေရန် တောထွက်တော်မူပါသည်။

မဂဓတိုင်း ဂယာမြို့အနီး ဥရုဝေလတောဝယ် (၆)နှစ်တို့ ကာလပတ်လုံး ရှေးဟောင်း အိန္ဒိယ ယောဂီ ပရိဗိုဇ်တို့ဧ။် အတ္တကိလမထာ (ပင်းပန်းစွာခန္ဓာကိုယ် ညင်းဆဲကြောင်း) အကျင့်တို့ကို့ ထိုတောဝယ်(၆) နှစ်တိုင်တိုင် ပင်းပန်းစွာ ကျင့်ကြံသော်လည်း တရားထူးကိုမရရှိပေ၊ (၆)နှစ်မျှကျင့်ခဲ့ရတဲ့ ရှေးဟောင်းအိန္ဒိယ ယောဂီပရီဗိုဇ်တို့ဧ။် အကျင့်များသည် ခန္ဓာကိုယ်ပင်ပန်းဆင်းရဲကြောင်း အကျင့်များသာဖြစ်သည်ဟု သိရသောအခါ မိမိဧ။် ကိုယ်ပိုင်နည်းစနစ်ဖြစ်သော မဂ္ဂင်(၈)ပါး နည်းလမ်းသစ်ဖြင့် သဗ္ဗညုတဉာဏ်တော်ကို ရရှိကာ ဘုရားအဖြစ်သို့ ရောက်ရှိတော်မူပါသည် ၊ဘုရားအဖြစ်သို့ရောက်ရှိပြီးနောက် အားထုတ်ခဲ့သောတရားများနှင့် လောကကို ဆင်ခြင်ကြည့်သော် မိမိရရှိ ကျင့်ကြံထားသော တရားတို့သည် အလွန်သိမ်မွေ့နက်နဲ ခက်ခဲလွန်းနေဧ။် လောကလူသားတို့ဧ။် အသိဉာဏ်ကား ကိလေသာအမှောင်တို့ဖြင့်သာ ထာဝစဉ်ပိတ်ဖုံးနေဧ။။် ငါဧ။်တရားတို့သည်ကား အလွန်နက်နဲကာ ခက်ခဲလွန်နေဧ။် ပုထုဇဉ်တို့ အားဟောကြားရန် လားလားမှမတန်ဟု စဉ်ခြင်နေစဉ် သဟမ္ပတိ ဗြဟ္မာဧ။် တောင်းပန်မှုဖြင့် အရင်က မိမိ တပည့်တော်ခဲ့ဘူးသော ကာသိတိုင်း ဗာရာဏသီမြို့အနီး မိဂဒါဝုန်တောဝယ်ရှိသော ပဉ္စဝဂ္ဂီငါးဦး (ပဉ္စ-ငါးခု ငါးယောက်၊ဝဂ္ဂ-အစု အဖွဲ့)တို့ကိုတရားဦးဟောကြားရန် ကြွချီတော်မူလေသည် ။

ဝါဆိုလပြည့်နေဝယ် မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးသည် သူ့ဘဝဧ။် ပထမဦးဆုံးဖြစ်သော ဓမ္မစင်္ကြာ တရားတော်ကို ပဉ္စဝဂ္ဂီ ငါးဦးတို့အား ဟောကြားတော်မူလေသည်။ ဝါဆိုလပြည့် နေ့သည် ဗုဒ္ဓဘာဝင်တို့ အတွက် မွန်မြတ်သောနေ့တစ်နေ့ဖြစ်ပါသည်။

ဝါဆိုလပြည့် (၅) နေ့
(၁) ပဋိသန္ဓေတည်သည့်နေ့ = မဟာသက္ကရာဇ် – ၆၇၊ ဝါဆိုလပြည့်။(ကြာသပတေးနေ့)

(၂) တောထွက်သည့်နေ့ = မဟာသက္ကရာဇ် – ၉၇၊ ဝါဆိုလပြည့်။(တနင်္လာနေ့)

(၃) ဓမ္မစကြာတရားဦး = မဟာသက္ကရာဇ် – ၁၀၃၊ ဝါဆိုလပြည့်။(စနေနေ့)

(၄) သောတာပန်လူသား စပေါ်သည့်နေ့ = မဟာသက္ကရာဇ် – ၁၀၃၊ ဝါဆိုလပြည့်။ (စနေနေ့)

(၅) သံဃာရတနာစပေါ်သည့်နေ့ = မဟာသက္ကရာဇ် – ၁၀၃၊ ဝါဆိုလပြည့်။ (စနေနေ့)

သန္ဓေယူတော်မူသောနေ့ (ကြာသာပတေးနေ့)
သုံးလူ့ရှင်ပင်၊ ကျွန်းထိပ်တင်၊ သောင်းခွင်
စကြာဝဠာ၊ နတ်ဗြဟ္မာတို့၊ ညီညာရုံးစု၊
တောင်းပန်မူကြောင့်၊ ရတုနဂိုရ်၊ ရွှန်းရွှန်းစိုသည်
“ဝါဆိုလပြည့် ကြွက်မင်းနေ့ဝယ်၊ ချမ်းမြေ့ကြည်ဖြူ
သန္ဓေ ယူသည်” နတ်, လူ ငြိမ်းဖို့ကိန်းပါကို…။

တောထွက်တော်မူသောနေ့ (တနင်္လာနေ့)
ဖွားမြင်မြောက်သော်၊ ဆယ်ခြောက်နှစ်ရွယ်
ပျိုမြစ်နုနယ်၌၊ သုံးသွယ်ရွှေနန်း သိမ်းမြန်းပြိးလစ်၊
ဆယ်သုံးနှစ်လျှင်၊ ဘုန်းသစ်လျှံလူ၊ စံတော်မူ၍၊
“ရွယ်မူနုဖြိုး၊ နှစ်ဆယ်ကိုးဝယ်” လေးမျိုးနိမိတ်၊
နတ်ပြဟိတ်ကြောင့်၊ ရွှေစိတ်ငြင်ငြို၊ သံဝေပိုက၊
“ဝါဆိုလပြည့် ကျားမင်းနေ့ဝယ်၊ ချမ်းမြေ့ရဂုံ
တော်ရပ်လှုံသည်” စုံမြိုင်ပင်ရိပ်ခမ်းမှာကို……။

ဓမ္မစင်္ကြာဟောတော်မူသောနေ့ (စနေနေ့)
ဘုရားဖြစ်ကာ၊ မိဂဒါသို့၊ စကြာရွှေဖဝါးဖြန့်ချီ
သွား၍၊ ငါးပါးဝဂ္ဂီစုံအညိနှင့် မဟီတစ်သောင်း
တိုက်အပေါင်းမှ၊ ခညောင်းကပ်လာ၊ နတ်ဗြဟ္မာ
အား“ဝါဆိုလပြည့်၊ စနေနေ့ဝယ်၊ ကြွေ့ကြွေ့
လျှံတက်၊ ဓမ္မစက်ကို” မိန့်မြွတ်ထွေပြား၊
ဟောဖော်ကြားသည်၊ တရားနတ်စည်ရွှမ်းတယ်ကို….။

ဓမ္မစင်္ကြာတရားတော်

ဘုရားအလောင်းတော်သည် (၂၉)နှစ်ထိ ကာမဂုဏ်အာရုံတို့ဖြင့် ပျော်ပါးနေခဲ့သော ‘ကာမသုခလ္လ’ိကာနု ယောဂလက်ယာစွန်းရောက်နေစဉ် လောဘကိုသာ ဖြစ်စေပြီး၊ (၂၉) နှစ်မှ (၃၅) နှစ်အထိ (၆) နှစ်လုံးလုံး ခန္ဓာကိုယ်ကို အမျိုးမျိုးနှိပ်စက်ညှင်းဆဲပြီးကျင့်သော ဒုက္ကရစရိယာအကျင့် ‘အတ္တကိလမထာနုယောဂ’ လက်ဝဲ စွန်း ရောက်နေစဉ် ဒေါသကိုသာဖြစ်စေသဖြင့် တရားမရဖြစ်နေသောကြောင့် ၎င်းအစွန်းနှစ်ပါးကိုရှောင်ပြီး ‘မဇိ္ဈမပဋိပဒါ’ (ခေါ်) မဂ္ဂင်ရှစ်ပါးအကျင့်ကို ကျင့်မှသာလျှင် သစ္စာလေးပါး ကို သိမြင်နိုင်သော တရားဖြစ်သည်ဟု ဟောကြားသော တရားဖြစ်သည်။

5 Responses

  1. ဟုတ်တယ်… မဂ္ဂင်ရှစ်ပါးကို ဆရာမကူဘဲ မိမိပါရမီအစွမ်းဖြင့် ထွင်းဖောက်သိမြင်တယ် ဆိုရင်တော့ ဟုတ်တယ်.. နည်းလမ်းသစ်တော့ ဟုတ်ဘူးနော်… ကျေးဇူးနော်…

  2. သူရိယရေ

    (၆)နှစ်မျှကျင့်ခဲ့ရတဲ့ ရှေးဟောင်းအိန္ဒိယ ယောဂီပရီဗိုဇ်တို့ဧ။် အကျင့်များသည် ခန္ဓာကိုယ်ပင်ပန်းဆင်းရဲကြောင်း အကျင့်များသာဖြစ်သည်ဟု သိရသောအခါ “မိမိဧ။် ကိုယ်ပိုင်နည်းစနစ်” ဖြစ်သော မဂ္ဂင်(၈)ပါး နည်းလမ်းသစ်ဖြင့် သဗ္ဗညုတဉာဏ်တော်ကို ရရှိကာ ဘုရားအဖြစ်သို့ ရောက်ရှိတော်မူပါသည်

    မိမိ၏ကိုယ်ပိုင်နည်းစနစ်ထက် လောကရဲ့အမှန်တရားတစ်ခုလို့ သုံးရင်ပိုကောင်းလိမ့်မည်ထင်တင်
    ဘာလို့လည်းဆိုတော့ မဂ္ဂင်(၈)ပါး အကျင့်ဆိုတာ ရှေးရှေးဘုရားတွေလက်ထက်ကတည်းကရှိခဲ့တာလေ
    နည်းလမ်းသစ်လို့ပြောတာကလည်း ဟုတ်သေးဘူးနော်
    ရှေးဘုရားရှင်တွေလည်း ဒီနည်းလမ်းကိုဘဲသုံးခဲ့တာမဟုတ်ဘူးလား

    တရားခွေတစ်ခွေမှာကြားဘူးနားဝလေးပါ . . .

    သူရိယရေ…
    သေချာပြန်ဂရုစိုက်ပေးပါ

    အားပေးနေပါတယ်….

    • ဟုတ်တယ်နော်.. မဂ္ဂင်ရှစ်ပါးကို ဆရာမကူဘဲ ကိုယ်တိုင်အသိဉာဏ်ဖြင့် ၊ ပါရမီတော်စွမ်းဖြင့် ထွင်းဖောက်သိမြင်တော်မူသော ဆိုရင်တော့ ဟုတ်တယ်… နည်းလမ်းသစ်ဆိုတာတော့ ဟုတ်သေးဘူးနော်.. ကျေးဇူးပါ ပီပီရေ….

    • ပြည့်ဖြိုး… မင်းကို ငါအရင်က အထင်မကြီးခဲ့ဘူး… အခု မှ နည်းနည်းကြီးလားတယ်…. ဒါပေမယ့်….. နည်းနည်းတော့ထူးဆန်းနေသလားလို့… ထားလိုက်ပါ…. ဘာပဲဖြစ်ဖြစ်အခုလို့ ထောက်ပြ. ပြောဆိုတာ ကျေးဇူးပဲ… နောက်အားလဲလာဖတ်ဦးဟ….

      • သူရိယရေ…

        ပြောမယ်ဆိုရင်ပြင်စရာလေးတွေရှိနေသေးတယ်….

        ငါ၏တရားတို့သည်လို့သုံးထားတော့ သက္ကယဒိဠိ ကြီးပါနေတယ်

        နောက်တစ်ခုက . . .
        ဘုရားအဖြစ်သို့ရောက်ရှိပြီးနောက် အားထုတ်ခဲ့သောတရားများနှင့် လောကကို ဆင်ခြင်ကြည့်သော်
        တရားများနှင့်ဆင်ခြင်တာမဟုတ်လောက်ဘူးနော်…
        သဗ္ဗညုတဉာဏ်တော် နဲ့ဆင်ခြင်တာဖြစ်လိမ့်မယ်နော်

        ပြီးတော့ နောက်တစ်ခုက . . .

        ၊ဘုရားအဖြစ်သို့ရောက်ရှိပြီးနောက် အားထုတ်ခဲ့သောတရားများနှင့် လောကကို ဆင်ခြင်ကြည့်သော် မိမိရရှိ ကျင့်ကြံထားသော တရားတို့သည် အလွန်သိမ်မွေ့နက်နဲ ခက်ခဲလွန်းနေဧ။် လောကလူသားတို့ဧ။် အသိဉာဏ်ကား ကိလေသာအမှောင်တို့ဖြင့်သာ ထာဝစဉ်ပိတ်ဖုံးနေဧ။။် ငါဧ။်တရားတို့သည်ကား အလွန်နက်နဲကာ ခက်ခဲလွန်နေဧ။် ပုထုဇဉ်တို့ အားဟောကြားရန် လားလားမှမတန်ဟု စဉ်ခြင်နေစဉ်

        အဲ့ဒိလိုဆိုရင် ဗုဒ္ဒဟာ လူသားတွေကို မေတ္တာမထားဘူးဖြစ်သွားပါမယ်
        ကြားဘူးတာတော့ပုထုဇဉ်မဟုတ်တာ ဘုရား၊ရဟန်းတာ ဘဲရှိတာနော်…
        အာသဝေါတရားမကုန် ရင်တော့ပုထုဇဉ်ဘဲနော်…
        ပုထုဇဉ်ကို ဟောဘို့မတန်ဟုဆိုရင် လေးသချေင်္ နဲ့ ကမ္ဘာတစ်သိန်း ထက်က သုမေဓါ ရသေ့ဖြစ်ခဲ့တုန်းက နိဗ္ဗာန်ဝင်နိုင်ရဲ့သားနဲ့ဘာလို့ဘုရားဆုပန်ခဲ့ပါလည်း သတ္တဝါတွေကို ကယ်မချင်လို့ပါ ….

        စာသားအသုံးအနှုန်းများကိုကရုစိုက်စေချင်ပါတယ်

        အစဉ်အားပေးနေတဲ့
        pp

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: