မီး (၁၁) ပါး

သတ္တ၀ါတို့ကို လောာင်ကျွမ်းပျက်စီး ဆင်းရဲစေတတ်သော တရား (၁၁) ပါး (၁) ရာဂမီး (လောဘမီး) – တပ်နှစ်သက်ရသဖြင့် ပူလောင်ခြင်း။ (၂) ဒေါသမီး – အမျက်ထွက်၊ စိတ်ဆိုးရသဖြင့် ပူလောင်ခြင်း။ (၃) မောဟမီး – အဟုတ်အမှန်ကို မမြင်မသိရသဖြင့် ပူလောင်ခြင်း။ (၄) ဇာတိမီး – ပဋိသန္ဓေနေရမှု၊ ဘ၀အသစ်၌ ဖြစ်ရသဖြင့် ပူလောင်ခြင်း။ (၅) ဇရာမီး – အိုမင်းရသဖြင့် ပူလောင်ခြင်း။ (၆) မရဏမီး – သေပျက်ရသဖြင့် ပူလောင်ခြင်း။ (၇) သောကမီး – စိုးရိမ်ကြောင့်ကြရသဖြင့် ပူလောင်ခြင်း။ (၈) ပရိဒေ၀မီး – ငိုကြွေးရသဖြင့် ပူလောင်ခြင်း။ (၉) ဒုက္ခမီး – ဒုက္ခဆင်းရဲကြောင့် [...]

ဗုဒ္ဓဘာသာဝင်တို့၏ ယုံကြည်ချက်ကြီး (၁၀) ချက်

ဘုရားရှင်၏ခမည်းတော် သုဒ္ဓေါဓနမင်းကြီးနှင့် ဆွေတော်မျိုးတော်တို့သည် ထိုဆယ်ချက်ကို ယုံကြည်သည့် ကမ္မဿကတာ သမ္မာဒိဋ္ဌိများ ဖြစ်ကြသည်။ သုဒ္ဓေါဓနမင်းကြီးကိုးကွယ်သည့် ကာဒေဝီရသေ့ကြီးနှင့် အာဠာရရသေ့၊ ဥဒကရသေ့ တို့ကား ကမ္မဿကတာ သမ္မာဒိဋ္ဌိ၊ ဈာနသမ္မာဒိဋ္ဌိ နှစ်ပါးရှိသူများ ဖြစ်ကြသည်။ သူတို့သည် ကမ္မဝါဒီများဖြစ်၍ ဈာန်အဘိညာဉ်များအထိ ရရှိသူများ ဖြစ်ကြသည်။ သို့သော် သူတို့သည် ဗုဒ္ဓဘာသာဝင်များ မဟုတ်ကြပါချေ။ ဆိုလိုသည်မှာ ကမ္မဝါဒီဖြစ်၍ သမထဘာဝနာ ကုသိုလ်ကံများကို ကြိုးစားအားထုတ်သဖြင့် ဈာန်အဘိညာဉ် ရနေစေကြမူ(ဝါ) ကမ္မဿကတာ သမ္မာဒိဋ္ဌိ၊ ဈာနသမ္မာဒိဋ္ဌိများဖြစ်နေစေကြမူ ခန္ဓာကိုယ်မှာ အတ္တကောင်ရှိသည်ဟု ယူထားကြသူများ ဖြစ်သောကြောင့် ဗုဒ္ဓဘာသာဝင်များ မဖြစ်ကြချေဟု အဓိပ္ပါယ်ရသည်။ (၁) အတ္ထိ ဒိန္နံ လှူဒါန်းပေးကမ်းခြင်းသည် အမှန်တကယ် အကျိုးရှိသည်ဟု ယုံကြည်ရခြင်း၊ (၂) အတ္ထိ ယိဋ္ဌံ ရတနာသုံးဖြာ [...]

မြတ်ဗုဒ္ဓအလိုတော်

မြတ်ဗုဒ္ဓ သက်တော်ထင်ရှားစဉ်အခါ ကာလာမင်းတို့ နေထိုင်ရာ ဈေးဆိုင် ၊ ဈေးရုံများဖြင့် ဖွဲ့ဖြိုးစည်ပင်သာယာသော ကေသမုတ္တိနိဂမသို့ ရောက်ရှိတော်မူပြီး ထိုထိုနိဂုံးသားတို့ကို သူတစ်ပါးပြောကာမျှဖြင့် မယုံကြည်ဘဲ ကိုယ်တိုင်သိမြင်အောင် စူးစမ်း ဆင်ခြင်ပြီးမှ ပယ်သင့်သော တရားကို ပယ်၍ ဆောင်သင့်သော တရားကို ဆောင်ကြရန် မိန့်မှာတော်မူပါသည်။ ၁။ မာ အနုသာဝေန ကလေးဘဝမှစ၍ ကြားနာမှတ်သားခဲ့ခြင်းဖြင့်လည်း ဟုတ်တယ် ၊ မှန်တယ်လို့ အစွဲအမြဲ မယူကြနှင့်။ Do not believe just because it is traditional maintained by oral repetition. ၂။ မာ ပရမ္ပရာယ မိဘ ဘိုးဘွား စသည်တို့မှ ဆင်းသက်ပြီး (ပရံပရ အဆက်ဆက်) မှတ်ယူလုပ်ကိုင်းရိုး [...]

မာတုဂါမများကြောင့် ရဟန်းသံဃာတော်တို့မှာ ဘယ်လိုအာပတ်တွေ သင့်တက်ပါသလဲ

ဦးဇင်းMA ။ ။ မာတုဂါမကြောင့် ရဟန်းသံဃာတော်များမှာ ဘယ်လိုအာပတ်တွေ သင့်တက်ပါသလဲဘုရား။ ဦးဇင်း ။ ။ မာတုဂါမကြောင့် ပါရာဇိတ အာပတ်လည်း သင့်နိုုင်ပါတယ်။ သံဃာဒိသိသ်အာပတ်လည်း သင့်နိုင်တယ်။ ထုလ္လစ္စဉ်းအာပတ်လည်း သင့်နိုင်တယ်။ ပါစိတ်အာပတ်လည်း သင့်နိုင်တယ်။ ဒုက္ကဋ်အာပါတ်လည်း သင့်နိုင်တယ်။ ဦးဇင်းMA ။ ။ အာပတ်တွေ အကုန်လုံး သင့်နိုင်ပါသော်လည်း ဒကာမတွေနဲ့ ဆက်ဆံနေရတာပဲဘုရား။ ဦးဇင်း ။ ။ အရှင်အာနန္ဒာက သာသနာ့နောင်ရေးကို မျှော်တွေးပြီး မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန် စံခါနီးမှာ လှောက်ထားခဲ့တာတွေရှိတယ်။ ဦးဇင်းMA။ ။ မာတုဂါမနဲ့ ပတ်သက်တာလားဘုရား။ ဦးဇင်း ။ ။ မှန်ပါတယ်။ မာတုဂါမများနဲ့ စပ်လျဉ်းပြီး လျှောက်တာပါ။ ‘ရှင်တော်မြတ်ဘုရားတဲ့ တပည့်တော်တို့ မာတုဂါမများနှင့် စပ်လျဉ်းပြီး [...]

ဒေဝဒတ္တသုတ်

ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်- ရဟန်းတို့ မသူတော်တရား သုံးပါးတို့ဖြင့် အနှိပ်စက်ခံရသော သိမ်းရုံးယူအပ်သည့် စိတ်ရှိသော ဒေဝဒတ်သည် အပါယ်၌ ဖြစ်ရ၏၊ ငရဲ၌ ဖြစ်ရ၏၊ အန္တရကပ်ပတ်လုံး တည်၏၊ ကုစား၍ မရကောင်း၊ အဘယ်သုံးပါးတို့နှင့်နည်း… ၁… ရဟန်းတို့ ယုတ်မာသော အလိုဆိုးဖြင့် အနှိပ်စက်ခံရသော သိမ်းရုံးယူအပ်သည့် စိတ်ရှိသော ဒေဝဒတ်သည် အပါယ်၌ ဖြစ်ရ၏၊ ငရဲ၌ ဖြစ်ရ၏၊ အန္တရကပ်ပတ်လုံး တည်၏၊ ကုစား၍ မရကောင်း။ ၂… ရဟန်းတို့ မိတ်ဆွေယုတ် ရှိသည်၏ အဖြစ်ဖြင့် အနှိပ်စက် ခံရသော သိမ်းရုံး ယူအပ်သည့် စိတ်ရှိသော ဒေဝဒတ်သည် အပါယ်၌ ဖြစ်ရ၏၊ [...]

မှတ်စု (၁)

၁) ပစ္စုပ္ပန်တိုင်း တွေ့သမျှအာရုံနှင့် အဆင်ပြေအောင် တည်ငြိမ်ရင့်ကျက်အေးချမ်းစွာ နေတတ်ရမယ်၊ သတိဉာဏ်ချိန်သီး အမြဲ တပ်ထားရမယ်၊ သဒ္ဓါဝီရိယလက်တံ အမြဲ လည်ပတ်ပေးနေရမယ်။ ၂) မိမိရဲ့ ကိုယ်အား ၊ ဉာဏ်အား ပစ္စည်းအားနဲ့ မိမိ၊ သူတပါး၊ လောက၊ သာသနာ စွမ်းနိုင်ရာဖက် သဒ္ဓါ၊မေတ္တာ ၊ပညာအားနဲ့ လှပတင့်တယ်။ ထည်ဝါခန့်ညားကျက်သရေရှိအောင် အလှတန်ဆာ ဆင်ပေးနိုင်ရမယ်၊ ကောင်းကျိုးပြုဘဝမှတ်တိုင် စိုက်ထူပေးနိုင်ရမယ်၊ နာမည်ကောင်း ကျန်ရစ်ရမယ်၊ ၃) ဘဝကူး စိတ်အေးရအောင် ကိုယ်ပိုင်တရားများကို အချိန်မီ စုဆောင်းထားနိုင်ရမယ်၊ အချိန်မီဆိုတာ ယနေ့တိုင်း ယနေ့တိုင်း ယနေ့ လုပ်ရမယ့် အလုပ်ကို ယနေ့ပြီးအောင် လုပ်သွားရုံပေါ့၊ ဘဝလွတ်မြောက်ရေးထိ တိကျတဲ့ ဦးတည်ချက် ရှိထားဖို့လည်း အထူး လိုအပ်မယ်။ ဒါဆို လူဖြစ်ကျိုး၊ [...]

နောက်ဆုံးဆယ်လ မြတ်ဗုဒ္ဓ (၁)

မြတ်ဗုဒ္ဓ ၄၄ ဝါပြည့်ပြီး ၄၅ဝါမြောက် နောက်ဆုံးဝါဆိုသွားသောနေရာသည် ဝေသာလီမြို့အနီးရှိ ဝေဠုဝရွာငယ်ကလေးပင်ဖြစ်၏။ ထိုရွာကလေးသို့ မရောက်မီမှာ မြတ်ဗုဒ္ဓသည် ရာဇဂြိုလ်မြို့အနီးရှိ အမ္ဗပါလီအမျိုးကောင်းသမီး၏ သရက်တောဥယျာဉ်တွင် သီတင်းသုံးနေထိုင်တော်မူခဲ့၏။ အမ္ဗပါလီအမျိုးကောင်းသမီးက..မြတ်ဗုဒ္ဓအား သရက်တောဥယျာဉ်ကြီးနှင့်တကွ သရက်တောကျောင်းတိုက်ကိုပါ..လှူဒါန်းခဲ့လေသည်။ ထိုကျောင်းတိုက်မှ ခရီးဒေသစာရီကြွချီတော်မူရန် မြတ်ဗုဒ္ဓက အရှင်အာနန္ဒာအား.. ငါဘုရား၏ထံတော်ပါး၌ ခစားလိမ္မာ အိုချစ်သား အာနန္ဒာ.. “အကြင်အရပ်၌ ဝေဠုဝရွာငယ်သည် ရှိ၏။ ဝေဠုဝအမည်ရှိသော ထိုရွာငယ်ဆီသို့ သွားကြကုန်စို့” ဟု မိန့်တော်မူ၏။ အရှင်အာနန္ဒာကလည်း… “ဘုန်းတော်ခြောက်စုံ တန်းခိုးဂုဏ်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား ကောင်းလှပါပြီ” ဟု ဝန်ခံတော်မူ၏။ ထို့နောက် သံဃာတော် (၅၀၀)နှင့်တကွ ခြံရံလျက် အမ္ဗပါလီသရက်တောကျောင်းတိုက်မှ ဝေဠုဝရွာငယ်လေး ဆီသို့ ခရီးဒေသစာရီကြွချီတော်မူခဲ့၏။ ဝါဆိုခါနီး ထိုရွာငယ်လေးသို့ ရောက်ရှိခဲ့လေ၏။ ဝေဠုဝရွာလေးမှာ ရွာသိမ်ရွာငယ်လေးပင် ဖြစ်၏။ [...]

သံဝေဂ ၈-ပါး

၁။ နုနယ်ရုပ်ဆင်း၊ ပျိုမြစ်ခြင်းကား၊ အိုမင်း နောက်ဆုံးရှိ်ချေ၏တကား။ ၂။ ဥစ္စာဆင်မြင်း၊ ပေါများခြင်းကား၊ ယိုယွင်းနောက်ဆုံး ရှိချေ၏တကား။ ၃။ ချစ်ခင်ပေါင်းသင်း၊ ဆက်ဆံခြင်းကား၊ ကွေကွင်းနောက်ဆုံး ရှိချေ၏တကား။ ၄။ ဝိညာဉ်တင်းလင်း၊ သက်ရှည်ခြင်းကား၊ သေမင်းနောက်ဆုံး ရှိချေ၏တကား။ ၅။ တက်ကြွားကြွကြွ၊ မြင့်လွန်းကလည်း၊ လျှောကျနောက်ဆုံး ရှိချေ၏တကား။ ၆။ ခင်မင်ခယ၊ ချစ်လွန်းကလည်း၊ သောကနောက်ဆုံး ရှိချေ၏တကား။ ၇။ ပွဲလယ်ပြင်ပ၊ ချီးမွမ်းကြလည်း၊ ရှုတ်ချနောက်ဆုံး ရှိချေ၏တကား။ ၈။ ကြည်သာရွှင်ပျ၊ ချမ်းသာကြလည်း၊ ဒုက္ခနောက်ဆုံး ရှိချေ၏တကား။

ဗုဒ္ဓဘာသာဝင်တို့ နေ့စဉ်ပြုအပ်သောအရာ

(၁) ရေချမ်းကပ်လှူခြင်း။ သတ္တဝါတို့၏ကျေးဇူးတော်ရှင် သစ္စာလေးပါးမြတ်တရားကို ကိုယ်တော်တိုင် ပိုင်းခြားသိမြင်တော်မူသော မြတ်စွာဘုရားရှင်အား သက်တော်ထင်ရှား ရှိသည့် အလားစိတ်တွင်မှတ်ယူကာ လိုသလိုအသုံးပြုနိုင်ရန် ရည်စူး၍ ကပ်လှူခြင်း။ အကျိုးကိုလို၍ ကပ်လှူပူဇော်ခြင်း မဟုတ်သော်လည်း အကျိုးကျေးဇူးတို့အား သိရှိစေရန် ဖော်ပြအပ်ပါသည်။ ရေအကျိုး(၁၀)ပါးကို စာဖတ်သူများ သိရှိပြီး ဖြစ်ပါသည်။ ယင်းတို့မှာ (၁) လျင်မြန်ခြင်း၊ (၂) သန့်ရှင်းစင်ကြယ်ခြင်း၊ (၃) ကျော်ကြားလူသိများခြင်း၊ (၄) ဆာလောင်မွတ်သိပ်မှု ကင်းခြင်း၊ (၅) အခြွေအရံများခြင်း၊ (၆) အသက်ရှည်ခြင်း၊ (၇) အဆင်းလှခြင်း၊ (၈) ချမ်းသာကြီးခြင်း၊ (၉) ခွန်အားဗလ ကြီးမားခြင်း၊ (၁၀) ဉာဏ်ပညာ ကြီးမားခြင်း တို့ဖြစ်ပါတယ်။ (၂) ဆွမ်းကပ်လှူခြင်း။ ရေချမ်းကပ်လှူသကဲ့သို့ မိမိစိတ်တွင်နှလုံးသွင်း၍ ကပ်လှူပါ။ ဆွမ်း၊ သစ်သီးတို့အား [...]

ဥပုသ်စောင့်ရခြင်း၏ ရည်ရွယ်ချက်

တောသား

Follow

Get every new post delivered to your Inbox.