Posted on December 11, 2009 by စန္ဒာ
အကြင်အရပ်၌ သောက ၊ ပရိဒေ၀တို့မရှိ ၊ မဖြစ် ၊ မတည် ။ သောက ၊ ပရိဒေ၀တို့ကြောင့် စီးကျလာသော မျက်ရည်ဟူသည် ဝေးစွ ။ အကြင်အရပ်၌ ပူလောင်နေသော ရင်ခွင်ကို အေးမြစေ၏ ။ လောင်မြိုက်နေသော ချစ်ခြင်းတွေ ပျေက်ကွယ်စေ၏ ။ ထိုအရပ်သို့ ဧဟိပဿိကော ၊ လာလှည့်စမ်းပါ ၊ ကြည့်လှည့်စမ်းပါ ။ ထိုအရပ်တွင် ဗုဒ္ဓဂေါတမ၏ သာသနာတော် ထည်ရှိ၏ ။
တစ်နေ့ပြီး တစ်နေ့ဖြတ်ကျော်၍ တစ်သွားတည်းသွားနေသည့် ဘ၀ခရီးတစ်လျှောက်၌…
ပြုမိမှား ၊ ပြောမိမှားတို့ဖြင့် နောင်တအထွေထွေ ၊ ပူပန်သောကအထွေထွေတို့ ဖြစ်ရခြင်းမှလည်းကောင်း ၊ အ၀ိဇ္ဇာအမှောင်ထု၌ ယုံမှားတွေဝေခြင်းအမျိုးမျိုးဖြင့် အဆိုးကို အကောင်းထင် ၊ ဒုက္ခကို သုခထင်လျက် စမ်းတ၀ါးဝါးလမ်းလျှောက်နေရာမှ [...]
Filed under: မှတ်သားဖွယ်ရာများ | Leave a Comment »
Posted on December 1, 2009 by စန္ဒာ
ယခုခေတ်တွင် ဗုဒ္ဓဘာသာဝင်တိုင်းနီးပါး ဗုဒ္ဓရုပ်ပွားတော်များကို ကိုးကွယ်နေကြ၏ ။ သို့သော် တမလွန်ကျိုး ပစ္စုပ္ပန်ကျိုး ရသဓွားသူများကို သိသာများပြားစွာ မတွေ့ကြရပေ။ ဗုဒ္ဓရုပ်ပွားတော် ကိုးကွယ်ခြင်းကို ထေရ၀ါဒနည်းကျ ဆန်းစစ်ကြည့်သင့်သည်။
ရတနာသုံးပါးနှင့် စပ်သော ဒါနတစ်ခုက ချက်ချင်းအကျိုးပေးရန် ခေတ္တ နှင့် အဇ္ဈာသယ ဟူသော အဂါင်္နှစ်ချက်နှင့် ပြည့်စုံရန် လို၏။ ခေတ္တ ဟူသည် ဘုရား ၊ တရား ၊ သံဃာဟူသော ရတနာသုံးပါး ထင်ရှားရှိနေခြင်းဖြစ်၏။ အဇ္ဈာသယ ဟူသည် ဘယ ( အကြောက် ) ၊ လာဘ ( အမျှော် ) ၊ ကုလာစာရ ( မိရိုးဖလာ) ဟူသော အချက်တို့မှ ကင်းလွတ်၍ ဖြူစင်သန့်ရှင်းသော သဒ္ဓါတရားနှင့် ပြည့်စုံခြင်းပင် [...]
Filed under: မှတ်သားဖွယ်ရာများ | Leave a Comment »
Posted on November 9, 2009 by သူရိယ
သုစရိုက် ၁၀-ပါး
ကာယ သုစရိုက် ၃-ပါး-
၁။ သတ္တ၀ါ အသက်ကိုသတ်ခြင်းမှ ရှောင်ကြဉ်ခြင်း။
၂။ သူတစ်ပါးပစ္စည်းကို မတရားယူခြင်းမှ ရှောင်ကြဉ်ခြင်း။
၃။ ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်ခြင်း။
ဝစီ သုစရိုက် ၄-ပါး-
၎။ မှန်သောစကားကို ပြောဆိုခြင်း။
၅။ ညီညွတ်စေလိုသောစိတ်ဖြင့် ပြောဆိုခြင်း။
၆။ နူးညံ့ချိုသာသော စကားကိုပြောဆိုခြင်း။
၇။ အကျိုးရှိသော စကားကိုပြောဆိုခြင်း။
မနော သုစရိုက် ၃-ပါး-
၈။ သူတစ်ပါးပစ္စည်း ရယူလိုစိတ် မရှိခြင်း။
၉။ သူတစ်ပါးကို ဖျက်ဆီးလိုစိတ် မရှိခြင်း။
၁၀။ မှန်သော အယူဝါဒကို ကိုးကွယ်ခြင်း။
——————————————
ဒုစရိုက် ၁၀-ပါး
ကာယ ဒုစရိုက် ၃-ပါး
၁။ သတ္တ၀ါ အသက်ကိုသတ်ခြင်း။
၂။ သူတစ်ပါးပစ္စည်းကို မတရားယူခြင်း။
၃။ ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်း။
ဝစီ ဒုစရိုက် ၄-ပါး
၎။ လိမ်ပြောခြင်း။
၅။ ကုန်းတိုက်ခြင်း။
၆။ ကြမ်းတမ်း ရိုင်းစိုင်းသော စကားကိုပြောခြင်း။
၇။ အကျိုးမရှိသော စကားကိုပြောခြင်း။
မနော ဒုစရိုက် [...]
Filed under: မှတ်သားဖွယ်ရာများ | 2 Comments »
Posted on November 2, 2009 by စန္ဒာ
၁။ အိုကွဲ့ ယောက်ျား၊ မောင်လူသား၊ ဘယ်တရားများ ကျင့်ခဲ့တယ်။
ကျွန်တော်မျိုးမှာ၊ လျှောက်စရာ၊ ဘယ်ဟာကိုမျှ မရှိတယ်။
၂။ ကုသိုလ်ကောင်းမှု၊ တစ်ခုခု၊ မပြုခဲ့လားကွယ်။
ယမရာဇာ၊ မေးသောခါ၊ ခမျာ မှိုင်၍နေရှာတယ်။
၃။ အမောင်ယောက်ျား၊ သတိထား၊ စဉ်းစားပါဦးကွယ်။
ဗုဒ္ဓမြတ်စွာ၊ သာသနာ၊ မထွန်းပါလားကွယ်။
ကျွန်တော်တို့ရွာ၊ သာသနာ၊ ထွန်းလှပါတော့တယ်။
၎။ ပဗ္ဗဇ္ဇိ၊ ဒုလ္လဘ၊ မရခဲ့လားကွယ်။
သာသနာစက်၊ ရဟန်းဘက်၊ စိတ်မျှ မကွက်တယ်။
၅။ ရဟန်းဖြစ်မှာ၊ မင်းဆရာ၊ မဟောပါလားကွယ်။
ကျွန်တော့်ဆရာ၊ ဟောပြရှာ၊ နားမှာမဝင်တယ်။
ကျွန်တော့်စိတ်မှာ၊ သည်အခါ၊ ရွာသာ ရောက်တော့တယ်။
၆။ ယောက်ျားစစ်ပ၊ လှလှရ၊ မင်းဘဝကို နှမြောတယ်။
လူတို့ပြည်ရွာ၊ အမောင့်မှာ၊ ဘာများလုပ်ခဲ့တယ်။
ကျွန်တော်မယား၊ စားဖို့များ၊ ကြိုးစား လုပ်ခဲ့တယ်။
၇။ အမောင်,အမောင်၊ ယောင်တောင်တောင်၊ အမောင် မှားခဲ့တယ်။
သဒ္ဓါဖြောင့်တန်း၊ ဒါနခန်း၊ ပြောစမ်းပါဦးကွယ်။
သားကြီးရှင်ဖြစ်၊ ကျွန်တော်စစ်၊ ညှစ်၍ လှူခဲ့တယ်။
၈။ လှူသောအခါ၊ [...]
Filed under: မှတ်သားဖွယ်ရာများ | 4 Comments »
Posted on October 28, 2009 by သူရိယ
(၁) ဘုရား
(၂) ပစ္စေကဗုဒ္ဓါ
(၃) ရဟန္တာ
(၄) မြတ်စွာဘုရား၏ တပည့်ကြီး အဂ္ဂသာဝက
(၅) အမိ
(၆) အဘ
(၇) အလေးအမြတ်ပြုအပ်သော ဆရာ ၊သမာဓိနှင့်ပြည့်စုံဂုဏ်ကြီးမြတ်၍ ရိုသေသင့်သူများ
(၈) လမ်းမှန်ကို ဖြောင့်မှန်စွာ သွန်သင်ပေးအပ်သောဆရာ
(၉) ပစ္စည်းလေးပါး ဒါယကာ( ပေးကမ်ဖူးသူ )
(၁၀) တရားဟော ပုဂ္ဂိုလ်
အထက်ပါ ခင်ပွန်းကြီး (၁၀)ပါးကို မပြစ်မှားပဲ … ရိုသေစွာ ပူဇော်တဲ့သူတွေ ရရှိတတ်တဲ့ အကျိုးတွေကလည်း (၁၀)ပါးရှိပြန်ပါတယ်။
(၁) ကိုယ့်အရပ်ဒေသက အရပ်တစ်ပါးကို သွားတဲ့အခါ အစားအစာ မရှားပါးဘူး။
(၂) ရောက်ရာအရပ်မှာ အပူဇော်ခံရတယ်။
(၃) ရန်သူမျိုးငါးပါး မနှိပ်စက်နိုင်ဘူး။
(၄) မျက်နှာမြင်ရင် ချစ်ခင်စေတယ်။
(၅) လူပုံအလည်မှာ ရဲရင့်စေတယ်။
(၆) ကိုယ့်ရဲ့ ဂုဏ်သတင်း ပြန့်လွင့်စေတယ်။
(၇) အခြံ အရံ အမြဲမပြတ်ရှိတယ်။
(၈) ဆင် ၊ မြင်း ၊ ကျွဲ [...]
Filed under: မှတ်သားဖွယ်ရာများ | Tagged: ခင်ပွန်းကြီး(၁၀)ပါး | 1 Comment »
Posted on October 21, 2009 by စန္ဒာ
၁) ဇီဝိတိ
=
ဘယ်အသက်အရွယ်မှာ သေရမယ်ဆိုတာ ကြိုမသိနိုင်ဘူး
၂) ဗျာဓိ
=
ဘယ်အနာရောဂါနဲ့ သေရမယ်ဆိုတာ ကြိုသိနိုင်ဘူး
၃) ကာလိ
=
မနက် ၊ နေ့လည် ၊ ည ၊ ဘယ်ကာလမှာ သေမယ်ဆိုတာ ကြိုမသိနိုင်ဘူး
၎) ဒေဟနိက္ခေပနိံ
=
ဘယ်နေရာ ၊ ဘယ်ဒေသမှာ သေမယ် ၊ ဘယ်သုဿာန်မှာ သင်္ဂြီုဟ်မယ်ဆိုတာလည်း မသိနိုင်ဘူး
၅) ဂတိ
=
ဘယ်ဘုံရောက်မယ်ဆိုတာလည်း ကြိုမသိနိုင်ဘူး
ဒီလောက် ဘ၀အာမခံချက်မရှိတဲ့ ပုထုဇဉ်ဘ၀မှာ ဒိဋ္ဌိပြုတ်ကြောင်းတရားကို နာကြားအားထုတ်မထားဘဲ ပေါ့ပေါ့တန်တန်နေကြသူတွေအတွက် အင်မတန်မှ ရင်လေးစရာ ကောင်းပါတယ်…။
ကျမ်းကိုး။ ။ မေတ္တာရှင် (ရွှေပြည်သာ) ၏ မဂ်တား ၊ ဖိုလ်တား အန္တရာယ်များ
Filed under: မှတ်သားဖွယ်ရာများ | 5 Comments »
Posted on October 15, 2009 by သူရိယ
ကိလေသာဟူသည်မှာ သတ္တဝါတို့ကို ညှင်းဆဲနှိပ်စက် ညစ်နွမ်းပင်ပန်းအောင် ပြုလုပ်တတ်သည့် အကုသိုလ် တရားဆိုးများ ဖြစ်ပါသည်။ ယင်းကိလေသာတရားတို့သည်-
(၁) လောဘ= လိုချင်တပ်မက်မှု
(၂) ဒေါသ= ကြမ်းတမ်းပြစ်မှားမှု
(၃) မောဟ= အမှန်မသိမြင် မိုက်မဲမှု
(၄) မာန= ထောင်လွှားတတ်ကြွမှု
(၅) ဒိဋ္ဌိ= အထင်အမြင် အယူအဆ လွဲမှားမှု
(၆) ဝိစိကိစ္ဆာ= အမှန်မဆုံးဖြတ်နိုင်ပဲ ယုံမှားမှု
(၇) ထိန= ပျင်းရိ ထိုင်းမှိုင်းလေးလံမှု
(၈) ဥဒ္ဓစ္စ= မငြိမ်မသက် လှုပ်ရှားပျံ့လွင့်မှု
(၉) အဟိရိက= မကောင်းမှုပြုရန် မရှက်မှု
(၁၀) အနောတ္တပ္ပ= မကောင်းမှုဖြစ်မှာ မကြောက်မှု – ဟူ၍ အကျဉ်းအားဖြင့် ၁၀-ပါးရှိသည်။
ကိလေသာ ၁၅၀၀. . . အကျယ်အားဖြင့်မူ ယင်းကိလေသာဆယ်ပါးကိုမူတည်၍ ကိလေသာ၏ အာရုံဖြစ်သော ရုပ် နာမ်တရား ၇၅-ပါးနှင့် မြှောက်ရသည်။ ၁၀X၇၅ = [...]
Filed under: မှတ်သားဖွယ်ရာများ | Leave a Comment »
Posted on October 12, 2009 by စန္ဒာ
မိလိန္ဒမင်းကြီး ။ ။ အရှင်ဘုရား ၊ မကောင်းမှုမှန်းသိပါလျက် ကျူးလွန်သူနှင့် မသိဘဲ ကျူးလွန်သူ နှစ်ဦးတွင် ဘယ်သူကပိုပီး အပြစ်ကြီးလေးပါသလဲ ဘုရား၊
အရှင်နာဂသေန။ ။ မသိဘဲ ကျူးလွန်သူက ပိုပီး အပြစ်ကြီးလေးပေတယ်။မိလိန္ဒမင်းကြီး ။ ။အရှင်ဘုရား ၊ တပည့်တော်တို့ တရားစီရင်ရာတွင်ကား ထိုသို့မဟုတ်ပါ၊ မင်းညီမင်းသာ ၊ မှူးမတ်တို့၏သား စသည် တရားဥပဒေသဘောတရားကို သိပြီးသူများ အပြစ်ကျူးလွန်ခဲ့လျှင် တခြားသူများထက်ပိုပီး အပြစ်ကြီးလေးပါသည်။အရှင်နာဂသေန။ ။မှန်ပေတယ် ၊မင်းမြတ်၊ မင်း်မြတ်ဆိုအပ်သည်မှာ လောကကြောင်း ဖြစ်ပေတယ်၊ ဓမ္မသဘောမှာတော့ မသိလို့ လွန်ကျူးသူက သိပါလျက်လွန်ကျူးသူထက် ပိုပြီးအပြစ်ကြီးလေးပေတယ် မင်းမြတ်။မိလိန္ဒမင်းကြီး ။ ။ မှန်ပါ၊ အကြောင်းရင်းကို ရှင်းပြတော်မူပါ ဘုရား။အရှင်နာဂသေန ။ [...]
Filed under: မှတ်သားဖွယ်ရာများ | 3 Comments »
Posted on September 29, 2009 by စန္ဒာ
ပုထုဇဉ်တွေ ရောက်နိုင်တဲ့ဘုံ
၁) ဒေ၀ ဂတိ = နတ်ဘုံ ( ဗြဟ္မာ့ဘုံလည်း ပါတယ် )
၂) မနုဿ ဂတိ = လူ့ဘုံ
၃) နိရယ ဂတိ = ငရဲဘုံ
၎) တိရစ္ဆာန် ဂတိ = တိရစ္ဆာန်ဘုံ
၅) ပေတ ဂတိ = ပြိတ္တာဘုံ ( အသူရကာယ် ကိုတော့ ပြိတ္တာထဲမှာ ပေါင်းထည့်ထားပါတယ် )
ဒီဘ၀ကသေတာနဲ့ ရုပ်ဟောင်းနာမ်ဟောင်းချုပ်တာနဲ့ ဟိုဘက်ဘ၀မှာ ချက်ချင်း ပဋိသန္ဓေသွားနေပါတယ် ။ ရုပ်သစ် နာမ်သစ်ဖြစ်ပါတယ် ။
သေပြီး ဘယ်ဘုံမှ မသွားသေးဘဲ အိမ်ဝိုင်းထဲမှာ ခုနစ်ရက်နေတယ်ဆိုတာ မဟုတ်ပါဘူး ၊ အဲဒါ ဗုဒ္ဓအယူဝါဒ မဟုတ်ပါဘူး ၊ ဟိန္ဒူကနေ ဗုဒ္ဓအယူဝါဒကို ဆင်းသက်လာတာ ။ ဘာသာရေး [...]
Filed under: မှတ်သားဖွယ်ရာများ | Leave a Comment »
Posted on September 23, 2009 by စန္ဒာ
၁) ပရာနုဝါဒဘေး >>>>> သူတပါးက စွပ်စွဲကဲ့ရဲ့သော ဘေး
၂) အတ္တာနုဝါဒဘေး >>>>> မိမိကိုယ်ကို ပြန်ပြီး စွပ်စွဲကဲ့ရဲ့သော ဘေး
သူတပါးက စွပ်စွဲကဲ့ရဲ့တဲ့ ပရာနုဝါဒဘေး ဆိုတာက ကိုယ့်ဘက်က အပြစ်မရှိဘဲ ဖြူစင်နေရင် ဘာမှ ဂရုစိုက်စရာမလိုဘူး ၊ ကြောက်စရာလည်းမလိုဘူး၊ အတိတ်ဝဋ်ကြွေးပါလာရင် ရက်ပိုင်း လပိုင်းအထိ နာမည်ပျက် သိက္ခာကျတဲ့ ဒဏ်ကိုတော့ ခံရပါမယ် ။ အပါယ်ငရဲ ဆွဲချနိုင်တဲ့ တရားမဟုတ်လို့ နည်းနည်းမှ ကြောက်စရာမလိုပါဘူး ။
ပရာနုဝါဒဘေး ဆိုတာကတော့ ၀ဋ်ကြွေးရှိခဲ့ရင် ဘုရားရဟန္တာများတောင် မလွတ်ပါဘူး ၊ ဂေါတမဘုရားရှင်ဆိုရင် မိန်းမနဲ့ နှစ်ကြိမ်သမုတ်ခံရပါတယ် ။ ခုနှစ်နှစ်သားအရွယ်ကတည်းက ရဟန္တာဖြစ်ခဲ့တဲ့ အရှင်ဒဗ္ဗမထေရ်ဆိုရင် မိန်းမနဲ့ သုံးကြိမ် သမုတ်ခံခဲ့ရပါတယ် ။ သူလိုကိုယ်လို [...]
Filed under: မှတ်သားဖွယ်ရာများ | Leave a Comment »