ဒိဝါတပတိ ( သဗ္ဗမင်္ဂလာ ဂါထာတော်)

ဒိဝါ တပတိ အာဒိစ္စော ၊ ရတ္တိမာဘာတိ စန္ဒိမာ။ သန္နဒေါ္ဓ ခတ္တိယော တပတိ ၊ ဈာယီ တပတိ ဗြာဟ္မဏော။ အထ သဗ္ဗမဟောရတ္တိ ံ ၊ ဗုဒ္ဓေါ တပတိ တေဇသာ။  နေမင်းသည် နေ့အခါ၌သာ တောက်ပ၏။  လမင်းသည် ညအခါ၌သာ တောက်ပ၏။  ရှင်ဘုရင်သည် မင်းမြှောက်တန်ဆာ ဆင်ယင်ထားမှသာ တောက်ပ၏။  ရဟန ္တာသည် ဈာန်ဝင်စားနေမှသာ တောက်ပ၏။  မြတ်စွာဘုရားရှင်သည်ကား နေ့ရောညပါ အခါခပ်သိမ်း တန်ခိုးတော်အမျိုးမျိုးဖြင့် အချိန်တိုင်းတောက်ပ၏။

ဓာရဏပရိတ် မြန်မာပြန်

မြတ်စွာဘုရားရှင်တို့၏အသက်ကို တစ်စုံတစ်ယောက်သောသူသည် ဘေးအန္တ-ရာယ် မပြုနိုင်။ မြတ်စွာဘုရားရှင်တို့၏ သဗ္ဗညုတဉာဏ်တော်ကို တစ်စုံတစ်ယောက်သောသူ သည် ဘေးအန္တရာယ်မပြုနိုင်။ မြတ်စွာဘုရားရှင်တို့အတွက် ရည်မှန်းထားသော ပစ္စည်းလေးပါးကို တစ်စုံတစ် ယောက်သောသူသည် ဘေးအန္တရာယ်မပြုနိုင်။ မြတ်စွာဘုရားရှင်တို့၏ ရှစ်ဆယ်သောလက္ခဏာတော် တစ်လံမျှလောက်သော ရောင်ခြည်တော်ကို တစ်စုံ တစ်ယောက်သောသူသည် ဘေးအန္တရာယ် မပြုနိုင်။ ဤလေးပါးကို တစ်စုံတစ်ယောက်သောသူသည် အန္တရာယ်ပြုခြင်းငှာမတတ်နိုင်၊ ထို့အတူ အကျွန်ုပ်အား ဖြစ်ပါစေ။ ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားအား လွန်လေပြီး သောအဖို့၌၊ အဆီးအတားမရှိသော ဉာဏ်တော်သည်ဖြစ်၏။ ဘုန်းတော် ခြောက်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားအား နောင်လာလတ္တံ့သော အနာဂတ်အဖို့၌၊ အဆီးအတား အပိတ်အပင်မရှိသော ဉာဏ်တော်သည်ဖြစ်၏။ ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားအား ပစ္စုပ္ပန် မျက်မှောက်ဖြစ်သော အဖို့၌၊ အဆီးအတား အပိတ်အပင်မရှိသော ဉာဏ်တော် သည်ဖြစ်၏။ [...]

ဓာရဏပရိတ်

”ဓာရဏပရိတ် အညွှန်း” ဓာရဏပရိတ်တော်သည် မြတ်ဗုဒ္ဓရှင်တော်ဘုရားကို အန္တရာယ်မပြုနိုင်သော ဂုဏ်တော် ၄-ပါး၊ အာဝေနိက ဂုဏ်တော် ၁၈-ပါးကို ဖေါ်ပြထားပါသည်။ ဤဂုဏ်တော်များသည် မြတ်စွာဘုရားရှင်တို့၏ သီးခြား ကိုယ်ပိုင်ဂုဏ်တော်များ ဖြစ်ကြပါသည်။ အခြား မည်သူ တစ်ဦးတစ်ယောက်၌မျှ ဤဂုဏ်တော်မျိုးမရှိချေ။ ရဟန္တာနှင့် ပစ္စေကဗုဒ္ဓများ၌သော်မှ ဤဂုဏ်သတ္တိမျိုးမရှိကြ။ စင်စစ်အားဖြင့် ဓာရဏပရိတ်တော်သည် မြတ်စွာဘုရားရှင်တို့၏ အာဝေဏိကဂုဏ်တော်တို့ကို ချီးကျူးပူဇော်ခြင်းပင် ဖြစ်သည်။ ကောင်းမြတ်သော စေတနာဖြင့် ဓာရဏပရိတ်တော်ကို ရွတ်ဖတ်ပါမူ အ,ကာလ မရဏမှ လွတ်မြောက်နိုင်ကြပါသည်။ အ,ကာလမရဏဆိုသည်မှာ သူတစ်ပါးလက်နက်ဖြင့် သေရခြင်း၊ သူတစ်ပါး ပယောဂဖြင့် သေရခြင်း၊ တိရိစ္ဆာန် များကိုက်ခဲ၍ သေရခြင်း၊ ချောက်ကမ်းပါးမှကျ ၍ သေရခြင်း၊ ကားမှောက်၍ သေရခြင်းစသည် ဥပစ္ဆေဒက ကံကြောင့်မသေရ မသေနိုင်ခြင်းကိုဆိုလိုပါသည်။ သတ္တဝါတိုင်း လူတိုင်းပင် [...]

Follow

Get every new post delivered to your Inbox.