သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့)

…ဆီမီးရယ်ထိန်   ၊ အိုင်မင်းရေကြည်က .. ၊ …ကြာငါးမည် ငုံအာစွင့်တယ်..  ၊  ဖူးပွင့်ချိန်ခါ ..   ။ …အဿဝဏီ ယှဉ်ကာချဉ်းပါလို ့..  ၊ လင်းလာတဲ့ ငွေတာရိန်ရယ်.. ၊ …ပြာမှိန်လျက် မြူချေဆိုင်း .. ။ …ဂါရဝေ  ၊ သဒ္ဒါခြွေ ကန်တော့ပွဲကိုလ .. ၊ …မစဲပေါင် ကုသိုလ်နှိုးကြတယ် .. ၊ မျိုးမြန်မာတိုင်း ………… ။ သီတင်းကျွတ်လသည် မြန်မာတို ့၏ ၁၂ လရာသီတွင် သတ္တမမြောက်လဖြစ်ပြီး ဝါတွင်းကာလ၏ နောက်ဆုံးလဖြစ်ပါသည် ။  ရာသီခွင်မှာ တူရာသီ ဖြစ်ပြီး အဿဝတီ ကြယ်နှင့် လမင်းတို ့စန်းယှဉ်ကာ မွန်းတည့်ကြသည် ။ ရာသီပန်းမှာ ကြာဖြူပန်း [...]

ဓမ္မစင်္ကြာတရားဦး ဟောကြားခြင်း

ဝါဆိုလပြည့်နေ့ + ဓမ္မစင်္ကြာနေ့

သန္ဓေ, တောထွက်, ဓမ္မစက်, မိန်မြွက်ဝါဆို ဟူသောစကားနှင့်အညီ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးသည် တုသိတာနတ်ပြည်မှ နတ်သားအပေါင်းတု့ိဧ။် ဘုရားဖြစ်ရန် အချိန်တန်ပါပြီဟု လာရောက်ကာ တောင်းပန်ကြသောကြောင့် သန္တုဿိတ နတ်သားအဖြစ်မှ မယ်တော်မာယာဧ။် ဝမ်းတွင်ဝယ် ဝါဆိုလပြည့်နေ့တွင် ပဋိသန္ဓေနေတော်မူပါသည်။ ဖွားမြင်မြောက်သောအခါ သိဒ္ဓတ္ထဂေါတမ အမည်ရလေဧ။်။ ဆယ့်ခြောက်နှစ်ဝယ် ယသော်ဓရာနှင့် ထိန်းမြှား လက်ထပ်လေဧ။် ရာဟုလာ အမည်ရသော သားတော်တစ်ပါး မွေးဖွားလေဧ။် ထိုနောက် သူအို, သူနာ, သူသေ, ရဟန်း, ဟူသော နိမိတ်ကြီးလေးပါးကို မြင်တော်မူကာ အိုခြင်းသဘော နာခြင်းသဘော သေခြင်းသဘော တရားတို့ကိုကြောက်လန့်ကာ အိုခြင်းကင်းရာ နာခြင်းကင်းရာ သေခြင်းကင်းရာ ရဟန်းတစ်ပါးဧ။် ချမ်းသာတရားကို တွေးသိကာ တောထွက်ရန် ကြံစည်တော်မူပြီး ဝါဆိုလပြည့်နေ့ ညသန်းခေါင်ယံ အချိန်တွင် ဖွားဖက်တော် မောင်စံ [...]

Follow

Get every new post delivered to your Inbox.