Posted on December 31, 2009 by စႏၵာ
ကာမဂုဏ်အာရုံ၌ တုန်လှုပ်တတ်သော ၊ အာရုံတစ်ခုတည်း၌ မတည်တံ့နိုင်သဖြင့် လျှပ်ပေါ့သော ၊ ကာမဂုဏ်အာရုံသို့ မသွားအောင် စောင့်စည်းနိုင်ခဲ ၊ တားဆီးနိုင်ခဲသော စိတ်ကို (လေးသမားသည် မြားကောက်ကို တဖြည်းဖြည်း ဖြောင့်သကဲ့သို့ ) ပညာရှိသည် သမထ ဝိပဿနာဉာဏ်ဖြင့် တဖြည်းဖြည်း ဖြောင့်လေ၏ ။ Just as a fletcher straightens an arrow shaft, even so the discerning man straightens his mind so fickle and unsteady, so difficult to guard and control. ငါးသည် ရေမှ ဆယ်ယူ၍ ကုန်းပေါ်သို့ ပစ်လိုက်သည့်အခါ [...]
Filed under: ဓမ္မပဒ | Leave a Comment »
Posted on September 20, 2009 by ၾကယ္စင္
အယောဂေ ယုဉ္ဇမတ္တာနံ ၊ ယောဂသိ္မဉ္ဇ အယောဇယံ ၊ အတ္တံ ဟိတွာ ပိယဂ္ဂါဟီ ၊ ပိဟေတတ္တာနုယောဂိနံ ။ မိမိကိုယ်ကို အားမထုတ် မလုပ်ဆောင်သင့်ရာ၌ အားထုတ်လုပ်ဆောင်၍ အားထုတ်လုပ်ဆောင်သင့်ရာ၌ အားမထုတ် မလုပ်ဆောင်ပဲ အကျိုုးစီးပွားကို စွန့်လွှတ်လျက် ချစ်ဖွယ်အာရုံ ကာမဂုဏ်ကို စွဲလမ်းသူသည် ကိုယ်တိုင်အားထုတ် လုပ်ဆောင်ထားသူတို့၏ (စီးပွားဥစ္စာကို) လိုချင်တောင့်တပေ၏။ Devoting oneself to that which should be shunned, not devoting to that which should be associated, rejecting one’s benefit and grasping at the (sensual) pleasure, … he [...]
Filed under: ဓမ္မပဒ | 3 Comments »
Posted on September 2, 2009 by စႏၵာ
အမျက်ဒေါသကို စွန့်ရာ၏၊ မာနကို ပယ်ရာ၏၊ သံယောဇဉ် အနှောင်အဖွဲ့ အားလုံးကို လွန်မြောက်ရာ၏၊ နာမ်ရုပ်၌ ငါ၏ စိတ် ငါ ၏ ကိုယ် ဟူ၍ မငြိတွယ် မကြောင့်ကြသော သူထံသို့ ဆင်းရဲဒုက္ခတို့သည် မလာကုန်။ One should give up anger, renounce pride, and overcome all fetters. Suffering never befalls him who clings not to mnd and body an dis detached. လိမ္မာသော ရထားထိန်းသည် လျင်မြန်စွာသွားသော ရထားကို လမ်းမလွဲအောင် ကောင်းစွာ စောင့်ရှောက်သကဲ့သို့ မိမိ၌ ဖြစ်ပေါ်လာသော အမျက်ဒေါသကို [...]
Filed under: ဓမ္မပဒ | 1 Comment »
Posted on August 31, 2009 by ၾကယ္စင္
ဝဋ်မှာအမြဲ ၊ ငရဲမှာ အပဟု ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့သည် ဆိုရိုးရှိကြသည်။ယုံကြည်ကြသည်။ အဓိပ္ပါယ်မှာ ကာယကံ ၊ ဝစီကံ ၊ မနောကံ တို့ဖြင့် အကုသိုလ်မကောင်းမှုတို့ကိုပြုလုပ်ကျူးလွန်ပါက ငရဲကြီးတက်သည် ငရဲသို့ကျရောက်မည်ဟု အယူရှိကြသည်။ သို့ရာတွင် မိမိတို့ ကျူးလွန်ခဲ့သည်များအတွက် နောင်တတရားရကာ ကုသိုလ်ကောင်းမှုတို့ကို အားကြိုးမာန်တက် ပြုလုပ်ကြပါက မိမိတို့၏ ဒါန ၊ သီလ ၊ ဘာဝနာအကျိုးတို့ကြောင့် ယခင်ပြုခဲ့မိသော အကုသိုလ်အကျိုး(မကောင်းကျိုး)တို့သည် ပျောက်ပျက်နိုင်ပါသည်။ အပါယ်ငရဲ စသည်တို့မှ ကင်းစင်လွင့်ပျောက်နိုင်သော်လည်း ဝဋ်မှမူ လွတ်မြောက်နိုင်ခြင်းမရှိပေ။ ဘုရားရဟန္တာများသော်မှ ဝဋ်မှ ကင်းလွတ်နိုင်ခြင်း မရှိပါ။ ဥပမာတစ်ခုကို ထုတ်နုတ်ပြလိုပါသည်။ ယင်းဥပမာမှာ ဓမ္မပဒကျမ်းလာဂါထာတစ်ပုဒ်ကို မြတ်စွာဘုရားရှင်ဟောကြားသော အကြောင်းဖြစ်ပါသည်။ အထက်ပါဂါထာ နှစ်ပုဒ်မှာ ဓမ္မပဒကျမ်း၌ပါရှိသည့် ယမကဝဂ္ဂပါရှိပါသည်။ ပထမဂါထာမှာ မကောင်းမှုပြုသူသည် [...]
Filed under: ဓမ္မပဒ | 3 Comments »
Posted on August 21, 2009 by စႏၵာ
(မိမိကိုယ်၌) အမြဲမပြတ် ကိလေသာမီး တငြီးငြီး တောက်လောင်နေပါလျက် အဘယ့်ကြောင့် ရယ်ရွှင်အားရ နှစ်သက်နေကြသနည်း၊ တရားမှန်ကို မသိခြင်းတည်းဟူသော အဝိဇ္ဖာ အမှောင်တိုက်ကြီး ပိတ်ဆီးနေပါလျက် သင်တို့သည် အဘယ့်ကြောင့် ပညာတည်းဟူသော ဆီမီးအလင်းရောင်ကို မရှာကြသနည်း။ When this world is ever ablaze, why this laughter, why this jubilation? Shrouded in darkness, will you not seek the light? အဝတ်တန်ဆာတို့ဖြင့် အဆန်းတကြယ် ဖြစ်သော၊ အနာရောဂါတို့၏ စုပေါင်းရာဖြစ်သော၊ အရိုးတို့ဖြင့် ဆောက်လုပ်အပ်သော၊ နာကျင်တတ်သော လူတို့သည် အထူးထူးအပြားပြား များစွာ ကြံဆအပ်သော ဤခန္ခာကိုယ်ကို ရှုလော့။ Behold this [...]
Filed under: ဓမ္မပဒ, မှတ်သားဖွယ်ရာများ | Leave a Comment »
Posted on August 12, 2009 by စႏၵာ
မြတ်စွာဘုရား၏ ကိလေသာရန်အောင်ပွဲကို မည်သူမျှ မဖျတ်ဆီးနိုင်၊ လောက၌မည်သူမျှ မတုနိုင် ၊ အပိုင်းအခြားမရှိ အလုံးစုံကို သိမြင်နိုင်သည့် ဉာဏ်ရှိတော်မူသော တဏှာစသည့် ခရီးလမ်းကြောင်းကို ပယ်ဖျက်တော်မူပြီးသော ထိုမြတ်စွာဘုရားကို သင်တို့သည် အဘယ်ခရီးလမ်းဖြင့် ခေါ်ဆောင်ကုန်လတ္တံနည်း။ By what track can you trace that trackless Buddha of limitless range, whose victory nothing can undo, whom none of the vanquished defilements can ever pursue? မြတ်စွာဘုရားမှာ တစ်စုံတစ်ခုသောလောကသို့ ဆောင်ခြင်းငှာ ပိုက်ကွန်ပမာ မှေးယှက်ရစ်ပတ် ငြိကပ်တတ်သော တဏှာမရှိ၊ အပိုင်းအခြားမရှိ၊ အလုံးစုံကို သိမြင်နိုင်သည့် ဉာဏ်ရှိတော်မူသော [...]
Filed under: ဓမ္မပဒ, မှတ်သားဖွယ်ရာများ | 2 Comments »
Posted on August 4, 2009 by စႏၵာ
သတ္တဝါအားလုံးတို့သည် တုတ်၊ လှံတံကို လန့်ကုန်၏ ၊ သေချင်းကို ကြောက်ကုန်၏ ၊ (မိမိသည်လည်း ထိတ်လန့်ကြောက်ရွံ့တတ်သော သတ္တဝါတစ်ဦးဖြစ်တဲ့အတိုင်း ) မိမိကိုယ်ကို ပမာထား၍ အခြားသတ္တဝါတို့ကို မညှင်းဆဲရာ၊ မသတ်ဖြတ်ရာ။ All tremble at violence; all fear death. Puttting oneself in the place of another, one should not kill nor cause another to kill. သတ္တဝါအားလုံးတို့သည် တုတ်၊ လှံတံကို လန့်ကုန်၏ ၊ မိမိတို့၏အသက်ကို ချစ်မြတ်နိုးကုန်၏၊ (မိမိသည်လည်း ကိုယ့်အသက်ကို ချစ်မြတ်နိုးသော သတ္တဝါတစ်ဦးဖြစ်သည့်အတိုင်း) မိမိကိုယ်ကို ပမာထား၍ အခြားသတ္တဝါတို့ကို မညှင်းဆဲ [...]
Filed under: ဓမ္မပဒ, မှတ်သားဖွယ်ရာများ | Leave a Comment »
Posted on July 28, 2009 by စႏၵာ
အနည်းငယ်မျှသော ချမ်းသာကိုစွန့်ခြင်းကြောင့် ကြီးကျယ်သော ချမ်းသာကို အကယ်၍ မြင်ခဲ့လျှင် ပညာရှိသည် ထိုကြီးကျယ်သော ချမ်းသာကိုမြင်လျက် အနည်းငယ်မျှသော ချမ်းသာကို စွန့်ရာ၏။ If by renouncing a lesser happiness one may realize a greater happiness, let the wise man renounce the lesser, having regard for the greater. သူတပါးကို ဆင်းရဲပေး၍ မိမိ၏ချမ်းသာကို အလိုရှိသောသူသည် (သူတပါး ရန်မူခံရခြင်း ၊ မိမိက ပြန်၍ ရန်မူခြင်း စသည်ဖြင့် ) အပြန်အလှန် ရန်ခြင်း ရောနှောသည်ဖြစ်၍ ရန်မှ မလွတ်နိုင်။ Entangled by [...]
Filed under: ဓမ္မပဒ, မှတ်သားဖွယ်ရာများ | Leave a Comment »
Posted on July 21, 2009 by စႏၵာ
နိုးကြား (အိပ်မပျော်) သော သူအတွက် ညတာရှည်၏၊ခရီးပန်းသော သူအတွက် ယူဇနာ ခရီးသည် ရှည်၏၊သူတော်ကောင်းတရားကို မသိကုန်သော လူမိုက်တို့အတွက် သံသရာသည် ရှည်၏။ Long is the night to the sleepless; long is the league to the weary. Long is worldly existence to fools who know not the Sublime Truth. သူတော်ကောင်းတရားကျင့်ရန် မိတ်ဆွေကောင်းကို ရှာသောသူသည် မိမိထက် သီလ၊ သမာဓိ၊ ပညာ သာလွန်သော သူကိုလည်းကောင်း ၊ မိမိနှင့်ဂုဏ်ရည်တူဖြစ်သော သူကိုလည်းကောင်း မရနိုင်ခဲ့မူ တစ်ယောက်တည်းသာ ကောင်းစွာကျင့်ရာ၏၊ သူမိုက်နှင့် [...]
Filed under: ဓမ္မပဒ, မှတ်သားဖွယ်ရာများ | Leave a Comment »
Posted on July 15, 2009 by စႏၵာ
မိမိကိုယ်ကို ချစ်လျှင် ( အကုသိုလ်မဖြစ်စေရအောင်၊ ကုသိုလ်ပွားများအောင် ) မိမိကိုယ်ကို ကောင်းစွာစောင့်ရှောက်ရာ၏။ အရွယ်သုံးပါးတို့တွင် (အနည်းဆုံး )တစ်ပါးပါးသော အရွယ်၌ ၊ ပညာရှိသောသူသည် ပညာရှိသောသူသည် မိမိကိုယ်ကို အကုသိုလ်မှ စင်ကြယ်အောင် စောင့်ရှောက်ရာ၏။ If one holds oneself dear, one should diligently watch oneself. Let the wise man keep vigil during any of the three watches of the night. ရှေးဦးစွာ မိမိကိုယ်တိုင် သင့်လျော်ကောင်းမြတ်သော အကျင့်ကို ကျင့်ရာ၏။ နောက်မှ သူတပါးတို့ကို ဟောပြောဆုံးမရာ၏၊ ထိုသို့ကျင့်သော ပညာရှိသည် (သူတပါးတို့ [...]
Filed under: ဓမ္မပဒ, မှတ်သားဖွယ်ရာများ | Leave a Comment »