Posted on August 25, 2010 by သူရိယ
ယခုကာလ၌ “ဒါနသည် သံသရာကို ရှည်စေတတ်၏” ဟု အယူသည်းကြသည်။ ပြခဲ့သော ဝတ္ထုဝယ် ဒါနရှင်က ကျွတ်တမ်းဝင် နောက်မကျချေ။ ထို့ကြောင့် သံသရာ အရှည်အတိုဝယ် ဒါနကို ယိုးမယ်မဖွဲ့သင့်ပါ။ ဒါနပြုရာတွင် သူတို့၏စိတ် မစင်ကြယ်မှုကြောင့်သာ “လူတွင်ပါ၍ နွားကျားကိုက်” ခံရသည်။ အမှန်မှာ ဒါနက သံသရာမရှည်စေ။ “ဤဒါနကြောင့် လူ့ချမ်းသာ နတ်ချမ်းသာ ကိုခံစားရတော့မည်” ဟုရည်ရွယ်မှု တဏှာဇောက သံသရာကို ရေလျဉ်ကြော၌ မျောစေခြင်းသာ ဖြစ်သည်။ အချို့က “ဘုရားရှင်သည်ပင် ဒါနတွေ အားကြီးသောကြောင့် သံသရာမှာ ကြာရှည်တော်မူရသည်” ဟု အသိဉာဏ်ကလေးဖြင့် တွေးရှာကြပြန်သေးသည်။ ထိုဒါန အားကြီးတော်မူကြသော ဘုရားရှင်ပေါင်း အသင်္ချေနှင့် အနန္တ (ဂင်္ဂါဝါဠုသဲစုမက) ကျွတ်တမ်းဝင်ကြပြီး ဖြစ်ပါလျက် ငါတို့က ယခုတိုင် မကျွတ်ရသေးသည်မှာ [...]
Filed under: ကိုယ်ကျင့်အဘိဓမ္မာ | Tagged: ကိုယ်ကျင့်အဘိဓမ္မာ, အရှင်ဇနကာဘိဝံသ | Leave a Comment »
Posted on November 19, 2009 by သူရိယ
ကိုယ်ဆင်းရဲမှုကို “ဒုက္ခ”၊ စိတ်ဆင်းရဲမှုကို “ဒေါမနဿ” ဟုခေါ်သည်။ အသွားအလာ၊ အလုပ်အကိုင်၊ အနေအထိုင်၊ ကျပ်တည်းကျင်းမြောင်းမှု ၊ ရောဂါဝေဒနာ ဒဏ်ကိုခံစားနေရမှု ၊ အရိုက်အနှက်ခံရမှု၊ တစ်စုံတစ်ခုနှင့် ထိခိုက်မှု စသည်တို့ကြောင့် ခန္တာကိုယ်၏ ပင်ပန်းနွမ်းနွယ်ခြင်းသည် ဒုက္ခချည်းတည်။ ယခုလောက၌လည်း ကိုယ်ခန္တာနာကျင်လျှင် “အလိုလေး… ဒုက္ခ ဒုက္ခ” ဟု ညည်းညူကြလေသည်။ ထိုသို့ခန္တာကိုယ် ဆင်းရဲသော်လည်း စိတ်ကား ဆင်းရဲချင်မှ ဆင်းရဲမည်။ ဘုရားအလောင်း ပါရမီဖြည့်တော်မှုရာ၌ မဟော်သဓာ၊ ဝေဿန္တရာ ဘဝသည် စသည်တို့ဝယ် ကိုယ်ခန္တာ မသက်သာဘဲ ဆင်းရဲ ဒုက္ခ ရောက်တော်မှုခဲ့သည်။ သို့သော် သတ္တဝါတို့၏ အကျိုးကို မျှော်ကိုးရင်း စေတနာကြောင့်စိတ်ဆင်းရဲမှု ဒေါမနဿကား မဖြစ်ခဲ့ပါ။ စိတ်ဆင်းရဲမှု၊ စိတ်မချမ်းသာမှု၊ စိတ်ညစ်မှု၊ စိတ်ပျက်မှု စသည်ဖြင့် [...]
Filed under: ကိုယ်ကျင့်အဘိဓမ္မာ | 2 Comments »
Posted on September 23, 2009 by သူရိယ
ငိုကြွေးမှုကို “ပရိဒေဝ” ဟုခေါ်၏။ ဤ ပရိဒေဝဟူသည် “ငိုသည်” ပင်ဖြစ်သည်။ သို့သော် ထိုငိုသံဖြစ်ခြင်၏ အကြောင်းအရင်းမှာ အတွင်းက ဒေါသ ဒေါမနဿတို့သာဖြစ်၍ ပရိဒေဝသဘောကိုလည်း ဤနေရာမှာပင် မှတ်သားသင့်ပေသည်။ ရာထူးဂုဏ်သိန် စည်းစိမ် ဆွေမျိုး စသည်တို့တွင် တစ်ခုခု ပျက်စီးသောအခါ ပျက်စီးတော့မည်ဟု ထင်ရသောအခါ လွန်စွာ ဝမ်းနည်းကြ၏။ အားငယ်ကြ၏။ ဤဝမ်းနည်းအားငယ်မှုကား ပြခဲ့သော “သောက” အမည်ရ ဒေါမနဿသာတည်း။ ထိုဝမ်းနည်းအားငယ်မှုကို မျိုသိပ်၍ မထားနိုင်သောအခါ ပရိဒေဝခေါ် ငိုကြွေးသောအသံတစ်မျိုး ပေါ်လာ၏။ “ပရိဒေဝ”မီးဟု ခေါ်ရာ၌ ငိုတဲ့ အသံကို ခေါ်ခြင်းမဟုတ်။ ထိုငိုသံ ဖြစ်လောက်အောင် ဝမ်းတွင်း၌ အပြင်းအထန် ပူပန်တောက်လောင်နေသော ဒေါသ ဒေါမနဿကို အစွဲပြု၍ ခေါ်ရခြင်း ဖြစ်သည်။ ငိုကြွေးလို့ အကျိုးရှိရဲ့လား [...]
Filed under: ကိုယ်ကျင့်အဘိဓမ္မာ | Tagged: ကိုယ်ကျင့်အဘိဓမ္မာ, အရှင်ဇနကာဘိဝံသ | Leave a Comment »
Posted on September 1, 2009 by သူရိယ
ငယ်ရွယ်စဉ်အခါသည် ပညာ၊ ဥစ္စာ၊ ကုသိုလ် ဤ ၃ မျိုးကို မိမိဉာဏ်ရှိသလောက်၊ လိုချင်သလောက် ရှာရမည့်အခါ၊ ရှာဖို့ရန် အခွင့်အလမ်း သာသောအခါဖြစ်သည်။ “ မိုးကုန်မှ ထွန်ချ ” လျှင်အကျိုးရ နည်းရုံသာမက လုံးလုံးမရဘဲလည်း ရှိတတ်သည်။ သို့ရာတွင် အချိန်နှောင်းမှ သတိရသော်လည်း “ ကုသိုလ်မပြုမိတာ မှားပေါ့ ” ဟုနောင်တ မဖြစ်စေသင့်။ အချိန်နှောင်းမှ သတိရခြင်းသည် လုံးလုံးသတိမရသူများစွာသော လူတို့ထက် အပုံကြီးသာပါသေးသည်။ တမ္ဗဒါဌိကမည်သော အဘိုးကြီးသည် အရွယ်ကောင်းတုန်းက သေဒဏ်ကျသူများကို သတ်ဖြတ်ရသောအလုပ်ဖြင့် ဘုရင့်အမှုကို ထမ်းလာခဲ့သည်။ ကောင်းစွာ မသတ်နိုင်သော အဘိုးကြီး အရွယ်ရောက်မှ သူသတ်ရာထူးမှ ထွက်၏။ သေခါနီးဆဲဆဲမှာ အရှင်သာရိပုတ္တရာ နှင့်တွေ့ဆုံ၍ တရားနာရာတွင် သူလုပ်ခဲ့သော အပြစ်နှင့် ယခုတရားသည် [...]
Filed under: ကိုယ်ကျင့်အဘိဓမ္မာ, မှတ်သားဖွယ်ရာများ | Leave a Comment »
Posted on August 4, 2009 by စႏၵာ
သောတာပန်ဖြစ်ပြီးသောသိကြားမင်းသည် အခါတစ်ပါး၌ ကြီးကျယ်ခမ်းနားသော ဥယျာဉ်ပွဲကို ရှုစားဖို့ရန် အခြွေအရံများစွာဖြင့် ဧရာဝဏ်ဆင်ကို စီး၍ ထွက်လာ၏။ ဥယျာဉ်တံခါးပေါက်သို ့ရောက်သောအခါ ဘုရားရှင်အား ပြဿနာမေးရန် အကြံပေါ်လာ၏။ ထိုပြဿနာကား တဏှာကုန်ခန်း နိဗ္ဗာန်သို့ လွတ်လွတ်ကျွတ်ကျွတ်ရဟန္တာ၏ ကျင့်ခဲ့သော လမ်းစဉ်ပြဿနာတည်း။ ထိုသို့ပြဿနာမေးလျှောက်လိုသောစိတ်အကြံသည် ဥယျာဉ်တွင်းဝယ် ပွဲသဘင်အလယ်သို့ရောက်လျှင် မေ့ပျောက်သွားဖွယ်ရှိသောကြောင့် “ယခုပင် သွား၍မေးလျှောက်မည်” ဟု ကြံစည်ကာ ဧရာဝဏ်ဆင်ပေါ်မှ ကွယ်ပျောက်၍ ဘုရားထံ အရောက်လာခဲ့လေသည်။ ဆင်ကြီးလည်း ဥယျာဉ်အပေါက်မှာရပ်၍နေရစ်၏။ နောက်ပါအခြံအရံများမှာလည်း ဥယျာဉ်ပေါက်မှာ ကျန်ရစ်ကြလေသည်။ ပုဗ္ဗာရုံကျောင်းတိုက်၌ သီတင်းသုံးတော်မူခိုက်ဖြစ်သော် ဘုရားအထံသို့ ရောက်သောအခါ ဥယျာဉ်ပွဲကနောက်ဆံတင်းလျက် ရှိသောကြောင့် “တဏှာသင်္ခယ- နိဗ္ဗာန်၌ လွတ်လွတ်ကျွတ်ကျွတ် အာရုံပြုနိုင်သော ရဟန္တာ၏ ကျင့်နိုင်သော လမ်းစဉ်တရားကို ခပ်တိုတိုအမိန့်ရှိပါ” ဟုလျှောက်လေ၏။ ဘုရားရှင်လည်း သူ၏လျှောက်ထားချက်အရ တိုတိုပင်ဖြေတော်မူသည်မှာ [...]
Filed under: ကိုယ်ကျင့်အဘိဓမ္မာ, မှတ်သားဖွယ်ရာများ | 4 Comments »
Posted on July 27, 2009 by သူရိယ
“မေတ္တာ” ဟူသော အမည်နာမဖြင့် စေတသိက် သီးခြား မရှိချေ။ ရှေ့၌ပြခဲ့သော အဒေါသ-စေတသိက် ကိုပင် သတ္တဝါများ၏ စီးပွားချမ်းသာ လိုလားချစ်ခင်ရာ၌ “မေတ္တာ” ဟုခေါ်ဝေါ်ရပေသည်။ ထို့ကြောင့် “မှတ်ယူချစ်ငြား – မေတ္တာပွား” ဟုဆိုခဲ့လေသည်။ သို့ဖြစ်၍ တစ်ယောက်ယောက် အပေါ်ဝယ် သူ၏အကျိုးစီးပွားကို လိုလားသော (ကြီးပွားအောင် စောင့်ရှောင့်ကူညီလိုသော) ချစ်ခင်မှုကို မေတ္တာဟုမှတ်ပါ။ မေတ္တာအတု ဆွေချစ် မျိုးချစ် သမီးခင်ပွန်းချစ်စသော အချစ်များသည် တစ်ယောက်အကျိုး တစ်ယောက်လိုလားကြ၊ ကူညီစောင့်ရှောက်လို ထောက်ပံ့လိုကြ၏။ ထိုကဲ့သို့ ချစ်နေသူအပေါ်၌ “မေတ္တာရှိသည်” ဟုလည်း ပြောဆိုကြသည်။ သို့သော် ထိုအချစ်မျိုးမှာ မေတ္တာအစစ်မဟုတ်၊ လောဘခန်း၌ ပြခဲ့သော “ဂေဟဿိတ ပေမ = အိမ်၌မှီသော အချစ်” တည်း။ ရှေးတုန်းက ဒါယကာတစ်ယောက်သည် [...]
Filed under: ကိုယ်ကျင့်အဘိဓမ္မာ, မှတ်သားဖွယ်ရာများ | Tagged: မေတ္တာ, အရှင်ဇနကာဘိဝံသ | Leave a Comment »
Posted on July 19, 2009 by သူရိယ
အသိသည် အသိသာ၊ ကိုယ်ကျင့်မဟုတ်၊ သိတိုင်းမကျင့်လျှင် သိနေရုံဖြင့် အကျိုးမရ။ ကျမ်းစာတို့သည် သိအောင်သာ ညွှန်ပြနိုင်၏။ ကျင့်၍ မပေးနိုင်ကြ။ ယခုကာလ စာပေလိုက်စားသူ၊ အဆုံးအမ များများ ခံရသူတို့သည် အသိမနည်းလှချေ။ သို့သော် ထိုသိသူများတွင် အထိုက်အလျှောက် စောင့်စည်းသူ သတိထားသူကား အလွန်နည်းပါးလှ၏။ ထိုကဲ့သို့ လူစားတွေပေါများနေသော ဤလောကကြီးဝယ် လူကောင်းသူကောင်းများပင် စိတ်ထားကောင်းထားဖို့ ခက်ယဉ်းလေတော့သည်။ မှန်၏ – ဒါနပြုရာမှာပင် ပကာသနဒါနတွေ ပေါများရကာ ဒါနစစ်စစ် ပြုလုပ်လိုပါလျက် ပတ်ဝန်းကျင် အခြေအနေကြောင့် မိမိလည်း ပကာသနဒါနကိုသာ ပြုရသဖြင့် သူတောင်ကောင်းစစ်စစ်တို့၏ သွားရာလမ်းကြောင်းဖြစ်သော ဒါနပါရမီလမ်းကို ဖြောင့်တန်းအောင် မလိုက်နိုင်တော့။ ထိုပကာသနဒါနပြုသူများလည်း အကျိုးမရသောကြောင့် (ရသော်လည်း အကျိုးနည်း) ကိုသိကြ၏။ သို့သော် ဂုဏ်ပကာသန ကိုမက်သော တဏှာ၏ [...]
Filed under: ကိုယ်ကျင့်အဘိဓမ္မာ, မှတ်သားဖွယ်ရာများ | Tagged: အရှင်ဇနကာဘိဝံသ, အသိနှင့် ကိုယ်ကျင့် | 2 Comments »