မင်္ဂလာပါ ခင်ဗျာ …
စန္ဒာသူရိယ ဘလော့ http://sandarthuriya.wordpress.com/ ကို ယနေ့ သာသနာနှစ် ၂၅၅၃၊ ကောဇာသက္ကရာဇ် ၁၃၇၁ ဝါဆိုလပြည့်နေ့ ၁၅ ရက်၊(ဓမ္မစင်္ကြာအခါတော်နေ့) တနင်္လာနေ့၊ ခရစ်နှစ် ၂၀၀၉ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့ တွင်စတင်လွှင့်တင်လိုက်ပါပီ။ လာရောက်လည်ပတ်ကြသော ဓမ္မမိတ်ဆွေများနှင့် အပေါင်းအသင်း သူငယ်ချင်းများအားလုံးကို ကျွန်တော် သူရိယ၊ သူငယ်ချင်း စန္ဒာ၊ ညီမငယ် ကြယ်စင် တို့မှ ကျေးဇူးအထူးတင်ပါတယ်။ ကျွန်တော်တို့ မောင်နှမ ၃ ယောက် တတ်နိုင်သလောက်လေး ပြုလုပ်ထားတာဖြစ်ပါတယ်။ လိုအပ်ချက်လေးတွေ မျှဝေချင်တာလေးတွေ ရှိရင်လည်း ပြောခဲ့ပါနော်။ အလည်ရောက်လာသူ အားလုံး တစ်ခုခု မှတ်သားဖွယ်ရာလေးများ ပြန်လည် သယ်ဆောင် သွားနိုင်ပါစေလို့ မျှော်လင့်လျှက်.. ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကြပါစေ။
ဧည့်မှတ်တမ်းမှာလည်း အမှတ်တရလေးတွေ ရေးပေးခဲ့ဦးနော်….
သူရိယ
စန္ဒာ
ကြယ်စင်


ဒီဆိုက်လေးကအရမ်းကိုကောင်းပါတယ်။ဓမ္မဆိုက်တွေထဲမှာအကြိုက်ဆုံးပါပဲ။ဒီဆိုက်လေးက တည်ထောင်သူမောင်နှမလေးယောက်ကို ကုသိုလ်တွေနေ ့စဉ်
တိုးပွားစေပါတယ်။သာဓု၊သာဓု၊သာဓုပါဗျာ။
အရှင်ဘုရား…. တပည့်တော်လာလည်သွားတယ်ဘုရား…
အသစ်တင်တိုင်းဖတ်ချင်ပါသည်။….
သိတာတော့ကြာပါပီ.. မဝင်ဖြစ်ဘူး.. သူငယ်ချင်း..
ဒီနေ့မှဝင်ဖတ်ဖြစ်တယ်.. အရမ်းကောင်းတယ်..
ရေခြားမြေခြားရောက်မှ.. ဘုရားကိုတမိတော့တယ်..
ဒီထဲက.. စာတချို့ကို ပရင့်ထုတ်ပီး.. အိမ်မှာရှိခိုးဖြစ်တယ်..
အရမ်းကျေးဇူးတင်တယ်.. နဂါးရေ..
ဒီဆိုဒ်ကလေးကို အင်မတန်မှ နှစ်သက်ပါတယ်…. စန္ဒာသူရိယအဖွဲ့သားများကို ကျေးဇူးအများကြီးတင်ပါတယ်….
နဂါး
ငါကမင်းကို အရင်ကအဲ့လောက်မထင်ထားဘူးဟ
ကောင်းတယ်သယ်ရင်း
ဆက်လုပ်
အကျိုးရှိပါတယ်……..
ထက်သူရ
သာသနာအကျိုးအတွက် တိုးမြှင့် ဆောင်ရွက်နိုင်ပါစေဗျာ
အောင်မြင်ပါစေလို.ဆုတောင်းပါတယ်ဗျာ
ကျေးဇူးများစွာတင်ရှိပါသည်….သာသနာအကျိုးအတွက် တိုးမြှင့် ဆောင်ရွက်နိုင်ကြပါစေ…..
ကိုသူရိယ နဲ့ မစန္ဒာ ကို ခွင့်တိုင်ချင်လို့ပါ။
ညီမလေး ခေတ္တခဏခွင့်ယူချင်လို့ ခွင့်ပေးပါနော်။
မထူးလည်း အကိုကြီးနဲ့ အမကြီးပဲ ဒိုင်ခံရေးပေးနေတာပဲဟာကိုနော်။
သီတဂူစတားဘုန်းဘုန်းဘလော့မှ တဆင့် လာလည်ပါတယ်။ သူငယ်ချင်းမောင်နှမသုံးယောက်ရေးတာလို့ သိရတယ်။ သာဓု ခေါ်ပါတယ် မောင်ငယ်ညီမငယ်တို့ရေ…နောက်လည်းလာဖတ်မယ်နော်။ အကျိုးရှိတဲ့စာတွေ ပါ။
http://myautoosayadaw.com/ http://alinnthit.net/ http://ashinsirinda.com/ ဆိုဒ်တို့ကို လာလည်ဖို့ ဖိတ်ခေါ်ပါတယ်
ကိုသူရိယ,မစန္ဒာ,မကြယ်စင်
ဒီဆိုဒ်လေးက ို ဒီနေ့မှသူငယ်ချင်း ကပေးလို့သိရတာပါ
အရမ်းကောင်းပါတယ်။ ဘာသာရေးနဲ့ပတ်သက်ပြီး သိထားတာလေးတချို ုကိုလ ဲမျှဝေပေးချင်ပါတယ်။
Login လုပ်တာမရလု့ိ။ ု့စာလေးတွေတင်ချင်တာဘယ်လိုလုပ်ရမလဲ။
ကူညီပါအုံးနော်။ ဒီထက်ပိုပြီး အောင်မြင်ပါစေလို့ ဆုတောင်းပေးနေမယ်နော်။
သူငယ်ချငိးတွေကိုလဲဒီဆိုဒ်လေးကို လက်ဆင့်ကမ်းပေးပါ့မယ်နော်။
စာလေးတွေဖတ်သွားပါတယ ခင်ဗျ။
စန္ဒာသူရိယဆီကိုအမြဲရောက်ဖြစ်တယ် း)
ဘာသာရေးဗဟုသုတတွေပေးတယ်
မဖတ်ဖူးတာတွေရောဖတ်ဖြစ်တယ်
ထူးထူးခြားခြားကွန့်မင့်တော့မပေးနိုင်ခဲ့ဖူး
အလောက်အစွမ်းစမရှိသေးလို့ပါ
ပြောချင်တာကတော့ ဒီဆိုက်ကိုထောင်ဖို့စိတ်ကူးခဲ့တဲ့သူတွေကို
ကျေးဇူးတင်ပါတယ်ဗျာ
း)
စာတွေဖတ်သွားပါတယ်ခင်ဗျာ.အားလုံးအဆင်ပြေပါစေလို့ ဆန္ဒပြုပါတယ်
လည်လည် ရောက်လာပါသည်…
ဖြူလေးလာလည်သွားပါတယ်..
စာတွေဖတ်သွားပါတယ်…မေကျော်(စန္ဒာရေ..)
အားပေးနေပါတယ်ကွာ…း))
နောင်လဲ သာသနာအကျိုး သယ်ပိုးနိုင်ပါစေလို ့..
ပေးတဲ့ ဆုနဲ့ ပြည့်ပါစေ…
ကောင်းသောနေ့လေးဖြစ်ပါစေလို့
ဆုတောင်းပါတယ်ဘုရား
တပည့်တော် လာရောက်ပါတယ်ဘုရား
အရှင်ဘုရားရဲ့ ဆိုဒ်ကို လာပြီး ပညာလေးတွေလာယူအုံးမယ်ဘုရား
ဘုန်းဘုန်းဘုရား… တပည့်တော်တို့က ပုထုစဉ်လောကီသားတွေပါဘုရား။ အထင်မလွဲလိုက်ပါနဲ့ဘုရား။
အခုမှ ဆိုဒ်တွေကို လှည့်လည်ရင်နဲ့ ငြိမ်းချမ်းတဲ့နေရာလေးကို ရောက်ခဲ့ပါတယ်။ စန္ဒာသူရိယ ဆိုတဲ့ နာမည်လေးကို ရွေးချယ်ထားတာကို မြင်လိုက်တာနဲ့ အလွန်ကျေနပ်မိ၊ ဂုဏ်ယူမိပါတယ်ခင်ဗျား။ ဘာကြောင့်လဲဆိုတော့ ခေါင်းစဉ်လေးက အဓိပ္ပာယ်ရှိနေတယ်နော။ စန္ဒာက လောကကို အေးမြမှုဖြင့် ကျေးဇူးပြုတယ်၊ သူရိန်က လောကကို အလင်းဆောင် စွမ်းအားပေး၍ ကျေးဇူးပြုတယ်။ ကောင်းသော အကျိုးကို လိုလားသော စိတ်ပြဋ္ဌာန်း၍ ကျေးဇူးပြုမယ်ဆိုတဲ့ ရည်ရွယ်ချက်ကို ချမှတ်ပြီး အကောင်ထည်ဖော်နေတာကို တွေ့ရပါတယ်။ ဒါကို ဓမ္မအမြင်နဲ့ သုံးသပ်မယ်ဆိုရင်လည်း မေတ္တာက စန္ဒာကဲ့သို့ အပူဓာတ်ကို အအေးဓာတ်ဖြင့် ငြိမ်းသတ်ပြီး အေးမြစေတယ်၊ သစ္စာက သူရိယကဲ့သို့ ကိလေသာအမှောင်ကို အလင်းဆောင်၍ ဖြိုခွင်းပယ်ရှားပေးတယ်။
ဆိုဒ်နာမည်လေးကို မြင်ရတာကိုးက ဓမ္မရသကို ခံစားရ၍ ကျေးဇူးအများကြီးတင်ပါတယ် ခင်ဗျား။
ကျေးဇူးပါ.. ကိုဝင်းမြင့်ရေ… ကျွန်တော်တို့ တတ်နိုင်သလောက်လေး ပြုလုပ်ထားတာပါ။ နောက်လည်း လာလည်ပါဦးလို့…ဖိတ်ခေါ်ပါတယ်ခင်ဗျာ။
ဒီဆိုက်ကလေးက ကောင်းတယ်ကွဲ့။ ဘုန်းဘုန်းရဲ့ blog မှာ link လုပ်ထားလိုက်မယ်နော်။ သာသာနာ အကျိူးကို များစွာ များစွာ ထမ်းဆောင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်…
တပည့်တော်တို့လည်း လင့်ထားပြီးပါပြီ ဘုရား….
လိုအပ်တာလေးတွေလည်း လမ်းညွှန်ပေးပါဘုရား….
ရောက်တယ် ရောက်တယ် ရောက်တယ် စာသိပ်မဖတ်ရဲဘူး လူ့လောက ကို စိတ်ကုန်သွားမှာ စိုးလို့
အစ်ကိုကြီးသူရိယ၊အစ်မကြီးစန္ဒာနဲ့ကြယ်စင်တို့Happy Thadingyut ပါ။
ရောက်ခဲ့ပါတယ်။ ဒီလိုပါပဲ ဘဝတွေ ရေတိမ်မနစ်အောင်
တရားစကားတွေနဲ့ အသိပေးတဲ့ အတွက် ကျေးဇူးပေါ့။
ဟုတ်တယ်။ ပုံလေးတွေ ဘာကြောင်းမှန်း မသိဘူး။ ကွန်နရှင်
မကောင်းရင် မမြင်ရဘူးလေ။
လည်လည်ရောက်ပါတယ် စာလေးတွေ ကောင်းတယ်ဗျာ ဘာသာရေး ဖြန့်ဖြူးတာတော့ ကောင်းလေစွ….. သာဓု သာဓု သာဓု ပါဗျာ
ဒီနေ ့တော့ ရောက်အောင်လာလည်သွားပါတယ်…..
ရောက်ပါတယ် ……..ဗျာ့
မင်္ဂလာပါ ………နောက်လည်ထပ်လာလည်ပါအုံးမယ်
ကောင်းသောနေ့များရရှိပါစေဗျာ
အရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့ နေရာလေးပါ။
နောက်လည်း အမြဲဝင်ကြည့်နေဖြစ်မှာပါ။
ကျေးဇူးပါဗျာ…
လိုတာလေးတွေ ၊ မှားနေတာလေးတွေ ရှိရင်လည်း ဝေဖန် အကြံပေးပါဗျာ….
ရောက်ခဲ့ပါ ၏
လာလည်သွားတယ်နော်
မစန်ဒါ
အစ်မစန်ဒါ ….. ကြိုဆိုပါတယ်ဗျာ… ကျေးဇူးပဲနော်… နောက်လဲ လာလည်ပါဦးလို့…..
မကောင်းမှုဆောင် ၊ ကောင်းမှုဆောင် ၊ ဖြူအောင်စိတ်ကိုထား ၊ ပြုပြောတွေးလျှင်သတိယှဉ် ၊ ဆင်ခြင်ဉာဏ်ရှေ့သွား ၊ စိတ်ထားဖြောင့်မှန် ခွင့်လွှတ်ရန် ၊ သည်းခံမေတ္တာထား၊ လုံ့လနှင့်ဇွဲ မလျော့ဘဲ အမြဲတင်းတင်းထား၊ အရာရာတွင် အသုံးဝင် အောင်မြင်ကြောင်းတရား ။
(ချမ်းမြေ့ဆရာတော်)
အဲ့ဒီ့မှာ မှားနေတာ တစ်ခုတွေ့လို့ပါ .
မကောင်းမှုရှောင် ၊ ကောင်းမှုဆောင်မဟုတ်ဘူးလားဗျ ..
ကျေးဇူးပဲ ကိုညီနေမင်းရေ… အခုလိုဂရုတစိုက်ဖတ်ပေးတာကို… ကျွန်တော်ပြင်လိုက်ပါပြီဗျာ… နောင်လဲ လာဖတ်ပေးပါဦးနော်….
ကျွန်တော့်ကို မေကျော်က မေးခွန်းလာမေးသွားတယ်။ ကျွန်တော် ဖြေဆိုလိုက်ပါတယ်။ သဘောကျလား မကျလား။ လာပြန်ပြောပေးပါဦး။ ဒိထက် ပိုပြည့်စုံအောင် ဖြေဆိုပေးရမယ်ဆိုရင်လည်း ဖြေဆိုပေးပါ့မယ်။
ဟုတ်… ရပီရှင့်.. လောလောဆယ်တော့ ပြည့်စုံသွားပါပီ ကိုဂျေရေ… ကျေးဇူးပါ..။
အလည်လာသွားပါတယ်…။ တစ်ဘက်တစ်လမ်းက ဘာသာ သာသနာ အကျိုးအတွက် ဆောင်ရွက်ပေးနေကြတာကိုလည်း ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ ဆထက်ကြိုးစား နိုင်ကြပါစေ… လိုအပ်တဲ့ အကူအညီများ ရှိရင်လည်း ကူညီဖို့ အဆင်သင့်ရှိပါတယ်။ ဘုန်းဘုန်းလည်း လောလောဆယ် မြန်မာပြည်မှာ ဝါဆိုနေတာဖြစ်လို့ ပို့စ်အသစ် မတင်ဖြစ်သေးဘူး ဖြစ်နေတယ်။ ရေးထားတာလေးတွေတော့ ရှိတယ်… နောက်မှ ထပ်တင်တာပေါ့… အားလုံး ဆန္ဒပြည့်ဝ၊ နှလုံးလှ၊ အေးမြသာယာ ရှိပါစေ…
တင်ပါ့ ဘုရား ။ အခုလို ကြွရောက် ချီးမြင့်တဲ့အတွက် ကျေးဇူးတင်ပါတယ်ဘုရာ့။ လိုအပ်တာလေး ၊ မသိတာလေးတွေရှိရင်လည်း ကူညီပေးပါအုံး ဘုရား။
လာလည်သွားပါတယ်ဗျာ… အင်မတန် အကျိုးများစေတဲ့ နေရာလေးတစ်ခုပါပဲ… သိတဲ့အတိုင်းလည်း ကျင့်.. ကျင့်တဲ့အတိုင်းလည်း ရရှိပါစေဗျာ…. စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ …
ကျွန်တော် အားအားနေ အကုသိုလ်မယူကြပါနဲ့ ဆိုတဲ့ ပိုစ့်မှာ ရေးထားတာ မှားကြောင်း ပြန်လည် ရှင်းလင်းထားပါတယ်။
ထပ်မံရောက်ရှိပါ၏ ဘုန်းးးကြီး ဝတ်ဖို့ စာလာဖတ်ခိုင်းနေသလိုပဲ
အင်း…. သူရိယ တို့တော့ ရဟန်းဒါယိကာ ဖြစ်ဖို့ အကြောင်းဖန်လာပြီနဲ့တူတယ်…
သူငယ်ချင်းများနေ့အဖွဲ့က လေတံခွန်ပါပဲခင်ဗျာ………… ကျွန်တော့်ဆီကိုလာလည်တဲ့အတွက်ဝမ်းသာပါတယ်……။
ဟုတ်…. ပြန်လာလည်တဲ့အတွက်လည်း ဝမ်းသာပါတယ်ရှင့်…။
ဒီနေ့ အဖို့ လည်တဲ့ ဘလောခ့် မှန်သမျှ တရားဆိုဒ်တွေကြီးဖြစ်နေတယ် ကြာရင် ဘုန်းကြီး ဝတ်ရတော့မယ်နဲ့တူတယ်
ရောက်၏
တကယ်လို့ ကိုလဂွန်းအိမ် ဘုန်းကြီးဝတ်ခဲ့ရင် အဲဒီကျောင်းမှာ ကထိန်ခင်းဖြစ်အောင် ကြိုးစားကြည့်မယ် …
တရားတော်များအား လာရောက်နှလုံးသွင်း ဖတ်မှတ်သွားပါတယ်ခင်ဗျာ။ အလွန်ကောင်းသောတရားများဖြစ်တဲ့အတွက် အမြဲလာရောက် ဖတ်သွားပါမယ်။ မြတ်ဗုဒ္ဓတရားတော်များကို ဆထက်ထမ်းပိုး ဖြန့်ဖြူးရင်း သံသရာမှာလည်း လျှင်မြန်စွာ လွတ်မြောက်နိုင်ပါစေ။
လင့်လည်း ယူသွားပါတယ်ခင်ဗျာ။
သာဓု … သာဓု … သာဓု။
ဟုတ်ကဲ့ရှင် . . ပေးတဲ့ဆုနဲ့ပြည့်ပါစေ။ ကိုပြည့်ဖြိုး ရဲ့ ဗောဓိမြိုင်ဓမ္မရိပ် ကလည်း တရားကြောင်းတွေ တော်တော်ပြည့်စုံပါတယ်။
ကျွန်တော့်ရဲ့ အမှားကို ခုလို လာထောက်ပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ကျွန်တော်လည်း ရေးချင်ဇောတွေအားကြီးသွားတယ် ။ မနက်ဖြန်လောက် ကျွန်တော် ပိုစ့်တစ်ခု တင်ပါဦးမယ်။ လာရောက် အားပေးပါဦး။
ဟုတ် … ကိုဂျေပေ့ချ်ကို ပုံမှန် လာလည်ဖြစ်ပါတယ်…
မင်္ဂလာပါ ခင်ဗျာ.. အခုလို ဘာသာရေး ဘလော့တစ်ခု ထပ်မံတိုးပွားလာလို့ ဝမ်းသာပီတိ ဖြစ်ရပါတယ်… လင့်လေး ယူသွားပါတယ် အစ်ကိုရေ..
ကျန်းမာရွှင်လန်းပါစေ၊ သာသနာ့အကျိုးကိုလည်း စိတ်ရှိသရွေ့ ဆောင်ရွက်နိုင်ပါစေ ခင်ဗျာ…
လေးစားစွာဖြင့်
ဖိုးသား
အခုလိုလာလည်တာ ကျေးဇူးပါပဲ ကိုဖိုးသားရေ… (ကိုယ့်ကိုကိုယ်ပြန်ပြောနေသလိုပဲ… ကျွန်တော်ကိုလဲ အဲလိုခေါ်ကြတယ်..) နောက်နောင်လဲ လာလည်ပါဦးနော်…
လင်ခ့်ထားလိုက်တယ်နော်…..
ခြေရာခံပြီး လိုက်လာပါတယ်၊ သန့်စင်တဲ့ ဓမ္မများ ပြန့်ပွားဖို့ နိုင်သလောက်ဝန်ကို ထမ်းဆောင်တဲ့ ဓမ္မညီအကို မောင်နှမများကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်.. နေမင်းလို အလင်းရောင်ပေးပြီး လရောင်လို အေးမြခြင်းတွေ ဖြန့်ဝေနိုင်ပါစေ..
ကျေးဇူးတင်ပါတယ်ဘုရား…အခုလို ကြွရောက်ချီးမြှင့်တာ…. မြတ်ဘုရားသာသနာတော်ကို တပည့်တော်တို့ တတ်နိုင်တဲ့ နေရာလေးကနေ အုတ်တစ်ချပ်၊ သဲတစ်ပွင့် အဖြစ် ပါဝင်ထမ်းဆောင်ပါ့မယ်ဘုရား…
မေတ္တာအကြောင်း ပို့စ်ကို ဆွမ်းလောင်းအသင်း ဘလော့မှာ ပြန်ဖော်ပြချင်လို့ ခွငိ့တောင်းပါတယ်။ ဒီဘလော့က ယူတယ်ဆိုတာ ရေးပေးပါ့မယ်။
ကျေးဇူးတင်လျက်
ခွင့်တောင်စရာမလိုပါဘူးခင်ဗျ။ ကူးယူဖော်ပြနိုင်ပါတယ်… ဓမ္မဒါန ပေါ့ဗျာ….
တော်တော်လုပ်ထားတဲ့ ဆို်က်လေးဖြစ်ပါတယ်။
တော်တော်လေးလည်း ကြိုက်ပါတယ်ခင်ဗျာ။
လာလည်ဖို့လည်း ဖိတ်ခေါ်ပါတယ်။
တပည့်တော်လည်း အရှင်ဘုရားဆိုက် ကို လာလည်ခဲ့ပြီး ကြိုက်တာလေးတွေ ကော်ပီကူးခဲ့ပါတယ် ဘုရား…။
Visit.!
ဟုတ်ကဲ့…
ကျွန်တော်ဟာ တရားတွေကို ဖတ်ဖို့နာဖို့အချိန်မရပါဘူး။
အမြဲတမ်းအလုပ်မျိုးစုံနဲ့လုံးပန်းနေရပါတယ်။
အခုလို ဒီဆိုက်လေးရှိနေတော့…
ကျွန်တော့်အတွက်ကတော့ အဆင်ပြေသွားပါတယ်။
ကျွန်တော်နဲ့ သင့်တော်တဲ့ ရဝေနွယ် ဓမ္မစာပေကိုလည်း
အလွယ်တကူဖတ်ခွင့်ရပါတဲ့ အတွက် ကျေးဇူးတင်ပါတယ်။
အွန်လိုင်းတရားဓမ္မမိတ်ဆွေအများအတွက်လည်း
တော်တော်လေးကို အဆင်ပြေမဲ့ဆိုက်တစ်ခုလို့ မြင်မိပါတယ်။
ရိုးရိုးစင်းစင်းလေးနဲ့ ရှာရဖွယ်ရလွယ်ကူတဲ့ ဆိုက်လေးပါ။
ဒီလိုရိုးရိုးစင်းစင်းလေးက ကြည့်ကောင်းနေပါတယ်။
ကျွန်တော့်အနေနဲ့ တရားစာဖတ်ရတာကိုပဲ
ဒီဆိုက်Adminများအတွက် သာဓု ခေါ်မိပါတယ်။
စန္ဒာတို့ဒါနလေး မြောက်သွားတယ်ဆိုရင်ကိုပဲ ဝမ်းသာလှပါပြီ..
Keep it up! @_@
jjqqyy.mmgenius.com မှာ စာအသစ်တင်လိုက်တယ်။ တိုးတိုးနော် ဘယ်သူ့မှ မပြောနဲ့
အဟား.. ဟုတ်ပါပီဗျာ.. ကျနော်ထင်သားပဲ.. ကိုဂျေ ဒီလောကထဲကနေ အနားယူဖို့ဆိုတာ (ခဏလေးပဲဖြစ်ဖြစ်) မဖြစ်နိုင်ဘူးလို့ ..
မေသူ
သဥွာ လာလည်သွားတယ်
အမြဲ အားပေးပါတယ်သူငယ်ချင်း
သူငယ်ချင်းတွေကိုလဲ ဖိတ်ပေးထားတယ်
သူတို့လဲစိတ်ဝင်စားမှာပါ
မသိတာတွေများတော့
ဖတ်စရာတွေကမကုန်ဘူးဖြစ်နေတယ်
ဘာပဲပြောပြောကျေးဇူးတင်ပါတယ်
နောက်လဲအားပေးမယ်နော်
ကြိုးစားထား
ဘဝသံသရာ
ရှည်လျှှားထွေပြား မနေမနား တသွားတည်းသွားကြတာ
လောဘရယ် ဒေါသရယ် အဝိဇ္ဖာ သိတ်ခါ သင်္ခါ ရတဲ.
ငိုလိုက် ရီလိုက် ပျော်ကာရွှင် ကာ
ဘယ်ဟာမတည်မြဲ ဖေါက်လွှဲ ဖေါက် ပြန် အကြောင်းမှန် ကံမသကာ…..
ငယ်တဲ. သူ တွေ ဒီသီချင်းကို ကြားဖူးမယ် မထင်ဘူး..
အရှူံ့းတွေနဲ. ရင် ဆိုင် နေရတဲ. အချိန်ကြရင် အဲဒီသချင်းလေး ညီးလိုက် ….
ဘဘဦးသုခ ရဲ့ ဘဝသံသရာသီချင်းကို မကြားဖူးဘဲ ဘယ်နေပါ့မလဲ.. နော်ရယ်..
ဗုဒ္ဓဘာသာတွေအတွက်အလွန်ဂုဏ်ယူဖို့ကေင်းတဲ့ဆိုဒ်လေးပါ..
တရားတော်တွေကိုတနေရာထဲမှာနာယူမှတ်သားနိုင်အောင်ရေးပေးတဲ့စန္ဒာသူရိယကြယ်စင် (၃)ယောက်လုံးကိုအရမ်းကျေးဖူး တင်ပါတယ်…. အလှူတကာအလှူထဲမှာတရားအလှူကိုအွန်လိုင်းမှာပါတင်နိုင်အောင်လုပ်ပေးတဲ့စန္ဒာသူရိယကြယ်စင် ကိုဂုဏ်ယူပါတယ်…
ဗုဒ္ဓသာသနာရောင်ဝါနေထက်လင်းစေသော်….
လမင်း
ဟုတ်ကဲ့ခင်ဗျ… ကျွန်တော်တို့ မောင်နှမ သုံးယောက်လည်း လာလည်တဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်…..
တော် တော် ကောင်း ပါ တယ် နောက် နေ.တွေလည်း ဝင် ပြီး စာဖတ် မယ် နော် ကျေးဖူးတင် ပါတယ်
အမြဲတမ်းကြိုနေပါတယ်ဗျာ….
သိန်ုးယု .. ညီမလည်း လာလည်သွားတယ်လား… တခြားသူတွေကိုလည်း လာလည်ဖို့ဖိတ်ခေါ်ပါတယ်လို့ နော်…
ဟေး ဝင်းဇော်နိုင်ရေ
ငါလည်း လာလည်တယ်နော်၊ ငါ့ သူငယ်ချင်းက ဘာသာရေး အတွက် Blog ရေးနေတာသိရလို့ ဂုဏ်ယူပါတယ်။ နောင်လည်း ဒီထက် ပိုပြီး အောင်မြင်ပါစေဟာ
အေး….. ကျေးဇူးပဲ ထက်စု ရေ…. နောက်လည်းအားရင်လာလည်ဦးနော်…
ညီလေးရေ..
အစ်ကိုလာလည်သွားတယ်..
ကောင်းတယ်ကွာ..အားပေးပါတယ်..
အကူအညီလိုရင်လည်း ကူညီပါ့မယ်..
ငပျင်း
ဟုတ်ကဲ့… အကိုရေ… လာလည်တာကျေးဇူးပဲနော်… လိုအပ်တာလေးတွေ ပြောပါဦးနော်… မသိတာတွေလဲ မေးမယ်နော်……
အလည်လာပါတယ်။ ဝိုင်းကို ခင်နိုင်ပါတယ်။ သူငယ်ချင်းတယောက်ထပ်တိုးတာပေါ့။ http://babywaing.blogspot.com/ ဒီနေရာမှာ ဝိုင်းရှိနေတတ်ပါတယ်နော်။
ခင်မင်လေးစားစွာဖြင့်
ဝိုင်း
ဝိုင်း ကရောက်တောင်ရောက်ပီးသွားမှ ကိုး….. ကျွန်တော်တောင် ဝိုင်းရဲ့ အိမ်လေးမှာ စာရေးခဲ့သေးတယ်…..
လာလည်တာသမီးရေ
လိုအပ်တာရှိရင်ပါပါ့ဆီကိုလှမ်းမေးနော်
သမီးတို့ဘလော့လေးကို ပါပါ့ဆိုဒ်မှာ လင့်လုပ်ထားတယ်
ဟုတ်.. ကျေးဇူး ပါပါ.. မေးတာတော့မပူနဲ့.. ဟဲ ဟဲ
စန္ဒာက တစ်ယောက် သူရိယ က တစ်ယောက်လို့ထင်ပါတယ်။ ကူးယူထားတဲ့ စာမျိုးကို ဘလော့မှာ မတင်ရပါဘူး။ ကူးယူထားတဲ့ စာမျိုးဆိုတာ email. ကနေ သာ တစ်ဆင့် ပြန်ဖြန့်ခွင့် ရှိပါတယ်။
ဟုတ်ပါတယ်ခင်ဗျာ။ ကျွန်တော်တို့သူငယ်ချင်း ၃ ယောက်တတ်နိုင်သလောက်လေး လုပ်ထားထာပါ။ ကျွန်တော်တို့ ကူးယူထားတဲ့ နေရာကို ဖော်ပြထားပေးပါတယ်။ နောက်ပီး မဖတ်ရသေးသူတွေအတွက် တခြားအကျိုးအမြတ်မပါပဲ ဓမ္မဒါနသီးသန့်သာ ဖြစ်ပါတယ်။ ကာယကံရှင်တွေ အနေနဲ့လည့် ခွင့်ပြုနိုင်လောက်မယ် ထင်လို့ပါ။ အခုလို့ ပြောဆို ထောက်ပြပေးတာ ကျေးဇူးတင်ပါတယ်။ နောက်လိုအပ်တာလေတွေ လဲ ပြောပြပေပါဦးနော်။
ကျွန်တော်ကတော့ အားပေးပါတယ် သူငယ်ချင်းမလို့ဟုတ်ပါဘူး…..
လောကမှာ အရာတိုင်းအတွက် ပိုင်ရှင်ဆိုတာရှိလို့လား……
ဒီသဘောတရားနဲ့ပတ်သက်ပြီး သူရိယကို “ဓမ္မစင်္ကြာနေ့ တရားဦးဟောခန်း” မှာပြောထားပါတယ်…..
ငါဆိုတာရှိလို့လား….
ငါပို်င်တာရောရှိလို့လား ….
သူများ blog က ယူထား တာ ဖြစ် ရင်တောင် ဘာသာရေး နှင့်ပတ်သက်သောစာများသည် (ဘာသာရေး လို့ဆိုရမည်ထက်စာလျှင် ဗုဒ္ဒဘုရားဟော များသည်) မည်သူပိုင်သနည်း …….??????
ဒီထက် ပိုပြောရရင် … နိဗ္ဗာန်ရောက်ကြောင်း တရား ပေါ့ …. ဒီထက်နည်းနည်း ပိုပြောရရင်…. နိဗ္ဗာန်ရောက်ကြောင်း နည်းလမ်းပေါ့
အဲ့ဒိနည်းလမ်း ဆိုသော အရာ သည်ပင် ဗုဒ္ဒ ဘုရား တောင်မပိုင်ပါဘူး …..
ဒီလိုပြောလို့ ဗုဒ္ဒကို စော်ကားနေတာ မဟုတ်ပါ ဘူး ……
လောကကြီးမှာ ရှိပြီးသား အမှန် တရား တစ်ခုမလို့ပါ အဲ့ဒါကဘုရားဟောပါ…
ဗုဒ္ဒဘုရားရှင်တောင် ပင်ပင်ပန်းပန်းရှာ ဖွေပြီး မျှဝေ ခဲ့သေးတာဘဲ…..
မြန်မာ bloger တွေ အထူးသဖြင့် . . . ဗုဒ္ဒဘာသာ bloger တွေ ပေါ့ ဘာလို့ copy right law တွေပြောချင်ကြတာလည်း …
ဆက်ပြောပါအုန်းမယ် … ပဉ္စဝဂ္ဂီငါးပါးမှ အစ သုဘဒ္ဒပရိဗုဇ်(ပဉ္စဝဂ္ဂီငါးပါးထဲမှာ အရှင်ကောဏ္ဍည နဲ့ညီအကိုတော်ပါတယ်) အဆုံး ပါ သတ္တဝါများကို နိဗာန်ရောက်ကြောင်းတရားများကို ဟောကြားခဲ့ပါတယ် …(၄၅ နှစ်လုံးနော်နည်းတာမုတ်ဘူးနော်)
ဗုဒ္ဒဘုရားဟောကြားခဲ့သော နိဗာန်ရောက်ကြောင်းတရားများကို ဘုရားရှင်လက်ထက်တော်မှာလည်း တပည့် ရဟန်းများက ပြန်ဟောကြားပါတယ် ဘုရားရှင်က သူပိုင်တရားတွေ မဟောပါနဲ့မပြောပါနဲ့ဟို တားခဲ့ပါသလား copy past ဆိုပြီး ပြောခဲ့ပါလား …
နောက်တစ်ခုက ရှင်မောဂ္ဂလာန် ကိုယ်တော် ကြီး တောင် သူငယ်ချင်း ဖြစ်သူ ရှင်သာရိပုတ္တရာ ကိုယ်တော်ကြီးပြန်ဟောပြသောတရားကို နာပြီးသောတပန်တည်သေးတာပါဘဲ …(ဒါကသူငယ်ချင်းနှစ်ဦးနော် ခုခေတ်ပြောရင်တော့ information share တာပေါ့)
သူများ တင်ထားတာကို ကူးပြီး ကိုယ့် blog ထဲမှာ တင်တာဟာ ကျန်တဲ့အရာတွေမှာတော့ copy right law ရှိပါမယ် ရှိချင်တယ်ဆိုရင်ပေါ့…. ဗုဒ္ဒတရားတော်တွေမှာတော့ မရှိသင့်ပါဘူး ….. ရှိလည်းမရှိရပါဘူး …..
နောက်တစ်ခုက ဘုရားရှင်သည် တာဝတိ ံသာ မှာ အဘိဓ္ဒမာတရားဟောကြားပါတယ် နေစဉ့် လူပြည့်သို့ဆင်းလာပြီး ရှင်သာရိပုတ္တရာ ကို အကျဉ်းချုုံး ဟောပါတယ် အဲ့ဒီတရားတွေကိုရှင်သာရိပုတ္တရာကိုတော်က ပြန်ပြီး လက်ဆင့်ကမ်းခဲ့လို့ ခုခေတ်လူတွေပြောနေတဲ့ အဘိဓ္ဒမာ တရားဆိုတာ ရှိနေတာပေါ့ …
နောက်တစ်ခုက အရှင်မဟာကသပ၊ အရှင်အနုရုဒ္ဒါ၊ အရှင် အာနန္ဒာနှင့် ရဟန္တာ ကြီးများ စပြီး ပထမသံဃာရတနာမှာသည် ပြန်လည် လက်ဆင့်ကမ်းထားခဲ့လို့ ခုခေတ် လူတွေ ဘုရားပါလား တရားပါလား သံဃာပါလားသိနေရတာပေါ့
ဒိထက်ပိုပြောလိုက်မယ် နိဗ္ဗာန်ရောက်ကြောင်းတရားကိုသိနေတာပေါ့ …
ဒီမှာပြောစရာတစ်ခုက စစ်မှန်တာ ပေါ့နော် … နည်းလမ်းမှန်တာလေးတွေကို ဘဲဆင်ခြင်သင့်ပါတယ် …
ကိုတင်ထားတဲ့စာပေဟာ အထူးသဖြင့် ဗုဒ္ဒ တရားတွေ၊ ဗုဒ္ဒဝင်တွေဟာ မှန်ကန်နေဘို့ လို့ပါတယ်
ကျမ်းကိုးကျမ်းကားတွေပါ မှန်ကန်နေရပါမယ် နောက်ပြီး စိတ်မှန်းနဲ့ရေးသားခြင်းတွေမပြုလုပ်သင့်ပါ ဘူး
ကြားဘူးနားဝကို ကိုယ် ဟကို စဉ်းစားပြီး ရေးထားတာတွေဟာ ဘာမှမသိသေးတဲ့ စာဖတ်သူကို ထင်ယောင်ထင်မှားတွေဖြစ်စေပါတယ်၊ ပိုဆိုးတာ က တခြားဘာသာဝင်တွေကိုပါ ထင်ယောင်ထင်မှားဖြစ်စေပါတယ်…. ဒိထက်ပိုဆိုးတာက သေချာတွေးတက်တဲ့ဘာသာခြားနဲ့ဆိုရင် မင်းတို့ဘာသာက ဒါကြီးလားဆိုပြီး သေပီ
နောက်တစ်ခုက ငါ့ blog မှာတော့တရားစာလေးတွေတင်ထားတာပေါ့လူရှိန်တာပေါ့ ဆိုပြီး ဟို ကယူ ဒီက ယူနဲ့ပေါ့ …. အယူမှားသွားရင် ကို ဘဲခံရမှာ မဟုတ်ပါဘူး ဆက်တိုက်ဆိုသလို့ စာဖတ်သူတွေ . . .
ပြန်ပြီး ယူသုံးသူတွေပါ သွားပြီ …
ဒိထက်ဆိုးတာ IT ခေတ်ကြီးမှာ မူလတန်း ခလေးတောင် online ဝင်တတ်နေပြီလေ။ ဒီတော့ online ကနေပြီးကိုယ်တင်ထားတာအမှားကြီကို အမှန်ထင်သွားရင်တော့ ဗုဒ္ဒဘာသာမျိုးဆက်တော့ သွားပြီ
ဒါကြောင့် myanmar bloger တွေ အထူးသဖြင့် ဗုဒ္ဒဘာသာ bloger တွေဟာ အထူးသတိထားရပါမယ်
တရားလက်ဆင့်ကမ်းတာဟာ copy right မရှိပါ ယူသုံးနိုင်ပါသည်၊ မှန်တာလေးတွေတော့ဖြစ်အောင်ဂရုစိုက်ပေးပေါ့ အကောင်းဆုံးက ကိုယ် ဆီမှာ ဗုဒ္ဒဝင် ကျမ်းတို့ ၊ပိဋကတ်သုံးပုံတို့ ရှင်နာဂသိန် အမေးအဖြေကျမ်းတို့ တကယ်ကို မြန်မာနိုင်ငံသာသနာရေးဝင်ကြီးဌာနမှ စီစစ်ပြီးထုတ်ဝေထားတဲ့ကျမ်းတွေ ကို မှီငြမ်းစေချင်ပါတယ်၊ ှ
ဆိုလိုချင်တာကတော့ ပြီးပြီးရောမလုပ်ကြဘို့ပါ . . .
လာတာ နောက်ကျသွားပါတယ်။ ခွင့်လွတ်ပါ။ နောက်တင်မယ့်ပိုစ့်တွေကိုတော့ အားပေးဖြစ်မယ် ထင်ပါတယ်
ဟုတ်ကဲ့.. နောက်လည် လာလည်ပါဦးနော်….
လာလည်လို့ ကျေးဇူးပါ..အန်ကယ် ဂျေဂျူဝိုင်ရေ.. နောက်လည်း လာလည်ပါနော်.. လိုတာလေးတွေလည်း ထောက်ပြပါနော်..
ငါ.မောင်လေးက…ဒီတစ်ခါတော်သွားပြန်ပြီ …..
ကုသိုလ်တွေအများကြီးရပါစေ။
မလဲ.
ဟဲ..ဟဲ…. ဒီလိုမောင်လေး တစ်ယောက်ရထားတာ ဂုဏ်ယူလိုက်စမ်းပါ…….. ပြန်လာရင် မုန့်လိုက်ကျွေးဖို့ပြင်ထား…….
မေသူ
သဥွာလာလည်သွားတယ် ၊ တကယ်ကိုလေးစားပါတယ်၊ အလုပ်နည်းနည်းများနေလို့သေချာတော့မဖတ်ရသေးဘူး ၊ (မုန်းခြင်းသံယောဇဉ် ) ဆိုတဲ့ဘလော့ကမဆိုးဘူး ၊ ခုမှပဲအမုန်းမှာလဲသံယောဇဉ် ရှိမှန်းသိရတော့တယ်၊ ဒါပေမယ့်အဲဒိလိုသံယောဇဉ်မျိုးတော့မလိုချင်ပါဘူး
သံယောဇဉ်ဆိုတာလဲပူလောင်မူ့တစ်ခုပဲလေ အဲဒီမှာမှ အမုန်းကအားဖြည့်ထားတော့ ၊ မြင်တာနဲ့တင် တော်တော်ပူနေမှာနော်
ဘာပဲပြောပြော သူ့ကိုအမြဲအားပေးနေမယ်နော်
မေသူလည်း ဒီဇာတ်လမ်းကို ကြားဖူးပေမယ့် အမုန်းသံယောဇဉ်ကြောင့်လို့ မသိခဲ့ဘူး.. ခုမှ အမုန်းမှာလည်း သံယောဇဉ်ရှိတယ်ဆိုတာ သိရတာ..
အမုန်း သံယောဇဉ်တော့ မေသူလည်း မလိုချင်ဘူး.. ကိုယ့်ကြောင့် သူများမှာ ..သူများကြောင့် ကိုယ့်မှာ အမုန်းသံယောဇဉ် မဖြစ်အောင် ကြိုးစားနေရမှာပေါ့နော်..
အေးပေါ့… နားလည်ရင်ပီးတာပဲ.. မူးတုံ့ မမူးတုံ့ မဖြစ်နေနဲ့…..
ခင်များကို မဖြစ်ရင် ပြီးတာပဲမဟုတ်လား.. ဘာပူနေတာလဲ….
ကျွန်တော်မဖြစ်ပါဘူးဗျာ…. ဘလော့ထဲမှာ ရန်လာမဖြစ်ရဘူးလေ…. ဒေါသ လျှော့လေ မစန္ဒာရယ်…
သမီးလေးရေ.. လာလည်တယ်နော်။ဒီနေ့သေချာဖတ်မယ်လို့ပြောခဲ့ပေမဲ့
ဒီနေ့နဲနဲအလုပ်ရှုပ်သွားလို့နော်..။ဒါပေမဲ့ အရမ်းတော်တာပဲ။
ဘာသာသာသနာအကျိုးကို ဒီ့ထက်ပိုပီးထမ်းရွက်နိုင်ပါစေ။
ဘလော့လေးကိုလာရတာ စိတ်ညစ်နေတာတွေတောင်ပျောက်သွားတယ်။တကယ်ပါ။
သမီးရေ.. ကျေးဇူးပါ။
မားမား
မီ
ဟုတ်ကဲ့..အန်တီရေ…. လာလည်တာ အရမ်းကျေးဇူးတင်ပါတယ်…. အန်တီ သမီးလေးကတော့ ဘယ်ရောက်နေမှန်းမသိသေးဘူးခင်ဗျ… အခုတော့ ကျွန်တော်ပဲ အန်တီကို အရင်နှုတ်ဆက်လိုက်တာပါ…. အန်တီသမီးလေး ရောက်လာရင် လာနှုတ်ဆက်ပါဦးမယ်ခင်ဗျ။ တခြားလိုအပ်တာလေးတွေ ရှိရင် ညွှန်ပြပေးပါဦးနော်…
လေးစားစွာဖြင့်
သူရိယ
လာလည်လို့ ကျေးဇူးပါ မားမားရေ .. နောက်လည်း လာလည်ဦးနော်.. လိုအပ်တာလေးတွေလည်း အကြံပေးဦး… ရှဲ ချင်တာလေးတွေရှိရင်လည်း ပြောနော်.. ပါပါကိုလည်းပြောလိုက်ဦး .. ဂရုစိုက်ပါလို့…အစစအရာရာပေါ့… တကယ့်သမီးလေးမွေးရင် သမီးနာမည် တကယ်ပါအောင်ပေးရမယ်နော်..အဟီး.. မားမားတို့ ဘလော့ပီးရင်လည်း ပြောနော်.. အားမနာတမ်း လာလည်မယ်..
လာလည်ပါတယ်ခင်ဗျာ အင်မတန်ကောင်းပါတယ်။
တော်လဲတော်ပါတယ် idea လေးလဲကောင်းပါတယ်။
ဖော်ပြမူရှင်းလင်းပါတယ်။ဖတ်ရတာမျက်စိမနောက်ဘူးပေါ့
လူငယ်တွေဆိုတော့ဒီထက်ပိုတော်ပါစေ လို့ဆုတောင်းပေးလိုက်ပါတယ်
ဟုတ်ကဲ့..ခင်ဗျ… လာလည်တာ ကျေးဇူးတင်ပါတယ်… နောက်လည်းလာလည်ဦးနော်… လိုတာလေးတွေလဲ ပြောပေးပါဦးခင်ဗျ…..
ဒီတစ်ခါတော့ ညံ့တယ် အပြောမခံရတော့ဘူးပေါ့နော်.. အဟတ်..
ကျွန်တော်လုပ်ခဲ့တာတွေ ဘယ်တုန်းက မကောင်းရှိဖူးလို့လဲ.. ပြောစမ်းပါဦး….
စိတ်ထိန်းလေ ကိုသူရိယရယ်.. စိတ်ထိန်း…
ပတ္တမြားမှန် နွံ့မနစ် ဆိုတာ ဒီလိုပေါ့…..
ဆင်ဖြူတော် မှီပီး ကြံမစုတ် စမ်းပါနဲ့ဗျာ…..
Hello ကို နဂါး
လာလည်တယ်နော်
အခုတော့ မဖတ်ရသေးဘူး
နောက်မှ ဖတ်တော့မယ်
လာလည်တာ ကျေးဇူးပဲနော်… ညီမလေး မိုးမခရေ…. နောက်လဲလာလည်ဦးနော်…..
အစ်ကိုတော်လေး….
လာလည်သွားတယ်….. အေးအေးဆေးဆေး အချိန်ယူပြီး သေချာဖတ်ပါမယ်….
၃ ယောက်လုံး သိပ်တော်တာပဲ…..မလေး အလေးထားပြီး လာဖတ်မှာပါ…
ကျေးဇူးပဲ…. ညီမတော်လေးရေ…..
နောက်လဲလာလည်နော်….. ဝင်ရေးချင်တယ်ဆိုရင်လဲ ပြောနော်….. ကြိုဆိုပါတယ်….
သာဓု သာဓု သာဓု
လာကြည့်သွားပါတယ်
သာလိကာက သာဓုခေါ်နေပါလား…. အဟား….. တော်တော်အားနေတယ်ဟုတ်…. ခွင့်ရက်တွေနဲ့…..
အားလို့ဟုတ်ပါဘူး
အားကျလို့ပါ တစ်ကယ်ပါ
topic တွေကို comment တွေပေးနေတာ တစ်မျိုးမထင်ပါနဲ့ မင်းဆိုက်ကို ကောင်းစေချင်လို့ပါ ကျန်တာတွေက ကိစ္စမရှိဘူး ဘုရား၊တရား၊သံဃာ စာပေတွေဆိုတော့ ကိုယ်သူငယ်ချင်းကို ပိုကောင်းတာလေးဖြစ်စေချင်လို့ပါ
ကျန်တာဘာစိတ်မှမရှိပါ…..
……စိတ်အစဉ်ကဗုဒ္ဓတရားတွင်သာရှိချင်တော့သည်……
ဟုတ်ပါပီ။ နောက်လဲ လာဖတ်ဦးကွ…လိုတာရှိရင်လဲ ပြောဦး။ မျှဝေချင်တာရှိလဲ ပေး… အားလုံးဖတ်ရတာပေါ့…
စာလေးတွေဖတ်သွားပါတယ်နော်
မင်္ဂလာပါ.. အဖြူရောင်ညီမလေးရေ… ကျေးဇူးတင်ပါတယ်။ အခုလိုလာ လည်တာ… နောင်လဲ လာလည်ပါဦးလို့ ဖိတ်ခေါ်ပါတယ်။
ကိုနဂါး
လာလည်တွားတယ်နော်
ကွန်စတန်
ကျေးဇူးပဲ. .ညီလေးရေ.. နောက်လဲ လာလည်းဦးနော်..
လာလည်သွားပါတယ်ဗျို့
ကဗျာလေးတွေဖတ်ချင်တယ်ဆိုရင်လဲကျွန်တော့်ကဗျာစာအုပ်လေးမှာ
တင်ပေးထားပါတယ်ဗျာ
လာလည်သွားတယ်နော်
လာလည်တာကျေးဇူးပဲခင်ဗျ….. ကဗျာလေးတွေလည် သွားဖတ်လိုက်ပါမယ်…..
chit ma , what do you choose 1 , 5 and 9?
1 will favour you to change your job.
Excuse me, let me write to maythu concerned or not. G-mail denied.
ချစ်မ .. လာမှပဲ ဖြေပေးတော့မယ်နော်… အဟီး… အခု အရင် တက်လာအောင် Approve လုပ်ပေးလိုက်ပီ….
carry on မောင်လေးရေ. ချီးကျူးပါတယ်. တကယ်ကို လှိုက်လှိုက်လှဲလှဲကြီးကို ချီးကျူးပါတယ်
ဟုတ်ကဲ့…မနိုင်းရေ…. ကျေးဇူးပါပဲခင်ဗျ။ ကျွန်တော်တို့ တတ်နိုင်သလောက်လေးလုပ်ထားပေးတာ… လိုအပ်တာလေးတွေရှိရင် ပြောပြပေးပါဦးနော်… .နောက်နောင်လဲ လာလည်ပါဦးလို့…
ကိုသူရိယကြီး လာကြည့်တွားတယ် …………..
နော် ………….မြန်မာ လူမျိုးတွေ အတွက် ဂုဏ်ယူပါတယ် ..
မောင်လူစိမ်း
ကျေးဇူးပဲ… လူစိမ်းရေ… နောက်လဲ မကြာမကြာ လာလည်ဦးနော်…. အကိုတစ်ယောက်တည်းလုပ်တာမဟုတ်ပါဘူး… ယု လည်းပါသေးတယ်လေ…. ၃ ယောက်ပေါင်းလုပ်တာပါ…
သာဓု သာဓု သာဓု
အခုလို ကောင်းမွန်ရာ ကောင်းမွန်ကြောင်း စာပေဗဟုသုတ ရစေတဲ့အတွက် ဝမ်းမြောက်မိပါတယ် …
နောက်လဲ ဒီထက်ပိုပီး သာသနာအကျိုးအတွက် တိုးမြှင့် ဆောင်ရွက်နိုင်ပါစေရှင် ..
ဟုတ်ကဲ့…ခင်ဗျ…အခုလိုလာရောက်လည်ပတ်တာ ကျေးဇူးအများကြီးတင်ပါတယ်။ လိုအပ်တာလေးတွေ ရှိရင်လည် ပြောပါဦးခင်ဗျ။