ခိုင်ခိုင်မြဲမြဲ မင်္ဂလာ

“သင်ဟာ အသိဥာဏ်များလည်း ပြည့်စုံကောင်း ပြည့်စုံနေမယ် ။ ရာထူးဂုဏ်သိန် စည်းစိမ် ဥစ္စာများလည်း ပြည့်စုံကောင်း ပြည့်စုံနေမယ်။ အရွယ်ကြီးလို့ ဆံပင်များလည်း ဖြူကောင်း ဖြူနေမယ်။ သို့သော် ထိမ်းမြားလက်ထပ်ခြင်း မပြုရသေးသမျှ လူလားမမြောက်သေး” တဲ့။ ပတ်ဝန်းကျင်မှာ သတိထားမိခဲ့တဲ့ ဇနီးမောင်နှံနှစ်မျိုးအကြောင်းကို အရင်ပြောချင်တယ်။ (၁) သဲသဲကွဲကွဲ ဇနီးမောင်နှံနဲ့ (၂) မသဲမကွဲ ဇနီးမောင်နှံတို့အကြောင်းပါ။ သဲသဲကွဲကွဲ ဇနီးမောင်နှံဆိုတာ `မျက်စိအောက်က ပျောက်မှာပင် လွန်စိုးတယ်´ ဆိုတဲ့ စိတ်ကူးယဉ် စကားကို ဘ၀လမ်းညွှန်ထင်ပြီး အဖြစ်သည်းလိုက်နာကြတဲ့ ဇနီးမောင်နှံမျိုးကို ပြောတာ…. အလုပ်သွားတာ၊ ဈေးသွားတာမျိုးကို တောင် စိတ်မချနိုင်တာတို့၊ သူငယ်ချင်း အပေါင်းအသင်း ဟောင်းတွေ့လို့ တရင်းတနှီး နှုတ်ဆက် တာကိုတောင် မနာလို မရှုစိမ့်နိုင်တာတို့ ၊ မကျေမနပ် [...]

တရားနာခြင်း အကျိုး ၅ မျိုး

ရဟန်းတို့၊ တရားနာခြင်း အကျိုးအာနိသင်တို့သည် ဤ ၅ မျိုးတို့တည်း။ အဘယ် ၅ မျိုးတို့နည်းဟူမူကား – ၁။ မကြားဖူးသည်ကို ကြားနာရ၏။ ၂။ ကြားဖူးသည်ကို ဖြူစင်စေ၏။ ၃။ ယုံမှားမှုကို ကူးမြောက်နိုင်၏။ ၄။ အယူကို ဖြောင့်မတ်စွာ ပြုနိုင်၏။ ၅။ ထိုသူ၏ စိတ်သည် ကြည်လင်၏။ ရဟန်းတို့ တရားနာခြင်း၌ အာနိသင်တို့သည် ဤ ၅ မျိုးတို့တည်း ဟု မိန့်တော်မူ၏။ ဓမ္မဿဝနသုတ်၊ ကိမိလ၀ဂ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။

ဘုရားရှင် ပေးဆပ်ခဲ့ရတဲ့ ၀ဋ်ကြွေးတော် ဘယ်နှစ်ပါးရှိသလဲ

မည်သူမဆို ကုသိုလ်ပြုက ကုသိုလ်အကျိုး(ကုသလ၀ိပါတ်)ကို ရရှိမည်ဖြစ်ပြီး အကုသိုလ် အမှုကို ပြုပါက အကုသိုလ်၏ အကျိုး(အကုသလ၀ိပါတ်)ကို ခံကြပေလိမ့်မည်။ သံသရာမှ မလွတ်မချင်း မိဃာကကံ ပာုခေါ်သော ကုသိုလ်၊ အကုသိုလ်ကံ တို.၏ အကျိုးပေးခြင်းကို ခံရပေလိမ့်မည်။ “၀ဋ်မှာအမြဲ ၊ ငရဲမှာအပ” ဆိုသည့်အတိုင်း ၀ဋ်ကြွေးရှိပါက ပြန်လည်ပေးဆပ်ကြရစမြဲပင်။ ဤ၌ လူ ၊ နတ် ၊ ဗြပ္မာာတို.၏ ပတ္တမြားသင်းကျစ် ဖြစ်တော်မူသော ဘုရားရှင်ပင် လျှင် နုစဉ် ကာလ ကျူးလွန်မိသော အကုသိုလ်ကံ၏ အကျိုးဝိပါတ်(၁၂) ပါးကိုပေးဆပ်ခဲ့ရပါသေးသည်။ လူတို.သည် မကောင်းသော ကာယကံမှု ၊ ၀စီကံမှု ၊ မနောကံမှု တို.ကြောင့် သံသာ၌ အနာရောဂါဖြစ်ခြင်း ၊ ဘေးဖြစ်ခြင်း ၊ ဆင်းရဲခြင်းတို.ကို [...]

ဘ၀ဟူသည် အကျဉ်းထောင်

 ဘုရားရှင်က “ဘဝဟူသည် အကျဉ်းထောင်သာဖြစ်၏” ဟု မိန့်တော်မူ၏။ မှန်၏။ မိမိတို့တတွေသည် ဘဝအကျဉ်းထောင်ထဲ၌ အကျဉ်းချခံနေရသော ဘဝအကျဉ်းသားများသာ ဖြစ်ကြလေ၏။သေချာစဉ်းစားကြည့်။ တဏှာထားရာနေ၊ တဏှာစေရာသွား၊ တဏှာအမိန့်နာခံ၊ တဏှာခိုင်းသမျှ အကုန်လုပ်နေရသော တဏှာ၏ကျွန်၊ ဘဝအကျဉ်းသားတွေသာ ဖြစ်၏။ လောဘ၊ ဒေါသ စသောတစ်ထောင့်ငါးရာ ကိလေသာတွေ၏ အမိန့်အာဏာအောက်မှာ မလွတ်မလပ် ကျဉ်းကျပ်စွာ နေနေရသော အကျဉ်းသားတွေသာဖြစ်၏။ မြတ်စွာဘုရားရှင်က “တဏှာဒါသော- သတ္တဝါအားလုံးသည် တဏှာ၏ကျေးကျွန်တွေချည်း သာတည်း”ဟု မိန့်တော်မူ၏။ ကျေးဇူးတော်ရှင် တောင်မြို့ဂန္ဓာရုံဆရာတော်ဘုရားက “ တဏှာစေရာ မနေသာဖွေရှာဆက်ရမည်” ဟု မိန့်တော်မူ၏။ နံနက်မိုးလင်းက ညနေ နေဝင်မိုးချုပ်သည့်တိုင်အောင် တောင်ကလူက မြောက်သွား၊ မြောက်ကလူကတောင်သွား၊ အရှေ့ကလူက အနောက်သွား၊ အနောက်ကလူက အရှေ့သွား။ ကားနှင့်တစ်မျိုး၊ရထားနှင့်တစ်ဖုံ၊ စက်ဘီးနှင့်တစ်မျိုး၊ ခြေကျင်တစ်သွယ်၊ ကိုယ့်ဇောနှင့်ကိုယ် [...]

Follow

Get every new post delivered to your Inbox.