ဥပုသ်သည် အချူပ်အားဖြင့် အရိယာ (မြတ်သော) ဥပုသ် ၊ ဂေါပါလ (နွားကျောင်းသားစောင့်နည်း) ဥပုသ်ဟု ၂မျိုး ရှိ၏။ ထိုတွင် အရိယာပုသ်သည် ဗြဟ္မ ဥပုသ် ၊ ဓမ္မဥပုသ် စသည်ဖြင့် အမျိုးမျိုးရှိ၏။ ၁။ ဗြဟ္မဥပုသ် ။ ။ ဘုရားရှင်သည် “ဗြဟ္မ” မည်တော်မူ၏။ ရှစ်ပါးသီလ ယူပြီးလျှင် ထိုဗြဟ္မမည်သော ဘုရားရှင်ကို အာရုံပြုနေခြင်းကို “ဗြဟ္မဥပုသ်”ဟု ခေါ်၏။ အလွတ်အာရုံ မပြုတက်လျှင် ဘုရားဂုဏ်တော်ဖွင့်ကို ရွတ်ဖတ်ကြည့်ရှုနေရာ၏။ ၂။ ဓမ္မဥပုသ် ။ ။ ဥပုသ် သီလကို ခံယူပြီးလျှင် တရားတော်၏ ဂုဏ်တော်တစ်ပါးပါးကို အာရုံပြု၍လည်းကောင်း ၊ တရားဂုဏ်တော် အဖွင့်ကို ကြည့်ရှု ရွတ်ဖတ်၍လည်းကောင်း နေခြင်းကို “ဓမ္မဥပုသ်” ဟု [...]
Filed under: မှတ်သားဖွယ်ရာများ | Leave a Comment »

