ဓာရဏပရိတ်ဟာ ပိဋကတ်သုံးပုံထဲ ပါဝင်နေသလား ဆိုတဲ့ မေးခွန်းကို —- ပါလည်း ပါတယ်။ မပါလည်း မပါဘူး လို့ ဖြေရမယ် ထင်တယ်။ရှင်းမယ်လေ။ ပါဝင်ပုံလေး မပြောခင် မပါဝင်ရတဲ့အကြောင်း အရင်ပြောမယ်။ ဓာရဏ ပရိတ်တော်ထဲက တချို့ ပါဠိစာသားတွေဟာ ပိဋကသုံးပုံထဲမှာ တိုက်ရိုက်နည်းနဲ့ ပါဝင်နေတာ မဟုတ်ဘဲ ရှေးရှေးဆရာတော်များက ကောင်းနိုးရာများကို ကြည်ညိုသဒ္ဓါစိတ်နဲ့ ဖွဲ့ဆို သီကုံးခဲ့ကြတယ်လို့ ဆိုပါတယ်။ အဲဒီ ပါဠိစာသားတွေရဲ့ အဓိပ္ပါယ် သဘောတရားတွေကလည်း ထေရဝါဒဗုဒ္ဓဘာသာနဲ့ မဆန့်ကျင်ပါဘူး။ ဆိုလိုချင်တာက စာပေအနေနဲ့ ပိဋကတ်သုံးပုံထဲမှာ တိုက်ရိုက်မလာဘူး။ အနှစ်သာရအားဖြင့်တော့ ထေရဝါဒနဲ့ သင့်လျော်တဲ့အတွက် အကျုံး ဝင်နေတဲ့အတွက် ဆရာအစဉ်အဆက် လက်ခံခဲ့ကြတယ်လို့ ဆိုပါတယ်။ ပါဝင်နေတဲ့ ပါဠိစာသားတွေကို ထုတ်နုတ်ပြီး ရှင်းပြမယ်။ ဓာရဏ ပရိတ်ထဲက [...]
Filed under: မှတ်သားဖွယ်ရာများ | 2 Comments »

