နောက်ဆုံးဆယ်လ မြတ်ဗုဒ္ဓ (၂)

ထို့နောက် မြတ်ဗုဒ္ဓသည် နောက်ဆုံးဝါဆိုတော်မူခဲ့ရာ ဝေဠုဝရွာ မှ သာဝတ္ထိမြို့သို့ကြွချီတော်မူလေသည်။ သာဝတ္ထိမြို့တွင် တန်ဆောင်မုန်းလပြည့်နေ့ ၌ အရှင်သာရိပုတ္တရာကိုယ်တော်မြတ် ပရိနိဗ္ဗာန်စံတော်မူခဲ့လေသည်။ အဲဒီနောက် သာဝတိ္ထမှ ရာဇဂြိုလ်မြိုသို့ ဆက်လက်ကြွတော်မူသည်။ ရာဇဂြိုလ်မြို့တွင် တန်ဆောင်မုန်းလကွယ်နေ့၌ အရှင်မဟာမောဂ္ဂလာန်ကိုယ်တော်မြတ် ပရိနိဗ္ဗာန်စံတော်မူလေသည်။ အဲဒီ့နောက် ဝေသာလီပြည် စာပါလစေတီသို့ကြွတော်မူ၏။ တပို့တွဲလပြည့်နေ့တွင် စာပါလစေတီသို့ ရောက်လေ၏။ ထိုနေရာတွင် မြတ်ဗုဒ္ဓသည် အာယုသင်္ခါရ ကို စွန့်လွှတ်တော်မူလေ၏။ ရောဂါကင်းဝေး၊ အသက်ရှည်ရန် ပြုပြင်မှု ဖလသမာပတ်ဝင်စားခြင်းကို အပြီး စွန့်လွတ်လိုက်ခြင်းဖြစ်၏။ မြတ်ဗုဒ္ဓ ပရိနိဗ္ဗာန်စံတော်မူရန် (၃)လသာ လိုတော့လေသည်။ ထိုစာပါလစေတီမှတဖန် ဝေသာလီပြည် မဟာဝုန်တော ကျောင်းတိုက်ကြီးရှိရာသို့ ကြွချီတော်မူလေသည်။ ထိုကျောင်းတိုက်ကြီးတွင် မြတ်ဗုဒ္ဓသည် သံဃာတော်များ စုစည်းခေါ်ယူပြီး သာသနာအရှည်တည်တံ့ကြောင်းတရားတော်ကို ဟောတော်မူခဲ့၏။ ထိုကျောင်းတိုက်ကြီးမှတဖန် ဘဏ္ဍုရွာသို့ ကြွတော်မူလေသည်။ ထိုရွာ၌ [...]

ေနာက္ဆုံးဆယ္လ ျမတ္ဗုဒၶ (၂)

ထုိ႔ေနာက္ ျမတ္ဗုဒၶသည္ ေနာက္ဆုံး၀ါဆုိေတာ္မူခဲ့ရာ ေ၀ဠဳ၀ရြာ မွ သာ၀တၳိျမိဳ႕သုိ႔ၾကြခ်ီေတာ္မူေလသည္။ သာ၀တၳိျမိဳ႕တြင္ တန္ေဆာင္မုန္းလျပည့္ေန႔ ၌ အရွင္သာရိပုတၱရာကုိယ္ေတာ္ျမတ္ ပရိနိဗၺာန္စံေတာ္မူခဲ့ေလသည္။ အဲဒီေနာက္ သာ၀တိၳမွ ရာဇျဂိဳလ္ျမိဳသုိ႔ ဆက္လက္ၾကြေတာ္မူသည္။ ရာဇျဂိဳလ္ျမိဳ႕တြင္ တန္ေဆာင္မုန္းလကြယ္ေန႔၌ အရွင္မဟာေမာဂၢလာန္ကုိယ္ေတာ္ျမတ္ ပရိနိဗၺာန္စံေတာ္မူေလသည္။ အဲဒီ့ေနာက္ ေ၀သာလီျပည္ စာပါလေစတီသုိ႔ၾကြေတာ္မူ၏။ တပုိ႔တြဲလျပည့္ေန႔တြင္ စာပါလေစတီသုိ႔ ေရာက္ေလ၏။ ထုိေနရာတြင္ ျမတ္ဗုဒၶသည္ အာယုသခၤါရ ကို စြန္႔လႊတ္ေတာ္မူေလ၏။ ေရာဂါကင္းေ၀း၊ အသက္ရွည္ရန္ ျပဳျပင္မႈ ဖလသမာပတ္၀င္စားျခင္းကုိ အျပီး စြန္႔လြတ္လုိက္ျခင္းျဖစ္၏။ ျမတ္ဗုဒၶ ပရိနိဗၺာန္စံေတာ္မူရန္ (၃)လသာ လုိေတာ့ေလသည္။ ထုိစာပါလေစတီမွတဖန္ ေ၀သာလီျပည္ မဟာ၀ုန္ေတာ ေက်ာင္းတုိက္ၾကီးရွိရာသုိ႔ ၾကြခ်ီေတာ္မူေလသည္။ ထုိေက်ာင္းတိုက္ၾကီးတြင္ ျမတ္ဗုဒၶသည္ သံဃာေတာ္မ်ား စုစည္းေခၚယူျပီး သာသနာအရွည္တည္တံ့ေၾကာင္းတရားေတာ္ကုိ ေဟာေတာ္မူခဲ့၏။ ထုိေက်ာင္းတုိက္ၾကီးမွတဖန္ ဘ႑ဳရြာသုိ႔ ၾကြေတာ္မူေလသည္။ ထုိရြာ၌ [...]

နောက်ဆုံးဆယ်လ မြတ်ဗုဒ္ဓ (၁)

မြတ်ဗုဒ္ဓ ၄၄ ဝါပြည့်ပြီး ၄၅ဝါမြောက် နောက်ဆုံးဝါဆိုသွားသောနေရာသည် ဝေသာလီမြို့အနီးရှိ ဝေဠုဝရွာငယ်ကလေးပင်ဖြစ်၏။ ထိုရွာကလေးသို့ မရောက်မီမှာ မြတ်ဗုဒ္ဓသည် ရာဇဂြိုလ်မြို့အနီးရှိ အမ္ဗပါလီအမျိုးကောင်းသမီး၏ သရက်တောဥယျာဉ်တွင် သီတင်းသုံးနေထိုင်တော်မူခဲ့၏။ အမ္ဗပါလီအမျိုးကောင်းသမီးက..မြတ်ဗုဒ္ဓအား သရက်တောဥယျာဉ်ကြီးနှင့်တကွ သရက်တောကျောင်းတိုက်ကိုပါ..လှူဒါန်းခဲ့လေသည်။ ထိုကျောင်းတိုက်မှ ခရီးဒေသစာရီကြွချီတော်မူရန် မြတ်ဗုဒ္ဓက အရှင်အာနန္ဒာအား.. ငါဘုရား၏ထံတော်ပါး၌ ခစားလိမ္မာ အိုချစ်သား အာနန္ဒာ.. “အကြင်အရပ်၌ ဝေဠုဝရွာငယ်သည် ရှိ၏။ ဝေဠုဝအမည်ရှိသော ထိုရွာငယ်ဆီသို့ သွားကြကုန်စို့” ဟု မိန့်တော်မူ၏။ အရှင်အာနန္ဒာကလည်း… “ဘုန်းတော်ခြောက်စုံ တန်းခိုးဂုဏ်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား ကောင်းလှပါပြီ” ဟု ဝန်ခံတော်မူ၏။ ထို့နောက် သံဃာတော် (၅၀၀)နှင့်တကွ ခြံရံလျက် အမ္ဗပါလီသရက်တောကျောင်းတိုက်မှ ဝေဠုဝရွာငယ်လေး ဆီသို့ ခရီးဒေသစာရီကြွချီတော်မူခဲ့၏။ ဝါဆိုခါနီး ထိုရွာငယ်လေးသို့ ရောက်ရှိခဲ့လေ၏။ ဝေဠုဝရွာလေးမှာ ရွာသိမ်ရွာငယ်လေးပင် ဖြစ်၏။ [...]

ေနာက္ဆုံးဆယ္လ ျမတ္ဗုဒၶ (၁)

ျမတ္ဗုဒၶ ၄၄ ၀ါျပည့္ျပီး ၄၅၀ါေျမာက္ ေနာက္ဆုံး၀ါဆုိသြားေသာေနရာသည္ ေ၀သာလီျမိဳ႕အနီးရွိ ေ၀ဠဳ၀ရြာငယ္ကေလးပင္ျဖစ္၏။ ထုိရြာကေလးသုိ႔ မေရာက္မီမွာ ျမတ္ဗုဒၶသည္ ရာဇျဂိဳလ္ျမိဳ႕အနီးရွိ အမၺပါလီအမ်ဳိးေကာင္းသမီး၏ သရက္ေတာဥယ်ာဥ္တြင္ သီတင္းသုံးေနထုိင္ေတာ္မူခဲ့၏။ အမၺပါလီအမ်ဳိးေကာင္းသမီးက..ျမတ္ဗုဒၶအား သရက္ေတာဥယ်ာဥ္ၾကီးႏွင့္တကြ သရက္ေတာေက်ာင္းတုိက္ကုိပါ..လွဴဒါန္းခဲ့ေလသည္။ ထုိေက်ာင္းတုိက္မွ ခရီးေဒသစာရီၾကြခ်ီေတာ္မူရန္ ျမတ္ဗုဒၶက အရွင္အာနႏၵာအား.. ငါဘုရား၏ထံေတာ္ပါး၌ ခစားလိမၼာ အုိခ်စ္သား အာနႏၵာ.. “အၾကင္အရပ္၌ ေ၀ဠဳ၀ရြာငယ္သည္ ရွိ၏။ ေ၀ဠဳ၀အမည္ရွိေသာ ထုိရြာငယ္ဆီသုိ႔ သြားၾကကုန္စုိ႔” ဟု မိန္႔ေတာ္မူ၏။ အရွင္အာနႏၵာကလည္း… “ဘုန္းေတာ္ေျခာက္စုံ တန္းခုိးဂုဏ္နွင့္ ျပည့္စုံေတာ္မူေသာ ျမတ္စြာဘုရား ေကာင္းလွပါျပီ” ဟု ၀န္ခံေတာ္မူ၏။ ထုိ႔ေနာက္ သံဃာေတာ္ (၅၀၀)ႏွင့္တကြ ျခံရံလ်က္ အမၺပါလီသရက္ေတာေက်ာင္းတုိက္မွ ေ၀ဠဳ၀ရြာငယ္ေလး ဆီသုိ႔ ခရီးေဒသစာရီၾကြခ်ီေတာ္မူခဲ့၏။ ၀ါဆုိခါနီး ထုိရြာငယ္ေလးသုိ႔ ေရာက္ရွိခဲ့ေလ၏။ ေ၀ဠဳ၀ရြာေလးမွာ ရြာသိမ္ရြာငယ္ေလးပင္ ျဖစ္၏။ [...]

သံဝေဂ ၈-ပါး

၁။ နုနယ်ရုပ်ဆင်း၊ ပျိုမြစ်ခြင်းကား၊ အိုမင်း နောက်ဆုံးရှိ်ချေ၏တကား။ ၂။ ဥစ္စာဆင်မြင်း၊ ပေါများခြင်းကား၊ ယိုယွင်းနောက်ဆုံး ရှိချေ၏တကား။ ၃။ ချစ်ခင်ပေါင်းသင်း၊ ဆက်ဆံခြင်းကား၊ ကွေကွင်းနောက်ဆုံး ရှိချေ၏တကား။ ၄။ ဝိညာဉ်တင်းလင်း၊ သက်ရှည်ခြင်းကား၊ သေမင်းနောက်ဆုံး ရှိချေ၏တကား။ ၅။ တက်ကြွားကြွကြွ၊ မြင့်လွန်းကလည်း၊ လျှောကျနောက်ဆုံး ရှိချေ၏တကား။ ၆။ ခင်မင်ခယ၊ ချစ်လွန်းကလည်း၊ သောကနောက်ဆုံး ရှိချေ၏တကား။ ၇။ ပွဲလယ်ပြင်ပ၊ ချီးမွမ်းကြလည်း၊ ရှုတ်ချနောက်ဆုံး ရှိချေ၏တကား။ ၈။ ကြည်သာရွှင်ပျ၊ ချမ်းသာကြလည်း၊ ဒုက္ခနောက်ဆုံး ရှိချေ၏တကား။

သံေ၀ဂ ၈-ပါး

၁။ ႏုနယ္ရုပ္ဆင္း၊ ပ်ိဳျမစ္ျခင္းကား၊ အိုမင္း ေနာက္ဆံုးရွိ္ေခ်၏တကား။ ၂။ ဥစၥာဆင္ျမင္း၊ ေပါမ်ားျခင္းကား၊ ယိုယြင္းေနာက္ဆံုး ရွိေခ်၏တကား။ ၃။ ခ်စ္ခင္ေပါင္းသင္း၊ ဆက္ဆံျခင္းကား၊ ေကြကြင္းေနာက္ဆံုး ရွိေခ်၏တကား။ ၄။ ၀ိညာဥ္တင္းလင္း၊ သက္ရွည္ျခင္းကား၊ ေသမင္းေနာက္ဆံုး ရွိေခ်၏တကား။ ၅။ တက္ၾကြားၾကြၾကြ၊ ျမင့္လြန္းကလည္း၊ ေလွ်ာက်ေနာက္ဆံုး ရွိေခ်၏တကား။ ၆။ ခင္မင္ခယ၊ ခ်စ္လြန္းကလည္း၊ ေသာကေနာက္ဆံုး ရွိေခ်၏တကား။ ၇။ ပြဲလယ္ျပင္ပ၊ ခ်ီးမြမ္းၾကလည္း၊ ရႈတ္ခ်ေနာက္ဆံုး ရွိေခ်၏တကား။ ၈။ ၾကည္သာရႊင္ပ်၊ ခ်မ္းသာၾကလည္း၊ ဒုကၡေနာက္ဆံုး ရွိေခ်၏တကား။

ဗုဒ္ဓဘာသာဝင်တို့ နေ့စဉ်ပြုအပ်သောအရာ

(၁) ရေချမ်းကပ်လှူခြင်း။ သတ္တဝါတို့၏ကျေးဇူးတော်ရှင် သစ္စာလေးပါးမြတ်တရားကို ကိုယ်တော်တိုင် ပိုင်းခြားသိမြင်တော်မူသော မြတ်စွာဘုရားရှင်အား သက်တော်ထင်ရှား ရှိသည့် အလားစိတ်တွင်မှတ်ယူကာ လိုသလိုအသုံးပြုနိုင်ရန် ရည်စူး၍ ကပ်လှူခြင်း။ အကျိုးကိုလို၍ ကပ်လှူပူဇော်ခြင်း မဟုတ်သော်လည်း အကျိုးကျေးဇူးတို့အား သိရှိစေရန် ဖော်ပြအပ်ပါသည်။ ရေအကျိုး(၁၀)ပါးကို စာဖတ်သူများ သိရှိပြီး ဖြစ်ပါသည်။ ယင်းတို့မှာ (၁) လျင်မြန်ခြင်း၊ (၂) သန့်ရှင်းစင်ကြယ်ခြင်း၊ (၃) ကျော်ကြားလူသိများခြင်း၊ (၄) ဆာလောင်မွတ်သိပ်မှု ကင်းခြင်း၊ (၅) အခြွေအရံများခြင်း၊ (၆) အသက်ရှည်ခြင်း၊ (၇) အဆင်းလှခြင်း၊ (၈) ချမ်းသာကြီးခြင်း၊ (၉) ခွန်အားဗလ ကြီးမားခြင်း၊ (၁၀) ဉာဏ်ပညာ ကြီးမားခြင်း တို့ဖြစ်ပါတယ်။ (၂) ဆွမ်းကပ်လှူခြင်း။ ရေချမ်းကပ်လှူသကဲ့သို့ မိမိစိတ်တွင်နှလုံးသွင်း၍ ကပ်လှူပါ။ ဆွမ်း၊ သစ်သီးတို့အား [...]

ဗုဒၶဘာသာ၀င္တို႔ ေန႔စဥ္ျပဳအပ္ေသာအရာ

(၁) ေရခ်မ္းကပ္လွဴျခင္း။ သတၱ၀ါတို႔၏ေက်းဇူးေတာ္ရွင္ သစၥာေလးပါးျမတ္တရားကို ကိုယ္ေတာ္တိုင္ ပိုင္းျခားသိျမင္ေတာ္မူေသာ ျမတ္စြာဘုရားရွင္အား သက္ေတာ္ထင္ရွား ရွိသည့္ အလားစိတ္တြင္မွတ္ယူကာ လိုသလိုအသံုးျပဳႏိုင္ရန္ ရည္စူး၍ ကပ္လွဴျခင္း။ အက်ိဳးကုိလို၍ ကပ္လွဴပူေဇာ္ျခင္း မဟုတ္ေသာ္လည္း အက်ိဳးေက်းဇူးတို႕အား သိရွိေစရန္ ေဖာ္ျပအပ္ပါသည္။ ေရအက်ိဳး(၁၀)ပါးကို စာဖတ္သူမ်ား သိရွိျပီး ျဖစ္ပါသည္။ ယင္းတို႔မွာ (၁) လ်င္ျမန္ျခင္း၊ (၂) သန္႔ရွင္းစင္ၾကယ္ျခင္း၊ (၃) ေက်ာ္ၾကားလူသိမ်ားျခင္း၊ (၄) ဆာေလာင္မြတ္သိပ္မႈ ကင္းျခင္း၊ (၅) အေျခြအရံမ်ားျခင္း၊ (၆) အသက္ရွည္ျခင္း၊ (၇) အဆင္းလွျခင္း၊ (၈) ခ်မ္းသာၾကီးျခင္း၊ (၉) ခြန္အားဗလ ၾကီးမားျခင္း၊ (၁၀) ၪာဏ္ပညာ ၾကီးမားျခင္း တို႔ျဖစ္ပါတယ္။ (၂) ဆြမ္းကပ္လွဴျခင္း။ ေရခ်မ္းကပ္လွဴသကဲ႔သို႔ မိမိစိတ္တြင္ႏွလံုးသြင္း၍ ကပ္လွဴပါ။ ဆြမ္း၊ သစ္သီးတို႔အား [...]

ဥပုသ်စောင့်ရခြင်း၏ ရည်ရွယ်ချက်

တောသား

ဥပုသ္ေစာင့္ရျခင္း၏ ရည္ရြယ္ခ်က္

ေတာသား

Follow

Get every new post delivered to your Inbox.