ပွင့်တော်မူပြီးသော နှစ်ကျိတ်ရှစ်ဆူ

နှစ်ကျိပ်ရှစ် (၂၈) ဆူကုန်သော ဘုရားရှင်တို့အား အကျွန်ုပ်သည် ဦးခေါင်းရတနာဖြင့် ရှိခိုးပါ၏။ ဟု သမ္ဗုဒ္ဓေဂါထာတော်တွင် ရွတ်ဆိုလေ့ရှိသည် … နှစ်ကျိပ်ရှစ် (၂၈) ဆူ ဟူသည်မှာ အဘယ်နည်း …. ဂေါတမ ဘုရားရှင် ဖြစ်လာမည့် သုမေဓါ ရှင်ရသေ့အား နောင် ဘဒ္ဒကမ္ဘာ တွင် ဂေါတမ အမည်ဖြင့် ဘုရားဖြစ်မည် ဟု ဗျာဓိတ်ပေးသော “ ဒီပင်ကရာ” ဘုရားရှင် ပွင့်တော်မူသော သာရမဏ္ဍကမ္ဘာ တွင် ပွင့်တော်မူကြသော ဘုရားရှင်များ မှ “ဂေါတမ” ဘုရားရှင်အထိ ပွင့်လေခဲ့ပြီးသော ဘုရားရှင်များကို နှစ်ကျိပ်ရှစ်ဆူဘုရားများ ဟုခေါ်ဝေါ် ပူဇော်ကြပါသည်။ ကမ္ဘာအသစ်တစ်ခု ဖြစ်လာသည်နှင့် ကြာပွင့်ကြီးများ နှင့် သင်္ကန်းများလည်း ဖြစ်ထွန်းပါလာသည် ဆို၏ ။ ထိုသို့ [...]

ပြင့္ေတာ္မူျပီးေသာ ႏွစ္က်ိတ္ရွစ္ဆူ

ႏွစ္က်ိပ္ရွစ္ (၂၈) ဆူကုန္ေသာ ဘုရားရွင္တုိ႔အား အကၽြႏု္ပ္သည္ ဦးေခါင္းရတနာၿဖင့္ ရွိခိုးပါ၏။ ဟု သမၺဳေဒၶဂါထာေတာ္တြင္ ရြတ္ဆုိေလ့ရွိသည္ … ႏွစ္က်ိပ္ရွစ္ (၂၈) ဆူ ဟူသည္မွာ အဘယ္နည္း …. ေဂါတမ ဘုရားရွင္ ျဖစ္္လာမည့္ သုေမဓါ ရွင္ရေသ့အား ေနာင္ ဘဒၵကမၻာ တြင္ ေဂါတမ အမည္ျဖင့္ ဘုရားျဖစ္မည္ ဟု ဗ်ာဓိတ္ေပးေသာ “ ဒီပင္ကရာ” ဘုရားရွင္ ပြင့္ေတာ္မူေသာ သာရမ႑ကမၻာ တြင္ ပြင့္ေတာ္မူၾကေသာ ဘုရားရွင္မ်ား မွ “ေဂါတမ” ဘုရားရွင္အထိ ပြင့္ေလခဲ့ျပီးေသာ ဘုရားရွင္မ်ားကုိ ႏွစ္က်ိပ္ရွစ္ဆူဘုရားမ်ား ဟုေခၚေ၀ၚ ပူေဇာ္ၾကပါသည္။ ကမၻာအသစ္တစ္ခု ျဖစ္လာသည္ႏွင့္ ၾကာပြင့္ၾကီးမ်ား ႏွင္႔ သကၤန္းမ်ားလည္း ျဖစ္ထြန္းပါလာသည္ ဆို၏ ။ ထိုသို႔ [...]

ဒါနသည် သံသရာကို ရှည်စေသလော

ယခုကာလ၌ “ဒါနသည် သံသရာကို ရှည်စေတတ်၏” ဟု အယူသည်းကြသည်။ ပြခဲ့သော ဝတ္ထုဝယ် ဒါနရှင်က ကျွတ်တမ်းဝင် နောက်မကျချေ။ ထို့ကြောင့် သံသရာ အရှည်အတိုဝယ် ဒါနကို ယိုးမယ်မဖွဲ့သင့်ပါ။ ဒါနပြုရာတွင် သူတို့၏စိတ် မစင်ကြယ်မှုကြောင့်သာ “လူတွင်ပါ၍ နွားကျားကိုက်” ခံရသည်။ အမှန်မှာ ဒါနက သံသရာမရှည်စေ။ “ဤဒါနကြောင့် လူ့ချမ်းသာ နတ်ချမ်းသာ ကိုခံစားရတော့မည်” ဟုရည်ရွယ်မှု တဏှာဇောက သံသရာကို ရေလျဉ်ကြော၌ မျောစေခြင်းသာ ဖြစ်သည်။ အချို့က “ဘုရားရှင်သည်ပင် ဒါနတွေ အားကြီးသောကြောင့် သံသရာမှာ ကြာရှည်တော်မူရသည်” ဟု အသိဉာဏ်ကလေးဖြင့် တွေးရှာကြပြန်သေးသည်။ ထိုဒါန အားကြီးတော်မူကြသော ဘုရားရှင်ပေါင်း အသင်္ချေနှင့် အနန္တ (ဂင်္ဂါဝါဠုသဲစုမက) ကျွတ်တမ်းဝင်ကြပြီး ဖြစ်ပါလျက် ငါတို့က ယခုတိုင် မကျွတ်ရသေးသည်မှာ [...]

ဒါနသည္ သံသရာကို ရွည္ေစသေလာ

ယခုကာလ၌ “ဒါနသည္ သံသရာကို ရွည္ေစတတ္၏” ဟု အယူသည္းၾကသည္။ ျပခဲ့ေသာ ၀တၳဳ၀ယ္ ဒါနရွင္က ကၽြတ္တမ္း၀င္ ေနာက္မက်ေခ်။ ထို႔ေၾကာင့္ သံသရာ အရွည္အတို၀ယ္ ဒါနကို ယိုးမယ္မဖြဲ႕သင့္ပါ။ ဒါနျပဳရာတြင္ သူတို႔၏စိတ္ မစင္ၾကယ္မႈေၾကာင့္သာ “လူတြင္ပါ၍ ႏြားက်ားကိုက္” ခံရသည္။ အမွန္မွာ ဒါနက သံသရာမရွည္ေစ။ “ဤဒါနေၾကာင့္ လူ႔ခ်မ္းသာ နတ္ခ်မ္းသာ ကိုခံစားရေတာ့မည္” ဟုရည္ရြယ္မႈ တဏွာေဇာက သံသရာကို ေရလ်ဥ္ေၾကာ၌ ေမ်ာေစျခင္းသာ ျဖစ္သည္။ အခ်ိဳ႕က “ဘုရားရွင္သည္ပင္ ဒါနေတြ အားၾကီးေသာေၾကာင့္ သံသရာမွာ ၾကာရွည္ေတာ္မူရသည္” ဟု အသိဥာဏ္ကေလးျဖင့္ ေတြးရွာၾကျပန္ေသးသည္။ ထိုဒါန အားၾကီးေတာ္မူၾကေသာ ဘုရားရွင္ေပါင္း အသေခၤ်ႏွင့္ အနႏၱ (ဂဂၤါ၀ါဠဳသဲစုမက) ကၽြတ္တမ္း၀င္ၾကၿပီး ျဖစ္ပါလ်က္ ငါတို႔က ယခုတိုင္ မကၽြတ္ရေသးသည္မွာ [...]

အူမနှင့် သီလ

အာဠာဝကဘီလူးက “အရှင်ဘုရား – ဘယ်ပုံဘယ်နည်း အသက်မွေးခြင်းဟာ အကောင်းဆုံးပါလဲ” လို့ ဘုရားကို မေးလျှောက်တော့ ဘုရားက “ပညာနဲ့အသက်မွေးတာ အကောင်းဆုံး” လို့ ဖြေတော်မူခဲ့ပါတယ်။ အဌကထာဆရာက ပညာနှင့် အသက်မွေးခြင်းဟူသည် နှစ်ဖက်မြင်ပုဂ္ဂိုလ်တို့၏ အသက်မွေးခြင်းလို့ ဖွင့်ဆိုပါတယ်။ နှစ်ဖက်ဟူသည် လက်ရှိပစ္စုပ္ပန်ဘဝနဲ့ နောင်တမလွန်ဘဝကို ဆိုလိုတာပါ။ နောက်တစ်နည်းအနေနဲ့ သူ့ဘက်၊ ကိုယ့်ဘက်၊ သူ့ဖို့၊ ကိုယ့်ဖို့ ကိုလည်း ဆိုလိုပါတယ်။ သူသူကိုယ်ကိုယ် အသက်မွေးကြ၊ ဝမ်းကျောင်းကြရမှာ ပစ္စုပ္ပန်အရေးနဲ့ တမလွန်အရေးဆိုပြီး နှစ်ဖက်မျှတွေးဖို့လိုပါတယ်။ နှစ်ဖက်မျှမြင်ရမယ်။ သူ့ဖို့ကိုယ့်ဖို့ နှစ်ဖက်မျှတွေးရပါမယ်။ လူဆိုတာ တစ်ယောက်တည်းနေတော့ တစ်ဝမ်းတစ်ခါးသာ ရှိပါတယ်။ နှစ်ယောက်ပေါင်းမိတော့ နှစ်ဝမ်းနှစ်ခါး။ ဒီလိုနဲ့ ဝမ်းတွေခါးတွေက တိုးပွားများပြားလာမယ်။ ဝမ်းတွေရှိတော့ ဝမ်းစာရှာကြရပါရော။ ဒီလို ဝမ်းစာရှာကြရာမှာ တချို့က ဝမ်းသာဝတယ်၊ [...]

အူမႏွင့္ သီလ

အာဠာ၀ကဘီလူးက “အရွင္ဘုရား – ဘယ္ပံုဘယ္နည္း အသက္ေမြးျခင္းဟာ အေကာင္းဆံုးပါလဲ” လို႔ ဘုရားကို ေမးေလွ်ာက္ေတာ့ ဘုရားက “ပညာနဲ႔အသက္ေမြးတာ အေကာင္းဆံုး” လို႔ ေျဖေတာ္မူခဲ့ပါတယ္။ အဌကထာဆရာက ပညာႏွင့္ အသက္ေမြးျခင္းဟူသည္ ႏွစ္ဖက္ျမင္ပုဂၢိဳလ္တို႔၏ အသက္ေမြးျခင္းလို႔ ဖြင့္ဆိုပါတယ္။ ႏွစ္ဖက္ဟူသည္ လက္ရွိပစၥဳပၸန္ဘ၀နဲ႔ ေနာင္တမလြန္ဘ၀ကို ဆိုလိုတာပါ။ ေနာက္တစ္နည္းအေနနဲ႔ သူ႔ဘက္၊ ကိုယ့္ဘက္၊ သူ႔ဖို႔၊ ကိုယ့္ဖို႔ ကိုလည္း ဆိုလိုပါတယ္။ သူသူကိုယ္ကိုယ္ အသက္ေမြးၾက၊ ၀မ္းေက်ာင္းၾကရမွာ ပစၥဳပၸန္အေရးနဲ႔ တမလြန္အေရးဆိုၿပီး ႏွစ္ဖက္မွ်ေတြးဖို႔လိုပါတယ္။ ႏွစ္ဖက္မွ်ျမင္ရမယ္။ သူ႔ဖို႔ကိုယ့္ဖို႔ ႏွစ္ဖက္မွ်ေတြးရပါမယ္။ လူဆိုတာ တစ္ေယာက္တည္းေနေတာ့ တစ္၀မ္းတစ္ခါးသာ ရွိပါတယ္။ ႏွစ္ေယာက္ေပါင္းမိေတာ့ ႏွစ္၀မ္းႏွစ္ခါး။ ဒီလိုနဲ႔ ၀မ္းေတြခါးေတြက တိုးပြားမ်ားျပားလာမယ္။ ၀မ္းေတြရွိေတာ့ ၀မ္းစာရွာၾကရပါေရာ။ ဒီလို ၀မ္းစာရွာၾကရာမွာ တခ်ဳိ႕က ၀မ္းသာ၀တယ္၊ [...]

သစ္စာလေးပါး

(၁) ဒုက္ခသစ္စာ မြင်ဆဲ၊ ကြားဆဲ စသည်၌ ထင်ရှားသော ရုပ်နာမ် အပေါင်းကို ဥပါဒါနက္ခန္ဓာ ဟုခေါ်သည်။ တဏှာဖြင့် ဒိဋ္ဌိဖြင့် စွဲလန်းနိုင်သောကြောင့် ခေါ်ဆိုရခြင်းဖြစ်သည်။ ဥပါဒါနက္ခာဟု ခေါ်သော ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိဉာဉ်တို့ကို သက္ကာယ ဟုခေါ်သည်။ သက္ကာယ ဟူသည်မှာ ထင်ရှားရှိသော ရုပ်နာမ် အပေါင်းပင်ဖြစ်သည်။ သက္ကာယ ဆိုတဲ့ ရုပ်နာမ် အပေါင်းကို ဒုက္ခသစ္စာ- ဆင်းရဲ အစစ်အမှန်ဟူ၍ ခေါ်သည်။ (လိုရင်းကား ရုပ်နာမ် အပေါင်းသည်ပင် ဒုက္ခသစ္စာဖြစ်ပေသည်။) (၂)သမုဒယသစ္စာ နှစ်သက်သာယာ ပြီးဆာနေတဲ့ တဏှာဟာ သက္ကာယ ခေါ်တဲ့ ရုပ်နာမ်ခန္ဓာ ဒုက္ခသစ္စာ ဖြစ်ပွားရခြင်း၏ အကြောင်းရင်းပါဘဲ လို့ သိစေလိုတာပါဘဲ ။ တဏှာဆိုတဲ့ ပါဠိက [...]

သစၥာေလးပါး

(၁) ဒုကၡသစၥာ ျမင္ဆဲ၊ ၾကားဆဲ စသည္၌ ထင္ရွားေသာ ရုပ္နာမ္ အေပါင္းကုိ ဥပါဒါနကၡႏၶာ ဟုေခၚသည္။ တဏွာျဖင့္ ဒိ႒ိျဖင့္ စြဲလန္းနုိင္ေသာေၾကာင့္ ေခၚဆုိရျခင္းျဖစ္သည္။ ဥပါဒါနကၡာဟု ေခၚေသာ ရုပ္၊ ေ၀ဒနာ၊ သညာ၊ သခၤါရ၊ ၀ိဥာဥ္တုိ႔ကုိ သကၠာယ ဟုေခၚသည္။ သကၠာယ ဟူသည္မွာ ထင္ရွားရွိေသာ ရုပ္နာမ္ အေပါင္းပင္ျဖစ္သည္။ သကၠာယ ဆုိတဲ့ ရုပ္နာမ္ အေပါင္းကုိ ဒုကၡသစၥာ- ဆင္းရဲ အစစ္အမွန္ဟူ၍ ေခၚသည္။ (လုိရင္းကား ရုပ္နာမ္ အေပါင္းသည္ပင္ ဒုကၡသစၥာျဖစ္ေပသည္။) (၂)သမုဒယသစၥာ ႏွစ္သက္သာယာ ျပီးဆာေနတဲ့ တဏွာဟာ သကၠာယ ေခၚတဲ့ ရုပ္နာမ္ခႏၶာ ဒုကၡသစၥာ ျဖစ္ပြားရျခင္း၏ အေၾကာင္းရင္းပါဘဲ လုိ႔ သိေစလုိတာပါဘဲ ။ တဏွာဆုိတဲ့ ပါဠိက [...]

Follow

Get every new post delivered to your Inbox.