(၁) ဘုရား
(၂) ပစ္စေကဗုဒ္ဓါ
(၃) ရဟန္တာ
(၄) မြတ်စွာဘုရား၏ တပည့်ကြီး အဂ္ဂသာဝက
(၅) အမိ
(၆) အဘ
(၇) အလေးအမြတ်ပြုအပ်သော ဆရာ ၊သမာဓိနှင့်ပြည့်စုံဂုဏ်ကြီးမြတ်၍ ရိုသေသင့်သူများ
(၈) လမ်းမှန်ကို ဖြောင့်မှန်စွာ သွန်သင်ပေးအပ်သောဆရာ
(၉) ပစ္စည်းလေးပါး ဒါယကာ( ပေးကမ်ဖူးသူ )
(၁၀) တရားဟော ပုဂ္ဂိုလ်
အထက်ပါ ခင်ပွန်းကြီး (၁၀)ပါးကို မပြစ်မှားပဲ … ရိုသေစွာ ပူဇော်တဲ့သူတွေ ရရှိတတ်တဲ့ အကျိုးတွေကလည်း (၁၀)ပါးရှိပြန်ပါတယ်။
(၁) ကိုယ့်အရပ်ဒေသက အရပ်တစ်ပါးကို သွားတဲ့အခါ အစားအစာ မရှားပါးဘူး။
(၂) ရောက်ရာအရပ်မှာ အပူဇော်ခံရတယ်။
(၃) ရန်သူမျိုးငါးပါး မနှိပ်စက်နိုင်ဘူး။
(၄) မျက်နှာမြင်ရင် ချစ်ခင်စေတယ်။
(၅) လူပုံအလည်မှာ ရဲရင့်စေတယ်။
(၆) ကိုယ့်ရဲ့ ဂုဏ်သတင်း ပြန့်လွင့်စေတယ်။
(၇) အခြံ အရံ အမြဲမပြတ်ရှိတယ်။
(၈) ဆင် ၊ မြင်း ၊ ကျွဲ ၊ နွား ၊ သီးနှံပေါများကာ … စိးပွားတိုးတက်မည်။
(၉) မတော်တဆ ဘေးအန္တရယ်ကျရောက်ခဲ့ရင် … ဆိုးဝါးစွာ မခံစားရဘူး။
(၁၀) သား သမီး ၊ အခြွေအရံများနဲ့ တင့်တင့်တယ်တယ်နေရခြင်းဆိုတဲ့ …. အကျိုး (၁၀)ပါးနဲ့ ပြည့်စုံနိုင်ပါတယ် ။
Filed under: မှတ်သားဖွယ်ရာများ | Tagged: ခင်ပွန်းကြီး(၁၀)ပါး

Thank you very much for this
I had been searching all over the web